သတင်းများ

ထရမ့်က ပူတင်နှင့် ဖုန်းစကားပြောပြီးနောက် ဘဝင်မကျကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယူကရိန်းပြဿနာတွင် တိုးတက်မှုမရှိဟု ဝန်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ဖုန်းစကားပြောဆိုပြီးနောက် ဘဝင်မကျကြောင်း ဇူလိုင် ၃ ရက် တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အချိန်အကြာကြီး ဖုန်းပြောဆိုမှုတွင် အီရန်နှင့် ယူကရိန်းပဋိပက္ခ အပါအဝင် အကြောင်း အရာများစွာ ဆွေးနွေးခဲ့သော်လည်း မိမိအနေဖြင့် စိတ်ကျေနပ်စေမည့် အဖြေမရရှိခဲ့ကြောင်း” ၎င်းက ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် သဘောတူညီမှုနှင့်ပတ်သက်၍ မေးမြန်းမှု ကို ထရမ့်က “အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မည်သည့်တိုးတက်မှုမျှ မရှိ သေးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုကဲ့သို့ အနုတ်လက္ခဏာ ဆန်သော ထရမ့်၏အပြောအဆိုသည် ယခင်ကထက် ပိုမိုထင်ရှားသည်။ ဇန်နဝါရီလမှစ၍ ပူတင်နှင့် ဖုန်းစကားပြောဆိုမှု ၅ ကြိမ်တွင် ထရမ့်က ရုရှား-ယူကရိန်း စစ်ရပ်စဲရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကောင်းမြင် စကားများသာ ပြောဆိုခဲ့သော်လည်း ယခုအကြိမ်တွင် အလားအလာ မကောင်းကြောင်း ဖွင့်ဟခဲ့သည်။

ရုရှား-အမေရိကန် ခေါင်းဆောင်များ၏ ဇူလိုင် ၃ ရက် ဖုန်းစကား ပြောဆိုမှု သည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ယူကရိန်းပဋိပက္ခနှင့် အရှေ့ အလယ်ပိုင်းဒေသ အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။ သမ္မတ ပူတင်က ရုရှားသည် ယူကရိန်း တွင် မိမိတို့၏ ရည်မှန်းချက်များကို စွန့်လွှတ်မည်မဟုတ်သော်လည်း ဆက်လက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြား ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် စွမ်းအင်နှင့် အာကာသကဲ့သို့သော စီးပွားရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း အတည်ပြုခဲ့ ကြသည်။ သို့သော် အမေရိကန်က ယူကရိန်းသို့ လက်နက် အကူအညီ ပေးပို့မှု ရပ်ဆိုင်းထားသည့်အချက်ကိုမူ ဆွေးနွေးမှုတွင် မဖော်ပြခဲ့ပေ။ အမေရိကန်အစိုးရက ယခင်ကတည်းက ကတိပေးထားသည့် အရေးကြီး လက်နက်များ ယူကရိန်းသို့ပေးပို့မှုကို ရပ်ဆိုင်းလိုက်သည့် နှစ်ရက် အကြာတွင် အဆိုပါ ဖုန်းဆက်ဆွေးနွေးပြောဆိုမှု လုပ်ဆောင်ခဲ့သည်။ သို့သော် မည်သည့်လက်နက်အမျိုးအစားများ ပါဝင်သည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုဆုံးဖြတ်ချက်သည် ယူကရိန်းတွင် စိုးရိမ်မှုနှင့် ဝေဖန်မှုများကို ဖြစ်ပေါ် စေခဲ့ပြီး အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီ ရုပ်သိမ်း သွားမည်လားဟူသော မေးခွန်းများကို ပိုမိုမြင့်တက်စေခဲ့သည်။ ယူကရိန်း သမ္မတ ဇီလန်စကီးက အဆိုပါကိစ္စနှင့်ပတ်သက်၍ ထရမ့်နှင့် မကြာမီ ဖုန်းစကားပြောဆိုရန် မျှော်လင့်နေပြီး ဇူလိုင် ၄ ရက်တွင် ဖုန်းစကား ပြောဆိုနိုင်ကြောင်း ယူကရိန်းအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

အမေရိကန်က ကြားဝင်ဖျန်ဖြေပေးနေသည့် ယူကရိန်းစစ်ပွဲအား ငြိမ်းချမ်းရေးဖြင့် အဖြေရှာရန် ကြိုးပမ်းမှုများတွင် အရေးပါသော တိုးတက်မှုများ မရှိသေးပေ။ ထရမ့်နှင့် ပူတင်တို့၏ နောက်ဆုံး ဖုန်းစကားပြောဆိုမှုမှာ ဇွန် ၁၄ ရက်က ဖြစ်ပြီး ၎င်းတို့သည် အစ္စရေး-အီရန် ပဋိပက္ခကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ကိယက်ဗ်နှင့် အနောက်တိုင်းမဟာမိတ်များက မော်စကိုအား ယူကရိန်းတွင် စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် အချိန်ဆွဲနေသည် ဟု စွပ်စွဲထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗြိတိန်ဝန်ကြီးချုပ် စတာမာ ရာထူးမှ ဖယ်ရှားခံရနိုင်သည်ဟု Sky News သတင်းဌာနက ဖော်ပြ

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ၎င်း၏လေဘာပါတီ စွမ်းဆောင်ရည် ဆက်လက်ကျဆင်းပါက လာမည့်နှစ်မေလတွင် ရာထူးမှ ဖယ်ရှားခံရနိုင် ကြောင်း Sky News က ဖော်ပြသည်။ မေလတွင် ကျင်းပခဲ့သော ဒေသ ဆိုင်ရာ ရွေးကောက်ပွဲများတွင် လေဘာပါတီသည် Reform ပါတီထံ မဲဆန္ဒနယ်များ ဆုံးရှုံးခဲ့ပြီး ပြည်သူ့ထောက်ခံမှု သိသိသာသာ ကျဆင်းမှု ကို ရင်ဆိုင်ခဲ့ရသည်။

Sky News က ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် လေဘာပါတီမှ ဝါရင့် အမတ်နှစ်ဦး၏ သုံးသပ်ချက်ကို ကိုးကားကာ ဝေလ၊ စကော့တလန်နှင့် လန်ဒန်တို့တွင် ကျင်းပမည့် နောက်ထပ်ရွေးကောက်ပွဲများတွင် လေဘာ ပါတီ၏ ရလဒ်များ ဆိုးရွားပါက ဝန်ကြီးချုပ် ရာထူးဆုံးရှုံးနိုင်ကြောင်း ဖော်ပြခဲ့သည်။

“အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံမှ ကြားသိရသည်မှာ စတာမာ လပိုင်း အတွင်း ရာထူးမှ ထွက်ခွာရနိုင်သည်” ဟု Sky News ၏ ဒုတိယ နိုင်ငံရေး အယ်ဒီတာ Sam Coates က ပြောကြားခဲ့ပြီး လေဘာပါတီအတွင်း“မကျေနပ်မှု နှင့် စိတ်ပျက်အားလျော့မှုများ” ရှိနေကြောင်း ဖော်ပြခဲ့သည်။ ယမန်နေ့က အစိုးရမှတင်ပြခဲ့သည့် အငြင်းပွားဖွယ်လူမှုဖူလုံရေး ဥပဒေ ကြမ်းသည် လေဘာအမတ်များစွာ၏ လူမှုအထောက်အပံ့ ဖြတ်တောက်မှုဆိုင်ရာ အဆိုပြုချက်များကို ကန့်ကွက်ခံရပြီးနောက် အားနည်းသွားသည့် ပုံစံဖြင့် အတည်ပြုခံခဲ့ရသည်။

ဇွန်လအတွင်း အလားတူဝေဖန်မှုများစွာ ကြုံတွေ့ပြီးနောက် ယခု လက်ရှိ နောက်ပြန်လှည့်မှုက ဝန်ကြီးချုပ်၏ဩဇာကို ထိခိုက်စေခဲ့ကြောင်း BBC က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့်လက စတာမာသည် ဖိအားများကိုလိုက်လျောကာ ပါကစ္စတန် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့အတွင်းမှ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အရှုပ်တော်ပုံအား ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ အမျိုးသား အဆင့် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ လွန်ခဲ့သော လအနည်းငယ် ကပင် ၎င်း၏အစိုးရက ဗြိတိန်တွင် နှစ်ပေါင်းများစွာက နုနယ်သော မိန်းကလေးများအား စနစ်တကျ မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမှုအတွက် ယခင်က ခုနစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုသည် လုံလောက်ပြီဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ လေဘာပါတီသည် အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဖိအားများ တိုးမြင့်လာခြင်းကို ရင်ဆိုင် နေရပြီး ယခုနှစ်အစောပိုင်းတွင် နည်းပညာလုပ်ငန်းရှင်ကြီး အီလွန်မက် က ထိုဖုံးကွယ်ထားသော အကျင့်ပျက်ခြစားမှုကို ပြန်လည် ထုတ်ဖော် ခဲ့သည်။

စတာမာ၏ လူထုထောက်ခံမှုသည် လျှော့ကျလာခဲ့ပြီး အရွယ်ရောက်ပြီး ဗြိတိန် ၇၃% သည် ၎င်း၏စွမ်းဆောင်ရည်ကို မကျေနပ်ကြောင်း Independent သတင်းစာက ဇွန်လက ပြုလုပ်ခဲ့သော Ipsos စစ်တမ်းကို ကိုးကား၍ ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ဖော်ပြခဲ့သည်။ စစ်တမ်း အရ စတာမာ၏ လုပ်ဆောင်ချက်ကို ကျေနပ်သူမှာ ပြန်လည် ဖြေကြားသူ၏ ငါးပုံတစ်ပုံထက်နည်းနေသည်။ Ipsos အဆိုအရ ဤသည်မှာဝန်ကြီးချုပ် တစ်ဦး၏ ပထမနှစ်စွမ်းဆောင်ရည်အတွက် စာရင်းအင်း အဖွဲ့မှ မှတ်တမ်းတင်ထားသမျှတွင် အနိမ့်ဆုံးရမှတ်ဖြစ်သည်။

ကိုးကား- RT

ထရမ့်၏ 'ကြီးမားလှပသောဥပဒေကြမ်း'(Big Beautiful Bill) ကို အမေရိကန်အောက်လွှတ်တော်မှ အတည်ပြု

အမေရိကန်အောက်လွှတ်တော်က ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် အခွန်နှင့် ငွေစာရင်းဆိုင်ရာ အစီအစဉ်အပါအဝင် ကျယ်ပြန့်သော ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ ထိုဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က "ကြီးမား လှပသော ဥပဒေကြမ်း" အဖြစ် ရည်ညွှန်းခဲ့သည်။

ဇူလိုင် ၄ ရက်နှင့် မီရန် ရီပတ်ပလီကန်ဦးဆောင်သော အောက် လွှတ်တော်က စာမျက်နှာ ၈၈၇ မျက်နှာပါ အဆိုပါဥပဒေကြမ်းကို ၂၁၈ မဲ ၂၁၄ မဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မဲပေးမှုမတိုင်မီ ၂၄ နာရီတာ GOP အတွင်း အပြင်းအထန် ညှိနှိုင်းဆွေးနွေးမှုများနှင့် အောက်လွှတ်တော် ခေါင်းဆောင်များ၊ ထရမ့်အစိုးရတို့၏ ဖိအားများ ရှိခဲ့သည်။ ကင်တပ်ကီ ပြည်နယ်မှ ကိုယ်စားလှယ် သောမတ်စ် မာစီနှင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်မှ ကိုယ်စားလှယ် ဘရိုင်အန် ဖစ်ဇ်ပက်ထရစ်တို့သာ ရီပတ်ပလီ ကန်များထဲမှ ကန့်ကွက်မဲပေးခဲ့သည်။

ယခုအခါ ဥပဒေကြမ်းသည် ထရမ့်ထံသို့ ရောက်ရှိမည်ဖြစ်ပြီး လွတ်လပ် ရေးနေ့တွင် လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ပြဋ္ဌာန်းမည်ဟု မျှော်လင့် ရသည်။ ယခုဥပဒေကြမ်းသည် ဇန်နဝါရီတွင် ကွန်ဂရက်နှင့် အိမ်ဖြူတော် ကို ပြန်လည်ထိန်းချုပ်ရရှိပြီးနောက် ရီပတ်ပလီကန်များအတွက် အရေး အပါဆုံး မူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်သည်။

အဆိုပါဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ် ထရမ့်လက်ထက်က အခွန် လျှော့ပေါ့မှုများကို ဆက်လက်ကျင့်သုံးရန် ပြဋ္ဌာန်းပြီး အခကြေးငွေနှင့် အချိန်ပိုလုပ်ခများအပေါ် ယာယီအခွန်လျှော့ပေးထားသည်။ စစ်ရေး အသုံးစရိတ်များ တိုးချဲ့ရန်နှင့် ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ် များအတွက် ဘီလီယံပေါင်းရာနှင့်ချီသော သုံးစွဲမှုအသစ်များလည်း ပါဝင်သည်။ အဆိုပါဥပဒေကြမ်းတွင် ကုန်ကျစရိတ်အချို့ကို ဖယ်ရှားရန် Medicaid (ဆေးဘက်ဆိုင်ရာ အထောက်အပံ့) ၊ အစားအသောက် အကူ အညီနှင့် သန့်ရှင်းသော စွမ်းအင်အထောက်အပံ့များကို ကြီးမားစွာ လျှော့ချ ထားသည်။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson နှင့် သမ္မတ Trump တို့က သဘောထားကွဲလွဲနေသည့် ရီပတ်ပလီကန်များကို ဖြေလျှော့နိုင်ရန် ညီညွတ်သောအားထုတ်မှုများ ပြုလုပ်ခဲ့ပြီး Trump ကိုယ်တိုင် ကြာသပတေးနေ့ (ဇူလိုင် ၃) နံနက်စောစောအထိ အမတ်များအား ဖုန်းဆက် ဆွေးနွေး ခဲ့သည်။ ဒုတိယသမ္မတ J.D. Vance သည်လည်း အဆိုပါဥပဒေကြမ်း အတည်ပြုနိုင်ရေး အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့သည်။

“ကွန်ဂရက်ရှိ ရီပတ်ပလီကန်များသည် သမ္မတ Trump ၏ America First မူဝါဒကို အကောင်အထည်ဖော်ရန် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်” ဟု Johnson က အောက်လွှတ်တော် GOP ခေါင်းဆောင်များနှင့် ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မူဝါဒဆိုင်ရာ လျှော့ပေါ့မှုများနှင့် အမျိုးသားအကြွေးနှင့် ကျန်းမာရေး အာမခံ ဆုံးရှုံးမှုများအပေါ် စိုးရိမ်မှုများ တိုးပွားလာနေသော်လည်း ရီပတ်ပလီကန် အများစုက နောက်ဆုံးတွင် အဆိုပါဥပဒေကြမ်းကို ထောက်ခံခဲ့ကြပြီး Trump ၏ နိုင်ငံရေးဆိုင်ရာ ပြန်လည်တုံ့ပြန်မှုကို ကြောက်ရွံ့ခြင်းက အဓိက အချက်အဖြစ် ဝေဖန်သူများက ညွှန်းဆိုခဲ့ကြသည်။ 

အမေရိကန်က ကိယက်ဗ်ကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးနေဆဲ ဖြစ်သည်ဟု ထရမ့်ဆို

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် ကိယက်ဗ်သို့ စစ်ဘက် ဆိုင်ရာအထောက်အပံ့ပစ္စည်းများနှင့် ခဲယမ်းများ ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားကြောင်း မီဒီယာ ဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အကူအညီ များ ဆက်လက်ပေးပို့နေဆဲဖြစ်ကြောင်း၊ ဝါရှင်တန်သည် ၎င်းကိုယ်တိုင် နှင့် မဟာမိတ်များအား ကာကွယ်ရန် လုံလောက်သော လက်နက်ခဲယမ်း များနှင့်ဆက်စပ်စ္စည်းများ ကျန်ရှိနေသေးသည် ဟု အလေးပေး ပြောကြား ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက အစီရင်ခံချက်များအရ အမေရိကန်သည် ကိယက်ဗ်သို့ Patriot နှင့် Hellfire ဒုံးကျည်များ၊ GMLRS ဒုံးပျံများနှင့် ၁၅၅ မီလီမီတာ အမြောက်ကျည်များ အပါအဝင် အရေးကြီးသော ခဲယမ်း မီးကျောက်များ ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ The Economist မဂ္ဂဇင်းက ဝါရှင်တန်သည် ကိယက်ဗ် အတွက် ၎င်း၏ စစ်ရေးအကူအညီများကို တဖြည်းဖြည်း လျှော့ချနေနိုင်ကြောင်း ဖော်ပြ ခဲ့သည်။

သို့သော် ထရမ့်က ကိယက်ဗ်သို့ စစ်ရေးအကူအညီ လုံးဝ ရပ်ဆိုင်း ထားခြင်း မရှိဟု ငြင်းဆိုကာ ပင်တဂွန်နှင့် အိမ်ဖြူတော်၏ အဆိုပါကြေညာချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် အပြန်အလှန်အကျိုးမရှိဘဲ ယူကရိန်းကို အကူအညီ ပေးခြင်း ကို အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပြီး ၎င်း၏အစိုးရသစ်လက်ထက်တွင်ယူကရိန်း အတွက် မည်သည့်အကူအညီ အထောက်အပံ့အသစ်ကိုမျှ အတည်မပြုခဲ့ပေ။ ဂျာမနီ၏ Kiel Institute ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခစတင်ချိန်မှစ၍ အမေရိကန်သည် ကိယက်ဗ်သို့ စစ်ရေးနှင့် ငွေကြေးအကူအညီ ဒေါ်လာ ၁၁၅ ဘီလီယံနီးပါး ပေးပို့ခဲ့ သည်ဟု ဆိုသော်လည်း ထရမ့်က အမှန်တကယ် စုစုပေါင်း ထောက်ပံ့မှု သည် ယင်းပမာဏထက် များစွာပိုမိုသည်ဟု အခိုင်အမာဆိုထားသည်။

ဂျာမနီက ယူကရိန်းအတွက် အမေရိကန်လက်နက်များကို လျှို့ဝှက် ဝယ်ယူရန် စီစဉ်နေ

ဂျာမနီသည် ယူကရိန်းသို့ လွှဲပြောင်းပေးရန်အတွက် အမေရိကန်ထံမှ Patriot လေကာစနစ် နှစ်စုံကို လျှို့ဝှက်သဘောတူညီချက်ဖြင့် ဝယ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း Bild သတင်းစာက အစိုးရအရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန်မီဒီယာအချို့က ယခုသီတင်းပတ်အစောပိုင်းတွင် ဝါရှင်တန် သည် Patriot နှင့် Hellfire ဒုံးကျည်များ၊ GMLRS ဒုံးများနှင့် 155mm အမြောက်ကျည်များ အပါအဝင် ယူကရိန်းသို့ အရေးကြီးသော လက်နက်များထောက်ပံ့မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် အိမ်ဖြူတော်က အချို့လက်နက်တပ်ဆင်မှုများကို ရပ်တန့်ထားကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်အကျိုးစီးပွားကို ဦးစားပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

Bild ၏ ဖော်ပြချက်အရ အဆိုပါလက်နက်တပ်ဆင်မှုရပ်ဆိုင်းမှုသည် ဘာလင်တွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေနေသည်။ ဝန်ကြီးချုပ် Friedrich Merz အစိုးရသည် အမေရိကန်က Patriot စနစ်နှင့် ကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည်များ ရောင်းချရန် ဂျာမနီ၏တောင်းဆိုမှုကို ငြင်းဆန်နိုင်သည်ကို စိုးရိမ်နေသည်ဟု သတင်းစာကဆိုသည်။

Bild ၏ အရင်းအမြစ်များအရ ဘာလင်အစိုးရသည် ယခင်က ထို လေကာ စနစ်များကို ကိုယ်ပိုင်ဝယ်ယူရန် မအောင်မြင်ခဲ့သောယူကရိန်း၏ တောင်းဆိုမှုအရ လွန်ခဲ့သောနှစ်ပတ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီး Pete Hegseth ထံ လျှို့ဝှက်စွာချဉ်းကပ်ခဲ့သည်ဟု ဆိုသည်။ ဂျာမန် အာဏာပိုင်များသည် ယခု Hegseth ထံမှ အကြောင်းပြန်ချက်ကို စောင့်မျှော်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Bild က ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်ချို့တဲ့မှုကို အရေးတကြီး ဖြေရှင်းရမည့် ပြဿနာအဖြစ် ရည်ညွှန်းထားပြီး လက်ရှိတွင် Patriot စနစ် လေးစုံသာ ကျန်ရှိကာ ၎င်းတို့အတွက် ဒုံးကျည် များလည်း မလုံလောက်ကြောင်း ဖော်ပြခဲ့သည်။ အကယ်၍ ယူကရိန်း တွင် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်များ ကုန်သွားပါက ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမို အန္တရာယ်များလာနိုင်ကြောင်း သတင်း က ဖြည့်စွက်ဖော်ပြခဲ့သည်။

သောကြာနေ့ (ဇူလိုင် ၄) တွင် ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Stefan Kornelius က ဘာလင်နှင့် ဝါရှင်တန်တို့အကြား ယူကရိန်းသို့ လေကာ စနစ်များနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့နိုင်ခြေရှိမရှိ နှင့်ပတ်သက်၍ အရေးပါသော ဆွေးနွေးမှုများရှိနေကြောင်း ဝန်ခံခဲ့သည်။ သို့သော် ယူကရိန်း၏ လိုအပ်ချက်များကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အမေရိကန်သည် ယူကရိန်းသို့ အဓိကလက်နက်များ ပေးပို့မှုကို ရပ်ဆိုင်းရခြင်းမှာ လိုအပ်သောပမာဏအတိုင်း ဒုံးကျည်များ ထုတ်လုပ်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သည့်လအတွင်းက အစ္စရေး-အီရန် ပဋိပက္ခတွင် လက်နက်ခဲယမ်း အမြောက်အမြားကို အစ္စရေးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။

ရုရှားဂိတ် အရှုပ်တော်ပုံသည် ထရမ့်ကို ဒုက္ခပေးရန် လှည့်ကွက်တစ်ခု ဖြစ်သည်ဟု CIA ညွှန်မှူး ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ရုရှားဂိတ် အရှုပ်တော်ပုံကို ဖန်တီးခဲ့သည်ဟု CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားလိုက်သည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာ (ICA) သည် ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားမှု တစ်ခုသာဖြစ်ကြောင်း CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားခဲ့သည်။ ထိုအစီရင်ခံစာသည် ရုရှားဂိတ် အရှုပ်တော်ပုံကို စတင်ခဲ့ပြီး အထူးရှေ့နေ Robert Mueller ကို စုံစမ်းစစ်ဆေးစေခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ပထမနှစ်နှစ်ကို အချည်းနှီး ဖြစ်စေခဲ့သည်ဟု ၎င်းက New York Post နှင့် အင်တာဗျူးတွင် ဖွင့်ဟ ခဲ့သည်။

အိုဘားမားသည် သမ္မတရာထူးမှ အနားမယူမီ ခြောက်ပတ်အလိုတွင် ICA အစီရင်ခံစာကို ပြုစုရန်မှာကြားခဲ့ပြီး CIA ၏ ပြန်လည်သုံးသပ်မှုအရ ထိုစဉ်က CIA ညွှန်ကြားရေးမှူး John Brennan၊ FBI ညွှန်ကြားရေးမှူး James Comey နှင့် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper တို့သည် အစီရင်ခံစာ ပြုစုရာတွင် ပုံမှန်မဟုတ်ဘဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“သမ္မတ အပြောင်းအလဲမတိုင်မီ အဆင့်အတန်းနှစ်မျိုးသတ်မှတ်သော အစီရင်ခံစာများကို အလျင်အမြန် ထုတ်ပြန်ရန် သတ်မှတ်ခဲ့သော အချိန် ဇယားသည် အိမ်ဖြူတော်၏ အမိန့်ပေးမှုနှင့် နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်ရှိမရှိ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်” ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့အပြင် အစီရင်ခံစာပြုစုမှုကို ကစဉ့်ကလျား နိုင်ပြီး ပုံမှန်မဟုတ်ဘဲ သမားရိုးကျမဟုတ်သော လုပ်ဆောင်မှုများဟု သုံးသပ်ထားသည်။

CIA ၏ ပြန်လည်သုံးသပ်မှုအရ John Brennan သည် ICA အစီရင်ခံစာ ပြုစုရာတွင် အဓိက ဦးဆောင်ခဲ့ပြီး အထူးသဖြင့် နောက်ပိုင်းတွင် ယုံကြည်စိတ်ချရမှုမရှိကြောင်း သက်သေပြခဲ့သည့် Steele ဖိုင်ကို ထည့်သွင်းရန် အလေးပေး တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဖိုင်တွင် သမ္မတ ထရမ့် နှင့် ရုရှားနိုင်ငံတို့အကြား ဆက်နွှယ်မှုများဆိုင်ရာ အတည်မပြုရသေးသော အစီရင်ခံစာများ ပါဝင်ပြီး ယခင်ဗြိတိန် ထောက်လှမ်းရေးအရာရှိ Christopher Steele မှ ပြုစုကာ Hillary Clinton ၏ ရွေးကောက်ပွဲရံပုံငွေမှ ငွေကြေး ထောက်ပံ့ခဲ့သည်ဟု သိရှိရသည်။

ဤသည်မှာ အိုဘားမား၊ ကိုမီ၊ ကလက်ပါနှင့် ဘရန်နန်တို့က ထရမ့်ကို ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Ratcliffe က CIA ၏ တွေ့ရှိချက်များကို မှတ်ချက်ပေးကာ ပြောကြားခဲ့ပါသည်။ ၎င်းတို့က ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ အကဲဖြတ်ချက်ကို ရုရှားနှင့် ပူးပေါင်း ကြံစည်မှုဟု တံဆိပ်ကပ်ပြီး အများမသိရှိစေရန် လျှို့ဝှက်အဆင့်သတ်မှတ် ခဲ့သည်ဟု ဆိုသည်။

ဝါရှင်တန်ပို့စ်၊ နယူးယောက်တိုင်းမ်စ်နှင့် အခြားသော မီဒီယာကြီးများက အမည်မဖော်လိုသည့် အရာရှိများ၏ပြောဆိုမှုကို ကိုးကားဖော်ပြသည်ဟူသော သတင်းများကြောင့် အမေရိကန်ပြည်သူများ၏ ထင်မြင်ယူဆချက်များကို ပိုမိုလှည့်ဖြားခံခဲ့ရသည်ဟု Ratcliffe ကဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဥရောပ ပါလီမန်အမတ်အချို့က Von der Leyen အပေါ် 'ယုံကြည်မှုမရှိ' အဆိုကို ဆန္ဒမဲပေးရန် အဆင်သင့်ဖြစ်နေဟုဆို

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အား ယုံကြည်မှု မရှိကြောင်း ဆန္ဒမဲပေးရန် ဥရောပပါလီမန်အမတ်များ (MEPs) ပြင်ဆင် နေကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ပြီး ၎င်းမှာ သူမ၏ COVID-19 ကာကွယ်ဆေးသဘောတူညီချက်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဝေဖန်မှုများကြောင့် ဟုဆိုသည်။

Strasbourg မြို့တွင် ကျင်းပမည့် ဥရောပပါလီမန်၏ ဇူလိုင် ၁၀ ရက်နေ့ အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန် ရိုမေးနီးယားအမတ် Gheorghe Piperea က အဆိုတင်သွင်းထားပြီး ဇူလိုင် ၇ ရက်တွင် အဆိုနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း Politico သတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် ဖော်ပြခဲ့သည်။

အထူးသဖြင့် Von der Leyen အား ၂၀၂၁ ခုနှစ်က COVID-19 ကာကွယ်ဆေးအတွက် ယူရိုဘီလီယံချီ၍ တန်ဖိုးရှိသော သဘောတူညီချက်များဆိုင်ရာ ညှိနှိုင်းမှုများအတွက် Pfizer ၏ CEO Albert Bourla နှင့် အပြန်အလှန်ပေးပို့ခဲ့သည့် စာရွက်စာတမ်းများကို ထုတ်ဖော်ရန် ငြင်းဆန် ခဲ့ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း တို့အတွက် စွပ်စွဲခံနေရသည်။

ဥရောပသမဂ္ဂ တရားရုံး၏ ဆုံးဖြတ်ချက်အရ ဥရောပကော်မရှင်သည် အဆိုပါ စာရွက်စာတမ်းများကိုများကို မထုတ်ပြန်ရခြင်း၏ ခိုင်လုံသော အကြောင်းပြချက် မပေးနိုင်ခဲ့ဟု သိရသည်။

“ကော်မရှင်သည် တောင်းဆိုထားသော စာရွက်စာတမ်းများကို သိမ်းဆည်း ထားခြင်းမရှိကြောင်းကို ပြောဆိုရုံမျှဖြင့် မလုံလောက်ဘဲ၊ ယုံကြည် စိတ်ချရသော ရှင်းလင်းချက်များ ပေးရမည်” ဟု ဥရောပသမဂ္ဂ တရားရုံး က မေလတွင် ဆုံးဖြတ်ခဲ့သည်။ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့သော်လည်း စာရွက်စာတမ်းများကို မျှဝေရန် ငြင်းဆန်ခဲ့ခြင်းသည် “အင်စတီကျူးရှင်း အဆင့် လွန်ကဲစွာ အာဏာသုံးမှု၊ ဒီမိုကရေစီကို လျစ်လျူရှုမှုနှင့် သမဂ္ဂ၏ အုပ်ချုပ်ရေးဆိုင်ရာ ပြည်သူ့ယုံကြည်မှု ပျက်ပြားလာစေမှု” ကို ပြသ နေသည်ဟု Piperea က လွန်ခဲ့သည့်လ က ဆိုခဲ့သည်။

အဆိုတင်သွင်းရန် လိုအပ်သော လက်မှတ် ၇၂ စောင်ကို စုဆောင်း နိုင်ခဲ့သော်လည်း အဆိုပါမဲပေးမှုသည် အယုံအကြည်မရှိကြောင်း အဓိပ္ပာယ် သက်သက်သာ ဖြစ်မည်ဟု မျှော်မှန်းရသည်။ အဆိုအောင်မြင်ရန် မဲပေးသူ၏ သုံးပုံနှစ်ပုံက အဆိုကို ထောက်ခံရမည့်အပြင် ပါလီမန်အမတ် ၇၂၀ အနက် အများစု၏ ကိုယ်စားပြုမှုလည်း လိုအပ်သည်။ Piperea က အဆိုပါ မဲပေးမှု အောင်မြင်နိုင်ခြေနည်းပါးကြောင်း ဝန်ခံထားသော်လည်း၊ ၎င်းကို “ဥက္ကဋ္ဌ von der Leyen အား အပြုသဘောဆောင်ပြီး ခိုင်လုံသော ဝေဖန်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးသော အခွင့်အရေး” အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

Von der Leyen ၏ ဥရောပပြည်သူ့ပါတီ (EPP) နှင့် လက်ရှိ ပါလီမန်အများစုဖွဲ့ပါဝင်သည့် အခြားဗဟိုချုပ်ကိုင်မှုအုပ်စုများသည် ယင်းအဆိုကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားထားသော်လည်း အချို့အမတ်များက ကော်မရှင်၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒွိဟဖြစ်ဖွယ် ရပ်တည်ချက်နှင့်ပတ်သက်၍ မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုခဲ့သည်။

အကယ်၍ အဆိုအောင်မြင်ပါက ဥရောပကော်မရှင်အဖွဲ့ဝင်အားလုံး နုတ်ထွက်ရမည်ဖြစ်ပြီး၊ ကော်မရှင်နာ အသစ် ၂၇ ဦးအား ပြန်လည် ခန့်အပ်ရန် လိုအပ်မည်ဖြစ်သည်။ ယခုအချိန်အထိ ကော်မရှင်တစ်ခုလုံး နုတ်ထွက်ခဲ့ရသည့် တစ်ခုတည်းသောဖြစ်ရပ်မှာ ၁၉၉၉ ခုနှစ်က သမ္မတ Jacques Santer လက်ထက်တွင် ခြစားမှုနှင့်ဆက်စပ်သည့် အငြင်းပွား ဖွယ်ရာများ ကြောင့်ဖြစ်သည်။ ထိုနည်းတူ နောက်ဆုံး အဆိုတင်သွင်းမှုတွင် ၂၀၁၄ ခုနှစ်က သမ္မတ Jean-Claude Juncker အား အခွန်ရှောင်တိမ်းမှုစွပ်စွဲချက်များဖြင့် တင်သွင်းခဲ့သော်လည်း မဲအပြတ်အသတ်ဖြင့် ရှုံးနိမ်ခဲ့သည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို အကျဉ်းသား ၁၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

မင့်စ် ဇူလိုင် ၂

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အကြမ်းဖက်ဝါဒ ကျူးလွန်မှုအပါအဝင် ပြစ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

သမ္မတ လူကာရှန်ကိုသည် ဘယ်လာရုစ် လွတ်လပ်ရေးနေ့ မတိုင်မီ အဆိုပါအကျဉ်းသား ၁၆ဦး ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အနောက်အုပ်စုနှင့် ဆက်ဆံရေးပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်ကလည်း အကျဥ်းသား

၃၀၀ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ဘယ်လာရုစ်နိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အရေးယူပိတ်ဆို့မှုများပြဋ္ဌာန်းထားသည်။

သမ္မတလူကာရှန်ကိုက ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ ပါဝင်ကြောင်း ဘယ်လာရုစ်အစိုးရ မီဒီယာများ၏အဆိုအရ သိရသည်။

ဘယ်လာရုစ်နိုင်ငံကို နှစ်ပေါင်း ၃ဝ ကျော်ဦးဆောင်ခဲ့သည့် သမ္မတ လူကာရှန်ကိုသည် ရုရှားသမ္မတ ပူတင်၏အဓိကမဟာမိတ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO

YDNB Newspaper

ဂါဇာတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေး သဘောတူဟုဆို

ဂါဇာကမ်းမြောင် ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။

အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် အမေရိကန် ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ထရမ့်က၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိ ဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။

၂၀၂၃  ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါလက်စတိုင်းပြည်သူ ၅၇၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MWD Web Portal

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူတင်နှင့် မက်ခရွန်တို့က ဆွေးနွေး

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ အကြား ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၂ ရက်တွင် ပြောသည်။ နှစ်နိုင်ငံသမ္မတများအကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေး ပြောဆိုမှုများကို ဇူလိုင်လ ၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အား ပြင်သစ်အစိုးရဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသမ္မတများအကြား မည်သည့်ကိစ္စရပ်နှင့် စပ်လ

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ အကြား ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၂ ရက်တွင် ပြောသည်။ နှစ်နိုင်ငံသမ္မတများအကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေး ပြောဆိုမှုများကို ဇူလိုင်လ ၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အား ပြင်သစ်အစိုးရဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသမ္မတများအကြား မည်သည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေ။ ပူတင်နှင့် မက်ခရွန်တို့အကြား ဖုန်းမှတစ်ဆင့် အပြန်အလှန် ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ လုပ်ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သမ္မတနှစ်ဦးအကြား ပြောဆိုဆွေးနွေးမှုများကို မက်ခရွန်က ပေါက်ကြားစေခဲ့ပြီးနောက် အပြန်အလှန် ဆွေးနွေးမှုကို ရုရှားနိုင်ငံက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် လက်ရှိ ယူကရိန်းပဋိပက္ခတွင် ယူကရိန်းအား ထောက်ခံလျက်ရှိပြီး ယင်းနိုင်ငံသို့ စစ်လက်နက်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။