အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇွန် ၃၀) တွင် လက်မှတ်ရေးထိုးခဲ့သည့် အမိန့်အရ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) ၏ ယခင် ဥက္ကဋ္ဌ Kirsan Ilyumzhinov အား အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ထရမ့်၏ ဆီးရီးယားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရပ်စဲရန် လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်တွင် Ilyumzhinov အပါအဝင် ရုရှား ဘဏ်များနှင့် ပုဂ္ဂိုလ်များအပေါ် ကန့်သတ်ချက်များ ရုပ်သိမ်းခြင်းလည်း ပါဝင်သည်။ ရုရှား၏ Kalmykia သမ္မတဟောင်းလည်းဖြစ်သူ ထိုစီးပွားရေး လုပ်ငန်းရှင်အား ၂၀၁၅ ခုနှစ်မှစ၍ အမေရိကန်ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ် ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားခဲ့သည်။
မူလပိတ်ဆို့အရေးယူမှုတွင် Ilyumzhinov အား ဆီးရီးယားအစိုးရနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခဲ့ သော်လည်း ၎င်းကမူ ထိုအချက်ကို အမြဲငြင်းဆိုခဲ့သည်။ ဒဏ်ခတ် ပိတ်ဆို့ စာရင်းသွင်းခံရပြီးနောက် “၁၉၉၅ ခုနှစ် ကတည်းက စတင်ကာ ၎င်းဦးဆောင် တာဝန်ယူခဲ့သည့် FIDE ၏ တာဝန်များ” မှ နုတ်ထွက်ခဲ့သည်။
Ilyumzhinov က ၎င်းအား ပိတ်ဆို့စာရင်းမှ ပယ်ဖျက်ခြင်းသည် ထရမ့်၏ "မှန်ကန်ပြီး သတ္တိရှိသော" လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် သံတမန်ရေးရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိသည့် အမေရိကန်ခေါင်းဆောင်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
Telegram ထုတ်ပြန်ချက်တစ်ခုတွင် Ilyumzhinov က အမေရိကန် သမ္မတထံ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြား လိုကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် ၎င်း၏အမြင်များကို မျှဝေရန်နှင့် ထရမ့်နှင့် စစ်တုရင်ကစားရန် အပြု သဘောဆောင်သည့် တွေ့ဆုံမှုတစ်ခုကို အဆိုပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အာမေးနီးယား အမျိုးသား လွှတ်တော်သည် လွန်ခဲ့သောတစ်လက အစိုးရကို ဖယ်ရှားရန် လှုံ့ဆော်မှုများပြုလုပ်သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသော စီးပွားရေးလုပ်ငန်းရှင် Samvel Karapetyan ပိုင်ဆိုင်သည့် လျှပ်စစ်ဓာတ်အား အဓိကတင်သွင်းသည့် ကုမ္ပဏီကို နိုင်ငံပိုင်သိမ်းယူရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါသည်။

ENA (Electric Networks of Armenia) ၏ ပိုင်ရှင်ဖြစ်သူ ရုရှားနှင့် အာမေးနီးယား နိုင်ငံသား ခံယူထားသည့် Karapetyan ၏ ပိုင်ဆိုင်မှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၅ ဘီလီယံခန့်ရှိသည်။ ၎င်းသည် ဝန်ကြီးချုပ် Nikol Pashinyan ဦးဆောင်သော အစိုးရနှင့် အာမေးနီးယား Armenian Apostolic Church (AAC) တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် AAC ဘက်မှ ထောက်ခံမှုပြုခဲ့သည့် နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
ပဋိပက္ခစတင်ရခြင်းမှာ Pashinyan က AAC အား အကျင့်ပျက်ခြစားမှု များရှိသည်ဟု စွပ်စွဲကာ အဓိကတာဝန်ရှိသူ Catholicos Garegin II အား ကျင့်ဝတ်ဆိုင်ရာ မှားယွင်းမှုများကို ညွှန်ပြလျက် နုတ်ထွက်ရန် တောင်းဆိုခဲ့သောကြောင့်ဖြစ်သည်။ AAC ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အစိုးရသည် အာမေးနီးယားလူမျိုးများကို မုန်းတီးသော နိုင်ငံခြားအင်အားစုများ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် Karapetyan က အာမေးနီးယားနိုင်ငံသည် ရန်သူများ ဝိုင်းရံနေသော နိုင်ငံဖြစ်ပြီး “ပထဝီနိုင်ငံရေးပဋိပက္ခ၏ အချက်အချာနေရာ” ဖြစ်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ အထူးသဖြင့် ရုရှားနှင့် ဆက်ဆံရေး ဝေးကွာရန် လုပ်ဆောင်ချက်များအပေါ် အစိုးရ၏ နိုင်ငံရေးအရ အရည်အချင်း မပြည့်မီမှုကို ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
အမျိုးသားလွှတ်တော်၌ ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် လွှတ်တော်အမတ် Hovik Aghazaryan က အဆိုပါ ဥပဒေကြမ်းသည် ရုရှားဆန့်ကျင်ရေး စိတ်ဓာတ်များကို လှုံ့ဆော်ရန် ရည်ရွယ်သည်ဟု စွပ်စွဲခဲ့ပြီးနောက် အငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
Karapetyan ၏ ဖမ်းဆီးခံရမှုသည် ပြည်တွင်းပြည်ပရှိ ထင်ရှားသော အာမေးနီးယား အသိုင်းအဝိုင်းနှင့် အော်သိုဒေါ့ခရစ်ယာန် ဘာသာဝင် အသိုင်းအဝိုင်းတို့မှ ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မော်စကိုသည် လိုအပ်ပါက Karapetyan အား ကူညီပံ့ပိုးမည်ဟု ပြောကြားခဲ့သည်။ “မိမိတို့အတွက် ၎င်းသည် ရုရှားနိုင်ငံသားတစ်ဦးဖြစ်သည်” ဟု Peskov က လွန်ခဲ့သည့်သီတင်းပတ်က သတင်းထောက်များအား ပြောကြားခဲ့သော်လည်း ရုရှားသည် အာမေးနီးယား၏ ကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လိုသည့် ဆန္ဒမရှိဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသည် အမေရိကန်မှ ၎င်းထံသို့ လက်နက်များပေးပို့မှုကို ယာယီရပ်ဆိုင်းထားသည့်အတွက် ၎င်း၏ EU မဟာမိတ်များအား အမေရိကန်ထုတ်လက်နက်များကို ကိုယ်စားဝယ်ယူပေးရန် ကြိုးပမ်း နေကြောင်း Politico သတင်းစာက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် ဖော်ပြ ခဲ့သည်။

အမေရိကန်မီဒီယာများက ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှား တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် အရေးပါသည်ဟု သတ်မှတ်ခံထားရသော Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်၊ GMLRS ဒုံးကျည် များ၊ Hellfire ဒုံးကျည်များနှင့် ၁၅၅ အမြောက်ကျည်ဆန်များ ထောက်ပံ့မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ NBC သတင်းဌာနက အချို့သော အမေရိကန်လက်နက်များ ဥရောပသို့ ရောက်ရှိပြီး ဖြစ်သော်လည်း ယူကရိန်းတပ်များထံ လွှဲပြောင်းမှုမပြုရန် ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန်အရာရှိများက အဆိုပါအခြေအနေကို "America first" မူဝါဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အတည်ပြု ပြောဆိုကာ ၎င်းတို့၏ စစ်မြေပြင်အောင်ပွဲအား သေချာစေရန်အတွက်လက်နက်သိုလှောင်မှုများကို ထိန်းသိမ်းထားရမည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။
Politico ၏ အရင်းအမြစ်များအဆိုအရ အဆိုပါ လက်နက်တင်ပို့မှု ရပ်ဆိုင်းခြင်းသည် ယူကရိန်းအကြီးအကဲများကို အလွန်အံ့အားသင့်စေခဲ့ပြီး ကိယက်ဗ်အား “ဥရောပအနေဖြင့် ယူကရိန်းအတွက် အမေရိကန် လက်နက်များဝယ်ယူခွင့်ပြုရန်” ဝါရှင်တန်ထံ တောင်းဆိုစေခဲ့သည်ဟုဆိုသည်။ အမည်ဖော်မပြလိုသော ယူကရိန်းအရာရှိတစ်ဦးက “မိမိတို့ တွင် အခြားရွေးချယ်စရာမရှိ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများစွာသည် လက်နက်ဝယ်ယူမှုအလားအလာများကို ပြန်လည်သုံးသပ်နေသည်ဟုလည်း သိရသည်။ သို့ရာတွင် ထိုလက်နက် လွှဲပြောင်းမှုများအတွက် အမေရိကန်၏ခွင့်ပြုချက် လိုအပ်ဦးမည်ဖြစ်ရာ ယူကရိန်း၏လက်နက်ရရှိရေး ကြိုးပမ်းမှုများသည် အခြားညှိနှိုင်းမှုများတွင်ပျက်ပြယ်သွားနိုင်ကြောင်း Politico သို့ ပြောကြားချက်တစ်ခုတွင် ဖော်ပြ ထားသည်။
အဆိုပါဖြေရှင်းချက်တွင် အမေရိကန်၏ လက်နက်ပြည်ပသို့ တင်ပို့မှု ကန့်သတ်ချက်များကို ကျော်လွှားရန်လည်း ပါဝင်နေသည်။ ယခင် အမေရိကန်သမ္မတ Joe Biden အစိုးရလက်ထက်တွင် ဗြိတိန်၏ Storm Shadow ဒုံးကျည်များ ယူကရိန်းသို့ပေးပို့မှုပင် အမေရိကန် ထုတ်ကုန် ပါဝင်မှုကြောင့် အစပိုင်းတွင် နှောင့်နှေးခဲ့ဖူးကြောင်း Politico က မှတ်ချက် ပြုခဲ့သည်။ ယူကရိန်းအရာရှိတစ်ဦးက အလားတူအခက်အခဲများကို ညှိနှိုင်းမှုများတွင် ဖြေရှင်းနိုင်မည်ဟုဆိုသော်လည်း အမေရိကန်က အတည်ပြု/ မပြုကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
ရုရှားဘက်မှလည်း အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက် တင်ပို့မှုများကို အဆက်မပြတ်ရှုတ်ချခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းသည် ပဋိပက္ခကိုသာ ရှည်လျားစေမည်ဖြစ်ကာ နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်ဟု ခိုင်ခိုင်မာမာဆိုထားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ရုရှားဂိတ် အရှုပ်တော်ပုံကို ဖန်တီးခဲ့သည်ဟု CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားလိုက်သည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာ (ICA) သည် ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားမှု တစ်ခုသာဖြစ်ကြောင်း CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားခဲ့သည်။ ထိုအစီရင်ခံစာသည် ရုရှားဂိတ် အရှုပ်တော်ပုံကို စတင်ခဲ့ပြီး အထူးရှေ့နေ Robert Mueller ကို စုံစမ်းစစ်ဆေးစေခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ပထမနှစ်နှစ်ကို အချည်းနှီး ဖြစ်စေခဲ့သည်ဟု ၎င်းက New York Post နှင့် အင်တာဗျူးတွင် ဖွင့်ဟ ခဲ့သည်။
အိုဘားမားသည် သမ္မတရာထူးမှ အနားမယူမီ ခြောက်ပတ်အလိုတွင် ICA အစီရင်ခံစာကို ပြုစုရန်မှာကြားခဲ့ပြီး CIA ၏ ပြန်လည်သုံးသပ်မှုအရ ထိုစဉ်က CIA ညွှန်ကြားရေးမှူး John Brennan၊ FBI ညွှန်ကြားရေးမှူး James Comey နှင့် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper တို့သည် အစီရင်ခံစာ ပြုစုရာတွင် ပုံမှန်မဟုတ်ဘဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
“သမ္မတ အပြောင်းအလဲမတိုင်မီ အဆင့်အတန်းနှစ်မျိုးသတ်မှတ်သော အစီရင်ခံစာများကို အလျင်အမြန် ထုတ်ပြန်ရန် သတ်မှတ်ခဲ့သော အချိန် ဇယားသည် အိမ်ဖြူတော်၏ အမိန့်ပေးမှုနှင့် နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်ရှိမရှိ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်” ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့အပြင် အစီရင်ခံစာပြုစုမှုကို ကစဉ့်ကလျား နိုင်ပြီး ပုံမှန်မဟုတ်ဘဲ သမားရိုးကျမဟုတ်သော လုပ်ဆောင်မှုများဟု သုံးသပ်ထားသည်။
CIA ၏ ပြန်လည်သုံးသပ်မှုအရ John Brennan သည် ICA အစီရင်ခံစာ ပြုစုရာတွင် အဓိက ဦးဆောင်ခဲ့ပြီး အထူးသဖြင့် နောက်ပိုင်းတွင် ယုံကြည်စိတ်ချရမှုမရှိကြောင်း သက်သေပြခဲ့သည့် Steele ဖိုင်ကို ထည့်သွင်းရန် အလေးပေး တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဖိုင်တွင် သမ္မတ ထရမ့် နှင့် ရုရှားနိုင်ငံတို့အကြား ဆက်နွှယ်မှုများဆိုင်ရာ အတည်မပြုရသေးသော အစီရင်ခံစာများ ပါဝင်ပြီး ယခင်ဗြိတိန် ထောက်လှမ်းရေးအရာရှိ Christopher Steele မှ ပြုစုကာ Hillary Clinton ၏ ရွေးကောက်ပွဲရံပုံငွေမှ ငွေကြေး ထောက်ပံ့ခဲ့သည်ဟု သိရှိရသည်။
ဤသည်မှာ အိုဘားမား၊ ကိုမီ၊ ကလက်ပါနှင့် ဘရန်နန်တို့က ထရမ့်ကို ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Ratcliffe က CIA ၏ တွေ့ရှိချက်များကို မှတ်ချက်ပေးကာ ပြောကြားခဲ့ပါသည်။ ၎င်းတို့က ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ အကဲဖြတ်ချက်ကို ရုရှားနှင့် ပူးပေါင်း ကြံစည်မှုဟု တံဆိပ်ကပ်ပြီး အများမသိရှိစေရန် လျှို့ဝှက်အဆင့်သတ်မှတ် ခဲ့သည်ဟု ဆိုသည်။
ဝါရှင်တန်ပို့စ်၊ နယူးယောက်တိုင်းမ်စ်နှင့် အခြားသော မီဒီယာကြီးများက အမည်မဖော်လိုသည့် အရာရှိများ၏ပြောဆိုမှုကို ကိုးကားဖော်ပြသည်ဟူသော သတင်းများကြောင့် အမေရိကန်ပြည်သူများ၏ ထင်မြင်ယူဆချက်များကို ပိုမိုလှည့်ဖြားခံခဲ့ရသည်ဟု Ratcliffe ကဆိုသည်။

မင့်စ် ဇူလိုင် ၂
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အကြမ်းဖက်ဝါဒ ကျူးလွန်မှုအပါအဝင် ပြစ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
သမ္မတ လူကာရှန်ကိုသည် ဘယ်လာရုစ် လွတ်လပ်ရေးနေ့ မတိုင်မီ အဆိုပါအကျဉ်းသား ၁၆ဦး ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အနောက်အုပ်စုနှင့် ဆက်ဆံရေးပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်ကလည်း အကျဥ်းသား
၃၀၀ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ဘယ်လာရုစ်နိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အရေးယူပိတ်ဆို့မှုများပြဋ္ဌာန်းထားသည်။
သမ္မတလူကာရှန်ကိုက ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ ပါဝင်ကြောင်း ဘယ်လာရုစ်အစိုးရ မီဒီယာများ၏အဆိုအရ သိရသည်။
ဘယ်လာရုစ်နိုင်ငံကို နှစ်ပေါင်း ၃ဝ ကျော်ဦးဆောင်ခဲ့သည့် သမ္မတ လူကာရှန်ကိုသည် ရုရှားသမ္မတ ပူတင်၏အဓိကမဟာမိတ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

ဂါဇာကမ်းမြောင် ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် အမေရိကန် ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ထရမ့်က၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိ ဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါလက်စတိုင်းပြည်သူ ၅၇၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MWD Web Portal

သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ အကြား ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၂ ရက်တွင် ပြောသည်။ နှစ်နိုင်ငံသမ္မတများအကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေး ပြောဆိုမှုများကို ဇူလိုင်လ ၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အား ပြင်သစ်အစိုးရဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသမ္မတများအကြား မည်သည့်ကိစ္စရပ်နှင့် စပ်လ
သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ အကြား ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၂ ရက်တွင် ပြောသည်။ နှစ်နိုင်ငံသမ္မတများအကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေး ပြောဆိုမှုများကို ဇူလိုင်လ ၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အား ပြင်သစ်အစိုးရဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသမ္မတများအကြား မည်သည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေ။ ပူတင်နှင့် မက်ခရွန်တို့အကြား ဖုန်းမှတစ်ဆင့် အပြန်အလှန် ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ လုပ်ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သမ္မတနှစ်ဦးအကြား ပြောဆိုဆွေးနွေးမှုများကို မက်ခရွန်က ပေါက်ကြားစေခဲ့ပြီးနောက် အပြန်အလှန် ဆွေးနွေးမှုကို ရုရှားနိုင်ငံက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် လက်ရှိ ယူကရိန်းပဋိပက္ခတွင် ယူကရိန်းအား ထောက်ခံလျက်ရှိပြီး ယင်းနိုင်ငံသို့ စစ်လက်နက်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Hamas အဖွဲ့အား အမေရိကန်က ထောက်ခံသည့် အပစ်အခတ်ရပ်စဲရေးအဆိုအသစ်ကို ငြင်းပယ်မည် ဆိုပါက ၎င်းတို့၏အနေအထား ပိုမိုဆိုးရွားလာမည်ဟု သတိပေးခဲ့သည်။ ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် အမေရိကန်နှင့် အစ္စရေးအရာရှိများအကြား ရှည်လျားပြီးအကျိုးရှိသောအစည်းအဝေးအဖြစ် ၎င်းကဖော်ပြခဲ့သည့် တွေ့ဆုံမှုအပြီး ယင်းသတိပေးချက်ကို အင်္ဂါနေ့ (ဇူလိုင် ၁) က ထုတ်ပြန် ခဲ့သည်။

"အစ္စရေးက ၆၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်သော အခြေအနေများကို သဘောတူညီပြီးဖြစ်သည် ၊ ထိုကာလအတွင်း မိမိ တို့သည် စစ်ပွဲအဆုံးသတ်ရန် ပါတီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်" ဟု ထရမ့်က ရေးသားခဲ့ပြီး ညှိနှိုင်းမှုများပြုလုပ်ပေးသည့် ကာတာနှင့် အီဂျစ်တို့အား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပြုချက်၏ တိကျသောအချက်အလက်များကို မသိရသေးသော်လည်း အမေရိကန်-အစ္စရေး အဆင့်မြင့်ညှိနှိုင်းမှုများအတွင်း အပြီးသတ် သဘော တူညီမှုများရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းသဘော တူညီချက်တွင် ဂါဇာရှိ စစ်ရေးပဋိပက္ခကို ယာယီရပ်စဲခြင်း၊ အစ္စရေး သုံ့ပန်းများလွှတ်ပေးရန်နှင့် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိစေရေးတို့ ပါဝင်မည်ဟု ယူဆရပါသည်။ အီဂျစ်နှင့် ကာတာမှ စေ့စပ်ညှိနှိုင်းသူများသည် လာမည့်ရက်အနည်းငယ်အတွင်း Hamas ခေါင်းဆောင်များထံ ယင်း သဘောတူညီချက်ကို ပေးပို့ရန် မျှော်လင့်ရသည်။
ထရမ့်၏ ထုတ်ပြန်ချက်သည် အစ္စရေးအစိုးရအတွင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ အစ္စရေး၏ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က တနင်္လာနေ့ (ဇွန် ၃၀) တွင် "အဆိုပါစစ်ပွဲသည် သဘောတူညီချက်များ၊ ညှိနှုင်းမှုများမပါဘဲ အနိုင်ရသည်အထိ ဆက်လက်ဆင်နွှဲရမည်" ဟု ပြောကြားခဲ့သည်။ အစွန်းရောက် လက်ဝဲယိမ်းဝန်ကြီးက စစ်ဆင်ရေး ရပ်စဲခြင်းသည် ဆက်လက်လုပ်ဆောင်ခြင်းထက် အစ္စရေး၏ အနာဂတ် အတွက် "ပိုမိုကြီးမားသောအန္တရာယ်" ဖြစ်စေမည်ဟု သတိပေးခဲ့သည်။
အစိုးရအတွင်း သဘောထားကွဲလွဲမှုများရှိသော်လည်း ဝန်ကြီးချုပ် Benjamin Netanyahu သည် အမေရိကန်၏ဖိအားနှင့် ဂါဇာတွင် မြင့်တက်လာနေသော အရပ်သားအသေအပျောက်များအပေါ် နိုင်ငံတကာ စိုးရိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးရပ်နားမှုဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ခွင့်ပြုထားသည်။
မေလနှောင်းပိုင်းတွင် အမေရိကန်အစိုးရ၏ထောက်ခံမှုဖြင့် Gaza Humanitarian Foundation (GHF) သည် အစ္စရေး၏ သုံးလကြာ ပိတ်ဆို့မှုအပြီး အကူအညီဖြန့်ဖြူးရေးအစီအစဉ်များ ပြန်လည် စတင် ခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏အချက်အလက်များနှင့် ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်မှုအရ ထိုအချိန်မှစ၍ အကူအညီ ဖြန့်ဖြူးရေးနေရာများအနီးတွင် ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံး ခဲ့သည်ဟု သိရသည်။
Hamas တို့ထံတွင် အကျဉ်းသား ၂၀ ခန့် အသက်ရှင် ကျန်ရစ်နေသည် ဟူသော သတင်းများထွက်ပေါ်ပြီးနောက် အစ္စရေးတပ်မတော်ကစစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့သည်။ အစ္စရေးဘက်မှ မကြာသေးမီ သီတင်းပတ်များအတွင်း Hamas ၏စစ်ရေးခေါင်းဆောင် Hakham Muhammad Issa Al-Issa နှင့် နိုင်ငံရေးခေါင်းဆောင် Muhammad Sinwar အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များကို အောင်မြင်စွာ လုပ်ကြံ နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။
Hamas ဘက်မှမူ မိမိတို့၏စစ်ရေးအဆောက်အအုံများကို အရပ်သား နေရာများတွင် တည်ဆောက်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး စစ်မက် ဖြစ်ပွားမှုတွင် မပါဝင်သော အရပ်သားများ သေဆုံးမှုများကို ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသမ္မတ Vladimir Putin သည် ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကရင်မလင် သတင်း ထုတ်ပြန်ရေးဌာနက အင်္ဂါနေ့ (ဇူလိုင် ၁) ကထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံး ဖုန်းဆက်သွယ်မှုဖြစ်သည်။ ဆွေးနွေးမှုတွင် အရှေ့အလယ်ပိုင်း အခြေအနေ နှင့် ယူကရိန်းပဋိပက္ခကို အဓိကဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ပူတင်က မက်ခရွန်အား ယူကရိန်းပဋိပက္ခသည် “အနောက်နိုင်ငံများ၏ ရုရှား၏လုံခြုံရေးအကျိုးစီးပွားကို နှစ်ပေါင်းများစွာလျစ်လျူရှုခဲ့သောမူဝါဒများ၏ တိုက်ရိုက်အကျိုးဆက်” ဖြစ်ပြီး ယူကရိန်းတွင် “ရုရှား ဆန့်ကျင်ရေးခံတပ်” ကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ရေးဌာနက ဖော်ပြခဲ့သည်။
ရုရှားခေါင်းဆောင်က မည်သည့်ဖြေရှင်းချက်မဆို “ကျယ်ပြန့်ပြီး ရေရှည် တည်တံ့ကာ ယူကရိန်းအကျပ်အတည်း၏ အရင်းခံ အကြောင်းရင်း များကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး နယ်မြေဆိုင်ရာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အခြေခံရမည်” ဟူသော မော်စကို၏ချဉ်းကပ်မှုကို ထပ်လောင်းအတည်ပြုခဲ့သည်။
ပူတင်နှင့် မက်ခရွန်တို့သည် အရှေ့အလယ်ပိုင်းအခြေအနေ၊ အထူးသဖြင့် အစ္စရေးနှင့် အီရန်အကြား မကြာသေးမီက အရှိန်မြင့်တက်လာမှု ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကရင်မလင်သတင်းထုတ်ပြန်ရေးဌာနက နှစ်ဦးစလုံးသည် သံတမန်နည်းလမ်းသည်သာ ရှေ့လမ်းစဉ်ဖြစ်ကြောင်း သဘောတူခဲ့ပြီး သဘောထားများညှိနှိုင်းနိုင်ရန်အတွက် ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းရန် သဘောတူခဲ့ကြကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။
မော်စကိုက ပြောကြားချက်အရ နှစ်နိုင်ငံစလုံးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် “ကမ္ဘာလုံးဆိုင်ရာ အဏုမြူလက်နက် မပြန့်ပွားရေးစနစ်” ကို ထိန်းသိမ်းရန်အတွက် အထူးတာဝန်ရှိသည်ဟု သဘောတူခဲ့ကြသည်။
ကရင်မလင်သတင်းထုတ်ပြန်ရေးဌာနက “အဆိုပါနေရာတွင် တီဟီရန် ၏ ငြိမ်းချမ်းစွာနျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေး အခွင့်အရေးကို လေးစားရန်နှင့် IAEA နှင့်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ်အောက်ရှိ တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု ဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံသည် မော်စကိုနှင့်ပဋိပက္ခတွင် ကိယက်ဗ်အား အဓိက ထောက်ခံသူတစ်ဦးအဖြစ် ကြာမြင့်စွာရပ်တည်ခဲ့သည်။ Kiel Institute ၏ အကူအညီလမ်းညွှန်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ပြင်သစ်သည် ယူကရိန်းသို့ စစ်ရေး အကူအညီ ယူရို ၃.၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) ထောက်ပံ့ပေးခဲ့သည်။
မက်ခရွန်သည် ယူကရိန်းသို့ ပြင်သစ်တပ်ဖွဲ့ဝင်များစေလွှတ်ရန် အကြံဉာဏ် ကိုလည်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ တပ်ဖွဲ့ဝင်စေလွှတ်မှု မပြု လုပ်သော်လည်း ပြင်သစ်သည် ရုရှားအား တားဆီးရန်အတွက် ပဋိပက္ခ ကာလအပြီးတွင် တပ်ဖွဲ့ဝင်များစေလွှတ်နိုင်ကြောင်း ထပ်ခါထပ်ခါ ဖော်ပြ ခဲ့သည်။ မော်စကိုသည် အနောက်နိုင်ငံမှတပ်ဖွဲ့များ ယူကရိန်းတွင်မည်သည့်နေရာတွင်မှ မပါဝင်ရန် ခိုင်မာစွာကန့်ကွက်ခဲ့ပြီး ရုရှားနှင့် NATO အကြား တိုက်ရိုက်စစ်ပွဲကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေး ခဲ့သည်။
သို့သော် မကြာသေးမီလများအတွင်း မက်ခရွန်သည် ၎င်း၏ သဘောထားကို ပျော့ပျောင်းစေခဲ့ပြီး မေလအတွင်းက ပြင်သစ်တို့သည် ကိယက်ဗ် ကူညီရန် အများဆုံးလုပ်ဆောင်နိုင်သမျှလုပ်ဆောင်ပြီးဖြစ်ကာ ယူကရိန်းသို့ လက်နက်များထပ်မံထောက်ပံ့နိုင်မည်မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က ပြင်သစ်သမ္မတက NATO ၏ဥရောပ အဖွဲ့ဝင်များအနေဖြင့် အကန့်အသတ်မဲ့ လက်နက်မချဲ့ထွင်လိုကြောင်းနှင့် ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်၏အစိတ်အပိုင်းအဖြစ် ဥရောပလုံခြုံရေးကို ညှိနှိုင်းဆွေးနွေးရန် ယခုအချိန်တွင် ရုရှားနှင့်ပြန်လည်ဆက်သွယ်ရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

အီလွန်မက်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဆက်ဆံရေး ပြေလည်မှုသည် တစ်လပင် မခံခဲ့ပေ။ အမေရိကန်ဆီးနိတ်လွှတ်တော်မှ ထရမ့်၏ “ကြီးမားလှပသော ဥပဒေကြမ်း” (Big, Beautiful Bill) ဆိုင်ရာ အဆိုပြုချက်ကို သီတင်းပတ်ကုန်တွင် အနည်းပြင်ဆင်ပြီး ဆွေးနွေးရန် အတည်ပြုခဲ့ပြီးနောက် တနင်္လာနေ့ (ဇွန် ၃၀) တွင် မက် က ထိုမျှ ကြီးမားသော ပြည်တွင်းမူဝါဒ အစီအစဉ်ကို ထောက်ခံမဲပေးခဲ့သည့် ကွန်ဂရက်ရှိ ရီပတ်ပလီကန်ပါတီဝင်များကို ဆန့်ကျင်ရန် ၎င်း၏ ကျယ်ပြန့်သော အရင်းအမြစ်များဖြင့် စည်းရုံးမှုများလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။

မက် သည် တနင်္လာနေ့ (ဇွန် ၃၀) တစ်နေ့လုံးနှင့် အင်္ဂါနေ့ (ဇူလိုင် ၁) နံနက်စောစောအထိ အထူးသဖြင့် အဆိုပါဥပဒေကြမ်း၏ မြင့်မားသော ကုန်ကျစရိတ်ကြောင့် အခွန်လျှော့ပေးမှုနှင့် ငွေကြေးသုံးစွဲမှုဆိုင်ရာ ဝေဖန်ချက်များကို ဆိုရှယ်မီဒီယာတွင်ရေးသားမျှဝေနေခဲ့သည်။
ထရမ့်က တနင်္လာနေ့ (ဇွန် ၃၀) ညတွင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၎င်း၏အစိုးရအဖွဲ့သည် မက်၏ကုမ္ပဏီများ၏ အစိုးရဆိုင်ရာ ကြီးမားသော စာချုပ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ဇူလိုင် ၁ ရက်နေ့တွင် အိမ်ဖြူတော်၌ ပြောကြားရာတွင် ထရမ့်က မက်သည် အစိုးရထောက်ပံ့ကြေးများထက် များစွာဆုံးရှုံးနိုင်ကြောင်း သတိပေးခဲ့ပြီး မက် ယခင်က ဦးဆောင်ခဲ့သော အစိုးရစွမ်းဆောင်ရည်ဌာနသည် “အီလွန်မက် ကိုပြန်လာစားမည့် မိစ္ဆာကောင်တစ်ကောင် ဖြစ်လာနိုင်ကြောင်း” ခိုင်းနှိုင်း ခြိမ်းခြောက်ခဲ့သည်။
အဆိုပါ အချေအတင်ဖြစ်မှုသည် လွန်ခဲ့သောလက အီလွန်မက်က သက်သေ အထောက်အထားမပြဘဲ ထရမ့်အား ငွေကြေးရှုပ်ထွေးမှုများနှင့် ကလေးများကို လိင်အလွဲသုံးစားပြုမှုအတွက် အပြစ်ဒဏ်ကျခံခဲ့ရသူ Jeffrey Epstein ဆိုင်ရာ အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု စွပ်စွဲပြီး “ထရမ့်၏အမည်သည် အစိုးရ၏ Epstein ဖိုင်များတွင် ပါဝင်နေသည်” ဟု ကြေညာခဲ့သည့် အများသိ အပြန်အလှန်တုံ့ပြန်မှုကဲ့သို့ လူမှုရေးအရ ပြင်းထန်ခြင်း မရှိသေးပေ။
ထိုကဲ့သို့ အချေအတင်ဖြစ်မှု အထွတ်အထိပ်ရောက်ပြီး တစ်ပတ် အကြာ တွင် မက်က ထရမ့်နှင့်ပတ်သက်သည့် ၎င်း၏ရေးသားဖော်ပြမှုအချို့ကို နောင်တရကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် Epstein နှင့် သက်ဆိုင် သော ပို့စ်အပါအဝင် ထရမ့်အား ရာထူးမှ ဖယ်ရှားသင့်သည်ဟူသော အဆိုကို ထောက်ခံသည့် ပို့စ်များကို ဖျက်ခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ မက် သည် ထရမ့်နှင့် ဥပဒေကြမ်းဆိုင်ရာ ၎င်း၏ ရေးသား ပြောဆိုမှု များကို ပျော့ပျောင်းစွာ ရေးသားပြောဆိုလာကာ လူမှုမီဒီယာနှင့် တွေ့ဆုံ မေးမြန်းခန်းများတွင် ၎င်း၏ကုမ္ပဏီများဆီသို့ အာရုံပြောင်းခဲ့သည်။
သို့သော် တနင်္လာနေ့ (ဇွန် ၃၀) တွင် မက် က ထရမ့်၏ အထင်ကရ ဥပဒေကြမ်းကို ကန့်ကွက်သည့် ပို့စ်များကို မရပ်မနား တင်လာချိန်မှစ၍ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကိုးကား- CNN
Photo: Axios