သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

29 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျီးမနားကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးနိုင်ဦး(၅၃) နှစ်နှင့် ဦးအောင်မျိုးဦး(၄၆)နှစ်တို့ နှစ်ဦးသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ လက်ပန်ဇင်ကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း ငါးပိုက်ချနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က စက်လှေများဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား စစ်ကိုင်းမြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

MOHA

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

29 July 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)အနီး၌ လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် TOYOTA PROBOX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါခရီး သည် မောင်နိုင်(၄၆)နှစ်နှင့် ဘဂျမ်း(၂၇)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၅၀) ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အားလုံ(ခ)အိုက်လွယ်(၄၅)နှစ်နှင့် ဖုန်းပြည့်စုံ(ခ)ကိုပြည့်(၃၃)နှစ်တို့ နှစ်ဦးအား နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် နမ့်စန်မြို့၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဟိုတယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား(တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁ သိန်း)၊ ကတ်တမင်း ၀ ဒသမ ၀၀၃ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၃၀,၀၀၀)၊ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ရှစ်တောင့်၊ မော်တော်ယာဉ် နှစ်စီး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိသဖြင့် မောင်နိုင်၊ ဘဂျမ်း၊ အားလုံ(ခ)အိုက်လွယ်နှင့် ဖုန်းပြည့်စုံ(ခ)ကိုပြည့်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ ဟိုတယ်အခန်းအမှတ်(၂၀၃)၌ တည်းခိုနေသည့် ဒေါ်ခွန်းဟန်နီအိမ့်(၃၁)နှစ်နှင့် ဒေါ်ခင်နှင်းပွင့်ဖြူ(ခ)ဂူးဂူး(၃၀)နှစ်တို့ နှစ်ဦးထံမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၀ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀)၊ ကတ်တမင်း ၀ ဒသမ ၀၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၇ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၈၂,၅၀၀)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း။ 

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဒေါ်ခွန်းဟန်နီအိမ့် နေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုး ငွေကျပ် သိန်း ၁,၂၀၀)၊ ကတ်တမင်း ၀ ဒသမ ၂၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၇၂ သိန်း) ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီ ၁၅ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ လာရောက်ပို့ဆောင်ရောင်းချပေးသူ ဝင်းမင်းထွန်း(ခ)ဝင်းထွန်း(၄၅)နှစ်နှင့် ဒေါ်ဖြူဖြူကျော်(၃၆)နှစ်တို့ နှစ်ဦးအား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၄၂ ဒသမ ၅ သိန်း)၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၀ ဒသမ ၀၄၂ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုး ငွေကျပ် ၅၀ ဒသမ ၄ သိန်း)၊ ကတ်တမင်း ၀ ဒသမ ၀၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀ ဒသမ ၅ သိန်း) ဆက်လက်ဖမ်းဆီးရမိသဖြင့် ဒေါ်ခွန်းဟန်နီအိမ့်၊ ဒေါ်ခင်နှင်းပွင့်ဖြူ၊ ဝင်းမင်းထွန်း(ခ) ဝင်းထွန်းနှင့် ဒေါ်ဖြူဖြူကျော်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာကားဝင်းရှိ ကားဂိတ်၌ ပါဆယ်ပစ္စည်းများ လာရောက်ထုတ်ယူသူ ရဲဝင်းအောင်(ခ)ဝေလင်းအောင်(၃၆)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး  Happy Water ၁ ဒသမ ၇၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၅၁၆ သိန်း) ဖမ်းဆီးရမိသဖြင့် ရဲဝင်းအောင်(ခ)ဝေလင်းအောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရေအောက်သွား မောင်းသူမဲ့ရေယာဉ်များကို ဗြိတိန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းက အောင်မြင်စွာစမ်းသပ်ပစ်လွှတ်

ဗြိတိန်တော်ဝင်ရေတပ်မတော်သည် မောင်းနှင်သူလိုက်ပါခြင်းမရှိသည့်ရေအောက်သွား ရေယာဉ်များ ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းမှ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်သည်။

ဗြိတိန်ရေတပ်မတော်သည် Project Scylla ဟုအမည်ပေးထားသည့် အဆိုပါစမ်းသပ်မှုအတွင်း ရေတပ် ဖွဲ့၏ ရေအောက်စစ်ဆင်မှုစွမ်းရည်ကို တိုးမြှင့်နိုင်ရန်အတွက် ရေငုပ်သင်္ဘောမှမောင်းသူမဲ့ ရေအောက် သွားရေယာဉ်များကို မြေထဲပင်လယ်အတွင်း၌ မကြာသေးမီအချိန်က စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် Astute အတန်းအစား တိုက်ခိုက်ရေး   ရေငုပ်သင်္ဘောရှိ  တော်ပီဒိုများ ပစ်လွှတ်သည့် ပြွန်မှတစ်ဆင့် မောင်းသူမဲ့ရေအောက်သွားရေယာဉ်များကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်တော်ဝင်  ရေတပ်မတော်၏ Astute  အတန်းအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောသည်အလေးချိန်အားဖြင့် ၇၄၀၀ တန်ရှိပြီး သင်္ဘောတွင် Tomahawk ခရုစ်ဒုံးကျည်များနှင့် Spearfish တော်ပီဒိုများကို တပ်ဆင်ထားပြီး တစ်ကမ္ဘာလုံး၏မည်သည့်နေရာတွင်မဆို ရန်သူ၏ရေဒါကိုရှောင်ရှား၍  မောင်းနှင်သွားလာနိုင်သည်။

အဆိုပါစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ တော်ဝင်ရေတပ်ဖွဲ့၏ ရေအောက်စောင့်ကြည့်ရေး၊ ပင်လယ်ကြမ်းပြင်စစ်ပွဲဆင်နွှဲရေးနှင့် ရေအောက်ဆက်သွယ်ရေးစနစ်များအား လုံခြုံမှုရှိစေရေးအတွက် ဖြစ်သည်။

ရေငုပ်သင်္ဘောမှ   ရေအောက်သွားမောင်းသူမဲ့ရေယာဉ်များ ပစ်လွှတ်စမ်းသပ်မှုကို  ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ  ရေငုပ်သင်္ဘောဆိုင်ရာအေဂျင်စီ (SDA) နှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် L3Harris တို့  ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစမ်းသပ်မှုသည် အနာဂတ် ရေတပ်စစ်ဆင်မှုကို ပုံဖော်ရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားသည်။

Project Scylla စီမံကိန်းသည် ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့ ပါဝင်သည့် AUKUS သုံးနိုင်ငံ လုံခြုံရေးအဖွဲ့၏ ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

Ref: Vp

MWD Web Portal
 
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

29 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာနေ မောင်အောင်မျိုးသန့်(၁၄)နှစ်သည် ၎င်း၏မိဘများဖြစ်ကြသည့် ဦးအောင်ကြည်ထွေး၊ ဒေါ်ဌေးငွေတို့နှင့်အတူ ကျေးရွာတောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာရှိ ယာခင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားနေစဉ် ယာခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မောင်အောင်မျိုးသန့်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ အဆိုပါကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း၊ ဦးအောင်ကြည်ထွေးနှင့် ဒေါ်ဌေးငွေတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ္စရေးဆိပ်ကမ်းများနှင့် ဆက်စပ်သော ကုန်သွယ်ရေး သင်္ဘောအားလုံးကို တိုက်ခိုက်မည်ဟု ယီမင်ဟူသီသူပုန်များက ခြိမ်းခြောက်

ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများနှင့် တစ်သားတည်းရပ်တည်မှုအဖြစ် အစ္စရေးနှင့်ဆက်စပ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ဆောင်ရွက်နေသည်ဟု ဆိုသော ဟူသီလက်နက်ကိုင်အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာနှင့် ပင်လယ်နီကို ဆက်သွယ်ထားသည့် အရေးပါသော လမ်းကြောင်း "ဘာ ဘဲလ်မန်ဒက်ရေလက်ကြား" (Bab el Mandeb) တွင် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

အဆိုပါအဖွဲ့၏ စစ်ရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ အာမင်ဟယ်ယန်း (Ameen Hayyan) က ရုပ်သံ ထုတ်လွှင့်မှုတစ်ခုတွင် အဆိုပါ လုပ်ရပ်သည် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ပြသသော လုပ်ဆောင်မှု ဖြစ်ကြောင်း ကြေညာခဲ့သည်။

"မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ရောက်ရှိနိုင်သည့် နေရာမရွေး၊ မည်သည့်နိုင်ငံမှ ဖြစ်စေ၊ အစ္စရေးရန်သူ၏ ဆိပ်ကမ်းများနှင့် ကုန်သွယ်မှု ဆက်ဆံသော ကုမ္ပဏီများ၏ သင်္ဘောအားလုံးကို ပစ်မှတ်ထား တိုက်ခိုက်မည်" ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ဟယ်ယန်းက ဂါဇာကို ပိတ်ဆို့ ထားမှု ရုပ်သိမ်းရန် အစ္စရေးအပေါ် ဖိအားပေးရန်နှင့် ၎င်းနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာမှစတင်၍ ဟူသီသူပုန်များသည် ပင်လယ်နီတွင် သင်္ဘောအစီး ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၄ စီး နစ်မြှုပ်ခဲ့ကာ ၁ စီးကို သိမ်းပိုက်ခဲ့သည့်အပြင် သင်္ဘောသား ၈ ဦး သေဆုံးစေခဲ့သည်ဟု Reuters ကဖော်ပြခဲ့သည်။ ယခုလအစောပိုင်းတွင် ၎င်းတို့က Liberia အလံလွှင့်တင်ထားသော ဂရိပိုင် Eternity C နှင့် Magic Seas ကုန်တင် သင်္ဘောများကို သိမ်းပိုက်ပြီး နစ်မြှုပ်ပစ်ခဲ့သည်။

ဟူသီသူပုန်များသည် အစ္စရေးနိုင်ငံရှိ မြို့ကြီးများသို့ ဒုံးပျံအလုံးအရင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အများစုကို အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ချေမှုန်းနိုင်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှု များကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ယီမင်နိုင်ငံအတွင်း လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်ပြီး ဟူသီသူပုန်များနှင့် ဆက်စပ် နေသောပစ်မှတ်များအပြင် ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကာ တနင်္လာနေ့ (ဇူလိုင် ၂၈) က ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌  KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

27 July 2025

 တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးစောဘခက်(၄၉)နှစ်သည် ကျေးရွာတောင်ဘက် နှစ်ဖာလုံခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံမှ ကျေးရွာသို့ ပြန်လာစဉ် ခြံအနီး၌ အသင့်စောင့်နေသည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစောဘခက်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဗြိတိန်လေကြောင်းလိုင်းတစ်ခု ပျံသန်းနေစဉ် ဗုံးခြိမ်းခြောက်မှု ဖြစ်ပေါ်

ဇူလိုင် ၂၇ ရက်နေ့က လန်ဒန်မှ ဂလပ်စဂိုးသို့ ပျံသန်းနေသော EasyJet လေယာဉ်ပေါ်တွင် လူတစ်ဦးက "အမေရိက ပျက်စီးပါစေ"၊ "Trump သေဆုံးပါစေ" စသည်ဖြင့် အော်ဟစ်ခဲ့ပြီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ Donald Trump စကော့တလန် သို့ လာရောက်လည်ပတ်စဉ် ၎င်း၏ Turnberry ရိပ်သာတွင် ဂေါက်သီး ရိုက်ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

မီဒီယာများတွင် ဖော်ပြမှုများအရ ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် "အလ္လာဟူအက္ကဘာ" ဟု အော်ဟစ်ကာ ၎င်းတွင် ဗုံးရှိကြောင်း ပြောဆိုခဲ့ပြီး လေယာဉ်အမှုထမ်းများကို ရန်စခဲ့ခြင်းကြောင့် အနီးရှိ ခရီးသည်များက ဝိုင်းဝန်း ထိန်းချုပ်ခဲ့ ကြကြောင်း သိရှိရသည်။ 

ဂလပ်စဂိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စောင့်ဆိုင်းကာ ထိုပုဂ္ဂိုလ်ကို ဖမ်းဆီးခဲ့ပြီး စကော့တလန် ရဲတပ်ဖွဲ့က ဆက်လက် ထိန်းသိမ်းထားကြောင်းနှင့် ၎င်းသည် ဒုက္ခသည် သက်သေခံ အထောက်အထားများ ကိုင်ဆောင်ထားသည်ဟု အတည်ပြုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးချက်များအရ လေယာဉ်ပေါ်တွင် ပေါက်ကွဲ စေနိုင်သော ပစ္စည်းများ မတွေ့ရှိရကြောင်းနှင့် အခြားသူများ ပါဝင် ပတ်သက်မှု မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

ဗြိတိန်တွင် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဆက်စပ်နေသော လုံခြုံရေး ခြိမ်းခြောက်မှု များအပေါ် စိုးရိမ်မှုများ တိုးပွားလာနေပြီး အစိုးရ၏ စာရင်းဇယားများ အရ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ အင်္ဂလန်နှင့် ဝေလတွင် ဓားကိုင် ခြိမ်းခြောက်/ တိုက်ခိုက်မှုဆိုင်ရာ မှုခင်း ၅၀,၅၀၀ ကျော်ရှိခဲ့ကြောင်း သိရှိ ရသည်။ ဒုက္ခသည်စခန်းများတွင် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုများ လိုအပ်ကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူ မှုခင်းကျူးလွန်သူများနှင့်ပတ်သက်၍ ပိုမိုပြတ်သားစွာလုပ်ဆောင်ရန် ဆန္ဒပြမှုများလည်း ရှိခဲ့သည်။

ယခုလအစောပိုင်းတွင် 'Great British National Protest' ဒိုဗာမြို့ ဆန္ဒ ပြပွဲအတွင်း လူထုက နယ်စပ်ထိန်းချုပ်ရေး ပိုမိုတင်းကျပ်ရန် တောင်းဆို ခဲ့သည်။ လွန်ခဲ့သော ခြောက်နှစ်အတွင်း အီရန်၊ အာဖဂန်နစ္စတန်၊ အီရတ်၊ အယ်လ်ဘေးနီးယား၊ ဆီးရီးယားနှင့် အီရီထရီးယားမှ ရွှေ့ပြောင်း နေထိုင် သူများသည် ရေလက်ကြားကို လှေငယ်များဖြင့် ဖြတ်ကျော်ကာ တရား မဝင် ဝင်ရောက်လာသူများ၏ ၇၀% ရှိသည်ဟု စာရင်းများအရ သိရှိ ရသည်။

အကြီးစားရေတပ်စစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို ရုရှားရေတပ်မတော် အပြီးသတ်လုပ်ဆောင်

ရုရှားရေတပ်မတော်သည် အကြီးစားရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ဇူလိုင်လ ၂၇ ရက်တွင်  အောင်မြင်စွာ အဆုံးသတ် လုပ်ဆောင်နိုင်ခဲ့ကြောင်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရုရှားရေတပ်မှ တပ်ဖွဲ့ဝင်များသည် July Storm ဟုအမည်ပေးထားသည့် ရေတပ်စစ်ရေး လေ့ကျင့်မှုကြီးကို  ဇူလိုင်လ၂၃ ရက်မှ ၂၇ ရက်အထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ရေးလေ့ကျင့်မှုတွင် ရုရှားမြောက်ပိုင်းရေယာဉ်စု၊ ပစိဖိတ်ရေယာဉ်စု၊ ဘောလ်တစ်ရေယာဉ်စုနှင့် ကက်စပီယံရေယာဉ်စုတို့က ပါဝင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကြီးကို ရုရှား ရေတပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်အလက်ဇန္ဒားမွိုင်းဆိဗ်က ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ  ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောနှင့် ထောက်ပံ့ရေးရေယာဉ် အစင်းပေါင်း ၁၅၀ ကျော်နှင့် စစ်လေယာဉ်အစင်း ၁၂၀၊ ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည်စနစ် ၁၀ ခုနှင့်ရေတပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

ယခု အပြီးသတ် လုပ်ဆောင်ခဲ့သည့် ရေတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများသည် ရုရှားတပ်မတော်၏ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်များ၊ မောင်းသူမဲ့ လက်နက်စနစ်များနှင့် ခေတ်မီလက်နက် ပစ္စည်းများအား   ပေါင်းစပ်အသုံးပြုနိုင်မှု အသင့်အနေအထား ရှိစေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။          

 Ref: Iv