သတင်းများ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် ဇူလိုင် ၂၆

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် "Thet N O" Facebook အကောင့်နှင့် "Thet N O" Tik Tok အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၆) ရပ်ကွက်နေ သက်နိုင်ဦးအား ည ၆ နာရီ ၂၅ မိနစ်တွင် တောင်ကြီးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

MOI

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

26 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုး သား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် ကော့ကရိတ်မြို့နယ်၊ ငါးတိုင်ကျေးရွာနေ ဦးတင်တင်(၇၁)နှစ်သည် ၎င်း၏ နေအိမ်ရှေ့၌ ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံး ပေါက်ကွဲ ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

26 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာနေ ဦးသောင်းမှီ(၅၆)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ ယာတဲသို့ သွားရောက်စဉ် ယာတဲအနီးအရောက် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယလေတပ်က နယ်စပ်ဒေသ တစ်လျှောက်တွင် လုပ်ဆောင်

အိန္ဒိယလေတပ်မတော်သည် အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြားရှိ နယ်စပ်ဒေသတစ်လျှောက်တွင် ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်အထိ အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့သည်ဟု  တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာများက ထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်မတော်သည် Sukhoi Su-30၊ Rafale အမျိုးအစားနှင့် Mirage 2000 စစ်လေယာဉ်များ အပါအဝင်  လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်ပံ့ရေးအခြေခံ အဆောက်အအုံများကို အသုံးပြု၍ လေ့ကျင့်ခဲ့ကြောင်း India Today တွင်ဖော်ပြထားသည်။ ယခုလုပ်ဆောင်ခဲ့သည့် စစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယလေတပ်မတော်၏  ပုံမှန်လုပ်ဆောင်မြဲ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

အိန္ဒိယလေတပ်မတော်သည်  ယခုပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း   လေတပ်ဖွဲ့မှ   အထူးတပ်ဖွဲ့ဝင်များ၏ ညစစ်ဆင်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယလေတပ်မတော်သည် ရုရှားနိုင်ငံလုပ် စစ်လေယာဉ်များ၊ ပြင်သစ်လုပ် လေယာဉ်များအပြင် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းများကို အသုံးပြုလျက်ရှိသည့်အပြင် ရုရှားနိုင်ငံမှ လက်နက်ပစ္စည်း ထုတ်လုပ်ခွင့် လိုင်စင်ရယူ၍ ကာကွယ်ရေးပစ္စည်းများကို  နိုင်ငံအတွင်း၌လည်း  ထုတ်လုပ်လျက်ရှိသည်။

MWD Web Portal
 
ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးကို Zvezda က ထုတ်ဖော်ပြသ

ရုရှားနိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်တပ်ဆင်ရေး စက်ရုံကြီးတစ်ရုံအတွင်းရှိ ဒရုန်းများကို  ရုရှားမီဒီယာတစ်ခုက ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ ဒရုန်းတပ်ဆင်ရေးစက်ရုံသည် နိုင်ငံအလယ်ပိုင်း တာတာစတန်ဒေသ အလာဘူဂါ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံတစ်ရုံဖြစ်ပြီး ၎င်းစက်ရုံအတွင်းရှိ ဒရုန်းရာပေါင်းများစွာကို ရုရှားမီဒီယာကြီးတစ်ခုဖြစ်သည့် Zvezda က ပြီးခဲ့သည့်   ရက်သတ္တပတ်အကုန်ပိုင်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါစက်ရုံအတွင်း၌  တပ်ဆင်ထားသည့် ဒရုန်းများကို  ယူကရိန်း ပဋိပက္ခတွင် အသုံးပြုရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါစက်ရုံသည်  အဓိကအားဖြင့် ရိုးရှင်းပြီး  ငွေကုန်ကြေးကျသက်သာသည့်အပြင်  ပစ်မှတ်များကို  တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိသည့် Geran အမျိုးအစားဒရုန်းများကို ထုတ်လုပ်တပ်ဆင်နေခြင်းဖြစ်သည်။

အဆိုပါစက်ရုံတွင် ယခင်က အရေအတွက်အားဖြင့်  Geran   အမျိုးအစားဒရုန်း ရာပေါင်းများစွာကိုသာ ထုတ်လုပ်တပ်ဆင်ရန်  လျာထားခဲ့သော်လည်း  ယခုအခါ လိုအပ်ချက်အရ ယခင်ကထုတ်လုပ်သည့် ပမာဏထက် ကိုးဆကျော် ထုတ်လုပ်တပ်ဆင်လျက် ရှိကြောင်း   အလာဘူဂါ အထူးစီးပွားရေးဇုန်မှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

Geran ဒရုန်းသည် တာဝေးပျံဒရုန်း အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၁၈၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်သည့်အပြင် အလေးချိန် ၄၀ ကီလိုဂရမ်မှ ၅၀ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို သယ်ဆောင်နိုင်စွမ်း ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၂ ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော် ဇူလိုင်၂၆

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦး၊ တရုတ်နိုင်ငံသားတစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၂၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၂၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၉၀၆၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ရုရှားကို ခြိမ်းခြောက်မှု ထပ်မံပြုလုပ်

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် “ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို မကြာမီ တိုက်ခိုက် နိုင်စွမ်းရှိလာမည်” ဟု ပြောကြားခဲ့ပြီး “ရုရှားက ပဋိပက္ခကို ပိုမို ဆိုးရွား သွားစေနိုင်သည်ဟု သတိပေးထားသည့်” တာဝေးပစ်လက်နက်များ ထောက်ပံ့ပေးနိုင်သည့် အလားအလာကို ထုတ်ဖော်ပြောဆိုခဲ့သည်။

Die Zeit သတင်းစာနှင့် အင်တာဗျူးတွင် Wadephul က ထောက်ပံ့မည့် လက်နက်စနစ်များကို မဖော်ပြခဲ့သော်လည်း ကီလိုမီတာ ၅၀၀ အထိ ဝေးကွာသည့် ရုရှားနယ်မြေအတွင်းရှိပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် Taurus ဒုံးကျည်ကို ရည်ညွှန်းသည်ဟု သုံးသပ်ရသည်။

မော်စကိုက Taurus ဒုံးကျည်များထောက်ပံ့ပါက ဂျာမနီသည် ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်သူဖြစ်လာမည်ဟု အကြိမ်ကြိမ်သတိပေးခဲ့သည်။ အနောက်နိုင်ငံများ၏ ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုများသည် ရှည်လျားသောပဋိပက္ခဖြစ်စေပြီး ပိုမိုကျယ်ပြန့်သော တိုက်ပွဲ ဖြစ်နိုင်ခြေ ရှိသည်ဟု ရုရှားအရာရှိများက ဝေဖန်ခဲ့ကြသည်။

ဘာလင်သည် Taurus ဒုံးပစ်စနစ်ကို ကိယက်ဗ်သို့ ထောက်ပံ့ပေးရန် ယခင်က ရှောင်ရှားခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း Olaf Scholz က စစ်ရေး အရှိန်မြှင့်တင်မှုအန္တရာယ်ကို ရည်ညွှန်းကာ လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တားမြစ်ခဲ့သည်။ ၎င်း၏ဆက်ခံသူ Friedrich Merz ကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးဟု ထုတ်ဖော် ပြောဆို ခဲ့သည်။

မေလတွင် တာဝန်ယူပြီးနောက် Merz သည် ရုရှားနိုင်ငံအပေါ် တင်းမာသော သဘောထားကို ချမှတ်ကျင့်သုံးခဲ့သည်။ ယခုလအစောပိုင်းတွင် ယူကရိန်း ပဋိပက္ခတွင် သံတမန်ရေးရွေးချယ်စရာများ "ကုန်ခမ်းသွားပြီ" ဟု ကြေညာကာ ယူကရိန်းကို လက်နက်တပ်ဆင်ပေးရန် ၎င်း၏ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က တုံ့ပြန်သည့်အနေဖြင့် သံတမန်ရေးနည်းလမ်းကို စွန့်လွှတ်ခြင်းဖြင့် စစ်ရေးအရှိန်မြှင့်တင်မှုကို အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ကလည်း ယခုလ အစောပိုင်းတွင် ဘာလင်သည် Taurus ဒုံးကျည်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမပြုဟု ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်စပ်ရှိ ပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဗီဒီယိုထုတ်ပြန်

နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ မြင့်တက်နေစဉ် ကာလအတွင်း ဇူလိုင် ၂၄ ရက်တွင် ထိုင်းစစ်တပ်က နှစ်နိုင်ငံနယ်စပ်အနီး Phu Makhueaဒေသရှိ ကမ္ဘောဒီးယား လက်နက်သိုလှောင်ရုံကို အထူးတပ်ဖွဲ့ များနှင့် ဒရုန်းသုံး၍ တိုက်ခိုက်သည့် ဗီဒီယိုကို လူမှုကွန်ရက်ပေါ်တွင် ဖြန်ဝေခဲ့သည်။

ထိုင်းမီဒီယာများက ဒရုန်းအချို့၏ ပျံသန်းမှုသည် လွန်စွာနိမ့်လွန်းပြီး ဒရုန်းတစ်စင်းသည် ကမ္ဘောဒီးယား စစ်တပ်မှု တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပျက်ကျသွားခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ ဒရုန်းများသည် ထိုင်းနိုင်ငံတွင်ထုတ်လုပ်သော ပြည်တွင်းထုတ် စစ်ဘက်သုံးဒရုန်းများဖြစ်ပြီး မော်တာကျည်ဆန်များ၊ ပြည်တွင်းထုတ် ဗုံးသီးများကို သယ်ဆောင်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာမှ လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ ကြပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးအား ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ပဋိပက္ခကို ဖြေရှင်းကြရန် အလေးအနက်ထား တိုက်တွန်းခဲ့ကြသည်။

ကိုးကား- VN Express

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ နယ်စပ်တွင် အမြောက်၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ တပ်များသည် နယ်စပ်တစ်လျှောက် လက်နက်ကြီးများဖြင့် အပြန်အလှန် ဆက်လက်တိုက်ခိုက်နေကြောင်း နှစ်နိုင်ငံမှထုတ်ပြန်ခဲ့သည်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်တွင် "ကမ္ဘောဒီးယားတပ်များသည် ဟောင်ဝစ်ဇာ အမြောက် များ၊ BM-21 ဒုံးကျည်များအပါအဝင် လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်နေပြီး ထိုင်းတပ်မတော်မှလည်း မဟာဗျူဟာမြောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်" ဟု ဖော်ပြခဲ့သည်။ ထိုင်းစစ်တပ်အဆိုအရ Ubon Ratchathani နှင့် Surin စီရင်စုများတွင် နံနက် အစောပိုင်း ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားစစ်တပ်မှလည်း Oddar Meanchey နှင့် Preah Vihear စီရင်စုများရှိ ပဋိပက္ခဇုန်တွင် နှစ်နိုင်ငံတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အတည် ပြုခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများတွင် ဖော်ပြမှုများအရ ၎င်းတို့၏ တပ်များသည် "စစ်မြေပြင်အားလုံးတွင် အခြေအနေကို ထိန်းချုပ်ထား နိုင်ပြီး" ထိုင်းတပ်များကို တာမွန်သုံးဘုရား (Ta Moan Thom) ၊ တာကရာ ဘေးဘုရား (Ta Krabey) နှင့် မွမ်တေးဒေသ (Mom Tei) များမှ တိုက် ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား၏ ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးထံမှ ရရှိသည့် အချက် အလက်များအရ ထိုင်းနှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနည်းဆုံး အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဋိပက္ခဇုန်နှင့် နီးကပ်နေသည့် Oddar Meanchey ပြည်နယ် ၊ Banteay Ampil ခရိုင်ရှိ မိသားစု ၁,၅၀၀ ခန့်ကို လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ သည် ဇူလိုင် ၂၄ ရက် နံနက်ခင်းက တာမွန်သုံးဘုရား (Ta Moan Thom) အနီးတွင် စတင်ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ရှိ အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ နှစ်နိုင်ငံတပ်များက လက်နက်ကြီး များ အသုံးပြုလာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုင်းဘက်က ကမ္ဘောဒီးယားတပ်များသည် ကျေးရွာ/ ရပ်ကွက်များအတွင်း ပစ်ခတ်မှု ကြောင့် ပြည်သူ ၁၅ ဦး သေဆုံးခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုင်းစစ်တပ်က  F-16 တိုက်လေယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်၍ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ပြည်နယ် ၄ ခုရှိ ပြည်သူ ၁၀၀,၀၀၀ ကျော်ကို လုံခြုံသည့်နေရာများသို့ အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု သိရှိရသည်။

ဇူလိုင် ၂၄ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က အရေးကြီးဆုံးအချက်မှာ နှစ်ဖက်စလုံးအနေဖြင့် အခြေအနေကို အလျင်အမြန်ထိန်းသိမ်းသွားရန်၊ တင်းမာမှုများ ပိုမို မြင့်တက်မလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံ သဘော တရားများအပေါ်အခြေခံ၍ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အလေးထားပြောကြားခဲ့သည်။ 

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၅ ASEAN အလှည့်ကျ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်း ယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ဆွေးနွေး ခဲ့ကြောင်း ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးသည် စစ်ရပ်စဲရေးကို စဉ်းစားရန် အဆင်သင့်ဖြစ်နေကြောင်း ဇူလိုင် ၂၄ ရက် ညနေပိုင်းက Facebook တွင် ရေးသားခဲ့သည်။ 

တရုတ်၊ မလေးရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများစွာက စိုးရိမ်ပူပန်မှုများ ဖော်ပြပြီး နှစ်ဖက်စလုံးအား တင်းမာမှုများလျှော့ချရန်နှင့် ပဋိပက္ခကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား

ဗန်ကောက် ဇူလိုင် ၂၄ 
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်  ၌ ယနေ့တွင် နှစ်ဖက်တပ်ဖွဲ့ဝင် များကြား တိုက်ပွဲများပြင်းထန်စွာ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ်တိုက်ပွဲများ အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များသည် အမြောက်များ အပါအဝင် လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ  ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး အရပ်သားကိုးဦး၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် အနည်း ဆုံး အရပ်သားကိုးဦး သေဆုံး ခဲ့ရသည်။

ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းအစိုးရ က ဇူလိုင် ၂၃ ရက်တွင် ပြန်လည် ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးကို လည်း နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ ဝင်များသည် နှစ်နိုင်ငံနယ်စပ်တစ် လျှောက် အနည်းဆုံးနေရာပေါင်း ခြောက်နေရာတို့၌ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားနေစဉ် ထိုင်းလေတပ်မှ အက်ဖ်-၁၆ တိုက် လေယာဉ်တစ်စင်းက ကမ္ဘော ဒီးယား စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

ယခုနှစ်မေလအတွင်း နှစ်နိုင်ငံ နယ်စပ်၌ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံ  ဆက်ဆံရေး  စတင်တင်းမာခဲ့ ရသည်။

နယ်စပ်ချင်းမိုင်ပေါင်း ၅၀၀ ကျော် ဆက်စပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ရှေးယခင် ကလည်း နယ်စပ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများကြောင့် ပဋိပက္ခ များဖြစ်ပွားခဲ့ဖူးကြောင်းသိ ရသည်။

Ref: Xinhua

Trs: KKO