သတင်းများ

မွန်ပြည်နယ်၊ သထုံမြို့နယ်၌  KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

27 July 2025

 တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းဇော်ဦး(၃၈)နှစ်နှင့် ဦးအောင်ကိုဝင်း(၃၇)နှစ်တို့ နှစ်ဦးသည် ပုတိမ်ရိုးကျေးရွာရှိ “မေဦး” ကုန်စုံဆိုင်၌ ဈေးဝယ်ပြီး ၎င်းတို့ကျေးရွာသို့ ပြန်လည်ထွက်ခွာလာစဉ် ပုတိမ်ရိုးကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲအနီးအရောက် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မူလတန်းပြကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

27 July 2025

 တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

  ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မလှိုင်မြို့နယ်၊ ကြပ်ဖြူကျေးရွာနေ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ကြပ်ဖြူ)မှ မူလတန်းပြဆရာမဖြစ်သူ ဒေါ်လဲ့လဲ့မွန်(၃၂)နှစ်သည် မလှိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကြပ်ဖြူကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် မလှိုင်မြို့နယ်၊ မကျီးကုန်းကျေးရွာထိပ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘန်ကောက်တွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်ရှိ လူစည်ကားသော ဈေးတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအပါအဝင် လူ ၆ ဦး သေဆုံးကာ ပစ်ခတ်သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ယနေ့ (ဇူလိုင် ၂၈) တွင် ဘန်ကောက်မြို့ ချာတုချက် (Chatuchak) ခရိုင် ရှိ အော်တော်ကော်ဈေး (Or Tor Kor Market) အတွင်း အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးသည် အဓိကအားဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချသောနေရာဖြစ်ကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာလည်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ခရီးသွားဧည့်သည်များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။

လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသော ဗီဒီယိုတွင် လက်နက်ကိုင် အမျိုးသားတစ်ဦးသည် ဖြစ်စဉ်ဖြစ်ရာနေရာတွင် လှည့်ပတ်သွားလာနေ ခဲ့ပြီး လူများစွာ အထိတ်တလန့်ဖြစ်ကာ ပုန်းရှောင်ရန် ပြေးလွှားနေကြ သည်ကို တွေ့ရသည်။ ဘန်ကောက်ရဲတပ်ဖွဲ့မှ အရာရှိ Worapat Sukthai က အဆိုပါဖြစ်စဉ်တွင် သံသယရှိသူသည် ဈေးအတွင်းရှိနေသော လူအချို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းသည်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် လုံခြုံရေး ဝန်ထမ်း ၄ ဦး၊ ဈေးရောင်းသူ ၁ ဦးနှင့် ပစ်ခတ်သူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

Worapat Sukthai က ပစ်ခတ်သူ၏ ကိုယ်ရေးရာဇဝင်နှင့် ရည်ရွယ်ချက် ကို စုံစမ်းစစ်ဆေးနေပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲနှင့် ဆက်စပ်မှု ရှိ/ မရှိကိုလည်း စစ်ဆေးသုံးသပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံတွင် သေနတ်ပစ်ခတ်မှုများသည် ရှားပါးသည့် အဖြစ်အပျက်မျိုး မဟုတ်ဘဲ ဥပဒေစည်းမျဉ်းများ လျော့ရဲသောကြောင့် သေနတ် ပိုင်ဆိုင်ခွင့် ကို လွယ်ကူစွာ ရရှိနိုင်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဘန်ကောက် မြို့လယ်ရှိ ဈေးတစ်ခုတွင် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက သေနတ်ဖြင့် လူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ၅ ဦး ဒဏ်ရာ ရစေ ခဲ့သည်။

၂၀၂၂ ခုနှစ် အတွင်းတွင်လည်း ထိုင်းအရှေ့ပိုင်းရှိ မူကြိုကျောင်း တစ်ခု တွင် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက သေနတ်နှင့်ဓားတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ကလေး ၂၂ ဦးအပါအဝင် လူ ၃၆ ဦး သေဆုံးခဲ့ရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

27 July 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာတံတားအနီးတွင် ရေးမြို့မှ ထားဝယ်မြို့သို့ ဇော်ထက်ဦး(ခ)အထက် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၃၀)အား ဖမ်းဆီးရမိသဖြင့် ဇော်ထက်ဦး(ခ)အထက်(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မိုးမြင့်လုကာထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀)အား ဖမ်းဆီးရမိခဲ့သဖြင့် မိုးမြင့်လုကာ(၂၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်  အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

27 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမှတ်(၁)ရပ်ကွက်အတွင်းသို့ ၄၀ မမ ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ဦးညွန့်ဝေ(၅၇)နှစ်၊ မငြိမ်းချမ်းမေ(ခ)မိငြိမ်း(၂၈)နှစ်တို့ နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ ဦးဝေဖြိုးထွန်း (၃၃)နှစ်၏ နေအိမ်တွင် အမိုးသွပ် ငါးချပ်နှင့် နေအိမ်တံခါးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူနိုင်ရေး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးကတိုက်ခိုက်၊ ၂၀ ဦးသေဆုံးပြီး ၁၀၀ ခန့်ဒဏ်ရာရဟုဆို

ဂါဇာကမ်းမြောင်ဒေသသို့ပေးပို့သည့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးနိုင်ငံက တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ဦးသေဆုံးပြီး  ၁၀၀ ခန့် ဒဏ်ရာရရှိသွားကြောင်း Al Jazeera ရုပ်သံသတင်းဌာနက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။

အစ္စရေးတပ်မတော်သည်     ဇစ်ကင်နယ်စပ်ဖြတ်ကျော်ရေးစခန်းအနီးတွင် လူသားချင်းစာနာမှု အကူအညီများ ရရှိရန်အတွက် စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းပြည်သူများအပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံသတင်းဌာနက   ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင်     အစာရေစာငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားခြင်းမရှိဘဲ      စားရေရိက္ခာ မဖူလုံမှုသာ ဖြစ်ပွားနေကြောင်း   အစ္စရေးနိုင်ငံက ဇူလိုင်လ   ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး    ဂါဇာကမ်းမြောင်ဒေသသို့     လူသားချင်းအကူအညီပေးရေးပစ္စည်းများကို   တင်ဆောင်လာသည့် ကုန်တင်ယာဉ်အစီးပေါင်း  ၉၀၀ ကိုစေလွှတ်ရန်   အစ္စရေးနိုင်ငံက ကုလသမဂ္ဂအဖွဲ့အား  စည်းရုံးနိုင်ခဲ့ကြောင်း Jerusalem  Post  သတင်းစာက   ဖော်ပြထားသည်။

အစ္စရေးနိုင်ငံသည်   ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့က အစ္စရေးပိုင်နက်များ အတွင်းသို့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့     ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေး၏ အဆိုပါထိုးစစ်အတွင်း ပါလက်စတိုင်းပြည်သူ ၆၀၀၀၀ နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။        

Ref: Iv, St

MWD Web Portal

အီရန်နိုင်ငံရှိ တရားရုံးတစ်ရုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားအနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိ

အီရန်နိုင်ငံ   ဆစ်စတန်-ဘာလူချက်စတန်ပြည်နယ်ရှိ တရားရုံးတစ်ရုံးတွင် ဇူလိုင်လ ၂၆ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ကိုးဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ထုတ်ပြန်သည်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းမှာ ဆွန်နီမွတ်စလင်အဖွဲ့ဖြစ်သည့် ဂျာအစ်အယ် အာဒီဘာလွတ်ချ်အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်    အကြမ်းဖက်အဖွဲ့နှင့် တရားရုံးတွင် စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုအတွင်း အကြမ်းဖက်အဖွဲ့မှ စစ်သွေးကြွနှစ်ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့သည်     တရားရုံးကိုတိုက်ခိုက်ရန်အတွက် အသေခံဗုံးခွဲတိုက်ခိုက်နိုင်သည့် အင်္ကျီများနှင့် လက်ပစ်ဗုံးများကို သယ်ဆောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် တရားရေးဆိုင်ရာ အဖွဲ့မှ အကြီးအကဲက IRNA သတင်းအေဂျင်စီသို့ပြောသည်။

တရားရုံးတိုက်ခိုက်မှုသည်     ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဂျာအစ်အယ်အာဒီဘာလွတ်ချ်အဖွဲ့က ထုတ်ပြန်ထားပြီး     အဆိုပါတိုက်ခိုက်မှုအတွင်း တရားရုံးမှတရားသူကြီးများ၊ တရားရုံးအမှုထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို      အဓိကပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က လူသိရှင်ကြား ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုတိုက်ခိုက်ခံရသည့် တရားရုံးသည်   ပြည်နယ်အတွင်းရှိ   ပြည်သူများအား သေဒဏ်ချမှတ်မှုများနှင့်    နေအိမ်များကိုဖြိုချပစ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းကြောင့်  အကြမ်းဖက်အဖွဲ့က    လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။                    

    Ref: St

အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယလေတပ်က နယ်စပ်ဒေသ တစ်လျှောက်တွင် လုပ်ဆောင်

အိန္ဒိယလေတပ်မတော်သည် အကြီးစားစစ်ရေး လေ့ကျင့်မှုကြီးတစ်ရပ်ကို အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံကြားရှိ နယ်စပ်ဒေသတစ်လျှောက်တွင် ဇူလိုင်လ ၂၃ ရက်မှ ၂၅ ရက်အထိ အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့သည်ဟု  တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသတွင်းမီဒီယာများက ထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း အိန္ဒိယလေတပ်မတော်သည် Sukhoi Su-30၊ Rafale အမျိုးအစားနှင့် Mirage 2000 စစ်လေယာဉ်များ အပါအဝင်  လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ ထောက်ပံ့ရေးအခြေခံ အဆောက်အအုံများကို အသုံးပြု၍ လေ့ကျင့်ခဲ့ကြောင်း India Today တွင်ဖော်ပြထားသည်။ ယခုလုပ်ဆောင်ခဲ့သည့် စစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယလေတပ်မတော်၏  ပုံမှန်လုပ်ဆောင်မြဲ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

အိန္ဒိယလေတပ်မတော်သည်  ယခုပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း   လေတပ်ဖွဲ့မှ   အထူးတပ်ဖွဲ့ဝင်များ၏ ညစစ်ဆင်ရေး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် အဓိကဦးတည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယလေတပ်မတော်သည် ရုရှားနိုင်ငံလုပ် စစ်လေယာဉ်များ၊ ပြင်သစ်လုပ် လေယာဉ်များအပြင် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းများကို အသုံးပြုလျက်ရှိသည့်အပြင် ရုရှားနိုင်ငံမှ လက်နက်ပစ္စည်း ထုတ်လုပ်ခွင့် လိုင်စင်ရယူ၍ ကာကွယ်ရေးပစ္စည်းများကို  နိုင်ငံအတွင်း၌လည်း  ထုတ်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၂ ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

နေပြည်တော် ဇူလိုင်၂၆

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦး၊ တရုတ်နိုင်ငံသားတစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၂၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီးဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၂၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၉၀၆၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI