သတင်းများ

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးစားသုံးခြင်းဖြင့် နှလုံး ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်

သီတင်းတစ်ပတ်လျှင် ပန်းသီးလေးလုံးမျှစားပေးခြင်းဖြင့် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း ဒီဇင်ဘာ ၂၄ ရက်သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယန်ကျိတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်းကိုလက်စထရောပါဝင်မှုနှုန်းမြင့်မားသော သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၂၁၈၄ ဦးတို့ကို အချိန်ယူစောင့်ကြည့်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ လေ့လာမှုတွင် ပါဝင်သူများအနက် သီတင်းတစ်ပတ်လျှင် ပန်းသီးသုံးလုံးမှ လေးလုံးထိ စားသုံးသူများမှာ မစားသူများထက် နှလုံးရောဂါများကြောင့် အသက်ဆုံးပါးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုနည်းပါးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပန်းသီကဲ့သို့ပင် ငှက်ပျောသီးပုံမှန်စားသူများတွင်လည်း နှလုံးပြဿနာကြောင့် အသက်ဆုံးပါးနိုင်ခြေ ပုံမှန်ထက်နည်းပါးလာတတ်ကြောင်း၊ ငှက်ပျောသီးကို နေ့စဉ်စားသုံးပါက နှလုံးပြဿနာများကြောင့် အသက်ဆုံးပါးနိုင်ခြေမှာ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုမိုကျဆင်းလာနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာနေ

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ဆက်လက် ပျံ့နှံ့လာနေပြီး ခန့်မှန်းခြေ လူနာဦးရေသည် ယခင် သီတင်းပတ်ထက် ကူးစက်မှု နှစ်ဆကျော် တိုးလာခဲ့ ပါသည်။

ဂျပန် ကူးစက်ရောဂါ သုတေသနဌာနနှင့် အခြား အဖွဲ့ အစည်းများ၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းမှ ဆေးရုံနှင့်ဆေးခန်းပေါင်း ၅,၀၀၀ ခန့်က ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တုပ်ကွေး လူနာပေါင်း ၉၄,၂၅၉ ဦးရှိကြောင်း အစီရင်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိန်းဂဏန်းကိုအခြေခံပြီး တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် လူနာပေါင်း ၇၁၈,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ယခင်သီတင်းပတ်က ရှိခဲ့သည့် ကိန်းဂဏန်းထက် နှစ်ဆပိုများနေကြောင်း ဖော်ပြထား သည်။ ပျမ်းမျှလူနာဦးရေသည် ခရိုင် ၄၇ ခုစလုံး၌ တိုးလာနေပြီး တစ်နိုင်ငံလုံး ပျမ်းမျှအားဖြင့် ၁၉.၀၆ ရှိနေသည်။

ဂျပန်အနောက်ပိုင်း အိုးအိတ နှင့် ဖူကုအိုက ခရိုင်များ၌ အဆိုပါပျမ်းမျှကိန်းဂဏန်းသည် သတိပေးရမည့် အဆင့် ဖြစ်သော အဆင့် ၃၀ တွင်ရှိနေသည်။ ပျမ်းမျှကိန်း ဂဏန်းသည် ခရိုင်ပေါင်း ၄၀ ၌ ပျမ်းမျှအားဖြင့် သတိထားရမည့်အဆင့်ဖြစ်သည့် အဆင့် ၁၀ ကို ကျော်လွန်ခဲ့သည်။

ကူးစက်ရောဂါများဆိုင်ရာ ဂျပန်အသင်း၏ အကြီးအကဲ Ishida Tadashi က ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကာလ အတွင်း တုပ်ကွေးဗိုင်းရပ်စ်နှင့် ထိတွေ့မှု နည်းပါးခဲ့ သည့်အပြင် ယခုအခါ လူများ၏ ကိုယ်ခံစွမ်းအား လျော့ကျနေမှုများကြောင့် ယခုရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားဖွယ်ရှိကြောင်း ပြောဆိုထားသည်။

မစ္စတာ Ishida က ယခုကဲ့သို့ ကူးစက်ပြန့်ပွားမှုသည် ဇန်နဝါရီလအတွင်း အမြင့်ဆုံးအနေအထားကို ရောက်ရှိ နိုင်ပါကြောင်းနှင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် အစီအမံများကို လုပ်ဆောင်ကြရန် ၎င်းကတိုက်တွန်းခဲ့ပါသည်။

ထို့အပြင် ကာကွယ်ဆေးထိုးခြင်းကိုလည်း ထည့်သွင်း စဉ်းစားကြရန် ၎င်းက အကြံပေးခဲ့ကြောင်း ဖော်ပြထား ရှိပါသည်။

ကိုးကား-NHK World

နံနက်စာကို ညီညွတ်မျှတစွာ စားသုံးလျှင် အဝလွန်နှင့် နှလုံးရောဂါဖြစ်မှုကို လျှော့ချနိုင်မည်

နံနက်စာဆိုတာ လူတစ်ယောက်တစ်နေ့တာ ဖြတ်သန်းမှုအတွက်   မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ တချို့က နံနက်စာကိုဖြစ်သလို စားကြပေမယ့်   တချို့ကကျတော့ သေသေချာချာကျကျနန စားကြလေ့ရှိပါတယ်။

အကယ်၍ ကိုယ်စားလိုက်တဲ့နံနက်စာထဲမှာ  တစ်နေ့တာလုံး လိုအပ်တဲ့ ကယ်လိုရီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့  သုတေသနပညာရှင်များက ညွှန်းဆိုထားပါတယ်။ အဲဒီမှာမှ အရည်အသွေးမြင့်တဲ့ နံနက်စာကိုပါ စားသုံးလိုက်မယ်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေကိုသာမက အဝ လွန်ရောဂါဖြစ်နိုင်ခြေကိုပါ လျှော့ချလိုက် နိုင်မှာဖြစ်တယ်လို့ သုတေသီများက ဆိုပါတယ်။

အရည်အသွေးမြင့်   နံနက်စာထဲမှာ အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်တို့အပြင် ကယ်လစီယမ်ဓာတ်၊ သံဓာတ်တို့ ပြည့်ဝတဲ့ အစားအသောက်များ မျှတစွာ ပါဝင်တယ်လို့ သုတေသီများကပြောပါတယ်။ သုတေသနပညာရှင်များက အခုတွေ့ရှိမှုအတွက် နှစ်ပေါင်း သုံးနှစ်ကြာတဲ့အထိ လူပေါင်း ၄၀၀ နီးပါးကို သုတေသနပြု လေ့လာမှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီသုတေသနကို လုပ်ဆောင်သူများကတော့   စပိန်နိုင်ငံရှိ   မားဆေးရုံ သုတေသနဌာနမှ ဖြစ်ပါတယ်။  

ကိုးကား - Myawady Web Portal  

နာတာရှည်နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေမယ့် လွယ်ကူသော နည်းလမ်း

လူတော်တော်များများ၊ အထူးသဖြင့် အမျိုးသမီးအများစုဟာ နာတာရှည်နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒီဝေဒနာ သက်သာပျောက်ကင်း စေမယ့် လွယ်ကူရိုးရှင်းသောနည်းလမ်း တစ်ခုကိုလည်း ပညာရှင်များကတွေ့ရှိ လိုက်ပါပြီ။ အဲဒါကတော့ အာဟာရဖြစ်စွာ စားသုံးခြင်းပါပဲ။

တောင်ဩစတြေးလျ တက္ကသိုလ်က ပြုလုပ်တဲ့သုတေသနတစ်ခုမှာ ဖော်ပြချက်အရ   အစားအသောက်စားသုံးရာမှာ အာဟာရဖြစ်စွာ စားသုံးခြင်းက နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရသူတွေကို လက်တွေ့ကျကျဝေဒနာ ပျောက်ကင်းသွားစေနိုင်တယ် ဆိုတာတွေ့ရပါတယ်။

တချို့သော နာတာရှည်နာကျင်ကိုက်ခဲမှု ဝေဒနာကိုပျောက်ကင်းစေတဲ့ ဆေးဝါးတွေက ခန္ဓာကိုယ်အချိုးအစားကိုလိုက်ပြီး ထိရောက်မှုပမာဏ ကွာခြားလေ့ရှိပါတယ်။ အခုနည်းလမ်းကတော့ ခန္ဓာကိုယ် ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ ဘယ်လို လူမျိုးကိုမဆို နာတာရှည်နာကျင် ကိုက်ခဲမှုဝေဒနာ  ပျောက်ကင်းစေနိုင်တယ်လို့ သုတေသီများရဲ့  ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့လူဦးရေ  ၃၀ ရာခိုင်နှုန်းက နာတာရှည်နာကျင်ကိုက်ခဲမှု ဝေဒနာခံစား နေရသူတွေဖြစ်ပြီး  အဝလွန်သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ကယ်လီဖိုးနီးယားတွင် ဗိုင်းရပ်တစ်မျိုး ပျံ့နှံ့နေ၍ အရေးပေါ်အခြေအနေ ကြေညာထား

အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားတွင် H5N1 ငှက်တုပ်ကွေးကြောင့် လူတစ်ယောက်သေဆုံးပြီးနောက် အရေးပေါ်အခြေအနေ ကြေညာထားသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆင်က ပြည်နယ်တောင်ပိုင်းတွင်ရှိသော နွားခြံများတွင်လည်း ငှက်တုပ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်းနှင့် လူများသို့ ကူးစက်မှု များစွာမဖြစ်သေးသဖြင့် စိတ်မပူရန် ပြောကြားထားသည်။ 

ဗိုင်းရပ်စ်သည် မတ်လကတည်းက အမေရိကန် နို့စားနွားများမှတစ်ဆင့် ပျံ့နှံ့ခဲ့ပြီး အနည်းဆုံး ပြည်နယ် ၁၆ ခုကို ထိခိုက်ခဲ့သည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ ယခုအချိန်အထိ လူမှလူသို့ကူးစက်ခြင်းအား အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်းကယ်လီဖိုးနီးယားတွင် ၃၄ ဦး အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် အနည်းဆုံး လူ ၆၁ ဦး၌ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

ထိုကြေညာချက်ကြောင့် အစိုးရအေဂျင်စီများသည် ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာတုံ့ပြန်ရန် လိုအပ်သော အရင်းအမြစ်များနှင့် လိုက်လျောညီထွေရှိစေရန် အတွက် ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း နယူဆင် က ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ချက် ထုတ်ပြန် ထားသည်။ "အများပြည်သူအတွက် အန္တရာယ်နည်းပါးနေသေးသော်လည်း  ဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးရန် လိုအပ်သည့်ခြေလှမ်းအားလုံးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  H5N1 ဗိုင်းရပ်စ်သည် လူကိုကူးစက်ခြင်းနှင့်ပတ်သက်၍ အထူးအန္တရာယ်များသည်ဟု ယူဆရကြောင်း ဖော်ပြထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၀၃ ခုနှစ်မှစတင်၍ H5N1 ရောဂါအား အတည်ပြုပြီးနောက် လူနာပေါင်း ၈၆၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပွားသူ ၅၃% ခန့်သေဆုံးခဲ့သည်ဟု မှတ်တမ်းထားဖော်ပြထားကြောင်း သိရှိရပါသည်။

ကိုးကား-Myanmar National Post

ကုမရတဲ့ သွေးကင်ဆာဖြစ်ပေါ်မှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခု အမျှင်ဓာတ်ကြွယ်ဝစွာ စားသုံးမှု

 MSK ကင်ဆာဌာနမှ သုတေသနပညာရှင်များက လူ့ခန္ဓာကိုယ်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိကို ထိခိုက်စေနိုင်ပြီး လက်ရှိမှာကိုပဲ ကုသနိုင်ခြင်းမရှိသေးတဲ့     သွေးကင်ဆာရောဂါဖြစ်ပွားမှုကို ရပ်တန့်စေမယ့် နည်းလမ်းတစ်ခုကို တွေ့ရှိလိုက်ပါတယ်။

အဲဒီနည်းလမ်းကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အပင်အခြေခံအစားအသောက်တွေကို များများစားသုံးပေးခြင်းပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် အမျှင်ဓာတ် ကြွယ်ဝစွာ စားသုံးပေးရမှာပါ။

အပင်အခြေခံအမျှင်ဓာတ်ပါ အစားအစာတွေကို သီတင်းပတ် ၁၂ ပတ်စားသုံးပြီး ပညာရှင်တွေထံမှ နည်းနာတွေခံယူကာ သီတင်းပတ် ၂၄ ပတ်ကြာသည်အထိ စားသောက်မှုပုံစံ ပြောင်းလဲခဲ့တဲ့ ကင်ဆာရှေ့ပြေးလက္ခဏာတွေ ခံစားနေရပြီး စမ်းသပ်မှုမှာ ပါဝင်သူအယောက် ၂၀ စလုံးက ကင်ဆာရောဂါ ဆက်ဖြစ်မလာတော့တာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

Source: Myawady Webportal

စိုးရိမ်ရစွာ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ H5N1 ဗိုင်းရပ်

လက်ရှိအမေရိကန်နိုင်ငံမှာ မွေးမြူရေး နွားတွေမှာကူးစက်ပျံ့နှံ့နေတဲ့ H5N1 ဆိုတဲ့ ဗိုင်းရပ်က  မျိုးရိုးဗီဇပြောင်းလဲလာနေ ပြီး  လူအချင်းချင်း ကူးစက်ပျံ့နှံ့တဲ့ အဆင့် အထိ  လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်လာ နေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ် လာပြီလို့ အမျိုးသားကျန်းမာရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ယခုအချိန်အထိ အဲဒီဗိုင်းရပ်ကမွေးမြူ ရေးတိရစ္ဆာန်တွေကနေ  လူအချို့ဆီကို ကူးစက်မှုတွေရှိနေပါတယ်။ ဒါပေမဲ့လည်း လူလူချင်းတော့ ကူးစက်မှုမရှိသေးပါဘူး။ သို့ပေမယ့် သူ့ရဲ့မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့်    လူလူချင်းကူးစက်မှုဆီအထိ ဖြစ်ပေါ်လာနိုင်တယ်လို့  ပညာရှင်များက သတိပေးထားတာပါ။

ပညာရှင်များရဲ့ ထုတ်ပြန်ချက်ထဲမှာ H5N1 ဗိုင်းရပ်က လူလူချင်း ကူးစက်နိုင်မှု နည်းပါးသေးတယ် ဆိုပေမယ့်လည်း မပေါ့ဆဖို့တော့ လိုပါလိမ့်မယ်။       

ကိုယ်ခံအားက ဦးနှောက်ကင်ဆာကိုသာ တိုက်ခိုက်စေမယ့် နည်းလမ်း

UCSF မှ သုတေသနပညာရှင်များက ကိုယ်ခံအား ကလာပ်စည်းတွေအနေနဲ့ တခြားသောကိုယ်တွင်း တစ်သျှူးတွေကို မထိခိုက်စေဘဲ ဦးနှောက်ကင်ဆာတစ်ခု တည်းကိုသာ တိုက်ခိုက်နိုင်စေမယ့်နည်း လမ်းတစ်ခုကို ဖန်တီးလိုက်နိုင်ပါတယ်။

အဲဒီနည်းလမ်းကို "Molecular GPS" လို့ အမည်ပေးထားပါတယ်။ ဒီနည်းလမ်း က ကိုယ်ခံအား ကလာပ်စည်းတွေကို ဦးနှောက်ဆီသို့သာ သွားစေရန် လမ်းညွှန်ပြီး ကျန်းမာနေတဲ့ တခြားတစ်သျှူးတွေကို မထိခိုက်စေဘဲ ကင်ဆာအကျိတ်များကို သာပစ်မှတ်ထား တိုက်ခိုက်စေမှာဖြစ်ပါတယ်။

ဒီနည်းလမ်းကို ကြွက်တွေနဲ့စမ်းသပ်ရာ အောင်မြင်မှုရရှိထားပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ လူသားတွေနဲ့ လက်တွေ့ စမ်းသပ်တော့မယ်လို့ သုတေသနပညာရှင် များက ပြောထားပါတယ်။      

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူ လေးဦးတွေ့ရှိ

ဘာလင်  ဒီဇင်ဘာ ၁၇

ဂျာမနီနိုင်ငံ၌ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်ခံရသူလေးဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ ၎င်းတို့အနက်မှ ကူးစက်ခံရသူနှစ်ဦးမှာ ကျောင်းနေအရွယ်ကလေးများဖြစ်သည်။

ပထမဆုံးရောဂါကူးစက်ခံရသူသည် အာဖရိကဒေသသို့ မိသားစုလိုက်ခရီးထွက်ရာမှ အပြန်တွင် ကူးစက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မိသားစုဝင်သုံးဦးကို ထပ်မံကူးစက်ခဲ့ရာမှ လက်ရှိအချိန်တွင် ၎င်းမိသားစုအား သီးခြားခွဲ၍ စောင့်ကြည့်မှုဆောင်ရွက်နေရသည်။ မျောက်ကျောက်ရောဂါကူးစက်ခံရသည့် ကလေးများတက်ရောက်သင်ကြားနေသည့် ကျောင်းအား လက်ရှိအချိန်တွင် ပိတ်ထားပြီး အွန်လိုင်းမှသင်ကြားရန် ဆောင်ရွက်နေသည်။ ဂျာမနီနိုင်ငံတွင် မျောက်ကျောက်ရောဂါမျိုးစိတ်သစ် Clade Ib ကူးစက်မှုကို အောက်တိုဘာလအတွင်းက တွေ့ရှိခဲ့‌သော်လည်း လက်ရှိအချိန်အထိ ‌‌မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူမရှိကြောင်း သိရသည်။ ရောဂါလက္ခဏာများအဖြစ် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ပြွန်ရေကျိတ်များ ရောင်ရမ်းခြင်း၊ ကိုယ်ခန္ဓာတွင် အဖုအကြိတ်များထွက်ခြင်းတို့ ခံစားရသည်။ 

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ

Source- ကြေးမုံသတင်းစာ

ပါကစ္စတန်နိုင်ငံဥ၌ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း ပိုလီယိုရောဂါကင်းစင်ရန်အတွက် ပိုလီယိုရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ နိုင်ငံအတွင်းရှိ ကလေးငယ်များကို ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်ဟု သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း ပိုလီယို ရောဂါ ဖြစ်ပွားသူ ၆၃ ဦး အထိ ရှိခဲ့သည်။ ၎င်းအစီအစဉ်အရ ကျန်းမာရေးဝန်ထမ်း ၄၀၀,၀၀၀ ကျော်သည် ခရိုင် ၁၄၃ ခုရှိ ကလေး ၄၄ သန်းကျော်အား ပိုလီယို ရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်သည်။

ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်မှုသည် ကလေးများအားရောဂါမှ ကာကွယ်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း ပိုလီယိုရောဂါပပျောက်အောင် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ရှာဘတ် ရှာရိဒ်က ပြောကြားသည်။ ကလေးတိုင်း ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုခံယူရန်အတွက် မိဘများတွင် တာဝန်ရှိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။ ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကလေးများ၏ အနာဂတ် ဘဝသာယာမည်ဖြစ်ပြီး နိုင်ငံကို အလုပ်အကျွေးပြုနိုင်သည့် ပညာတတ်များ အများအပြား ပေါ်ထွက်လာမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

Source : ၁၇-၁၂-၂၀၂၄ ထုတ် ကြေးမုံသတင်းစာ