ထိုင်းအာဏာပိုင်များက ဆယ်ကျော်သက်များအား Etomidate ဆေးဝါးများ ရောစပ်ထားသော “Zombie စီးကရက်များ” ကို မစမ်းသပ်ရန် သတိပေးချက်ထုတ်ပြန်ထားပြီး အဆိုပါစီးကရက်များကို ရေရှည်သောက်သုံးပါက ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများစွာကို အနှောင့်အယှက် ဖြစ်စေ နိုင်သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က “Zombie စီးကရက်များ” တွင် စိတ်ငြိမ်ဆေး Etomidate ပါဝင်ပြီး ဘန်ကောက်ရှိ အချို့သော ဖျော်ဖြေရေးနေရာများတွင် ပိုမိုလူကြိုက်များ လာနေကြောင်း ပြောကြားခဲ့သည်။ The Straits Times ၏ ဖော်ပြချက် အရ မူးယစ်ဆေးဝါးကုန်ကူးမှုကို တိုက်ဖျက်ရန် အစိုးရ၏ ဆက်လက်ကြိုးပမ်းမှုများရှိနေသော်လည်း အဆိုပါစီးကရက်များကို သုံးစွဲမှုသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
The Nation ၏ ဖော်ပြချက်အရ Etomidate သည် အိပ်ငိုက်ခြင်း၊ အသက်ရှူနှေးခြင်းနှင့် သွေးပေါင်ကျခြင်းတို့ကို ဖြစ်စေနိုင်ပြီး၊ ပြင်းထန်သော အခြေအနေများတွင် သတိလစ်ခြင်း သို့မဟုတ် သေဆုံးခြင်းကိုပင် ဖြစ်စေနိုင်သည်။ ရေရှည်သုံးစွဲပါက အခြားသော ကျန်းမာရေးဆိုင်ရာ အန္တရာယ်များအပြင် Adrenal gland ၏လုပ်ဆောင်မှုကို ထိခိုက်စေပြီး Cortisol ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
အဆိုပါဆေးဝါးကို စိတ်ဖိစီးမှုပြေလျော့ခြင်းနှင့် အိပ်ပျော်စေခြင်းအတွက် ထုတ်ကုန်တစ်ခုအဖြစ် တရားမဝင်ရောင်းချနေကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ Anukul က Etomidate ရောစပ်ထားသောအီးစီးကရက်များသည် ပိုမိုကြီးမားသည့် အန္တရာယ်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အာဏာပိုင်များက ပြည်သူလူထုအား “Zombie စီးကရက်များ” နှင့် ဆက်စပ်နေသော အန္တရာယ်များကို သတိပြုရန် တိုက်တွန်းထားပြီး မိဘများအား ကလေးများ၏ အပြုအမူကို နီးကပ်စွာစောင့်ကြည့်ရန် အကြံပြုထားသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ အသက် (၂၆) နှစ် ရှိ အမျိုးသားလူနာနှင့် ဇနီးဖြစ်သူ အသက် (၂၆) နှစ် ကျောက်ကပ် အလှူရှင်တို့အား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆောင်ရွက်ပြီးစီးသည်။
ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ်အလှူရှင်တို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ပါမောက္ခ ဒေါက်တာ ကိုကိုနိုင်နှင့် ပါမောက္ခ ဒေါက်တာဝင်းဝင်းလှိုင်တို့ ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာလမင်းဝင်းနှင့် ပါမောက္ခ ဒေါက်တာကျော်စိုးကျော်တို့ဦးဆောင်သော ဆီးနှင့် ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော်နှင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာသတိုးသိန်းဇံတို့ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာ မီမီသော်နှင့် ပါမောက္ခဒေါက်တာမူမူနိုင်တို့ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးတက္ကသိုလ် - မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ပါမောက္ခ ဒေါက်တာ နီလာဝင်းတို့ဦးဆောင်သော ရောဂါရှာဖွေရေးနှင့် သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာသန္တာလွင် ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့သွားရောက်ကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်တို့ကို ကြည့်ရှုအားပေးပြီး အာဟာရပြည့်လက်ဆောင် ပစ္စည်းများပေးအပ်ကာ ခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်ဂုဏ်ပြုစကား ပြောကြားသည်။
မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ၌ (၈၂) ကြိမ်မြောက်အဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ကာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ယာယီရပ်နားခဲ့ရကာ ယခု (၈၃) ကြိမ်မြောက်အဖြစ် ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀) ရန်ကုန်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌လည်းကောင်း၊ တပ်မတော်ဆေးရုံများအနေဖြင့် ရန်ကုန်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှင့် အောင်ပန်းရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တို့၌လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ရန်ကုန်ရှိ ပန်းလှိုင်ဆေးရုံနှင့် ကန်သာယာဆေးရုံတို့၌လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Source: moi.gov.mm

နယူးယောက် ဖေဖော်ဝါရီ ၂၃
လူသန်းပေါင်းများစွာတို့ သုံးစွဲနေကြသော ကိုယ်အလေးချိန်လျှော့ချရေး ဆေးများကြောင့် အမြင်အာရုံ ပြဿနာတစ်မျိုး ပေါ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။
Wegovy နှင့် Ozempic ကဲ့သို့သော ကိုယ်အလေးချိန် လျှော့ချရေးဆေးများ၏ အဓိကဓာတုပစ္စည်းဖြစ်သော Semaglutide သည် ပုံစံ-၂ ဆီးချိုရောဂါနှင့် အဝလွန်မှုပြဿနာတို့ကို ဖြေရှင်းရာတွင် ထိရောက်သော ကုထုံးများဖြစ်ကြောင်း ဆေးပညာရှင်များက လက်ခံထားသည်။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အထက်ပါကိုယ်အလေးချိန်လျှော့ချရေးဆေး သုံးစွဲသူများသည် Nonarteritic Ischemil Anteiror Optic Neuropathy (NAION) ခေါ် အမြင်အာရုံ ပြဿနာတစ်မျိုးပေါ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သိရသည်။
မျက်လုံး လေဖြတ်မှုဟူ၍လည်း လူသိများသည့် NAION ပြဿနာသည် မျက်လုံး၏ မြင်လွှာနာ့ဗ်ဆဲလ်များဆီသို့ သွေးပို့ပေးနေသော သွေးကြောများပိတ်ဆို့၍ အောက်ဆီဂျင်ပြတ်လပ်ပြီး မြင်လွှာနာ့ဗ်ဆဲလ်များ ပျက်စီးချိန်တွင် ပေါ်ပေါက်တတ်သည့် အမြင်အာရုံပြဿနာဖြစ်သည်။
သို့ရာတွင် ကိုယ်အလေးချိန်လျှော့ချရေးဆေး သုံးစွဲသူများ၌ NAION ဖြစ်နိုင်ခြေ မြင့်မားလာနိုင်မှုနှုန်းမှာ စိုးရိမ်ရသည့်အဆင့်တွင် မရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ

မလေးရှားနိုင်ငံ၊ ပီနန်၌ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စားပွဲတင်တင်းနစ် ဘောလုံးအရွယ် မျက်လုံးပုံစံ ဂျယ်လီခြောက် စားပြီး နောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ကလေးငယ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပီနန်ပြည်နယ်၊ ဆီကို လာကဲဘန်ဆန် ဆန်ဂိုင်ဒူအာ အဝန်းအဝိုင်းရှိ ကျောင်းဝင်းအပြင်ဘက် မုန့်ဆိုင်မှ ဝယ်ယူခဲ့သည့် မျက်လုံးပုံသဏ္ဍာန်ဂျယ်လီခြောက်ကို ဝယ်ယူ စားသောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် အချိန်တွင် ကျောင်းသားသည် သူငယ်ချင်းများနှင့်အိမ်သာသွားစဉ် လမ်း၌လဲကျ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်ဟု ပီနန်သတင်းဌာန Guang Ming Daily ၏ ဖော်ပြချက်အရ သိရပါသည်။
ထို့နောက် Seremban Jaya ဆေးရုံ အရေးပေါ်ဌာန၏ ဆေးဘက် ဆိုင်ရာဝန်ထမ်းတစ်ဦး အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကျောင်းသား ၏လည်ချောင်းထဲမှ ဂျယ်လီခြောက်ကို ဖယ်ထုတ်ပေးနိုင်ခဲ့သော်လည်း သတိလစ်နေဆဲဖြစ်ခြင်းကြောင့် ပီနန်အထွေထွေရောဂါကုဆေးရုံကြီးကို အလျင်အမြန်ပို့ဆောင်ခဲ့ရကာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပါသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၎င်းထုတ်ကုန်ရောင်းချမှုကို အွန်လိုင်းပလက်ဖောင်းအားလုံးနှင့် ဒေသအတွင်း ဈေးကွက်များတွင် တင်းကြပ်စွာတားမြစ်ခဲ့သည့်အပြင် အများ ပြည်သူများအနေဖြင့်လည်း အထူးသဖြင့် မိဘများအနေဖြင့် ကလေးများကို အစားအသောက် ရွေးချယ်ကျွေးမွေးရာ၌ အထူးသတိထားရန်လည်း အကြံပြုတိုက်တွန်းထားပါသည်။
ကိုးကား-NP News

ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်၊ စတွတ်ခရိုင် တမုတ်ဒွန်မွန်ကျောင်းမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ၂ နှစ်ကြာ Vape ကို စွဲသောက်ခဲ့ပြီးနောက် အဆုတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားနေ ရသည်ဟု သိရပါသည်။

အေ အမည်ရှိ အဆိုပါကျောင်းသူ Vape သောက်တတ်နေသည်ကို သူမ ဆေးရုံတက်ရသည့်အချိန်ထိ မိသားစုကမသိရှိခဲ့ဟုဆိုသည်။ ထို့အတွက် ကြောင့် ကလေးများ Vape သောက်သည့် အလေ့အထအတွက် မိဘများ အနေဖြင့် အနီးကပ်စောင့်ကြည့်ကြရန်လိုအပ်ကြောင်း Tambon Don Mon မြူနီစီပယ်မှ ကယ်ဆယ်ရေးဝန်ထမ်း မစ္စတာပါဖာဝါရင်စီလာခွန်း က ပြောကြားခဲ့သည်။ မကြာသေးမီကလည်း ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် အဋ္ဌမတန်းကျောင်းသား ၃ ဦး Vape ငွေ့ကြောင့် အသက်ရှူကြပ်၊ ရင်ဘတ်အောင့် လက္ခဏာများနှင့်အတူ ဆေးရုံ ပို့ဆောင်ခဲ့ရသည်ဟု သိရှိရသည်။
ကျောင်းသူလေး အေ သည် ယခင်ကစာကြိုးစားသည့် ကျောင်းသူလေး တစ်ယောက်ဖြစ်သော်လည်း ၄ တန်းအရွယ်မှစပြီး သူငယ်ချင်းများနှင့် စာအတူကျက်သည်ဟုဆိုကာ အိမ်မှမကြာခဏ လစ်ထွက်တတ်ခြင်းကို သတိထားမိသည်ဟု ကျောင်းသူ၏မိသားစုက ပြောသည်။ နောက်ပိုင်းတွင် အသက်ရှုကြပ်ခြင်း၊ အော့အန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း လက္ခဏာများ ခံစားခဲ့ရပြီးနောက် စတွတ်ဆေးရုံ၌ တက်ရောက်ကုသခဲ့ရကာ Vape ကြောင့် အဆုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ပြီး လက်ရှိ စိုးရိမ်ရသောအခြေအနေတွင် ရှိကြောင်း သိရပါသည်။

တရုတ်သုတေသီပညာရှင်များသည် COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာ ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် ဟောင်ကောင်ရှိ pipistrelle ဂျပန်လင်းနို့မျိုးစိတ်တွင် ပထမဆုံး တွေ့ရှိခဲ့သည့် HKU5 ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် Guangzhou Laboratory မှ သုတေသနပညာရှင် Shi Zhengli ဦးဆောင်၍ Guangzhou Academy of Sciences၊ Wuhan University နှင့် Wuhan Institute of Virology မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ လင်းနို့များနှင့်ပတ်သက်သည့် သုတေသနစာတမ်းအား ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။
သုတေသနပညာရှင်များသည် နမူနာလင်းနို့များရှိ ဗိုင်းရပ်စ်ကိုရယူ၍ စမ်းသပ်စစ်ဆေးသည့်အခါ ၎င်းဗိုင်းရပ်စ်များသည် လူသားဆဲလ်များအား ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး လင်းနို့များရှိ merbecoviruses များသည် အခြေအနေပေးပါက လူသားများထံ တိုက်ရိုက် သို့မဟုတ် ကြားခံသတ္တဝါ တစ်မျိုးမျိုးမှတစ်ဆင့် ကူးစက်နိုင်ခြေမြင့်မားကြောင်း သတိပေး ပြောကြား ခဲ့သည်။
Shi နှင့် သုတေသနအဖွဲ့က HKU5-CoV-2 ဟု အမည်ပေးထားသော အဆိုပါဗိုင်းရပ်စ် အသစ်သည် မျိုးစိတ်များအကြား ကူးစက်နိုင်ခြေပို မြင့်မားကြောင်း ထောက်ပြခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် လူသားများတွင် ဖြစ်ပွားနိုင်သည့်အန္တရာယ် မကြီးမားသဖြင့် အလွန်အမင်း မကြောက်လန့် သင့်ကြောင်း သတိပေးခဲ့သည်။ သို့သော် အဆိုပါ ဗိုင်းရပ်စ်ကို နောက်ထပ် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-TASS

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၇,၅၇၀ ဦး ရှိပြီး ကိုးဦး သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

လူနာသစ် အရေအတွက်သည် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း တစ်ပတ်လျှင် ၁၀,၀၀၀ နှုန်း ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် တစ်ပတ်လျှင် လူနာ ၁၅,၀၀၀ ခန့် တိုးလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်ဝမ်ဆဝက်က ပြောကြားပါသည်။အသက် ၅ နှစ်မှ ၉ နှစ်ကြားအရွယ်ကလေးများတွင် ကူးစက်မှုအများဆုံးဖြစ်ပြီး အသက် လေးနှစ်အောက်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားရှိသူများတွင် ဒုတိယမြောက် ကူးစက်မှုအများဆုံးဖြစ်သည်။ဗိုင်းရပ်စ် အဖြစ်အများဆုံး အမျိုးအစားမှာ A/H1N1 (2009) ဖြစ်ပါသည်။ သေဆုံးသူ ၉ ဦး၌ အသက် အငယ်ဆုံးသည် ၁၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးသည် ၈၆ နှစ်ဖြစ်သည်ဟု ဒေါက်တာ ဂျူရိုင်က ပြောပါသည်။
တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ် ၁၀ ခုမှာ ဖူးခက်၊ လမ်ပူ၊ ချင်းရိုင်၊ ဖူးခက်၊ ချင်းမိုင်၊ လန်ပန်၊ ဘန်ကောက်၊ နန်၊ ဥဘွန်ရတ်ချနိနှင့် နွန်သဘူရီတို့ဖြစ်ပြီး ကျောင်း၊ အကျဉ်းထောင်နှင့် စစ်စခန်းများသည် ကူးစက်မှုနှုန်း အမြင့်ဆုံးနေရာများဖြစ်ကြောင်း သိရပါသည်။ တုပ်ကွေး ရောဂါကူးစက်မှုကိုကာကွယ်ရန် အထူးသဖြင့် အသက်ခြောက်လမှ နှစ်နှစ် အထိ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် နာတာရှည် ကျန်းမာရေးပြဿနာရှိသူများအနေဖြင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးပေးသင့်သည်ဟု ဒေါက်တာဂျူရိုင်က ပြောကြားအကြံပြုထားပါသည်။

ပေကျင်း ဖေဖော်ဝါရီ ၁၉
နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်လာတတ်သော အကျိုးပြုဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင်ရောဂါ၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်သတင်းများအရ သိရသည်။
လက်ရှိအချိန်တွင် အော်တစ်ဇင်ရောဂါကို စိတ်ကျန်းမာရေးဆေးဝါးများဖြင့် ဆေးပညာရှင်များက ကုသပေးနေရသည်။

သို့ရာတွင် တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ခေါ် ဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင် ရောဂါလက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် အော်တစ်ဇင် လက္ခဏာများထည့်ထားသည့် ကြွက်များကို Lactobacillus Murinus ဗက်တီးရီးယားဖြင့် ရက် ၃၀ ကြာ ကုသပေးခဲ့ရာ ကြွက်များ၏ သင်ယူနိုင်မှုစွမ်းရည်နှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေထိတွေ့နိုင်စွမ်းများ ပို၍အားကောင်းလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ဗက်တီးရီးယားကုထုံးများကဲ့သို့ပင် ထိရောက်မှုရှိနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။
Lactobacillus Murinus ဗက်တီးရီးယားများကို ဒိန်ချဉ်နှင့် ဒိန်ခဲကဲ့သို့ နို့ထွက်ပစ္စည်းများ၌ တွေ့ရတတ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်ခ်တွင် ကူးစက်မြန် Clade 1b mpox မျောက်ကျောက် ရောဂါမျိုးစိတ် အသစ်တစ်မျိုးကိုတွေ့ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက ထုတ်ပြန်ထားပါသည်။ ကျန်းမာရေးအဖွဲ့၏အဆိုအရ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသော အဆိုပါလူနာနှစ်ဦးစလုံးသည် အာဖရိကသို့ ခရီးထွက်ဖူးသော ရာဇဝင်ရှိခဲ့ပြီး အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှုကိုမတွေ့ရှိမီ လွန်ခဲ့သည့်လတွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပါသည်။

မကြာသေးမီကာလက အာဖရိကတိုက် ယူဂန်ဒါနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူများတွင် မျောက်ကျောက်ရောဂါကူးစက်ခံလိုက်ရခြင်းများ ရှိခဲ့ကြောင်း WHOက ဆိုခဲ့ပါသည်။ ယူအေအီးမှလူနာတွင် မျောက်ကျောက် ရောဂါလက္ခဏာစတင်ရှိသည့် အချိန်မှစပြီး ကျန်းမာရေးတာဝန်ရှိသူများ က စမ်းသပ်စစ်ဆေးမှုများကို စလုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနက ရောဂါလက္ခဏာပြသူတွင် အတည်ပြုထားသော မျောက်ကျောက်ရောဂါပိုး clade 1B အမျိုးအစားအသစ် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားပါသည်။ အများပြည်သူအတွက် လက်ရှိတွင်ဖြစ်ပေါ်နိုင်ခြေ နည်းနေသေးပြီး နယူးယောက်ပြည်နယ်၌ ၎င်းရောဂါကူးစက်မှု ထပ်တိုးဖြစ်ပွားမှု မရှိသေးသော်လည်း သတိထားရန်လိုအပ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောပါသည်။ ပြည်နယ်ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဂျိမ်းမက်ဒေါ်နယ်၏အဆိုအရ ရောဂါပိုးရှိသူသည် သမားတော်များ၏ စောင့်ရှောက်မှုအောက်တွင်ရှိပြီး သီးခြားခွဲထားသည်ဟု သိရပါသည်။
ကိုးကား-Myanmar National Post

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesusက အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေထည့်ဝင်မှု အကူအညီ ရပ်ဆိုင်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များ အပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတိပေးလိုက်ပါသည်။

အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေထည့်ဝင်မှုအကူအညီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် HIV ရောဂါကုသရေး၊ ပိုလီယိုရောဂါ၊ မျောက်ကျောက် ရောဂါ (mpox) နှင့် ငှက်ဖျားရောဂါ (avian influenza) တိုက်ဖျက်ရေး အစီအစဉ်များ ထိခိုက်သွားကြောင်း၊ အထူးသဖြင့် နိုင်ငံပေါင်း ၅၀ အတွင်း အရေးပေါ် AIDS ကုသရေးအစီအစဉ်ဖြစ်သည့် HIV ကုသမှု၊ စမ်းသပ်မှု နှင့် ကာကွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ချက်ချင်းရပ်တန့်ခဲ့ရကြောင်း ၎င်းက ဆိုထားပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မှုကြောင့် ယခုအခါ မိမိတို့မှာ ဘတ်ဂျက် လျှော့ချရန် အစီအစဉ်များကို ဆောင်ရွက် နေရပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အခက်အခဲ များစွာ ရင်ဆိုင်နေရသဖြင့် အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေ ရပ်ဆိုင်းမှုကို ပြန်လည်စဉ်းစားရန် ၎င်းက တိုက်တွန်းထားပါသည်။
ကိုးကား- ကုလသမဂ္ဂအဖွဲ့ (UN)