သတင်းများ

ကန်းဆက်မြို့တွင် စံချိန်တင်မြင့်တက်လာသည့် အဆုတ်ရောဂါကူးစက်မှု

အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ကန်းဆက်မြို့တွင် အဆုတ်ရောဂါဖြစ်ပွားမှု   မြင့်တက်လာခြင်းကြောင့် ၎င်းရောဂါသည် ၁၉၅၀ ပြည့်နှစ်များမှစ၍ နိုင်ငံအတွင်းဖြစ်ပွားသည့်   ဖြစ်ပွားမှု အများဆုံးရောဂါဖြစ်လာခဲ့သည်။

ပြည်နယ်တစ်ခုလုံးတွင် ၂၀၂၄ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၁၁၀ ဦးနှင့် အခြားသူများသို့ ရောဂါပိုးကူးစက်နိုင်ခြင်းမရှိသည့် ရောဂါအောင်းနေသူ ၆၃၂ ဦး ရှိသည်ဟု ကန်းဆက်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (KDHE) ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ကန်းဆက်မြို့အတွင်းရှိ ပြည်သူများအကြား ရောဂါပိုးကူးစက်မှုနည်းပါးလျက်ရှိသော်လည်း ကျန်းမာရေးအာဏာပိုင်အဖွဲ့က ကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် ရောဂါရှာဖွေ ဖော်ထုတ်မှုများကိုလုပ်ဆောင်လျက်ရှိပြီး   ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်းမရှိစေရန်အတွက် လိုအပ်ပါက ဆေးကုသမှုပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

အဆုတ်ရောဂါ   ဖြစ်ပွားမှုကြောင့်ကန်းဆက်မြို့တွင် လူနှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ၎င်းရောဂါပိုးသည် ကူးစက်တတ်သောကြောင့်   ဂရုတစိုက်ကုသမှုမခံယူပါကသေဆုံးနိုင်သည်အထိ ဆိုးရွားစေနိုင်ကြောင်း၊   ရောဂါအောင်းနေသူများအနေဖြင့်လည်း ရောဂါကူးစက်ခံရသည့် လက္ခဏာများ ပြသခြင်းမရှိဘဲ တစ်ဦးမှ အခြားတစ်ဦးထံကူးစက်နိုင်သည်။ အဆိုပါကူးစက်မှုပုံစံနှစ်မျိုးစလုံးကို ပဋိဇီဝဆေးများဖြင့် ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည်ဟု ကျွမ်းကျင်သူများကပြောသည်။ အဆုတ်ရောဂါသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ရောဂါကြောင့် လူသေမှုနှုန်းကျဆင်းသွားခဲ့သော်လည်း ကမ္ဘာပေါ်တွင် လူသေမှုအများဆုံး ဖြစ်ပေါ်စေသည့် ကူးစက်ရောဂါတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

Ref: Sciencealert

Source: Myawady Web Portal

ကင်ဆာဆဲလ်များကို သတ်နိုင်သော Nano Bots များ တီထွင်ဖန်တီး

သိပ္ပံပညာရှင်များသည် လူ့ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းနိုင်သည့် အရွယ်အစားအလွန်သေးငယ်သော စက်ရုပ်ငယ်များကို တီထွင်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ Nano Bots ဟု ခေါ်ဆိုသော စက်ရုပ်ငယ်များကို လူ့ခန္ဓာကိုယ်ထဲသို့ထည့်သွင်းကာ ဆေးကုသရန် ဖြစ်ပါသည်။ 

ယခုအခါ ဆွီဒင်သိပ္ပံပညာရှင်များသည် ကင်ဆာဆဲလ်များကို သတ်ပေးနိုင်သည့် Nano Bots များကို အောင်မြင်စွာ တီထွင်နိုင်လိုက်ပြီဖြစ်သည်။ ပညာရှင် များက Nano Bots များတွင် လက်နက်တပ်ဆင်ထားသည်ဟု ဆိုပါသည်။ 

Nano Bots များကို ကြွက်များနှင့်စမ်းသပ်သည့်အခါတွင် ကျန်းမာသောတစ်သျှူးများကို မထိခိုက်စေဘဲ အလုံးအကျိတ်များကို ဖျက်ဆီးပေးနိုင်ပါသည်။ ရင်သားကင်ဆာရှိသည့် ကြွက်တွင် စက်ရုပ်ငယ်များသည် အကျိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။

အဆိုပါ Nano Bots များကို ဆွီဒင်နိုင်ငံ Solna မှ Karolinska Institutet က တီထွင်ထားခြင်းဖြစ်ပြီး သုတေသနပညာရှင်အဖွဲ့အား ပါမောက္ခ Bjorn Hogberg က ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ 

လူသန်းပေါင်းများစွာကို အသက်သေဆုံးစေသည့် ကင်ဆာရောဂါကို မကြာခင်တွင် Nano Bots များက ကုသပေးနိုင်တော့မည်ဖြစ်ပါသည်။

ကိုးကား-Tech Explorers

Photo: Futures Platform

လေဆိပ်အနီးနေထိုင်ခြင်းက နှလုံး၏လုပ်ဆောင်ချက်များကိုထိခိုက်စေသည်ဟုဆို

လေဆိပ်နှင့်အနီးတွင် နေထိုင်ခြင်းသည် နှလုံး၏လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းတို့ ပိုမိုဖြစ်ပွားမည့်အန္တရာယ်ရှိကြောင်း လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြသည်။

လေယာဉ်အတက်၊ အဆင်းများပြားပြီး ဆူညံလွန်းသည့် လေဆိပ်များအနီးတွင် နေထိုင်သူများသည့် ဆူညံသံများကြောင့် ပုံမှန်မဟုတ်သည့်  နှလုံးခုန်မှုများဖြစ်ပေါ်ခံစားရလေ့ရှိပြီး     အခြားသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏နှလုံးလုပ်ဆောင်ချက်များမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုဆိုးရွားလေ့ရှိကြောင်း၊ အထူးသဖြင့် ဆူညံလွန်းသည့် လေဆိပ်များအနီးတွင် နေထိုင်သူများ၏ နှလုံးရှိ ကြွက်သားသည် ပိုမိုတောင့်တင်းလာသောကြောင့် နှလုံး၏လုပ်ဆောင်ချက်ကို  ထိခိုက်စေကြောင်း နှလုံးရောဂါဆိုင်ရာ အမေရိကန်ကောလိပ် ဂျာနယ်တွင် ဖော်ပြထားသည်။

ထို့ပြင် နှလုံး၏ ကြွက်သားပြောင်းလဲလာမှုသည် နှလုံးရောဂါဖြစ်ပွားနိုင်မှုကို လေးဆပိုမိုမြင့်တက်စေကြောင်း သုတေသီများက ပြောကြားထားသည်။

သုတေသီများသည် ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ ဟိသရိုးနှင့် ဂက်ဝစ်လေဆိပ်တို့နှင့် ဘားမင်ဟမ်၊ မန်ချက်စတာမြို့တို့ရှိ လေဆိပ်များအနီးတွင် နေထိုင်သည့်လူပေါင်း    ၃၆၀၀ ကျော်ကို  လေ့လာစစ်ဆေးသည့်  ဗြိတိန်နိုင်ငံ  Biobank ကျန်းမာရေးဆိုင်ရာသုတေသနစီမံကိန်းမှအချက်အလက်များကို အကဲဖြတ်စိစစ်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၅ သန်းခန့်ကိုသုတ်သင်ရှင်းလင်းခဲ့ရ

ဂျပန်နိုင်ငံသည် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး ယခုလတစ်လအတွင်းမှာပင် ကြက်ကောင်ရေ ၅ သန်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်းမှာပင် မိုရီယိုကာမြို့ရှိ မွေးမြူရေးခြံနှစ်ခုတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားခြင်းကြောင့် အာဏာပိုင်များက အီဝါတေးစီရင်စုအတွင်း ရောဂါပိုးကူးစက်မှု တုံ့ပြန်တားဆီးရေးအတွက် လုပ်ဆောင်ခဲ့ရကြောင်း စိုက်ပျိုးရေး၊  သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက  ထုတ်ပြန်သည်။

ယခုအခါ နိုင်ငံအတွင်းရှိ စီရင်စု ၅ ခုအတွင်း  ရောဂါပိုးကူးစက်မှုဖြစ်ပွားသည့်မွေးမြူရေးခြံ ၂၆ ခုမှ ကြက်နှင့် ဘဲကောင်ရေ ၅ သန်းခန့်ကို အာဏာပိုင်များက သုတ်သင်ရှင်းလင်းခဲ့ရသည်။ထို့ပြင် ရောဂါပိုးကူးစက်မှုသည် နှေးကွေးမည့်အလားအလာမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်းဝန်ကြီးဌာနက သတိပေးထားသည်။

ကြက်၊ ငှက်တုပ်ကွေးရောဂါပိုးကူးစက်မှုများကြောင့်  ကြက်ဥဈေးနှုန်းသည် ယခုနှစ်အစပိုင်းမှစ၍   ၁၅   ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။

စင်္ကာပူကျောင်းများ၌ ကလေးများ ကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ် စတင်

စင်္ကာပူ၊ဇန်နဝါရီ ၂၂

စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေးများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။

ကလေးတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးပို့ခြင်းများလည်းပါဝင်သည့် ယခုကျန်းမာရေးစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် လူမှုရေးနှင့်မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စာသင်နှစ်အစကတည်းက ကျောင်းသားမိဘများသည် ၎င်းတို့ကလေး၏ အလေ့အကျင့်နှင့်ပတ်သက်သော အချက်အလက်များအတွက် ကလေး၏လူနေမှုပုံစံ စစ်တမ်းမေးခွန်းလွှာကို ဖြေဆိုရမည်ဖြစ်သည်ဟုဆိုသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကလေးတစ်ဦးချင်းစီ၏ အမူအကျင့်နှင့် ကျန်းမာရေးအခြေအနေတို့နှင့်ပတ်သက်၍ မိဘများဖြည့်သွင်းထားသည့် မေးခွန်းလွှာမှအဖြေများကို အခြေခံ၍ ကလေးများနှင့် ထိတွေ့ဆက်ဆံကာ အနာဂတ်နေထိုင်မှုဘဝပုံစံကို ဆွေးနွေးရမည်ဖြစ်သည်။

ယင်းသို့ပြုလုပ်ပေးခြင်းအားဖြင့် ကလေးမိဘများအနေဖြင့်လည်း မိမိတို့ကလေးများနှင့်ကိုက်ညီသည့် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်မှုပုံစံနှင့် တစ်ဦးချင်းအလေ့အကျင့်‌များကိုသိနိုင်လာမည်ဟုလည်းပြောကြားခဲ့သည်။

Source : Popular Myanmar

ဘင်္ဂလားဒေ့ရှ်တွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ်လူသေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူမှာ   ဆန်ဂျီဒါ အက်တာအမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဒါကာမြို့ရှိ ကူးစက်ဆေးရုံတွင် ဇန်နဝါရီလ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီတွင်သေဆုံးခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းမှစ၍ ဆေးကုသမှုခံယူနေသူဖြစ်သည်။ ထို့ပြင် သေဆုံးသူအမျိုးသမီးသည် အဝလွန်ခြင်း၊ ကျောက်ကပ်နှင့် အဆုတ်ဝေဒနာများကိုပါ ခံစားနေရသူဖြစ်ကြောင်း ဆေးရုံမှ အတိုင်ပင်ခံပါရဂူတစ်ဦးဖြစ်သူ အာရီဖူ ဘာရှာကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် HMPV ဗိုင်းရပ်ပိုးကူးစက်မှုဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် လူသေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။  HMPV ဗိုင်းရပ်ပိုးသည်  တုပ်ကွေးအအေးမိသကဲ့သို့  လက္ခဏာများကိုဖြစ်ပေါ်စေပြီး   အသက်ရှူလမ်းကြောင်းကိုထိခိုက်စေသည့်   ရောဂါပိုးဖြစ်ကြောင်းသိရသည်။                             

အန်ဂိုလာနိုင်ငံ၌ ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၁၅ ဦးနှင့် ရောဂါဖြစ်ပွားသူ ၁၇၀ ရှိ

လုအန်ဒါ    ဇန်နဝါရီ ၁၂

အန်ဂိုလာနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီအထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၇၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

အန်ဂိုလာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကာလဝမ်းရောဂါကြောင့် သုံးဦး သေဆုံးပြီး ရောဂါထပ်မံဖြစ်ပွားသူ ၅၁ ဦးရှိကြောင်းနှင့် ယခုကာလဝမ်းရောဂါဖြစ်ပွားမှုမှာ လုအန်ဒါပြည်နယ်ရှိ နောက်ထပ်မြို့နယ်နှစ်ခုသို့ ကူးစက်ပျံ့နှံ့လာပြီဖြစ်ကြောင်း သိရသည်။ ယင်းရောဂါကြောင့် သေဆုံးသူမှာ ၁၅ ဦး ရှိလာပြီဖြစ်သည်။

အန်ဂိုလာနိုင်ငံသည် ဇန်နဝါရီ ၇ ရက်တွင် ပထမဆုံး ကာလဝမ်းရောဂါဖြစ်ပွားသူတွေ့ရှိကြောင်း အတည်ပြုချိန်မှစတင်ကာ ကာလဝမ်းရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည့်အတွက် အန်ဂိုလာကျန်းမာရေးဝန်ကြီးဌာနက ကာလဝမ်းရောဂါဖြစ်ပွားကြောင်း ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

Source: မြန်မာ့အလင်းသတင်းစာ

Photo: Social News XYZ

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြင့် ၁၀ ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ရာ ဇန်နဝါရီလနောက်ပိုင်း ယင်းရောဂါဖြင့် သေဆုံးသူ ၁၀၉၆ ဦးရှိလာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦး၊ စက်တင်ဘာလက ၃၉၆ ဦး နှင့် အောက်တိုဘာလက ၁၀၇ ဦးတို့သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနက ဖော်ပြထားသည်။

လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ  ၇၉၅၉၈ ဦးတွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်မှ ၉ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၂၈၁၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော၂၄ နာရီအတွင်း မြို့တော်ဒါကာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၄၉ ဦးအပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၆၆၀ ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၂၆၂၂၄ ဦး ရှိလာသည်။

တရုတ်နိုင်ငံတွင် Mpox ဗိုင်းရပ်စ် အမျိုးအစားသစ် ရှာဖွေတွေ့ရှိ

ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့ရသည့် Mpox ဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်းအမျိုးအစား Clade Ib ကို တရုတ်နိုင်ငံတွင်ရှာဖွေတွေ့ရှိခဲ့သည်ဟု တရုတ်ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)မှ ခရီးသွားရာဇဝင်ရှိသူ နိုင်ငံခြားသားတစ်ဦး ကူးစက်ခံရမှုမှ စတင်ဖြစ်ပွားခဲ့သော Ib အမျိုးအစားခွဲအုပ်စုကို တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှတွေ့ရှိခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်သစ်ကူးစက်လူနာ (၄) ဦးထိတွေ့ရှိရပြီ ဖြစ်ကြောင်းဆိုပါသည်။ Mpox သည် အနီးကပ်ထိတွေ့ ခြင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပြီး တုပ်ကွေးလက္ခဏာနှင့် ခန္ဓာကိုယ်အရည်ကြည်အဖုနှင့်အနာများ ဖြစ်စေနိုင်သော်လည်း ကူးစက်မှုကြောင့် သေဆုံးနိုင်ခြေနည်းသည် ဟု သိရပါသည်။

Mpox သည် ၂၀၂၄ ခုနှစ်က DRC တွင် ကူးစက်ပျံ့နှံ့မှု များခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၌ WHO က ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ရပါသည်။

ကိုးကား-NP News

အိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားသူ ၈ ဦးတွေ့ရှိဟုဆို

အိန္ဒိယနိုင်ငံတွင် HMPV ရောဂါဖြစ်ပွားသူ ၈ ဦးတွေ့ရှိကြောင်း အစိုးရကထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

ရောဂါဖြစ်ပွားသူများအနက် နှစ်ဦးမှာ  နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ဘန်ဂါလူရူမြို့၌ ဇန်နဝါရီလ ၆ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး     အခြားသူများတွင် အသက်သုံးလအရွယ် ကလေးတစ်ဦးနှင့် ရှစ်လအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်သည်။ ၎င်းတို့နှစ်ဦးစလုံးသည်  အသက်ရှူလေပြွန်နှင့်    အဆုတ်တစ်သျှူးများအတွင်း ရောင်ရမ်းသည့် ဝေဒနာခံစားခဲ့ရကြောင်း သိရသည်။  ယခုအခါ    အသက်သုံးလအရွယ်ကလေးငယ်မှာ ရောဂါပျောက်ကင်း၍  ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ ရောဂါသက်သာလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ရောဂါဖြစ်ပွားသူအားလုံးအနက် တစ်ဦးမျှ   ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်သည့် ရာဇဝင်မရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရသိရသည်။

အနောက်ဘန်ဂေါပြည်နယ် ကိုလ်ကတ္တားမြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍  HMPV ရောဂါဖြစ်ပွားသူ  ၃ ဦးရှိကြောင်း Economic Times သတင်းစာတွင်ဖော်ပြထားကြောင်း သိရသည်။

Human metapneumovirus (HMPV)  သည် တုပ်ကွေး သို့မဟုတ် အအေးမိသည့် လက္ခဏာများကို ဖြစ်စေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။

Ref: ST