သတင်းများ

ကော်ဖီကို နေ့စဉ်သောက်သုံးပါက ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ လျှော့ချနိုင်

နယူးယောက်  မတ် ၁၈

ကော်ဖီကို နေ့စဉ်သောက်သုံးပါက ကင်ဆာရောဂါတချို့ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၁၇ ရက်သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ယူတားတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကော်ဖီနှင့် လက်ဖက်ရည်ပုံမှန်သောက်သုံးမှုသည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာများဖြစ်နိုင်ခြေ ကျဆင်းမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် ကော်ဖီနှင့် အထက်ပါကင်ဆာရောဂါများဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို လေ့လာထားသည့် လေ့လာချက်ပေါင်း ၁၂ ခုတို့မှ ရရှိသော အချက်အလက်များကို အသေးစိတ်ဆန်းစစ်ခဲ့ကြသည်။

လေ့လာချက်မှထွက်ပေါ်လာသည့် ရလဒ်များအရ နေ့စဉ်ကော်ဖီလေးခွက်ထိ သောက်သုံးသူများသည် မသောက်သုံးသူများထက် ဦးခေါင်းနှင့်လည်ပင်းကင်ဆာများ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပို၍ နည်းပါးသည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

ထို့ပြင် တစ်ရက်လျှင် ကော်ဖီသုံးခွက်မှ လေးခွက်ထိသောက်သုံးသူများသည် လည်ပင်းအောက်ပိုင်းကင်ဆာရောဂါ တစ်မျိုးဖြစ်သည့် Hypoharyngeal Caner ခေါ် ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှာလည်း ၄၁ ရာခိုင်နှုန်း နည်းပါးကြောင်း သိရသည်။

ဦးခေါင်းနှင့် လည်ပင်းကင်ဆာရောဂါများသည် ကမ္ဘာပေါ်၌ သတ္တမမြောက် အဖြစ်အများဆုံးကင်ဆာရောဂါများဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှု များကို ကာကွယ်နိုင်မည့်နည်းလမ်းများအား လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းနှိုးဆော်

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှု များအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို လိုက်နာနိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့်နေလောင်ခြင်း၊ အသားအရောင် ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့် ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်း ကို တတ်နိုင်သမျှရှောင်ကြဉ်ရန်နှင့် အပြင်ထွက်ပါက မိမိအသားကိုနေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံး တို့ကိုပါ လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သား ထူထူပွပွအဝတ်အထည်များကို ဝတ်ဆင်ရန်နှင့် ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉) % အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်ရန် လိုအပ်သည်ဟုဆိုသည်။

ထို့ပြင် အဝတ်ကင်းလွတ်နေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့မဟုတ်) SPF ၁၅+ ပါဝင်သော နေရောင်ခံ လိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅) မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂) နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးရမည်ဖြစ်သည်။

ထို့အတူ ကလေးငယ်များနှင့်သက်ကြီး ဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်သလို အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုရန်နှင့်၊ ကလေးများကို အရိပ်ထဲတွင်သာ ကစားစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

Myanmar Hard Talk

Ozempic နှင့် Wegovy ဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေ မြင့်တက်လာနိုင်

နယူးယောက်   မတ် ၁၄

Ozempic နှင့် Wegovy ကိုယ်အလေးချိန်လျှော့ချရေးဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း မတ် ၁၃ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် Ozempic နှင့် Wegovy ထိုးဆေး သုံးစွဲသူများနှင့် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးများ သုံးစွဲနေကြသည့် လူပေါင်း ၃၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ Ozempic နှင့်Wegovy ဆေးသုံးစွဲသူများသည် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးသုံးစွဲသူများထက် ဆံပင်များကျွတ်ထွက်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမြင့်မားသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အထူးသဖြင့် Ozempic နှင့် Wegovy ထိုးဆေးသုံးစွဲသူ အမျိုးသမီးများမှာ အခြေားဆေးဝါးသုံးစွဲသူများးထက် ဆံပင်ကျွတ်နိုင်ခြေနှစ်ဆပိုများကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

Ozempic နှင့် Wegovy ဆေးသည် သီတင်းတစ်ပတ်လျှင် နှစ်ပေါင်ထိ ကိုယ်အလေးချိန်လျှော့ချမှုနှုန်း မြန်ဆန်မှုကြောင့် ဆံပင်များ ကျွတ်ထွက်ရခြင်းဖြစ်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ကိုယ်အလေးချိန်ကျဆင်းမှုလျင်မြန်ခြင်းကြောင့် ကိုယ်ခန္ဓာတွင် ဖိအားပေါ်ထွက်လာပြီး ဆံပင်များသဘာဝအလျောက် ပေါက်ပွားမှုပုံစံ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှု စတင်တော့မည်

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လာမည့်လမှစတင်၍ Nakhon Phanom ပြည်နယ်ရှိ ကလေးများအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု စတင်တော့မည်ဟု မတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

အမျိုးသားကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ အတည်ပြုထားသော လေ့လာမှုသည် ယခင်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရသည် ဖြစ်စေ မကူးစက်ခံခဲ့ရသည်ဖြစ်စေ အသက် ၇ နှစ်မှ ၁၀ နှစ်ကြား ပါဝင်သူ ၃၅,၀၀၀ တွင် ကာကွယ်ဆေး၏ ထိရောက်မှုကို စမ်းသပ်အကဲဖြတ်ရန် ရည်ရွယ်သည်။

ကူးစက်ရောဂါထိန်းချုပ်ရေးဌာန (DDC) ၏ ညွှန်ကြားရေးမှူးချုပ် Dr. Panumas Yanawetsakul က စမ်းသပ်မှုကို သုံးနှစ်အတွင်း ပြီးစီးရမည် ဖြစ်ပြီး ထို့နောက်တွင် ကာကွယ်ဆေးကို နိုင်ငံ၏ အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသားကာကွယ်ဆေးအဖွဲ့၏ ညွှန်ကြားရေးမှူး Dr. Nakorn Premsri က ဂျပန်ဆေးကုမ္ပဏီတစ်ခုမှ သုတေသနပြုထုတ်လုပ်ထားပြီး ထိုင်း FDA တွင် မှတ်ပုံတင်ထားသော ကာကွယ်ဆေးသည် ဝက်သက် ကာကွယ်ဆေးနှင့် ဆင်တူသော live-attenuated ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကာဘိုဟိုက်ဒရိတ်နည်းသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်

အော့တဝါ  မတ် ၁၃

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၁၂ ရက်တွင် ပြောကြားသည်။

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် အစားအစာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ ကင်ဆာဖြစ်ပွားစေတတ်သော အကျိုးသက်ရောက်မှုများ ပို၍ ဆိုးရွားလာတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ မျိုးဗီဇအခြေခံမော်လီကျူး (DNA) များကို ဖျက်ဆီးနိုင်စွမ်း ပိုကြီးမားလာတတ်ရာ အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။

အူမကြီးကင်ဆာ ရောဂါဖြစ်ပွားမှုအတွက် နောက်ခံအကြောင်းတရား အများအပြားရှိရာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် အစားအစာများ စားသုံးမှုသည်လည်း ပါဝင်နေနိုင်သည်ဟု ကနေဒါ သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို ဂျာမနီထောက်လှမ်းရေးများတွေ့ရှိဟု ဆို

ဂျာမနီနိုင်ငံခြား ထောက်လှမ်းရေးအေဂျင်စီ (BND)သည် Covid-19 ရောဂါပျံ့နှံမှုသည် ဓာတ်ခွဲခန်းမှ အစပြုကြောင်းယုံကြည်စိတ်ချရသည့် ကူးစက်ရောဂါ၏အစောပိုင်းကာလများမှ သက်သေအထောက်အထားများ ရရှိခဲ့ကြောင်း ဂျာမန်သတင်းစာများက မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်။ ဘာလင်သည် ဖြစ်နိုင်ခြေရှိသော အမှားနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းမှု ပြိုကွဲမည်ကို စိုးရိမ်သောကြောင့် တွေ့ရှိမှုကိုလျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းတို့၏ကိုယ်ပိုင် စုံစမ်းထောက်လှမ်းမှုများကို ကိုးကားပြီး မီဒီယာများက ပြောကြားခဲ့ပါသည်။ 

BND သည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းရက်သတ္တပတ်များတွင် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းရန် အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားပါသည်။ ၎င်းတို့သည် ဝူဟန်ဓာတ်ခွဲခန်းအပါအဝင် တရုတ် အစိုးရအေဂျင်စီများနှင့် သိပ္ပံဆိုင်ရာအဖွဲ့အစည်းများကို အာရုံစိုက် ထောက်လှမ်းခဲ့ပြီး ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အရေးကြီးစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ 

ဂျာမန်ထောက်လှမ်းရေး အေဂျင်စီ၏တွေ့ရှိချက်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများဆိုင်ရာ အချက်အလက်များအပြင် လူ့ဦးနှောက်အပေါ် ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် ၂၀၁၉ မှ ၂၀၂၀ အထိ မထုတ်ဝေရသေးသောလေ့လာမှုများ ပါဝင်သည်။ 

“တွေ့ရှိချက်အရ အစောပိုင်းအဆင့်တွင် ဝူဟန်ဗိုင်းရပ်စ်ဟု ယူဆရသည့် ဗိုင်းရပ်စ်နှင့်ပတ်သက်သော ပုံမှန်မဟုတ်သည့် ဗဟုသုတအများအပြားကို ရရှိနိုင်ကြောင်း အကြံပြုထားပါသည်”ဟု ဂျာမန်သတင်းစာ ဒိုင်ဇစ်က ဖော်ပြ ခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဗိုင်းရပ်စ်ဗေဒပညာရှင် ဦးဆောင်သော BND လေ့လာဆန်းစစ်ရေး အဖွဲ့တစ်ဖွဲ့က အကဲဖြတ်ခဲ့ကြောင်း သိရပါသည်။ အဖွဲ့သည် အခြားနိုင်ငံများမှရရှိသော လေ့လာမှုများနှင့် ပစ္စည်းများနှင့်အတူအချက်အလက်များကိုအပြန်အလှန်ကိုးကားပြီး Covid-19 သည် “တရုတ် ဓာတ်ခွဲခန်းမှ အစပြုဖွယ်ရှိကြောင်း” ၈၀ မှ ၉၅% သေချာမှုဖြင့် နိဂုံးချုပ် ခဲ့ပါသည်။ BND သည် ဝူဟန်ဓာတ်ခွဲခန်းရှိ ပေါ့လျော့သော ဘေးကင်းရေးစည်းမျဉ်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်ဟု ဆိုသည်။

CIA က Covid-19 သည် ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့သည်ဟူသော အချက်ကို အနည်းငယ်ယုံကြည်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရက Covid-19 သည် ဓာတ်ခွဲခန်း ယိုစိမ့်မှုမှစတင်ခဲ့သည်ဟူသောအချက်ကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။ အခြားအဓိက သီအိုရီတစ်ခုမှာ Covid-19 သည် သဘာဝအရင်းအမြစ် တစ်ခုမှ စတင်ခဲ့ပြီး အထူးသဖြင့် တိရစ္ဆာန်များမှ လူသို့ကူးစက်မှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အဆိုပြုထားသည်။

SZ နှင့် Die Zeit တို့၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဘာလင်က BND ၏ တွေ့ရှိချက်များကို ဂျာမန်ပါလီမန်နှင့် WHO တို့သို့ မျှဝေမည်ဖြစ်ပြီး အေဂျင်စီ၏ ကောက်ချက်များနှင့်ပတ်သက်သည့် သိပ္ပံနည်းကျ အကဲဖြတ်မှု ဆိုင်ရာ အချို့သောပစ္စည်းများကို နောင်တစ်ချိန်တွင် ပြည်သူလူထုထံ ချပြထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တိုက်တေနီယမ်နှလုံးအတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့

ဩစတြေးလျနိုင်ငံသားတစ်ဦးသည် နှလုံးလှူဒါန်းသူရှာနေစဉ် တိုက်တေ နီယမ်နှလုံးတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး အဆိုပါ နည်းပညာဖြင့် အချိန်အကြာဆုံး အသက်ရှင်နေထိုင်နိုင်သူဖြစ်ခဲ့သည်။

အသက် ၄၀ ကျော် လူနာတစ်ဦးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဆစ်ဒနီမြို့ရှိ St. Vincent’s Hospital တွင် ခွဲစိတ်ကုသမှုခံယူပြီး နှလုံးတုကို အစားထိုးထည့်သွင်းခဲ့သည်။

ဖေဖော်ဝါရီလတွင် နှလုံးလှူဒါန်းသူရရှိသည်အထိ တိုက်တေနီယမ် နှလုံးတု က ၎င်း၏အသက်ကို ဆက်လက်ရှင်သန်စေခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် ကမ္ဘာ့ပထမဆုံးလူနာ ဖြစ်လာခဲ့သည်။ 

St. Vincent’s Hospital၊ Monash University နှင့် ယင်းကိရိယာကို တီထွင်သည့် အမေရိကန်-ဩစတြေးလျ ကုမ္ပဏီ BiVACOR တို့မှ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ပြင်းထန်သည့် နှလုံး ရောဂါရှိသူ အဆိုပါလူနာသည် “ရောဂါမှ ပြန်လည်နာလန်ထူ သက်သာလာသည်” ဟု ဖော်ပြထားသည်။

တိုက်တေနီယမ်နှလုံးတုက လူ့အသက်ကို ကြာရှည်စွာ ထိန်းသိမ်းပေး နိုင်ခြင်းသည် နှလုံးရောဂါခံစားနေရသူများအတွက် ရေရှည်အစားထိုးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ အဆိုပါကိရိယာကို စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ သာမန်အသုံးပြုရန် ခွင့်ပြုချက်မရရှိသေးပါ။

BiVACOR ၏ တည်ထောင်သူ ဩစတြေးလျနိုင်ငံသား ဇီဝအင်ဂျင်နီယာ Daniel Timms က နှလုံးရောဂါဖြင့် ဖခင်ဆုံးပါးပြီးနောက် အဆိုပါ ကိရိယာ ကို တီထွင်ခဲ့သည့် အကြောင်းကို ပြောကြားရာတွင် “ဆယ်စုနှစ်များစွာ အားထုတ်ခဲ့မှု၏ ရလဒ်ကောင်းရရှိလာသည်ကို မြင်ရသည်မှာ စိတ်လှုပ် ရှားဖွယ်ကောင်းသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိရိယာသည် ကိုယ်ခန္ဓာနှင့် အဆုတ်သို့ သွေးများကို ညှစ်ထုတ်ပေးပြီး ပျက်စီးနေသည့် နှလုံး၏ နှစ်ဖက်စလုံးရှိ သွေးခန်းများ (ventricles) ကို အစားထိုးပေးနိုင်သည်။

ရေရှည်ရည်မှန်းချက်မှာ ယင်းကိရိယာကို အသုံးပြု၍ သင့်လျော်သော လှူဒါန်းသူများအတွက် စောင့်ဆိုင်းနေရသူများကို ပိုမိုကယ်တင်နိုင်ရန် ဖြစ်သည်။အမေရိကန် ကျန်းမာရေးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၃,၅၀၀ ခန့်သည် နှလုံးအစားထိုးကုသမှုခံယူခဲ့ပြီး ထိုနှစ်တွင်ပင် လူပေါင်း ၄,၄၀၀ ခန့်သည် စောင့်ဆိုင်းစာရင်းတွင် ပါဝင်ခဲ့သည်။

ယင်းကိရိယာကို အမေရိကန်ပြည်ထောင်စုရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ Early Feasibility Study တွင် စမ်းသပ်ပြီး ဖြစ်ပြီး လူနာ ၅ ဦးအား အောင်မြင်စွာ အစားထိုး ထည့်သွင်းထားနိုင်ခဲ့သည်။

ကိုးကား-CNN

စင်ကာပူတွင် စွမ်းအင်ဖြည့် အားဆေးသောက်ပြီး အရေပြားရောဂါ ဖြစ်လာသူ (၉) ဦးထိရှိ

စင်ကာပူတွင် စွမ်းအင်ဖြည့်အားဆေးသောက်ပြီး နာကျင်စေသော အရည်ကြည်ဖုထွက်ခြင်း၊ အရေပြားကွာကျခြင်းနှင့် ခန္ဓာကိုယ်ပြင်ပ ပြင်းထန်ဒဏ်ရာများခံစားနေရသူ လူနာ ၉ ဦးထိရှိသည်ဟု သိရပါသည်။

ကိုယ်ခံစွမ်းအင် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော ဆေးဝါးများသောက်ပြီးနောက် အရေပြားနီမြန်းခြင်း၊ အရေခွံကွာခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းစသည့် ပြင်းထန်အရေပြားရောဂါများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ မှ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်မှ ၅၇ နှစ်ကြား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သည် အဆိုပါ Modafinil သို့မဟုတ် armodafinil ပါ၀င်သည့် ဆေးများ သောက်သုံးပြီး ဆေးရုံတင်ထားရသည်။

Modafinil နှင့် Armodafinil ကို စင်ကာပူ၌ မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း အချို့နိုင်ငံများတွင် Narcolepsy ကဲ့သို့ တိကျသည့် ဆေးဘက်ဆိုင်ရာအခြေအနေရှိသော လူနာများအတွက်သာ ဆေးစာအဖြစ်ပေးလေ့ရှိသည်ဟု HSA က ပြောကြားပါသည်။ Narcolepsy အခြေအနေဆိုသည်မှာ လူတစ်ဦး၏ အိပ်စက်မှုထိခိုက်စေသည့်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါသည်။ မတ်လ ၁၀ ရက်ထုတ်ပြန်ချက်၌ ကျန်းမာရေးသိပ္ပံအာဏာပိုင်(HSA) က ဆရာဝန် ဆေးစာမပါဘဲ Modafinil သို့မဟုတ် Armodafinil ပါ၀င်သည့် ထုတ်ကုန်များ ၀ယ်ယူသုံးစွဲခြင်းမပြုရန် တိုက်တွန်းထားပါသည်။ ယခုအရေပြား ရောဂါ ဖြစ်ခဲ့ရသည့် လူနာ ၉ ဦးသည် ဂေးလန်းရှိ လမ်းဘေးဈေးရောင်းသူများ သို့မဟုတ် သူငယ်ချင်းများဆီမှ အဆိုပါ ဆေးဝါးများကို ရယူခဲ့ကြပြီး ဆရာဝန်ဆေးစာနှင့် ဆေးဘက်ဆိုင်ရာကြီးကြပ်မှုမရှိဘဲ သောက်သုံးခဲ့သည်ဟု သိရပါသည်။ လက်ရှိအခြေအနေတွင် လူနာများသည် သက်သာသည့် အခြေအနေတွင်ရှိပြီး သေဆုံးမှု မရှိကြောင်း သိရပါသည်။

HSA ၏ ခွင့်ပြုချက်မရှိဘဲ Modafinil နှင့် Armodafinil ဖြန့်ဖြူး ရောင်းချခြင်းအတွက် အပြစ်ရှိကြောင်းတွေ့ရှိသူများကို ဒဏ်ငွေ ဒေါ်လာ ၅၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရပါသည်။ 

ကိုးကား-NP News

ထောပတ်ကို အလွန်အကျွံစားသုံးပါက အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားနိုင်

နယူးယောက်  မတ် ၉

ထောပတ်ကို အလွန်အကျွံစားသုံးပါက ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားလာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၈ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ထောပတ်ကို အလွန်အကျွံစားသုံးသူများသည် အနည်းဆုံးစားသုံးသူများထက် ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းပိုမြင့်မားကြောင်း သိရသည်။

သို့ရာတွင် ထောပတ်အစားအစာ အပင်ထွက်အဆီဓာတ်များသက်တမ်းပို၍ ရှည်လျားနေတတ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ နှစ်ပေါင်း ၂၀ အတွင်း စားသောက်ခဲ့သော အစားအစာပုံစံများနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ ထောပတ်အစား အပင်ထွက်အဆီများကို စားသုံးသူများမှာ ရောဂါဘယတစ်မျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ထက် ကျဆင်းသွားတတ်သည်ကို တွေ့ရကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်စည်ပင်သာယာခန်းမ၌ အသက် နှစ်လမှ ငါးနှစ်အရွယ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်သာယာခန်းမ၌ အသက် နှစ်လမှ ငါးနှစ်အရွယ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: www.moha.gov.mm