သတင်းများ

မျိုးဗီဇစမ်းသပ်မှုပုံစံသစ် ဦးနှောက်ကင်ဆာလူနာ၏ ကင်ဆာဆဲလ်ဖယ်ရှားရာတွင် အထောက် အကူပေးနိုင်

နယူးယောက်  မတ် ၅

မျိုးဗီဇစမ်းသပ်မှု ပုံစံသစ်တစ်ရပ်သည် ဦးနှောက်ကင်ဆာရောဂါလူနာများ၏ ကင်ဆာ ဆဲလ်များကို ခွဲစိတ်ဖယ်ရှားရာတွင် များစွာ အထောက်အကူပေးနိုင်ကြောင်း မတ် ၄ သတင်း များတွင် ရေးသားဖော်ပြထားသည်။ 

အဆိုပါ မျိုးဗီဇစမ်းသပ်မှုနည်းသည် တစ်ရှူးနမူနာတစ်ခုအတွင်းရှိ ကင်ဆာဆဲလ်များပါဝင်မှု အဆင့်ကို ၁၅ မိနစ်အတွင်း တိုင်းတာဖော်ထုတ်ပေးနိုင်ကြောင်း နယူးယောက်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ မျိုးဗီဇစစ်ဆေးနည်းသည် တစ်ရှူးနမူနာ တစ်စတုရန်း မီလီမီတာတွင် အနည်းဆုံးကင်ဆာဆဲလ်ငါးခုထိ ရှာဖွေဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

မိမိတို့၏ မျိုးဗီဇစစ်ဆေးနည်းသည် ဦးနှောက်ခွဲစိတ်မှုပြုလုပ်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကင်ဆာဆဲလ်များကို ထောက်လှမ်းဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။

ကင်ဆာခွဲစိတ်မှု အောင်မြင်ရေး၊ ကင်ဆာဆဲလ်များ တစ်ကျော့ပြန်လည်ပေါ်ထွက်မှုကို တားဆီးရေးတို့မှာ ကင်ဆာဆဲလ်များကို မည်မျှ ဖယ်ရှားပေးနိုင်သည်ဟူသော အချက်ပေါ် မူတည်ကြောင်း၊ ၎င်းတို့၏ မျိုးဗီဇစစ်ဆေးမှုပုံစံသစ်ကို Ultra-Rapid droplet digital PCR ဟူ၍ အမေရိကန်သုတေသနပညာရှင်များက အမည်ပေးထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ကန့်ဘလူမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မတ်လ ၄ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သန္ဓေသားအနေအထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ မတည့်သည့်ဆေးရှိ၊ မရှိနှင့် အခြားရောဂါရှိ၊ မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျဉ်နာ ပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ကို အခမဲ့ပေးအပ်သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Source: Myawady Daily Newspaper

ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတွင်ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးက သွေးအတွင်း သကြားဓာတ်ပါဝင်မှုကို လျှော့ချနိုင်

စတော့ဟုမ်း  မတ် ၄

ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီတို့တွင် ပါဝင်သည့် ဓာတုဒြပ်ပေါင်းတစ်မျိုးသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို လျှော့ချပေးနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုကို ကိုးကား၍ မတ် ၃ ရက်သတင်းများအရ သိရသည်။

ဆွီဒင်နိုင်ငံ ဂူတင်ဘာ့ဘ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှု ပုံမှန်ထက်မြင့်မားသူများကို Sulforaphane ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Sulforaphane ‌ဓာတုဒြပ်ပေါင်းသည် သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို သိသိသာသာ လျှော့ချနိုင်သည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Sulforaphane ဓာတုဒြပ်ပေါင်းသည် ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းစသည့် အသီးအရွက်များ၌ တွေ့ရသော ဓာတုဒြပ်ပေါင်း ဖြစ်သည်။

အဆိုပါ ဓာတုဒြပ်ပေါင်းသည် ဆီးချိုရောဂါ မဖြစ်သေးသော်လည်း သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်နေသူများအတွက် ကုထုံးတစ်မျိုးဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အရွယ်ရောက်ပြီးသူအများစုနှင့် ကလေးများ၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် အဝလွန်ခြင်း ကြုံတွေ့ရနိုင်

အရွယ်ရောက်ပြီးသူအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးနှင့် ကမ္ဘာပေါ်ရှိ ကလေးအားလုံး၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် အဝလွန်ခြင်းနှင့် ကြုံတွေ့ရနိုင်ကြောင်း လေ့လာမှုအသစ် တစ်ခုက ဆိုသည်။

မတ် ၄ ရက်(အင်္ဂါ)နေ့က Lancet ဆေးပညာဂျာနယ်တွင် ရေးသားထားသည့် သုတေသနသည် နိုင်ငံပေါင်း ၂၀၄ နိုင်ငံမှ အချက်အလက်များကို အသုံးပြု၍လေ့လာထားခြင်းဖြစ်ပြီး ရာစုနှစ်အတွင်း ကြီးမားသော ကျန်းမာရေးစိန်ခေါ်မှုများထဲမှ တစ်ခုအဖြစ် ဖော်ပြထားသည်။

“မကြုံစဖူး အဝလွန်ခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်ပြီး လူ့အဖွဲ့အစည်း၏ ကြီးမားသော ကျရှုံးမှုဖြစ်သည်” ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးတိုင်းတာမှုနှင့် အကဲဖြတ်မှု အင်စတီကျု (IHME) မှ ဦးဆောင် စာရေးဆရာ Emmanuela Gakidou က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် အဝလွန်သူများ အရေအတွက်သည် ၁၉၉၀ ခုနှစ်တွင် ၉၂၉ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၂.၆ ဘီလီယံအထိ မြင့်တက်လာကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။

ပြင်းထန်သောပြောင်းလဲမှုမရှိဘဲ ၁၅ နှစ်အတွင်း အရွယ်ရောက်ပြီးသူ ၃.၈ ဘီလီယံသည် အဝလွန်ခြင်း သို့မဟုတ် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ အရွယ်ရောက်ပြီးသူလူဦးရေ၏ ၆၀ ရာခိုင်နှုန်း နီးပါးဖြစ်မည်ဟု သုတေသီ များက ခန့်မှန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးစနစ်များသည် ဆိုးရွားသောဖိအားများအောက်တွင် ကြုံတွေ့ရလိမ့်မည် ဟု သုတေသီများက သတိပေးခဲ့ပြီး ကမ္ဘာပေါ်တွင် အဝလွန်သူ၏ လေးပုံတစ်ပုံခန့်သည် ထိုအချိန်တွင် အသက် ၆၅ နှစ် အထက်ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝှမ်းရှိ ကလေးများနှင့် ဆယ်ကျော်သက်များကြား အဝလွန်မှု ၁၂၁ ရာခိုင်နှုန်း တိုးလာမည်ဟုလည်း ၎င်းတို့က ခန့်မှန်းထားသည်။ အဝလွန်သူ လူငယ်အားလုံး၏ သုံးပုံ တစ်ပုံသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA) နှင့် လက်တင်အမေရိကနှင့် ကာရေဘီယံ ဒေသနှစ်ခုမှဖြစ်မည်ဟု သုတေသီများက သတိပေးခဲ့သည်။ ကမ္ဘာ့အဝ လွန်သူ ထက်ဝက်ကျော်သည် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ မက္ကဆီကို၊ အင်ဒိုနီးရှားနှင့် အီဂျစ်နိုင်ငံ စသည့် နိုင်ငံရှစ်နိုင်ငံမှဟု လေ့လာမှုတွင် ဖော်ပြထားသည်။

အာဟာရမပြည့်ဝသော အစားအစာနှင့် အထိုင်များသောလူနေမှုပုံစံ များသည် အဝလွန်ရောဂါကို ဖြစ်စေသည်မှာ ရှင်းလင်းသော်လည်း ယင်း အတွက် အရင်းခံအကြောင်းရင်းများနှင့် ပတ်သက်၍ “သံသယရှိနေဆဲ ဖြစ်သည်” ဟု ကိုပင်ဟေဂင်တက္ကသိုလ်မှ သုတေသီ Thorkild Sorensen က ဆိုသည်။

World Obesity Federation မှ တနင်္လာနေ့တွင် ထုတ်ပြန်သည့် သီးခြားလေ့လာမှုတစ်ခုတွင်လည်း ယင်းကိစ္စကို တင်ပြခဲ့သည်။ “အထိခိုက်ဆုံး ဒေသတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေပါပဲ” ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ Barquera က ပြောသည်။

အဝလွန်သော အရွယ်ရောက်ပြီးသူ ၇၉ ရာခိုင်နှုန်းနှင့် ကလေး ၈၈ ရာခိုင်နှုန်းသည် ဝင်ငွေနည်းသော၊ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် နေထိုင်ကြလိမ့်မည်ဖြစ်ပြီး နိုင်ငံအားလုံး၏ ၇ ရာခိုင်နှုန်းသာ ယင်းကို ဖြေရှင်းရန် လုံလောက်သော ကျန်းမာရေးစနစ်များ ရှိမည်ဟု ဆိုသည်။ “ဒါဟာ တစ်ကမ္ဘာလုံးက ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုတွေထဲက တစ်ခုပါ” ဟု Barquera က ပြောကြားခဲ့သည်။

Source: Aljazeera

ဘာသာပြန်ဆိုသူ-ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

 ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

နေပြည်တော် မတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်နှင့် အသက် (၈၅) နှစ်အထက် သက်ကြီးများကို ထောက်ပံ့သော လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများ ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ထောက်ပံ့ကြေးငွေထုတ်ယူနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ် (၂) ရပ်၏ အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ကြေးဖြန့်ဝေပြီး အခြေအနေလေ့လာဆန်းစစ်ခြင်း (Post Distribution Monitoring – PDM) နှင့် Case Study များ ပြုလုပ်နေခြင်းတို့ကို ကြည့်ရှုပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အဘိုးအဘွားများ၊ ကိုယ်စားလာရောက်ထုတ်ယူသူများအား ကြက်ဥနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်တွင်းမှုသက်မွေး သင်တန်းကျောင်းရှိ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှုသင်တန်း၊ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ သင်ကြားရရှိသည့် ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လူမှုဝန်ထမ်းရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ သိုလှောင်ရုံ၌ ကယ်ဆယ်ရေးပစ္စည်း၊ အထောက်အကူပစ္စည်းနှင့် အလှူပစ္စည်းများ သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကယ်ဆယ်ရေးပစ္စည်းများအား ဘေးသင့်ပြည်သူများထံ အချိန်မီထောက်ပံ့နိုင်ရန် စီမံဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

Source: https://www.myanmardigitalnewspaper.com/

သွေးကျဲဆေးသုံးစွဲမှုရပ်ခဲ့သော သက်ကြီးပိုင်းများ၌ လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်နိုင်

လန်ဒန်   မတ် ၁

သွေးကျဲဆေးသုံးစွဲမှု ရပ်တန့်ခဲ့သော သက်ကြီးပိုင်းလူနာများ၌ လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားသည်။

Anticoagulants ခေါ် သွေးကျဲဆေးများသည် သွေးကြောများအတွင်း သွေးခဲများပေါ်ထွက်မှုကို တားဆီးပေးသည့်ဆေးများဖြစ်ကြကြောင်းသိရသည်။

သို့ရာတွင် Anticoagulants ဆေးများကြောင့် သက်ကြီးပိုင်းများအနေဖြင့် ထိခိုက်ဒဏ်ရာရခဲ့ပါက သွေးထွက်လွန်မှုပြဿနာရှိလာနိုင်သည်ဟူသော စိုးရိမ်စိတ်ကြောင့် ဆရာဝန်များက အသက် ၇၅ နှစ်အထက်ရှိသူများ ၎င်းဆေးများ သောက်သုံးရမည့်အချိန်ကာလကို ကန့်သတ်ပေးထားကြောင်း သိရသည်။

ပုံမှန်အားဖြင့် သက်ကြီးပိုင်းလူနာများအနေဖြင့် Anticoagulants ဆေးများကို သုံးလမှ ခြောက်လထိ သုံးစွဲပြီးပါက ဆေးသုံးစွဲမှုရပ်ထားရန် ဆရာဝန်များက ညွှန်ကြားလေ့ရှိကြောင်း သိရသည်။

သို့ရာတွင် ဗြိတိန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သက်ကြီးပိုင်းလူနာများအနေဖြင့် သွေးကျဲဆေးများ သောက်သုံးမှုကို ရပ်ခဲ့ပါက အကျိုးထက် အဆိုးပိုများပြီး အသက်အန္တရာယ်ရှိသည့် လေဖြတ်နိုင်ခြေနှင့် နှလုံးဖောက်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုက အာဖရိက၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိ

အာဖရိကဒေသတွင် လက်ရှိဆက်လက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ  အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကထုတ်ပြန်သည်။

ဒေသအတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှုန်းသည် မြင့်တက်လျက်ရှိပြီး ဖြစ်ပွားနေသည့်ရောဂါသည် ကူးစက်မြန်သည့် ရောဂါမျိုးကွဲတစ်ခုဖြစ်သောကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လျက်ရှိသည်ဟု အဆိုပါစင်တာက ဖေဖော်ဝါရီလ ၂၈ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည်  ဒေသတွင်း၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေ တစ်ရပ်ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ကြေညာထားခြင်းဖြစ်သည်။ အဆိုပါရောဂါ ကူးစက်မှုသည်  ယခုအခါဒေသတွင်း၌  တိုးမြှင့်ဖြစ်ပွားလာပြီဖြစ်သည်။

အာဖရိကဒေသတွင် ယခု ၂၀၂၅ ခုနှစ် အစပိုင်းမှစ၍  ရောဂါပိုးကူးစက်ခံရသူ ၂၁,၅၄၄ ဦးအထိ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှုကြောင့် လူစုစုပေါင်း ၂၃၃ ဦးသေဆုံးပြီးဖြစ်သည်။

ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင် ဖေဖော်ဝါရီလ၂၈ ရက်က မျောက်ကျောက်ရောဂါ ဖြစ်ပွားသူသုံးဦးကို   ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းနိုင်ငံရှိ  ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။

Source: https://myawady.net.mm/

ငါးပါဝင်မှုများသည့် ဓာတ်စာပုံစံများက MS ရောဂါတိုးလာမှု လျှော့ချရာတွင် အထောက်အကူပြုနိုင်

စတော့ဟုမ်း  ဖေဖော်ဝါရီ ၂၇

ငါးပါဝင်မှုများသည့် ဓာတ်စာပုံစံများသည် ခုခံအားစနစ်ဖောက်ပြန်မှုရောဂါ တစ်မျိုးဖြစ်သည့် ဗဟိုအာရုံနာ့ဗ်ဆဲလ်စနစ် ပျက်စီးမှုရောဂါ (MS) အခြေအနေတိုးလာမှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် သတင်းများအရ သိရသည်။

အဆီဓာတ်များသည့် ငါးများတွင် တွေ့ရတတ်သော အိုမီဂါ-၃ ဖက်တီးအက်စစ်သည် MS ရောဂါအေခြေအနေ ဆိုးရွားလာမှုကို တားဆီးပေးနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ သုတေသနပညာရှင်များက ပြောကြားထားသည်။

သို့ရာတွင် ဆွီဒင်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ငါးမှန်သမျှတွင် ရှိနေသည့် Taurine အမိုင်နိုအက်စစ်ကဲ့သို့ ဓာတုဒြပ်ပေါင်းများသည်လည်း MS ရောဂါကို ရင်ဆိုင်ရာတွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ငါးပါဝင်မှုမြင့်မားသော ဓာတ်စာများမှာ MS ရောဂါတိုးလာမှုအရှိန်ကို လျှော့ချရာတွင် အထောက်အကူပြုနိုင်သည်ကိုတွေ့ရကြောင်း ဆွီဒင် သုတေသနပညာရှင်များက ပြောကြားသည်။

ဆွီဒင် သုတေသနပညာရှင်များသည် MS ရောဂါလူနာ ၂၇၀၀ ကျော်တို့ကို အချိန်ယူလေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းပြုလုပ်မှုက အူမကြီးကင်ဆာလူနာများ အသက်ရှည်ရှည်နေနိုင်‌ရေး အထောက်အကူပြုနိုင်

နယူးယောက်  ဖေဖော်ဝါရီ ၂၆

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မှုသည် အူမကြီးကင်ဆာရောဂါလူနာများ အသက်ရှည်ရှည်နေနိုင်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လေ့ကျင့်ခန်းတက်တက်ကြွကြွပြုလုပ်သူ အူမကြီးကင်ဆာလူနာများသည် လေ့ကျင့်ခန်း မပြုလုပ်သူလူနာများထက် သုံးနှစ်ထိ အသက်ပိုရှည်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အူမကြီးကင်ဆာလူနာဦးရေ ၂၉၀၀ ခန့်တို့၏ လေ့ကျင့်ခန်းပြုလုပ်မှုအဆင့်များကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ထွက်ပေါ်သည့်ရလဒ်များအရ သီတင်းတစ်ပတ်လျှင် ၁၈ နာရီထိ လေ့ကျင့်ခန်းပြုလုပ်သူ အူမကြီးကင်ဆာလူနာများသည် အသက်သုံးနှစ်ထိ ထပ်မံရှင်သန်ခွင့်ရနိုင်ခြေ မြင့်မားလာတတ်သည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

လေ့ကျင့်ခန်းကို တက်ကြွစွာပြုလုပ်မှုသည် အူမကြီးကင်ဆာလူနာများ၏ အသက်ရှင်နိုင်ခွင့်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း အမေရိကန်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

သို့ဖြစ်ရာ အူမကြီးကင်ဆာလူနာများအနေဖြင့် လေ့ကျင့်ခန်းတက်တက်ကြွကြွပြုလုပ်ပေးရန် လိုအပ်ကြောင်း သုတေသနပညာရှင်များက တိုက်တွန်းထားသည်။

တရုတ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသည် နိုင်ငံတကာ ကျောင်းသားများအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ကောက်ခံ

၂၀၂၅ ခုနှစ် Times Higher Education (THE)၏ ဖော်ပြချက်အရ တရုတ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသည် နိုင်ငံတကာ ကျောင်းသားများထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ကောက်ခံ နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်အရ တရုတ်နိုင်ငံရှိ တက္ကသိုလ်များအနက် Tsinghua တက္ကသိုလ်သည် ကမ္ဘာ့အဆင့် ၁၂ နေရာတွင် ရပ်တည်လျက် ထိပ်ဆုံးမှ ဦးဆောင်နေသည်။၎င်းနောက်တွင် Peking တက္ကသိုလ် (ကမ္ဘာ့အဆင့် ၁၃) ၊ University of Hong Kong (ကမ္ဘာ့အဆင့် ၃၅) နှင့် Fudan တက္ကသိုလ် (ကမ္ဘာ့အဆင့် ၃၆) တို့က အသီးသီး ရပ်တည်နေကြသည်။

THE ၏ စာရင်းဇယားများအရ နိုင်ငံတကာကျောင်းသားများသည် ထိုကျောင်းများရှိ ကျောင်းသားစုစုပေါင်း၏ ၄% မှ ၂၀% အထိ ရှိကြောင်း ဖော်ပြထားသည်။ တရုတ်ပြည်မကြီးရှိ တက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသားများအတွက် နှစ်စဉ်ကျောင်းစရိတ် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ အထိ ရှိနိုင်ပြီး၊ ဟောင်ကောင်ရှိ တက္ကသိုလ်များတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၈,၀၀၀ အထိ ပေးဆောင်ရနိုင်ကြောင်း သိရသည်။ အစားအသောက်နှင့် နေထိုင်စရိတ်များမှာ တစ်လလျှင် အမေရိကန် ဒေါ်လာ ၅၅၀ မှ ၁,၀၀၀ အထိ ကုန်ကျနိုင်သည်။

၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံတွင် နိုင်ငံတကာကျောင်းသား စုစုပေါင်း ၂၅၅,၇၀၀ ခန့် ရှိပြီး၊ ၎င်းတို့အနက် ၂၇,၀၀၀ မှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာရေးဆိုင်ရာ သုတေသီအဖွဲ့ Quacquarelli Symonds (QS) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ပညာသင်ကြားရန် နိုင်ငံတကာ ကျောင်းသားများ ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသည့် အကြောင်းအရာများမှာ ပညာသင်ဆုများ တိုးမြှင့်ပေးခြင်း၊ တရုတ်တက္ကသိုလ်များ၏ အဆင့်သတ်မှတ်ချက် မြင့်တက်လာခြင်းနှင့် ကမ္ဘာပေါ်တွင် အပြောအများဆုံး ဘာသာစကားများထဲမှ တစ်ခုဖြစ်သည့် တရုတ်ဘာသာစကားကို သင်ယူနိုင်သည့် အခွင့်အလမ်းများ ပါဝင်ကြောင်း သိရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂