သတင်းများ

ဖိလစ်ပိုင် ဒုသမ္မတ ဆာရာဒူတာတေးကို စွပ်စွဲ ပြစ်တင်ရန် ထောင်နှင့်ချီသော ဆန္ဒပြသူများ တောင်းဆို

ဇန်နဝါရီလ ၃၁ ရက် (သောကြာနေ့)တွင် ဒုသမ္မတ ဆာရာ ဒူတာတေးကို စွပ်စွဲပြစ်တင်ရန် ဖိလစ်ပိုင် အောက်လွှတ်တော်ကို တောင်းဆိုသည့် ထောင်နှင့် ချီသော ဆန္ဒပြသူများက မနီလာမြို့ရှိ လမ်းမများပေါ် ချီတက်ဆန္ဒပြခဲ့ကြသည်။

အမေရိကန်က ဘရာဇီးသွင်းကုန်များအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံပါက ပြန်လည်တုံ့ပြန်သွားမည်ဟု ဘရာဇီးသမ္မတ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို အခွန်နှုန်းထားတိုးမြှင့်ကောက်ခံမည်ဟု ပြောကြားလိုက်ခြင်းအပေါ် ဘရာဇီး သို့ တင်သွင်းလာသည့် အမေရိကန် ကုန်ပစ္စည်းများကို လည်း ပြန်လည်တုံ့ပြန်တိုးမြှင့်ကောက်ခံသွားမည်ဟုဘရာဇီးသမ္မတ လူးအစ် အင်နာစီယိုလူလာဒါ ဆေးလ်ဗာက ဇန်နဝါရီ ၃၀ ရက်(ကြာသပတေးနေ့)တွင် ပြောကြား လိုက်သည်။ 

အမေရိကန်ဒေါ်လာအား အစားထိုးရန် ကြိုးစားလျှင် US က BRICS ကို သွင်းခွန် ၁၀၀ % စည်းကြပ်မည်ဟု ထရမ့် ခြိမ်းခြောက်

BRICS အဖွဲ့ဝင်နိုင်ငံများသည် ငွေကြေးအသစ် ဖန်တီးခြင်း သို့မဟုတ် အမေရိကန်ဒေါ်လာအား အခြားငွေကြေး တစ်မျိုးမျိုးဖြင့် အစားထိုးရန် ကြိုးစားပါက သွင်းကုန်ခွန် ၁၀၀ % စည်းကြပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ထပ်မံကတိပြု ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ Iron Dome စနစ်မှာ စရိတ်ကြီးမားပြီး နည်းပညာလိုအပ်သေးကြောင်း ကျွမ်းကျင်သူများပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဆိုပါစနစ်အတွက် ဒီဇိုင်းနှင့် ဖြန့်ကြက်မှုအစီအစဉ် အသေးစိတ်ကို တင်ပြရန် ကာကွယ်ရေးဝန်ကြီး Pete Hegseth  ကို ညွှန်ကြားထားပါသည်။                                                                        &

အကိုက်အခဲပျောက်ဆေး အသစ်တစ်မျိုး အမေရိကန် FDA ခွင့်ပြု

ဆယ်စုနှစ်နှစ်ခုကျော်ကြာ အကိုက်အခဲပျောက်ဆေးဝါးထုတ်လုပ်မှုကို ခွင့်မပြုသည့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)သည် ယခုအခါ Jounavx အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည့် အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ကြောင်း ကြေညာလိုက်ပါသည်။ 

ဆွီဒင်-ရုရှား အခွန်နှစ်ထပ်ကောက်ခံမှု ရှောင်ရှားရေး သဘောတူညီချက် ဆိုင်းငံ့

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံအကြား အခွန် နှစ်ထပ်ကောက်ခံမှုရှောင်ရှားရေး သဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ ဆိုင်းငံ့မည်ဖြစ်ကြောင်း ဆွီဒင်အစိုးရက ကြေညာလိုက်ပါသည်။

ထိုသို့သဘောတူညီချက်ဆိုင်းငံ့ခြင်းကြောင့် ရုရှားကုမ္ပဏီများအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆောင်ရွက်ရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် လည်းကောင်း အခက်အခဲပိုမိုကြုံတွေ့လာနိုင်မည်ဖြစ်ပါသည်။ 

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အမှုဆောင် အရာရှိချုပ် ယူကရိန်းသို့ သွားရောက်မည်

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency –IAEA) အမှုဆောင်အရာရှိချုပ် Rafael Grossi သည် နျူကလီးယားလုံခြုံရေးနှင့်ပတ်သက်၍ အဆင့်မြင့်ဆွေးနွေးပွဲတက်ရောက်ရန် လာမည့်အပတ်တွင် ယူကရိန်းသို့ သွားရောက်ရန် စီစဉ်နေကြောင်း၊ ရုရှားနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း   အေဂျင်စီက ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားပါသည်။

အာကာသအတွင်း ၅နာရီကျော်ကြာ စံချိန်တင် လမ်းလျှောက်ထွက်

အာကာသစူးစမ်းလေ့လာရေးစွမ်းရည်၏ ထူးထူးခြားခြား သရုပ်ပြမှုတွင် နာဆာမှ အာကာသယာဉ်မှူး ဆူနီတာ ဝီလီယံ နှင့် ဘတ်ချ်ဝီလ်မိုးတိုက နိုင်ငံတကာ အာကာသ စခန်း (ISS) ပေါ်တွင် ဇန်နဝါရီ ၃၀ ရက်နေ့၌ စံချိန်တင် ၅.၅ နာရီကြာ အာကာသလမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ရုရှား ဂတ်စ်ပြန်ဝယ်ရန် EU ဆွေးနွေး

၂၀၂၂ ယူကရိန်း- ရုရှား ပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ဥရောပသမဂ္ဂ (အီးယူ)က ဈေးနှုန်းသက်သာသည့် ရုရှား ရေနံနှင့်ဂတ်စ်တင်သွင်းမှုကို အရှိန်မြှင့်ပြီး လျှော့ချရန်အတွက် ကြိုးပမ်းခဲ့ကြပြီး ယခုအခါတွင် အီးယူနိုင်ငံ အချင်းချင်းကြား၌ သဘောထားကွဲလွဲမှုများ စတင် ဖြစ်ပေါ်လာလျက်ရှိသည်။

စပိန်နိုင်ငံ Murcia ရှိ လက်နက်ခဲယမ်းစက်ရုံ ပေါက်ကွဲမှု ဖြစ်

စပိန်နိုင်ငံ အရှေ့တောင်ပိုင်း Murcia ရှိ Rheinmetall ၏ လက်အောက်ခံကုမ္ပဏီခွဲ၏ ခဲယမ်းစက်ရုံတွင် ဇန်နဝါရီ ၃၀ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမား ခြောက်ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ ပြင်းထန်သောအခြေအနေတွင် ရှိနေသည်။ ဂျာမန် လက်နက်ကုမ္ပဏီကြီးသည် ယူကရိန်းသို့ လက်နက်များ အဓိကပံ့ပိုးပေးနေသည့် ကုမ္ပဏီဖြစ်သည်။