သတင်းများ

ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ ရုရှားကားဈေးကွက်တွင် တရုတ်နှင့် ရုရှားလုပ်ကားများက ထိပ်ဆုံးမှ ဦးဆောင်

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားပြည်သူများ၏ မော်တော်ကားဝယ်ယူမှုသည်  ပြီးခဲ့သည့်နှစ်အတွင်း၌  ရူဘယ် ၄ ဒသမ ၉၁ထရီလီယံ (ဒေါ်လာ ၅၀ ဒသမ ၁ ဘီလီယံ) အသုံးပြုခဲ့ပြီး နိုင်ငံအတွင်းရှိ ကားဈေးကွက်တွင် တရုတ်နှင့် ရုရှားလုပ်မော်တော်ကားများက    ထိပ်ဆုံးမှဦးဆောင်လျက်ရှိကြောင်း ကားဈေးကွက်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Avtostat က ထုတ်ပြန်သည်။

မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ    ဇန်နဝါရီ    ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)    မိုးနဲမြို့နယ်၌စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော  ကြက်သွန်ဖြူစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တညင်းကုန်းလက်ကားဈေးကြီး၌ နယ်စုံမှထွက်ရှိသောရာသီပေါ်သစ်သီးဝလံများ လှိုင်လှိုင်ဝင်ရောက် ကာ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန်   ဇန်နဝါရီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် နယ်စုံမှထွက်ရှိသော သစ်သီး၀လံများကို အဓိကရောင်းချပြီး  ယခုအခါ အဆိုပါဈေးကြီး၌   ရာသီပေါ် သစ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာလာရောက်ဝယ်ယူသူများဖြင့်   စည်ကား လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ပန်း(ချင်းမိုင်မျိုး)များ  အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ ဝင်ငွေအကျိုးအမြတ်ရရှိနေ

ပွင့်ဖြူ     ဇန်နဝါရီ     ၃၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခု    ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့်  တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ ပန်း(ချင်းမိုင်မျိုး)များ အောင်မြင်ဖြစ်ထွန်း ၍   စိုက်ပျိုးသူများ  ဝင်ငွေအကျိုးအမြတ်
ရရှိပြီး   လုပ်ငန်းအဆင်ပြေနေကြောင်း  ဒေသခံတောင်သူများ၏ပြောပြချက်အရ သိရသည်။ 

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း ၆၃ သင်းမှ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား

ကျောက်ဆည်   ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက်ဆောင်းရာသီဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ  စိုက်ပျိုးကြောင်းနှင့်အခြေခံသမဝါယမအသင်း ၆၃ သင်းမှအသင်းသားတောင်သူ၂၃၃၉  ဦးက ဆောင်းနေကြာ ၈၇၈၄ ဧကစိုက်ပျိုးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်သည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူဆယ်မှ ရန်ကုန်သို့ မျိုးမင်းဦး(ခ)မဲကြီး မောင်းနှင်လာသည့် I ZONE ကုန်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီ

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

   လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ယူကရိန်းနိုင်ငံအတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ဩစတြေးလျကြေးစားစစ်သားအား ဖမ်းဆီးထား ကြောင်း  ရုရှားက ဩစတြေးလျအစိုးရအားအသိပေး

မော်စကို၊ စစ်ရေး

ယူကရိန်းနိုင်ငံအတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ဩစတြေးလျနိုင်ငံသား ကြေးစားစစ်သားတစ်ဦးအား ဖမ်းဆီးထားပြီး ယခုအချိန်အထိ အသက်ရှင်နေသေးကြောင်း ရုရှားနိုင်ငံကဩစတြေးလျအစိုးရအား အသိပေးထားကြောင်း သိရသည်။