သတင်းများ

EU က ရုရှားကို ၁၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် စီစဉ်နေကြောင်း Bloomberg ပြောကြား

ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံအပေါ် ၁၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် ပြင်ဆင်ဆွေးနွေးနေကြောင်း၊ ထိုပိတ်ဆို့မှုတွင် ရုရှားဘဏ် ၁၅ ခုကို SWIFT ဘဏ်စနစ်မှ ဖြတ်တောက်ရန် စီစဉ်နေကြောင်း၊ ရုရှားရေနံတင်သင်္ဘော ၇၄ စင်းကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလာနိုင်ကြောင်း၊ ထို့အပြင် ရုရှားက အလူမီနီယမ်တင်သွင်းမှုကိုလည်း ကန့်သတ်လာနိုင်ကြောင်း၊ ထိုပိတ်ဆို့မှုအဆိုပြုချက်များအတွက် ဥရောပသမဂ္ဂနိုင်ငံများ၏ သဘောတူညီချက်ရယူရန် လိုအပ်ကြောင်း Bloomberg က အစီရင်ခံ ဖော်ပြထားပါသည်။

ကိုးကား-TASS

Photo: UNITED24 Media

ဥရောပအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲကြရန် ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

ဂျာမနီဝန်ကြီးချုပ် Olaf Scholz သည် ဥရောပ နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်၍ နေတိုး၏ ဥရောပအခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရန် တိုက်တွန်းလိုက်ပါသည်။ 

Burj Khalifa သို့မဟုတ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ

ယနေ့အချိန်တွင် ကမ္ဘာ့အမြင့်ဆုံးမိုးမျှော် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် Burj Khalifa သည် အာရပ်စော်ဘွားနိုင်ငံရှိ ဒူဘိုင်းမြို့တွင် တည်ရှိပါသည်။ အမြင့် ၈၂၈ မီတာ (၂၇၁၇ ပေ) ရှိပြီး ၁၆၃ ထပ်ရှိပါ သည်။ 

အမေရိကန်လေကြောင်းလိုင်း ဂျက်လေယာဉ်နှင့် အမေရိကန်တပ်မတော်ရဟတ်ယာဉ် တိုက်မိမှု

ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ၈:၄၇ အချိန်တွင် အမေရိကန်လေကြောင်းလိုင်း၏ ဂျက်လေယာဉ် (Flight 5342) နှင့် အမေရိကန်တပ်မတော် Black Hawk ရဟတ်ယာဉ် (Sikorsky UH-60) တို့သည် ရော်နယ်ရီဂန် ဝါရှင်တန်ဒီစီ အမျိုးသားလေဆိပ်အနီး တွင် တိုက်မိမှုဖြစ်ပွားခဲ့သည်။

ဂျက်လေယာဉ်တွင် ခရီးသည် ၆၀ ဦးနှင့် လေယာဉ်မှူး အပါအဝင် ဝန်ထမ်း ၄ ဦး တို့ လိုက်ပါလာကြပြီး တပ်မတော်ရဟတ်ယာဉ်တွင် အမေရိကန်စစ်သား ၃ ဦး တို့ လိုက်ပါလာကြသည်။ 

ပူးပေါင်းတီထွင်ထားသော EV ဗင်ကားများကို ဂျပန် မော်တော်ကားကုမ္ပဏီ ၃ ခုက ဖြန့်ချိရောင်းချမည်

ဂျပန် မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီ ၃ ခုက ၎င်းတို့ ပူးပေါင်းတီထွင်ထားသော လုပ်ငန်းသုံးအသေးစား လျှပ်စစ်မော်တော်ယာဉ် EV များကို ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အစိုးရအသိအမှတ်ပြုလက်မှတ်ရရန်အတွက် Daihatsu ကုမ္ပဏီက ဘေးကင်းရေးစမ်းသပ်မှုအတုများ ပြုလုပ်ခဲ့ခြင်းမှတ်တမ်းများ ပေါ်ထွက်လာပြီးနောက် Daihatsu ၊ Toyota နှင့် Suzuki တို့သည် အဆိုပါယာဉ်တီထွင်မှုကို ယာယီရပ်ဆိုင်းခဲ့ပါသည်။

ဆီးရီးယားက ရုရှားထံမှ ကရုဏာကြေးရယူလို

ဆီးရီးယား၏ခေါင်းဆောင်သစ်များသည် နိုင်ငံနှစ်နိုင်ငံကြား “ယုံကြည်မှုပြန်လည်ရရှိရန်” ရုရှားထံမှ လျော်ကြေးငွေတောင်းခံနေကြောင်း Sana သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက ဘာရှာအာဆတ်အစိုးရပြုတ်ကျပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့က ရုရှားသံတမန်များ၏ ပထမဆုံးခရီးစဉ်အတွင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ရုရှားသည် ၂၀၁၁ ခုနှစ်ကတည်းက သမ္မတဟောင်း အာဆတ်ကို ထောက်ခံခဲ့ပြီး ဆီးရီးယားကို လွှမ်းခြုံထားသည့်သူပုန်ထမှုကို ဆန့်ကျင်သည့်စစ်ပွဲများတွင် ပါဝင်ခဲ့သည်။

ထရမ့်ဖွဲ့စည်းခဲ့သော အီလွန်မက်စ်၏ DOGE အဖွဲ့မှ တစ်ရက်လျှင် သန်း ၁၀၀၀ ဖြတ်တောက်နိုင်ဟုဆို

Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် ဦးဆောင်သော သမ္မတ ဒေါ်နယ်ထရမ့် ဖွဲ့စည်းထားသည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) သည် ဖက်ဒရယ်အသုံးစရိတ်ကို တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်ထားနိုင်သည်ဟုဆိုသည်။ ၎င်းအေဂျင်စီသည် တရားဝင် X အကောင့်မှတစ်ဆင့် ကုန်ကျစရိတ်များကို နေ့စဉ် ဒေါ်လာ ၃ ဘီလီယံကျော် လျှော့ချရန် ရည်ရွယ်ထားကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နှင်ဒဏ်ပေးမည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဂွာတာနာမိုသို့ပို့မည်

ကျူးဘားနိုင်ငံ၊ ဂွာတာနာမိုပင်လယ်အော်ရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းတွင် ထိန်းသိမ်းရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ပြီး ပြည်နှင်ဒဏ်ခံရသော ထောင်နှင့်ချီသည့်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထားရှိရန် စီစဉ်ထားသည်ဟု ကြေညာခဲ့သည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသား ၇၀၀ နီးပါး မိခင်နိုင်ငံသို့ ပြန်ပို့ခံရဖွယ်ရှိနေ

အမေရိကန်အစိုးရအနေဖြင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသားများအပါအဝင် လူပေါင်း ၁,၄၄၅,၅၄၉ ဦးကို Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။ 

ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသော မြန်မာနိုင်ငံအတွက် DISP ပညာသင်ဆု အမေရိကန် သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်း

မြန်မာကျောင်းသားများကို ပေးအပ်သည့် Diversity and Inclusion Scholarship Program (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူရပိုင်ခွင့်) အတွက် ထောက်ပံ့ငွေ ဒေါ်လာ ၄၅သန်းကို အမေရိကန်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ ပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ကူညီခြင်းသည် အလွန်များပြားကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်က ပြောကြားခဲ့သည်။