သတင်းများ

အီတလီနိုင်ငံတွင် ဟာမီနီယာမုန်တိုင်းကြောင့် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရ

ရောမ   ဇန်နဝါရီ ၃၀

ဟာမီနီယာ မုန်တိုင်းသည် ပြင်သစ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် အီတလီနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အီတလီနိုင်ငံ တက်စ်ကာနီနယ်မြေနှင့် လီဂူရီယာနယ်မြေတို့တွင် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း Civil Protection Agency က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ရော်နယ်ရေဂင်လေဆိပ်အနီးတွင်ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင်  လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိဟုဆို

ဝါရှင်တန်၊ မတော်တဆမှု

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့    ရော်နယ်ရေဂင်လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင် လိုက်ပါလာသူအားလုံး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်မီးသတ်တပ်ဖွဲ့အကြီးအကဲက ဇန်နဝါရီလ ၃၀ ရက်တွင်ပြောသည်။

နိုင်ငံ့စီးပွားရေးတိုးတက်စေရန်အတွက်သာမက  ဥရောပ၏ Silicon Valley အဖြစ် ထွက်ပေါ်လာစေရန် ရည်ရွယ်ထားသည့် အောက်စဖို့-ကိန်းဘရစ် စီးပွားရေးစင်္ကြံ

ဗြိတိန်နိုင်ငံက ဖော်ဆောင်မည့် အောက်စဖို့-ကိန်းဘရစ်စီးပွားရေးတိုးတက်မှုစင်္ကြံသည်လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင်  နိုင်ငံ့စီးပွားရေးအတွက်စတာလင်ပေါင် ၇၅ ဘီလီယံ ထွက်ပေါ်လာစေနိုင်သောကြောင့် အစိုးရအနေဖြင့်၎င်းစင်္ကြံအတွင်း အခြေခံအဆောက်အဦစီမံကိန်းများ ဖော်ဆောင်ရေးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးရေချယ်ရိက ဇန်နဝါရီလ၂၉ ရက်တွင်ပြောသည်။

ဥဇဘက်ကစ္စတန်က  ဒေါ်လာ  ၁၈၆  ဒသမ ၂  သန်း တန်ဖိုးရှိ စပျစ်သီးများ ကို ပြည်ပသို့တင်ပို့နိုင်ခဲ့

ဥဇဘက်ကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၁၈၆ ဒသမ၂သန်းတန်ဖိုးရှိ စပျစ်သီးများကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့်   စာရင်းအင်းများကိုကိုးကား၍ဒေသတွင်းမီဒီယာတစ်ခုက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဥဇဘက်ကစ္စတန်မှ  ပြည်ပနိုင်ငံများသို့တင်ပို့သည့် စပျစ်သီးတင်ပို့မှုမှာ တန်ချိန်ပေါင်း ၂၁၉,၂၀၀ ရှိကြောင်း အစိုးရက ဇန်နဝါရီလ  ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

အီးယူစိန်ဈေးကွက်အပေါ် ဆိုးရွားစွာသက်ရောက်စေခဲ့သည့် ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု

ရုရှားနိုင်ငံအပေါ်  ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများသည်  အီးယူ၏စိန်ဈေးကွက်အပေါ် သက်ရောက်စေလျက်ရှိကြောင်း NZZ နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

တစ်ရက်လျှင် ဖုန်း၊ ကွန်ပျူတာကို မိနစ် ၉၀ မျှ ကြည့်ရုံဖြင့် ကလေးများ၏ စာဖတ်စာရေးစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်နိုင်

ဝယ်လင်တန်  ဇန်နဝါရီ ၃၀

တစ်ရက်လျှင် ဖုန်း၊ ကွန်ပျူတာကို မိနစ် ၉၀ မျှကြည့်ရုံဖြင့် ကလေးများ၏ စာဖတ်၊ စာရေးစွမ်းရည်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

ထို့ပြင် ဖုန်း၊ ကွန်ပျူတာများကို မိနစ် ၉၀ ကြာထိ ကြည့်ရှုမှုကြောင့် ကလေးများတွင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများပေါ်လာနိုင်ခြေမှာလည်း မြင့်တက်လာနိုင်ကြောင်း နယူးဇီလန်နိုင်ငံ ကင်တာဂျူရီတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

အိပ်မောကျရန် ပုံမှန်ထက်အချိန်ယူရမှုက အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်

ပေကျင်း    ဇန်နဝါရီ ၃၀

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရန် ပုံမှန်ထက် အချိန်ယူရမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်မှု သံသရာစက်ဝန်း၏ အဆင့်တစ်ဆင့်ဖြစ်သော Rapid Eye Movement (REM) ခေါ် အဆင့်သို့ရောက်ရန် ကြန့်ကြာနေမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

ငဖဲ     ဇန်နဝါရီ    ၂၉

မကွေးတိုင်းဒေသကြီး   ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်   ဆည်ရေနှင့်မြေအောက်ရေတို့ကို အသုံးပြု၍    ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ   ၇၁၅၂   ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

တံတားဦး   ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီး တံတားဦး ခရိုင် တံတားဦးမြို့နယ် သူငယ်တော် ကျေးရွာ၏ (၂၈) ကြိမ်မြောက်နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ ၃၀ ရက်တွင် အဆိုပါကျေးရွာရွာလယ်မြတစ်သိန်းကိုးတောင်ပြည့် ဓမ္မာ ရုံ၌ ကျင်းပသည်။

အတိုးနှုန်းများကို မူလနှုန်းထားအတိုင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell သတ်မှတ်

အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းများကို မူလနှုန်းထားအတိုင်း ဆက်လက်သတ်မှတ်လိုက်ကြောင်း ကြေညာပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်ဗဟိုဘဏ်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powellတို့သည် စီးပွားရေးကို အလွဲသုံးစားလုပ်ကာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စွပ်စွဲပြောကြားခဲ့ပါသည်။