သတင်းများ

ရုရှားပိုင်နက် Kursk ဒေသရှိ ကျေးရွာမှ ရွာသူ၊ ရွာသားများကို ယူကရိန်းတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်

ယူကရိန်းစစ်တပ်က ရုရှားကျေးရွာ Russkoye Porechnoye ရှိ အမျိုးသမီး ၈ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးရမိခဲ့သည့် ယူကရိန်းစစ်သား Yevgeny Fabrisenko က ရုရှား စုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးစဉ် ဝန်ခံခဲ့သည်ဟု သိရှိရပါသည်။

လူ ၃၀၀ ဝန်းကျင်နေထိုင်သည့် Russkoye Porechnoye သည် Kursk ဒေသသို့ အနောက်ဥရောပ ထောက်ပံ့ကူညီမှုဖြင့် ယူကရိန်းတပ်များက ဝင်ရောက်ကျူးကျော် ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်သို့ကျရောက်ခဲ့ရသည်။ 

ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် ထောက်ပံ့ငွေများကို ရပ်ဆိုင်းပြီးနောက် ဂျော့ဆိုးရော့စ်၏သားက ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်နှင့်တွေ့ဆုံ

အမေရိကန် သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိကန်၏ ရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီးနောက် ဂျော့ဆိုးရော့စ်၏သား ဖြစ်သူက ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်နှင့် ဒါကာမြို့၌ လာရောက်တွေ့ဆုံကြောင်း၊ ၎င်းတို့ နှစ်ဦး၏ တွေ့ဆုံမှုသည် သုံးလအတွင်း ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ဖယ်ရှားခံရသည့် ရှိတ်ဟာစီနာ အစိုးရ နေရာတွင် နိုဘယ်ဆုရှင်က ကြားဖြတ်အစိုးရ အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ်အကြာ အောက်တိုဘာလအတွင်းက နယူးယောက်မြို့တွင်လည်း တွေ့ဆုံခဲ့ကြဖူးသည်ဟု နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”တွင် ဇန်နဝါရီလ ၃ဝ ရက်က ရေးသားဖော်ပြခဲ့ပါသည်။

ထရမ့်က EU သည် ဝါရှင်တန်အား ဆိုးရွားစွာ ဆက်ဆံသည်ဟု စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရပ်ဆဲလ်မြို့ (ဥရောပသမဂ္ဂဌာနချုပ်)သည် ဝါရှင်တန်အား “ဆိုးရွားစွာ ဆက်ဆံ” သည်ဟု စွပ်စွဲပြောကြားခဲ့ပြီး၊ ဥရောပသမဂ္ဂ ထုတ်ကုန်များအပေါ် သွင်းကုန်အခွန်များ စတင် တင်းကြပ် အသုံးပြုရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ကြေညာခဲ့ပါသည်။

ကိုးကား - RIA Novosti

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာ

ယူကရိန်းအတွက် ဆိုးဝါးနေသောအချိန်၌ ရုရှားသည် ဥရောပတွင် မဟာမိတ်များရရှိလာသည်ဟု Bloomberg သတင်းဌာနကရေးသားဖော်ပြထားပါသည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဇီလန်စကီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် စလိုဗက်ကီးယား၊ သြစတြီးယား၊ ခရိုအေးရှားနှင့် ဟန်ဂေရီစသည့် နိုင်ငံများရှိ အမျိုးသားရေးဝါဒီများက ယူကရိန်းအား ထောက်ခံမှုကိုမေးခွန်းထုတ်လာကြသည်” ဟု Bloomberg သတင်းဌာနက ရေးသားထားပါသည်။

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန် အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြု

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန်အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး၊ ယင်းကျည်ဆံ အမျိုးအစားအသစ်ကို မောင်းသူမဲ့လေယာဉ် (UAV) များအား ပစ်ခတ်ဖျက်ဆီးရန်အတွက် အသုံးပြုနေကြောင်း သိရှိရပါသည်။

Zvezda ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုတစ်ခုတွင် စစ်သည်များက ၇.၆၂ x ၃၉ မီလီမီတာ ကယ်လီဘာရှိသော ကျည်ဆန်အသစ်များပါဝင်သည့် ကျည်ကတ်ကို ပြသခဲ့ပါသည်။ ယင်းတို့တွင် သာမန်သတ္တုကျည်ဆန်အစား 3D ပရင့်နည်းပညာဖြင့် ဖောက်ထွင်းထားသော အခေါင်းပေါက်ကျည်ဆန်များပါဝင်ပြီး၊ အတွင်းတွင် ကျည်ဆံငယ်များ (buckshot) ဖြည့်ထားပါသည်။ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၂၀/၂၀၂၅)အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၂၀/၂၀၂၅)အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

အီးယူကစွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ရုရှားအပေါ်ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို ဟန်ဂေရီက ဗီတိုအာဏာဖြင့်ကန့်ကွက်မည်

အီးယူအနေဖြင့်    စွမ်းအင်ဖူလုံရေးအတွက်  အာမခံချက်မပေးနိုင်ပါက ဟန်ဂေရီနိုင်ငံက ၆ လအတွင်း ရုရှားနိုင်ငံအပေါ် အီးယူ၏ပိတ်ဆို့မှုသက်တမ်းတိုးခြင်းအား ဗီတိုအာဏာဖြင့် ကန့်ကွက်မည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဇန်နဝါရီလ ၃၁ ရက်တွင်ပြောသည်။

ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တရုတ်တည်ဆောက်ဟုဆို

တရုတ်နိုင်ငံကအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း အမေရိကန်အရာရှိများ၏ပြောဆိုချက်ကို ကိုးကား၍ FT က  ဇန်နဝါရီလ ၃၁ ရက်တွင်ဖော်ပြသည်။

အဆိုပါစစ်ဌာနချုပ်တွင် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့်   နျူကလီးယားစစ်ပွဲဖြစ်ပွားခဲ့ပါက အကာအကွယ်ယူနိုင်မည့် ဘန်ကာအများအပြားပါဝင်ကြောင်း     ဂြိုဟ်တုမှဖမ်းယူရရှိသည့် ဓာတ်ပုံများက  ဖော်ပြလျက်ရှိကြောင်းသိရသည်။

Gulf of Mexico ကို Gulf of America အဖြစ် ပြောင်းလဲရန် Google ကြေညာ

ဇန်နဝါရီ ၂၀ တွင် လက်မှတ်ရေးထိုးလိုက်သည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်ရေးအမိန့်အရ အမေရိကန်ရှိ Google အသုံးပြုသူများအတွက် Google Map ပေါ်တွင် မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) အမည်ကို အမေရိကပင်လယ်ကွေ့ (Gulf of America) အမည်သို့ ပြင်ဆင်ပြောင်းလဲတော့မည်ဖြစ်ကြောင်း Google က ဇန်နဝါရီ ၂၇ ရက်(တနင်္လာနေ့)တွင် ကြေညာလိုက်ပါသည်။