သတင်းများ

2020 election

နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှလေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်း ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်ကြေညာသည့် ဥပဒေပြဋ္ဌာန်း

ဂျကာတာ နိုဝင်ဘာ ၁၉

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဟောင်းဖြစ်သည့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ် ကြေညာသည့် ဥပဒေကို ပါလီမန်က နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မိမိတို့သည် နိုင်ငံ၏ မြို့တော်သစ်အား နျူဆန်တာရာသို့ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် ဂျကာတာအား အထူးဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း ပါလီမန်ဒုတိယဥက္ကဋ္ဌ အေဒီးကာဒါက ပြောကြား သည်။

ယူကရိန်းက ရုရှားဖက်သို့ ပထမဆုံးအကြိမ်  အမေရိကန်ထုတ် ATACMS ဒုံးကျည်များဖြင့် ပစ်ခတ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် ည ၇:၂၅ ခန့်တွင် ယူကရိန်းက ရုရှားပိုင်နက်အတွင်းသို့ အမေရိကန်ထုတ် ATACMS တာဝေးဒုံးကျည်များဖြင့် ပထမဆုံး အကြိမ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ ရက် တနင်္ဂနွေနေ့က အမေရိကန် သမ္မတ ဘိုင်ဒန်က တာဝေးဒုံးကျည်များ အသုံးပြုရန် ခွင့်ပြုပြီးနောက် ယခုအခါ စတင် သုံးစွဲခြင်း ဖြစ်ကြောင်း၊ အဆိုပါ တာဝေးဒုံးကျည်များအနက် ၅ ခုကို ရုရှားလေကြောင်းရန် ကာကွယ်ရေး တပ်က ပစ်ချခဲ့ပြီး ကျန်ဒုံးကျည်များမှာ ပျက်စီးသွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွက် ထိခိုက် ဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှု မရှိဟု ရုရှားလေကြောင်းရန်ကာကွယ်ရေးက ပြော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

Mr. Lin Jian

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းအပေါ် ၎င်း၏ရပ်တည်ချက်ကို အတည်ပြုခဲ့ပြီး တင်းမာမှု လျှော့ချရန်နှင့် နိုင်ငံရေးအရ ပြေလည်မှုပေးရန် တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

ကျောက်မျက်ပြပွဲ

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်

ရေအောက်ကေဘယ်ကြိုးပြတ်တောက်

နိုဝင်ဘာ ၁၉

ဖင်လန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ ကို ဆက်သွယ်ထားသော တစ်ခုတည်းသော ရေအောက် ကေဘယ်ကြိုး ပြတ်တောက်သွားခြင်းကြောင့်  ဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရှိရပါသည်။

ဖင်လန်နိုင်ငံပိုင် Cinia ကုမ္ပဏီသည် တနင်္လာနေ့မွန်းလွဲပိုင်းတွင် ကမ်းလွန်ပင်လယ်ပြင်ရှိ အဆိုပါ ကေဘယ် ကြိုးပြတ်တောက်ကြောင်း ကြေညာခဲ့သည်။ ပြတ်တောက်သွားသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရှိရသေးကြောင်း သိရှိရပါသည်။

ukraine

နိုဝင်ဘာ ၁၉

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည်မော်စကိုသို့ ဦးတည်တိုက်ခိုက်လာသော ဒရုန်း နှစ်စီး အပါအဝင် ယူကရိန်းဒရုန်း ၅၉ စီးကို ညတွင်းချင်းဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဘရိုင်ယန်စကီးဒေသတွင် ဒရုန်း ၄၅ စင်းဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ခဲ့ပါသည်။