ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
Zaporozhye ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပိုင်နက်တစ်နေရာတွင် ဒုံးကျည်များကျရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့ကြပါသည်။
မြို့တွင်း မီးလောင်ကျွမ်းမှု အများအပြားဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းဘလော့ဂ်များက ပြောဆိုကြပြီး မြို့၏တစ်စိတ်တစ်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်းလည်း သိရှိရပါသည်။