အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁ ရက်နေ့တွင် ရုရှား နိုင်ငံ အနီးသို့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ချဉ်းကပ်စေရန် အမိန့်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်၏ လူမှုကွန်ရက်မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခဲ့သည်။

Spaceship Neptune ဆိုတာ အာကာသ ခရီးသွားလုပ်ငန်းကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ မိုးပျံပူဖောင်းပုံစံအာကာသယာဉ် တစ်မျိုးဖြစ်ပါတယ်။ အာကာသခရီးသွားလိုတဲ့ ခရီး သည်တွေကို Spaceship Neptune နဲ့တင်ဆောင်ပြီး အာကာသအစွန်းတစ်ဖက်ဆီ ခရီးနှင်ခြင်းအားဖြင့် သူမတူတဲ့အာကာသအတွေ့အကြုံတွေကို ပေးစွမ်း နိုင်စေမှာပါ။ ဒီလိုမျိုး အာကာသခရီးသွားလုပ်ငန်းကို အပြောင်းအလဲဖြစ်အောင်ဖန်တီးခဲ့သူက Space Perspective ဆိုတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် အာကာသခရီးသွားလုပ်ငန်း ကုမ္ပဏီဖြစ်ပါတယ်။

NASA မှ သုတေသနပညာရှင်များက အသံထက်မြန်လေထီးများထွက်ပေါ်လာစေရေးအတွက် သုတေသနများကို အဆင့်ဆင့်ပြုလုပ်နေပါတယ်။ သူတို့ရဲ့သုတေသနထဲမှာ အဆင့် မြင့်အာရုံခံ ကိရိယာတွေ တပ်ဆင်ပြီး ပိုမိုအားကိုးယုံကြည်နိုင်တဲ့အပြင် ပိုမိုဘေးကင်းစိတ်ချရတဲ့ လေထီးတွေ ထွက်ပေါ်လာစေဖို့ လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။ အခုလိုမျိုးအဆင့်မြင့်လေထီးများကို တီထွင်ဖန်တီးနေရတဲ့ ရည်ရွယ်ချက်ကတော့ အင်္ဂါဂြိုဟ်ဆီကို သိပ္ပံဆိုင်ရာပစ္စည်းကိရိယာများနဲ့ ကုန်ပစ္စည်း များပေးပို့နိုင်ဖို့အတွက်ဖြစ်ပါတယ်။

ဥရောပအာကာသအေဂျင်စီ (ESA) က သုတေသနစီမံကိန်းတစ်ခုကို စတင်လိုက်ပါ ပြီ။ အဲဒီစီမံကိန်းက အသံနှုန်းလွန်ဖြစ်တဲ့ အမြန်နှုန်းနဲ့ ဂျက်လေယာဉ်တစ်စင်း ပျံတက်နိုင်စေမယ့် နည်းပညာကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။ သူတို့ရဲ့ သုတေသနအစီအစဉ်ကို Invictus လို့အမည်ပေး ထားပါတယ်။ Invictus ကနေထွက်ပေါ်လာမယ့် အရာတစ်ခုက တစ်နာရီကိုမိုင်ပေါင်း ၃၈၃၆ မိုင်နှုန်း နဲ့ပျံသန်းနိုင်စေမယ့် အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ယာဉ် တစ်မျိုးဖြစ်ပါတယ်။

ဘာစီလိုနာ သြဂုတ် ၁
ဘာစီလိုနာအသင်းက ဝေဖန်မှုများရှိနေသည့် ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည် ပြုကြေညာသည်။

နေပြည်တော် ဩဂုတ် ၂
အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ၎င်းတို့အပေါ် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

နေပြည်တော် ဩဂုတ် ၂
PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။