သတင်းများ

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဟားမတ်စ် အဖွဲ့ က အစ္စရေးသုံ့ပန်း ၃၄ ယောက်ကိုလွှတ်ပေးရန် အသင့်ရှိနေကြောင်းပြောကြား

နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးသုံ့ပန်း ၃၄ ဦးကို လွှတ်ပေးရန် အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က ရိုက်တာနှင့် အေအက်ဖ်ပီ သတင်း ဌာနများသို့ ပြောကြားခဲ့ပါသည်။

ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် လက်ရှိအချိန်တွင် ဂျာမနီအဓိပတိ Olaf Scholz နှင့်လည်းကောင်း၊ အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်နှင့် လည်းကောင်း တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။ 

“လောလောဆယ်မှာ ရုရှားခေါင်းဆောင်အနေဖြင့် သူတို့နဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု Peskov က သတင်းစာရှင်းလင်းပွဲမှာ ထိုကိစ္စနှင့်ပတ်သက်သည့် မေးမြန်းလာမှုအပေါ် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။ 

မြောက်ကိုရီးယား၏ ယခုနှစ် ပထမဆုံး တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ ပစ်လွှတ်

မြောက်ကိုရီးယားသည် ၅-၁-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ တာလတ်ပစ် ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားထားပါသည်။ 

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်မှာ နေ့လယ် ၁၂၁၁ အချိန်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုံးယမ်းရှိ တစ်နေရာမှ ပစ်လွှတ်လိုက်သည်ဟု ယူဆရပြီးဒုံးကျည်ပျံသန်းမှုအကွာအဝေးနှင့်အမြင့်ပေ အသေးစိတ်အချက်အလက်များကို မကြာခင် ထုတ်ပြန်သွားမည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ 

ဂရင်းလန်းက ဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန် လုပ်ဆောင်နေ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်စက်ဝိုင်းအနီးမှ တစ်နှစ်ပတ်လုံး ရေခဲနေသော ဂရင်းလန်းကျွန်းကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝယ်ယူမည်ဟု ဆိုနေသည့်အတွက် ကျွန်းအုပ်ချုပ်ရေးအဖွဲ့များက စိုးရိမ်တကြီးဖြစ်ကာ မိခင်နိုင်ငံဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန်အတွက် စီစဉ်နေကြပါသည်။ 

သံတမန်ရေးရာနည်းလမ်းအရ ညှိနှိုင်းမရလျှင် စစ်အတွက် ပြင်ဆင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာစ်အာရာဂ်ချီက အစ္စရေးအနေဖြင့် အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်းအနေဖြင့် သံတမန်နည်းလမ်းဖြင့်ဆက်သွယ်ရန် ကြိုးစားခြင်းကို ရပ်ပြီး စစ်ပွဲကြီးများအတွက် ပြင်ဆင်ထားရန် CCTV နှင့်အင်တာဗျူးတွင် ပြောကြားသွား ပါသည်။ 

မလေးရှားသည် ၂၀၂၄ ခုနှစ်တွင် HMPV ဖြစ်ပွားမှု ၃၂၇ ခုကို မှတ်တမ်းတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများသတိရှိကြရန်တိုက်တွန်း
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ကျန်းမာရေး - တနင်္လာနေ့, 6-ဇန္နဝါရီလ-2025

မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် human metapneumovirus (HMPV) ကူးစက်မှု ၃၂၇ ခု တွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားမှု ၂၂၅ ခု ထက် ၄၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

Pneumoviridae ဗိုင်းရပ်စ်အမျိုးအနွယ်ဖြစ်ပြီး HMPV သည် ဗိုင်းရပ်စ်အသစ်ကြောင့်ဖြစ်သော ရောဂါမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည် ။

အမေရိကန်သမ္မတ Biden က သမ္မတ၏ဂုဏ်ထူးဆောင်ဆု(Presidential Medal of Freedom)ကို ရရှိသူများအား ကြေညာ
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္လာနေ့, 6-ဇန္နဝါရီလ-2025

သမ္မတ Biden သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အိမ်ဖြူတော်၌ ပေးအပ်ချီးမြှင့်မည့် Presidential Medal of Freedom ရရှိသူများ၏ အမည်စာရင်းများကို ကြေညာခဲ့သည်။

ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သန်း ၄၀ သေဆုံးနိုင် သည်ဟု UK ကျန်းမာရေးမှူးဟောင်းပြောဆို
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ကျန်းမာရေး - တနင်္လာနေ့, 6-ဇန္နဝါရီလ-2025

ပိုးသတ်ဆေးယဉ်ပါးမှုကို မစစ်ဆေးဘဲ ပေါ့ဆခဲ့ပါက ၂၀၅၀ တွင် သန်း ၄၀ သေဆုံးနိုင်သည်ဟု AMR ဆိုင်ရာ UK အထူးသံတမန်နှင့် အင်္ဂလန်၏ ဆေးဘက်ဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Sally Davies က Observer ကို ဒီဇင်ဘာ ၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

မီလန်မြို့က အများပြည်သူနှင့် ဆိုင်သောနေရာများတွင် ဆေးလိပ်မီးညှိလျှင်ပင် ဒဏ်ငွေရိုက်မည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - တနင်္လာနေ့, 6-ဇန္နဝါရီလ-2025

အီတလီနိုင်ငံ၏ စီးပွားရေးမြို့ဖြစ်သည့် မီလန်မြို့တွင် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဆေးလိပ်သောက်ရန် ဆေးလိပ်မီးညှိလျှင်ပင် လာရောက် ဖမ်းဆီးပြီး ဒဏ်ငွေအများအပြားရိုက်မည်ဟု အမိန့် ထုတ်လိုက်ပါသည်။ အဆိုပါအမိန့်သည် ဇန်နဝါရီလ ၁ ရက်နေ့မှစတင် အသက်ဝင်ကြောင်းသိရှိရပြီး ထုတ်ပြန် သည့်အမိန့်စာ၌ ဒေသတွင်းလေထုသန့်စင်စေရန်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ရည်ရွယ်ပြီးထုတ်ပြန်ရကြောင်း ပါရှိပါသည်။ ချမျတ်ထားသောအမိန့်၌ ဖမ်းဆီးမှုတစ်ခု အတွက် ယူရို ၄၀ မှ ၂၄၀ အတွင်းချမှတ်မည်ဟု ဆိုပါသည်။ ၎င်းအမိန့်နှင့်ပတ်သက်ပြီး မြို့ခံများက ကြိုက်နှစ်သက်မှုမရှိကြသော်လည်း အချို့က လူမှုကွန်ယက်စာမျက်နှာပ

တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်းအကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် (၇)ဦးကိုဖမ်းမိ

တပ်မတော်အရာရှိတစ်ဦးအားပစ်ခတ်ခဲ့မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်မှုများပြုလုပ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် (၇)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ မရမ်းကုန်းမြို့နယ်တွင်ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာပွဲတက်ရောက်ပြီး ညီမဖြစ်သူနှင့်အတူပြန်ထွက်လာသော ပြင်ဦးလွင်မြို့မှခွင့်ပြန်လာသည့် တပ်မတော်အရာရှိတစ်ဦး ဒီဇင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။