ဘရစ္စတိုတက္ကသိုလ်မှ သုတေသနတစ်ခုမှာ စမတ်နာရီတွေက ဆေးလိပ်စွဲနေသူတွေကို ဆေးလိပ်ဖြတ်နိုင်စေဖို့ကူညီပေးနိုင်မယ်လို့သုံးသပ်ထားပါတယ်။ အဓိကကတော့ စမတ်နာရီများအတွက် သီးသန့်ထုတ်ထားတဲ့ အပလီကေးရှင်းကို အသုံးပြုခြင်းအားဖြင့်ဖြစ်ပါတယ်။


Altay ပင်မတိုက်ပွဲဝင်တင့်က ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ တူကီယဲကြည်းတပ်ရဲ့စစ်လက်နက်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီပင်မတိုက်ပွဲဝင်တင့်ဆိုတာက သံချပ်ကာယာဉ်များရဲ့မျိုးဆက်အသစ်တစ်ခုကို ကိုယ်စားပြုနေတဲ့အပြင် ခေတ်သစ်ခြေလျင်တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေနဲ့ပြည့်မီအောင်လည်းတီထွင်ဖန်တီးထားတာကြောင့် တူကီယဲရဲ့စွမ်းရည်ကိုပြန်လည်သတ်မှတ်ပေးမယ့် တင့်တစ်စီးဆိုရင်လည်း မမှားပါဘူး။

တရုတ်နိုင်ငံမှ Chang Guang ဂြိုဟ်တု နည်းပညာကုမ္ပဏီက အာကာသကနေ မြေပြင်ကို အချက်အလက်ပေးပို့မှုကဏ္ဍမှာ သမိုင်းမှတ်တိုင်အသစ်စိုက်ထူလိုက်နိုင်ပါပြီ။ ဒါ့အပြင် စတားလင့်ရဲ့စံချိန်ကိုလည်းကျော်လွန်သွားပါပြီ။
အကြောင်းရင်းကတော့ အာကာသမှ မြေပြင်သို့ လေဆာထုတ်လွှင့်မှုစနစ်သုံး အချက်အလက်ပေးပို့မှုအတွက်အမြန်နှုန်းက 6G အမြန်နှုန်းအထိရှိလို့ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ ဆက်သွယ်ရေးနည်းပညာက အမြင့်ဆုံးအနေနဲ့ 5G ကိုသာသုံးနေကြတာပါ။

အိန္ဒိယနိုင်ငံက လက်ရှိမှာဒုံးကျည်ကို အဓိကတင်ပို့သူဖြစ်လာမယ့်အနေအထားကိုရောက်ရှိနေပါပြီ။ အကြောင်းရင်းကတော့ ဗီယက်နမ်ကို Brahmos ဒုံးကျည် များတင်ပို့ရောင်းချဖို့အတွက် သဘောတူညီချက်ရရှိလိုက်လို့ပါပဲ။ သဘောတူညီချက်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာသန်း ၇၀၀ ရှိပါတယ်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်းသို့အများအပြားဝင်ရောက်နေထိုင်ခွင့်ပြုခြင်း၊ အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်းတည်ဆောက်မှုအတွက် ခွဲဝေပေးထားသော ကုန်ကြမ်းပစ္စည်းများကိုရောင်းချခြင်းအားဖြင့် နိုင်ငံတော်သစ္စာဖောက်မှုကိုကျူးလွန်ကြောင်း အီလွန်မက် ကစွပ်စွဲလိုက်သည်။
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်များက အမေရိကန်နိုင်ငံ၏နယ်စပ်ဒေသများ လုံခြုံမှုမရှိခြင်းအတွက် ဂျိုးဘိုင်ဒင်ကိုလွန်ခဲ့သောနှစ်များစွာကတည်းက ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရက စစ်ဘက်တွင်သာမက အရပ်ဘက်တွင်ပါအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများ အမေရိကန်ကုမ္ပဏီများသို့တင်ပို့မှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်တွင်ထုတ်ပြန်သည်။

ကိုင်ရို ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ်အတွင်း အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်း စံချိန်တင်ခဲ့ကြောင်း အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာမတ်ဘောင်လီက ယမန်နေ့ကပြောကြားသည်။

ဂျေရုဆလင် ဇန်နဝါရီ ၂
အစ္စရေးနိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၁၀ ဒသမ ၀၂၇ သန်းရောက်ရှိလာသဖြင့် ၂၀၂၃ ခုနှစ်ကုန်က ၉ ဒသမ ၉၁၅ သန်းရှိရာမှ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းဗျူရိုက ဇန်နဝါရီ ၂ ရက်တွင် နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
လူဦးရေး ၁၂ ဆကျော်တိုးလာ

ပြင်သစ်တပ်ဖွဲ့များ အနောက်အာဖရိကဒေသမှ ဆုတ်ခွာမည်ဖြစ်ကြောင်းနှင့် ယခင် ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည့် အနောက်အာဖရိကဒေသများအပေါ် စစ်ရေးအရ လွှမ်းမိုးမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်နိုင်ငံသမ္မတ Alassane Ouattara က ကြေညာလိုက်ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီတိုးတက်လာခြင်းပင်ဖြစ်ကြောင်း သမ္မတက ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြား ထားပါသည်။

ယူကရိန်းတစ်ဆင့်ခံ ရုရှားဓာတ်ငွေ့တင်ပို့မှုစနစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ် သက်တမ်းကုန်ဆုံးသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းမှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ရပ်ဆိုင်းလိုက် သဖြင့် ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပက ဆုံးရှုံးမည်ဖြစ်ကြောင်း ကမ္ဘာ့ဈေးကွက်လေ့လာရေးဌာန ဒါရိုက်တာ Alexey Bobrovsky က ခန့်မှန်းပြောကြား လိုက်ပါသည်။