ဘိုင်ယမ်မြူးနစ်အသင်းဟာ ဟေဒင်ဟိမ်းအသင်းနဲ့ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)မှာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ၁၀ ပွဲနိုင်၊ သုံးပွဲသရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဖရန့်ဖက်အသင်းကို ခြောက်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။