ဝါရှင်တန် ဒီဇင်ဘာ ၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက အမေရိကန်သမ္မတ၏ သားဖြစ်သူသည် ဥပဒေအထက်တွင် ရှိနေသည်ဆိုသည့် အချက်မှာ ထင်ရှားကြောင်း အိက်စ်လူမှုကွန်ရက်တည်ထောင်သူ အီလွန်မတ်စ်က ၎င်း၏ အိက်စ်လူမှုမီဒီယာစာမျက်နှာတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ဟန်းတားဘိုင်ဒင်အား သီးခြားတရားစွဲဆိုထားသည့် ရာဇဝတ်မှုနှစ်ခုအတွက် သမ္မတဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ကြေညာခဲ့သည်။