သတင်းများ

ကျိုက်ထိုမြို့အနီး ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း

နေပြည်တော် ဇွန် ၂၄

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအားလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် ငါးဂါလန်ပုံးများဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းခုနစ်လုံးနှင့် မိုင်တိုင်အမှတ်(၉၄/၃) နေရာ၌ ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးတို့အားလည်းကောင်း စုစုပေါင်းဒေသန္တရလက်လုပ်မိုင်း ၁၁ လုံးတို့အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI

25 June 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းဝင်းအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းရှိ KG ဆောင်၏ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းများ ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါစာသင်ကျောင်း၌ ကျောင်းဆရာမ ၅ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်၍ စာသင်ကျောင်းအား Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး သေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရကြောင်း သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲ ရေးသား

25 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦးသေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအမှန်သိရှိနိုင်ရေး စိစစ်ခဲ့ရာ မင်းလှမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်းနှင့် မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်းရှိသည့်အနက် အခြေခံပညာမူလတန်းကျောင်း(ဆားချောင်းလေး)သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှစ၍ လုံခြုံရေးအခြေအနေအရလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(ကျွန်းကုန်း)သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ မရှိသဖြင့်လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိဘဲ ပိတ်ထားလျက်ရှိပြီး ကျန်အခြေခံပညာစာသင်ကျောင်း ၁၅၃ ကျောင်းမှာ ပုံမှန်ဖွင့်လှစ်လျက် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ 
တရားမဝင် ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်မြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများဖြင့် လုပ်ကြံရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။ 

ကိယက်ဗ်၏ မဟာမိတ်များ NATO ထိပ်သီးအစည်းအဝေးအတွက် ရောက်ရှိနေချိန်တွင် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း နိုင်ငံသား ဒါဇင်ချီ သေဆုံးခဲ့ရ

ယူကရိန်းအရာရှိများ၏ ဖော်ပြချက်အရ ရုရှားတပ်များ၏ တိုက်ခိုက်မှု များကြောင့် တနင်္လာနှင့် အင်္ဂါနေ့ (ဇွန် ၂၃ ၊ ၂၄) တို့တွင် ၄၈ နာရီအတွင်း ယူကရိန်းနိုင်ငံသား အရပ်သားဒါဇင်ချီ၍ သေဆုံးခဲ့ပြီး လပေါင်း များစွာ အတွင်း အသေအပျောက်အများဆုံး နေ့ရက်များဖြစ်ခဲ့သည်။

ရုရှား၏တိုက်ခိုက်မှုများတွင် သေဆုံးခဲ့သူများထဲ၌ အသက် ၅ နှစ်အရွယ် ကလေးနှင့် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးလည်း ပါဝင်နေပြီး ယင်းတိုက်ခိုက်မှုများကို ယူကရိန်း၏မဟာမိတ်များ နယ်သာလန်နိုင်ငံတွင် NATO ထိပ်သီး အစည်းအဝေးအတွက် ရောက်ရှိနေချိန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းအရာရှိများက အင်္ဂါနေ့ (ဇွန် ၂၄) တွင် ရုရှား၏ ဒုံးကျည် တစ်စင်းသည် နိုင်ငံ၏အရှေ့တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သော ဒနီပရိုမြို့ကို ထိမှန်ခဲ့ရာတွင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ တနင်္လာနေ့ (ဇွန် ၂၃) က ကိယက်ဗ်မြို့ရှိ တိုက်ခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်မှုတွင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ ဆူမီ၊ ခါဆွန်၊ ဒိုနက်စ်နှင့် အိုဒက်ဆာဒေသများအပါအဝင် တိုက်ခိုက်မှုများတွင် အခြားလူဦးရေ အနည်းဆုံး နှစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

ဒေသခံအရာရှိများက ယခင်တိုက်ခိုက်မှုများနှင့်မတူဘဲ အဆိုပါဒုံးကျည် တိုက်ခိုက်မှုသည် ဒနီပရိုမြို့တွင် ကြီးမားသောပျက်စီးမှုဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

မြို့တော်ဝန် Borys Filatov က ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ မြူနီစီပယ်နေရာများနှင့် လူနေထိုင်ရာအဆောက်အအုံများအပါအဝင် အဆောက်အအုံပေါင်း ၅၀ နီးပါး ပျက်စီးခဲ့သည်ဟု ဆိုသည်။

“ဤသည်မှာ စစ်ကြီးဖြစ်ပွားသည့်ကာလအတွင်း မြို့တော်တစ်ခုလုံး မကြုံဖူးသေးသည့် အကြီးစားပျက်စီးမှုဖြစ်ပါသည်။ သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ အလွန်များပြားလှသဖြင့် လူနာတင်ယာဉ်များပင် အချိန်မီ လိုက်လံသယ်ယူနိုင်ခြင်း မရှိပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

အာဏာပိုင်များ၏ထုတ်ပြန်ချက်အရ လူ ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အင်္ဂါနေ့ (ဇွန် ၂၄) ညနေအထိ မြို့တွင်းဆေးရုံများတွင် လူ ၁၀၀ ခန့် ဆက်လက် ကုသမှုခံယူနေရဆဲဖြစ်သည်။

လူဦးရေ ၅၀၀ ခန့်လိုက်ပါစီးနင်းလျက်ရှိသော ခရီးသည်တင် ရထားတစ်စင်းလည်း အဆိုပါတိုက်ခိုက်မှုတွင် ပျက်စီးခဲ့သည်။

“မြို့တစ်ဝှမ်းရှိ နေအိမ်အဆောက်အဦများနှင့် မြူနီစီပယ် အဆောက်အဦများတွင် ပြတင်းပေါက်မှန် ၂၀၀၀ ကျော်ကွဲကြေခဲ့ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

မော်စကို ဇွန် ၂၄

အီရန် နျူကလီးယားအဆောက်အအုံများအား အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုသည် ကမ္ဘာကြီးအား အန္တရာယ်များသည့် အခြေအနေ တစ်ခုအတွင်းသို့ တွန်းပို့နေ ကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၂၃ ရက်တွင် ဝေဖန်လိုက်သည်။ မော်စကိုမြို့သို့ ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီနှင့် ကရင်မလင် နန်းတော်၌ တွေ့ဆုံဆွေးနွေးစဉ် ရုရှားသမ္မတပူတင်က အီရန် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အဆိုပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်လေတပ်က အီရန် နျူကလီးယားအဆောက်အအုံများ ကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့ပြီး နောက် အဓိကမဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးရောက်ရှိနေခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခဲ့သောကြောင့် ကမ္ဘာကြီးကို အန္တရာယ်များသောအခြေအနေဆီသို့ တွန်းပို့နေကြောင်း ရုရှားသမ္မတပူတင် က အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရုရှားနှင့် အီရန်နိုင်ငံတို့သည် ယခုနှစ်စပိုင်းတွင် နှစ်၂၀ သက်တမ်း ရှိ မဟာဗျူဟာမြောက်မိတ်ဖတ် ဆက်ဆံရေးသဘောတူညီချက်ကို

လက်မှတ်ရေးထိုးထားသည်။ သို့ရာတွင် ယင်းသဘောတူညီ ချက်၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ရေးအရ အကာအကွယ်ပေးရေး ပြဋ္ဌာန်းချက် ပါဝင်မှုမရှိကြောင်း သိရသည်။
Ref: RT

Trs: KKO

YDNB Newspaper

ရုရှား တိုက်ခိုက်မှုကို မည်သည့်အတွက်ကြောင့် ကြောက်ရွံ့နေရသနည်းဆိုသည့် မေးခွန်းကို NATO အကြီးအကဲ ရှောင်ရှား

NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က ရုရှားက ငါးနှစ် အတွင်း တိုက်ခိုက်နိုင်သည်ဆိုသည့် ပြောဆိုမှုများနှင့် ပတ်သက်၍ မည်ကဲ့သို့သော အကြောင်းအချင်းအရာများကြောင့် ယုံကြည်ရသည် ဆိုခြင်းကို ရှင်းမပြနိုင်ခဲ့သော်လည်း တနင်္လာနေ့ (ဇွန် ၂၃) သတင်းစာ ရှင်းလင်းပွဲ၌ ရုရှား၏တိုက်ခိုက်လာနိုင်မှုကို အကြောင်းပြကာ စစ်ရေး အသုံးစရိတ် တိုးမြှင့်ရန် ထပ်လောင်းတိုက်တွန်းခဲ့ပါသည်။

မကြာသေးမီလအနည်းငယ်အတွင်း အနောက်ဥရောပ အရာရှိများစွာက ရုရှားသည် အနီးအနားရှိ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုကို တိုက်ခိုက်နိုင် သည်ဟု ထပ်ခါထပ်ခါပြောဆိုခဲ့ပြီး ယင်းအချက်ကို ကာကွယ်ရေး အသုံးစရိတ် များစွာ သုံးစွဲရန် အကြောင်းပြချက်အဖြစ် အသုံးချနေသည်။ မော်စကိုက အဆိုပါစွပ်စွဲချက်များကို အတိအလင်းငြင်းဆိုခဲ့ပြီး “အဓိပ္ပာယ်မရှိသော စကားများ” ဟု တုံ့ပြန်ထားပါသည်။

The Hague ၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် Rutte ကို NATO အနေဖြင့် ရုရှားက ငါးနှစ်အတွင်း တိုက်ခိုက်နိုင်သည်ဆိုသည့် အကဲဖြတ်ချက်၏ အခြေခံအကြောင်းရင်းကို မေးမြန်းခဲ့မှုအား NATO အထွေထွေအတွင်းရေးမှူးချုပ်က သီးသန့် ထောက်လှမ်းရေး အချက်အလက်များ သို့တည်းမဟုတ် ခြိမ်းခြောက်မှု ဆိုင်ရာ အကဲဖြတ်ချက်များကို ရှင်းလင်းမဖော်ပြဘဲ NATO အဖွဲ့ဝင် နိုင်ငံ များ၏ ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၅% အထိ တိုးမြှင့်ရန်သာ တိုက်တွန်းခဲ့ပါသည်။

Rutte က NATO အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများ များပြားနေသည်ဟု ပြောကြားကာ “ဝါရင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးများနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများက ယနေ့တွင် မိမိတို့အနေဖြင့် ပိုမိုရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ပါက နောင် ၃၊ ၅၊ ၇ နှစ်ကြာလျှင် ရုရှားက မိမိတို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်လိမ့်မည်” ဟု ပြောဆိုထားသည်ဟု ရှင်းပြခဲ့သည်။

၎င်းက လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း အမြောက်အမြား ပိုမိုသုံးစွဲရမည့် ကာကွယ်ရေးအသုံးစရိတ် လိုအပ်သည်ဟု ထပ်လောင်းပြောကြားခဲ့ပြီးNATO ၏ အနာဂတ်ပြင်ဆင်မှုများအတွက် နှစ်စဉ်တိုးမြှင့်သုံးစွဲရန်လိုအပ်ကြောင်း၊ လူအင်အားနှင့် စစ်လက်နက်ပစ္စည်းအသစ်များ အင်အား ထပ်မံဖြည့်တင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား- RT

ကာတာနိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို ဒုံးကျည် ၁၄ စင်းဖြင့် အီရန်တိုက်ခိုက်

တီဟီရန် ဇွန် ၂၄

အီရန်နျူကလီးယား အဆောက်အအုံများတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် ကာတာနိုင်ငံရှိ အမေရိကန် လေတပ်စခန်းတစ်ခုကို ဇွန် ၂၃ ရက် တွင် ဒုံးကျည် ၁၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်လေတပ်က အီရန် နျူကလီးယားအဆောက်အအုံ သုံးလုံးကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံက ကာတာနိုင်ငံရှိ  အယ်လ်အူဒီ အမေရိကန် လေတပ်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အယ်လ်အူဒီ လေတပ်စခန်းနှင့် ကာတာနိုင်ငံတို့၌ မည်သူမျှအထိအခိုက်မရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အယ်လ်အူဒီ လေတပ်စခန်းဆီသို့ အီရန်နိုင်ငံပစ်လွှတ်ခဲ့သော ဒုံးကျည်များကို ကာတာလေကြောင်းရန် ကာကွယ်ရေးတပ်များက ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အယ်လ်အူဒီ လေတပ်စခန်းအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည့်အစီအစဉ်ကို အီရန်နိုင်ငံက အမေရိကန်နိုင်ငံနှင့် ကာတာနိုင်ငံများကို သံတမန်လမ်းကြောင်းများမှ တစ်ဆင့် ကြိုတင်အသိပေးခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုများကို အလျှော့ပေးလက်ခံလိမ့်မည် မဟုတ်ကြောင်း အယ်လ်အူဒီ လေတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန် ခေါင်းဆောင် အယာတိုလာ ခါမေနီက ကြေညာထားကြောင်း သိရသည်။

Ref: RT

Trs: KKO

Photo - CBS News

၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်ရှိ သုခဒဂုံအိမ်ရာ၌ ညအချိန်တိုက်ခန်းအတွင်း ဝင်ရောက်ကာ လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသား နှစ်ဦးအား ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် နံနက် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ သုခဒဂုံအိမ်ရာ၊ တိုက်(၄၄)၊ အခန်းအမှတ်(၂၀၃)နေ ဦးနေလင်း(၅၃)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်နှင်းယုအောင်(၃၃)နှစ်တို့ နှစ်ဦးသည် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသည့် အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ ၎င်းတို့နှစ်ဦး၏ လည်ပင်းအား လာရောက်ညှစ်သဖြင့် ပြန်လည်ရုန်းကန်ခဲ့ရာ အမျိုးသား တစ်ဦး(စိစစ်ဆဲ)မှ မီးဖိုခန်းအတွင်း ပြေးသွား၍ ဓား တစ်ချောင်း ယူဆောင်လာပြီး ဦးနေလင်းနှင့် ဒေါ်နှင်းယုအောင်တို့ နှစ်ဦးအား ဓားဖြင့် အချက်ပေါင်းများစွာထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးနေလင်းတွင် ဝဲရင်အုံထိုးသွင်း ဒဏ်ရာ ၂၅ ချက်၊ လည်ပင်း ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ယာနံဘေးထိုးသွင်း ဒဏ်ရာ ၃ ချက်တို့ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်နှင်းယုအောင်တွင် ဝဲနံဘေးထိုးသွင်း ဒဏ်ရာ ၅ ချက်၊ ယာလက်ဖျံထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝဲခြေသလုံးထိုးသွင်း ဒဏ်ရာ ၃ ချက်တို့ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ရသောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၅၀၀/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။ 
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူတရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မသင်္ကာသူများအား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခန်းအမှတ်(၂၀၄)၌ အခန်းပိုင်ရှင် ကျော်အောင်(၅၃)နှစ်(ဘ)ဦးခင်မောင်လွင်နှင့်အတူ အခန်းအမှတ်(၂၀၂)နေ မင်းဇော်(ခ)မင်းမင်း(၅၈)နှစ်(ဘ)ဦးထွန်းရင်တို့ နှစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ မင်းဇော်(ခ)မင်းမင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ ဦးနေလင်းပိုင်ဆိုင်သည့် YGN-36/5D-XXXX TOYOTA VITZ ခဲရောင်မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံအား ကိုမြင့်သူ(ကလော)(စိစစ်ဆဲ)ထံသို့ ပေးပို့ကာ လိုင်စင်မဲ့ကားရောင်းရန်ရှိကြောင်း ပေးပို့ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးကာ အသေးစိတ်စစ်ဆေးခဲ့ပါသည်။
 ဖမ်းဆီးရမိတရားခံ ကျော်အောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ သုခဒဂုံအိမ်ရာ၊ တိုက်(၄၄)၊ အခန်းအမှတ်(၂၀၄) အား မဲပေါက်၍ရရှိထားပြီး အဆိုပါအခန်းအား ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ အခြားသူအား ငှားရမ်းထားသည်ကို ဦးနေလင်းမှ အိမ်ရာကော်မတီသို့ တိုင်တန်းခဲ့သဖြင့် အိမ်ရာကော်မတီမှ စည်းကမ်းချက်နှင့်မညီလျှင် တိုက်ခန်းအား ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း သတိပေးခံရသဖြင့် ဦးနေလင်းအား အငြိုးထားခဲ့ကြောင်း၊ မကျေနပ်ချက်အပေါ် အခြေခံ၍ ဦးနေလင်းအား သတ်ရန်ကြံရွယ်ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူ မင်းဇော်(ခ)မင်းမင်းနှင့် ဇွန် ၂၀ ရက်တွင် အခန်းအမှတ်(၂၀၄)၌ တွေ့ဆုံတိုင်ပင်ခဲ့ကြောင်း။
ထို့နောက် ဇွန် ၂၁ ရက် နံနက် ၂ နာရီတွင် ၎င်းတို့နှစ်ဦးသည် အနက်ရောင်မျက်နှာဖုံးများဝတ်ဆင်ကာ ဦးနေလင်း၏ အခန်းအမှတ်(၂၀၃)အတွင်းသို့ နောက်ဖေးပြတင်းပေါက်မှ ဝင်ရောက်ခဲ့ကာ မင်းဇော်(ခ)မင်းမင်းမှ ၎င်းအသင့်ယူဆောင်လာသည့် ဓားဦးချွန်အား အဆိုပါအခန်း မီးဖိုခန်းဘေစင်ပေါ်၌ ထားခဲ့ကြောင်း၊ ထို့နောက် အိပ်ခန်းအတွင်းဝင်ရောက်ကာ ဦးနေလင်းအား ကျော်အောင်မှလည်းကောင်း ဒေါ်နှင်းယုအောင်အား မင်းဇော်(ခ)မင်းမင်းမှလည်းကောင်း လည်ပင်းညှစ်၍ သတ်ရန်အားထုတ်ခဲ့ရာ ၎င်းတို့မှရုန်းကန်၍ ပြန်လည်တိုက်ခိုက်လာသဖြင့် မင်းဇော်(ခ)မင်းမင်းမှ မီးဖိုခန်းအတွင်း ထားခဲ့သည့် ဓားဦးချွန်အား သွားရောက်ယူဆောင်၍ ဒေါ်နှင်းယုအောင်နှင့် ဦးနေလင်းတို့အား အချက် ၂၀ ခန့်ထိုးခဲ့ကြောင်း၊ အဆိုပါဓားအား ကျော်အောင်မှယူ၍ ဦးနေလင်းအား အချက် ၂၀ ခန့်ထပ်မံထိုးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် ဦးနေလင်းနှင့် ဒေါ်နှင်းယုအောင်တို့ ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ၃ လုံး၊ TABLET ၁ လုံးတို့အား ယူဆောင်ကာ မီးဖိုခန်းပြတင်းပေါက်မှ ပြန်လည်ထွက်ပြေးခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိခဲ့ရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ အခန်းအမှတ်(၂၀၄)အတွင်းမှ ၎င်းတို့ယူဆောင်သွားသည့် လက်ကိုင်ဖုန်း ၃ လုံး၊ TABLET ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ်က ၎င်းတို့အသုံးပြုခဲ့သည့် အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် တိုက်ခန်းအိမ်ရာကော်မတီသို့ တိုင်ကြားခဲ့သည့်ကိစ္စအား အခြေခံကာ လူသတ်ရန် ကြိုတင်ကြံစည်ကာ ညအချိန်တိုက်ခန်းအတွင်း ဝင်ရောက်၍ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်အောင်နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူ မင်းဇော်(ခ)မင်းမင်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်ခဲ့မှုကြောင့် အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ဖမ်းဆီးရမိ တရားခံ နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေထွက်ကျေးရွာနေ မြစ်ကျင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလတန်းပြဆရာဖြစ်သူ ဦးမျိုးမြင့်(၂၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

UK က အမေရိကန်ထံမှ နျူကလီယားလက်နက် သယ်ဆောင်နိုင်သော F-35A တိုက်လေယာဉ် ၁၂ စီးကို ဝယ်ယူရန် နှင့် NATO ၏ နျူကလီယား စီမံကိန်းတွင် ပါဝင်ရန် ပြင်ဆင်နေ

UK သည် နျူကလီယားလက်နက်သယ်ဆောင်နိုင်သည့် F-35A တိုက်လေယာဉ် ၁၂ စီးကို အမေရိကန်ထံမှ ဝယ်ယူရန် စီစဉ်နေပါသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ကျင်းပမည့် NATO အစည်းအဝေးတွင် အဆိုပါကြေညာချက်ကို ပြုလုပ်မည်ဖြစ်ပြီး NATO အဖွဲ့ဝင်နိုင်ငံများအား မဟာမိတ်အဖွဲ့အတွက် ပိုမို ပံ့ပိုးကူညီရန် တိုက်တွန်းမည်ဖြစ်သည်။

ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ)၏ ထုတ်ပြန်ချက်အရ စတာမာက “ယူကေ၏ NATO အပေါ် ကတိကဝတ်သည် သံသယဖြစ်ဖွယ် မရှိသကဲ့သို့ မဟာမိတ်အဖွဲ့၏ ယူကေအား ဘေးကင်းလုံခြုံစေရန် မဟာမိတ်အဖွဲ့၏ ပံ့ပိုးကူညီမှုသည်လည်း အငြင်းပွားဖွယ်မရှိပါ။ သို့သော် အနာဂတ် မျိုးဆက်များအတွက် ဥရောပ-အတ္တလန္တိတ်ဒေသ လုံခြုံရေးကို ကာကွယ်ရန် မိမိတို့အားလုံး ပိုမိုကြိုးပမ်းရမည်” ဟု ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ NATO နိုင်ငံများအား ကာကွယ်ရေးအသုံးစရိတ် “လုံလောက်စွာ မသုံးစွဲကြ” ဟူသော ထပ်တလဲလဲ ဝေဖန်မှုများနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်ထုတ်လုပ်သူ Lockheed Martin မှ အဓိကတည်ဆောက်ထားသော ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် F-35A သည် ကမ္ဘာ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များထဲတွင်ပါဝင်ပြီး အလွန်ဈေးကြီးသည့် လေယာဉ်အမျိုးအစားလည်း ဖြစ်ပါသည်။

နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသော လေယာဉ်များဝယ်ယူရန် ဆုံးဖြတ်ချက်သည် ဗြိတိန်၏ နျူကလီးယားစစ်ရေး မဟာဗျူဟာကို ကောင်းစွာမြှင့်တင်ရာလည်း ရောက်သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သည် ရေကြောင်းမှ နျူကလီးယား ခြိမ်းခြောက်မှုကာကွယ်ရေး စနစ်အပြင် NATO ၏ နျူကလီးယား လက်နက်သယ်ဆောင်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ်လုပ်ငန်းစဉ်တွင်လည်း ပါဝင်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ကီယာစတာမာက “အလွန်အမင်း မတည်မငြိမ်ဖြစ်နေသော ယခုခေတ်တွင် ငြိမ်းချမ်းရေးကို အလိုလိုရရှိနိုင်သည်ဟု မှတ်ယူ၍ မရတော့ပါ” ဟု ပြောကြားမည်ဟုဆိုသည်။

ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါဆုံးဖြတ်ချက်သည် ဗြိတိန်ရှိ F-35 အစီအစဉ်တွင် အလုပ်အကိုင် ၂၀,၀၀၀ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ကမ္ဘာ့ F-35 လေယာဉ်များ၏ ထောက်ပံ့ရေးကွင်းဆက်၏ ၁၅% သည် ဗြိတိန်တွင် အခြေစိုက်နေပါသည်။