ဗီယက်နမ်နိုင်ငံသည် နိုင်ငံအတွင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲရေးကို မြှင့်တင်သည့်အနေဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေး အားပေးဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။

ဗီယက်နမ်ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံအတွင်းရှိ ကားများ၏ ၃၀ ရာခိုင်နှုန်းနှင့် ဆိုင်ကယ်များ၏ ၂၂ ရာခိုင်နှုန်းကို လျှပ်စစ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရည်မှန်း ချက်ထားရှိဆောင်ရွက်နေသည်။ လျှပ်စစ်ကား အားသွင်းရုံဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ ရေရှည်ဆောင်ရွက်မည့် အစီအမံကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည်။ ဗီယက်နမ်နိုင်ငံသား ကားဝယ်ယူသူ ၃၀ ရာခိုင်နှုန်းကျော်သည် လျှပ်စစ်ကားဝယ်ယူရန် စိတ်အားထက်သန်ကြကြောင်း မကြာသေးမီက ဆောင်ရွက်သည့် လေ့လာမှုအရ သိရသည်။ ထိုသို့ လျှပ်စစ်ကားအသုံးပြုရန် စိတ်ဝင်စားမှုများပြားလာရခြင်းမှာ လျှပ်စစ်ကားများသည် ရာသီဥတု ပြောင်းလဲမှုကိုဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားရာမှ ဖြစ်လာနိုင်သည့်ရောဂါများကို တားဆီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း လျှပ်စစ်ကားသုံးစွဲ သူများ၏ ၄၈ ရာခိုင်နှုန်းမှာ နေအိမ်တွင် လျှပ်စစ်ဓာတ်အားဖြည့်သွင်းနေကာ ၃၂ ရာခိုင်နှုန်းမှာ လမ်းများပေါ်ရှိ လျှပ်စစ်ကားအားသွင်းရုံများတွင် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေကြသည်။
ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော "Vietnam: National Roadmap and Recommendations to the Electric Mobility Transition for the Action Plan" အစီရင်ခံစာတွင် လျှပ်စစ်ကားထုတ်လုပ်ရေးဆိုင်ရာ ထောက်ပံ့မှုကို မြှင့်တင်ရန် ဝယ်ယူသုံးစွဲသူများအား မက်လုံးပေးခြင်း၊ လျှပ်စစ်ကားအားသွင်းရုံဆိုင်ရာ အခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာမှုအတွက် လျှပ်စစ်ဓာတ်အားပေးမှုကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်သားများ၏ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/biiyknmniungngne-lpcckaathuttluprelupngn

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဝါးထရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူများထံမှ သိရသည် ။

ဝါးအမျိုးအစားမှာ အမျိုးမျိုးရှိပြီး ထရံယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားကိုသာ အဓိကသုံးစွဲကြကြောင်းနှင့် အနံ(၆)ပေ ၊ အလျား(၁၅)ပေ ၊ရိုးရိုးထရံတစ်ချပ်ယက်လုပ်မည်ဆိုပါက တင်းဝါး(၁၀)လုံး အသုံးပြုရကြောင်း၊ ကုန်ကျမှုအနေဖြင့် လုပ်အားခအပါအဝင် ငွေကျပ်(၄)သောင်း ကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ်(၇) သောင်း ကျော် ရရှိကြောင်း ၊ ပုံစံဒီဇိုင်းများ ၊ ဝါးအကြောများဖြင့် လုပ်ထားသော နှီးပူးဝါးထရံ အမျိုးအစားများ ယက်လုပ် ရောင်းချပါက ရောင်းဈေးပို၍ရရှိသဖြင့် ဝင်ငွေပို၍ရရှိကြောင်း ဝါးထရံယက်လုပ်ရောင်းချသူ ကူတိုးဆိပ်ကျေးရွား သရဖူဝါးရောင်းဝယ်ရေး လုပ်ငန်းပိုင် ဦးထွန်းထွန်းထံမှ သိရသည် ။
ဝါးထရံများ ယက်လုပ်ရာတွင် ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအားရေဝအောင်စိမ်ထားရကြောင်း၊ ရေမစိမ်သည့် ဝါးများဖြင့် ယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှု မရှိကြောင်း၊ ဝါးထရံ ဝယ်ယူများ အနေဖြင့် ရေစိမ်ဝါးဖြင့်ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်းနှင့် ဝါးထရံ ယက်လုပ်မည် ဆိုပါက ရေစိမ်ဝါးရောင်းချသူများထံမှ အများဆုံးဝယ်ယူပြီး ထရံယက်လုပ်ရောင်းချကြောင်း သိရသည်။
ပေးပို့သူ- ဦးရဲတင့်(ပြန်/ဆက်)

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရောက်လာပြီဖြစ်ရာ အစိုးရတင်ဒါလုပ်ငန်းများ သတ်မှတ်ကာလကုန်ဆုံး ချိန်လည်းဖြစ်သည်။ ဘတ်ဂျတ်ကာလအသစ်အတွက် လုပ်ငန်းများစတင်မည်ဖြစ်သကဲ့သို့ ယခင်ဘဏ္ဍာနှစ်မှ လက်ကျန်လုပ်ငန်းများသည်လည်း လုပ်ငန်းအချောသပ်အပ်နှံရမည် ဖြစ်သည်။ အစိုးရ တင်ဒါလုပ်ငန်းအများစုတွင် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်ကြပြီး အခက်အခဲမျိုးမျိုးကြောင့် တင်ဒါပါ စည်းမျဉ်းများကို လိုက်ပါ မဆောင်ရွက်နိုင်သောလုပ်ငန်းများရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

မကြာမီကာလအတွင်း မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလသို့ရောက်ရှိ လာမည်ဖြစ်သော်လည်း ပြည်တွင်း ရွှေဈေးကွက် နှင့် နိုင်ငံခြားငွေလဲဈေးကွက်မှာ အပြောင်းအလဲနည်းပါးနေသည်။ မြန်မာ့ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေလဲဈေးကွက်သည် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးအကြား ကွာခြားချက်ကြီးမားစွာ ဆက်လက်ရပ်တည်နေသည်။ နိုင်ငံတကာတွင် ရွှေဈေးကွက်အပြောင်းအလဲ မြန်ဆန်နေသော်လည်း ပြည်တွင်း ဈေးကွက်သို့ ကြီးမားသောသက်ရောက်မှုမရှိခြင်းကြောင့် အရောင်းအဝယ်များ နည်းပါးကြောင်း ရွှေကုန်သည်များ ထံမှ သိရသည်။
မတ်လအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အရောင်းအဝယ်တည်ငြိမ်နေရာ နိုင်ငံခြားမှတင်သွင်းသည့် စက်သုံးဆီနှင့် စားအုန်းဆီဈေးကွက်တွင် ဈေးများ ကျဆင်းနေကြောင်းသိရသည်။ စက်သုံးဆီတင် သွင်းမှုအဖြစ် လတ် တလောတွင်သာမက လာမည့် သင်္ကြန်ကာလအထိ စဉ်ဆက်မပြတ်စေရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာမှထုတ်ပြန်ချက်များအရသိရသည်။ အခြေခံစားသောက်ကုန်များအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုမှာ ဆက်လက် ဖြစ်ပွား နေရာ ပြည်သူများအတွက် အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။ စက်သုံးဆီနှင့်စားအုန်းဆီဈေးများ တည်ငြိမ်နေသော် လည်း ကုန်ဈေးနှုန်းကျဆင်းခြင်းမရှိသောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်မြင့်တက်နေ ဆဲဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့်နှိုင်းယှဉ်ပါက တူညီသောအခြေအနေတွင်ရှိနိုင်ကြောင်း ဈေးကွက် ကျွမ်း ကျင်သူ များကသုံးသပ်ကြသည်။ ယခင်ဘဏ္ဍာရေးနှစ် (၂၀၂၃- ၂၀၂၄) ခုနှစ်က ငွေကြေးဖောင်းပွမှုမှာ (၂၇) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ရာ အထွေထွေကုန်ဈေးနှုန်းများ နှစ်ဆမှသုံးဆအထိ လက်လီဈေးကွက် အတွင်း မြင့်တက်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အခြေခံစား သောက်ကုန်မဟုတ်သော ကုန်စည်အများစုမှာ ပြည်ပမှတင်သွင်းရောင်းချခြင်းဖြစ်ရာ ထုတ်လုပ်မှုနှင့် နောက်ဆုံး အသုံးပြုသူအကြား ဈေးကွာခြားချက်ကြီး မားနေခြင်းဖြစ်သည်။ လတ်တလောဈေးကွက် အခြေအနေ များအရ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည်နှင့် အခြားကုန်စည်ဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည် နေမည်ဖြစ်ပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုကို ပြည်သူများ ဆက်လက်ခံစားနေရမည်ဖြစ်သည်။
ဆက်တိုက်မြင့်တက်နေသော ကမ္ဘာ့ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးကွက်
ယခုတစ်ပတ်အတွင်း အမေရိကန်နှင့် အရှေ့အလယ်ပိုင်းပြဿနာများကြောင့် ကမ္ဘာ့ရွှေဈေး ကွက်အတွင်း ရွှေဈေး များ ဆက်တိုက်မြင့်တက်ခဲ့ ကြောင်းသိရသည်။ မတ်လ (၁၉)ရက်မတိုင်မီကာ လကတည်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၃၀ဝဝ)ကျော်သို့ ရောက် ရှိလာပြီး ကျရိပ်မရှိဘဲ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ လတ်တလော ပြည်တွင်းဈေးကွက်တွင် ရွှေ လေပတ်ကားအရောင်းအဝယ်များ နည်းပါးသွားခြင်း ကြောင့် ပြင်ပရွှေဈေး အတက်နည်းပါးခဲ့ကြောင်း ရွှေ ကုန်သည်အသိုင်းအဝိုင်းထံမှသိရသည်။ ယခုတစ် ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် ရွှေတစ်အောင်စ လျှင် မတ်လ(၁၈)ရက်မှစတင်ကာ (၃၀၄၄)ဒေါ်လာ၊ (၃၀၄၈)ဒေါ်လာ၊ (၃၀၃၄)ဒေါ်လာ၊ (၃၀၂၂)ဒေါ်လာ ၊ (၃၀၂၄)ဒေါ်လာနှင့် မတ်လ(၂၅)ရက်တွင် (၃၀၁၀)ဒေါ်လာ အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးများ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အရောင်းအဝယ်အေးနေခြင်း ကြောင့် ဈေးတည်ငြိမ်နေကြောင်းသိရသည်။ ပြည်တွင်းပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ် သားလျှင်(၆၇)သိန်းမှ (၆၈)သိန်းဝန်းကျင်ခန့်သာ ဈေးနှုန်းများအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်၏ တရားဝင်ရည်ညွှန်း ဈေးဖြစ်သည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းရုံး (YGEA) မှပေါက်ဈေးများတွင်မူ အကယ် ဒမီရွှေ တစ်ကျပ်သားလျှင်(၁၆.၃၂၉၃၂၅)ဂရမ် ဈေး နှုန်းမှာ (၅၆)သိန်းကျပ်ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း (၁၅)ပဲ ရည်ရွှေထည် များမှာ အရောင်းအဝယ်အေးနေပြီး အခေါက်ရွှေအရောင်းအဝယ်ရပ်တန့်ထားကြောင်း ရွှေ ကုန်သည်အချို့က ပြောကြားသည်။ နိုင်ငံတကာရွှေ ဈေးကွက်မတည်ငြိမ်ပါက ပြည်တွင်းရွှေဈးကွက်ကို သက်ရောက်နိုင်ခြေရှိ သော်လည်း လက်ရှိကာလတွင် ပြည်တွင်းရွှေဈေးကွက်တစ်ခုလုံး ပြင်ပပေါက်ဈေး ကို သာအခြေခံပြီး အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။ ထို့ကြောင့် ပြင်ပရွှေပေါက်ဈေးအရ မြန် မာ့ရွှေဈေးသည် လာမည့်ရက်များအတွင်း အမြင့်ပိုင်း တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ နိုင်ငံခြား ငွေလဲဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၀ဝ) ကျပ်အောက် ပြန်လည်ကျဆင်းလာကြောင်းသိရသည်။ နိုင်ငံခြား ငွေလဲဈေးနှုန်း အကျပိုင်းတွင်ရောက်ရှိ လာခြင်းကြောင့် ပြည်တွင်းသွင်းကုန်များအတွက် အဆင်ပြေနေ ကြောင်းသိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတ်လ(၂၄)ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ(၃၅)သန်းနှင့် ယွမ် (၁၀)သန်း ထုတ်ရောင်းပေးမည်ဟုကြေညာထားရာ ငွေလဲဈေးကွက်တွင် နိုင်ငံခြားငွေဈေးများ အကျပိုင်းတွင် ဆက်လက်ရပ်တည်နေသည်။ မတ်လ(၂၅) ရက် ငွေလဲဈေးကွက်ပေါက်ဈေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် (၄၃၈၀)ကျပ်၊ တရုတ် တစ်ယွမ် လျှင် (၆၀ဝ)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၂၈)ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၂၈၀) ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။ လာ မည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် ငွေလဲဈေးများ အနည်းငယ် ကျဆင်းနေဦးမည် ဖြစ်သည်။
အထွေထွေကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် (၂၇)ရာခိုင်နှုန်းရှိပြီး လက် ရှိ (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် (၁၃) ရာခိုင် နှုန်းခန့်ရှိမည်ဟု သက်ဆိုင်ရာကထုတ်ပြန်သည့် ရသုံးမှန်း ခြေစာရင်းတွင်ဖော်ပြထားသည်။ ပြည်တွင်း လက်လီဈေးကွက်အတွင်းရှိ ဈေးနှုန်းများအရ ယခင် နှစ်ဖြင့်နှိုင်းယှဉ်ပါက ကုန်စည်ဈေးများ နှစ်ဆနီးပါး မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အခြေခံစားသောက်ကုန်မဟုတ်သော အဝတ်အထည်၊ လူသုံးကုန်နှင့်ဆေးဝါး စသည့်တို့မှာ ကျဆင်းခြင်း မရှိဘဲ ဈေးနှုန်းအမြင့်ဖြင့်သာရောင်းချနေရကြောင်း သိရသည်။ ဈေးကွက်အတွင်း ယခင်နှစ်ကဈေးတက် ခဲ့သော ကုန်စည်အချို့မှာ တက်ဈေးအတိုင်းရောင်းချနေသည့်အပြင် ယခုနှစ်အတွင်း ဈေးတက်လာ သည့်ကုန်စည်များသည်လည်း ပွင်းလင်းရာသီရောက် ရှိသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အဓိကအားဖြင့် အသေး စားအလတ်စား အရောင်းဝယ်လုပ်ကိုင်သောကုန် သည်များမှာ ရောင်းအားကျဆင်းခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို ဆက်တိုက်ခံစားနေရကြောင်း သိရသည်။ ယခင်ဝယ်ယူထားသည့် ကုန်စည်တန်ဖိုး နှင့် လက်ရှိပေါက်ဈေးအကြား ကွာခြားချက်နည်းပါး သော်လည်း စားသုံးသူများထံမှ ဝယ်ယူနိုင်သောစွမ်းအား ကျဆင်းနေကြောင်းသိရသည်။ ငွေကြေးဖောင်း ပွမှုအရ ယခင်နှစ်ကထက် လက်ရှိအချိန်တွင် ငွေတန်ဖိုးများကျဆင်းသွားရာ အမြတ်အစွန်းရရှိရန် အခွင့် အလမ်းနည်းပါးသွားခြင်းဖြစ်သည်။ ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်နှစ်များထက် နိမ့် ကျနိုင်သော်လည်း ကုန်ဈေးနှုန်းမှာ ကျဆင်းသွားနိုင် ခြေမရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ ငွေကြေးမူ ဝါဒမှာ ဈေးကွက်ဈေးနှုန်း နှုန်းရှင်ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကိုပိုမိုခံစားနေရခြင်းဖြစ်သည်။ ငွေကြေး ဖောင်းပွမှုကြောင့် ဝယ်ယူသူဘက်မှ ဝယ်နိုင်စွမ်းအား ကျဆင်းနေသည့်အပြင် ရောင်းချသူဘက်မှလည်း အမြတ်အစွန်းနည်းပါးပြီး ဈေးကွက် ရပ်တန့်မှုကို ကြုံ တွေ့နေရခြင်းဖြစ်သည်။ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် ပြည်တွင်း ငွေကြေးလှည့်လည် စီးဆင်းမှု နှေးကွေးခြင်းအပြင် တစ်ဦးချင်းဝင်ငွေ တန်ဖိုးကျဆင်းခြင်းကြောင့် အကျပ်အတည်းဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ သက်ဆိုင်ရာမှထုတ်ပြန်သော စာရင်းဇယားများအရ တစ်ဦး ချင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP သည် အရေအတွက်ပမာဏ မြင့်တက်လာနိုင်သော်လည်း တန်ဖိုးအားဖြင့် နိမ့်ကျနေမည်ဖြစ် သည်။ ငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ဈေးကွက်ပမာဏကျုံ့ဝင် ခြင်းတို့ကြောင့် အခြေခံပြည်သူများအတွက်ဝင်ငွေမှာ သာမန်စားသောက်ကုန်အသုံးစရိတ် အတွက်သာ အသုံးပြုနေရခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း နှစ်သစ်ကူးကာလရုံးပိတ်ရက်များ ရောက်ရှိလာ နိုင်သောကြောင့် အခြေခံစားသောက် ကုန်စည်များ ဈေးနှုန်း အနည်းငယ်မြင့်တက်လာနိုင်သည်။ ငွေ ကြေးဖောင်းပွမှုနှင့် ဈေးကွက်ကွင်းဆက်များ ပြတ်တောက်မှုအရ လာမည့်ရက်များအတွင်း အခြေခံ ပြည်သူလူထုမှာ လူမှုစီးပွားအကျပ်အတည်း ပိုမိုခံစားနေရဦးမည်ဖြစ်သည်။
အခြေခံစားသောက်ကုန်များနှင့် မြင့်တက်လာသည့်ကုန်ခြောက်ဈေး
ပွင်းလင်းရာသီတွင် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ ဈေးငြိမ်သက်နေသော်လည်း မီးဖို ချောင်သုံး ကုန်ခြောက်ဖြစ်သည့် အာလူး၊ ကြက် သွန်နီနှင့်ကြက်သွန်ဖြူများမှာ ဈေးတက်လာပြီဖြစ် သည်။ အခြေခံစားသောက်ကုန်များတွင် ဆန်ဈေး သည် ရွှေဘို ဆန်ချောဈေးနှုန်းမှာ တစ်အိတ်လျှင် တစ်သိန်းခွဲဝန်းကျင်ဖြင့် အပြောင်းအလဲရှိသော်လည်း အခြားဆန်ဈေးများမှာ အနည်းငယ်မြင့်တက် လာသည်။ ဆန်ကြမ်းအမျိုးအစားဖြစ်သော မနောသုခ တစ်အိတ်လျှင် ကျပ် ကိုးသောင်းခြောက်ထောင် ဈေးရှိပြီး ပုသိမ်ဆင်းသုခတစ်အိတ်လျှင် ကျပ် ရှစ်သောင်းနှစ်ထောင်ဈေးဖြင့် ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေကြောင်းသိရသည်။ ထို့ပြင် ဆန်ချောဈေးကွက် အတွင်းရှိ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်း သုံးသောင်းဝန်းကျင်နှင့် ပုံမှန် ရိုးရိုးပေါ်ဆန်းတစ်အိတ်လျှင် တစ်သိန်းတစ်သောင်းကျပ်ရှိကြောင်း သိရ သည်။ ဆန်ဈေးကွက်အပေါ် သက်ဆိုင်ရာက အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ပြီး ဈေးကွက်ထိန်းချုပ် နေခြင်းကြောင့် ဆန်ဈေးများ အနည်းငယ်တည် ငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးကွက်တွင် တရား ဝင် ဖြန့်ချိဈေးမှာ တစ်ပိဿာလျှင် (၆၈၇၅) ကျပ်ဖြင့် ယခင်တစ်ပတ်ကထက် (၁၅)ကျပ်ကျဆင်းသွားပြီး လက်လီ ဆယ်ရက်လျှင်တစ်ပိဿာ စာအုပ်ဖြင့်ရောင်းချပေးမှုတွင် တစ်ပိဿာ (၇၃၀ဝ)ကျပ်ဈေးဖြင့် တည်ငြိမ်နေကြောင်းသိရသည်။ ကုန်ခြောက်ဈေးကွက်တွင် နယ်အဝင်နည်းပါးသွားခြင်းကြောင့် ကုန် ဈေးနှုန်းများတက်လာကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှသိရသည်။ ကုန်ခြောက်ဈေးကွက်အတွင်း
အာလူးတစ်ပိဿာလျှင် (၆၀ဝဝ)ကျပ်ဝန်းကျင်အထိ ဈေး တက်လာပြီး၊ ကြက်သွန်နီတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၈၀ဝ)ကျပ်မှ (၄၇၀ဝ)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ထို့အတူ ကြက်သွန်ဖြူဈေးကွက်တွင် လည်း ဈေးနှုန်းများဆက်တိုက်မြင့်တက်နေပြီး တစ်ပိဿာ လျှင် တစ်သောင်းခွဲမှ တစ်သောင်းရှစ်ထောင် ကျပ် ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခု တစ်ပတ်အတွက် အသားငါးဈေးကွက်အတွင်း ငါး ဈေးများမှာ အနည်းငယ်မြင့်တက်လာပြီး ငါးမြစ်ချင်း တစ်ပိဿာလျှင် တစ်သောင်းခွဲဝန်းကျင်ပေါက်ဈေးရှိ ကြောင်းသိရသည်။ ကြက်သား၊ ဝက်သား၊ ဆိတ်သား နှင့်အမဲသားဈေးကွက်မှာ ယခင်သီတင်းပတ်များအတိုင်း အပြောင်းအလဲမရှိ ဈေးတည်ငြိမ် နေကြောင်း သိရသည်။ အခြေခံစားသောက်ကုန်များမှာ ယခုနှစ် ပွင့်လင်းရာသီတွင် ဈေးကျဆင်းမှု နည်း ပါးပြီး ဈေးအမြင့်ပိုင်းတွင်သာ အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရသည်။ လာမည့်ရက်များတွင် အခြေခံ စားသောက်ကုန်ဈေးသည် အတက်အကျနည်းပါးစွာဖြင့် တည်ငြိမ်နေမည်ဖြစ်သည်။
Source: NP News

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလ အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ၁၁ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ၂၃၇၃၇၀၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၈၇ သန်းရရှိခဲ့ ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် ဧပြီလ က အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲ ၁၁၁၈၆၂ တန်၊ မေလ က အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၂၈၀၊ ဇွန်လက အမေရိကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၂,၃၂၆ တန်၊ ဇူလိုင်လက အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၆၅,၄၄၄ တန်၊ ဩဂုတ်လ က အမေရိကန်ဒေါ်လာ ၉၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇,၃၇၀၊ စက်တင် ဘာလက အမေရိကန်ဒေါ်လာ ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၁၉,၅၆၅ တန်၊ အောက်တိုဘာလက အမေရိကန်ဒေါ်လာ ၁၈၉ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၄၂၄,၇၈၄ တန်၊ နိုဝင်ဘာလက အမေရိကန် ဒေါ်လာ ၁၅၆ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၃၃၄,၅၃၅ တန်၊ ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၁၄၅ သန်းတန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇,၄၉၀၊၂၀၂၅ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ ၈၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၀၉,၅၉၉ တန်နှင့် ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၂၉,၄၅၂ တန်တင်ပို့နိုင်ခဲ့သည်။
ယင်းသို့တင်ပို့ရာတွင် အောက်တိုဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းဖြင့် အများဆုံးတင်ပို့ထားပြီး နိုဝင်ဘာလက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖြင့် ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော်ရရှိခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။
Source: https://myawady.net.mm/

“ဝါးတစ်လုံးရဲ့တန်ဖိုးက ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းပေါ်မှာမူတည်ပြီး ကွာသွားနိုင်တယ်၊ မူလတန်ဖိုးရဲ့တစ်ဆလား၊ ဆယ်ဆလားအမျိုးမျိုးဖြစ်နိုင်တယ်၊ အဓိကက နည်းပညာပဲ” ဟု ဝါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌလည်းဖြစ် Orchard ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာမြင့်စိန်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလတ်တိုကျေးရွာ Orchard Farm သဘာဝငါးမွေးမြူရေးကန် ကန်ပေါင်တစ်လျှောက်သူကိုယ်တိုင် စနစ်တကျစိုက်ပျိုးထားသည့် ဝါးပင်များအား ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ထုတ်ကုန်များအဆင့်သို့ တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။
“အခုလောလောဆယ် ဝါးကနေ ဘောလ်ပင်ထုတ်ဖို့ပြင်ဆင်နေပါတယ်။ စက်လည်းဝယ်ထား ပြီးပါပြီ၊ မကြာခင်လုပ်ငန်းလည်ပတ်နိုင်အောင် ကြိုးစားနေပါတယ်။ အဲဒီလို ထုတ်နိုင်ဖို့အတွက် လည်း တရုတ်နိုင်ငံထိသွားပြီး လေ့လာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်ရော ပြည်ပထိပါ တင်ပို့နိုင်ဖို့ အတွက် ကြိုးစားသွားမှာပါ” ဟု Orchard Farm ပိုင်ရှင် ဒေါက်တာမြင့်စိန်က ပြောသည်။ နောက်ပိုင်းတွင် Orchard Farm အတွင်းရှိဝါးပင်များကို အသုံးပြုကာ ဝါးအခြေခံစားသောက်ကုန် စည်သွတ်ဘူးများ၊ ဝါးဖြင့် ချက်လုပ်ထားသော ဝိုင်များ၊ အဆင့်မီနည်းပညာမြင့် အသုံးအဆောင် ပစ္စည်းများကို စားသုံးသူ ဝယ်ယူသူများအကြိုက် ပြုလုပ်ရောင်းချသွားမည်ဖြစ်ပြီး ဝါးစိုက်ပျိုးနည်း သင်တန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့်အတွက် နိုင်ငံတကာမှ ထုတ်လုပ်သော ဝါးထုတ်ကုန်အမျိုးမျိုးနှင့် တူရိယာပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ အစားအစာများ၊ အနုပညာလက်ရာ များသည် ယနေ့ခေတ်အခါတွင် လူကြိုက်များလျက်ရှိသည်၊၊ အထူးသဖြင့် ဝါးနှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်း တရုတ်နိုင်ငံသည် အောင်မြင် ထင်ရှားသည့် နိုင်ငံတစ်ခုဆိုလျှင် မှားမည်မထင်ပေ။ “တရုတ်နိုင်ငံက ဝါးနဲ့ပြုလုပ်ထားသည့် အအေးသောက်တဲ့ပိုက်တွေ၊ ဂေါက်သီးရိုက်ရာမှာ ချိန်ဆတဲ့ (T Stand) စတာတွေကို ဥရောပ နိုင်ငံတွေမှာ ဈေးကောင်းပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုနေပါပြီ ” ဟု ဒေါက်တာမြင့်စိန်က ပြောသည်။
ထို့ပြင် ဝါးပင်များ ရှင်သန်ပေါက်ရောက်ရာ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်၊ ကမ္ဘောဒီးယား၊ လာအိုစသည့် အရှေ့တောင်အာရှ နိုင်ငံများသည်လည်း ဝါးနှင့် ပတ်သက်သော ပရိဘောဂများ၊ လူ့အသုံးအဆောင်များ၊ အိမ်သုံးပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သည့်နေရာတွင် ထင်ရှားကြပြီး နိုင်ငံတကာ ဈေးကွက်အတွင်း နေရာယူလာကြပြီဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုနိုင်ငံအဖြစ် ထူထောင်ရာတွင် စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်သည် အရေးကြီးသည့် သွင်းအားစုများ ဖြစ်ကြသည်။
ဝါးသည် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်ဒေသများတွင် သဘာဝအတိုင်းရှင်သန် ပေါက်ပွား လေ့ရှိပြီး စိုက်ပျိုးသည့်အခါတွင်လည်း လွယ်လင့်တကူ စိုက်ပျိုးနိုင်သည်ဖြစ်ရာ ဝါးနှင့်ပတ်သက်သည့် တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံဝါးကုန်ကြမ်းများအား လွယ်ကူ ပေါများစွာရရှိနိုင်သည်။
“ဝါးက သဘာဝအတိုင်းပေါက် ရောက်နိုင်သလို စိုက်ရတာလဲလွယ်တယ်၊ “ငှက်ပျောကဆုန် ဝါးနယုန်ငှက်ပျောတစ်နှိုက် ဝါးတစ်မိုက်တစ်နှစ်သားဝါးကိုစိုက်” အဲဒီလိုဆို အခုလိုဝါးတောတန်းကြီး ဖြစ်ပါပြီ” ဟု ဝါးရုံပင်ပေါင်းသုံးသိန်းခွဲကျော်ရှိသည့် စိမ်းစိုအုပ်မှိုင်းနေသည့် Orchard Farm အတွင်းရှိ ဝါးရုံပင်များအား လက်ညှိုးညွှန်ပြကာ ဒေါက်တာ မြင့်စိန်က ရှင်းပြသည်။
ဝါးအရင်းအမြစ် အများအပြားထွက်ရှိရာ မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ဝါးကို ခွဲခြမ်းစိတ်ဖြာ၍လည်းကောင်း၊ အလုံးလိုက်သော်လည်းကောင်း နေရာစုံ၊ ကဏ္ဍစုံအသုံးပြုခဲ့ကြသည် ဖြစ်ရာဝါး နှင့် ပတ်သက်သော မိရိုးဖလာလက်မှုပညာသည် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူတို့ အတွက် စိမ်းလှသည့် ပညာရပ်ကားမဟုတ်ပေ။
ထိုသို့ မြန်မာ့လက်မှုပညာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်ထားသည့် ဝါးအခြေခံထုတ်ကုန် ပစ္စည်းများကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပစျေးကွက်တွင်ပါ ဈေးကွက်ဝင်ပစ္စည်းများ ဖြစ်လာစေရန် ခေတ်မီနည်းပညာ၊ စက်ကိရိယာများဖြင့် စနစ်တကျပေါင်းစပ်ဆောင်ရွက်လိုက်မည် ဆိုပါက အိမ်နီးချင်းနိုင်ငံများနည်းတူ မြန်မာ့ဝါးလက်မှုပစ္စည်းများသည် ပြည်ပဈေးကွက်တွင် အခိုင်အမာနေရာရရှိလာမည်ဖြစ်သည်။
ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးကုန်ထုတ်လုပ်မှုများသည် သေချာသည့် ကုန်ကြမ်းများဖြစ်သည့်အတွက် ထိုမှတစ်ဆင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရန် နှင့် ပြည်ပ ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းသွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝါးနှင့်ပတ်သက်သော ကုန်ချော၊ ကုန်ကြမ်း နှင့် ထုတ်ကုန်များကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ပြီး နိုင်ငံခြားစျေးကွက်ရရှိလာရေး၊ လက်မှုပညာနှင့် ပတ်သက်၍ ပြည်ပသို့ ထိုးဖောက်နိုင်ရေး၊ ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြားသိနေရသည်။
ဝါးပင်မှတစ်ဆင့် ခေတ်မီဆန်းသစ်သော၊ နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဝါးလက်မှု ထုတ်ကုန်များ ပိုမိုတိုးမြင့်ထုတ်လုပ်နိုင်အောင် စွမ်းဆောင်လာခြင်းဖြင့် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ရာ Orchard Farm အတွင်း ဝါးပင်များကို ကိုယ်တိုင်စိုက်ပျိုးပြီး တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုအဖြစ် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ သွားမည့် ဝါးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က “ပစ္စည်းချင်းတူရင်တောင် ကိုယ့်နိုင်ငံကထုတ်တဲ့ ပစ္စည်းကအရည်အသွေးကောင်းနေရင် ဈေးကွက် ထိုးဖောက်နိုင်ပြီ ထုတ်ကုန်နှစ်ဆတိုးထုတ်လာရုံတင်မကဘူး ဝင်ငွေပါတိုးလာမှာပါ’’ ဟု ပြောပြခဲ့သည်။
ဓာတ်ပုံ-နဒီမင်း
ကိုးကား MOI

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် သီးနှံစုံလျာထားဧက ၁၄,၆၂၉ ဧကကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိ တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါသီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပုသိမ်မြို့နယ်၌ ၁၇၁၅ ဧက၊ ကန်ကြီး ထောင့်မြို့နယ်၌ ဧက ၂၄၁၀၊ သာပေါင်း မြို့နယ်၌ ၄၅၇၉ ဧက၊ ငပုတောမြို့နယ် ၌ ၅၉၂၅ ဧကဖြစ်ကြောင်း သိရသည်။
''ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပုသိမ် ခရိုင်အနေနဲ့ သီးနှံစုံဧက ၁,၄၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ တောင်သူတွေ သီးနှံ တွေစိုက်ပျိုးရာမှာ အထွက်နှုန်းကောင်း စေဖို့၊ မျိုးစေ့ရွေးချယ်မှုမှန်ကန်စေဖို့၊ ဈေးကွက်ဝင်တဲ့သီးနှံတွေ စိုက်ပျိုးနိုင်စေ ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တောင်သူတွေ စိုက်ပျိုးမယ့်သီးနှံတွေ ပိုးမွှားရောဂါ ကင်းရှင်းစေဖို့အပါအဝင်တခြားနည်း ပညာပေးလုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါ တယ်'' ဟု ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူကပြော သည်။
ပုသိမ်ခရိုင်၌ သီးနှံများ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ သီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပန်းဂေါ်ဖီ၊ နံနံ၊ မုန်လာ၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ဘူး၊ ရုံးပတီ၊ ကြက် ဟင်းခါး၊ ရွှေဖရုံ၊ ဟင်းနုနယ် စသည့်သီးနှံ များကို အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံး မှုဖူလုံစေပြီး သီးနှံဈေးနှုန်းများလည်း တည်ငြိမ်ကျဆင်းလာမည်ဖြစ်ကာ ဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/eco

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ပြန်လည်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူ၏ ပြောကြားချက်အရ သိရသည်။

မိုးသီးနှံစိုက်ပျိုးရာသီက သာပေါင်းမြို့နယ်၌ စပါး ၆၈,၂၉၇ ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးခဲ့သည့်စပါးများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ၅၇,၆၄၇ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ထိုသို့ရိတ်သိမ်းပြီးဖြစ်သည့် စပါးတစ်ဧကလျှင် ၈၉ ဒသမ ၂၁ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
''ပြီးခဲ့တဲ့မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ စပါးလျာထားဧက ၆၈၂၉၇ ဧကကို ပြန်လည်ရိတ်သိမ်းခဲ့တာ ဒီနေ့အထိ ၅၇,၆၄၇ ဧက ပြီးစီးပြီဖြစ်ပါတယ်။တောင်သူတွေ မိုးစပါးတွေအခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သွင်းအားစုတွေရရှိဖို့နဲ့ အထွက်နှုန်းကောင်းမွန်စေဖို့ တခြားဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ဒေါ်အေးအေးမူကပြောသည်။
သာပေါင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက မိုးစပါးများ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး၊ ရွှေခရုဖျက်ဆီးမှုမရှိစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် အဓိကကျကြောင်း၊ စားရေရိက္ခာဖူလုံ ပိုလျှံမှုရှိမှသာ တိုင်းပြည်သာယာဝပြော မည်ဖြစ်သည်။ စားရေရိက္ခာနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့်ဆန်စပါးသည် ပြည်တွင်း၌ ဖူလုံမှုရှိသည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိရာသာပေါင်းမြို့နယ်မှ တောင်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဈေးကွက်၌ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်အပြင် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ စျေးကွက်ဝင်ရေချိုငါးသားပေါက်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးမွေးမြူသူများသည် ဧပြီလမှစ၍ ငါးသားပေါက်များ ပြန်လည်ထည့်သွင်း မွေးမြူကြမည်ဖြစ်သဖြင့် ကျန်းမာသန်စွမ်းပြီး ကြီးထွားနှုန်းကောင်းမွန်သည့် ငါး သားပေါက်များကို ထည့်သွင်းမွေးမြူ၍ ဝင်ငွေတိုးတက်ရရှိစေရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမ ကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ငါးတန်၊ ရေချိုငါးမုတ် စသည့်ဈေးကွက်ဝင်ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ် သည်။
ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်း ၀၉-၇၉ ၁၀၉၅၀၆၀၊ ရန်ကုန်လှော်ကားငါးလုပ်ငန်း စခန်း ၀၉-၇၈၃၇၈၈၁၆၃၊ လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်း ၀၉-၄၂၈၅၀၆၂၀၀၊ ပဲခူး ငါးလုပ်ငန်းစခန်း ၀၉-၄၂၅၃၀၀၅၆၈၊ မန္တလေး သရက်ကုန်းငါးလုပ်ငန်းစခန်း ၀၉- ၄၅၆၀၀၃၀၂၇၊ သထုံငါးလုပ်ငန်းစခန်း ၀၉-၇၉၃၄၅၅၀၀၈၊ ပုသိမ်ငါးလုပ်ငန်း စခန်း ၀၉-၇၈၇၉၈၀၆၀၆ နှင့် မအူပင် တလုပ်လှငါးလုပ်ငန်းစခန်း ၀၉-၇၈၁၅-၉၂၀၀၃ တို့သို့ ဆက်သွယ်စုံစမ်းဝယ်ယူနိုင် မည်ဖြစ်သည်။
ထို့ပြင် စိတ်ပါဝင်စားသောငါးမွေးမြူ သူများ၊ လုပ်ငန်းရှင်များအနေဖြင့် ငါး လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုး သားဖောက်သင်တန်းများကိုတက် ရောက်နိုင်ကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနရုံးများ၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်း ဦးစီးဌာန မွေးမြူရေးဌာနခွဲ(နေပြည်တော်) ဖုန်း- ၀၆၇-၄၀၈၄၇၆ နှင့် ၀၆၇- ၄၁၈၅၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန သည် ပြည်တွင်းငါးစားသုံးမှုတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေး၊ ငါးမွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ငါးသားပေါက် များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသကဲ့သို့ ရေအရည်အသွေး တိုင်းတာစစ်ဆေးပေးခြင်း၊ ငါးရောဂါ ရှာဖွေစစ်ဆေးပေးခြင်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သင်တွဲ၊ ငပြောင်၊ ဇီးတော၊ သင်းဒီး၊ ထုံးကြီး၊ စမာဆည်ရေပေးမြောင်းများဖြင့် မိုးကြိုပဲတီစိမ်း ၃၄၆၉ ဧက စိုက်ပျိုးရန်လျာထားပြီးယခုအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိသည်။

မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် ဇော်ဂျီမြစ်ရေသောက်စနစ်၊ သင်းတွဲဆည် သင်းတွဲမြောင်းရေဖြင့် ၂၀၁၁ ဧက၊ ငပြောင်ဆည် ငပြောင်မြောင်းရေဖြင့် ဧက ၂၈၀၊ဇီးတောဆည် တမုတ်မြောင်းရေဖြင့် ဧက ၁၁၀၊ကင်းတားဆည် သင်းဒီးမြောင်းရေဖြင့် ဧက၃၀၊ ထုံးကြီးမြောင်းရေဖြင့် ၃၄၁ ဧက၊ စမာမြောင်းရေဖြင့် ၆၉၇ ဧက စုစုပေါင်း ၃၄၆၉ ဧက လျာထားစိုက်ပျိုးလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေးနှင့် စိုက်ပျိုးဧကများလျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်တွေ့ဆုံ၍ ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းများကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီး မြေကောင်းမြေသန့်ဖြစ်စေရန် မြေဩဇာကို သဘာဝနည်းဖြင့် မှန်ကန်စွာအသုံးချရေး၊ စိုက်ပျိုးရေအပြည့်အဝရရှိရေးနှင့် ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ တွေ့ကြုံလာသည့် ရာသီဥတုအခြေအနေအပေါ်မူတည်၍ စိုက်ပျိုးနည်းစနစ်များပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ကုလားပဲများအရောင်း အဝယ်ကောင်းမွန်နေကြောင်း ကျုံပျော် မြို့နယ်မှပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်မာမာအေး၏ ပြောပြချက်အရ သိရသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလတတိယပတ်မှစ၍ ကုလားပဲများ အဝယ်လိုက်လာပြီး အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်သည်။

''ကုလားပဲတွေက အရင်ထက် အရောင်းအဝယ် ကောင်းလာပါတယ်။ ပြည်တွင်း စားသုံးမှုအားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ် ကောင်းလာတာပါ။ လက်ရှိ အရောင်းအဝယ်လုပ်နေတဲ့ ကုလားပဲတွေက လက်ကျန်ပဲအဟောင်းတွေပါ။ အရောင်း အဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်သူတွေအလုပ်အကိုင်အခွင့်အလမ်းရရှိလာပါတယ်။ လက်ရှိ ဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါဝယ်လိုအားကောင်းနေပါတယ်'' ဟုဒေါ်မာမာအေး ကပြောသည်။
ကျုံပျော်မြို့နယ်၌ ကုလားပဲအပါအဝင် တခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။