ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း
ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုတိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) သို့ အစီရင်ခံထားပါသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်စ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသောအိမ်မွေးတိရစ္ဆာန် (သို့) တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုပါသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်ငှက်များအကြား အလျားလိုက်ကူးစက်နိုင် ကြောင်းလေ့လာတွေ့ရှိထားပါသည်။
နွားများမှ အခြားနွားများသို့
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်းထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။
နွားများမှ ကြောင်များသို့
အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသော နွားနို့ကို သောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။
ကြောင်များမှ ကြက်ငှက်များသို့
ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ငှက်များရှိ ဗိုင်းရပ်စ်များမှ ကူးစက်စေနိုင်သည်။
တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission)
H5N1 ကဲ့သို့သောဗိုင်းရပ်စ်များသည် တိရစ္ဆာန် များမှလူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကိုဖြစ်စေနိုင်သည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် H5N1 ဗိုင်းရပ်စ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့ပါသည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက်နိုင်စွမ်းရှိကြောင်း ပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီဖြစ်ကာ နောက်ထပ်ပိုမိုတိုးလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအချက်အလက်စနစ် (WAHIS) မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက် လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့် ဖြစ်သည်။
ဤဖြစ်ရပ်များသည် ဗိုင်းရပ်စ်၏မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံမီးမောင်းထိုးပြလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ နို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေပါသည်။
၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်အားလုံးသည် H5 clade 2.3.4.4b genotype B3.13 မျိုးကွဲဖြစ်သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ D1.1 genotype သည် ၂၀၂၃ ခုနှစ် ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ ရွှေ့ပြောင်းရာလမ်းကြောင်း (North American flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (domestic poultry)တွင် ကူးစက်မှုများ တွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်စ်၏ မတူညီသော genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်စ်၏ ဆက်လက်ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့ပါသည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇအမျိုးအစား (Genetic Clade) တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမို မြင့်မားနိုင်သည့်သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်) တွင် ကူးစက်နိုင်စွမ်းရှိသည်။ Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့်အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကိုစောင့်ကြည့်ရန် အရေးကြီးပါသည်။ ဗိုင်းရပ်စ်၏မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ ရောက်ရှိလာနိုင်ပေသည်။
HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာပြသလေ့ရှိပါသည်။ သေဆုံးနှုန်းမှာလည်း နှစ်ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (raw milk) တွင် ဗိုင်းရပ်စ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်စ်အဖြစ်ပြောင်းလဲနိုင်ခြေ (zoonotic adaptation) ကိုမြင့်တက်စေသည်။ လက်ရှိတွင် နွားနို့မှတစ်ဆင့်လူသို့ တိုက်ရိုက်ကူးစက်မှုအတည်မပြုရသေးသော်လည်း ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။
H5N1 ဗိုင်းရပ်စ်၏နွားများအကြား အပြင်းအထန်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာအခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှ ထုတ်လုပ်သော နို့စိမ်း (unpasteurized milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျသက်သေပြချက်များရှိပါသည်။ နို့ကိုပေါင်းခံခြင်း (pasteurization) မပြုလုပ်ပါက ဗိုင်းရပ်စ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO) ၏အကြံပြုချက်များမှာ
နို့နှင့် နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ် ပြီးမှသာ စားသုံးပါ၊ (Pasteurization လုပ်ထားသော နို့ကိုသာ ရွေးချယ်ပါ)။
- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သောငှက်များနှင့် ထိတွေ့မှုကို ကန့်သတ်ခြင်း)။
- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။
- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။
အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု
ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်များရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်စ်ကြောင်ကြီးများ(Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာကူးစက်ခံခဲ့ရသည်။ ကြောင်များတွင် ရောဂါလက္ခဏာများမှာပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်စ်၏နွားများအကြားကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့် အန္တရာယ်ကိုမြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့်ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကိုအရှိန်မြှင့်၍ ဆောင်ရွက်ရန်အရေးကြီးပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကိုကာကွယ်ရန် အဓိကသော့ချက်များဖြစ်ပါသည်။
“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာထိရောက်ပါသည်”။ ။
Source: MOI

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ
ငါးနှင့်ပုစွန်များသည် အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကို အကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ်၊ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသော အရင်းအမြစ်ဖြစ်ပါသည်။

အဆိုပါ အကျိုးရှိသော အာဟာရဓာတ်များထဲမှ တစ်မျိုးဖြစ်သော အိုမီဂါ-၃အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများ လျော့နည်းစေရန် ဆက်စပ်မှုများရှိပါသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသော သန္ဓေသားနှင့် မွေးဖွားပြီးကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည် ကျန်းမာဖွံ့ဖြိုးရေးအတွက်လည်း ပိုမိုကောင်းမွန်စေပြီး ငယ်ရွယ်သူကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရန်အဟန့်အတားဖြစ်စေသည့် ပြဿနာများကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။
ငါးစားသုံးခြင်းဖြင့် အခြားသောဖြစ်စေနိုင်သည့်အရာများ
အချို့သော ငါးမျိုးများမှာ မာကျူရီဓာတ်မြင့်မားစွာပါဝင်သဖြင့် အဆိုပါငါးမျိုးများကို ကာလကြာရှည်စွာပမာဏများများစားသုံးပါက ကျန်းမာရေးဘေးအန္တရာယ်ရှိနိုင်ပါသည်။ မာကျူရီဓာတ်သည် ဦးနှောက်နှင့်အခြားသော အာရုံကြောစနစ်၏ အချို့သောအပိုင်းများကို ပျက်စီးစေနိုင်ပါသည်။ မမွေးဖွားရသေးသော သန္ဓေသားများ၊ ကလေးငယ်များနှင့် ငယ်ရွယ်သူများသည် ၎င်းတို့၏အာရုံကြော စနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်သဖြင့် မာကျူရီ၏ ဘေးအန္တရာယ်မှာ အလွန်ကြီးမားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ အမြဲတမ်းထိခိုက်နိုင်ပါသည်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အရွယ်အောက်ကလေးများသည် မာကျူရီအဆိပ်သင့်မှု အနည်းဆုံးဖြစ်စေရန် ဂရုပြုရမည်ဖြစ်ပါသည်။
ငါးပမာဏမည်မျှစားသုံးသင့်ပါသနည်း
သင်စားသုံးမည့် ပင်လယ်စာအမျိုးအစားနှင့် ပမာဏတို့ကိုကန့်သတ်ချင့်ချိန်ခြင်းဖြင့် ငါးစားသုံးခြင်းမှ မာကျူရီအဆိပ်သင့်မှုကို လျှော့ချနိုင်ပြီး အစာအာဟာရမှ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထောက်ခံထားသည်မှာ ရက်သတ္တတစ်ပတ်လျှင် ပင်လယ်စာအမျိုးမျိုး နှစ်ကြိမ်စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အရွယ်ရောက်သူများအနေဖြင့် ငါးကို ရက်သတ္တတစ်ပတ်လျှင် ၁၂ အောင်စ၊ ၆ အောင်စ နှစ်ကြိမ်စားသုံးသင့်ပြီး ငယ်ရွယ်သူ ကလေးများအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ၆ အောင်စ၊ ၃ အောင်စ နှစ်ကြိမ် စားသုံးသင့်ပါသည်။ ချက်ပြုတ်ပြီးသောငါး ၆ အောင်စသည် မချက်ပြုတ် ရသေးသောငါး ၈ အောင်စ (ပေါင်ဝက်)နှင့် ညီမျှ ပါသည်။
မည်သည့်ငါးမျိုးများသည် စားသုံးရန် အသင့်တော်ဆုံးဖြစ်ပါသနည်း
မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ - ၃ အဆီအက်စစ်ပါဝင်မှုမြင့်မားသော ငါးများသည် စားသုံးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ မည်သူမဆို မာကျူရီဓာတ်နည်းသော ငါးမျိုးကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးရပါမည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃အဆီအက်စစ် ပါဝင်မှုမြင့်မားစွာပါရှိသည့် စားသုံးရန်အကောင်းဆုံးငါးမျိုးများမှာ ဟာရင်း(Herring)၊ ယောက်သွား (Mussels)၊ ကမာ(Oysters)၊ ဆယ်လ်မွန်(Salmon)၊ ငါးသေတ္တာငါးခေါ် ငါးကုန်းညို (Sardine)၊ ငါးဖြူ (Whitefish) တို့ဖြစ်ပါသည်။
မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှု မမြင့်မားသော်လည်း စားသုံးရန် သင့်တော်သောငါးမျိုးများမှာ စည်သွတ်ကျူနာ (Light Canned Tuna)၊ ငါးခူငါးမျိုး(Catfish)၊ ကဏန်း (Crab)၊ ရေချိုကျောက်ပုစွန် (Crawfish)၊ ခုံးကောင် (Scallops, Clams)၊ ရေငန်ပုစွန်(Shrimp)၊ ကင်းမွန်(Squid)၊ ထရောက်ငါး(Trout)၊ ဖလောင်ဒါငါး (ငါးခွေးလျှာငါးမျိုး Flounder)တို့ ဖြစ်ပါသည်။ မာကျူရီဓာတ်အသင့်အတင့် ပါဝင်သော အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့် ငါးမျိုးများမှာ စည်သွတ်ကျူနာ (Canned Tuna- White/ albacore)၊ ငါးလက်ကိုက်/ငါးခွေးကဲ့သို့ ငါးကင်(Halibat steak)၊ ကျူနာငါးကင် (Tuna Steak) တို့ ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် ကလေးငယ်များသည် အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့်ငါးမျိုးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်သာစားသုံးပါက ဘေးအန္တရာယ်ကင်းနိုင်ပြီး မာကျူရီဓာတ်နည်းသော (ရေငန်ပုစွန်၊ စည်သွတ်ကျူနာ၊ ဆယ်လ်မွန်ငါး၊ ပိုလော့ငါးနှင့်ငါးခူ) ငါးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးနိုင်ပါသည်။
အကြံပြုရလျှင် အိုမီဂါ-၃ ဓာတ် မြင့်မားစွာပါပြီး မာကျူရီဓာတ်ပါဝင်မှုနည်းသောငါးကိုစားပါ။ သေးငယ်ပြီးငယ်ရွယ်သောငါးကိုစားပါ။ အခြားငါးများကို မစားသောငါးကို ရွေးချယ်စားပါ။ အရွယ်ကြီးပြီး အသားစားသော ငါးမျိုးများသည် မာကျူရီဓာတ်ပိုမိုစုဆောင်းပါရှိနိုင်သောကြောင့် ဖြစ်ပါသည်။
မည်သည့် ငါးမျိုးများကိုရှောင်စားရမလဲ
အမေရိကန် FDA မှ အကြံပြုထားသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အောက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသော ငါးများဖြစ်သည့် ငါးကွမ်းရှပ် (king mackerel)၊ ငါးဂဠုန် (Swordfish)၊ ငါးမန်း (Shark)၊ ငါးပါးနီ (Golden snapper) တို့ကိုစားသုံးခြင်းအား ရှောင်ရှားရမည်ဖြစ်ပါသည်။ အရွယ်ရောက်သူများနှင့် အသက်ခုနစ်နှစ်အထက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာ ပါရှိသောငါးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်စားသုံးပါက ဘေးကင်းနိုင်ပါသည်။ မာကျူရီဓာတ်မြင့်မားသော ငါးများကိုစားပါက ကျန်းမာစေသော အိုမီဂါ-၃ ဓာတ်၏အကျိုး အာနိသင်ကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။
အခြားသောရေထွက်ကုန်ငါးများကိုရော ဘယ်လိုစားနိုင်ပါသလဲ
စည်သွတ်ကျူနာ (Chunk light tuna) သည် ကျူနာငါးအသားတုံး (Solid white or chunk white tuna) ထက် မာကျူရီဓာတ်ပါဝင်မှုနည်းသဖြင့် စားသုံးရန်ဘေးဥပဒ်ကင်းပါသည်။ တစ်နပ်လျှင် စည်သွတ်ကျူနာ (Chunk light tuna) (၆-၈) အောင်စစားနိုင်ပြီး ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ်အထိစားနိုင်ပါသည်။ ကျူနာငါးအစိမ်း (သို့မဟုတ်) ကျူနာငါးအကင်ဆိုပါက ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်သာစားသင့်ပါသည်။
မွေးမြူရေးရေထွက်ကုန်များဖြစ်သော ငါးခူမျိုးများ၊ တီလားပီးယားငါးများ၊ ရေငန်ပုစွန်နှင့် ယောက်သွားများသည် မာကျူရီဓာတ်နည်းသော ရေထွက်ကုန်များဖြစ်ပါသည်။ ငါးအသားချောင်း၊ အသားညှပ်ပေါင်မုန့်ကဲ့သို့ အမြန်စာ (fish sticks, fast food sandwiches)၊ အခြားသော အေးခဲငါးများ၊ ပေါင်မုန့်ကပ်ရေထွက်ကုန်များသည် မည်သူမဆိုစားသုံးရန်ဘေးကင်းပြီး ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်အထိ စားသုံးနိုင်ပါသည်။ သို့သော် အဆိုပါရေထွက်ကုန်များသည် အိုမီဂါ-၃ အဆီ အက်စစ်မြင့်မားစွာမပါရှိဘဲ အဆီဓာတ်နှင့် ကယ်လိုရီဓာတ်များ ပါဝင်မှုများပါသည်။ ဂဏန်းနှင့်ကျောက် ပုစွန်အသားတုများသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။ ပင်လယ်စာ(သို့မဟုတ်) ခုံးတို့နှင့် ဟင်းသီးဟင်းရွက်များ ကျိုထားသော ဟင်းချိုပြစ်ပြစ် (Seafood chowder and clam chowder) များသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။
ရက်သတ္တတစ်ပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားပါက ဘာဖြစ်နိုင်ပါသလဲ
သင့်ကျန်းမာရေးအတွက် အကျိုးရှိစေမည့် စားသုံးရန်သင့်တော်သော ငါးပမာဏသည် သင်၏ အသက်၊ နှလုံးကျန်းမာရေးအခြေအနေနှင့် သင်စားသုံးမည့် ငါးမျိုးအပေါ် မူတည်ပါမည်။ အကယ်၍ သင်သည်ရက်သတ္တတစ်ပတ်လျှင် စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားလိုပါက သင့်အတွက် အသင့်တော်ဆုံးဖြစ်မည့် ငါးမျိုးကို ရွေးချယ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်ပါသည်။
ပင်လယ်စာငါးများကို မည်ကဲ့သို့ အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်စားသုံးသင့်ပါသလဲ
ပင်လယ်စာသည်သဘာဝအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အဆီနှင့်ကယ်လိုရီဓာတ် နည်းပါးစွာပါဝင်ပါသည်။ (စားမည့်ငါး ၆ အောင်စတွင် ကယ်လိုရီဓာတ် ၁၈၀-၂၀၀ ကယ်လိုရီပါရှိပါသည်။) ပင်လယ်စာ၏ အာဟာရအကျိုးရှိမှုကို မပျက်စီးစေရန် အဆီအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများ သင်ရွေးချယ်စားသုံးရန်အရေးကြီးပါသည်။ ပင်လယ်စာ၏ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ချက်ပြုတ်သည့်နည်းလမ်းများသည် အရေးကြီးပါသည်။
ငါးတစ်ကိုယ်လုံးတွင် မာကျူရီဓာတ်များ တွေ့ရှိရပါသဖြင့် သန့်စင်ခြင်းနည်းစနစ်များသည် ငါးဟင်းတွင်ပါဝင်သော မာကျူရီပမာဏကို လျှော့ချနိုင်လိမ့်မည်မဟုတ်ပါ။ ငါးကိုဖုတ်ခြင်း (Baking)၊ မီးကင်ခြင်း (Broiling)၊ ရေနွေးဖြင့် ပြုတ်ခြင်း (Poaching)၊ ပေါင်းခြင်း (Steaming)၊ ကင်ခြင်း(Grilling)၊ မိုက်ကရိုဝေ့ဖြင့်ချက်ခြင်း (microwaving)၊ ထောပတ်(သို့မဟုတ်) ဆီအနည်း ငယ်ဖြင့်ကြော်ခြင်းတို့သည် သင်၏ဟင်းပွဲတွင် အဆီဓာတ်ပါဝင်မှု အနည်းဆုံး ဖြစ်စေပါလိမ့်မည်။
ငါးအမျိုးမျိုးအတွက် တစ်ခုသောစံပြုချက်နည်း တစ်ရပ်မှာ အထူတစ်လက်မရှိသော ငါးအသားလွှာကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ၁၀ မိနစ်ကြာ ဖုတ်ခြင်း(Baking) ဖြစ်ပါသည်။ ငါးကိုချက်ပြုတ်ရာတွင် ဆီများများဖြင့် ကြာမြင့်စွာကြော်ပြီး ခရင်ဆော့ဖြင့်စားမည်ဆိုပါက သင်၏ဟင်းပွဲတွင် အဆီဓာတ်နှင့် ကယ်လိုရီဓာတ်မြင့်စေမည်ဖြစ်ပါ သည်။
အရည်အသွေးကောင်းသောအေးခဲငါးကို မည်ကဲ့သို့ရွေးချယ်နိုင်မည်နည်း
အေးခဲငါးများ၏ ထုပ်ပိုးထားသောအရာများသည် ပျက်စီးမနေရပါ။ အေးခဲငါးများ၏ အထုပ်အပိုးအပေါ်၌ ရေခဲမှုန်များနှင့် နှင်းခဲမှုန်များဖုံးနေပါက မဝယ်ပါနှင့်။ အဆိုပါ ငါးများသည် ရက်ကာလ ရှည်ကြာစွာ သိုလှောင်ထားသောငါးများ (သို့မဟုတ်) အရည်ဖျော်ပြီး ပြန်လည်အေးခဲထားသော ငါးများဖြစ်ပါသည်။ လတ်ဆတ်သောငါးအသားလွှာ၏ အရောင်သည် အမျိုးမျိုးဖြစ်နေသော်လည်း များသောအားဖြင့် အရောင်ညီစွာဖြင့် တောက်ပနေပြီး အစွန်းဘက်များ၌ အဝါရောင် (သို့မဟုတ်) မြေဖြူရောင်သန်းမနေပါ။ ငါးအသားလွှာများသည် စိုစွတ်၍ တင်းမာနေရမည်ဖြစ်ပြီး လတ်ဆတ်သော အနံ့ဖျော့ဖျော့ဖြစ်နေရပါမည်။ ငါးညှီနံ့ စူးစူးဝါးဝါးဖြစ်မနေရပါ။
အိမ်၌ မည်ကဲ့သို့ ငါးများကို သိုလှောင်ထားရပါမည်နည်း
ငါးများကိုနေရောင်ခြည်အောက်၌ တိုက်ရိုက်မထားဘဲ ရေခဲအပေါ်၌ထားရှိရပါမည်။ လတ်ဆတ်သောငါးများ (သို့မဟုတ်) အေးခဲသောငါးများကို နှစ်ရက်အတွင်း ချက်ပြုတ်စားသောက်ရပါမည်။ ငါးကိုအေးခဲခန်းဖြင့်ဆိုလျှင် သုံးလအထိ သိုလှောင်ထားနိုင်ပါသည်။ ချက်ပြုတ်ပြီးသောငါးကို ရေခဲသေတ္တာအတွင်း၌ (၃-၄) ရက်ကြာ သိုလှောင်ထားနိုင်ပြီး အေးခဲအခန်း၌ဆိုပါက တစ်လကြာသိုလှောင်ထားနိုင်ပါသည်။
ရည်ညွှန်းချက်-LOUISIANA DEPARTMENT OF HEALTH and HOSPITAL

မြန်မာစာပေစကားတွင် မျက်စိအဆုံး၊ နားအရှုံးဟူသောဝေါဟာရ ကို သုံးလေ့ရှိကြသည်။ အကြားအာရုံချို့ယွင်းခြင်းကြောင့် လူဖြစ်မရှုံး သော်လည်း မိမိကိုယ်ကို ယုံကြည်မှုကင်း၍ လူ၀င်မဆံ့ဖြစ်လာတတ် သည်။ အာရုံခံ (၆) ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သောတအာရုံ ကောင်းမွန်ကြစေရန်ရည်ရွယ်၍ ဤဆောင်းပါးဖြင့် အကြံပြုရေးသား လိုပါသည်။
နား သို့မဟုတ် သောတအာရုံ

နားတစ်စုံတွင် အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍ အပိုင်းသုံးပိုင်းရှိသည်။ အပြင်နားဟူသည်မှာ နားရွက်နှင့်နားလမ်းကြောင်းဖြစ်ပြီး အသံလှိုင်းများကိုလက်ခံ၍ နားစည်ကိုရိုက်ခတ်တုန်ခါပေးသည်။ ထို့နောက် အလယ်နားထဲရှိ အရိုးငယ်လေးများက အသံလှိုင်းများကိုထိရိုက်သည်။ ယင်းမှတစ်ဆင့်အတွင်းနားထဲရှိ အရည်ကိုတုန်ခါ စေပြီး အသံလှိုင်းကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသောနည်းဖြင့် အကြားအာရုံကို ဦးနှောက်ထံပို့ဆောင်ပေးသည်။
အတိတ်ကံအကျိုးဆက်ကြောင့် တချို့သူများတွင် မွေးရာပါအကြားအာရုံချို့ယွင်းလာကြသကဲ့သို့ ကိုယ်ဝန်ဆောင်ကာလနှင့်မွေးကင်းစတွင်ဖြစ်ပွားလေ့ရှိသောရောဂါများနှင့်ဆက်စပ်နေခြင်းကြောင့် အကြားအာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။ လူအများစုကလည်း မကြာ ခဏအိပ်ရေးပျက်ခြင်း၊ ဖုန်းအမြဲနားထောင်၍ အလုပ်လုပ်ရခြင်း၊ပတ်၀န်းကျင်ဆူညံသံများဖုံးလွှမ်းသောနေရာ၌ အလုပ်လုပ်ရခြင်း၊ နားကြပ်တပ်၍ သီချင်းများနားထောင်လေ့ရှိခြင်း စသည်တို့ကြောင့် နားအူခြင်း၊ နားလေထွက်ခြင်း၊ နားယားခြင်းတို့ဖြစ်ပွားတတ်ပြီး အခန့်မသင့်ပါက နားကန်းသွားတတ်သည်။
ထို့ပြင် အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် တခြားရောဂါပိုးများဝင်ရောက်ခြင်း၊ နားအနောက်ဘက်နှင့် လည်ချောင်းအတွင်း ဂလင်း(အကျိတ်)ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ နားစည်နှင့်လည်ချောင်းပြွန်ပိတ်ဆို့ခြင်း၊နားကိုထိခိုက်မိခြင်းနှင့် ကျယ်လောင်သောအသံ စသည်တို့ကလည်း အကြားအာရုံချို့ယွင်းစေ နိုင်သည်။ နား၊ နှာခေါင်း၊ လည်ချောင်းတို့သည် အာရုံကြောများနှင့် ဆက်စပ်နေသဖြင့် နားထဲပိုး၀င်ပါက ဦးနှောက်ကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် နားကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိရှိထားကြရန်လိုအပ်သည်။
- နားကျန်းမာရေးအတွက် နားဝန်းကျင်ပြင်ပသန့်ရှင်းမှုကလည်း အရေးကြီးသည်။ ထို့ကြောင့် ရေချိုးပြီးစတွင် မျက်နှာသုတ်ပဝါ စိုထိုင်းထိုင်း သို့မဟုတ် တစ်သျှူးတို့ဖြင့် နားပြင်ပတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။
- နားကျပ်ဆီတစ်မျိုးဖြင့် နားသန့်စင်ပေးနိုင်သည်။ သို့သော် ယင်း အဆီများကို ပိုမိုသုံးစွဲမိပါက ကြေးညှော်တက်ကာ အကြားအာရုံ ပိတ်ဆို့တတ်သောကြောင့် လိုအပ်သည်ထက်ပိုမသုံးသင့်ပေ။
- နားပိုး၀င်ခြင်းအစ နားကျပ်ဂွမ်း၊ မီးခြစ်ဆံ၊ နားဖာကလော်တို့ကဟု မှတ်သားထားပါ။
- နားအတွင်းယားယံ၍ နာကျင်လာပါက ကုသမှုခံယူပါ။
- အကယ်၍ နားဖောက်မည်ဆိုပါက မေးခိုင်ပိုးမ၀င်စေရန်နှင့် အနာမရင်းစေရန် နားပတ်လည်နှင့် နားသီးတို့ကို အရက်ပြန်ဖြင့် သုတ်လိမ်းပေးပါ။
- ချွန်ထက်သော ကလစ်၊ နားကျပ်တံများက နားအတွင်းနံရံများ နှင့် နားစည်ကိုထိခိုက်ဒဏ်ရာရစေတတ်၍ထိုပစ္စည်းများဖြင့် နားသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
- လူတချို့က နားကိုသန့်ရှင်းစင်ကြယ်အောင် နားပေါက်ထဲရေလောင်းထည့်တတ်ကြသည်။ ထိုနည်းလမ်းကလွန်စွာမှားယွင်း နေပြီး နားဖာချေးများက အနောက်ဘက်သို့ပြန်ရောက်ကာ ပိတ်ဆို့ သွားတတ်သည်။
- သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့က နားဖာချေးများကို ပျော့ပျောင်း စေပြီး အပြင်သို့ အလွယ်တကူထွက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
- နှာခေါင်းပေါက် တစ်ဖက်ချင်းစီကို လက်ဖြင့်ပိတ်ပြီးမှသာလျှင် နှပ်ချေးညှစ်ထုတ်သင့်ပါသည်။ သို့မဟုတ်ပါက နားထဲသို့ ကူးစက် ပိုး၀င်ကာ နားအူစေတတ်သည်။
- နားထဲမှ အရည်များယိုစီးကျခြင်းသည် ကူးစက်ပိုး၀င်ခြင်းဖြစ်၍အမြန်ဆုံးကုသမှုခံယူသင့်သည်။
ဖျားနာပျောက်ဆေးများနှင့် နားအန္တရာယ်
ဖျားနာပျောက်ဆေးများ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ပိုးသတ် ဆေးပြင်းပြင်း သောက်သုံးရသည့်အခါ ယင်းဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးအဖြစ် နားထဲမှလေထွက်ခြင်း၊ နားအူခြင်း၊ နားထဲတွင် ဆူညံ သံများဆက်တိုက်ကြားရခြင်း စသည်ဖြင့် အကြားအာရုံထိခိုက်စေသည်။ ထိုအခြေအနေမျိုးတွင် တတ်ကျွမ်းနားလည်သောဆရာ၀န်နှင့် အမြန်ဆုံး ပြသ၍ ကုသမှုခံယူသင့်သည်။
- တချို့အလုပ်ရုံ၊ စက်ရုံများနှင့် လုပ်ငန်းခွင်များသည် နား၏ခံနိုင်ရည်အသံလှိုင်းထက်ကျယ်လောင်ကာ နားစည်တုန်ခါမှုကို အနှောင့်အယှက်ဖြစ်စေ၍နားအကာအကွယ်ကိရိယာများ တပ်ဆင်သင့်သည်။
- iPod နှင့် MP3 player များဖြင့် အချိန်ကြာမြင့်စွာ သီချင်းနားထောင်ခြင်းကလည်းနားကို အန္တရာယ်ဖြစ်စေတတ်သဖြင့် သတိပြုဆင်ခြင်သင့်သည်။
- လေ့လာဆန်းစစ်ချက်များအရကမ္ဘာပေါ်တွင်အကြားအာရုံချို့ယွင်းသူအများစုသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ယင်း တို့သည် အသက် ၁၀ နှစ်အရွယ်မတိုင်မီကစ၍ အသံနှုန်းမြှင့်ကာ နားကြပ်ဖြင့် အသံကျယ်ကျယ်သီချင်းနားထောင်လေ့ရှိကြောင်း၊ ထိုသို့ ကာလတာရှည်နားထောင်ခြင်းက လုံး၀နားကန်းသွားနိုင်ကြောင်း တွေ့ရသည်။
- အသံပါဝါယူနစ်ဟူသည်မှာ အသံအတိုးအကျယ် တိုင်းတာနှုန်း ထားဖြစ်ပြီး နားကြပ်မှ အသံပါဝါယူနစ်ကို ၈၅ အထိထား၍ တစ်ရက်လျှင် ရှစ်နာရီကြာ သီချင်းနားထောင်သည့်အခါ ယာယီ နားကန်းသွားစေနိုင်ကြောင်း၊ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိထား၍ လေးနာရီကြာမျှ သီချင်းနားထောင်သောအခါတွင်လည်း ယာယီနားကန်းသွားစေကြောင်း၊ အကယ်၍ အသံပါဝါ ယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍ သီချင်းနားထောင်ပါက ၁၅ မိနစ်အချိန်တွင်းမှာပင် နား(လုံးဝ) ကန်းသွားနိုင်ကြောင်း ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ Dr. Brian Fligor က ဆိုသည်။
- အိမ်တွင်းစတူဒီယိုနှင့် အသံသွင်းခန်းမများသည် နားစည်တုန်ခါမှုဖြစ်စေတတ်သဖြင့် အသံပမာဏနှုန်းကို နှိမ့်ထားသင့်သည်။
- အင်တာနက်ဂိမ်းဆိုင်တချို့တွင်နားကြပ်ကိုလူတကာသုံးစွဲထားသောကြောင့်ဗက်တီးရီးယားပိုးမွှားများကိုလက်ဆင့် ကမ်းသယ်ဆောင်သွားကြပြီး နားထဲပိုး၀င်နိုင်သည်။ ထို့ကြောင့် မိမိကိုယ်ပိုင်နားကြပ်သီးသန့်သုံးစွဲသင့်သည်။
- မဖြစ်မနေ နားကြပ်တပ်သုံးရသည့်အခါ နားစည်တုန်ခါမှုမပြင်းထန်စေရန် နားကြပ်ကို နားကလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါ နှင့်။ မိမိကြားလောက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍လျှော့ သုံးပါ။ နားကြပ်သုံးစွဲချိန်ကို တစ်နာရီပြည့်တိုင်း ငါးမိနစ်နားပါ။
- တယ်လီဖုန်းများနှင့် ဟန်းဖုန်း volume များ လျှော့ထားခြင်း ဖြင့် နားထိခိုက်မှုမှ ကြိုတင်ကာကွယ်ရာရောက်သည်။
- မော်တော်ဆိုင်ကယ်၊ စကိတ်၊ မြင်းစီးခြင်း စသည်တို့သည် ဦးခေါင်းနှင့် နားကိုထိခိုက်စေသောကြောင့် နားကာဦးထုပ်များ ဝတ်ဆင် ထားသင့်သည်။
- ရေထဲသို့ ဒိုင်ဗင်ထိုးချခြင်း၊ ရေကူးခြင်းနှင့် ရေထဲတွင် အလုပ်လုပ် ရခြင်းကြောင့် ရေထုဖိအားက နားကိုအနှောင့်အယှက်ဖြစ်စေသဖြင့် နားအကာအကွယ်ပစ္စည်းတပ်ဆင်ထားသင့်ပါသည်။
- လေယာဉ်စီးနေစဉ် လေထုဖိအားမှကာကွယ်ရန် အထူးဆန်ခါပါသော နားကြပ်တပ်ဆင်ထားခြင်း၊ နားထဲရှိလေဖိအားကို မျှခြေ ဖြစ်စေရန် မကြာခဏတံတွေးမျိုချခြင်း သို့မဟုတ် ပါးစပ်ဟ၍သမ်းခြင်း၊ အအေးမိနှာစေးနေပါက လေယာဉ်ပေါ်မတက်မီ တစ်နာရီခန့်ကြိုတင်၍ နှာချေပျောက်ဆေးသောက်ထားခြင်း စသည်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသင့်သည်။
- အကြားအာရုံကောင်းမွန်သော်လည်း နားလည်တတ်ကျွမ်းသော ဆရာ၀န်ဖြင့် နားကိုပုံမှန်စစ်ဆေးကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှကာကွယ်ရန် နားတစ်ဝိုက် sunscreen လိမ်းခြင်း၊ မတော်တဆထိခိုက်မှုကြောင့် နားရောင်ရမ်း နာကျင်နေပါက ဆရာ၀န်နှင့်ပြသစစ်ဆေးခြင်း စသည်ဖြင့်အထွေထွေစောင့်ရှောက်မှုများ ပြုလုပ်သင့်သည်။
အကြားအာရုံဆုံးရှုံးခြင်းကိုအောက်ပါလက္ခဏာများက ဖော်ပြလျက်ရှိသည်။
- တစ်ဖက်လူဖြေဆိုသောစကားကိုမကြား၍ ထပ်ခါထပ်ခါတူညီသောမေးခွန်းမေးနေခြင်း၊
- အမေးနှင့်အဖြေတလွဲဖြစ်နေခြင်း၊
- တယ်လီဖုန်းပြောသောအခါ သေသေချာချာမကြားရခြင်း၊
- တီဗွီ၊ ရေဒီယို၊ ကက်ဆက်အသံများကို တခြားသူများထက် အသံ နှုန်းပမာဏတိုးမြှင့်မှသာ ပီသစွာကြားနိုင်ခြင်း၊
- မိမိကို စကားပြောလာသည့် တစ်ဖက်လူများအပေါ် စကား မပီမသပြောနေကြသည်ဟု မကြာခဏသံသယ၀င်မိခြင်း၊
- ပတ်ဝန်းကျင်ရှိ ငှက်လေးများ၏အော်မြည်သံကို သဲသဲကွဲကွဲမကြား ရခြင်း၊
- တစ်ဖက်လူပြောဆိုသောစကားကို သဲသဲကွဲကွဲမကြားရသဖြင့် ဟန်ဆောင်၍ ခေါင်းညိတ်၊ ခေါင်းခါ၊ ပြုံးပြနေရခြင်း၊
- ကြည်ကြည်လင်လင်မကြားရ၍ပြောနေသောစကားဝိုင်းမှ ရှောင်ထွက်လာရခြင်း၊
- တစ်ဖက်လူ၏နှုတ်ခမ်းကိုကြည့်ပြီးမှသာမိမိက ခက်ခဲပင်ပန်းစွာ စကားဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ခြင်း၊
- ပြင်ပ ပယောဂအသံကြောင့်မဟုတ်ဘဲ နားထဲတွင် အလိုအလျောက် တဝီဝီအသံများ အဆက်မပြတ်ကြားနေခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် လူသားအားလုံး အကြားအာရုံချို့ယွင်းမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုရေးသားလိုက်ပါသည်။
Source: https://myawady.net.mm/stories

ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများ ကာရံထားကာ အတွင်းတွင် သေးငယ်ပြီး ရွှေဝါရောင်သန်းနေသော ဘယ်ရီသီးတစ်မျိုးဖြစ်သည်။ Goo-seberry ဟုခေါ်သည့် ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီသီးမျိုးနွယ်ဝင်ဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်အမည် Groundcherry ဟုခေါ်ပြီး သိပ္ပံအမည် Physalis Peruviana ဟုခေါ်ဆိုသည်။တခြားဒေသများ၌ Cape Gooseberry ဟုလည်းခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။ဗောက်ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များတူညီကြသည်။ ဗောက်သီ
ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများ ကာရံထားကာ အတွင်းတွင် သေးငယ်ပြီး ရွှေဝါရောင်သန်းနေသော ဘယ်ရီသီးတစ်မျိုးဖြစ်သည်။ Goo-seberry ဟုခေါ်သည့် ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီသီးမျိုးနွယ်ဝင်ဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်အမည် Groundcherry ဟုခေါ်ပြီး သိပ္ပံအမည် Physalis Peruviana ဟုခေါ်ဆိုသည်။တခြားဒေသများ၌ Cape Gooseberry ဟုလည်းခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။ဗောက်ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များတူညီကြသည်။ ဗောက်သီး၏ပုံစံမှာ အဝါရောင်စိုစိုဖြစ်ပြီးအရသာမှာခရမ်းချဉ်သီးအလုံးသေးများနှင့်ဆင်တူသော်လည်း ခရမ်းချဉ်သီးထက်အချိုအရသာပိုပြီး ခံတွင်းရှင်းစေသည်။ ဗောက်သီးကို စား၍ကောင်းသောကြောင့်သရေစာအနေဖြင့်စားကြသကဲ့သို့ ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့်အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးနှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။
ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ကိုယ်အလေးချိန် လျှော့ချပေးနိုင်ပြီး နှလုံးကို ကျန်းမာစေသောဗောက်သီး
ဗောက်သီးသည်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုပြေစေခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်သောဝေဒနာတချို့မှကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းတို့ကိုဖြစ်ပေါ်ရန်လုပ်ဆောင်ပေးသည်။ကိုလက်စထရောကိုထိန်းညှိပေးပြီး နှလုံးတွင်ဖြစ်တတ်သောရောဂါများကိုလျော့ကျစေသည့်အတွက်ဗောက်သီးကို စားသုံးပေးခြင်းဖြင့်နှလုံးကျန်းမာစေသည်။ ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေရန်အထောက်အကူပြုသည့်Phytochemicalပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေသည်။
ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့်ဆီးချိုဝေဒနာရှင်များ စားသုံးရန် အထူးသင့်လျော်သည်။ ဗောက်သီးတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချိုကိုထိန်းညှိပေးပြီး သွေးပေါင်ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင်ဗောက်သီးစားသုံးပေးခြင်းဖြင့် သွေးပေါင်ကျစေသည်။
ရောင်ရမ်းမှုကိုသက်သာစေသောဗောက်သီး
ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့်ပန်းနာ၊ရင်ကျပ်သက်သာစေသောဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့်ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင်အသုံးပြုသကဲ့သို့ အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်သည်။
သွေးတိုးရောဂါနှင့် အဆုတ်ကင်ဆာကို သက်သာစေသောဗောက်သီး
ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်တို့ကဲ့သို့ Phytochemical များနှင့် သွေးတိုးခြင်းကိုသက်သာစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်သင့်တင့်မျှတစွာပါဝင်သောကြောင့်သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်သည်။ အဆိုပါဇီဝဓာတုဒြပ်ပေါင်းများသည် ကိုလက်စထရောကိုကျဆင်းစေသည်။ ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့်ကယ်ရိုတနွိုက်များကြောင့် အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်သည်။
အမြင်အာရုံကောင်းမွန်စေပြီး အာရုံကြောပြဿနာများကိုအထောက်အကူပြုစေသောဗောက်သီး
ဗောက်သီးတွင် ဗီတာမင် - A ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့်ဗီတာမင်-A ပမာဏ ကို လုံလောက်စွာထောက်ပံ့ပေးနိုင်သည်။ဗီတာမင်-Aသည် မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ ဗောက်သီးတွင်Free Radical များကို ထိန်းချုပ်နိုင်သည့်အစွမ်းရှိသဖြင့် အာရုံကြောဆိုင်ရာရောဂါများအပါအဝင် ရောဂါအတော်များများကို ခုခံရာတွင် အထောက်အကူပြုသည်။
အရိုးများကိုကြံ့ခိုင်သန်စွမ်းစေပြီး ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သောဗောက်သီး
ဗောက်သီးတွင် အရိုးများကို ကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်စီယမ်နှင့်ဖော့စဖရပ်စ်များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် Pectin ပါရှိသည်။ထို့ပြင်အမျိုးသားများတွင်ဖြစ်တတ်သည့်ဒူလာနှင့်အရေပြားနီမြန်းရောင်ရမ်းခြင်းကိုကုသရာတွင်လည်း အသုံးပြုနိုင်သည်။
ဗောက်သီးတွင်ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သော ဗီတာမင်-C ပါဝင်သောကြောင့် ခန္ဓာကိုယ်မှလိုအပ်သည့် ဗီတာမင်-C ကို ပြည့်ဝစေပြီး ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောပမာဏကိုထိန်းညှိပေးကာ အသည်းကျန်းမာရေးကိုကောင်းမွန်စေသည်။
အအေးမိတုပ်ကွေးရောဂါကို သက်သာစေသောဗောက်သီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောဗောက်သီးသည် အအေးမိတုပ်ကွေးဖျားနာမှုများကို ကာကွယ်ပေးနိုင်သည်။ ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးဖြင့်စားသုံးပေးမည်ဆိုပါက နှာခေါင်းပိတ်ခြင်းကို သက်သာစေမည်ဖြစ်သည်။
ကျောက်ကပ်ကိုကျန်းမာစေသောဗောက်သီး
ဗောက်သီးသည်ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ဆီးရွှင်စေသောကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုလျှံနေသည့်အဆီများ၊အငန်ဓာတ်များနှင့် ပြန်ရည်ကြောစနစ်မှအဆိပ်အတောက်များကို ဖယ်ရှားစွန့်ထုတ်ပေးသောကြောင့် ကျောက်ကပ်ကို ကျန်းမာစေသည်။
ဗက်တီးရီးယားများကိုသေစေနိုင်သောဗောက်သီး
ဗောက်သီးတွင်ပါဝင်သည့်ဓာတ်များက ခန္ဓာကိုယ်အတွက်အကျိုးပြုသည့် ဗက်တီးရီးယားများနှင့်အကျိုးမပြုသည့်ဗက်တီးရီးယားများကိုပါသေစေနိုင်သည့်အစွမ်းရှိသဖြင့် အီးကိုလိုင်း ဗက်တီးရီးယားအပါအဝင် ဗက်တီးရီးယားအတော်များများကို သေစေနိုင်သည်။
အရေပြားအစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကို တင်းရင်းစေသောဗောက်သီး
ဗောက်သီးတွင်ပါဝင်သော ဗီတာမင်- B3 ကြောင့် အရေပြားကိုနူးညံ့စေပြီး အသားအရေကို အာဟာရဖြည့်ပေးသကဲ့သို့ အစိုဓာတ်ကိုလည်း ထိန်းပေးသည်။ အရေပြားနီမြန်းမှုကိုသက်သာစေနိုင်ပြီးအရေပြားအပေါ်ယံလွှာ ကျန်းမာစေရန်အထောက်အကူပြုနိုင်သည်။ ဗီတာမင်-B3 က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြားမခြောက်သွေ့စေရန် ကာကွယ်ပေးသည်။ ထို့ပြင် ဗောက်သီးတွင် ဗီတာမင်-Cပါဝင်သောကြောင့် Collagen ထွက်ရှိအောင်လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်းကျန်းမာစေသည်။ အရေပြားကိုနုပျိုစေပြီး ဝက်ခြံနှင့်ဝက်ခြံအမာရွတ်များကို သက်သာစေသကဲ့သို့ အသားအရေကြည်လင်လှပစေရန်လည်းအထောက်အကူပြုသည်။
အသက်အရွယ်ကြောင့်ဖြစ်သည့် အရေပြားပေါ်ရှိ အစက်အပြောက်များကိုလည်း သက်သာစေနိုင်သည်။
ရေဓာတ်ဖြည့်ပေးပြီးဆဲလ်အသစ်များ ဖြစ်ပေါ်စေသောဗောက်သီးဗောက်သီးတွင်ပါဝင်သောအသားအရေကိုထောက်ပံ့ပေးနိုင်သည့် နောက်ထပ်အာဟာရတစ်ခုမှာကယ်လ်စီယမ်ဓာတ်ဖြစ်ပြီးကယ်လ်စီယမ်ကိုအရိုးနှင့်သွားများအတွက်သာလိုအပ်သည်ဟု သိထားကြသော်လည်း ကယ်လ်စီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီထွက်ရှိမှုကိုထိန်းပေးသည်။ နောက်တစ်ချက်မှာအရေပြားဆဲလ်ဟောင်းများကိုဖယ်ရှားပေးပြီး ဆဲလ်သစ်များဖြစ်ပေါ်စေရန် အထောက် အကူပြုသည်။
ဗောက်သီး၏ဘေးထွက်ဆိုးကျိုးများ မမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အဆိပ်ရှိသော Alkaloid အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကို မမှည့်ဘဲ မစားသုံးသင့်သကဲ့သို့ချယ်ရီသီးမျိုးရင်းဝင်၊ဘယ်ရီသီးမျိုးရင်းဝင်အသီးများ၊ အပင်များနှင့်ဓာတ်မတည့်သူများအနေဖြင့် ဗောက်သီးမစားသုံးသင့်ဟုသိရသည်။ ထို့ပြင် ဗီတာမင်-C၊ ဗီတာမင်-A တို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကိုလုံးဝမစားသုံးသင့်သည့်အပြင်တစ်ကြိမ်တည်းတွင်အလုံးအရေအတွက်များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားသည်။
ကိုယ်ဝန်ဆောင်မိခင်များစားသင့်သောဗောက်သီး
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက် ကိုယ်ဝန်ဆောင်ချိန်တွင်တစ်ရက်လျှင်သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး ထိုကဲ့သို့ စားသုံပေးသင့်သည့်အသီးများထဲတွင် ဗောက်သီးလည်းပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗောက်သီးကိုစားမည်ဆိုလျှင် မြေဆီလွှာတွင်ရှိနေတတ်သော ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့် Toxoplasmosis ရောဂါဖြစ်စေနိုင်သေကြောင့်ရေဖြင့်သေချာစင်ကြယ်အောင်ဆေးကြောပြီးမှသာစားသုံးသင့်သည်။
ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသားအရေကိုကျန်းမာစေပြီးအရေပြားပြဿနာကင်းစေရန်နှင့် အရေပြားပေါ်ရှိ အကြောပြတ်ရာများသက်သာစေရန် အထောက် အကူ ပြုနိုင်သည်။
အချုပ်အားဖြင့် Gooseberry ဟု ခေါ်သည့် ဗောက်သီးကို စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ သရေစာအဖြစ် စားနိုင်သကဲ့သို့ ဖျော်ရည်အနေဖြင့်ဖြစ်စေ၊အချိုပွဲအနေဖြင့်ဖြစ်စေစားသုံးနိုင်သည်။ဗောက်သီးတွင် သံပရာသီးထက် ဗီတာမင်-C နှစ်ဆနီးပါးပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသောကြောင့်ဗောက်သီးစားသုံးပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ဗောက်သီးတွင်အစာခြေအူလမ်းကြောင်း၏ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးသည့် ပျော်ဝင်လွယ်သော အမျှင်ဓာတ် Pectin ကြွယ်ဝစွာပါဝင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နေပူထဲမှပြန်လာပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်သူတစ်ဦး အဝတ်အစားမလဲရမီမှာပင် မူးလဲကျကာ အသက်ဆုံးရှုံးသွားရသည်ဟု ကြားသိ ရဖူးပါသည်။
ပူပြင်းသောနွေတစ်ညတွင် ပူလောင်အိုက်စပ်ပြီး အိပ်မပျော်သဖြင့် ညဉ့်သန်းခေါင် ရေထချိုးသူတစ်ဦး သည်လည်း နံနက်လင်းသောအခါ အိပ်ရာမှမထသဖြင့် နှိုးကြည့်ရာမှ လေဖြတ်ပြီး စကားမပြော၊ မလှုပ်ရှားနိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။

ထမင်းဟင်းရောင်းသူ အမျိုးသမီးကြီးတစ်ဦးသည် တစ်နေကုန် မီးဖိုကြီးအနီးတွင် ချက်ပြုတ်ရသည်။ နေပူပြင်းသောနေ့တစ်နေ့တွင်ရေထည့်သည့်စည်ပိုင်းပြတ်အတွင်းသို့ ရေခဲတုံးကြီးထည့်စိမ်၍ ရေချိုးလိုက်ရာမှ လဲကျပြီး ပါးစပ်မှအမြှုပ်များထွက် ကာ သေဆုံးသွားသည်ကိုစာရေးသူတို့ငယ်စဉ် ကျောင်းသားဘဝက ကိုယ်တွေ့ကြုံဖူးပါသည်။
အထက်ပါအဖြစ်များမှာ နွေဥတုတွင်ဖြစ်သော အဖြစ်များဖြစ်သည်။ အပူနှင့်အအေးဆန့်ကျင်ဘက် ကြောင့်လားဟု တွေးစရာရှိပါသည်။ စာရေးသူသည် သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လူနာများကို ရေချိုးပြီး၍ မျက်စိများနီရဲနေလျှင်၊ နီလျှင် သတိထားကြရန်အမြဲပြောပါသည်။
အထူးသဖြင့် အိမ်ရှင်မများ မီးဖိုချောင်တွင် မီးအပူ နှင့် အမြဲထိတွေ့ချက်ပြုတ်ကြော်လှော်နေရသူများ တွင် မီးဖိုနှင့်ညှော်ငွေ့များ ကပ်ငြိနေလေ့ရှိသည်။ ရုတ်တရက်ရေချိုးသောအခါ ကိုယ်တွင်းမှ ကန်ထွက် သောအခိုးနှင့် အပြင်မှရေအေးတွေ့ထိပြီး အမြင်လွှာ သွေးကြောများရောင်ခြင်း၊ အခိုးများငုပ်၍ အတွင်း တိမ်ဖြစ်ခြင်းများပင်ဖြစ်နိုင်သည်။
ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်းကို သတိပေးရုံ ဖြင့်မပြီး ကာကွယ်ရန်နည်းလမ်းများကို စဉ်းစားခဲ့ပါ သည်။ ဝမ်းထဲမှအပူ အထက်သို့တက်ရုံမျှမက မျက်စိ သွေးကြောများပါ နီရဲခြင်းသည် ဦးနှောက်နှင့်အလွန် နီးကပ်သောလက္ခဏာဖြစ်သည်။ ဦးနှောက်သွေး ကြောများသို့ လေပူရောက်ပြီးပေါက်သွားလျှင် ရုတ်တရက် လေဖြတ်နိုင်သောလက္ခဏာဖြစ်သည်။
လေသည် ရုတ်တရက် လူကိုသတ်နိုင်သော ရာဇဂုဏ်ရှိသည်ဟု အာယုဗ္ဗေဒဆေးပညာတွင် သင်ရသည်။ ရာဇဆိုသည်မှာမင်းသည်လူကိုသတ်နိုင်သကဲ့သို့လေသည်လည်း လူကိုသတ်နိုင်သည်။ ဥပမာ- လေသင်တုန်းဖြတ်လျှင် ရုတ်တရက် လဲကျပြီး အသက်ပါ ပါသွားတတ်သည်။ အနောက်တိုင်းဆေး ပညာအမြင်တွင် ရုတ်တရက် Heart Attack ရသွားခြင်း ဖြစ်သည်။ သို့သော် ဦးနှောက်ကို လေသင်တုန်းဖြတ်ခြင်းမှာ Brain Attack ဟု ခေါ်ဆိုနိုင်သည်။
လေတွင် လေပူ (ဥဏှဝါယော) နှင့် လေအေး (သီတဝါယော) နှစ်မျိုးရှိသည်။ ထိုအထဲမှဥဏှဝါယောသည် အထက်သို့တက်၍ ဦးနှောက်ကို ဖျက်ဆီးမည့်ဟန်ပြင်လာပြီဆိုလျှင် ကြိုတင်သတိပေးသည့်လက္ခဏာမှာ မျက်စိများနီရဲလာခြင်းဖြစ်သည်။တစ်ခါတစ်ရံ မျက်စိနှစ်လုံးစလုံးမနီမရဲဘဲ တစ်လုံးသာရဲလေ့ရှိသည်။
ထိုအခါ သတိပေးသည့်အချက်မှာ ဘယ်ဘက် မျက်စိနီရဲလျှင် (အထူးသဖြင့် ရေချိုးပြီးစတွင် ပို၍ ထင်ရှားသည်) ဘယ်ဘက်အခြမ်းဦးနှောက်သွေးကြော ပေါက်နိုင်သည်။ ထိုအခါ လူတွင် ညာဘက်အခြမ်း (ဆန့်ကျင်ဘက်) လေဖြတ်နိုင်သည်။ အကယ်၍ ညာဘက်မျက်စိနီရဲလျှင် ဦးနှောက်၏ ညာဘက်အခြမ်းတွင် သွေးကြောပေါက်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့်ခန္ဓာကိုယ်၏ဘယ်ဘက် အခြမ်းတွင် လေဖြတ်နိုင်လေသည်။
လေဖြတ်ခြင်းသည်ဦးနှောက်၏ဘယ်ဘက် အကန့်နှင့် ညာဘက်အကန့်များတွင် သွေးခဲပိတ်ဆို့ ခြင်း၊ သွေးထောက်ပံ့မှုမရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ထိုသွေးထောက်ပံ့မှုမရသော ဦးနှောက်၏ လုပ်ဆောင်ချက်မှာ ဆန့်ကျင်ဘက်ဖြစ်သော ခန္ဓာ ကိုယ်ဘယ်ဘက်အခြမ်း၊ ညာဘက်အခြမ်းများတွင် မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။
စာရေးသူသည်တိုင်းရင်းဆေးနှင့်မြစ်ချင်းပြီး ရိုးရာဆေးပင်များကိုအသုံးပြုပြီး မျက်စိနီရဲခြင်း၊ လေအထက်ဆန်ခြင်း၊ လေပူတက်ခြင်း၊ လေပူကန် ခြင်းများကို ကုသရန်ကြိုးစားခဲ့သည်။ လေပူနှိမ်ဆေး၊ လေပူနိုင်ဆေး၊ လေသက်ဆေးများကို သုံးစွဲခဲ့ပါသည်။ ထို့ပြင် မျက်စိအတွက် ရှေးကပင် သမားစဉ်အဆက်ဆက် သုံးစွဲခဲ့သော နာမည်ကျော်စက္ခုပါလဆေးကိုလည်း လူနာများကိုပေးပြီး သုံးစွဲစေခဲ့သည်။ အတန်အသင့် သက်သာရုံမျှသာဖြစ်ပြီး ထူးခြားစွာမပျောက် ကင်းခဲ့ပေ။
မျက်စိနီသူများကို မျက်စိကွင်းဆေး၊ မျက်စဉ်းဆေးများ ပေးကြည့်သောအခါတွင်လည်း ခေတ္တခဏမျှသာ သက်သာသယောင်ရှိသော်လည်း ဆောင်းတွင်း၊ မိုး တွင်းကဲ့သို့ အေးသောကာလများတွင် ရေချိုးပြီးသော အခါ မျက်စိပြန်နီလာသည်ကို တွေ့ရသည်။
ထိုမျက်စိနီသူများမှအတော်များများမှာလည်း ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း၊ သို့မဟုတ် လေဖြန်း ခြင်းဖြစ်လေ့ရှိသည်ကို သတိထားမိလာသည်။ နှစ် အတန်ကြာသောအခါ စာရေးသူ နည်းလမ်းကောင်းတစ်ခုကို တွေ့လာရသည်။
ထိုနည်းမှာ ဆေးမဟုတ်ဘဲ ရေသောက်နည်းသာ ဖြစ်သည်။ ရေသောက်နည်းကို မှန်မှန်လိုက်နာသော သူများမှာ မျက်စိနီရဲခြင်းသက်သာလာပြီး သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။
အဓိကမှာ နံနက်တွင် ရေချိုးလေ့ရှိသူ၊ အိပ်ရာထ ချိန် ရေချိုးလေ့ရှိသူများမှာ လေဖြတ်ဝေဒနာ ပို၍ဖြစ် လေ့ရှိသည်ကို တွေ့ရသည်။
ထိုသူများအတွက် ကာကွယ်ရန်မှာ ညအိပ်ရာဝင် ချိန်တွင် ရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။ နံနက် အိပ်ရာထသည်နှင့် ရေတစ်ခွက်ထပ်သောက်ရန်လို ပါသည်။ ထို့နောက်မှ ရေချိုးပါ။ ပြီးမှ မျက်နှာသစ် ခြင်း၊ သွားတိုက်ခြင်းကို ဆက်၍လုပ်ဆောင်ရန်ဖြစ် သည်။
နေ့ပိုင်းတွင် ရေချိုးမည့်သူများမှာ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ရေချိုးမည်ဆိုလျှင် ရေမချိုးမီ ရေ မတ်ခွက်တစ်ခွက်ကုန်အောင်သောက်ပြီးမှ ရေချိုး လျှင် အစာအိမ်မှလေပူသည် အထက်သို့တက်ပြီး မျက်စိများနီရဲခြင်းကို ကာကွယ်နိုင်သည်။ တစ်နည်း အားဖြင့် ဦးနှောက်သို့တက်သော အပူကိုကာကွယ် ထားပြီးဖြစ်သဖြင့် ရေချိုးပြီး ခေါင်းမူးခြင်း၊ လေဖြတ် ခြင်းကို ကာကွယ်နိုင်သည်။
ညနေပိုင်းနှင့် ညပိုင်းတွင် လူကြီးများရေမချိုးသင့် ပေ။ လူငယ်နှင့်လူလတ်ပိုင်းများ ရေချိုးနိုင်သည်။ အလုပ်လုပ်ရသဖြင့် ပင်ပန်းနွမ်းနယ်သူများ၊ ညစ်ပတ်ပေကျံသော အလုပ်လုပ်ရသူများမှာ ရေချိုးနိုင် သည်။ သို့သော် ရေချိုးပြီးလျှင်မှန်ကြည့်ပါ။ မျက်စိ များနီသည်၊ ရဲသည်ဆိုလျှင် နောက်တွင် ညနေနှင့် ညဘက်ရေချိုးခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။
မည်သည့်ရာသီဥတုမဆိုလူလတ်ပိုင်းမှစ၍ လူကြီးများအထိ သတိဖြင့်သာရေချိုးသင့်သည်။ ရေမချိုးမီရေတစ်ခွက်သောက်ခြင်းသည် အစာအိမ် မှအပူများ အထက်သို့တက်ခြင်းကို ကာကွယ်နိုင်သည်။ အာသီးရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွား များယိုင်နဲ့ခြင်းကိုလည်း ကာကွယ်သည်။ မျက်စိသို့ အခိုးတက်၍နီရဲခြင်းနှင့် အရွယ်မတိုင်မီ မျက်စိမှုန် ခြင်း၊ မျက်စိမှန်ဘီလူးများအခိုးရိုက်ခြင်းကို ကာကွယ်နိုင်သည်။
ရေမချိုးမီ ရေတစ်ခွက်သောက်ဆိုရာတွင်ပုံမှန် သောက်ရေအိုးမှရရှိသည့် အအေးဓာတ်ရှိသောရေကိုသာသောက်သင့်သည်။ ရေခဲရေမသောက်သင့်ပေ။ အေးအောင်၊ ခဲအောင် ရေခဲသေတ္တာ၊ Water Cooler တို့မှပြုပြင်ထားသော ရေကိုသောက်လျှင် ပို၍ပင် အပူငုပ်စေနိုင်သည်။ မြေသောက်ရေအိုးတွင် ထည့် သောက်သောရေသည် သဘာဝအအေးဓာတ်ကိုပေး သည်။
သတိပြုရန်မှာ မျက်စိနီရဲခြင်းသည် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်း ဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းကို ကာကွယ်ရန်လိုသည်။ သာမန်လုပ်ဆောင်နိုင်သည့် အကျင့်ကောင်းတစ်ခုကို အမြဲလုပ်ဆောင်ပါ။ ရေ မချိုးမီ ရေအေးတစ်ခွက်သောက်ပါ။ လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ကျန်းမာအသက်ရှည်ရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
Photo- Medical News Today

မကြာသေးမီနှစ်များအတွင်းအဝလွန်သူဦးရေတိုးလာသည်နှင့်အမျှအကြိုသွေးချိုရောဂါနှင့်သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုတိုးမြင့်လာကြောင်းတွေ့ရှိရသည်။ အထိုင်များသောလူနေမှုပုံစံနှင့်ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုအလေ့အကျင့်များသည်လည်းအလားတူကြီးထွားလာနေပါသည်။ အမျှင်ဓာတ်သည် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးသွေးချိုဆီးချိုရောဂါကို ကာကွယ်ခြင်းနှင့်ကုသခြင်း အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးစွမ်းနိုင်သည်။ လေ့လာမှုများအရ သွေးချိုဆီးချိုရောဂါရှိသူအများစုသည် အာဟာရကုထုံး သို့မဟုတ် သွေးချိုဆီးချိုရောဂါအသိပညာပေးခြင်းကို လိုက်နာမှု အားနည်း
မကြာသေးမီနှစ်များအတွင်းအဝလွန်သူဦးရေတိုးလာသည်နှင့်အမျှအကြိုသွေးချိုရောဂါနှင့်သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုတိုးမြင့်လာကြောင်းတွေ့ရှိရသည်။ အထိုင်များသောလူနေမှုပုံစံနှင့်ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုအလေ့အကျင့်များသည်လည်းအလားတူကြီးထွားလာနေပါသည်။ အမျှင်ဓာတ်သည် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးသွေးချိုဆီးချိုရောဂါကို ကာကွယ်ခြင်းနှင့်ကုသခြင်း အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးစွမ်းနိုင်သည်။ လေ့လာမှုများအရ သွေးချိုဆီးချိုရောဂါရှိသူအများစုသည် အာဟာရကုထုံး သို့မဟုတ် သွေးချိုဆီးချိုရောဂါအသိပညာပေးခြင်းကို လိုက်နာမှု အားနည်းကြကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသောက်ရန် အကြံပြုချက်များရှိသော်လည်း တစ်ဦးချင်း အနေဖြင့် လုံလောက်သောအမျှင်ဓာတ် သို့မဟုတ် မှန်ကန်သောအမျိုးအစားကို စားသုံးနိုင်ခြင်းမရှိကြောင်း သိရသည်။
အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုများကို လျှော့ချထိန်း ချုပ်ခြင်းသည် ပန်ကရိယမှအင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်၏လုပ်ဆောင်မှုများ ကျဆင်းမှုကို နှေးကွေးစေပြီး အလုံးစုံရလဒ်များတိုးတက်ကောင်းမွန်လာစေရန် အထူးအရေးကြီးသဖြင့် ရောဂါ၏ကနဦးအဆင့်များတွင် မဖြစ်မနေ ဂရုစိုက်ကုသရန်လိုအပ်သောအချက်တစ်ခုဖြစ်သည်။ အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါကုသမှုတွင်အစားအသောက်ကုထုံးသည်အဓိကအရေးကြီးသောကုသမှုဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုရွေးချယ်ပြီး စိတ်ကြိုက်အစားအသောက်အစီအစဉ်များရေးဆွဲပြင်ဆင်ရန်လိုအပ်ပါသည်။ ဤနည်းလမ်းများတွင် နေ့စဉ် အစားအစာတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သို့မဟုတ် အစားအစာအားလုံးကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးတည်းဖြင့် သို့မဟုတ် အမျှင်ဓာတ်များသောဖြည့်စွက်စာများနှင့်ပေါင်းစပ်အစားထိုးစားသောက်ခြင်းတို့ပါဝင်သည်။
အမျှင်ဓာတ်သည်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့်ပဲစေ့များတွင် အဓိကတွေ့ရှိရသော ကစီဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ မချေဖျက်နိုင်သော သို့မဟုတ် မစုပ်ယူနိုင်သောအပင်များ၏အစိတ်အပိုင်းများပါဝင်သည်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများသည် ဇီဝဖြစ်စဉ်ကျန်းမာရေးနှင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက်ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးသည်။ အမျှင်ဓာတ်ပါဝင်ပြီး အရသာရှိသော အစားအစာများကိုရွေးချယ်ရန်မခက်ခဲပါ။ လိုအပ်သောအမျှင်ဓာတ်၊ အမျှင်ဓာတ်ပါရှိသည့်အစားအစာများနှင့် ၎င်းတို့ကိုအစားအစာများနှင့်သရေစာများတွင်မည်သို့ထည့်ရမည်ကို သိရှိရန်လိုအပ်ပါသည်။
နေ့စဉ်လိုအပ်သော အမျှင်ဓာတ်ပမာဏ
အမေရိကန်သွေးချိုဆီးချိုအသင်းက အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် တစ်ရက်လျှင် အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားများအတွက်တစ်ရက် လျှင် ၃၈ ဂရမ်စားသုံးရန်နှင့် သွေးချိုဆီးချိုရောဂါရှိသူများသည် ကယ်လိုရီ ၁၀၀၀ လျှင် အနည်းဆုံးအမျှင်ဓာတ် ၁၄ ဂရမ်စားသုံးသင့်ကြောင်း အကြံပြုထားသည်။ သွေးချိုဆီးချိုရောဂါနှင့်ဆက်စပ်ရောဂါဝေဒနာရှင်များအတွက် အမျှင်ဓာတ်မြင့်မားသောအစားအစာများကိုစားသုံးရာတွင် အမျှင်ဓာတ် ပါဝင်မှုကို တဖြည်းဖြည်းတိုးမြှင့်သွားကာ တစ်ရက် လျှင် ၄၀ ဂရမ်အထိ စားသုံးရန်အကြံပြုထားသည်။အမျှင်ဓာတ်အမျိုးအစားများအမျှင်ဓာတ်သည် ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားနှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်အမျိုး အစားဟူ၍ နှစ်မျိုးရှိသည်။
ပျော်ဝင်နိုင်သောအမျှင်ဓာတ်
ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည် ရေတွင်ပျော်ဝင်ပြီး အစာအိမ်အတွင်း ဂျယ်လ်ကဲ့သို့ အရာဝတ္ထုတစ်ခုအဖြစ်ဖွဲ့စည်းကာ အစာခြေခြင်းကို နှေးကွေးစေသည်။ သွေးတွင်းသကြားဓာတ်နှင့်ကိုလက်စထရောကိုထိန်းချုပ်ရန် ကူညီပေးသည်။ပျော်ဝင်နိုင်သောအမျှင်ဓာတ်ကိုပန်းသီး၊ငှက်ပျောသီး၊ထောပတ်သီး၊ လိမ္မော်သီး၊ မုန်လာဥနီ၊ မုယောစပါး၊ ဆန်လုံးညို၊ ပဲစေ့၊ ပဲမည်း၊ ပဲလှော်၊ ဘရပ်ဆဲလ်ပင်ပေါက်တို့တွင် တွေ့နိုင်သည်။
မပျော်ဝင်နိုင်သောအမျှင်ဓာတ်မပျော်ဝင်နိုင်သောအမျှင်ဓာတ်သည်ရေတွင်မပျော်ဝင်နိုင်သောကြောင့် အစာအိမ်ထဲသို့ ဖြတ်သန်းသွားသည့်အခါ အမျှင်ဓာတ်ကိုစုပ်ယူပြီးဖြိုခွဲခြင်းမပြုဘဲအစာများ၏ရွေ့လျားမှုကိုပံ့ပိုးပေးပြီးဝမ်းထဲသို့ အစုလိုက်ထည့်သည်။အင်ဆူလင်၏အာရုံခံနိုင်စွမ်းကိုတိုးမြင့်စေပြီးဝမ်းကိုပုံမှန်ဖြစ်စေရန်ကူညီပေးသည်။ မပျော်ဝင်နိုင်သောအမျှင်ဓာတ်ကို ဂျုံမှုန့်၊ ဖွဲနု၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ပဲမျိုးစုံ၊ အာလူး၊ပန်းဂေါ်ဖီ၊ သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၏အခွံများတွင် တွေ့နိုင်သည်။
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ၏အကျိုးကျေးဇူးများ
အလွယ်တကူအစာခြေနိုင်ခြင်းမရှိသော ကာဗိုဟိုက်ဒရိတ်တွင်ပါဝင်သည့် အမျှင်ဓာတ်သည် ဂလူးကို့စ် စုပ်ယူမှုနှင့် အင်ဆူလင်ထုတ်လွှတ်မှုကို လျှော့ချပေးသည်။ အမေရိကန်သွေးချိုဆီးချိုအသင်း၏ အဆိုအရ ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားများကိုစားသုံးမှုသည် သွေးတွင်းအင်ဆူလင်ပမာဏကိုလျော့ကျစေပြီး ဂလူးကို့စ်ထိန်းချုပ်မှုကို ပိုမိုကောင်း မွန်စေကာသွေးတွင်းကိုလက်စထရောကိုလည်းလျှော့ချပေးသည်။ လေ့လာမှုအများအပြားတွင် အမျှင် ဓာတ်စားသုံးမှုသည် အင်ဆူလင်ခုခံမှုအမှတ်အသားများကိုလျော့ကျစေပြီး သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေမှကာကွယ်ရန် သိသာထင်ရှားစွာ အထောက်အကူပြုကြောင်းပြသခဲ့သည်။ အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါရှိသောအဝလွန်သူများတွင်အမျှင်ဓာတ်များသော အစားအစာသည် အစာစားပြီးချိန်တွင်ရှိသော သွေးတွင်းဂလူးကို့စ်နှင့်အင်ဆူလင်အပေါ် အကျိုးသက်ရောက်မှုရှိပြီး တစ်နေ့တာလုံးဂလူးကို့စ်ထိန်းချုပ်မှုကို ကောင်းမွန်စေသည်။
လူဦးရေအခြေပြုလေ့လာမှုအရတစ်နေ့တာအမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားသုံးမှုတိုးမြှင့်ခြင်းသည် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတိုးရောဂါရှိသောလူနာများတွင် သွေးပေါင် ချိန်ထိန်းညှိခြင်းအတွက် အကျိုးကျေးဇူးများရှိသည်။ နှလုံးသွေးကြောကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။ အမျှင်ဓာတ်သည်ခန္ဓာကိုယ်မှအဆီနှင့်ကိုလက်စထရောတချို့ကိုစုပ်ယူခြင်းမှတားဆီးပေးသောကြောင့် များများစားသုံးခြင်းသည် သွေးတွင်းကိုလက်စထရောပမာဏလျော့ကျပြီး ရောင်ရမ်းမှုကို လျှော့ချပေးသဖြင့် နှလုံးသွေးကြောများပေါ်တွင်ကောင်းကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။ အမျှင်ဓာတ်များသော အစားအစာများကိုစားသုံးမှုနည်းသောလူများတွင် သွေးတွင်းကိုလက်စထရောမြင့်မားခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှုများတွင်တွေ့ရသည်။ အမျှင်ဓာတ်သည် အစာခြေလမ်းကြောင်းကို သန့်စင်ပေးသည့်ပွတ်တိုက်မှုတစ်ခုကဲ့သို့ လုပ်ဆောင်သည်။ အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေရန် မလိုလားအပ်သောအညစ်အကြေးများကိုဖယ်ရှားပေးပြီးအူမကြီး ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးသည်။ အမျှင်ဓာတ်သည် အစာကြေမလွယ်သောကြောင့် အစာအိမ် မှတစ်ဆင့် ဖြည်းညင်းစွာရွေ့လျားသွားပြီး အချိန်ကြာ ကြာ ဗိုက်ပြည့်စေသဖြင့် ကိုယ်အလေးချိန်လျှော့ချရန်နှင့် ထိန်းသိမ်းရန်ကူညီပေးနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများတွင်အစာစားပြီးချိန် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကို လျှော့ချရန်အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကို မည်သည့်ဆေးဝါးများနှင့်မဆိုအတူ အသုံးပြုနိုင်ပါသည်။ အင်ဆူလင်ကုသမှုခံယူနေရသောလူနာများတွင်လည်းအစာစားပြီးချိန် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကိုလျှော့ချရာတွင်ကူညီနိုင်သည်။ ထို့ပြင် နေ့စဉ် အစား အစာများတွင် အမျှင်ဓာတ်များအသင့်အတင့် တိုးမြှင့်စားသုံးခြင်းဖြင့် အစာရှောင်ပြီးချိန် သွေးတွင်းဂလူး ကို့စ်နှင့် အင်ဆူလင်ပမာဏ သိသိသာသာကျဆင်းသွားကြောင်းနှင့် သွေးချိုဆီးချိုရောဂါမရှိသောသူများပင်လျှင် အင်ဆူလင်အာရုံခံနိုင်စွမ်းတိုးလာကြောင်း တွေ့ရသည်။
အကြံပြုချက်
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများထည့် စားသောအခါ ဖြည်းဖြည်းစားရန်သတိပြုပါ။ အမျှင်ဓာတ် ရုတ်တရက်တိုးလာခြင်းကြောင့် လေပွခြင်း၊ဝမ်းဗိုက်တင်းခြင်း၊ ဝမ်းလျှောခြင်းနှင့်ဝမ်းဗိုက်ကြွက် တက်ခြင်းကဲ့သို့သော အစာခြေလမ်းကြောင်းဆိုင်ရာအဆင်မပြေဖြစ်စေနိုင်သည်။ နေ့စဉ် အစားအစာများတွင် အမျှင်ဓာတ်ကို ရက်သတ္တပတ်အနည်းငယ် အတွင်း ဖြည်းဖြည်းချင်းထည့်စားခြင်းဖြင့် အစာခြေစနစ်ရှိ သဘာဝဗက်တီးရီးယားများပြောင်းလဲမှုကိုထိန်းညှိပေးသည်။ထို့ပြင် ရေများများသောက်ပါကအမျှင်ဓာတ်က ရေကိုစုပ်ယူသောအခါ အစားအစာရွေ့လျားရန် အကောင်းဆုံးအလုပ်လုပ်ပြီးဝမ်းကိုပျော့ပျောင်းစေပါသည်။ အူ သို့မဟုတ်အစာအိမ်နှင့် ပတ်သက်သော ခွဲစိတ်မှုခံယူခြင်းနှင့် အစာခြေလမ်း ကြောင်း၏အစိတ်အပိုင်းများ ရောင်ရမ်းသောအခြေ အနေများတွင်အမျှင်ဓာတ်လျှော့စားရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အမျှင်ဓာတ်ကြွယ်ဝသော နံနက်စာစားပါ။ ဆန်လုံးညို သို့မဟုတ် ဂျုံလုံးခေါက်ဆွဲ ကဲ့သို့သော ကာဗိုဟိုက်ဒရိတ်ကိုရွေးချယ်ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ပဲအမျိုးမျိုးကို များများစားပါ။ ရေများများသောက်ပါ။ ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်များကိုအာရုံစိုက်ပါ။ အသုပ်များ၊ ဟင်းချိုများ၊ စွပ်ပြုတ်များ သို့မဟုတ် ပဲအမျိုးမျိုးဖြင့် ညစာကိုစတင်ပါ။ အဆာ ပြေအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အမျှင်ဓာတ် များသော သစ်သီးဝလံများ၊ သကြားမပါသော အခွံမာ သီးလက်တစ်ဆုပ် သို့မဟုတ် သစ်သီးခြောက်များနှင့်အစေ့အဆန်များကို သရေစာအဖြစ် ရွေးချယ်ပါ။
သွေးချိုဆီးချိုရောဂါရှိသူများတွင် အမျှင်ဓာတ်များသောအစားအစာများကို လိုအပ်ချက်နှင့်လျော်ညီစွာ ဂရုစိုက်စားသုံးခြင်းဖြင့်ကျန်းမာရေးတိုးတက်ကောင်းမွန်စေကြောင်း ရေးသားလိုက်ရပါသည်။

လက်ရှိမှာ ရာသီဥတုပူပြင်းတာကြောင့် အိမ်အပြင်မှာရော အိမ်အတွင်းမှာပါ အပူဒဏ်ကိုရင်ဆိုင်ရနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)၊ အပူကြောင့်နုံးခွေခြင်း (Heat Exhaustion)နဲ့ အပူကြောင့် လေဖြတ်ခြင်း (Heat Stroke) ဆိုပြီး သုံးမျိုးရှိပါ တယ်။

အပူကြောင့်ကြွက်တက်ခြင်းဆိုတာ အပျော့စားပုံစံဖြစ်ပါတယ်။ အဓိက နေပြင်းတဲ့အချိန် ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ် ပြီးနောက် အားအင်ကုန်ခန်းခြင်း၊ အလွန် အမင်းချွေးထွက်ခြင်း၊ ကြွက်သားတွေနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ဖြစ်ပါတယ်။
အပူကြောင့် နုံးခွေခြင်းက ကြွက်တက်ခြင်းထက် ပိုမိုပြင်းထန်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေနဲ့ဆားဓာတ်ဆုံးရှုံးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အလွန်ပူပြင်းတဲ့ အပူ ရှိန်အောက်မှာ လုံလောက်တဲ့အရည်နဲ့ ဓာတ်ဆား ဖြည့်စွက်သောက်သုံးခြင်းမရှိ ဘဲ ချွေးအလွန်အကျွံထွက်တဲ့အခြေအနေမျိုးတွေမှာဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က သူ့အလိုလိုအေးမြအောင် မစွမ်းဆောင် နိုင်တော့တဲ့အထိ ဆိုးရွားလာပြီး အချိန်မီ မကုသရင် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း အထိ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာ အနေနဲ့ ပျို့ခြင်း ဒါမှမဟုတ် ဂနာမငြိမ် ဖြစ်ခြင်း၊ ခေါင်းမူးခေါင်းနောက်ခြင်း၊ ကြွက်တက်ခြင်း၊ အားပျော့ခြင်း၊ ပူအိုက်ခြင်း၊ နုံးချည့်ခြင်း၊ ရေဆာခြင်း၊ အလွန် အကျွံချွေးထွက်ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် တက်ခြင်းတို့ ခံစားရနိုင်ပါတယ်။အပူကြောင့် လေဖြတ်ခြင်းက အပူချိန် ပြင်းထန်လို့ဖြစ်ပါတယ်။ အပူကြောင့် ဖြစ်တတ်တဲ့အဆင့်သုံးဆင့်မှာ လေဖြတ်ခြင်းက အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့အပူထိန်းစနစ်ပျက်စီး သွားတဲ့နောက် ခန္ဓာကိုယ်က ချွေးလုံးဝ မထွက်တော့ဘဲ ကိုယ်ပူကြီးပြီး သတိလစ် သွားတတ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ သာမန်အပူကြောင့် နေမကောင်းဖြစ်တာ၊ ဖျားနာတာတွေမှာ အသက်အန္တရာယ်မရှိ နိုင်ပေမယ့် အပူလျှပ်လေဖြတ်တဲ့အဆင့်မှာ ပြန်ကောင်းနိုင်ခြေနည်းသွားပြီး အသက်သေဆုံးနိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အပူ၊ အအေးလွန်ကဲမှုက လူသားတို့စိတ်ကျန်းမာရေးမှာ စိတ်တိုခြင်း၊စိတ်ဖိစီးခြင်းအပြုအမူပိုင်း ဆိုင်ရာပြဿနာတွေ၊ အာရုံစူးစိုက်မှု သောကနဲ့ စိတ်ကျရောဂါတွေဖြစ်စေနိုင်လို့ ဆင်ခြင်နေထိုင်သင့်ပါတယ်။အပူဒဏ်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ပါတယ်။
ပူပြင်းတဲ့ရက်တွေမှာ အရည်များများ သောက်သင့်ပါတယ်။ သစ်သီးဖျော်ရည်တို့၊ ဓာတ်ဆားရည်တို့ သောက်သုံးနိုင် တယ်။သွေးတိုးရောဂါ၊ သွေးချိုဆီးချို ရောဂါရှိသူတွေကတော့ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတိုးနဲ့ ဆီးချိုထိန်းနိုင် ဖို့လိုပါတယ်။
လက်ဖက်ရည်၊ ကော်ဖီနဲ့ကိုကာကိုလာလို ကဖိန်းဓာတ်ပါတဲ့အရည်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အရက်၊ ဘီယာ တွေရှောင်ကြဉ်သင့်ပါတယ်။ အရက်နဲ့ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို အချိန်တိုအတွင်း ညစ်နွမ်းစေလို့ ရှောင်ကြဉ်သင့်ပါတယ်။
ပွပွချောင်ချောင်၊ အရောင်ဖျော့ဖျော့ ချည်ထည်အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်မယ်ဆိုရင် အေးတဲ့အချိန် ညနေပိုင်း ဒါမှမဟုတ် နံနက်စောစောအချိန်မှသာ ပြုလုပ်သင့်ပါတယ်။ အေးမြတဲ့နေရာမှာ အနားယူသင့်ပါတယ်။
အပြင်ထွက်ရင် နေရောင်ကာပစ္စည်းတွေဖြစ်တဲ့ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာခရင်မ်၊ သနပ်ခါးအသုံးပြု သင့်ပါတယ်။
အပြင်သွားနေချိန်မှာ အပူချိန်ပြင်းတဲ့ နေရာတွေသွားရင်သတိပြုသင့်ပါတယ်။ နေပူထဲကနေအဲကွန်းရှိတဲ့နေရာကိုသွားမယ်ဆိုရင်နေရာတစ်ခုမှာ ခဏနေပြီးမှ သွားလာသင့်ပါတယ်။ အပူကနေ အအေး ဒါမှမဟုတ် အအေး ကနေ အပူကို ညင်သာစွာ ကူးပြောင်းသင့်ပါတယ်။
အပြင်သွားလာရင် ရေခဲရေ၊ ရေခဲပါတဲ့ ဖျော်ရည်၊ အစားအစာတွေစားသောက်တာမျိုး သတိထားရပါမယ်။
ကားပါကင်အတွင်း နေပူအောက်ကားထဲမှာ အချိန်အကြာကြီး စောင့်ဆိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး။
နေမကောင်းဖြစ်နေရင် ပုံမှန်အချိန်ထက်ပိုပြီး ဂရုစိုက်သင့်ပါတယ်။ နေ့စဉ် သောက်ရေသန့် ၂-၃ လီတာသောက် သင့်ပါတယ်။
အိမ်ကိုအေးမြအောင်သင့်ပါတယ်။ အခန်းအပူချိန်ကို နံနက် ၈- ၁၀ နာရီအတွင်း မွန်းလွဲ ၁ နာရီနဲ့ ည ၁၀ နာရီ နောက်ပိုင်းစစ်ဆေးသင့်ပါတယ်။ အခန်း အပူချိန်က နေ့အချိန် ၃၂ ဒီဂရီစင်တီဂရိတ် အောက်၊ ညမှာ ၂၄ ဒီဂရီစင်တီဂရိတ် အောက်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီအပူချိန်က မွေးကင်းစ ကလေးငယ်တွေ၊ အသက် ၆၀ အထက် လူကြီးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ အတွက် အထူးအရေးကြီးပါတယ်။ညအချိန် သဘာဝလေက အိမ်တွင်း အပူချိန်လျော့နည်းစေဖို့ အသုံးဝင်ပါတယ်။ ညပိုင်းနဲ့နံနက်ပိုင်းအချိန်တွေမှာပြင်ပလေအေးရရှိအောင်ပြတင်းပေါက်နဲ့ လိုက်ကာတွေ ဖွင့်ထားသင့်ပါတယ်။တိုက်ခန်း ဒါမှမဟုတ် အိမ်အတွင်းရှိ အပူပမာဏလျှော့ချသင့်ပါတယ်။နေ့အချိန်နေပူရှိန်တိုက်ရိုက်ကျရောက်တဲ့ အိမ်ဖြစ်ရင် ပြတင်းပေါက်နဲ့ လိုက်ကာတွေ ပိတ်ထားသင့်ပါတယ်။မီးသီး၊ မီးချောင်းနဲ့လျှပ်စစ်ပစ္စည်းတွေပိတ်ထားသင့်ပါတယ်။
နေအိမ်မှာ အဲကွန်းတပ်ဆင်ထားပါက တံခါးနဲ့ပြတင်းပေါက်တွေ ပိတ်ထားခြင်း၊ မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေ ပိတ်ထား ခြင်းဖြင့် ရပ်ရွာအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နိုင်ခြင်းကို လျှော့ချထိန်းသိမ်း သင့်ပါတယ်။ လျှပ်စစ်ပန်ကာတွေက အပူချိန်လျော့ကျစေပေမယ့် ၃၅ ဒီဂရီစင်တီ ဂရိတ်အထက်ဖြစ်ရင် အပူဒဏ်ကြောင့် ဖြစ်တဲ့ နာမကျန်းမှုကို မကာကွယ်နိုင်ပါဘူး။ အိမ်ကို အေးမြအောင်ထားဖို့မဖြစ်နိုင်ရင် အေးမြတဲ့နေရာမှာ သုံးနာရီလောက် သွားရောက်နေထိုင်သင့်ပါတယ်။ ဥပမာ- အရိပ်၊ အေးမြပြီး လေဝင်လေထွက် ကောင်းတဲ့နေရာတွေ၊ အဲကွန်းရှိတဲ့ အများပြည်သူအဆောက်အအုံတွေမှာ နေသင့်ပါတယ်။ နေ့ခင်းဘက် အပူရှောင်သင့်ပါတယ်။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု ရှောင်သင့်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပေးသင့်ပါတယ်။ ရေအေးနဲ့ရေချိုးသင့်ပါတယ်။အေးမြတဲ့အခန်းမှာ အလုပ်လုပ်ကိုင်ခြင်း ဒါမှမဟုတ်အလှည့်ကျလုပ်စေခြင်းပြုလုပ်သင့်ပါတယ်။ ။

အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ (International Nurses Day)အား သူနာပြုများ၏ ရှေ့ဆောင်လမ်းပြ (Nursing Pioneer) အဖြစ် ထင်ရှား၍ ခေတ်သစ်သူနာပြုစုခြင်းပညာရပ်ကို စတင်တည်ထောင်သူ ဖလောရင့်နိုက်တင်ဂေး၏မွေးနေ့ မေလ ၁၂ ရက်ရောက်တိုင်း ကျင်းပခဲ့ကြသည်။ ၁၈၅၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ခရိုင်မီယန်စစ်ပွဲတွင် စစ်သည်များသည် ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ပြုစုမည့်သူမရှိဖြစ်ကြသည်။

လူကုံထံအသိုင်းအဝိုင်းက မွေးဖွားလာသော ဖလောရင့်နိုက်တင်ဂေးသည် သူမကိုယ်တိုင်ဦးဆောင်ပြီး ဒဏ်ရာရစစ်သည်များကို လိုက်လံရှာဖွေပြုစုကုသပေးခဲ့သည်။ နေ့မအားညမအား မှောင်မိုက်နေသည့်စစ်မြေပြင်တွင် မီးအိမ်လေးဆွဲကိုင်ပြီး လိုက်လံရှာဖွေပြုစုကုသပေးခဲ့သဖြင့် ဒဏ်ရာရစစ်သည်များက မီးအိမ်ရှင်မ “The Lady will the Lamp” အဖြစ် စတင်ပေးခဲ့သောနာမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီကို ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သူနာပြု ၂၈ သန်းကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းသည် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိုးတက်မှုရှိစေရန်ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့၏ Theme ဆောင်ပုဒ်မှာ- "Our Nurses. Our Future.Caring For Nurses Strengthens Economy."“အနာဂတ်ကမ္ဘာဖွံ့ဖြိုးဖို့၊ သူနာပြုစွမ်းရည် မြှင့်တင်စို့ ”ဖြစ်သည်။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ (Myanmar Military Medical Corps) သည် တပ်မတော်သားများနှင့်မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရုံသာမက ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့မအားညမအား ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်တွင် မမျှော်လင့်ဘဲကြုံလာတတ်သော သဘာဝဘေးအန္တရာယ်များ၊ မသမာသူတို့ဖန်တီးသော ဘေးအန္တရာယ်များကြုံတွေ့လာတိုင်း ရှေ့ဆုံးမှထွက်၍ မိမိတို့တတ်စွမ်းသောဆေးပညာဖြင့် စွမ်းစွမ်းတမံကူညီစောင့်ရှောက်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်သဘာဝဘေးတွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ အချိန်ပိုင်းအတွင်း ကူညီ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ပြည်သူလူထုအား ရင်ဝယ်သားကဲ့သို့ ပြုစုစောင့်ရှောက်လျက်ရှိ သည်ကို အထင်အရှားတွေ့မြင်နိုင်ပေသည်။
ကမ္ဘာ့သူနာပြုလောက၏ အဆင့်အမြင့်ဆုံးဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ်ကို ၁၉၆၃ ခုနှစ်တွင် သူနာပြုအရာရှိ ဗိုလ်မှူးဒေါ်ခင်အုန်းမြသည် ထိုက်တန်စွာချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ထိခိုက်ဒဏ်ရာရသူများကို သက်စွန့်ဆံဖျား ပြုစုကုသအမှုထမ်းခဲ့၍ (၁၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီညီလာခံတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်သူနာပြုများသည် ဆေးရုံဆေးတပ်ရင်းများတွင်သာမကရှေ့တန်းစစ်မြေပြင်အထိ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် တစ်သားတည်းအတူ ရဲဘော်စိတ်ဖြင့် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိသည်ကို တပ်မတော်သမိုင်းတစ်လျှောက်တွင် ထင်ရှားတွေ့မြင်နိုင်ပေသည်။
တပ်မတော်သူနာပြုများအနေဖြင့် နိုင်ငံတကာစံနှုန်းများအတိုင်း စနစ်တကျပြုစုကုသမှုပေးသောစနစ်၊ သူနာပြုအရည်အသွေး တိုးမြင့်စေသော လမ်းညွှန်ချက်(Guideline)များအတိုင်း ပြုစုကုသမှုပေးနိုင်ရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏လမ်းညွှန်ချက် (Continuing Professional Development (CPD) Guideline For Nursing and Midwifery Professional) အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အထက်ပါ CPD Guideline များနှင့်အညီ တပ်မတော်ဆေးရုံများတွင်လည်း စဉ်ဆက်မပြတ် သူနာပြုစုမှုပညာသင်ကြားခြင်း (Continuing Nursing Education) များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဝေးလံခေါင်ဖျားဒေသရှေ့တန်းစစ်မြေပြင်ရှိ သူနာပြုများသည်လည်း Continuing Nursing Education ကို မိမိကြုံတွေ့ နေရသော သူနာပြုစုမှုအတွေ့အကြုံပေါ် အခြေခံ၍ Narrative Notes (ဇာတ်ကြောင်းပြန်မှတ်စု) ပုံစံရေးသားခြင်းဖြင့် သင်ကြားနိုင်သည်။
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာပညာရပ်များနှင့် ဆေးဘက်ဆိုင်ရာနည်းပညာများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၃ ခုနှစ် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းမိန့်ခွန်းတွင် “သူနာပြုကောင်းတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များသည် လူနာအတွက် ဝေဒနာတစ်ဝက်သက်သာစေခြင်းဖြစ်၍ မိတ်ဆွေကဲ့သို့ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့် သူနာပြုတစ်ယောက် ကျင့်ကြံနေထိုင်ရမည့် အချက်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်လည်း လိုအပ်ကြောင်း” မိန့်ခွန်းပြောကြားခဲ့သည်။ “ကျွမ်းကျင်ကူညီ ဆေးစစ်သည်”များအဖြစ် လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး သင်တန်းဆင်းဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း ကျရာဒေသ၊ နေရာအသီးသီးတွင် သူနာပြုစိတ်ဓာတ်အပြည့်ဖြင့် စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကိုလေးစားလိုက်နာလျက် သူနာပြုစုကုသမှုတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။
သူနာပြုများခံယူအပ်သော အဓိဋ္ဌာန်ပြုကတိသစ္စာ ကိုးချက်သည် လေးနက်ကျယ်ပြန့်သည်။ အဆိုပါအချက်များထဲမှ တစ်ချက်ဖြစ်သည့် “အကျွန်ုပ်သည် ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါရှာဖွေရေးလုပ်ငန်း၊ သူနာပြုစုရေးလုပ်ငန်း၊ ရောဂါကုသရေးလုပ်ငန်း၊ ပြန်လည်သန်စွမ်းရေးလုပ်ငန်း၊ ဆေးပေးခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတို့တွင် လူသားတို့၏ ကျန်းမာရေး သို့မဟုတ် အသက်အန္တရာယ်ကို ထိခိုက်စေမည့် မည်သည့်အပြုအမူကိုမဆို တားဆီးကာကွယ်ပါအံ့” ဟူသော အချက်နှင့်အညီ မိမိတာဝန်ကျရာနေရာတိုင်း၌ သူနာပြုများသည် ပေးအပ်သောတာဝန်များကိုအခြေခံကျသော၊ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိပေသည်။
“အကျွန်ုပ်သည် လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏အရေးကဲ့သို့ယူဆပါအံ့” ဟူသောအချက်နှင့်အညီ တပ်မတော်သူနာပြုများသည် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ အကြင်နာ၊ အနစ်နာဟူသော နာငါးနာနှင့်အညီ တပ်မတော်သားများကိုသာမက မိသားစုဝင်များ ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများ၊ ဝေးလံခေါင်ဖျားဒေသမှ တိုင်းရင်းသားပြည်သူများကိုလည်း စိတ်ဓာတ်ကောင်းသော တပ်မတော်သူနာပြုများပီပီပြုစုကုသမှုပေးလျက်ရှိသည်။
“အကျွန်ုပ်သည် လူနာ၏ ဝေဒနာသက်သာမှုနှင့် ကျန်းမာရေးတိုးတက်မြင့်မားလာစေရန်အခြားကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့” ဟူသော အချက်နှင့်အညီ သူနာပြုများသည် ဆရာဝန်များ၊ သန့်ရှင်းရေးဝန်ထမ်းများပါမကျန် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်ရုံးရည်နှလုံးရည်ပြည့်ဝသည့် သူနာပြုများအဖြစ် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်။
“အကျွန်ုပ်သည် လူနာ၏ဂုဏ်သိက္ခာနှင့် ယုံကြည်ကိုးကွယ်မှုများကို အစဉ်လေးစားပါအံ့” ဟူသောအချက်နှင့်အညီ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်အလတ်၊ အမြတ်မရွေး၊ လူမျိုး ဘာသာမရွေး သူနာပြုကောင်းတစ်ယောက်၏ ကျင့်ဝတ်များနှင့်အညီ ပြုစုကုသမှုပေးလျက်ရှိသည်။
နယ်ချဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနှင့် စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါ်ပေါက်ခဲ့သည့် တပ်မတော်၏ ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သော နှစ်(၈၀)ပြည့် တပ်မတော်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသောမိန့်ခွန်းတွင်“ဒို့တပ်မတော်သားတွေဟာ အများသူငါလုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့သူတွေဖြစ်တာကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အထူးလိုအပ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ အနိုင်မခံ၊ အရှုံးမပေးချင်တဲ့စိတ်ဆန္ဒကနေ ဖြစ်တည်လာတာကြောင့် ရဲဘော်တို့အနေနဲ့ “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့်စိတ်ဓာတ်” စတဲ့ တပ်မတော်ရဲ့ စိတ်ဓာတ်တွေကို လေ့ကျင့်မွေးမြူထားကြရမှာဖြစ်တယ်။ ဒို့တပ်မတော် ဒီနေ့အချိန်ထိ မယိမ်းမယိုင်ရပ်တည်နိုင်ခြင်းဟာ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကြောင့် ဖြစ်တယ်” “ရဲဘော်တို့... ရယူခြင်း၊ ခံစားခြင်းဆိုတာ သက်ရှိသတ္တဝါတိုင်းပြုမူကြတာဖြစ်ပေမယ့် စွန့်လွှတ်ခြင်းဆိုတာကတော့ မြင့်မြတ်တဲ့ လူသားတချို့သာ ပြုမူနိုင်ကြတဲ့ အမူအကျင့်ပဲဖြစ်တယ်။ မိမိတိုင်းပြည်အတွက်၊ မိမိပြည်သူအတွက်၊ မိမိနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအတွက် မိမိအသက်ခန္ဓာကို ပေးလှူစွန့်စားခြင်းဆိုတာကတော့ အာဇာနည်သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်တွေသာပြုမူနိုင်ကြတဲ့အမူအကျင့်ပဲဖြစ်တယ်” ဟုမိန့်ခွန်းပြောကြားခဲ့သည်။
သို့ဆိုလျှင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးပေါ်တွင် အခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကိုသာ အစဉ်ရှေးရှုဖော်ဆောင်ရန်ရည်ရွယ်သည့် ထာဝရတည်မြဲသော နိုင်ငံရေး “အမျိုးသားနိုင်ငံရေး” တာဝန်ကို ဦးလည်မသုန်ထမ်းရွက်လျက်ရှိသော တပ်မတော်က မွေးဖွားသန့်စင်လိုက်သော တပ်မတော်သူနာပြုများသည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် မရှိမဖြစ်လိုအပ်သောလက်ရုံးရည်နှလုံးရည်ပြည့်ဝသောသူနာပြုကောင်းများဖြစ်ရန်အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့တွင် ဂုဏ်ပြု ရေးသားလိုက် ရပါသည်။ ။

ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လူသားတိုင်း၏ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ ရောဂါ ဖြစ်ပွားမှုလျော့ကျစေရန်နှင့် လူတိုင်း သက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ရန် လုပ်ဆောင်ရသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းသည်ရောဂါကာကွယ်ခြင်းသာမကရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်တို့ကိုပါ ပျော်ရွှင်ကျန်းမာစေရန် အထောက်အကူပြုပါသည်။

ကျန်းမာရေးအဆင့်မြှင့်တင်ရန်အတွက် ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း၊ လူတိုင်းအာဟာရမျှတအောင်စားသောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ ကျန်းမာသောလူမှုဘဝနှင့် ပတ်ဝန်းကျင်ကောင်းများဖန်တီး ပေးခြင်း၊သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးကို ဦးစားပေးလုပ်ဆောင်ခြင်း၊ မူဝါဒဆိုင်ရာပြုပြင်မှုများ ပြုလုပ်ခြင်း စသည့်အချက်များပါဝင်ပါသည်။
ကျန်းမာခြင်းဟုဆိုရာတွင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိမှသာ ပြည့်စုံသောကျန်းမာခြင်းဖြစ်ပေမည်။ ထို့ကြောင့်ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် စိတ်ကျန်းမာရေးကဏ္ဍကိုချန်လှပ်ထား၍မရနိုင်ပါ။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည်လူတစ်ဦး၏ နေထိုင်မှု၊ အလုပ်လုပ်နိုင်မှု၊ လူမှုပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်မှု စသည့်ဘဝတန်ဖိုးများကို တိုက်ရိုက် သက်ရောက်စေပါသည်။
စိတ်ကျန်းမာရေးသည် အလုံးစုံကျန်းမာရေး၏ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စိတ်ကျန်းမာရေးသည် လူနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းနှင့် စိတ်ခံစားချက်များကိုထိန်းညှိ ခြင်းများအတွက်လည်း အရေးကြီးလှပါသည်။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည် ကျန်းမာသောစားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုထိန်းချုပ်နိုင်မှုနှင့် ရေရှည်ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ရာတွင် အရေးကြီးပါသည်။
စိတ်ကျန်းမာရေးကောင်းမွန်သည်ဟုဆိုရာတွင်-
(၁) ကောင်းမွန်သောစိတ်ခံစားချက်ရှိခြင်း(Emotional well-being)-မိမိစိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊ သင့်တင့်လျောက်ပတ်သောစိတ်ခံစားချက်ကိုသာပြသခြင်း၊ စိတ်ဖိစီးမှုများကိုဖြေရှင်းနိုင်ခြင်း၊
(၂) ကောင်းမွန်သောစိတ်အခြေအနေရှိခြင်း (psy-chological well-being) - မိမိ၏ဖြစ်တည်မှုကို လက်ခံခြင်း၊ ဘဝရည်မှန်းချက်ထားရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၊ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊
(၃) ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းရှိခြင်း (Social well-being) - တခြားသူများနှင့် ဆက်ဆံရေးကောင်းခြင်း၊ လူမှုရေးလုပ်ငန်းများတွင်ပါဝင်နိုင်ခြင်း၊ အကူအညီပေးနိုင်သူများနှင့် ချိတ်ဆက်ထားခြင်းတို့ပါဝင်ပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံ များက စိတ်ကျန်းမာရေးပြဿနာမဖြစ်အောင် ကာကွယ်နိုင်သကဲ့သို့ ဖြစ်ပြီးသားစိတ်ကျန်းမာရေးပြဿနာများကိုလည်း ပိုမဆိုးလာအောင် ကာကွယ်စေနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာကုထုံးများ၊ ပတ်ဝန်းကျင်၏ကူညီစောင့်ရှောက်မှု၊လူနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝသောအစားအစာများကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာစေရုံသာမက ကျန်းမာသောလူနေမှုပုံစံကိုလည်းဖြစ်စေပါသည်။
နေ့စဉ်နေထိုင်မှုဘဝပုံစံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့က အပြန်အလှန်သက်ရောက်မှုရှိပါသည်။ စိတ်ကျန်းမာရေးအခြေအနေကလည်း အပြုအမူကို လွှမ်းမိုးနိုင်ပါသည်။ နေ့စဉ် နေထိုင်မှုဘဝပုံစံကြောင့်လည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံတို့ကို ထိန်းသိမ်းရာတွင် စိတ်ကျန်းမာရေးသည် အခြေခံအုတ်မြစ်အဖြစ် အရေးပါလှပါသည်။ နေ့စဉ်လူနေထိုင်မှုဘဝပုံစံများကြောင့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသောအပြုအမူများကို ပြုလုပ်မိနိုင်သည်။
ယင်းတို့မှာ-
(၁) စားသောက်မှုပုံစံများ
စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကလည်း ကျန်းမာရေးနှင့် မကိုက်ညီသောအစားအသောက်များကို စားမိစေပါသည်။ အဝလွန်ခြင်းများကို ဖြစ်လာစေပါသည်။
(၂) အိပ်မပျော်ခြင်း/အိပ်စက်ရခက်ခဲခြင်း
စိတ်ကျန်းမာရေးမပြည့်စုံမှုကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ ခဏခဏနိုးခြင်း၊ အစောကြီးနိုးနေခြင်းစသည့် အိပ်စက်ခြင်းဆိုင်ရာအခက်အခဲများဖြစ်စေနိုင်ပါသည်။
(၃) မူးယစ်ဆေးဝါးသုံးစွဲမိခြင်း
စိတ်ကျန်းမာရေးအခက်အခဲများကြောင့် ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် ဆေးဝါးများသုံးစွဲမိတတ်ပါသည်။ ထိုမှတစ်ဆင့် အရက်နှင့်မူးယစ်ဆေးစွဲခြင်း၊ ခန္ဓာကိုယ်ရောဂါများဖြစ်ပွားလာခြင်းနှင့် စိတ်ကျန်းမာရေးရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်လာနိုင်ပါသည်။
(၄) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
စိတ်မကျန်းမာခြင်းကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ အားမရှိသကဲ့သို့ ခံစားရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသွားတတ်ပါသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာ ရေးထိခိုက်လာစေပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံကသာလျှင် ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်ကျန်းမာရေးကောင်းမွန်ခြင်း၊ ခွန်အားနှင့်ပြည့်စုံ၍ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်လာခြင်းနှင့် ရေရှည်ကောင်းကျိုးများခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်နည်းများဖြစ်သည့်ယောဂ၊ ထိုက်ချီ၊ သတိပဋ္ဌာန်တရားကဲ့သို့ စိတ်တည်ငြိမ်စေရန်လေ့ကျင့်ခြင်းများနှင့် အသိ/သတိနှင့်နေထိုင်ခြင်း (Mindfulness)တို့သည် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး စိတ်ခွန်အားများရရှိစေပါသည်။ ယောဂကျင့်စဉ်များကြောင့် ဦးနှောက်၏တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ကောင်းစေသည့်အတွက် စိတ်ဖိစီးမှုများကိုလျော့ကျစေနိုင်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လာနိုင်ပါသည်။ Mindfulness Based Stress Reduction (MBSR)ကို လေ့ကျင့်ခြင်းသည် စိုးရိမ်ပူပန်သော စိတ်ရောဂါကိုကုသရာတွင် ဆေးဝါးများကဲ့သို့ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။
အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာစေရေးအတွက် အရေးကြီးသောအချက်တစ်ခုဖြစ်ပါသည်။ လူအများစုတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊ အိပ်ချိန်မမှန်ခြင်းနှင့် အိပ်ချိန်မပြည့်ဝခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ ဆုံးဖြတ်ချက်များဝေဝါးလာခြင်းနှင့် စိတ်မတည်ငြိမ်ခြင်းတို့ဖြစ်စေနိုင်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများ အပြောင်းအလဲများခြင်း၊လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် Screen Time များခြင်းတို့ကလည်း အိပ်စက်ခြင်းကို ထိခိုက်စေပါသည်။ ကျန်းမာသောလူနေမှုပုံစံတွင် အိပ်ရေးဝဝအိပ်ရစေရန် အိပ်ချိန်မှန်မှန်ထားခြင်း၊နေ့စဉ်လုပ်ငန်းများကို ပုံသေထားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။
လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည် စိတ်ကျန်းမာရေးအတွက် အရေးပါလှပါသည်။ လူတို့သည်အဖွဲ့အစည်းဖြင့် နေထိုင်ကြရသောသဘာဝတရားဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်းနေ၍မရ၊ တစ်ဦးတည်းသီးခြားနေထိုင်ပါက စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများတွေ့ကြုံလာနိုင်ပြီး အချိန်မတိုင်မီ သေဆုံးခြင်းများပင် ဖြစ်လာနိုင်ပါသည်။
စိတ်ကစဉ့်ကလျားနှင့် စိတ်ကြွ၊ စိတ်ကျရောဂါကဲ့သို့သော ပြင်းထန်သည့်စိတ်ရောဂါများသည်ပင်လျှင် လူမှုပတ်ဝန်းကျင်ပံ့ပိုးမှုကောင်းပါက သက်သာနိုင်ပါသည်။ မိသားစုနှင့် ပတ်ဝန်းကျင်တို့၏အကူအညီကိုရရှိပါက အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုများရရှိလာမည်ဖြစ်ပါသည်။ မိမိအား ပံ့ပိုးကူညီသူ၊ ချစ်ခင်သူများရှိနေသည့်အတွက် စိတ်လုံခြုံမှုများရရှိနိုင်ပါသည်။
အရာရာကို အကောင်းမြင်သည့်စိတ်များဖြင့် မိမိကိုယ်ကို တန်ဖိုးထားတတ်လာပြီး အခက်အခဲများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်နှင့်ခန္ဓာကျန်းမာရေးအတွက်များစွာအထောက်အပံ့ကောင်းဖြစ်စေပါသည်။
ကျန်းမာရေးထိခိုက်စေသော အပြုအမူများ(ဥပမာ- ဆေးလိပ်၊ အရက်သောက်ခြင်း၊ စည်းကမ်းမဲ့စွာမော်တော်ယာဉ်မောင်းနှင်ခြင်း၊ မသန့်ရှင်းသော အစားအစာများစားသုံးခြင်း)ကြောင့် ရောဂါဖြစ်ပွားစေနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အပြင် လူမှုဒုက္ခများပါ ခံစားရနိုင်ပါသည်။ ထိုအပြုအမူများကို ပြုလုပ်မိအောင် တွန်းအားပေးသောအကြောင်းအရာများလည်းရှိပေသည်။ ယင်းတို့မှာ တစ်ယောက်တည်းနေခြင်း၊ စိတ်ခံစားချက်များလွန်းခြင်း၊ လူနေထိုင်မှုဘဝနိမ့်ကျခြင်း၊ ပညာမတတ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အသက်အရွယ်ကြီးခြင်းနှင့် နာတာရှည်ရောဂါခံစားနေရခြင်းတို့ပါဝင်ပါသည်။ ကျန်းမာရေးထိခိုက်စေသောအပြုအမူများကို မပြုလုပ်မိအောင် ကာကွယ်ပေးနိုင်သည်များမှာ မိမိကိုယ်ကိုယုံကြည်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ စိတ်ခံစားချက်များကိုထိန်းချုပ်နိုင်ခြင်း၊ မိမိ၏အပြုအမူများကို ထိန်းချုပ်နိုင်ခြင်း၊ လောကဓံကိုခံနိုင်ရည်ရှိခြင်း၊ စိတ်ခွန်အားရှိခြင်း၊ ပတ်ဝန်းကျင်၏အထောက်အပံ့ကို ရရှိခြင်းတို့ဖြစ်ပေသည်။ကျန်းမာသောလူနေမှုပုံစံရရှိရန်အတွက်နည်းလမ်းကောင်းများစွာရှိပါသည်။
(၁) မိမိတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအပြုအမူများ ရှိ/မရှိ ဆန်းစစ်ပါ (ဥပမာ-အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာများများစားခြင်း)၊
(၂) ကျန်းမာသောလူနေမှုပုံစံရရှိအောင် မိမိတွင်ရှိသော အားနည်းချက်၊ အားသာချက်များကို ရှာဖွေပါ (ဥပမာ-မိတ်ဆွေကောင်းများရှိခြင်း၊ အိမ်နီးချင်းကောင်းများရှိခြင်း)၊
(၃) မိမိကိုယ်တိုင်ပြုပြင် လုပ်ဆောင်နိုင်မည့်နည်းလမ်းများရွေးချယ်ပါ (ဥပမာ - အချိန်မှန်မှန်အိပ်ခြင်း၊ ဖုန်းနှင့် Screen Time များလျှော့ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း)၊
(၄) မိမိအတွက် အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ရှားပါ (ဥပမာ-သူငယ်ချင်းများနှင့် Club သွားခြင်း)၊
(၅) မိမိအား အကူအညီပေးနိုင်သူများနှင့်ပေါင်းသင်းပါ (ဥပမာ- ယောဂသင်တန်းများသွားခြင်း၊ အားကစားဆိုင်ရာအသင်းတစ်ခုခုတွင် ပါဝင်လုပ်ဆောင်ခြင်း)၊
(၆) လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ပါ (ဥပမာ-ကိုယ်အလေးချိန်လျှော့ချရန် အာဟာရဆရာဝန်နှင့်တိုင်ပင်ခြင်း)၊
(၇) ကျန်းမာသောလူနေမှုပုံစံဖြစ်အောင်ပြုပြင်ပြောင်းလဲရာတွင်ဖြစ်နိုင်သော၊တိုင်းတာ၍ရသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ အချိန်အကန့်အသတ်ရှိသောရည်မှန်းချက်များချမှတ်ပြီးအောင်မြင်စေရန် ထိန်းသိမ်းဆောင်ရွက်ရပါမည်။(ဥပမာ-တစ်လအတွင်း ဆေးလိပ်လုံးဝပြတ်ရမည်။ တစ်လအတွင်း ကိုယ်အလေးချိန် ၅ ပေါင်ကျအောင်ကြိုးစားမည်)၊
(၈) ကျန်းမာသောလူနေထိုင်မှုပုံစံဖြစ်အောင် ကြိုးစားရာတွင် သင့်လျော်သောနည်းပညာအကူအညီဖြင့်တယ်လီဖုန်းများ၊ Digital device များတွင် Applicationများကို ထည့်သွင်းအသုံးပြုခြင်း (ဥပမာ- နေ့စဉ်လျှောက်သောခြေလှမ်းများမှတ်ခြင်း၊ နှလုံးခုန်နှုန်းမှတ်တမ်းမှတ်ခြင်း၊ Screen Time အသုံးပြုမှုမှတ်ခြင်း)၊
အထက်ဖော်ပြပါ ကျန်းမာရေးထိခိုက်စေသော အပြုအမူများကိုရှောင်ကြဉ်ခြင်းနှင့် ကျန်းမာသောလူနေထိုင်မှုပုံစံရရှိရန်နည်းလမ်းများကိုလိုက်နာဆောင်ရွက်ခြင်းသည် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရုံသာမက စိတ်ကျန်းမာရေးကိုပါ များစွာအထောက်အကူဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သိုး၊ ဆိတ်ကဲ့သို့သော အရွယ်သေးငယ်သည့် စားမြုံ့ပြန်တိရစ္ဆာန်များသည် ခြောက်သွေ့သော ပတ်ဝန်းကျင်ဒေသများနှင့် အထူးသင့်လျော်စွာ လိုက်လျောညီထွေရှိပြီး ကမ္ဘာတစ်ဝန်းရှိ မတူညီသော မွေးမြူရေးစနစ်များဖြင့် မွေးမြူလျက်ရှိကြပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆိတ်နှင့်သိုးများကို ရောနှောမွေးမြူလေ့ရှိကြပါသည်။ Peste des Petits Ruminants -PPR ရောဂါသည် ဆိတ်နှင့် သိုးများတွင် အလွန်ကူးစက်မြန်ပြီး သေဆုံးနှုန်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါသည်။ အသက်လေးလနှင့် တစ်နှစ်အရွယ်ရှိ သိုး၊ ဆိတ်များတွင် အဖြစ်များကာ ကောင်ရေ သန်းနှင့်ချီသေဆုံးစေပြီး လူသိမများသေးသည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂ
သိုး၊ ဆိတ်ကဲ့သို့သော အရွယ်သေးငယ်သည့် စားမြုံ့ပြန်တိရစ္ဆာန်များသည် ခြောက်သွေ့သော ပတ်ဝန်းကျင်ဒေသများနှင့် အထူးသင့်လျော်စွာ လိုက်လျောညီထွေရှိပြီး ကမ္ဘာတစ်ဝန်းရှိ မတူညီသော မွေးမြူရေးစနစ်များဖြင့် မွေးမြူလျက်ရှိကြပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆိတ်နှင့်သိုးများကို ရောနှောမွေးမြူလေ့ရှိကြပါသည်။ Peste des Petits Ruminants -PPR ရောဂါသည် ဆိတ်နှင့် သိုးများတွင် အလွန်ကူးစက်မြန်ပြီး သေဆုံးနှုန်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါသည်။ အသက်လေးလနှင့် တစ်နှစ်အရွယ်ရှိ သိုး၊ ဆိတ်များတွင် အဖြစ်များကာ ကောင်ရေ သန်းနှင့်ချီသေဆုံးစေပြီး လူသိမများသေးသည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် သိုး၊ ဆိတ်တွင် အဓိကဖြစ်ပွားပြီး ကျွဲနှင့်ကုလားအုတ်များအပြင် အခြားတောရိုင်းစားမြုံ့ပြန် တိရစ္ဆာန်များတွင်ပါ ရောဂါကူးစက်နိုင်သည်။ PPR ဗိုင်းရပ်စ်ပိုးသည် လူကိုမကူးစက်နိုင်ပါ။
PPR ရောဂါသည် Morbillivirus မျိုးစု၊ Paramixoviridae မျိုးရင်းဝင်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်ခံရသော သိုး၊ ဆိတ် အုပ်တွင် ၉၀ ရာခိုင်နှုန်းအထိ ရောဂါကူးစက်နိုင်ကာ ၇၀ ရာခိုင်နှုန်း အထိ သေဆုံးနိုင်သည်။ PPR ရောဂါကို ၁၉၄၂ ခုနှစ်တွင် အာဖရိက အနောက်ပိုင်း အိုင်ဗရီကို့စ်နိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ပါသည်။ ထိုအချိန် မှစ၍ ၎င်းရောဂါသည် အာဖရိကတိုက်အရှေ့အလယ်ပိုင်းဒေသ၊ အာရှတိုက်နှင့် ဥရောပတိုက်ရှိနိုင်ငံများစွာသို့ ပျံ့နှံ့ခဲ့ပါသည်။ ယခုအခါ တွင် နိုင်ငံပေါင်း ၇၀ ကျော်တွင် PPR ရောဂါကူးစက်နေပြီး (သို့မဟုတ်) ကူးစက်နိုင်ခြေ အလွန်မြင့်မားနေပါသည်။ အချို့နိုင်ငံများတွင် PPR ရောဂါအခြေအနေကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။ အာဖရိကအရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာ့သိုး၊ ဆိတ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး PPR ရောဂါဒဏ်ကို အများဆုံး ခံစားနေရသည့် ဒေသများဖြစ်ပါသည်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးသတင်းစနစ် (WAHIS) ၏ အချက်အလက်များအရ ဥရောပအပါအဝင် ယခင်က ရောဂါကင်းစင်ခဲ့သော ဒေသအသစ်များသို့ ရောဂါဝင်ရောက်မှုများ မကြာသေးမီနှစ်များ အတွင်း တွေ့ရှိရပါသည်။ မြန်မာ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း PPR ရောဂါဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် PPR သည် အမြဲတမ်းတည်ရှိနေသော ရောဂါ (Endemic) အဖြစ် ရှိနေပါသည်။ မြန်မာနိုင်ငံသည် PPR ရောဂါကင်းစင်သော နိုင်ငံအဖြစ်အသိအမှတ်ပြု ခံထားရသော်လည်း အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေသဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် စီးဆင်းမှုများမှတစ်ဆင့် ရောဂါကူးစက် နိုင်ခြေရှိသည့်အတွက် စောင့်ကြည့်ရန်လိုအပ်ပါသည်။
Peste des Petits Ruminants (PPR) သည် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH) သို့ မြေပြင်နေ တိရစ္ဆာန် ကျန်းမာရေးကုဒ် (Terrestrial Animal Health Code) အရ အစီရင်ခံရန် လိုအပ်သော အရေးကြီးရောဂါတစ်ခုဖြစ်သည်။ PPR သည် နယ်စပ်ဖြတ်ကျော် ကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး မွေးမြူရေးလုပ်ကိုင်သူများ၏ ဝင်ငွေအပေါ် ဆိုးရွားစွာထိခိုက်မှုဖြစ်စေကာ အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အစားအစာ ဖူလုံရေးကို ခြိမ်းခြောက်နေသောရောဂါဖြစ်သည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ သည် PPR ရောဂါကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးအပိုင် သုတ်သင်ရန် ရည်မှန်းချက်ဖြင့် ကမ္ဘာလုံးဆိုင်ရာထိန်းချုပ်ရေးနှင့် အမြစ်ဖြတ်တိုက်ဖျက်ရေးဗျူဟာကို ချမှတ်ထားပါသည်။ ဤကြိုးပမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ သိုး၊ ဆိတ်မွေးမြူသူများ၏ ဘဝများကို ကာကွယ်ရန် အရေးကြီးသော အစီအစဉ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် PPR ရောဂါကို အရေးပေါ် ထိန်းချုပ်ကာကွယ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါသည်။ အာဖရိက အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာပေါ်ရှိ သိုး၊ ဆိတ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်ကိုပိုင်ဆိုင်ထားပြီး ထိုဒေသများတွင် သိုး၊ ဆိတ်မွေးမြူရေးသည် ကျေးလက်နေ လူမျိုးများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အရေးပါသောကြောင့် PPR ရောဂါဖြစ်ပွားပါက လူမှုစီးပွားဘဝအပေါ် ကြီးမားသောဒုက္ခရောက်စေနိုင်သည်။ PPRသည် ပြင်းထန်သောရောဂါ လက္ခဏာများနှင့် သေဆုံးမှုနှုန်းမြင့်မားခြင်းကြောင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများစွာဖြစ်စေပါသည်။
PPR ရောဂါကို ထိန်းချုပ်နိုင်ပါက
- ထုတ်လုပ်မှုစွမ်းရည် တိုးတက်ခြင်း
- စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်နိုင်ခြင်း
- ဝင်ငွေတိုးပွားစေခြင်းနှင့်
- လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိစေနိုင်ပါသည်။
PPR ရောဂါလက္ခဏာများနှင့် ရောဂါဖြစ်ပွားသည့်အဆင့်များ
ဗိုင်းရပ်စ်ကူးစက်ပြီး ၂-၆ ရက်အတွင်း (ပျမ်းမျှအားဖြင့်) ရောဂါ လက္ခဏာစပေါ်ပါသည်။
ကိုယ်အပူချိန်မြင့်တက်ခြင်း၊ အဖျားတက်ခြင်း
စအိုမှတိုင်းတာလျှင် (Rectal temperature ) ၄၁-၄၄ ဒီဂရီ ဆဲလ်စီးယပ်အထိ အဖျားတက်ခြင်း။
ရောဂါကူးစက်ခံရသော တိရစ္ဆာန်များတွင် ရုတ်တရက် စွမ်းအင်ကုန်ခန်းခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်းလက္ခဏာများ ပေါ်လာတတ်ခြင်း။
အမွေးများထောင်မတ်လာခြင်း (piloerection) သည် PPR ၏ ထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အမွေးတိုမျိုးစိတ်များ (ဥပမာ - အာဖရိကဆိတ် မျိုးစိတ်အချို့) တွင် ပိုမိုသိသာစွာ တွေ့ရတတ်ပါသည်။ ဤအခြေအနေကြောင့် တိရစ္ဆာန်၏ ခန္ဓာကိုယ်သည် ပုံမှန်ထက် ဖောင်းကြွယောင်ယောင် မြင်ရခြင်း (bloated appearance) ဖြစ်စေပါသည်။
အရည်များဆင်းခြင်း
- မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်မှ ကြည်လင်သော အရည်များ စတင်ဆင်းခြင်း။
- နောက်ပိုင်းတွင် ဗက်တီးရီးယားကူးစက်မှုကြောင့် ပျစ်ချွဲပြီး အဝါရောင်ပြောင်းခြင်း။
- မေးစေ့နှင့်မျက်လုံးအောက်ရှိ အမွေးများစိုရွှဲခြင်း။
- အရည်များခြောက်သွားပါက မျက်ခွံများကပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်ခြင်း။
ပါးစပ်အနာများ
- အဖျားတက်ပြီး ၁-၂ ရက်အကြာတွင် ပါးစပ်နှင့် မျက်လုံးအတွင်း မျက်နှာပြင်များ နီမြန်းလာခြင်း။
- သွားဖုံး၊ သွားခုံ၊ အာခေါင်၊ နှုတ်ခမ်း၊ ပါးစောင်အတွင်းနှင့် လျှာပေါ် တွင် အမည်းရောင်အစက်ငယ်များ ပေါ်လာခြင်း။
- နောက်ပိုင်းတွင် ဤအနာများ ပိုမိုကြီးထွားလာပြီး ပေါင်းစပ်သွားခြင်း။
- ပါးစပ်အတွင်း မျက်နှာပြင်အရောင်ဖျော့သွားခြင်း၊ သေဆုံးနေသောဆဲလ်များဖြင့် ဖုံးလွှမ်းခြင်း။
- အချို့အခြေအနေများတွင် ပုံမှန်အမြှေးပါးများနေရာတွင် ချိစ်ကဲ့သို့ ပျစ်ချွဲသော အရာများဖြင့် အစားထိုးခြင်း။
- နှုတ်ခမ်းပတ်လည်ရှိ အရေပြားတွင် အဖုငယ်များ ဖြစ်ပေါ်ခြင်း။
ဝမ်းလျှောခြင်း
- အဖျားစတင်ပြီး ၂-၃ ရက်အကြာတွင် စတင်ဖြစ်ပွားခြင်း။
- အစပိုင်းတွင်ပျော့ပြီး နောက်ပိုင်းတွင် ရေကဲ့သို့ပျစ်ချွဲကာ အနံ့ဆိုးထွက်ခြင်း။
- သွေးစများနှင့် အူနံရံသေဆဲလ်များ ပါဝင်နိုင်ခြင်း။
- ဝမ်းမပျော့ပါက ဂွမ်းစတံဖြင့် စအိုတွင်းစစ်ဆေးပါက သွေးစွန်းနေသော ဝမ်းပျော့များ တွေ့နိုင်ခြင်း။
အသက်ရှူရ ခက်ခဲခြင်း
- အသက်ရှူမြန်ခြင်း (ရင်ဘတ်နှင့် ဝမ်းဗိုက်များ တဖျပ်ဖျပ် လှုပ်ရှားခြင်း)
- ခေါင်းနှင့် လည်ပင်းကို ဆန့်ထုတ်ခြင်း။
- နှာခေါင်းပေါက်များ ကျယ်ခြင်း၊ လျှာထုတ်ခြင်း။
- ချောင်းဆိုးခြင်းများဖြစ်ပေါ်ကာ အဆုတ်ရောင်ရောဂါ၏ လက္ခဏာများပြသခြင်း။
နောက်ဆုံးအဆင့်
- ကိုယ်ဝန်ဆောင် တိရစ္ဆာန်များတွင် သားလျှောခြင်း ဖြစ်ပွားနိုင်ခြင်း။
- ရေဓာတ်ဆုံးရှုံးမှုကြောင့် မျက်လုံးများ ချိုင့်ဝင်ခြင်း။
- ရောဂါလက္ခဏာစပြပြီး ၇-၁၀ ရက်အတွင်း သေဆုံးခြင်း။
- အချို့တိရစ္ဆာန်များသည် နာလန်ထူချိန် (၂-၄ ပတ်) ကြာပြီးနောက် ပြန်လည် ကျန်းမာလာတတ်ပါသည်။ PPR ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသော တိရစ္ဆာန်များသည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်နိုင်သောကြောင့် သီးသန့်ခွဲခြားထားရန် လိုအပ်ပါသည်။
PPR ရောဂါကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ အထိ စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ ထိုပမာဏထက် ပိုမိုလေ့လာကြည့်ပါက မိသားစုပေါင်း သန်း ၃၀၀ သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြေနှင့် ရင်ဆိုင်နေရပါသည်။ ထို့ပြင် သိုး၊ ဆိတ်များနှင့် ၎င်းတို့မှထွက်ရှိသော ထုတ်ကုန်များသည် အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါသော ကုန်ပစ္စည်းများ ဖြစ်ပါသည်။ PPR ရောဂါကိုကြိုတင် ခန့်မှန်း၍မရခြင်း၊ ခံနိုင်ရည်မရှိခြင်း (သို့မဟုတ်) PPR ရောဂါမှပြန်လည်ထူထောင်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်။ PPR ရောဂါသည် အလွန်လျင်မြန်စွာ ပျံ့နှံ့နိုင်ပြီး တိရစ္ဆာန်များ၏ သေဆုံးနှုန်း မြင့်မားပါသည်။
PPR ရောဂါကင်းစင်ရေးသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများတွင် ရောဂါ စောင့်ကြည့်စနစ်များ အားကောင်းစေရေး၊ အိမ်နီးချင်းနိုင်ငံများ (ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို) နှင့် နယ်စပ်ပူးပေါင်းကြပ်မတ် ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုများ ပြည့်စုံစွာဆောင်ရွက်ရေး၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့နှင့် FAO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် PPR ဗိုင်းရပ်စ်ရောဂါ ကင်းစင်သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် PPR ရောဂါကင်းစင်ရေး ရည်မှန်းချက်နှင့်အညီ အောင်မြင်စွာပါဝင်နိုင်မည်ဟု မျှော်လင့်ပါသည်။
Source: Myanmar Digital News