ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများကာရံထားသော အတွင်း၌သေးငယ်ပြီး ရွှေဝါရောင်သန်းသည့် ဘယ်ရီသီးတစ်မျိုးဖြစ်ပါသည်။ Gooseberry ဟုခေါ်သည့်ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီအမျိုးနွယ်ဝင်တစ်မျိုးလည်းဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်လို Ground Cherry ဟုခေါ်ပြီး သိပ္ပံနာမည်မှာ Physalis Peruviana ဟုခေါ်ဆိုပါသည်။ အခြားဒေသများတွင် Cape Gooseberry ဟုလည်း ခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။

ဗောက်ပင်မှာ အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များမှာ တူသည်ဟု ပြော၍ရပါသည်။ အဝါရောင်စိုစို ဗောက်သီး၏ ပုံစံနှင့် အရသာမှာ ခရမ်းချဉ်သီးအလုံး သေးများနှင့် ဆင်တူသော်လည်း အရသာမှာ ခရမ်းချဉ်သီးထက် ပို၍အချိုကဲပြီး ခံတွင်းရှင်းစေပါသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးနှင့် မုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသကဲ့သို့ သရေစာအနေဖြင့် အစိမ်းစားခြင်းမျိုးလည်းရှိပါသည်။
ဗောက်သီးပင်များသည် တောင်အမေရိကဒေသတွင် အဓိက ပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးနိုင်ငံတို့တွင်လည်း ပေါက်ရောက်တတ်ပါသည်။ ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိပြီး ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတွင်လည်း ပေါက်ရောက်တတ်ပါသည်။ ဗောက်သီးပင် မျိုးစိတ်စုစုပေါင်း ၇၀ ခန့်ရှိပြီး အအေးပိုင်းတွင် ပေါက်ရောက်သော ဗောက်သီးများသည် အလုံးအရွယ်အစားပိုကြီးပြီး အရောင်ပိုရင့်သည်။ ဗောက်ပင်ကို နိုင်ငံများစွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံ တွင် ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးလေ့ရှိကာ စိုက်ပျိုးသည့် အမျိုးအစားပေါ်မူတည်၍ အရွယ်အစားနှင့် အရောင်ကွဲပြားသွားပါ သည်။ ဈေးကွက်တွင် ဗောက်သီးတစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၁၀၀၀၀ ဈေးနှုန်းရှိပြီး စိုက်ပျိုးရလွယ်ကူသောကြောင့် ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်လာသည်နှင့်အညီ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများ၊ သီးခြားစိုက်ပျိုးမှုများလည်းရှိပါသည်။
ဗောက်သီးကို ဖောင်ဖောင်သီး၊ ဗောက်လောက်သီး၊ ဘောင်ဘောင်သီး စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပြီး အညာဒေသတွင် ဗောက်လောက်ပင်ဟု ခေါ်ဆိုကြသည်။ ဗောက်သီးပင်သည် တစ်ရာသီသာခံသော ခရမ်းပင်၊ ခရမ်းချဉ်ပင်နှင့် သခွားပင်တို့ကဲ့သို့ ပင်ပျော့အမျိုးအစားဖြစ်ပြီး အရွက်များမှာ အစိမ်းရောင်နုနုမှ အစိမ်းရောင်ရင့်ရင့်အထိ ဖြစ်နိုင်ပါသည်။ အသီးမှာ ဘောလုံးကဲ့သို့ လေဖောင်းဖောင်းထဲတွင် သီးခြင်းဖြစ်သည်။ အပေါ်ခွံနှင့် အသီးမှာ နုစတွင်စိမ်းပြီး မှည့်လာလျှင် အသီးများမှာ ရွှေဝါရောင်သန်းလာ၍ အပြင်ခွံပါ အဝါဖျော့ရောင်ဖြစ်လာကာ ခွာရလွယ်ကူလာပါသည်။
မြန်မာနိုင်ငံတွင် အတွေ့များသည့် ဗောက်သီးပင်များမှာ စားသုံး ၍ရသော အရိုင်းပင်များဖြစ်သည်။ အရောင်အနေဖြင့် စိမ်းဝါဝါ ရှိပြီး ဗီတာမင်စီ အဓိကပါဝင်သည့်အတွက် ရောင်ရမ်းခြင်းနှင့် သရက်ရွက်ကြီးခြင်းတို့ကို ကုသနိုင်ပါသည်။ တိရစ္ဆာန်မွေးမြူသူများသည် ရှေးနှစ်ပေါင်းများစွာကတည်းက ဗောက်ပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့်တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓာတ်သဘာဝများကို ထိန်းညှိ ပေးသောအပင်အဖြစ် အသုံးပြုကြသည်။ ဗောက်သီးတွင် ကယ်လိုရီ ပမာဏနည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်ပါသည်။ ယင်းအပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော အကျိုးပြုသည့် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗောက်သီးတွင်ပါဝင်သောဓာတ်များသည် ခန္ဓာကိုယ် အတွက် အကျိုးပြုသော ဗက်တီးရီးယားများသာမက အကျိုးမပြုသော ဗက်တီးရီးယားများကိုပါ သေစေနိုင်သည့်အစွမ်းရှိကာ အသားအရေကိုလည်း အကျိုးပြုပါသည်။
ဗောက်သီးကို မြန်မာနိုင်ငံ၌ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ရလွယ်ကူပါသည်။ ဗောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများအနက် စိတ်ဝင်စားစရာအချက်အချို့မှာ နှလုံး၊ အသည်းနှင့် ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဆီးချိုကိုထိန်းပေးခြင်း၊ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊ ဗီတာမင်အေကြွယ်ဝသောကြောင့် မျက်လုံးကို ကျန်းမာစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချပေးခြင်းတို့ဖြစ်သည်။
ဗောက်သီးတွင်ပါဝင်သောအာဟာရဓာတ်များ
ဗောက်သီးတွင် ကယ်လိုရီပမာဏနည်းပါးပြီး အသားအရေနှင့် ခန္ဓာကိုယ်အတွက်ပါ အကျိုးပြုသည့် ဗီတာမင် A ၊ ဗီတာမင် B1 ၊ ဗီတာမင် B3 နှင့် ဗီတာမင် C ကဲ့သို့ ဗီတာမင်များနှင့် သတ္တုဓာတ်များ ဖြစ်သည့် ကယ်လ်ဆီယမ် (Ca)၊ သံဓာတ် (Fe) နှင့် ဖော့စပရပ်စ် (P) တို့လည်း အတော်အသင့်ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ပိုလီဖီနောလ် (Polyphenols) နှင့် ကယ်ရိုတနွိုက် (Carotenoid) များလည်း ပါဝင်ပါသည်။
ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဗောက်သီးသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ပြေစေခြင်း၊ ဆီးချိုဝေဒနာကို ထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြင်းထန်သော ဝေဒနာအချို့မှ ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်ရန် လုပ်ဆောင်ပေးနိုင်သည့်အစွမ်းရှိပါသည်။ ကိုယ်လက်စထရောကို ထိန်းညှိပေးပြီး နှလုံးတွင်ဖြစ်တတ်သောရောဂါများကို လျော့ကျစေ သည့်အတွက် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာစေပါသည်။ ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေ ရန်အတွက် အထောက်အကူပြုသည့်အရေးပါသော Phyto-chemical အချို့ ပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ကို သက်သာစေပါသည်။
ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချို ဝေဒနာသည်များစားသုံးရန် အထူးသင့်တော်ပါသည်။ ဗောက်သီးတွင် ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချို(Diabetes) ကိုထိန်းညှိပေးပြီး သွေးပေါင်ချိန်ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင် ဗောက်သီးကိုစားသုံးပေးခြင်းဖြင့် သွေးပေါင် ကျစေပါသည်။
ဗောက်သီးတွင် ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ပန်းနာရင်ကျပ်သက်သာစေသော ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့် ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင် အသုံးပြုသကဲ့သို့ အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်ပါသည်။
ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်များကြောင့် အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည့်အပြင် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်ပါသည်။
ဗောက်သီးတွင် ဗီတာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ ဗောက်သီးတွင် ဖရီးရာဒီကယ် (Free Radical) များကို ထိန်းချုပ်နိုင်သည့် အစွမ်းရှိသဖြင့် အာရုံကြော ဆိုင်ရာရောဂါများ အပါအဝင် ရောဂါအတော်များများကိုခုခံရာတွင် အထောက်အကူပြုပါသည်။
ထို့ပြင် ဗောက်သီးတွင် အရိုးများကိုကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်ဆီယမ် (Ca) နှင့် ဖော့စဖရပ်စ် (P) များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် ပက်တင် (Pectin) ပါရှိပါသည်။ ထို့အပြင် အမျိုးသားများတွင် ဖြစ်တတ်သည့် ဒူလာနှင့် အရေပြားနီမြန်းရောင်ရမ်း ခြင်းကို ကုသရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဗောက်သီးတွင် ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သော ဗီတာမင်စီပါဝင်သောကြောင့် ခန္ဓာကိုယ်မှ လိုအပ်သည့်ဗီတာမင်စီကို ပြည့်ဝစေပါသည်။
ဗောက်သီး၏ ဘေးထွက်ဆိုးကျိုးများ
မမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့် အဆိပ်ရှိသော အယ်လ်ကာလွိုက် (Alkaloid) အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကိုမမှည့်မီ မစားသုံးသင့်သကဲ့သို့ ချယ်ရီသီး မျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးများနှင့် ဓာတ်မတည့်သူများ အနေဖြင့် ဗောက်သီးမစားသုံးသင့်ပေ။ ထို့အပြင် ဗီတာမင်စီ၊ ဗီတာမင် အေတို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကို လုံးဝ မစားသုံးသင့်ပေ။ သို့သော် တစ်ကြိမ်တည်းတွင် အလုံးအရေအတွက် များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါသည်။
ကိုယ်ဝန်ဆောင်မိခင်များစားသင့်သော ဗောက်သီး
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် တစ်နေ့လျှင် သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး စားသုံးပေးသင့်သည့်အသီးများထဲတွင် ဗောက်သီးလည်း ပါဝင်နေပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗောက်သီးကိုစားမည်ဆိုလျှင် မြေဆီလွှာတွင်ရှိနေတတ်သည့် ကပ်ပါးပိုးတစ်မျိုး ကြောင့်ဖြစ်တတ်သည့် Toxoplasmosis ရောဂါဖြစ်စေနိုင်သောကြောင့် ရေဖြင့်သေချာစင်ကြယ်အောင် ဆေးကြောပြီးမှသာ စားသင့်ပါသည်။ အမျိုးသမီးအများစုတွင် ဤကပ်ပါးပိုးကို ခုခံတိုက်ထုတ်နိုင်သည့် Antibodies ရှိနေတတ်သော်လည်း မရှိသူများအနေဖြင့် ရောဂါပိုးဒဏ် ကို ခံရနိုင်ပါသည်။
အချုပ်အားဖြင့် Gooseberry ဟုခေါ်သည့် ဗောက်သီးကို စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ သရေစာအဖြစ် အသီးလိုက်စားနိုင်သကဲ့သို့ ဖျော်ရည်အနေဖြင့်ဖြစ်စေ၊ အချိုပွဲအနေဖြင့်ဖြစ်စေ အသုံးပြုနိုင်ပါသည်။ ဗောက်သီးတွင် သံပရာသီးထက် ဗီတာမင်စီ နှစ်ဆနီးပါး ပါဝင်သည်။ ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်သည့် ဗောက်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်သီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက ဝင်ငွေတိုးလာမည့် သီးနှံတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
Source: Myanmar Digital News

မက်မန်းသီး၏မူလအစ
မက်မန်းသီးနှင့်ပတ်သက်၍ ယခင်က မက်မန်း ပေါင်းထုပ်များကိုသာ မြင်တတ်ကြသော်လည်း ယခု နောက်ပိုင်း လတ်ဆတ်ချိုအိပြီး အရသာကောင်းသော မက်မန်းအချိုသီးများလည်း ဈေးဆိုင်များတွင် တွေ့ မြင်နေကြရပြီဖြစ်သည်။ မက်မန်းသီးကို အင်္ဂလိပ်လို Damson ဟုခေါ်ပြီး ပန်းပွင့်သောအပင်မျိုးစိတ်တစ် ခုဖြစ်သည်။ မက်မွန်ပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင် များနှင့်အတူ Rosaceae မျိုးရင်းဖြစ်သော Prunus မျိုးစု၌ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ Prunus Domes-tica ဖြစ်သည်။ မက်မန်းပင်သည် စိုစွတ်အေးမြသည့်ခဲသားမြေကိုနှစ်သက်ပြီး မူလပေါက်ရာဒေသမှာဥရောပတိုက်တောင်ပိုင်းနှင့် အာရှတိုက်အနောက် ပိုင်းတို့ဖြစ်သော်လည်း ထိုမှတစ်ဆင့် အမေရိကတိုက်၊ အာရှတိုက်နှင့် ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွား ကြသည်။
မက်မန်းပင်သည် မြန်မာနိုင်ငံ၌ ပေ ၃ဝဝဝ နှင့် အထက်မြင့်သော ကုန်းမြင့်များ၌သာ ပေါက်ရောက် သောကြောင့် ရှမ်းပြည်နယ်အတွင်းရှိ အောင်ပန်း၊ကလော၊ နောင်ချိုနှင့် တောင်ကြီးမြို့တို့၏အနီးတစ် ဝိုက်၌ စိုက်ပျိုးဖြစ်ထွန်းကြောင်း တွေ့ရသည်။ အထူး သဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံး နေရာ၌ ၂၀၅ ပေရှိပြီး အမြင့်ဆုံးနေရာ၌ ၄၂၉၅ ပေ ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပေါင်းစုံ စိုက်ပျိုးဖြစ်ထွန်းသော ပြင်ဦးလွင်ဒေသ၌ မက်မန်း ပင်ကို အများဆုံးစိုက်ပျိုးကြသည်။ မက်မန်းသီးကို မက်မန်းယို၊ တော်ဖီ၊ မက်မန်းချို၊ မက်မန်းချဉ်၊
မက်မန်းဝိုင်ပြုလုပ်ပြီး ပြည်တွင်းစျေးကွက်၌ ရောင်းချသည့်အပြင်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်မလေးရှားနိုင်ငံသို့လည်း တင်ပို့ကြောင်း မက်မန်း လုပ်ငန်းရှင်များထံမှ သိရသည်။ မက်မန်းသီးကို အကြမ်းအားဖြင့် သီးစားမျိုးနှင့် ဆားရည်စိမ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ မက်မန်းကုန်ကြမ်းကို ပြင် ဦးလွင်ရှိ အင်းထိပ်၊ ပန်းဥတောင်၊ ဆင်ဖြူအင်း၊ မျှော့ တောကျေးရွာများအပြင် နောင်ချိုနှင့် တခြားမက်မန်း စိုက်တောင်သူများထံမှလည်း ဝယ်ယူရရှိနိုင်သည်။
မက်မန်းပင်စိုက်ပျိုးမှုပုံစံ
မက်မန်းပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၀၀ တွင် ကောင်းမွန်စွာဖြစ်ထွန်းသောကြောင့် ပြင်ဦးလွင်ဒေသ၌ အများဆုံးစိုက်ပျိုးသည်။ မက်မန်း ပင်ကို ဇူလိုင်လနှင့်သြဂုတ်လတို့တွင် စတင်စိုက်ပျိုး ပြီး မေလနှင့်ဇွန်လတို့တွင် အသီးခူးဆွတ်နိုင်သည်။ မက်မန်းပင်သည် ချုံငယ်မျိုး သို့မဟုတ် အပင်ငယ် မျိုးဖြစ်ပြီး အကိုင်းအခက်အလက်အမြောက်အမြား ထိုးထွက်သည်။ ပန်းပွင့်များသည် အဖြူနှင့်အစိမ်းနုနု အရောင်များဖြစ်ပြီး နွမ်းသွားသည့်အချိန်တွင် ပန်း ရောင်နှင့်အနီရောင်သို့ ပြောင်းသွားတတ်သည်။ များ သောအားဖြင့် ပန်းပွင့်များသည် အရွက်များမထွက်မီ ထွက်လာကြသည်။ မက်မန်းပင်သည် အပွင့်ပွင့်ခါနီးတစ်လခန့်အလိုတွင် တစ်ပင်လုံးအရွက်တစ်ရွက်မျှ မကျန်အောင်ကြွေလေ့ရှိပြီး ထိုသို့ကြွေပြီးမှ အကိုင်း မှစပြီး အဖူးအပွင့်များဖူးပွင့်ခြင်းဖြစ်သည်။ အများ အားဖြင့် မက်မန်းပွင့်များသည် ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ပင်လုံးကျွတ်ကြွေကျပြီး ထိုအပွင့်များ မကြွေမီတွင်မက်မန်းသီးကင်းများ ကိုင်းတစ်လျှောက်ထွက်လာကာ မက်မန်းသီးများကို ဇူလိုင် လခန့်တွင် ခူးဆွတ်လေ့ရှိသည်။
မက်မန်းသီးပုံစံ
မက်မန်းသီးသည် အစေ့မာတစ်စေ့တည်းရှိသည့် အသီးမျိုးဖြစ်ပြီး ချယ်ရီသီးအရွယ်မှ ကြက်ဥအရွယ် ထိအောင် အရွယ်အမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသည်။ ပုံသဏ္ဌာန်အားဖြင့်လည်း တချို့သည် လုံးဝန်း ၍ တချို့မှာ ကြက်ဥပုံသဏ္ဌာန်ရှိပြီး တချို့ကား ထိပ် ချွန်ခြင်း၊ ထိပ်လုံးကြီးခြင်း၊ ရှည်မျောမျောဖြစ်ခြင်း စသည့် ပုံစံမျိုးစုံရှိသော်လည်း အခွံသည်ပါး၍ အရောင် အားဖြင့် နီညိုရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူ ရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အနီရင့်ရောင်၊ ပန်း ရောင်ဟူ၍ အရောင်အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၌ အများစုမှာ မက်မန်းသီးဆိုလျှင် လုံးဝန်းသောအနီရောင်အသီးမျိုးကိုသာ သိကြသည်။ မက်မန်းသီးသည် အသားများ၍ အရည်ရွှမ်းသည်။ အလယ်ကောင်တွင် ပြား၍မာသောအစေ့ကြီးတစ်စေ့ရှိပြီး ထိုအစေ့ထဲ တွင် မျိုးစေ့ရှိသည်။ မက်မန်းသီးသည် အလွန်အသုံး ဝင်သော အသီးဖြစ်သည်။ ယင်းနှင့်အမျိုးတူ အသီး သုံးမျိုးတွင် အာဟာရဓာတ်အများဆုံးပါသောအသီးဖြစ်သည်။ တခြားအသီးများထက် သကြား ၂ဝ ဒသမ ၁ ရာခိုင်နှုန်း ပို၍ပါကြောင်း တွေ့ရသည်။ တချို့ကို မသိုးစာ၊ ထောပတ်၊ ယိုများပြုလုပ်ရာ၌ အသုံးပြုကြ ပြီး တချို့ကို အခြောက်ပြုလုပ်၍ စည်သွတ်ကြသည်။
မက်မန်းသီးတွင်ပါဝင်သောအာဟာရဓာတ်များ
မက်မန်းသီးသည် ကယ်လိုရီနည်းပါးပြီး အဆီပါဝင်မှုမရှိသည့်အတွက် ကျန်းမာရေးကိုအထောက် အကူဖြစ်စေသည့်အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိသည့်ပစ္စည်းများ (Antioxidants) နှင့် အာဟာရဓာတ် နှင့်သတ္တုဓာတ်များဖြစ်သည့် ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ Folate၊ Iron၊ Choline၊ Potassium၊ Magnesium၊ Phosphorus၊ Manganese၊ Zinc နှင့် Copper ဓာတ်များပါဝင်သဖြင့် တစ်နေ့တာလိုအပ်သည့်အာဟာရဓာတ်များကို ရရှိစေသည်။ ထို့ပြင် မက်မန်းသီးတွင်ပါသည့် ပိုတက်ဆီယမ်ဓာတ်က လည်း သွေးကြောများကိုကျယ်စေနိုင်သည့် အာနိသင် ရှိသောကြောင့် နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေသည်။ ဗီတာမင် C နှင့် Phy-tonutrients များ ကြွယ်ဝစွာပါဝင်သောကြောင့်
ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်ပွား နိုင်ခြေကို လျော့နည်းစေသည်။ ဗီတာမင်နှင့် သတ္တု ဓာတ်ကြွယ်ဝသော မက်မန်းသီးမှရနိုင်သည့် ကျန်းမာ ရေးကောင်းကျိုးများကို ဆက်လက်ဖော်ပြပါမည်။
အဆီကျစေပြီး နှလုံးကျန်းမာရေးကိုထောက်ကူပေးခြင်း
မက်မန်းသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပရိုတင်း ဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်များကြောင့် မက်မန်းသီးပုံမှန်စားခြင်းဖြင့် ခန္ဓာ ကိုယ်တွင်းမှ အဆီဓာတ်များကို ထိန်းညှိပေးနိုင်ကာ မကောင်းသည့်ကိုလက်စထရောအဆီဓာတ်ကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေသည်။ မက်မန်းသီးတွင် အဆီ ဆဲလ်များအပါအဝင် အဝလွန်ခြင်းနှင့် ရောင်ရမ်းမှုကို တားဆီးပေးသည့်အာနိသင်ရှိ Bioactive Compound များ၊ Flavonoids များပါဝင်သောကြောင့် ကိုလက် စထရောများခြင်း၊ ဆီးချိုသွေးချိုနှင့် နှလုံးသွေးကြော ကျဉ်းရောဂါကဲ့သို့ အဝလွန်ခြင်းနှင့်ဆက်နွှယ်နေသည့် ပြဿနာများမဖြစ်အောင် ကာကွယ်တားဆီးပေးနိုင် သည်။
ဆီးချိုသွေးချိုထိန်းပေးခြင်း
မက်မန်းသီးသည်သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်သည့်အာနိသင်ကြောင့် ဆီးချိုရောဂါ အတွက် အထူးသင့်လျော်ပြီး အထောက်အကူပြုနိုင် သည်။ မက်မန်းသီးတွင်ပါဝင်သည့် Flavonoids များ ကြောင့် ဆီးချိုဝေဒနာရှင်များတွင် အဖြစ်များသည့် အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းပြဿနာကို ကာကွယ် ပေးနိုင်သည်။
အရိုးပွရောဂါကာကွယ်ပေးခြင်း
မက်မန်းသီးခြောက်ကိုစားသုံးခြင်းဖြင့်အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုနိုင် သည်။ မက်မန်းသီးခြောက်တွင် ပါဝင်သည့် Caffeic Acid နှင့် Rutin တို့ကဲ့သို့ Flavonoids များကြောင့် အရိုးတစ်သျှူးများ၌ ယိုယွင်းပျက်စီးခြင်းကို တားဆီး ပေးပြီး အရိုးပွရောဂါကိုကာကွယ်ပေးသည်။ ထို့ပြင် မက်မန်းသီးခြောက်တွင်ပါဝင်သည့် ပိုတက်ဆီယမ် နှင့် Polyphenols က အရိုးထုထည်ကို အားဖြည့်ပေး သည်။ မဂ္ဂနီစီယမ်ဓာတ်၊ ဖော့စဖရက်ဓာတ်၊ ကော့ပါး ဓာတ်၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အရိုးများကိုသန်မာကြံ့ခိုင်စေပြီးသွေးအားကောင်းစေသည်။
အစာခြေစနစ်ကိုကောင်းစေခြင်း
မက်မန်းသီးသည် အမျှင်ဓာတ်ကြွယ်ဝသည့်အပြင် မက်မန်းသီးတွင်ပါဝင်သည့် Sorbitol နှင့် Isatin ဓာတ်များကြောင့် အစာခြေစနစ်ကို ကောင်းစွာအထောက် အကူပေးပြီးအစာမကြေခြင်းနှင့်ဝမ်းချုပ်ခြင်းကဲ့သို့ အစာခြေစနစ်ပြဿနာများကို ကုစားရာတွင် ထိရောက်မှုရှိသည်။
ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း
မက်မန်းသီးဖျော်ရည်သောက်လျှင် အသက်အရွယ်ကြောင့်ဖြစ်ပွားသည့် မှတ်ဉာဏ်ယိုယွင်းမှုများကိုကာကွယ်ပေးနိုင်သည်ဟု သုတေသီများက တွေ့ရှိခဲ့ သည်။ အကျိုးပြု Phytonutrients များကြောင့် လေ့လာသင်ယူနိုင်စွမ်းနှင့် မှတ်ဉာဏ်ကိုတိုးတက်စေသည်။ မက်မန်းသီးကို ပုံမှန်စားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါကဲ့သို့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါများကို ကာကွယ်နိုင်သည်။
မက်မန်းသီး၏တခြားအကျိုးကျေးဇူးများ
တခြားအကျိုးကျေးဇူးများအနေဖြင့် အာရုံကြောစနစ်အတွက်ကောင်းခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကိုလက်စထရောကျစေခြင်း၊ သွေးအားကောင်းစေခြင်း၊ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊သွေးဖိအားကိုထိန်းပေးနိုင်ခြင်း၊ အဆုတ်နှင့်ခံတွင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေနိုင်ခြင်း၊ တုပ်ကွေးကိုကုသနိုင်ခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊အသားအရေလှပစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်းနှင့် မျက်စိမှုန်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ ထို့ပြင် မက်မန်းသီးသည် ဓမ္မတာမမှန်ခြင်းကိုကုသရာတွင် ထိရောက်သည့်အာနိသင်ရှိသည်ဟုဆိုကြသကဲ့သို့ အူလမ်းကြောင်းထဲမှ အဆိပ်အတောက်များကိုဖယ်ရှားသန့်စင်နိုင်သည်ဟုလည်းသိရသည်။
မက်မန်းသီးကိုဘယ်လိုစားမလဲ
မက်မန်းသီးကို သူ့အတိုင်းစားကြသကဲ့သို့ ဆား သို့မဟုတ် လျက်ဆားနှင့်လည်း တို့စားကြသည်။ တချို့က သုပ်စားခြင်း၊ မက်မန်းချိုပေါင်းလုပ်စားခြင်း၊ မက်မန်းတော်ဖီအနေဖြင့်လုပ်စားခြင်း၊ မက်မန်းယိုအနေဖြင့်စားခြင်းများလည်းရှိသည်။ ထို့ပြင် မက်မန်းဝိုင်လုပ်ပြီးသောက်ခြင်းများလည်းရှိသည်။
ဆေးဖက်ဝင်မက်မန်းဝိုင်
မက်မန်းဝိုင်သည် သုံးစွဲတတ်လျှင် ဆေးကောင်း တစ်လက်ဖြစ်နိုင်သည်။ မက်မန်းသီးမှ ဗီတာမင် C ဓာတ်ကို များစွာထောက်ပံ့ပေးသကဲ့သို့ အစာချေ ဖျက်မှုကိုလည်း ကောင်းမွန်စေသည်။
Source: https://myawady.net.mm/stories

သွေးလေးဖက်နာ ရေနွေးစိမ်ပါ
ရေနွေးစိမ်ခြင်းသည် အဆစ်ရောင်၊ အဆစ်အမျက် ကိုက်ရောဂါ၊ လေးဖက်နာဝေဒနာသည်များအတွက် အလွန်ကောင်းသောနည်းဖြစ်သည်။ ရေနွေးစိမ်ကုသခြင်းကို ဂျပန်နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများတွင် များစွာတွေ့ရသည်။ စာရေးသူ မဲခေါင်မြစ်ဝှမ်း ဒေသခြောက်နိုင်ငံ တိုင်းရင်းဆေးဆရာများတွေ့ဆုံပွဲ တတိယအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်လေ့လာခဲ့စဉ်ကအစိုးရဆေးရုံများ သာမက ပုဂ္ဂလိကဆေးရုံများတွင် ရေနွေးစိမ်ကန်များ ကို သစ်သားစည်ကြီးများအသုံးပြု၍ ပြုလုပ်ထား သည်ကို တွေ့ရသည်။ဂျပန်နိုင်ငံသားများ ရေချိုးသည့်အခါ ရေနွေးကို စိမ်ချိုးကြသည်ဟု ငယ်စဉ်ကကြားဖူးသည်။ ၎င်းတို့ ရိုးရာဓလေ့မှာ ညောင်းညာကိုက်ခဲမှုကို ပြေလျော့စေသောနည်းလမ်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ဆေးပင်၊ ဆေးမြစ်များကိုပြုတ်ပြီး ရေနွေးစိမ်ခြင်း၊ ဆေးပြုတ်ရည်ဖြင့် ရေချိုးခြင်း၊ ခြေထောက်စိမ်ခြင်းများကိုလည်း တွေ့ခဲ့ရသည်။
ရေနွေးစိမ်ရန် ကန်အခက်အခဲရှိပါက ရေနွေးကို ပုံးဖြင့်ထည့်ပြီး ရေအေးဖြင့်သင့်တင့်အောင် စပ်ချိုးနိုင်ပါသည်။ ရေနွေးအတွင်း ဆားလက်တစ်ဆုပ်ခန့် ထည့်ပြီးချိုးလျှင် ပိုကောင်းသည်။ ဆားရည်နွေးသည်ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များကို ပွင့်စေသည်။ ငုပ်နေသော အခိုးအကင်းများကို အပြင်သို့ထွက်သွားစေသဖြင့် ညောင်းညာကိုက်ခဲမှုများ လျော့သွားစေ နိုင်သည်။တချို့ဒေသများ၌ သဘာဝနည်းအတိုင်းထွက်နေသော ရေပူစမ်းများရှိသည်။ ရေပူစမ်းမှာ ရေတွင် ထုံးဓာတ်တစ်မျိုးလွန်ကဲပြီး ပူနွေးနေသောရေမျိုး ဖြစ်သည်။ ယင်းရေပူစမ်းများတွင် စိမ်ခြင်းဖြင့် ညောင်းညာမှုများ ပြေလျော့စေသည်။ငပလီ၊ ချောင်းသာကမ်းခြေတို့၌ အပန်းဖြေသူများသည် ပင်လယ်ရေ(ဆားငန်ရည်)ကို စိမ်ချိုးရသည့် အပြင် ပင်လယ်ဘက်မှ တိုက်ခတ်လာသော ဆားပါသောလေကိုပါ ရှူရှိုက်ရသဖြင့် ကျန်းမာရေးကောင်း စေသည်ဟု ယူဆကြသည်။ကလေးများ ပိုလီယိုလေးဖက်နာဖြစ်ပြီး အဆစ်များ ကောက်ကွေးနေခြင်းကို နှစ်နှစ်သားအရွယ်မှစ၍ ရေနွေးစိမ်နှိပ်ပေးခြင်းဖြင့် ကောက်နေသော အရိုးအဆစ်များကို ပြန်ဖြောင့်အောင် ကုသပေးနိုင်ကြောင်း သိရသည်။ ရေစိမ်ကန်မရှိလျှင်လည်း ကလေးကို သံစည်ပိုင်းပြတ်တွင် အောက်မှမီးဖိုပေး၍ ရေကိုနွေးအောင် ပြုလုပ်၊ ဆားအနည်းငယ်ထည့်ပြီး စိမ်စေခြင်းဖြင့် ပိုလီယိုရောဂါကို ပြန်လည်သန်စွမ်းအောင် ကုသနိုင် ပါသည်။
ဂေါက်ရောဂါခေါ် ခြေမဆစ်၊ ခြေမျက်စိ၊ ခြေချင်းဝတ် အဆစ်ရောင်ရောဂါရှိသူများမှာ ဆားလက်တစ်ဆုပ်ထည့်ရေအေးသင့်အောင်ရောပြီး ခြေမျက်စိမြုပ်အောင် စိမ်ပေးခြင်းဖြင့် အဆစ်ရောင်နာကို သက်သာစေနိုင်သည်။ တစ်ကြိမ်ရေနွေးစိမ်လျှင် အနည်းဆုံး ၁၅ မိနစ်မှ နာရီဝက်အထိသာ စိမ်သင့်သည်။ ဂေါက်ရောဂါသည် ဆားရည်နွေးစိမ်ခြင်းဖြင့် သုံးရက်အတွင်း သက်သာစေနိုင်သည်။သွေးလေးဖက်နာမှာ လေးဖက်နာမှန်သမျှတို့တွင် ကုသရအခက်ဆုံးဖြစ်သည်။ လူ့ဘဝတွင်ဝဋ်နာ၊ ကံနာ ဟု ရှေးလူကြီးများပြောသည့်စကားမှာ သွေးလေးဖက် နာကဲ့သို့ ဝေဒနာမျိုးတွင် မှန်ကန်နေပေသည်။လူ့ခန္ဓာကိုယ်တွင် သွေးသည် အသက်၊ အသက် သည်သွေးပင်ဖြစ်သည်။ သို့သော် မိမိသွေးကဖောက် ပြန်၍ မိမိကိုယ်မိမိပြန်တိုက်ခိုက်သဖြင့် အဆစ်များ ဒဏ်ရာအနာတရဖြစ်ပြီး ပွန်းစားကုန်သောရောဂါကို သွေးလေးဖက်နာဟုခေါ်သည်။
သွေးလေးဖက်နာဖြစ်ပြီးနောက် ရုပ်ပျက်ဆင်းပျက် အဆစ်များကောက်ကွေးကုန်သည်အထိ ဖြစ်ရသော လေးဖက်နာအမျိုးအစားမှာ ဆေးတွေ့ရန်ခက်ခဲ သည်။ ပိုးလေးဖက်နာကဲ့သို့ ပင်နီဆီလင်ဆေးနှင့်လည်း မပျောက်ကင်းနိုင်ပေ။ သွေးလေးဖက်နာကို ပိုးလေးဖက်နာထင်ပြီး အနာတခြား ဆေးတခြား ဖြစ်ကာ ကျောက်ကပ်ပါ ပျက်စီးနိုင်သည်။
သွေးလေးဖက်နာနှင့် တခြားအဆစ်ရောင်
လေးဖက်နာ၊ ပိုးလေးဖက်နာများ ကွဲပြားသည့်အချက် မှာ ဘယ်ဘက်လက်ချောင်း သုံးချောင်းရောင်လျှင် ညာဘက်လက်ချောင်း သုံးချောင်းမှာလည်း ထပ်တူ ရောင်သည်။ ရောင်သည့်အဆစ်များမှာ ဂေါက်ရောဂါ ကဲ့သို့ အထိမခံနိုင်အောင် မနာကျင်သော်လည်း အတွင်းသို့ဖိကြည့်လျှင် နာကျင်ပြီး ကြာသောအခါ အရိုးများပွန်းစားကာ အကိုင်အတွယ် များသော လက်ချောင်းများ ကွေးကောက်သွားသည်။ အကြည့်ရဆိုး သည်။အနောက်တိုင်းတွင် ထိုကောက်ကွေးသွားသော အဆစ်များကို ပြန်ဆန့်ပေးနိုင်ရန် မီးလုံးဖြင့်အပူပေးခြင်း၊ ဖယောင်းတစ်မျိုးကိုအပူပေး၍ အရည်ပျော်စေပြီး ကပ်ပေးခြင်း စသည့် ရူပကုထုံးများဖြင့် ကုသပေးလေ့ရှိသည်။ သူ့နည်းနှင့်သူ စနစ်တကျကုသလျှင်၊ စိတ်ရှည်ရှည်ကုသလျှင် အဆစ်များကောက်ခြင်းကို ကာကွယ်နိုင်ပါသည်။သွေးအတွင်းမှ ဖောက်ပြန်မှုအတွက် ဆေးအတိ အကျမရှိဘဲ ပရက်ဒီစလုံးကဲ့သို့ ဆေးလုံးများဖြင့်သာ ကုသပေးလေ့ရှိသဖြင့် နောက်ဆက်တွဲ အရိုးကျိုးခြင်း၊ အရိုးဆွေးခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လမ်း မလျှောက်နိုင်ခြင်း၊ လေဖြတ်ခြင်းတို့ပါ ဖြစ်နိုင်သည်။ထိုသွေးလေးဖက်နာအတွက် စာရေးသူ၏အတွေ့ အကြုံအရ တစ်ဖက်တစ်လမ်းမှ သက်သာစေနိုင်သော နည်းလမ်းများရှိပါသည်။ ယင်းတို့မှာ ရေနွေးစိမ်ခြင်း၊ ဆီလိမ်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းကုသခြင်း တို့ဖြစ်သည်။
အဆစ်ရောင်ပျောက်သော ကျားမနိုင်နွယ်ပင်
ကျားမနိုင်မြစ်ဟု အများကခေါ်ကြသောအပင်မှာ နွယ်ပင်ကြီးဖြစ်သည်။ ယင်းကျားမနိုင်နွယ်ပင်၏ ထိပ်ဖြတ်ပိုင်းတွင် ကျားခြေရာနှင့်တူသော အကွက် များကိုတွေ့ရသည်။ ထို့ကြောင့်ပင် ကျားမနိုင်ပင်ဟု ခေါ်ကြခြင်းဖြစ်သည်။
သနပ်ခါးသည် အအေးဖြစ်သည်။ သွေးလိမ်းလျှင် အေးမြသောအရသာကို အရေပြားပေါ်တွင်ဖြစ်စေသည်။ ကျားမနိုင်သည်လည်း အအေးပင်ဖြစ်သည်။ ကျောက်ပျဉ်တွင် သွေးလိုက်လျှင် နီကြင်ကြင်အရောင်များ ထွက်လာသည်။ သို့သော် အရေပြားပေါ်သို့ လိမ်းလိုက်သောအခါ သနပ်ခါးကဲ့သို့ပင် အေးမြမှုကိုခံစားရသည်။
ပူ၍ရောင်သော အဆစ်ရောင်ရောဂါမှန်သမျှ ကျားမနိုင်နှင့်သင့်သည်။ တစ်ခါက ဝက်သားစား၊ မျှစ်ချဉ်စားပြီး ခြေမဆစ်ကြီးရောင်လာသူတစ်ဦးကို တွေ့ဖူးသည်။ ယင်းခြေမဆစ်မှာ နီရဲနေပြီး ဖိနပ်မစီးနိုင်၊ ခြေမထောက်နိုင်၊ ခြေတွဲလောင်းချထိုင်နေလျှင်ပင် တစစ်စစ်ကိုက်နေသည်။ဤကဲ့သို့သော အဆစ်ရောင်ခြင်းအတွက် ကျားမနိုင်သွေးလိမ်းလျှင် အလွန်သင့်လျော်သည်။ လိမ်းလိုက်လျှင် အေးသွားပြီး အပူများအငွေ့ပြန်သလိုဖြစ်ကာ လိမ်းထားသောဆေးမှာ အမြန်ခြောက်သွေ့သွား သည်။ ဆက်ထားလျှင် ဆေးဖတ်များအက်ကွဲပြီး ကွာကျသွားလေသည်။ ထိုအခါ ကျားမနိုင်နွယ်ကို ထပ်မံသွေးပြီး လိမ်းပါ။ တဖြည်းဖြည်း အပူလျော့သွားပြီး အရောင်လည်း ကျသွားသည်ကို တွေ့ရမည် ဖြစ်သည်။
ကျားမနိုင်ကို အပူနာမှန်သမျှလိမ်းပေးနိုင်သည်။ မျက်စိနာလျှင် ကျားမနိုင်သွေးပြီး မျက်လုံးတစ်ဝိုက် ကွင်းပေးပါက ရဲနေသောမျက်သားများ ပြန်ဖြူလာနိုင်သည်။ မျက်ရိုးကိုက်လျှင်လည်း ကျားမနိုင်ကို မျက်ခွံနှင့် မျက်ခုံးပေါ်တွင် လိမ်းပေးပါက သက်သာစေနိုင်သည်။အာသီးရောင်၊ လည်ချောင်းနာ၊ အပူငုပ်၊ အသံဝင်လျှင် ကျားမနိုင်ကိုသွေးပြီး လည်ပင်း၊ မေးအောက်တွင် သုံးကြိမ်ခန့် လိမ်းပေးလျှင် သက်သာစေနိုင်သည်။မမှည့်မပေါက်ဘဲခဲနေသော ဝက်ခြံ၊ သွေးစုနာ၊ ကိန္နရာနာစသော အပူဖုများကိုလည်းကျားမနိုင် သွေးလိမ်းပေးလျှင် သက်သာစေနိုင်သည်။အနာနုလျှင်မပေါက်ဘဲ အဖုပျောက်ပြီး ချပ်သွားစေနိုင်သည်။ ဒဏ်ရာဟောင်းများကိုလည်း အမာရွတ်မထင်စေရန် ကျားမနိုင်ကို လိမ်းပေးနိုင်သည်။လေးဖက်နာအတွက် ကောက်သွားသော လက်ချောင်း၊ အဆစ်လေးများ ဖုထစ်နေသော ကျီးပေါင်းဆစ်များကို ကျားမနိုင်သွေးလိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ကျားမနိုင်ကို ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ တချို့က ကျားမနိုင်အပြင်အခေါက် ကိုခွဲပြီး တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြ သည်။ တချို့က ကျားမနိုင်နွယ်မှအဆီကို နည်းအမျိုးမျိုးဖြင့်ထုတ်ယူကြသည်။ ကျားမနိုင်မှာ သောက်သုံးလျှင် ဝမ်းသွားလွန်တတ်သဖြင့် သောက်ဆေးအဖြစ် သုံးစွဲမှုမပြုကြပေ။ လိမ်းဆေးအဖြစ် သုံးစွဲခြင်းမှာ အန္တရာယ်ကင်းပြီး ထိရောက်မှုလည်း ရှိသော ဆေးအေးအမျိုးအစားဖြစ်သည်။
အဆစ်ရောင်နာနှင့် ကွမ်းရွက်ကပ်ခြင်း
တချို့အဆစ်ရောင်နာများမှာ မပူ၊ မရောင်ဘဲ အတွင်းမှနာသော အဆစ်ရောင်မျိုးလည်းရှိသည်။ ထိုရောဂါမျိုးသည် မိုးရွာတော့မည်ဆိုလျှင် အရိုးထဲမှ ကိုက်လာသည်။ တချို့မှာ ရေကိုင်ခြင်း၊ အဝတ်လျှော်ခြင်းများပြုလုပ်လျှင်ပင် အဆစ်ကိုက်လာသည်။ထိုကဲ့သို့သော အဆစ်ရောင်နာမျိုးကို လိမ်းဆေး အဆီ၊ ပရုတ်ဆီ၊ လေးညှင်းဆီ၊ မုန်ညင်းဆီတို့ လိမ်းပေးလျှင် သက်သာစေနိုင်သည်။ ဖြစ်နိုင်လျှင် အဆီကို မီးဖြင့် အပူပေးပြီးမှ စိမ့်ဝင်အောင်လိမ်းပေးလျှင် ပို၍သက်သာစေနိုင်သည်။အတွင်းအရိုးထဲမှနာသော အဆစ်နာများအတွက် လွယ်လွယ်ကူကူနှင့်ထိရောက်သောကုသနည်းမှာ ရိုးရာကုထုံးကွမ်းရွက်ကပ်ခြင်းပင်ဖြစ်သည်။
ကွမ်းရွက်ပြောင်ချောနေသောဘက်ကိုမီးအပူပေးပြီးအနည်းငယ်ပျော့ပျောင်းလာသောအခါ အဆစ်ပေါ်တွင် ကပ်ထားရုံသာဖြစ်သည်။ ကပ်နည်းမှန်ကန်လျှင် တော်တော်နှင့်ကွာမကျပါ။ ကွမ်းရွက်ကို အဆစ်၏အရွယ်အစားကိုလိုက်၍ အနေတော်ဖဲ့ပြီး အသုံးပြုနိုင်သည်။ လက်ဆစ်၊ လက်ချောင်းလေးများအတွက်ဆိုလျှင် ကွမ်းရွက် ကို အနေတော်ဖဲ့ပြီး မီးကင်ကပ်ပေးရမည်ဖြစ်သည်။ လက်ချောင်းငါးချောင်းစလုံး တစ်ချောင်းစီ စိတ်ရှည် ရှည်ကပ်ပေးရန်လိုသည်။ခြေမျက်စိဆစ်၊ ခြေမဆစ်၊ ဒူးဆစ်များအတွက်ဆို လျှင်ကွမ်းရွက်ကိုအဆစ်ပုံသဏ္ဌာန်လိုက်၍ဖဲ့ပြီး ကပ်ရန်လိုပေသည်။ကွမ်းရွက်သည် ဒဏ်နှင့်အတွင်းငုပ်နေသော ရောဂါများကိုဆွဲထုတ်နိုင်သောအစွမ်းရှိသည်။ မျက်လုံးတွင်ကပ်လျှင် မျက်စိဒီဂရီကို လျော့စေနိုင် သည်။ မျက်စိဒဏ်နှင့် တိမ်ရောဂါများပင် ကွမ်းရွက်ကပ်၍ပျောက်ကင်းဖူးသော သာဓကများစွာရှိသည်။
နားကိုက်ရောဂါရှိသူသည် နားရွက်နောက် နားအုံအရိုးဖုပေါ်တွင် ကွမ်းရွက်ကို ပုံစံကျဖဲ့ပြီး ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ယင်းရောဂါသည် နားစည်အတွင်းပိုင်းရှိ အရိုးနုငယ်လေးများရောင်သောရောဂါဖြစ်သည်။ စားဆေးနှင့်မပျောက်ဘဲကွမ်းရွက်အုံ၍ ပျောက်သောသူကို တွေ့ရဖူးသည်။ တစ်ခါက ဆိုင်ကယ်နှင့်စက်ဘီးတိုက်မိရာတွင် စက်ဘီးလက်ကိုင်နှင့် ဆောင့်မိသဖြင့်ဘယ်ဘက်ရင်အုံနှလုံးတည့်တည့်တွင် အောင့်နေသူ အမျိုးသမီးငယ်တစ်ဦးကိုကုသဖူးသည်။ နူးညံ့သောရင်သား ဖြစ်၍ ပရုတ်ဆီလိမ်း၍လည်းမဖြစ်၊ ရင်အုံအောက်၌ ရှိသော နံရိုးများကြား အမြှေးပါးရောင်သွားသော ဝေဒနာဖြစ်သည်။ နောက်ဆုံး ကွမ်းရွက်ကိုမီးကင်ပြီး ရင်သားအောက် နံရိုးပေါ်တွင် ကပ်ပေးခြင်းဖြင့် သက်သာသွားသည်။ငွေကုန်ကြေးကျမရှိဘဲ လွယ်လွယ်ကူကူနှင့် ပျောက်ကင်းသွားသည်မှာ ခဲယဉ်းသော အရိုးအဆစ် ဖုရောင်သောဝေဒနာဖြစ်သည့်အတွက်ကွမ်းရွက် သည်ဆေးဖက်ဝင်အသုံးပြုနိုင်ကြောင်ရေးသား လိုက်ရပါသည်။
Source: https://myawady.net.mm/stories
Photo : Steemit

ဆေးဝါးအသုံးပြုတော့မယ်ဆိုရင် အညွှန်းအတိုင်းလိုက်နာမှ သောက်သုံးသူအတွက် အန္တရာယ်ကင်းစေပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတာကို မသက်သာနိုင်ပါဘူး။ ပဋိဇီဝဆေးဝါးတွေက ဗက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးဝါးကိုအသုံးပြုတာကြောင့် ဆေးယဉ်ပါးမှုဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ပြင် ဆေးဝါးရဲ့ဆိုးကျိုးဖြစ်တဲ့ ဝမ်းပျက်တာ၊ အဖုအပိမ့်ပေါက်တာနဲ့ မှိုဝင်ရောက်နိုင်တာလိုမျိုး ကျန်းမာရေးပြဿနာအသစ်တွေ ပေါ်လာနိုင်တယ်။ဆေးဝါးတွေမှာ ရက်လွန်သတ်မှတ်ထားတဲ့အကြောင်းရင်းရှိပါတယ်။ လူ ၁၀ ယောက်မှာ တစ်ယေ
ဆေးဝါးအသုံးပြုတော့မယ်ဆိုရင် အညွှန်းအတိုင်းလိုက်နာမှ သောက်သုံးသူအတွက် အန္တရာယ်ကင်းစေပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတာကို မသက်သာနိုင်ပါဘူး။ ပဋိဇီဝဆေးဝါးတွေက ဗက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးဝါးကိုအသုံးပြုတာကြောင့် ဆေးယဉ်ပါးမှုဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ပြင် ဆေးဝါးရဲ့ဆိုးကျိုးဖြစ်တဲ့ ဝမ်းပျက်တာ၊ အဖုအပိမ့်ပေါက်တာနဲ့ မှိုဝင်ရောက်နိုင်တာလိုမျိုး ကျန်းမာရေးပြဿနာအသစ်တွေ ပေါ်လာနိုင်တယ်။ဆေးဝါးတွေမှာ ရက်လွန်သတ်မှတ်ထားတဲ့အကြောင်းရင်းရှိပါတယ်။ လူ ၁၀ ယောက်မှာ တစ်ယောက်က ရက်လွန်တဲ့ဆေးဝါးတွေကို အသုံးပြုနေတာက ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ဆေးဝါးတွေကိုသိမ်းဆည်းတဲ့ရက်ကြာရှည်ရင် သူနဲ့ဓာတ်မတည့်တဲ့ တခြားဆေးဝါးတွေနဲ့မတော်တဆပေါင်းစပ်ပြီး သောက်မိတတ်ပါတယ်။ ဥပမာ-ပြီးခဲ့တဲ့သုံးနှစ်က ဒူးနာတာကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးကို အခုချိန်မှာ ဘယ်ဆရာဝန်မှမညွှန်ကြားဘဲ မိမိသဘောနဲ့မိမိဆက်လက်အသုံးပြုနေတဲ့အပြင် လက်ရှိမှာ ရောဂါတစ်ခုကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့သွေးကျဲဆေးကိုအသုံးပြုနေရင် ဆေးအာနိသင်ပြင်းထန်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ တခြားဆေးဝါးတွေဖြစ်တဲ့ နှလုံးရောဂါကြောင့် ရင်ဘတ်နာတာအတွက် အသုံးပြုတဲ့ဆေးဝါးတွေနဲ့ အင်ဆူလင်ဆေးဝါးတွေကလည်း သက်တမ်းကုန်သွားရင် ဆေးရဲ့အကျိုးအာနိသင်လျော့နည်းသွားတဲ့အပြင် အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ဆေးဗီရိုကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပြီး ရက်လွန်ဆေးဝါးတွေ ဒါမှမဟုတ် ပျက်စီးဆေးဝါးတွေ ဒါမှမဟုတ် အသုံးပြုဖို့မလိုတော့တဲ့ဆေးဝါးတွေကို လွှင့်ပစ်သင့်တယ်။ ဆေးဗီရိုကလည်း ရေနွေးငွေ့ ဒါမှမဟုတ် အပူချိန်များတဲ့နေရာမှာ မထားသင့်ပါဘူး။ ဆေးတွေကိုမှောင်ပြီးအေးတဲ့နေရာမှာသာ သိုလှောင်ထားသင့်ပါတယ်။
လိမ်းဆေးတွေကလည်း ဆေးဝါးဖြစ်တယ်လို့ သတ်မှတ်ထားသင့်ပါတယ်။ တချို့လူတွေက လိမ်းဆေးတွေကို ဆေးဝါးတွေလို့ မသတ်မှတ်ကြပါဘူး။ လိမ်းဆေးတွေအသုံးပြုမယ်ဆိုရင် ဆေးဝါးအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီဆေးဝါးတွေကို လိမ်းဆေးအဖြစ် အလွန်အကျွံအသုံးပြုတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတဲ့ဥပမာ ရှိနှင့်ပြီးဖြစ်ပါတယ်။
နှင်းခူရောဂါလိုမျိုး အရေပြားပြဿနာတွေအတွက် စတီးရွိုက်လိမ်းဆေးတွေကို အသုံးပြုပါများရင်၊ ပရိုဂျက်စတုန်းဆေးဝါးတွေကို ခရင်မ်အနေနဲ့ အသုံးပြုပါများရင် ဟော်မုန်းအဆင့်တွေမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် လိမ်းဆေးတွေကိုအသုံးပြုမယ်ဆိုရင် သူ့မှာပါဝင်တဲ့ပစ္စည်းတွေနဲ့တူညီတဲ့ တခြားဆေးဝါးတွေနဲ့ရောစပ်ပြီးအသုံးမပြုသင့်ပါဘူး။ ဆေးဝါးမသုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ ဆာလ်ဖာမတည့်သူတွေ ဆာလ်ဖာပါဝင်တဲ့လိမ်းဆေး၊ ပင်နယ်ဆီလင်မတည့်သူတွေ ပင်နယ်ဆီလင်ပါဝင်တဲ့ဆေး အသုံးမပြုသင့်ပါဘူး။
ဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ တချို့က ဒိုင်ကလိုဖန်နစ်နဲ့မတည့်ဘူး။ ကလေးငယ်က လည်ချောင်းနာလို့ ရေသောက်ရင်ဝေဒနာခံစားရလို့ ဆရာဝန်သွားပြရာကနေ ဆေးခန်းက ဗိုင်းရပ်စ်ပိုးဝင်တယ်သတ်မှတ်ပြီး အကိုက်အခဲပျောက်ဆေးပေးလိုက်တယ်။ ဆေးသောက်ပြီး ခြောက်ရက်အကြာမှာ တစ်ကိုယ်လုံးအဖုအပိမ့်တွေထွက်လာတာကြောင့် ဆေးခန်းပြရာမှာ ဓာတ်မတည့်ကြောင်း သိရပါတယ်။
သူ့မှာ ဓာတ်မတည့်ရောဂါ စတီဗင်ဂျွန်ဆင်ရောဂါစု ဖြစ်နေလို့ဒိုင်ကလိုဖန်နစ်ဆေးဝါးနဲ့ ဓာတ်မတည့်မှုဖြစ်တာတွေရှိပါတယ်။နှစ်စဉ်နှစ်တိုင်း လူ ၁၀၀ မှာ သုံးယောက်နှုန်းစတီဗင်ဂျွန်ဆင်ရောဂါစုဖြစ်ပွားလေ့ရှိပါတယ်။
တချို့ဆေးဝါးတွေ တစ်ခြမ်းခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီး အသုံးမပြုသင့်ပါဘူး။ ဆေးဝါးရဲ့အရွယ်ပမာဏကြီးလို့ မမျိုချနိုင်ရင် ဆေးဝါးတွေကိုခွဲခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီးအသုံးပြုတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုခွဲခြမ်းကြိတ်ပြီး အသုံးပြုတာက ဆေးဝါးစုပ်ယူရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးမှာ ထိရောက်တဲ့အကျိုးရရှိစေဖို့ အစာခြေစနစ်အတွင်း အချိန်ယူပြီးပျော်ဝင်အောင်ပြုလုပ်ထားတဲ့ခါးပတ်တောင့်လိုမျိုး ဆေးဝါးတွေနဲ့ခန္ဓာကိုယ်တွင်းကို တဖြည်းဖြည်းရောက်ရှိစေတဲ့စနစ်နဲ့ပြုလုပ်ထားတဲ့ ဆေးဝါးတွေက ဆေးတွေကိုကြိတ်လိုက်တာ၊ ခွဲခြမ်းလိုက်တာကြောင့် ဆေးဝါးရဲ့ပျော်ဝင်နိုင်စွမ်းနှေးကွေးမှု၊ အာနိသင်လျော့နည်းသွားမှုဖြစ်တတ်ပါတယ်။
မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့ဆေးဝါးဆိုတာ ဦးနှောက်နဲ့အာရုံကြောကိုထိခိုက်ထုံထိုင်းစေတာ ဒါမှမဟုတ် မူးယစ်စေတာ၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းနဲ့ ဘေးအန္တရာယ်ဖြစ်စေတဲ့ဆေးဝါးတွေကို ဆိုလိုပါတယ်။အဲဒီဆေးဝါးတွေက ဆက်လက်မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားတဲ့ဆေးဝါးကို ဆိုလိုပါတယ်။ ဘိန်းအနွယ်ဝင်ကိုဒင်း၊ ပက်သဒင်း၊မော်ဖင်း၊ ဟီးရိုးအင်း၊ မီသာဒုန်းဆေးဝါးတွေက ကင်ဆာရောဂါနောက်ဆုံးအဆင့်လူနာတွေအတွက် အသုံးပြုတဲ့ဆေးဝါးတွေဖြစ်ပါတယ်။ ကြီးကြပ်ကန့်သတ်ဆေးဝါးတွေထဲမှာ ထည့်သွင်းထားပါတယ်။ စစ်မြေပြင်မှာ မိုင်းထိမှန်တာ၊ လက်နက်ငယ်ထိမှန်တာတို့မှာလည်း အဲဒီဆေးဝါးတွေကို မနာကျင်စေလိုလို့ သုံးစွဲပေးကြပါတယ်။ ခွဲစိတ်ရာမှာ ခဏအတွင်းအိပ်မောကျစေလိုတဲ့အခါလည်း သုံးစွဲကြပါတယ်။ အဲဒီဆေးဝါးတွေကို လက်လွတ်စပယ်သုံးစွဲနေပြီဆိုရင် ဆေးစွဲနေပြီဖြစ်လို့ ဆေးဖြတ်စင်တာနဲ့ဆက်သွယ်ရပါတယ်။
ဆီးချိုရောဂါကုသဆေးအတွက် မက်ဖော်မင်ပေးတတ်ကြပါတယ်။
ဆေးတစ်မျိုးတည်းပေးတာက ဆေးယဉ်ပါးတာနဲ့ ဘေးထွက်ဆိုးကျိုးများတာကို တွေ့ရှိရပါတယ်။ မက်ဖော်မင်နဲ့ ဂလစ်တွဲပြီးပေးရင် ဆေးယဉ်ပါးမှုလျော့နည်းစေတဲ့အပြင် ဆေးတိုးမြှင့်စားသုံးဖို့မလိုတာ၊ ရလဒ်ကောင်းတာ၊ ဘေးထွက်ဆိုးကျိုးလျော့နည်းတာတွေတွေ့ရှိရတဲ့အတွက် ဆီးချိုလူနာတွေကို အနည်းဆုံး မက်ဖော်မင်နဲ့ တခြားဆီးချိုဆေးတစ်မျိုးမျိုးပေးတတ်ကြပါတယ်။
သွေးပေါင်ကျဆေးကိုလည်း တစ်မျိုးတည်းမပေးဘဲ ဆီးဆေးနဲ့တွဲပေးလိုက်တဲ့အခါဆေးယဉ်ပါးမှုနည်းပါးတာ၊သွေးတိုးကျစေမှုပိုကောင်းတာ၊ ဆေးတိုးမြှင့်သောက်ဖို့မလိုတာ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနည်းတာတွေတွေ့ရပြီး ရလဒ်ကောင်းလို့ ယခုအခါ တွဲစပ်ပေးပြီးကုသနေကြပါတယ်။
ပဋိဇီဝဆေးတချို့မှာလည်း နှစ်မျိုးတွဲပေးတာက အာနိသင်ပိုကောင်းကြောင်းတွေ့ရှိရလို့ အမောက်စီကလောက်၊ ဖလူကလောက်ဆလင် စသဖြင့် တွဲဖက်ဖော်စပ်ထားတဲ့အတွဲက ရလဒ်ကောင်းမွန်တာ၊ ဆေးယဉ်ပါးမှုနည်းတာ၊ဘေးထွက်ဆိုးကျိုးနည်းတာ၊ အကျိုးပိုရှိစေလို့တွဲဖက်ပြီးပေးလာကြသလိုတွဲဖက်ပြီးထုတ်လုပ်ဖြန့်ချိလာတာတွေ့ရှိရပါတယ်။ ။
Source: https://myawady.net.mm/stories
Photo: Kerala Kaumudi

လူတိုင်းသိပြီးဖြစ်သည့် ကန်စွန်းဥ၏ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဖော်ပြလိုပါသည်။ ကန် စွန်းကြီးပင်၏ အမြစ်ဥဖြစ်သည့် ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော အသီးအနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ မြေအောက်ဥဖြစ်သည့်ကန်စွန်းဥ (Ipomoea batatas) သည် ရောင်ရမ်းနေသောအမြစ် (Tuberous Root) ဖြစ်ပြီး ပင်စည်ကဲ့သို့ အဖုငယ်များ (Nodes)၊ အဆစ် များ (Internodes)နှင့် အဖူးအတက်များ ( Buds) မရှိပေ။ ကမ္ဘာတစ်ဝန်းစိုက်ပျိုးသော ချိုမြိန်သည့် ကစီဓာတ်ရှိသော အသီးအနှံဖြစ်ပြီး ကစီဓာတ်များစွာ ပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပ
လူတိုင်းသိပြီးဖြစ်သည့် ကန်စွန်းဥ၏ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဖော်ပြလိုပါသည်။ ကန် စွန်းကြီးပင်၏ အမြစ်ဥဖြစ်သည့် ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော အသီးအနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ မြေအောက်ဥဖြစ်သည့်ကန်စွန်းဥ (Ipomoea batatas) သည် ရောင်ရမ်းနေသောအမြစ် (Tuberous Root) ဖြစ်ပြီး ပင်စည်ကဲ့သို့ အဖုငယ်များ (Nodes)၊ အဆစ် များ (Internodes)နှင့် အဖူးအတက်များ ( Buds) မရှိပေ။ ကမ္ဘာတစ်ဝန်းစိုက်ပျိုးသော ချိုမြိန်သည့် ကစီဓာတ်ရှိသော အသီးအနှံဖြစ်ပြီး ကစီဓာတ်များစွာ ပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပိုင်းဒေသတို့၌ စိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်သည်။
ခရမ်းရောင်ကန်စွန်းဥ၏အာနိသင်များ
ခရမ်းရောင်ကန်စွန်းဥမှာ သဘာဝအရ အမြင်အာရုံ တွင် ဆွဲဆောင်မှုရှိပြီး အစားအသောက်နှင့် အဖျော် ယမကာလုပ်ငန်းတွင် ကျယ်ပြန့်စွာအသုံးပြုသည်။ ခရမ်းရောင်ကန်စွန်းဥကို အဖျော်ယမကာများ၊ မုန့် များ၊ နို့ထွက်ပစ္စည်းများနှင့် မုန့်ဖုတ်ပစ္စည်းများတွင် တွေ့ရများသည်။ ယင်း၏သဘာဝမူလနှင့် တက်ကြွ သောအရောင်ကြောင့် ကန်စွန်းဥအမှုန့်ကို အလှကုန် နှင့် တစ်ကိုယ်ရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်း များတွင် ပိုမိုအသုံးပြုကြသည်။ အသားအရေထိန်းသိမ်းမှုအမျိုးမျိုးနှင့် ဆံပင်ထိန်းသိမ်းမှုဖော်မြူလာများ တွင် တွေ့ရှိနိုင်ပြီး ဓာတုဆိုးဆေးများ၏သဘာဝ အတိုင်း အစားထိုးဆောင်ရွက်နိုင်သည်။ ဆေးဝါးနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများအနေဖြင့် ကန်စွန်းဥ အမှုန့်ကို ဆေးတောင့်များ၊ ဆေးပြားများနှင့် ကျန်းမာ ရေးဖြည့်စွက်စာများတွင် ထည့်သွင်းအသုံးပြုလေ့ရှိ သည်။ ခရမ်းရောင်ကန်စွန်းဥသည် အရောင်အစွမ်း ထက် Antioxidant များအဖြစ် လုပ်ဆောင်ပေးသော Anthocyanins ကြွယ်ဝသည်။ ဤဒြပ်ပေါင်းများသည် ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို ချေဖျက် ပေးနိုင်ပြီး Oxidative Stress နှင့် ရောင်ရမ်းမှုကို လျှော့ချပေးသည်။ ဤဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ လုပ်ဆောင်ချက်သည် ကျန်းမာရေးကို အထောက် အကူပြုသည်။ ခရမ်းရောင်ကန်စွန်းဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့်အတူ စွယ်စုံရသဘာဝဆေး အဖြစ် ထွက်ပေါ်လာပြီး သဘာဝပါဝင်ပစ္စည်းများကို နှစ်သက်သဘောကျသော စျေးကွက်လမ်းကြောင်းများနှင့်အတူ စက်မှုလုပ်ငန်းခွင် အမျိုးမျိုးတွင် ကျယ်ပြန့်စွာအသုံးချမှုများကြောင့် ကမ္ဘာ့ဈေးကွက် တွင် Key Player အဖြစ် နေရာယူထားကြောင်း မှတ်သားရသည်။
ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်သောကန်စွန်းဥ
ကန်စွန်းဥစားသုံးခြင်းဖြင့် ဦးနှောက်၏လုပ်ဆောင် မှုကို တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ မှတ်ဉာဏ် ကိုလည်း တိုးစေနိုင်သည်။ ကန်စွန်းဥက အာဟာရကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) လည်းကြွယ်ဝသည့် စားစရာတစ်မျိုးဖြစ်သဖြင့် အသက်အရွယ်ကြောင့်ဖြစ်သော မှတ်ဉာဏ်ယုတ် လျော့မှုကိုလည်း လျော့ပါးစေနိုင်သည်။ ဗီတာမင်-A ကြွယ်ဝသည့်ကန်စွန်းဥသည် ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်တတ်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ပြေလျော့စေသည်။
ကိုယ်ခံအားကောင်းစေသောကန်စွန်းဥ
ကန်စွန်းဥတွင် ဗီတာမင်- A ပါဝင်သောကြောင့် ကိုယ်ခံအားဆဲလ်များထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကူးစက်ရောဂါများ မဝင်ရောက်အောင် တားဆီးပေးနိုင်သည်။ ကန်စွန်းဥတွင် ကြွယ်ဝစွာပါဝင်သောအမျှင် ဓာတ်က အစာကိုကြေညက်စေကာ အဆိပ်အတောက် များကိုလည်း ပြေပျောက်စေသည်။
အမြင်အာရုံကောင်းမွန်စေနိုင်သောကန်စွန်းဥ
ကန်စွန်းဥက ကိုယ်ခံအားကောင်းစေရုံသာမက ဗီတာမင်-A ကြွယ်ဝသည့်အတွက် အမြင်အာရုံကိုပါ ကောင်းမွန်စေနိုင်သည်။ ဗီတာမင်-A ချို့တဲ့မှုကြောင့် ဖြစ်သည့် မျက်စိခြောက်ခြင်း၊ ညဘက်တွင် အမြင်အာရုံ ဝေဝါးခြင်း၊ အသက်အရွယ်ကြောင့်ဖြစ်သည့့် အမြင်အာရုံချို့ယွင်းမှုများနှင့် အမြင်အာရုံဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။
ကိုယ်အလေးချိန်ကျစေပြီး ရင်သားကင်ဆာကိုကာကွယ်နိုင်သောကန်စွန်းဥ
အာဟာရဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်များစွာပါဝင် သည့်ကန်စွန်းဥက အဆာခံစေနိုင်ပြီး အစာစားချင် စိတ်ကိုလျှော့ချပေးနိုင်သောကြောင့် ကိုယ်အလေး ချိန်လျှော့ချလိုသူများ စားသုံးပေးသင့်သည်။ ထို့ပြင် ကန်စွန်းဥစားခြင်းဖြင့် ရင်သားကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။
အစာအိမ်အနာကိုသက်သာစေနိုင်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါသည့်အမျှင်ဓာတ်က အစာခြေ စနစ်ကို ကောင်းမွန်စေနိုင်သကဲ့သို့ အူများ၏လှုပ်ရှားမှု ကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့ပြင် ဗီတာမင်-B အုပ်စု၊ ဗီတာမင်-C၊ ဘီတာကယ်ရိုတင်း (Beta-carotene)၊ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ်ပါဝင် မှုကြောင့် အစာအိမ်အနာများကို သိသာစွာသက်သာ စေနိုင်သည်။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်အတွင်း အက်စစ်ဖြစ်ပေါ်မှုနည်းစေသဖြင့် အစာအိမ်အနာဖြစ် နိုင်ခြေကို လျှော့ချပေးနိုင်သည်။
ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ခန္ဓာ ကိုယ်မှ ရေဓာတ်များမဆုံးရှုံးရအောင် ကာကွယ် ပေးနိုင်သည်။ ကိုယ်တွင်းရေဓာတ်ကိုထိန်းညှိပေးပြီးဆဲလ်များ ကောင်းမွန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးသည်။
သတိထားရမည့်ကန်စွန်းဥ
ကန်စွန်းဥသည် စိတ်ကြိုက်စားသုံး၍ရသောအစားအစာတစ်မျိုးဖြစ်သော်လည်း အလွန်အကျွံ မစားမိရန် လိုအပ်သည်။ အထူးသဖြင့် ပိုးသတ်ဆေး မပါဘဲ စိုက်ပျိုးထားသော ကန်စွန်းဥမျိုးကို ရွေးချယ် စားသုံးရန်လိုအပ်သည်။ လတ်ဆတ်သောကန်စွန်းဥ ၏အပေါ်ယံအခွံသည် ပြောင်တင်းနေပြီး အစိမ်း ရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပေ။ ကန်စွန်းဥကို အထူးတလည် ထုပ်ပိုးဖုံးအုပ်ထားစရာမလိုဘဲ အေးပြီးခြောက်သွေ့ သောနေရာ၌ ၁၀ ရက်ခန့်ကြာသည်အထိ ထားနိုင် သော်လည်း ကန်စွန်းဥကို ရေခဲသေတ္တာအတွင်း ထည့်ထားခြင်း၊ ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားခြင်းတို့ ပြုလုပ်ပါက အာနိသင်ပျက်ပြယ်တတ်သည်။
တခြားဘေးထွက်ဆိုးကျိုးများ
တခြားဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဗီတာမင်- A မြင့်မားသဖြင့် ဗီတာမင်-A ကို အများအပြား စားသုံးပါက ဗီတာမင်လွန်ကဲခြင်းဖြစ်လာနိုင်ပြီး ခေါင်းကိုက်ခြင်း၊ အရေပြားနီမြန်းယားယံခြင်းတို့ဖြစ်နိုင်ပြီး အချိန်အတော်ကြာ ဤအခြေအနေ၏ လက္ခဏာရပ်များဖြစ်သည့် မျက်ခုံးမွေးအပါအဝင် အမွေးအမှင်ကျွတ်ခြင်း၊ နှုတ်ခမ်းကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ကြမ်းတမ်းခြင်းတို့ ဖြစ်လာနိုင်သည်။ ဗီတာမင်-A များစွာ စွဲသောက်မည်ဆိုပါကလည်း အသည်းပျက်စီးလာနိုင်သည်။ အမျိုးသမီးများ တစ် ရက်လျှင် ဗီတာမင်-A ၇၀၀ မိုက်ခရိုဂရမ်နှင့် အမျိုး သားများ တစ်ရက်လျှင် ၉၀၀ မိုက်ခရိုဂရမ် သောက် သုံးပေးရန် အကြံပြုထားသည်။ ထိုပမာဏထက် ပိုပြီးသောက်သုံးမိပါက ဆရာဝန်နှင့်ပြသင့်သည်။ ထို့ပြင် ဆီးကျောက်တည်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ပြဿနာရှိသူများ ကန်စွန်းဥမစားမီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ကန်စွန်းဥကိုအများအပြားမစားဘဲ ဆင်ခြင်ပြီးစားသင့်သူများ
ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသည့် ကန်စွန်းဥကိုစားပါဟု တိုက်တွန်းနေသော်လည်း ကန် စွန်းဥမစားသင့်သူ အနည်းငယ်ရှိသည်။ သွေးတွင်း ကိုလက်စထရောများသူများမှလွဲ၍ တခြားသူများ မှာ အတိုင်းအတာပမာဏတစ်ခုအထိ စားသုံးနိုင်သည်။
ဆီးကျောက်တည်ရောဂါရှိသူများမစားသင့်သောကန်စွန်းဥ
ကန်စွန်းဥက အော်ဂဲနစ်အက်စစ် (Organic Acid) အမျိုးအစားဖြစ်သည့် Oxalate ဓာတ်မြင့်မားသော ကြောင့် ဆီးကျောက်တည်ရောဂါခံစားနေရသည့်အချိန်တွင် ကန်စွန်းဥကို များများစားမည်ဆိုပါက ပြဿနာဖြစ်လာနိုင်သည်။ Oxalate က ရှိနှင့်ပြီးသား ကျောက်များပေါ်တွင် နုန်းတင်လာပြီး ရောဂါလက္ခဏာ နှင့် နာကျင်မှုကိုတိုးလာစေနိုင်သည်။ ကန်စွန်းဥတွင် Oxalate ပါဝင်မှုမြင့်မားသည့်အတွက် ဆီးကျောက် တည်တတ်သူများ ရှောင်သင့်ပြီး ရံဖန်ရံခါမှသာ စားသုံးသင့်သည်။
အစာအိမ်မကောင်းသူများမစားသင့်သောကန်စွန်းဥ
ကန်စွန်းဥတွင် သကြားအယ်လ်ကိုဟောဟုခေါ် သည့် ကာဗိုဟိုက်ဒရိတ်အမျိုးအစားတစ်ခုဖြစ်သော မန်နီတော (Mannitol) ပါဝင်သည့်အတွက် ကာဗို ဟိုက်ဒရိတ်အမျိုးအစားကိုစားသုံးလျှင် အန္တရာယ်မရှိ သော်လည်း ပမာဏများစွာစားသုံးလျှင် အစာအိမ်မအီ မသာဖြစ်သူများအတွက် ပြဿနာဖြစ်လာနိုင်သည်။ အစာအိမ်မအီမသာဖြစ်သည့်အခါ ကန်စွန်းဥများစွာ စားခြင်းဖြင့် အစာအိမ်နာခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ဖြစ်လာနိုင်သောကြောင့် အစာ အိမ်မကောင်းသူများ ကန်စွန်းဥမစားသင့်ပေ။
ဆီးချိုရောဂါသည်များ မစားသင့်သောကန်စွန်းဥ
ကန်စွန်းဥတွင်ပါဝင်သည့် သကြားဓာတ်ညွှန်းကိန်း (Glycemic Index) ပမာဏသည် အာလူးနှင့်နှိုင်းယှဉ် ပါက ပိုနည်းသောကြောင့် ကျန်းမာရေးနှင့်ပိုပြီးညီညွတ်သည်။ ကန်စွန်းဥကိုစားသုံးခြင်းဖြင့် အင် ဆူလင်တုံ့ပြန်နိုင်မှုကောင်းမွန်အောင် အထောက် အကူပေးသည်။ ကန်စွန်းဥသည် အမျှင်ဓာတ်မြင့်မား ပြီး Glycemic Index (GI) (၄၄-၉၆) ကြားရှိသဖြင့် GI နည်းပါးသည့်ကန်စွန်းဥက ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်ဟုဆိုထားသော် လည်း သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်လာနိုင်သည့်အတွက် ဆီးချိုရောဂါသည်များ ကန်စွန်း ဥကို ပမာဏများစွာ မစားသုံးသင့်ပေ။
နှလုံးပြဿနာရှိသူများမစားသင့်သောကန်စွန်းဥ
ပိုတက်ဆီယမ်ကြွယ်ဝသည့် ကန်စွန်းဥက နှလုံး ပြဿနာဖြစ်နိုင်ခြေကို လျှော့ချပေးသော်လည်း ကန်စွန်းဥများစွာစားသုံးမည်ဆိုပါက ပိုတက်ဆီယမ် ပမာဏများပြီး ပိုတက်ဆီယမ်မြင့်မားလျှင်ဖြစ်တတ် သော Hyperkalemia ရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လာရခြင်း၏အကြောင်းရင်း တစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရသည်။
ဤကဲ့သို့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ဖြစ် သောကန်စွန်းဥကို စားသုံးပေးခြင်းဖြင့် ရရှိသောကျန်းမာရေး ကောင်းကျိုးများနှင့် အလွန်အကျွံမစားသင့်သောသူများလည်းသိရှိပြီး အစာလည်းဆေး၊ ဆေးလည်း အစာဆိုသည့်အတိုင်း ဈေးနှုန်းချိုသာကာ အလွယ်တကူဝယ်ယူရရှိနိုင်သည့်ကန်စွန်းဥကို ချင့်ချိန် စားသုံးပေးသင့်ကြောင်း၊ ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ ကြောင်းနှင့် စိုက်ပျိုးတောင်သူများအနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်နည်းပြီး အကျိုး အမြတ်များစွာရရှိသောကန်စွန်းဥကို နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရသော် ဤကဲ့သို့ အာဟာရ ပြည့်ဝသောကန်စွန်းဥကို ကိုယ်အလေးချိန်ကျလိုသူ များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများနှင့် အဆစ်ရောင်ရောဂါဖြစ်သူများကို စားသုံး ရန်ထောက်ခံပေးထားသည်။ အားလုံးအတွက် ကန် စွန်းဥက ဘေးကင်းသော်လည်း တချို့သောသူများ စားသုံးသည့်အခါ အနည်းငယ်ဂရုစိုက်ပေးရန်လို သည်။ အရောင်ရင့်သောကန်စွန်းဥများသည် ကျန်းမာ ရေးအတွက် ပိုမိုအစွမ်းထက်မြက်စေနိုင်သည်။ ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်း သို့မဟုတ် ချက်စားခြင်းက အာဟာရဓာတ်ပိုမိုရရှိကာ အထက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူး များ အပြည့်အဝ ရရှိစေမည်ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza or Bird Flu) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စောင့်ကြည့်နေသော ရောဂါများစွာထဲမှတစ်ခုဖြစ်ပြီး ဗိုင်းရပ်မျိုးကွဲအလိုက် လူသို့ကူးစက်နိုင်သော ပြည်သူ့ကျန်းမာရေးအန္တရာယ် (Pandemic Risk) ရှိသည့် (က)စာရင်းဝင်ရောဂါဖြစ်သည်။ ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည့် မွေးမြူရေးငှက်များနှင့် အရိုင်းငှက်မျိုးစိတ်များတွင် အဓိက ဖြစ်ပွားတတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အချို့သောဗိုင်းရပ်မျိုးကွဲများ ( ဥပမာ H5N1, H7N9) သည် လူသို့ကူးစက်နိုင်ကာ ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင
ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza or Bird Flu) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စောင့်ကြည့်နေသော ရောဂါများစွာထဲမှတစ်ခုဖြစ်ပြီး ဗိုင်းရပ်မျိုးကွဲအလိုက် လူသို့ကူးစက်နိုင်သော ပြည်သူ့ကျန်းမာရေးအန္တရာယ် (Pandemic Risk) ရှိသည့် (က)စာရင်းဝင်ရောဂါဖြစ်သည်။ ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည့် မွေးမြူရေးငှက်များနှင့် အရိုင်းငှက်မျိုးစိတ်များတွင် အဓိက ဖြစ်ပွားတတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အချို့သောဗိုင်းရပ်မျိုးကွဲများ ( ဥပမာ H5N1, H7N9) သည် လူသို့ကူးစက်နိုင်ကာ ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
ရေတွင်ကျက်စားလေ့ရှိသောငှက်ရိုင်းများ (Water Birds) နှင့် ကမ်းခြေနေ ငှက်ရိုင်းများ(ShoreBirds)တို့သည် ကြက်ငှက်တုပ်ကွေး (Avian Influenza) ရောဂါပိုးများအား သဘာဝအတိုင်းသယ်ဆောင်နိုင်သည့် လက်ခံကောင်များ (Natural Reservoirs) ဖြစ်သည်။ ထိုငှက်များသည် ရောဂါလက္ခဏာပြခြင်းမရှိဘဲ ဗိုင်းရပ်ပိုးများကိုသယ်ဆောင်နိုင်ပြီး ဆောင်းခိုငှက်များ (Migratory Birds) အဖြစ် နိုင်ငံအချင်းချင်း ရွှေ့ပြောင်းသွားလာမှုများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှုကိုဖြစ်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါ၏ အကျိုးသက်ရောက်မှုများ
စီးပွားရေးထိခိုက်မှု - ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေနိုင်သည့်အပြင် ရောဂါကူးစက်ခံရသော ကြက်ငှက်များကိုသတ်ပစ်ရသဖြင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။
ပြည်သူ့ကျန်းမာရေး - ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် လူသို့ကူးစက်နိုင်ပြီး အထူးသဖြင့် H5N1 နှင့် H7N9 ဗိုင်းရပ်များသည် အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။
ဂေဟစနစ်ထိခိုက်မှု - ငှက်ရိုင်းများတွင်ရောဂါပြန့်ပွားခြင်းသည် ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်သည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ပိုး၏ မျိုးရင်းနှင့်မျိုးစုကြက်ငှက်တုပ်ကွေးကိုဖြစ်စေသော ဗိုင်းရပ်များသည် Orthomyxoviridae မျိုးရင်းတွင်ပါဝင်ပြီး ဤမျိုးရင်းတွင် လူနှင့်အခြားနို့တိုက်သတ္တဝါများတွင်တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်များလည်းပါဝင်သည်။ Orthomyxoviridae မျိုးရင်းအတွင်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် Influenza virus A မျိုးစုတွင်ပါဝင်သည်။
ရောဂါဖြစ်စေနိုင်စွမ်းပြင်းထန်သောအမျိုးအစား (HPAI - Highly Pathogenic Avian Influenza)
HPAI ဗိုင်းရပ်များ အထူးသဖြင့် H5 နှင့် H7 အုပ်စုဝင်ဗိုင်းရပ်များသည် ငှက်များတွင် ပြင်းထန်သောရောဂါလက္ခဏာများနှင့် သေဆုံးနှုန်းမြင့်မားစေနိုင်သည်။
အားပျော့သောအမျိုးအစား (LPAI - Low Pathogenic Avian Influenza)
LPAI ဗိုင်းရပ်များသည် ကြက်များတွင် ရောဂါလက္ခဏာသိပ်မပြင်းထန်ဘဲ အသက်ရှူလမ်းကြောင်း၊ အစာခြေလမ်းကြောင်း သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ - ဥဥနှုန်းကျခြင်း) ကိုသာဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာမပြသောအမျိုးအစားအချို့အခြေအနေများတွင် ရောဂါလက္ခဏာလုံးဝမပြဘဲ ဓာတ်ခွဲစစ်ဆေးမှုများဖြင့်သာ ရောဂါကို ဖော်ထုတ်နိုင်သည်။
လူသို့ကူးစက်နိုင်မှုအခြေအနေများ (Zoonotic Potential)
အချို့သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ပြီး အသက်အန္တရာယ် ရှိသော ရောဂါများဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် H5N1 နှင့် H7N9 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် လူသို့ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေနိုင်ကာ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်။ ဗိုင်းရပ်များသည် ဗီဇပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လူအချင်းချင်းအလွယ်တကူကူးစက်နိုင်သော ပုံစံသစ်တစ်ခုဖြစ်ပေါ်လာပါက ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ပြန့်ပွားနိုင်ပေသည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ မျိုးဗီဇဖွဲ့စည်းပုံကြက်ငှက်တုပ်ကွေးဗိုင်းရပ်များတွင်အပိုင်းရှစ်ပိုင်းပါဝင်သော negative-sense single-stranded RNA ဗီဇပစ္စည်းပါရှိပြီး ထိုဖွဲ့စည်းပုံသည် ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲနိုင်စွမ်း (High Genetic Variability) ကို အထောက်အကူဖြစ်စေကာ မတူညီသော ဗိုင်းရပ်မျိုးကွဲများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့မတူညီသော ဗိုင်းရပ်များပူးတွဲကူးစက်ပါက ဗီဇအပိုင်းများ ပြန်လည်ပေါင်းစည်းကာ Reassortment ဗိုင်းရပ်အမျိုးအစားအသစ်များဖြစ်ပေါ်နိုင်ပြီး ကပ်ရောဂါအန္တရာယ်ရှိသည်။ Influenza A ဗိုင်းရပ်များကို ၎င်းတို့၏မျက်နှာပြင်ရှိ ဂလိုက်ကိုပရိုတင်းနှစ်မျိုးအပေါ်အခြေခံ၍ Hemagglutinin (H) နှင့် Neuraminidase (N)ဟူ၍ခွဲခြားထားသည်။ HPAI (Highly Pathogenic Avian Influenza) ၏ ထင်ရှား သောမျိုးကွဲများမှာ H5N1, H7N9 စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံ၏ကြက်မွေးမြူမှုအခြေအနေ မြန်မာနိုင်ငံ၏ ကြက်မွေးမြူခြင်းကဏ္ဍကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။ ကြက်ကိုမြန်မာနိုင်ငံအနှံ့အပြားမွေးမြူကြပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုများ၏ ၂၄ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ဒေသကြက်ကိုအများဆုံးမွေးမြူကြပြီး စုစုပေါင်းကောင်ရေ ၈၈ ဒသမ ၆ သန်း၏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ တစ်နိုင်တစ်ပိုင် လွှတ်ကျောင်းမွေးမြူရေးကိုကြည့်လျှင် အိမ်ထောင်စုအလိုက် မွေးမြူထားသော ပျမ်းမျှဒေသကြက်ကောင်ရေမှာ အိမ်ထောင်စုတစ်စုတွင် ၁၅-၂၀ ကောင်ခန့်ရှိသည်။ အသားစားကြက် ၂၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဥစားကြက် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဒေသဘဲ ၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဥစားဘဲ ၁ ဒသမ ၇၄ ရာခိုင်နှုန်း၊ ငုံး ၁ ဒသမ ၄၆ ရာခိုင်နှုန်းတို့ဖြစ်ပြီး အသားစားဘဲ၊ ကြက်ဆင်၊ ဘဲငန်းနှင့် မန်ဒါလီတို့ကို ၁ ရာခိုင်နှုန်းအောက်သာ မွေးမြူကြောင်းတွေ့ရှိရသည်။ (တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာ ၂၀၂၃ မှ)သဘာဝတောရိုင်းငှက်များအခြေအနေမြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောနှင့် အမျိုးသားဥယျာဉ် ၃၃ ခုရှိသည်။ ဧရိယာအားဖြင့် ၃၁၈၃ စတုရန်းကီလိုမီတာ(၈၂၄၅ စတုရန်းမိုင်)ရှိသည်။
ပျမ်းမျှ ၉၇ စတုရန်းကီလိုမီတာတွင် ၂၅၀ စတုရန်းမိုင် သဘာဝဘေးမဲ့တောတစ်တောရှိသည်။ မြန်မာနိုင်ငံအတွင်း၌တွေ့ရသောကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့် မှတ်တမ်းတင်ထားသောငှက်မျိုးမှာ ၁၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှရောက်လာတတ်သည့်ဧည့်သည်ငှက်မျိုးဖြစ်၍ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေသောငှက်များဖြစ်၏။
သို့သော်လည်း ထိုသို့အမြဲတမ်းနေသောငှက်များထဲတွင် နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုးများလည်းပါဝင်ပေသေးသည်။ မြန်မာနိုင်ငံ၏တည်နေရာသည် တိုတောင်းသည့်နွေရာသီအတွင်း အစာရေစာမရှားပါးလှသော်လည်း ဆောင်းရာသီအတွင်း အခြေအနေများလွန်ကဲပြင်းထန်လှသည့် အာရှတိုက်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏ တောင်ဘက်တွင်ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့်ဟင်းသီးဟင်းရွက် အစားအစာပေါများရာ မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုရန်ငှက်များအုပ်နှင့်ချီ၍ ရောက်လာတတ်သည်။ ထိုသို့လာရောက်ရာတွင် ဇူလိုင်လမှစတင်ကာ တဖြည်းဖြည်းရောက်လာတတ်ပြီးလျှင် စက်တင်ဘာလတွင်ကား အများဆုံးဖြစ်လေသည်။
ငှက်ရိုင်းများနှင့် ကြက်ငှက်တုပ်ကွေးရောဂါ၏ ဆက်နွှယ်မှုငှက်ရိုင်းများသည် ကြက်ငှက်တုပ်ကွေးရောဂါပြန့်ပွားမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်သောကြောင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန်အတွက် ငှက်ရိုင်းများကိုစောင့်ကြည့်လေ့လာခြင်းသည် လွန်စွာအရေးကြီးသည်။ ငှက်ရိုင်းများ အထူးသဖြင့် ရေနေငှက်များသည် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ သဘာဝအိမ်ရှင်များ ဖြစ်ပြီး ထိုငှက်ရိုင်းများသည် ဗိုင်းရပ်ကိုသယ်ဆောင်နိုင်ပြီး ရောဂါလက္ခဏာမပြဘဲနေနိုင်သည်။ ရေနေငှက်များ (ရေကြက်၊ စင်ရော်၊ ရေဘဲ၊ ဘဲငန်း) နှင့် ကမ်းခြေနေငှက်များ (ကြိုးကြာ၊ မြစ်တွေး၊ တင်ကျီး၊ ဗျိုင်း) တို့တွင် ပုံမှန်အားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါအပျော့စားဗိုင်းရပ်ပိုးများ ခိုအောင်းလျက်ရှိသည်။ ၎င်းတို့ကျက်စားရာဒေသတွင် မွေးမြူရေးဘဲများနှင့်ရောနှော၍ ဗိုင်းရပ်များမျိုးရိုးဗီဇပြောင်းလဲစေသည်။ ထိုမှတစ်ဆင့် ရောဂါပြင်းထန်သောကြက်ငှက်တုပ်ကွေးရောဂါအသွင်ပြောင်းလဲ၍ မွေးမြူရေးကြက်များအပြင် လူကိုပါကူးစက်၍သေဆုံးနိုင်သည်။
အချို့နိုင်ငံများတွင် ယခင်အခါက လုံးဝဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးသည့် ကြက်ငှက်တုပ်ကွေးရောဂါမှာ ယခုအခါတွင် ဆောင်းခိုငှက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားကြောင်းတွေ့ရှိရသည် (ဥပမာ - အိုက်စလန်၊ ဖင်လန်၊ နော်ဝေ၊ ကနေဒါ၏ အချို့ဒေသများ)။ ဆောင်းခိုငှက်များ မြန်မာနိုင်ငံသို့လာရောက်ရာတွင် မြန်မာနိုင်ငံရှိ အထင်ကရတည်ရှိသော အင်းအိုင်ကြီးများတွင် နေထိုင်ကျက်စားကြပြီး အချို့မှာ ခေတ္တ နားနေကြပြီးနောက်တောင်ဘက်နိုင်ငံများသို့ ဆက်လက်ပျံသန်းပြီး အချို့မှာ ဆောင်းရာသီကုန်ဆုံး သည်အထိ မြန်မာနိုင်ငံတွင်ပင်နေထိုင်ကြသည်။
ဆောင်းခိုငှက်များ ရာသီအလိုက်ရွှေ့ပြောင်းသွားလာသည့်အခါတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ကို တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်သွားနိုင်ခြင်းသည် ရောဂါပျံ့နှံ့မှုကိုအားပေးသည့် အဓိကအချက် တစ်ခုဖြစ်သည်။ သစ်တောဦးစီးဌာန၏စာရင်းများအရ ဆောင်းခိုငှက်များလာရောက်တတ်သော အင်းအိုင်၊ ဆည်မြောင်းနှင့် မြစ်များ၏စာရင်းအရ ၈၈ ခုရှိပြီး အထူးသဖြင့် ၎င်းတို့အနက် ၁၂ ခုမှာ ဆောင်းခိုငှက်များကြောင့် ပိုမိုထင်ရှားကြောင်းသိရှိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားရန်အန္တရာယ်ရှိသောဒေသများ
H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် ငှက်မျိုးစိတ် ၇၅ မျိုးကျော် (ငှက်မျိုးစဉ် ၁၀ ခုအတွင်း) တွင် တွေ့ရှိရသော်လည်း ရေတိမ်ဒေသ (သို့) ရေနေငှက်မျိုးစိတ်များတွင် အဓိကအဖြစ်များသည်။ H5N1ကူးစက်ခံရသော အရိုင်းငှက်များ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရေတိမ်ဒေသငှက်များဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်မားသည်။
ရေတိမ်ဒေသဆိုသည်မှာ ရေချိုနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အနည်းဆုံးကာလအတိုင်းအတာတစ်ခုအထိ ရေလွှမ်းမိုးနေသော မြေနေရာများကိုဆိုလိုသည်။ သို့သော် ရေတိမ်ဒေသများသည် မြေဆီလွှာအမျိုးအစား၊ ဆားငန်ဓာတ်၊ ရေလွှမ်းမှု အကြိမ်ရေနှင့် သစ်ပင်ပန်းမန်များအပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ သဘာဝရေတိမ်ဒေသများ ဆုံးရှုံးလာခြင်းနှင့်အတူ လူသားတို့ဖန်တီးထားသော ရေတိမ်ဒေသများ (ဥပမာ-ရေလှောင်ကန်၊ ဆားအိုင်များ၊ စပါးစိုက်ခင်းများ၊ မွေးမြူရေးကန်များ)သည်လည်း ငှက်များ၏ အဓိကနေထိုင်ရာနေရာများ ဖြစ်လာသည်။ သဘာဝရေတိမ်ဒေသများဆုံးရှုံးလာ ခြင်းနှင့် စပါးစိုက်ခင်းများပြောင်းလဲခြင်းတို့ကြောင့် ရေငှက်များသည် နေရာကျဉ်းကျဉ်းတွင် ပိုမိုစုဝေးလာရသည်။ ဤသို့သိပ်သည်းစွာစုဝေးမှုသည် H5N1 အပါအဝင် ဗိုင်းရပ်များကူးစက်မှုအန္တရာယ်ကိုမြင့်တက်စေသည်။ မွေးမြူရေးကြက်များ သိပ်သည်းစွာမွေးမြူထားသောဒေသများနှင့် အင်းအိုင်ချောင်းမြောင်းဒေသများ (ငှက်ရိုင်းနှင့် မွေးမြူရေးကြက်များ အလွယ်တကူရောယှက်နိုင်သည့်ဒေသများ)တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်များ အလွယ်တကူကူးစက်နိုင်သည်။
ကြက်ငှက်တုပ်ကွေးရောဂါပိုးသယ်ဆောင်နိုင်သောငှက်များရေဝမ်းဘဲ၊ တစီးမှုတ်၊ ဆက်ရက်၊ တင်ကျီး၊ အော်ရော၊ ငန်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ဘဲငန်း၊ ငှက်ကျား၊ ဘဲကျား၊ ဘဲတောင်ကျား၊ ခရုစုတ်၊ ဘဲရစ်၊ ရေကြက်ဒုံ၊ သင်္ဘောရေကြက်၊ စင်ရော်ခေါင်းမည်း၊ စွန်၊ လင်းတ၊ သိမ်းငှက်တို့ဖြစ်သည်။
ငှက်ရိုင်းများတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများ
• ရုတ်တရက်သေဆုံးခြင်း။
• ဝမ်းကျဲကျဲသွားခြင်း။
• နှာချေခြင်း။
• အကြောင်းတစ်စုံတစ်ရာမရှိဘဲပိန်ချုံးနေခြင်း။
• ကိုယ်ခန္ဓာအရေပြားအောက်တွင် သွေးယိုစီးမှုများဖြစ်ပေါ်ခြင်း။
• ပါးစပ်၊ နှာခေါင်း၊ နားရွက်နှင့် စအိုဝများမှအရည်များယိုစီးနေခြင်း။
• ဦးခေါင်းရောင်ရမ်းခြင်း။ (မျက်စိအပါအဝင်)
• အတောင်ပြန့်ကားနေခြင်း၊ သွေးယိုစီးခြင်း။
• အမူအကျင့်ပုံမှန်မဟုတ်ခြင်း။ (မတ်တတ် မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် မပျံသန်းနိုင်ခြင်း)
• ငှက်ရိုင်းများ အစုလိုက်အပြုံလိုက်နှင့်တစ်စုစီသေဆုံးခြင်း။
အထက်ဖော်ပြပါလက္ခဏာများကိုတွေ့ရှိရပါက သက်ဆိုင်ရာမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန်လိုအပ်သည်။
ငှက်ရိုင်းများမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ
• ငှက်ရိုင်းများကျက်စားသော ဒေသဝန်းကျင်တွင် မွေးမြူရေးဘဲနှင့်ကြက်များ မမွေးမြူစေခြင်း။
• ငှက်ရိုင်းများကျက်စားသောဒေသတွင်းရှိ ရေကန်များမှရေကို မွေးမြူရေးကြက်များ အား မတိုက်ကျွေးစေခြင်း။
• ငှက်ရိုင်းနှင့်မွေးမြူရေးကြက်များ ထိတွေ့မှု မရှိစေခြင်း။
• ကြက်မွေးမြူရေးခြံမှ ထွက်ရှိလာသော အညစ်အကြေးများကို ငှက်ရိုင်းများကျက်စားရာရေအိုင်များသို့ မစွန့်ပစ်ရခြင်း။
• ငှက်ရိုင်းများကို စိုက်ပျိုးရေးဒေသများ သို့မဝင်ရောက်စေခြင်း။
• ကြက်၊ ဘဲမွေးမြူရေးသမားများအနေနှင့် ကြက်ငှက်တုပ်ကွေးရောဂါကို ငှက်ရိုင်းများမှ မကူးစက်နိုင်စေရန် ကျန်းမာသန့်ရှင်းမှုနှင့် ဇီဝလုံခြုံရေးဆိုင်ရာအဆင့်အတန်းများကို ခြံများတွင် မြှင့်တင်ထားရှိရမည့်အပြင် ကြက်နှင့်ဘဲများ သယ်ဆောင်ရာတွင် ဘေးကင်းလုံခြုံမှုကိုဂရုပြုရမည်။
• ငှက်ရိုင်းများ ကျက်စားသောနေရာနှင့် နားနေသောနေရာများမှ ကြက်၊ ဘဲလွှတ်ကျောင်းခြင်းကိုရှောင်ကွင်းရမည်။
• လွှတ်ကျောင်းစနစ်ဖြင့်မွေးမြူထားသော ဒေသကြက်များကို ခြံလှောင်စနစ်ဖြင့်
မွေးမြူရန် လူထုပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း။
• ရောဂါစမ်းသပ်ရန်အတွက် သေနေသောငှက်ရိုင်းနှင့် နာနေသောငှက်ရိုင်းများကိုယူဆောင်၍ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ပေးပို့ခြင်း။
အချုပ်အားဖြင့်ဆိုသော် ကြက်ငှက်တုပ်ကွေးရောဂါသည် တိရစ္ဆာန်များအကြား ကူးစက်မှုမြင့်မားပြီး လူသားများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် သတိထားကာကွယ်ရန် အရေးကြီးသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ကြက်မွေးမြူရေးလုပ်ငန်းများနှင့် ဂေဟစနစ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငှက်ရိုင်းများ (Wild Birds) သည် ဤရောဂါပျံ့နှံ့မှုတွင် အဓိကသယ်ဆောင်သူများအဖြစ်ပါဝင်နေသည်။ ထို့ကြောင့် ငှက်ရိုင်းများ၏အခန်းကဏ္ဍကိုနားလည်ခြင်းသည် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် အရေးကြီးသည်။ H5N1၊ H7N9 အပါအဝင် အချို့သောကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် ငှက်ရိုင်းများ၏ သဘာဝကျက်စားရာဒေသမှတစ်ဆင့် မွေးမြူရေးကြက်များသို့ကူးစက် ပျံ့နှံ့ကာ လူသားများအတွက်ပါ ကြီးမားသောကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သည်။ ငှက်ရိုင်းများသည် ဂေဟစနစ်၏ အရေးပါသောအစိတ်အပိုင်းဖြစ်သော်လည်း ၎င်းတို့မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ထိရောက်စွာစီမံခန့်ခွဲရန်အရေးကြီးသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံအချို့တွင် အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဖြစ်ပွားမှုအသစ်များရှိခဲ့ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ သတင်းပို့ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်တွင် ကြက်ငှက်တုပ်ကွေး(HPAI) ရောဂါကူးစက်မှုများဖြစ်ပွားနေသဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် သတိထားကြိုတင်ကာကွယ်ရန်လိုအပ်သည်။
ဤဖြစ်စဉ်များသည် ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြုံတွေ့နေရဆဲဖြစ်သော ကြီးမားသည့် ခြိမ်းခြောက်မှုများကို ထင်ဟပ်ပြနေပြီး ပိုမိုထိရောက် သောကြိုတင်စောင့်ကြည့်ရေးစနစ်များနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ကာကွယ်မှုများချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းသတိပေးနေသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်ရေးအား အမျိုးသားအဆင့်ငှက်ရိုင်းဆိုင်ရာ စူးစမ်းလေ့လာရေး (Wild Bird Surveillance) အပါအဝင် မွေးမြူရေးခြံများတွင် ကာကွယ်ထိန်းချုပ်ခြင်း၊ ဇီဝလုံခြုံရေးစည်းမျဉ်းများအားချမှတ်ခြင်း၊ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအစီအမံများကိုမွမ်းမံခြင်း၊ ပြည်သူလူထုအား ကြက်ငှက်တုပ်ကွေးရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများဖြင့်ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများမှကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ၏ ခြိမ်းခြောက်မှုကို သိသာစွာလျှော့ချနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၏စီးပွားရေး၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ သတိပြုကာကွယ်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုပုံစံ စနစ်မကျခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေကြရကာ ဆန်းသစ်သော ဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီးသောရောဂါနှင့် တွေ့ကြုံနေကြရသည်။ ကျောက်ကပ်၏လုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှား၍ သွေးကိုသန့်စင်ပေးသည်။ အကယ်၍ ကျောက်ကပ်သည် ၎င်းအလုပ်လုပ်နိုင်သည်ထက်ပို၍ အလုပ်လုပ်ရသည့်အခါ ဖိအားများစွာဖြစ်လာပြီး ကျောက်ကပ်ပျက်စီးလာသည်။

ကျောက်ကပ်ပျက်စီးခြင်းဝေဒနာကို အမျိုးသား၊ အမျိုးသမီးအားလုံး ခံစားရနိုင်သည်။ ဆီးအခြေအနေပြောင်းလဲခြင်း၊ ခက်ခက်ခဲခဲဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခန္ဓာကိုယ်ဖောသွပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း၊ မူးနောက်၍ အာရုံမစူးစိုက်နိုင်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အရေပြားယားယံ၍ အနီစင်းကြောင်းများပေါ်ခြင်း၊အသက်ရှူရာတွင် အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှူမ၀ခြင်း၊ ခါးဘေးနာကျင်ခြင်းစသည်တို့သည် ကျောက်ကပ်ပျက်စီးသော လက္ခဏာများဖြစ်၍ မပေါ့ဆသင့်ပေ။
သို့ပါ၍ ကျောက်ကပ်ကျန်းမာရေးအတွက် မိမိတို့နေ့စဉ်ဘ၀တွင် ရှောင်ရန်၊ ဆောင်ရန် အစားအစာများကို အောက်ပါအတိုင်း ရေးသား အကြံပြုလိုက်ရပါသည်။
ကျောက်ကပ်ကို ကောင်းကျိုးမပြုသောအစားအစာများ
- နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည့်တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားသည့် နို့ထွက်ပစ္စည်းများကို လွန်ကဲစွာစားသောက်ပါက ကျောက်ကပ်ထဲ ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေသည်။
- ဆိုဒီယမ်(အငန်)ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်များကို မျှတအောင်ထိန်းပေးနိုင်သောကြောင့် ဆားက မရှိမဖြစ်ဆိုသော်လည်း အငန်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများသဖြင့် အရိုးသန်မာမှုကို လျော့နည်းစေသည့်အပြင် ကျောက်ကပ်တွင် ကျောက်တည်နိုင်ခြေ အလားအလာပိုများလာစေသည်။ ထို့ကြောင့် ဆားကို လျှော့နိုင်သမျှ လျှော့စားပါ။
- အသားစား မကြူးပါနှင့်။ အထူးသဖြင့် အမဲ၊ သိုး၊ ဆိတ်၊ ကြက်ဆင် စသည့် အနီရောင်အသားများ၊ ပင်လယ်ငါးနှင့် ပုစွန်တို့တွင်ပါရှိသော Phosphorus (ခေါ်) မီးစုန်းဓာတ်က ကျောက်ကပ်ကို လုံးဝကောင်းကျိုးမပြုနိုင်ပေ။
- အရက်အလွန်အကျွံမသောက်ပါနှင့်။ အရက်ထဲတွင်ပါသော အယ်လ်ကိုဟောက အသည်းရောဂါကြောင့် ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ပျက်စီးစေသည်။
- ရှားစောင်းလက်ပပ်ပင်၏ အနှစ်(ဂျယ်လီ)က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း ယင်းဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီထက် ပိုစားမိပါက ကျောက်ကပ်ပျက်စီးစေနိုင်သည်။
- ဟင်းနုနယ်ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။
- Oxalates ဓာတ်ကြွယ်၀သော ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်၍ သင့်တင့်ရုံသာစားပါ။
- ဥပမာ- အစားအစာများကို တာရှည်ခံအောင် ပြုပြင်ထားသော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စည်သွတ်ဘူးများ၊ ကြက်အူချောင်း၊၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့်စားခေါက်ဆွဲထုပ်၊ကြာဆံထုပ် စသည်တို့က အသည်းနှင့်ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ရံဖန်ရံခါမှသာ စားသုံးပါ။
- သဘာ၀သစ်သီးဖျော်ရည်မဟုတ်သော အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့တွင် တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားသဖြင့် အာဟာရမဖြစ်သည့်အပြင် ကျောက်ကပ်ကိုပါ ထိခိုက်နိုင်သည်။
-ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက်ဂက်စ်ထည့်ထားသည့် အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိသွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စသည့်ဆိုးကျိုးများဖြစ်စေနိုင်သည်။
- ကဖိန်းဓာတ်များသော ကော်ဖီနှင့်လက်ဖက်ရည်ကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးသောကြောင့် သွေးဖိအားများလာပြီး ကျောက်ကပ်ကို ဖိအားဖြစ်စေသည်။
ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစားအစာများ-
ကြက်ဥ၊ ဘဲဥအကာ(အဖြူရောင်အကာ)ထဲတွင်ပါရှိသော အမိုင်နိုအက်စစ်က ကျောက်ကပ်ကို ကျန်းမာစေသည်။
- ဂေါ်ဖီထုပ်ထဲတွင် ပိုတက်ဆီယမ်ပါ၀င်မှု လွန်စွာနည်းပါးသည့်အပြင် ယင်းထဲရှိ သဘာဝဗီတာမင်များနှင့် အမျှင်ဓာတ်များက ကျောက်ကပ်အတွက် အားဆေးဖြစ်သည်။
- လူတို့တွင် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးတိုးရောဂါဖြစ်စေပြီး ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေသည်။ ထို့ကြောင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀သည့် အစားအစာများဖြစ်ကြသော အခွံမာသီးအစေ့အဆန်များ၊ မြေထောက်ပဲနှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။
- အစိမ်းရောင်ငရုတ်ပွထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါ၀င်မှု နည်းပါးသည့်အပြင် ယင်းထဲရှိ သဘာ၀ဗီတာမင်နှင့် သတ္တုဓာတ်က ကျောက်ကပ်ကို သန့်စင်ပေးနိုင်သည့်အစွမ်းများရှိသည်။
- စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးသောကြောင့် ဆီးရွှင်စေကာ ကျောက်ကပ်ကျန်းမာစေသည့်အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေသည်။
- ဘယ်ရီသီးမျိုးနွယ်၀င်များဖြစ်ကြသော စတော်ဘယ်ရီနှင့် Cran-berry (ခေါ်) အချဉ်အရသာရှိသည့် ဘယ်ရီသီးအနီရောင်ထဲတွင် ပါရှိသော Hippuric အက်စစ်က ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်သည်။
- ကြိတ်မှန်ရွက်ပဉ္စငါးပါးကို ရေစင်စင်ဆေး၊ အခြောက်လှန်းပြီးသွပ်ပြားပေါ်တင်၍ ပြာချပါ။ ယင်းပြာကို သံဒယ်အိုးတွင်ထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးခြင်းဖြင့် ရလာသောဆေးကို ကြိတ်မှန်ရွက်ရုက္ခမူဆားဟု ခေါ်သည်။ ယင်းကို ထမင်းမစားမီ ဆီးကင်းခန့် နေ့စဉ် အချိန်မှန်မှန်စားပါ။
- မည်သည့်ငှက်ပျောပင်၏ အူတိုင်ကိုမဆို ကျောက်ဖရုံသီးဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ် ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
- ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိအဆီက ကျောက်ကပ်၏စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ပေးနိုင်၍ ဆီးကျောက်တည်ခြင်းကို မဖြစ်စေတော့ပေ။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ထိထိရောက်ရောက်တားဆီး ကာကွယ်ပေးနိုင်သည်။
- နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီးနှင့် တွဲဖက်စားပေးပါက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးကာ ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည်။ ထို့ပြင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သောကြောင့် ကျောက်ကပ်ကို သန့်စင်စေသည်။
- အာလူးထဲတွင် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာပါရှိနေပြီး ထိုဓာတ်က ကျောက်ကပ်နှင့်တစ်သျှူးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။
- ကြံရည်က ကျောက်ကပ်ကိုအားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။
- ခရမ်းချဉ်သီးကို အစေ့ဖယ်စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်သည်။
- မြင်းခွာရွက်ကို နေ့စဉ်မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နှင့်ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးကို ကြိုတင်ကာကွယ်ရာရောက်သည်။
ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သော သဘာ၀ဖျော်ရည်များ- Beet Root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံးကလည်း ကျောက်ကပ်အတွက် ဆေးတစ်ပါးဖြစ်သည်။ Beet Root ထဲရှိ Betaine ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကျောက်ကပ်အတွင်း ကယ်လ်စီယမ်၊ Phosphorus ဖြစ်တည်ခြင်းကို ရှင်းထုတ်ပေးကာ ကျောက်ကပ်ကင်ဆာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်သည်။ ယင်းအတွက် Beet Root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်သည်။ Beet Root ကို မြန်မာနိုင်ငံ၏ အေးမြစိုစွတ်သော တောင်ပေါ်ဒေသ ရှမ်းပြည်နယ်၌ တွေ့ရတတ်သည်။ သွေးနီရောင် သို့မဟုတ် ခရမ်းနီရောင်ဖြစ်ပြီး ဓားဖြင့်လှီးလိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။ ပုံစံမှာ ကြက်သွန်နီကဲ့သို့ လုံးဝိုင်း၍ အပေါ်ယံအခွံအထပ်ထပ်ဖြစ်နေကာ လက်သီးဆုပ်ခန့်အရွယ်အစားဖြစ်သည်။ ဥ၏ထိပ်ပိုင်းတွင် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းညိုရောင်သန်းနေသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိကြသည်။
- သံပရိုသီးက ကျောက်ကပ်ထဲရှိ ကျောက်များကို ကြေပျက်စေသည်။ သံလွင်ဆီက ကျောက်ကပ်ထဲရှိ ကျောက်များ၏အရွယ်အစားကို သေးငယ်သွားစေနိုင်သည်။ ပန်းသီးရှလကာရည်(ခေါ်) Apple Cider Vinegar (ACV)က ဆီးကျောက်တည်ခြင်းဝေဒနာကို ကောင်းကျိုးပြုသည်။ သံပရိုသီးအရည် ၁ အောင်စ၊ ရေသန့် ၁၂ အောင်စ၊ ACV လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောစပ်၍ ရလာသောဖျော်ရည်ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်သည်။
ဟင်းသီးဟင်းရွက်တစ်မျိုးစီတွင်သဘာဝမှပေးစွမ်းထားသော ကျန်းမာရေးအတွက် အာနိသင်တစ်မျိုးစီပါရှိနေသည်။ တရုတ်နံနံ၊ ဂေါ်ဖီ၊ သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကိုက်လန် စသည်တို့က ကျောက်ကပ်အတွက် အထူးဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။ ထို့ကြောင့် ယင်းဟင်းသီးဟင်းရွက်အားလုံးကိုဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ တစ်ပြိုင်တည်းကြိတ်ခြေကာ ဖျော်ရည်အဖြစ် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဆီး(အရည်)အဖြစ်စွန့်ထုတ်ပေးကာ ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်သည်။
အချုပ်ဆိုရသော် အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုသော်လည်း တန်ဆေး၊ လွန်ဘေးဖြစ်တတ်၍ မည်သည့်အစားအစာကိုမဆို သင့်တင့်မျှတစွာစားသုံးကြစေလိုကြောင်းနှင့် ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

နွေရာသီက အရင်နှစ်တွေထက် တစ်နှစ်ထက်တစ်နှစ် ပိုပြီးအပူရှိန်ပြင်းလာပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းလွန်းတာကြောင့် ကျန်းမာရေးပြဿနာတွေလည်း အများကြီးဖြစ်ပေါ်နိုင်ပါတယ်။
အခုလိုရာသီမှာ အပူရှိန်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို သိရှိဖို့လိုပါ တယ်။

ပတ်ဝန်းကျင်အပူချိန်ကို (Environ-mental Temperature) လို့မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့အပူချိန်ကို (T.core- Body care temperature)လို့ မှတ်ယူပါ တယ်။ အဆိုပါ T.core ကို ၃၇ ဒီဂရီစင်တီ ဂရိတ်မှာငြိမ်နေအောင် ထိန်းသိမ်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင်အပူရှိန်တက်လာလေ T.core ကို ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ် အောင် ခန္ဓာကိုယ်က ကြိုးစားရလေဖြစ်ပါတယ်။ အဲဒီတာဝန်ကို ဦးနှောက်ထဲက ဟိုက်ပိုသဲလမတ် (Hypothalamus) အစိတ်အပိုင်းတစ်ခုက လုပ်ဆောင်ပေးပါ တယ်။ ခန္ဓာကိုယ်အပူချိန် ၃၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော်လာတာနဲ့ ခန္ဓာ ကိုယ်က ချွေးထွက်လာပါတယ်။ အဲဒီအခါ အပူတွေထွက်အောင် လုပ်ပေးပြီး T.core ကို ထိန်းထားနိုင်ရပါတယ်။ အဲဒီလိုမလုပ် ပေးနိုင်ရင် T.core အလွန်အကျွံတက်လာ ပြီး ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း (Enzymes) စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူကြောင့်လေဖြတ် ခြင်း (Heat stroke) လို့ခေါ်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကို အပူကြောင့်မိတ်ပေါက်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့်ဖျားခြင်းနဲ့ အပူကြောင့်လေဖြတ်ခြင်းဆိုပြီး လေးမျိုး ခွဲခြားနိုင်ပါတယ်။
အပူကြောင့် မိတ်ပေါက်ခြင်းက ချွေးထွက်တဲ့ဂလင်းတွေပိတ်ကုန်ပြီး အဖုအပိမ့်တွေက အင်ပျဉ်ထွက်သလိုထွက်လာတတ်တာမျိုးဖြစ်ပါတယ်။
အပူကြောင့် ကြွက်တတ်ခြင်းက ပူအိုက်တဲ့ရာသီဥတုမှာကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ ကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ရေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကိုပိုဖြည့်မိတဲ့အခါ၊ ချွေးထွက်များတဲ့အခါ၊ ဓာတ်ဆားရည်မသောက်ဘဲ ရေပဲသောက်နေမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေမှာ T.core က မတက်သေးဘဲ ပုံမှန်ထိန်းသိမ်းထားပါ သေးတယ်။
အပူကြောင့်ဖျားခြင်း ဆိုတာကတော့ T.core က ၃၇ ဒီဂရီစင်တီဂရိတ်ထက်ကျော်လာပြီး ကြွက်သားတွေနာကျင် ကိုက်ခဲတာ၊ နုံးခွေနေတာ၊ ခြေလက်မသယ်ချင်ဖြစ်တာ၊ မူးဝေတာနဲ့ သတိလစ်တာတွေတွဲဖြစ်လာတာမျိုးကို ခေါ်ပါ တယ်။ အဲဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ အပူကြောင့် လေဖြတ်ခြင်းဖြစ်ဖို့ အခွင့်အလမ်းအရမ်းများနေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် ကုသဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူရှိန်ကို မြန်မြန်ချပေးရပါမယ်။ လေအေးပေးစက်တပ်ဆင် ထားတဲ့အခန်းထဲမှာနေဖို့ လိုအပ်ပါတယ်။ ရေဖတ်ရွှဲနစ်နေအောင်တိုက်တာ၊ ပန်ကာ ဖွင့်ထားတာ စတဲ့နည်းလမ်းတွေနဲ့ အပူကျ အောင် လုပ်ပေးသင့်ပါတယ်။
ကိုယ်အပူချိန်ကြီးစေတဲ့ တခြားအကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ-ငှက်ဖျား၊ တိုက်ဖွိုက်၊ သိုင်းရွိုက် ရောဂါတွေနဲ့ သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။ ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည် တိုက်ပေးရပါမယ်။ အနည်းဆုံး ဓာတ်ဆားရည် ၅ လီတာ ဝင်အောင်တိုက်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးရပါမယ်။ သိပ်လိုအပ်ရင် အကြောထဲကနေ Drip သွင်း ပေးရတာမျိုးတွေ ရှိတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အမြန်ဆက်သွယ်ပြီး ဆောင်ရွက်မှသာ အသက်အန္တရာယ်ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ T.core က ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်သွားပြီဆိုရင်တော့ အသက်ဆုံးရှုံးဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့တဲ့ အပူလျှပ်ခြင်းလို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေအပြင် ကယောင်ကတမ်းပြောခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ ကိုမာလို့ခေါ်တဲ့ အခြေအနေနဲ့ နေထိုင်သွားရတတ်ပါတယ်။
အပူလျှပ်ခြင်း ဖြစ်နိုင်ခြေများသူတွေကတော့ အသက်အရွယ်ကြီးသူတွေ၊ ဆီးချို ဝေဒနာရှင်တွေ၊ အရက်သေစာသောက် သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးသောက်နေရသူတွေ၊ ဆီးဆေးသောက်နေ ရသူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အဝတ် အစားထူထူဝတ်ပြီး အားကစားလေ့ကျင့် ခန်းလုပ်မိသူတွေ၊ အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့ အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။
ကုသမှုအပိုင်းအနေနဲ့ အတွင်းလူနာအဖြစ် အရေးပေါ်ကြပ်မတ် ကုသခန်းမှာ စနစ်တကျကုသမှုခံယူဖို့ လိုအပ်ပါတယ်။
T.core ၄၁ ဒီဂရီစင်တီဂရိတ်ထက် ကျော် နေတာတောင်မှ အချိန်မီကုသမှုခံယူနိုင်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက အချိန်မီဆေးရုံရောက်ရှိဖို့ ဖြစ်ပါတယ်။
အပူချိန်အပြင် ကာကွယ်မှုအပိုင်းကတော့ အပူကြောင့်ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ အခြေခံအနေ နဲ့ အလွယ်တကူနားလည်လွယ်ခြင်းလို့ခေါ်တဲ့ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းရမယ်ဆိုတာမျိုး၊ ပွပွချောင်ချောင် အဝတ်အထည်တွေ ဝတ်ဆင်တာမျိုး၊ အရိပ်ထဲနေရမယ် ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပေးရမယ် ဆိုတာမျိုး၊ မိတ်ဖုထွက်လာရင် အေးနေ အောင်ထားရမယ်ဆိုတာမျိုး၊ ပျစ်ချွဲစေး ကပ်နေတဲ့ခရင်မ်တွေ မလိမ်းရတာမျိုး စတဲ့နားလည်လွယ်ခြင်းမျိုးတွေ သိရှိဖို့လိုပါတယ်။
အရေးကြီးဆုံးက အချိန်မီကုသစီမံ ခြင်း(Timely Managements) လို့ခေါ်တဲ့အချိန်မီကုထုံးရနိုင်ဖို့အတွက် နီးစပ်ရာကျွမ်းကျင်သူ မိသားစုဆရာဝန်နဲ့ လိုအပ်သလို ဆောင်ရွက်ခြင်းနည်းနဲ့ အပူကြောင့် လေဖြတ်ခြင်း ဖြစ်မှုနှုန်း၊ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့်လျှော့ချပေးနိုင်ဖို့ လိုအပ်ပါ တယ်။
အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေလွှာပေါ် တိုက်ရိုက်မကျရောက်အောင် တားဆီးပေးတယ်။ အိုဇုန်းလွှာပြီးရင် နီယိုစပီးယားဆိုပြီး ရှိပါတယ်။ လူသားတို့ သက်မဲ့ရုပ်ကြွင်းလောင်စာများ ဖြစ်တဲ့ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းရာကနေ လူသားတို့စီမံ ထားတဲ့လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ရင်ကျပ်ရှူဆေး၊ လက်သည်းဖျက်ဆေးစတာတွေက လေထုထဲပါဝင်မှုများပြီး အိုဇုန်းလွှာပေါက်ပြဲစေပါတယ်။ လူတို့ပြုလုပ်စီမံတဲ့ Chlorofluorocarbon (CFC) နဲ့ တောမီးလောင်ခြင်း၊ မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောများမှ သဘာဝ ရုပ်ကြွင်းလောင်စာတွေကနေ CFC ထွက်ရှိ မှုများလာတာနဲ့အမျှ အိုဇုန်းလွှာပါးပြီး ပေါက်ခြင်း ဖြစ်လာပါတယ်။ အိုဇုန်းလွှာ ပေါက်သွားတာကြောင့် ခရမ်းလွန်ရောင်ခြည်က မွန်းလွဲ (၁-၃) နာရီမှာ အမြင့်ဆုံး ဖြစ်ပေါ်နေတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က လူသားတို့အပေါ် ကျရောက်ရင် အင်ပျဉ်ထခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ အရေပြား ညိုမည်းစွဲထင်ခြင်း၊ အရေပြားအနာ၊ အရေပြားကင်ဆာ၊ သက်ကြီးပိုင်းမျက်စိ တိမ်စွဲခြင်း ဖြစ်စေနိုင်ပါတယ်။
နေရောင်ထဲ မဖြစ်မနေထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ မျက်မှန်တပ် ဆင်သင့်ပါတယ်။ နေရောင်ကာခရင်မ် လိမ်းသင့်ပါတယ်။ သနပ်ခါးလိမ်းသင့်ပါတယ်။ အသက်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများအနေနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ အိမ်ထဲ ဒါမှမဟုတ် အမိုးအကာအောက်၊ သစ်ပင်အောက်၊ အဲကွန်းသုံးအခန်းတွေမှာ အေး အေးလူလူနေသင့်ပါတယ်။ နေ့စဉ် ရေနွေး ကြမ်း ဒါမှမဟုတ် ရေသန့် (၂-၃) လီတာ သောက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
Photo Crd: City Rewards

ဆောင်းရာသီက တခြားရာသီဥတုထက် အအေးပိုလို့ ကလေးငယ်တွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ အာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးသင့်ပါတယ်။ ဆောင်းရာသီမှာဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားရောဂါပိုး ကူးစက်မှုလည်း ခံရနိုင်တာကြောင့် ကလေးငယ်တွေ ခုခံအားကောင်းဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပြည့်ဝအောင် စားသုံးမယ်ဆိုရင် ခုခံအားကောင်းမွန်ပြီး ရောဂါပိုးမွှားတွေမဝင်ရောက် နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့သစ်သီးတွေကို သကြားမထည့်ဘဲ ဖျော်ရည်ပြုလုပ်ပြီး ကလေးငယ်တွေကို တိုက်သင့် တယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး
ဆောင်းရာသီက တခြားရာသီဥတုထက် အအေးပိုလို့ ကလေးငယ်တွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ အာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးသင့်ပါတယ်။ ဆောင်းရာသီမှာဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားရောဂါပိုး ကူးစက်မှုလည်း ခံရနိုင်တာကြောင့် ကလေးငယ်တွေ ခုခံအားကောင်းဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပြည့်ဝအောင် စားသုံးမယ်ဆိုရင် ခုခံအားကောင်းမွန်ပြီး ရောဂါပိုးမွှားတွေမဝင်ရောက် နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့သစ်သီးတွေကို သကြားမထည့်ဘဲ ဖျော်ရည်ပြုလုပ်ပြီး ကလေးငယ်တွေကို တိုက်သင့် တယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး ဒါမှမဟုတ် နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ တိုက်ကျွေးသင့်ပါတယ်။
ဆောင်းရာသီမှာ ကလေးငယ်တွေကို ရေနွေးနွေးနဲ့ ရေချိုးပေးသင့်တယ်။ ရေနွေးနွေးနဲ့ရေချိုးပေးတာကြောင့် ကလေးငယ်ကိုနွေးထွေးစေပါတယ်။ ညအိပ်ရာမဝင်မီ ကလေးငယ်ကိုရေနွေးနွေးနဲ့ရေချိုးပေးတာကြောင့် အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ ရေချိုးပေးတဲ့အခါ ငါးမိနစ်ထက်ပိုပြီး မကြာသင့်ပါဘူး။ ကလေးငယ်တွေ အပေါ့၊ အလေးသွားပြီး သန့်စင်ပေးတဲ့အခါမှာလည်း ရေနွေးနွေးကိုသာ အသုံးပြုသင့်ပါတယ်။
ကလေးငယ်တွေကို နွေးနွေးထွေးထွေးဝတ်ဆင် ပေးသင့်ပါတယ်။ ကလေးငယ်တွေ ရာသီဥတုအေးတဲ့ ဒဏ်ကိုခံနိုင်ရည်ရှိအောင်၊ နွေးနွေး ထွေးထွေးဖြစ်အောင် ဝတ်ဆင်ပေးသင့်ပါတယ်။ ကလေးရဲ့အဝတ်အစားတွေ အောက်မှာ ကိုယ့်လက်ထည့်ကြည့်လို့ ပူနေမယ်ဆိုရင် ဝတ်ထားတာများနေပြီဖြစ်လို့ အဝတ်တစ်ထပ်လျှော့ပြီး ဝတ်ပေးနိုင်ပါတယ်။
အစိုဓာတ်ထိန်းပေးသင့်ပါတယ်။ အရေပြားအတွက် အရေးကြီးတာက အစိုဓာတ်ပါပဲ။ အသားအရေ နူးညံ့စိုပြည်ဖို့၊ ချောမွေ့ဖို့၊ ပျော့ပျောင်းဖို့ဆိုရင် အစိုဓာတ်ရရှိဖို့က အရေးကြီးပါတယ်။ ဆောင်းရာသီမှာ ရာသီဥတုအေးတာနဲ့ လေအေးတွေကြောင့် လူကြီးတွေတောင် အသားအရေတင်းပြီး ခြောက်သွေ့နေတတ်ပါတယ်။ ကလေးတွေရဲ့ နုနယ်တဲ့အသားအရေ ဆိုရင် ပိုပြီးဂရုစိုက်သင့်ပါတယ်။ ကလေးရဲ့အသား အရေမှာ အစိုဓာတ်ရရှိဖို့ဆိုရင် ရေဓာတ် ၈၀ ရာခိုင် နှုန်းပါဝင်တဲ့ Lotion လိမ်းပေးသင့်ပါတယ်။
ဦးခေါင်းနဲ့ခြေလက်တွေကို နွေးထွေးအောင်ထားသင့်ပါတယ်။ အဝတ်တွေအထပ်ထပ်ဝတ်ပေးရုံနဲ့မလုံလောက်သေးပါဘူး။ ကလေးရဲ့လက်ဖျား၊ ခြေဖျားတွေ နွေးနေစေဖို့အတွက် လက်အိတ်၊ ခြေအိတ်တွေဝတ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့ပြင် နားရွက်ဖုံးအောင် ခေါင်းစွပ်တို့၊ ဦးထုပ်တို့ ဆောင်းပေးဖို့လိုအပ်ပါတယ်။ ဦးခေါင်းနဲ့ခြေလက်တွေနွေးနေမယ်ဆိုရင် အအေးဒဏ်ကို ပိုပြီးကြာရှည်ခံနိုင်ပါတယ်။
အခန်းအပူချိန်ကို စစ်ဆေးသင့်ပါတယ်။ ကလေးငယ်အိပ်စက်တဲ့၊ ဆော့ကစားတဲ့အခန်းရဲ့ အပူချိန်ကို သတိပြုမိဖို့ လိုအပ်ပါတယ်။ ပြင်ပက ရာသီဥတုအရမ်းအေးနေရင် ပြင်ပလေတွေမဝင်ရောက်နိုင်အောင်ပြတင်းပေါက်တွေနဲ့ အခန်းတံခါးကို ပိတ်ထားပေးသင့်တယ်။ အခန်းတံခါးပိတ်ထားပေမယ့် အခန်းတွင်းမှာ ပိတ်လှောင်နေတာမျိုးလည်း မဖြစ်ရပါဘူး။ အခန်းတွင်းမှာ လေဝင်လေထွက်ကောင်းကောင်းနဲ့ ကလေး သက်သောင့်သက်သာ ဖြစ်အောင် လေနွေးစက်သုံးပေးနိုင်ပါတယ်။
ကလေးငယ်အိပ်တဲ့အခန်းထဲမှာ ရေနွေးငွေ့စက်ဖွင့်ထားသင့်ပါတယ်။ ဒါမှ အရေပြားကအစိုဓာတ်ကို စုပ်ယူနိုင်မှာဖြစ်ပြီး အသားအရေခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နှင်းခူလိုလက္ခဏာမျိုး သတိပြုသင့်ပါတယ်။
ကလေးရဲ့အရေပြားမှာ နှင်းခူလိုလက္ခဏာပြလာပြီဆိုရင် အစိုဓာတ်ထိန်းခရင်မ် တစ်နေ့နှစ်ကြိမ်လိမ်းပေး ဖို့ လိုအပ်နေပါပြီ။ ထပ်ပြီးပိုမဆိုးလာဖို့၊ ဆက်မဖြစ် အောင်ကာကွယ်နိုင်ဖို့နဲ့ ကလေးသက်သောင့်သက်သာ ဖြစ်စေဖို့ အရေပြားကိုအစိုဓာတ်ထိန်းပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ညင်သာစွာနှိပ်နယ်ပေးသင့်ပါတယ်။ ကလေးငယ်ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် နေ့စဉ်ညင်ညင်သာသာ နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ နှိပ်နယ်ပေးတာကြောင့် ကလေးငယ်ရဲ့ ခန္ဓာကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု ကောင်းစေပြီး ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နှိပ်နယ်တဲ့အခါ အဆီတစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ ဆောင်းရာသီမှာ ကလေးငယ်ကို နှိပ်နယ်ပေးတာကြောင့် ခန္ဓာကိုယ်ကိုနွေးထွေးစေပြီး ရာသီဥတုဒဏ်ခံနိုင်ရည် ရှိစေပါတယ်။
ကိုယ့်ကလေးရဲ့ အရေပြားက ခြောက်သွေ့နေပြီး အထိခိုက်မခံရင်၊ နီရဲနေရင်၊ ယားယံနေရင် ဟိုက် ဒရိုကော်တီစုန်းပါတဲ့ ခရင်မ်ကို အရေပြားပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ ကလေးရဲ့အရေပြားနီရဲတာ၊ ယားယံတာတွေ နှစ်ရက်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ရေဓာတ်ပြည့်ဝအောင် ထားသင့်ပါတယ်။ ဆောင်းရာသီကအေးတာကြောင့် ကလေးတွေ ရေသိပ်မသောက်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ မိခင်တွေက သတိထားပြီး ကလေးငယ်တွေကို ရေသောက်ဖြစ် အောင် ဂရုစိုက်ပြီးတိုက်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှုကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေကိုမချီခင် လက်အရင်ဆေးသင့်ပါတယ်။ လက်မှာ မမြင်နိုင်တဲ့ဗက်တီးရီးယားများစွာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ကိုချီတာမျိုး မလုပ်မီ အရင်ဆုံး လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောသင့်ပါတယ်။ ဒီလို လုပ်ခြင်းက ကလေးငယ်ကို ဗက်တီးရီးယားတွေ ကြောင့် ဖျားနာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမကြာခဏလျှော်ပေးသင့်ပါတယ်။ အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို ညစ်ပေနေမှ လျှော်တာ၊ လဲတာမျိုးမလုပ်သင့်ပါဘူး။ဖြစ်နိုင်ရင် နှစ်ရက်တစ်ကြိမ်၊ အနည်းဆုံးသုံးရက်တစ်ကြိမ်လောက် လျှော်ဖွပ်ပေးသင့်ပါတယ်။ လျှော် ပြီးရင် အခြောက်လှန်း၊ မီးပူတိုက်ပြီးမှ အသုံးပြုသင့်ပါတယ်။
နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားသင့်ပါတယ်။ နေအိမ်ပတ်ဝန်းကျင်နဲ့ ကလေးရဲ့အခန်းကို သပ်ရပ်နေစေဖို့နဲ့ သန့်ရှင်းအောင်ထားဖို့လိုအပ်ပါတယ်။ ဒါမှဗက်တီးရီးယား၊ မှိုနဲ့တခြားပိုးမွှားတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကလေးကိုလူထူ၊ ဖုန်ထူတဲ့နေရာတွေကို ခေါ်မသွားသင့်ပါဘူး။ လူတွေထူထပ်လေ ရောဂါပိုးပိုများ လေ ကလေးငယ်အတွက် ရောဂါကူးစက်ခံရမှုပိုများ လေဖြစ်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်သင့်ပါတယ်။
ရာသီဥတုအေးလို့ဆိုပြီး ကလေးငယ်ကို ရေမချိုးပေး ဘဲမနေသင့်ပါဘူး။ နေ့စဉ်ရေနွေးနွေးနဲ့ရေချိုးတာ၊ နေပူဆာလှုံတာမျိုး မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ ရေချိုးပေးတဲ့အခါ ကလေးတိုက်တဲ့ ကိုယ်တိုက် ဆပ်ပြာသုံးသင့်ပါတယ်။ ဒါမှ မမြင်ရတဲ့ရောဂါပိုးတွေ ကာကွယ်နိုင်မှာပါ။ မမြင်ရတဲ့ရောဂါပိုးအများဆုံးရှိ နေနိုင်တာက လက်ချောင်းလေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ခန္ဓာကိုယ်ထဲကို ဗက်တီးရီးယား တွေမဝင်ရောက်စေဖို့ လက်ကိုသေချာသန့်စင်ဆေးကြောပေးသင့်ပါတယ်။ ရေမရှိနိုင်တဲ့နေရာတွေမှာ လက်သန့်ဆေးရည်ယူဆောင်သွားသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။
ကလေးငယ်ကို ဆော့ကစားစေသင့်ပါတယ်။ သတိပြုသင့်တာက ကလေးငယ်ကို ကာကွယ်ဆေးအားလုံး ထိုးနှံထားသင့်ပါကြောင်း ဆောင်းရာသီမှာ ကလေး ငယ်တွေဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေနဲ့ မိဘတွေ လိုက်နာသင့်တဲ့အချက်တွေ သိရှိနိုင်စေဖို့ ရေးသား တင်ပြလိုက်ရပါတယ်။ ။

ဝလာသူများတွင် ဝခြင်းအကြောင်းရင်းခံ နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး ဝလာသူ၊ မျိုးရိုးအလိုက် ဝသူဖြစ်ပြီး နောက်တစ်မျိုးမှာ အသက် ၄၀ ကျော်၊ ၅၀ အတွင်းမှ ဝလာသူ (လေဝဟုခေါ်သည်)များဖြစ်သည်။
မျိုးရိုးအလိုက် ဝသူ၊ အဆီတိုးပြီ ဝလာသူများမှာ ကိုလက်စထရောတက်သည်ဟုဆိုသော်လည်း ကောင်းသည့်ကိုလက်စထရော (HDL) များနေလျှင် ဝသော်လည်း ကျန်းမာနေမည်၊ စားနိုင်၊ သွားနိုင်၊အိပ်ပျော်၊ ဝမ်းမှန်ဖြစ်နေတတ်သည်။

အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေးချူချာတတ်သည်။မျက်နှာနှင့် လက်ချောင်းများတွင် မဝဘဲ ဗိုက်စူထွက်လာသဖြင့် ဝလို့၊ လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက်နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်က သိသိသာသာစူထွက်ပြီး ကြည့်မကောင်းဖြစ်တတ်သည်။ ဘီယာဗိုက်ဟု ခေါ်ကြသည်။ စည်ဘီယာအသောက်များသူများတွင် ထိုသို့ဖြစ်တတ်သောကြောင့်ဖြစ်သည်။
အမှန်မှာ ညနေစောင်းနှင့် ညအချိန်မတော် စားရာမှ ဝမ်းဗိုက်နှင့် အူမကြီးတွင် အစာများစုပုံကာ အူမကြီးတွင် လေပွပြီး ဗိုက်စူထွက်လာခြင်းဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍သက်သာသွားတတ်သည်။
လေဝ ဝသူများ၏ အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒံပေါက်၊အကြော်အလှော်၊ အကင်များစားသည့်နေ့တွင် အစာမကြေဖြစ်ပြီး ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။
ဝမ်းချုပ်သောအခါ ဗိုက်ကပို၍ စူလာပြီး အသက်ရှူမဝသောရောဂါဖြစ်တတ်သည်။
ဗိုက်စူ၊ဝမ်းချုပ်သူများအတွက်အကောင်းဆုံးဓာတ်စာမှာ သင်္ဘောသီးမှည့်ဖြစ်သည်။
ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့်တစ်ခြမ်းခန့်စားပေးခြင်းဖြင့် ဝမ်းမှန်၊လေသက်ကာ ဝမ်းဗိုက်စူခြင်းကို သက်သာစေနိုင်သည်။ သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ ဝမ်းချုပ်ခြင်းနှင့် စမြင်းခံခြင်းကို သက်သာစေသဖြင့် လိပ်ခေါင်းရှိသူများအတွက်ပါအဆင်ပြေစေနိုင်သည်။
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၌ သင်္ဘောပင်များကိုအမြောက်အမြား စိုက်ပျိုးပြီး ပင်စည်မှအစေးကို ရော်ဘာအစေးထုတ်သကဲ့သို့ထုတ်ယူကာ အစာအိမ်ရောဂါပြင်းထန်သူများနှင့် အနာရှိသူများအတွက် ဆေးဝါးသစ်တစ်မျိုး ထုတ်လုပ်နိုင်ရန် သုတေသနပြုနေသည်။
သင်္ဘောသီး၏အညှာမှ အစေးသည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုသည်။ အရေပြားအက်ကွဲသည့် အနာနှင့်ရောင်ရမ်းသောနေရာများတွင် အစေးကို သုတ်လိမ်းပေးရမည်ဟုဆိုသည်။
သင်္ဘောရွက်နှင့် သင်္ဘောရိုးတံများကိုလည်း ပြုတ်ပြီး အရည်သောက်လျှင် ကင်ဆာရောဂါ ပျောက်ကင်းသည်ဟု ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့၌သုတေသနပြုလျက်ရှိသည်။
သင်္ဘောသီးဝယ်လျှင် ဆိုးဆေးဖြင့်မှည့်အောင်ပြုလုပ်ထားသောအသီးများကိုရှောင်ပါ။ ပင်မှည့် သို့မဟုတ် အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်မှစားလျှင် စိတ်အချရဆုံးဖြစ်သည်။
လေဝ ဝပြီး ဝမ်းချုပ်သူများသည်အနေတော်သင်္ဘောသီးမှည့်ကို ထက်ခြမ်းခြမ်းပြီး အစေ့များဖယ်ရှားကာ အတွင်းမှ ဝင်းဝါသောအသားကို ဇွန်းဖြင့်ခြစ်စားခြင်းသာ အကောင်းဆုံးဖြစ်သည်။
အခွံသင်၊ ရေဆေးပြီး အတုံးငယ်များ ပြုလုပ်၍စားလျှင် ဆေးစွမ်းအာနိသင်ရှိသောအစေးများ ရေနှင့်ပါသွားနိုင်ပါသည်။
ဝမ်းချုပ်သူများသည် တစ်ခါတစ်ရံအပူအထက်သို့ကန်ပြီး ပါးစပ်နှင့်ပါးစောင်တွင် အပူနာများ ပေါက်လေ့ရှိသည်။ သွားဖုံးတွင် အနာစက်များပေါက်ပြီး ရေစီးကမ်းပြိုဟုခေါ်သော အနာဖြစ်သူများပါ တွေ့ဖူးသည်။ ပါးစောင်နာနှင့် သွားဖုံးနာများအတွက် သင်္ဘောသီး မှည့်သည် ဆေးဖက်ဝင်သည်။
ရှေးတိုင်းရင်းမြန်မာ ဆေးဆရာကြီးများက သင်္ဘောသီးသည် အလယ်တွင် အခေါင်းပွပါသောကြောင့် အာကာသဓာတ်စာဟု ဆိုကြသည်။ အဆီပိတ်နေသူများနှင့်ဝမ်းချုပ်ဝမ်းပိတ်နေသူများသည် အာကာသပိတ်သူများဖြစ်သဖြင့်အာကာသဓာတ်စာကို စားရမည်ဖြစ်သည်။
သို့သော် သင်္ဘောသီးကို အစိမ်းသုပ်စား၊ အစိမ်းထောင်းစားလျှင် လေနာတတ်သည်ကို သတိပြုပါ။ အအေးစာဖြစ်သောကြောင့် အစားများလျှင် လေနာတတ်ခြင်းဖြစ်သည်။
သင်္ဘောသီးမှည့် စားသုံးခြင်းကြောင့် လေမနာတတ်ပါ။ ဝမ်းပျော့၊ လေသက်စေပါသည်။
သင်္ဘောသီးသည် ဝမ်းမှန်ပြီး အပူအပုပ်များကင်းစင်ကာ ဗိုက်စူထွက်ခြင်းကို သက်သာစေနိုင်သည်။ ဗီတာမင်ဓာတ် ကြွယ်ဝသဖြင့်အသားအရေကိုလည်း စိုပြည်လှပစေသည်။ ဝပြီးဗိုက်စူသူများစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်ပေသည်။ ။
ဒူးနာရောဂါအတွက် ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းကုသနည်း
ဒူးနာရောဂါမှာ အခြေခံအားဖြင့်နှစ်မျိုးရှိသည်။ ဒဏ်ကြောင့်ဖြစ်သော ဒူးနာနှင့် အသက်ကြီး၍ဖြစ်သော ဒူးနာတို့ဖြစ်သည်။ ဒဏ်ကြောင့်ဖြစ်သောဒူးနာမှာ အားကစားသမားများနှင့်မတော်တဆထိခိုက်မိသူများတွင် ဒူးနှင့်ခုံညင်းရိုးမှ အရွတ်အမြှေးများ စုတ်ပြဲသွားခြင်းကြောင့်ဖြစ်သည်။ ချက်ချင်းရောင်ကိုင်းလာတတ်သော ဒူးနာမျိုးဖြစ်သည်။ ဆေးပူလိမ်းခြင်း၊ ကျပ်ထုပ်ထိုးခြင်း စသည့်ကုထုံးများဖြင့် ရက်သတ္တနှစ်ပတ်ခန့်ကြာလျှင် ပြန်ကောင်းသွားတတ်ပါသည်။
အသက်ကြီး၍ဖြစ်သော ဒူးနာရောဂါမှာ အရိုး၊ အဆစ်တို့၏သဘာဝ အသက်ကြီးလျှင် ကျီးပေါင်းတက်သောကြောင့်ဖြစ်သည်။ သစ်ပင်များ အပင်ကြီးလျှင်အပွေး၊ အခေါက် ထူလာသကဲ့သို့ဖြစ်သည်။ ဒူးနှင့် ခုံညင်းမှအမြှေးပါးတို့ပွတ်တိုက်ဖန်များလာသောအခါ ဒူးဆစ်နာလာတတ်သည်။လမ်းလျှောက်နည်းသူ၊ အထိုင်များသူများတွင် ဒူးအတွင်းမှ သဘာဝအတိုင်းထွက်သော ချောဆီခန်းခြောက်လာသဖြင့် အဆစ်ကျပ်ပြီးအကွေးနှင့်အဆန့်တွင် အသံမြည်သည်အထိ ဖြစ်လာတတ်သည်။ ထို့ကြောင့် အရိုးအဆစ်ကုဆရာဝန်ကြီးများက အသက်ကြီးသူများကို ဒူးအတွင်းသို့ ပြင်ပမှ လူ၏ဒူးအတွင်းချောဆီနှင့်တူသော ချောဆီအတုကို ထိုးထည့်ပေးတတ်သည်။ ထိုသို့ထိုးခြင်းသည် မကြာခဏထိုးလျှင် မကောင်းပေ။ နောက်ဆက်တွဲဆိုးကျိုးများရှိသည်ဟုဆိုသည်။
ဒူးနှင့် ခုံညင်းဆစ်ကျီးပေါင်းတက်၊ အဆစ်ကျပ်သဖြင့် အရွတ်နှင့်အကြောကို ညပ်မိသော ဒူးနာမှာ ရေအိတ်ကြီးသဖွယ်ဖောင်းပြီး ရောင်လာလျှင် ဒူးကြီးရောဂါဟုခေါ်သည်။ ခွဲစိတ်ပြီး အတွင်းမှ ရေကို ဖောက်ထုတ်ပေးရတတ်သည်။ ခွဲစိတ်ခြင်းသည်လည်း နောက်ဆက်တွဲအန္တရာယ်ရှိသော ကုထုံးဖြစ်သဖြင့် ဒူးခွဲရမည်ဆိုလျှင် လူကြီးအတော်များများက လက်မခံကြပေ။
ဒူးအတွင်းမှခုံညင်းဆစ်ကျီးပေါင်းတက်သူများနှင့် အောက်ခံ ဒူးခွက် အမြှေးရောင်သူများသည် လှေကားထစ်များလျှင် အဆင်းအတက်မပြုလုပ်နိုင်ကြပေ။ လှေကားအတက်ထက် လှေကားအဆင်းတွင် ဒူးပိုနာလေ့ရှိသည်။ အဆင်းတွင်ထိန်းရသော ဒူးအရွတ်ကြောများ အားနည်းခြင်း၊ ဒူးအတွင်းမှ ခြင်ဆီ၊ချောဆီအားနည်းခြင်းတို့ကြောင့် မခံမရပ်နိုင်အောင်နာကျင်လေ့ရှိသည်။အခန့်မသင့်လျှင် လူကြီးများ လှေကားအဆင်းတွင် ဒူးမခိုင်၍ ချော်ကျလေ့ရှိသည်ကို သတိပြုကြရန်လိုသည်။
ဒူးနာကို မကုသဘဲ ရေရှည်မွေးထားသောကြောင့် ချော်လဲလျှင် လူကြီးများတွင် ဆုံထိပ်ရိုးကျိုးလေ့ရှိသည်။ ထိုအခါ ဆုံထိပ်ရိုးအစားထိုးခြင်း၊ ခွဲစိတ်ရခြင်း၊ခွဲစိတ်ပြီး အသားမကျမီ သုံးလခန့် လမ်းမလျှောက်ရခြင်းတို့ကြောင့် အိပ်ရာနာဖြစ်ကာ နောက်ဆက်တွဲအဆုတ်ပွသည့်ရောဂါပါ ဝင်ရောက်လာတတ်သည်။ ဒူးနာလျှင် အချိန်မဆွဲဘဲ ပျောက်ကင်းအောင်ကုသရန်လိုသည်။
ဒူးနာ၊ ဒူးဆစ်ကျပ်၊ ဒူးကျီးပေါင်း၊ ဒူးအတွင်း ချောဆီအားနည်းသူများအတွက် လက်တွေ့ကုသပျောက်ကင်းဖူးသော မြန်မာ့ရိုးရာဆေးမြီးတို ကုသနည်းတစ်နည်းမှာ ချဉ်ပေါင်ရွက်ဖြင့် ဆေးစည်းခြင်းပင်ဖြစ်သည်။ဆေးစည်းနည်းမှာ ချဉ်ပေါင်ရိုးနီ၊ ရွက်နီ (ဘိလပ်ချဉ်ပေါင်) အရွက်လက်နှစ်ဆုပ်ခန့်ကိုယူပါ။ ခွက်တစ်ခုတွင် ရေနွေးအဖြူပူပူလောင်းထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ထားပြီးနောက် ဆယ်ယူပါ။ ရေမကျန်အောင်ဆန်ခါဖြင့်စစ်ပါ။ ထို့နောက် ငရုတ်ဆုံတွင်ထည့်ပြီး ညက်အောင်ထောင်းပါ။ထိုချဉ်ပေါင်ရွက်ထောင်းကို နာသည့်ဒူးပေါ်တွင်အုံပြီး ပိတ်စ သို့မဟုတ် ဝါဂွမ်းအုပ်ပြီးနောက် ပတ်တီးဖြင့် လေလုံအောင်စည်းထားပါ။ နှစ်နာရီ၊ သုံးနာရီခန့်စည်းပြီးလျှင် ပတ်တီးပြန်ဖြေနိုင်သည်။ ဤအတိုင်း၁ဝ ရက်ခန့်စည်းပေးလျှင် ဒူးနာသက်သာသည့်အပြင် ဒူးအတွင်းမှ ချောဆီပြန်ထွက်လာသဖြင့် အကွေးနှင့်အဆန့်တွင် အသံမြည်ခြင်း၊ အဆစ်ကျပ်ခြင်းပါသက်သာနိုင်သည်။
တိုင်းရင်းဆေးဖြင့် စည်းလိုသူများအနေဖြင့် ဆေးအမှတ် (၄၇) ဟုခေါ်သောခုနစ်ပါးဆေးဝါလေးအမှုန့်ကို ပရဆေးဆိုင်မှဝယ်ယူကာ ချဉ်ပေါင်ရွက်ပြုတ်ထောင်းပြီး ရောမွှေစည်းပေးလျှင် ပို၍ အရောင်ကျမြန်ပါသည်။ ထိုဆေးမှုန့်ဝယ်မရလျှင် နနွင်းမှုန့်ဖြင့် ရောစည်းလျှင်လည်းသက်သာ ပျောက်ကင်းစေနိုင်ပါသည်။ ။