ပဲစောင်းလျားသီး (Winged Bean)
ပဲစောင်းလျားသီး (Winged Bean)
ပဲစောင်းလျားသီးကိုမြန်မာတို့၏ထမင်းဝိုင်းတွင် တို့စရာနှင့်ချဉ်ဖတ်အဖြစ် လည်းကောင်း၊ ပဲစောင်းလျားသီးအနု လေးများကို ရေနွေးဖြော၍ ပါးပါးလှီးပြီးသံပရာသီးညှစ်၊ ပုစွန်ခြောက်ထည့်ကာဆီချက်နှင့်သုပ်စား၍သော်လည်းကောင်း၊ သီးစုံပဲကုလားဟင်းနှင့်ချဉ်ဟင်း၊ ဟင်းချို ထဲထည့်သွင်းချက်ပြုတ်၍သော်လည်း ကောင်း စားသုံးကြသည်။ ပဲစောင်းလျား သီးမှာ ဈေးတွင်အမြဲရှိသော်လည်း အမြဲ ဝယ်မစားဖြစ်သည့်အထဲတွင် ပါဝင်သည်။ ရံဖန်ရံခါမှ စားဖြစ်တတ်သည့် ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ကာတကူးတက ဝယ်စားခြင်းမျိုးသိပ်မရှိတတ်ကြသော်လည်း ယင်း၏အကျိုးကျေးဇူးများကို သိရှိမည်ဆိုပါကအမြဲမဟုတ်တောင် မကြာခဏစားမိမည်ဟု ယူဆပါသည်။
ပဲစောင်းလျားသီးတွင်ပါဝင်သောအာဟာရတန်ဖိုးများ
ပဲစောင်းလျားသီးတွင် ဗီတာမင် A၊ဗီတာမင် B၊ ဗီတာမင် C နှင့် ဗီတာမင် E အာဟာရဓာတ်များ ပါဝင်မှုများသကဲ့သို့ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စ ဖရပ်စ်တို့ကဲ့သို့ အရေးပါသောသတ္တုဓာတ်များ အများအပြားပါဝင်သည်။ ထို့ပြင် ဖောလိတ်ဓာတ်၊ ပရိုတင်းဓာတ်များနှင့် အင်ဇိုင်းများလည်း ကြွယ်ဝစွာပါဝင်သည်။ ပဲစောင်းလျားသီး၏ ပရိုတင်းပါဝင်မှုမှာ ပဲပိစပ်နှင့်ဆင်တူသည်။ တခြားပဲများ ကဲ့သို့ ပဲစောင်းလျားသီးအစေ့၏ပရိုတင်းပမာဏက ပြောင်းဖူးနှင့် တွဲဖက်လိုက် ပါက နွားနို့ကိုမီနိုင်သည်ဟုသိရပါသည်။ပဲစောင်းလျားသီးတွင် သံဓာတ်မျိုးစုံနှင့် ဗီတာမင်မျိုးစုံပါဝင်သဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပြီး အသား အရေတင်းရင်းစေသည့်အပြင် ကယ်လိုရီ ပါဝင်မှုပမာဏနည်းသဖြင့် ဝိတ်ချလိုသူများ အတွက် အထူးစားသုံးပေးသင့်ကြောင်း၊ ဗီတာမင် C ပါဝင်မှုများသဖြင့် ကိုယ်ခံအားစနစ်အားကောင်းစေကြောင်း၊ ကယ်လ် စီယမ်ဓာတ်ပါဝင်မှု မြင့်မားသည့်အတွက်အရိုးများသန်မာစေပြီး ခွန်အားတိုးစေ ခြင်းနှင့် အာရုံကြောအားကောင်းစေသည့် အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်း စားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျားသီးကို မကြာခဏ စားသုံးသင့်သည့် အကြောင်းရင်းများကိုဖော်ပြလိုပါသည်။
ကိုယ်ခံအားကောင်းစေနိုင်သောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် အချဉ်ဓာတ် လုံးဝမရှိသော်လည်း ဗီတာမင် C နှင့် ဗီတာမင် A ကြွယ်ဝစွာပါဝင်သော ကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး တခြားရောဂါပိုးများ၊ ကူးစက်ရောဂါများနှင့်ဖျားနာမှုများအလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ သည်။ ဗီတာမင် C သည် ရေတွင်ပျော်ဝင် နိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် မျိုးဖြစ်ပြီး သွေးကြောများ၏ကျုံ့ခြင်း၊ ဆန့်ခြင်းကို ကူညီပေးနိုင်သကဲ့သို့ ကင်ဆာ ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။
အရွယ်တင်နုပျိုစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ဗီတာမင် C နှင့်ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး ယင်း ဗီတာမင်နှစ်မျိုးစလုံးက ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidant) အဖြစ် လုပ်ဆောင်ပေးသည့်အပြင် အရေးအကြောင်း များကဲ့သို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော် မှုလက္ခဏာများကို ကာကွယ်ပေးနိုင် သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်မှုကြောင့် အသားအရေကိုတင်းရင်း စေပြီး နုပျိုစေသည်။
ကိုယ်အလေးချိန်လျော့ကျစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီး ၁၀၀ ဂရမ်တွင် စွမ်းအင် ၄၉ ကယ်လိုရီနှင့် ဗီတာမင် C ၃၁ ရာခိုင်နှုန်းပါဝင်သောကြောင့် ဝိတ်ချ လိုသူများအနေဖြင့် စားသုံးသင့်သည်။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျား သီးသုပ်၊ ပဲစောင်းလျားသီးချက် စသည် ဖြင့် ချက်ပြုတ်စားပါက တဖြည်းဖြည်း ကိုယ်အလေးချိန် လျော့ကျလာမည်ဖြစ် သည်။ ထို့ကြောင့် ပဲစောင်းလျားသီးသည် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပါဝင်မှုများသောကြောင့် အစာခြေစနစ် ကောင်းမွန်စေပြီး ဝမ်းမှန်စေခြင်းဖြင့် အဆီပိုများအား ဖယ်ရှားပေးနိုင်ပြီး ကိုယ် အလေးချိန်လျော့ကျစေရန် ကူညီပေးနိုင် သည်။
အမြင်အာရုံကောင်းမွန်စေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် အမြင်အာရုံနှင့် သက်ဆိုင်သည့်ပြဿနာများကို လျော့နည်းသက်သာစေနိုင်သော နောက်ထပ်ကောင်းကျိုးတစ်ခုရှိပါသည်။ လူများတွင် သိုင်ယာမင်း (Thiamine) ဓာတ်ချို့တဲ့ သည့်အခါ အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်သည်။ ပဲစောင်းလျားသီး တွင် သိုင်ယာမင်းဓာတ်များပါဝင်သဖြင့်မျက်စိကျန်းမာရေးအတွက် ကောင်းမွန် စေပြီး ရေတိမ်နှင့်အတွင်းတိမ်ကဲ့သို့ အမြင် အာရုံဆိုင်ရာပြဿနာများကို လျော့နည်း သက်သာစေနိုင်သည့်အပြင် သိုင်ယာမင်းဓာတ်မှာ ဦးနှောက်ဆီသို့ အချက်ပြ မှုများပေးပို့ခြင်းကို လုပ်ဆောင်ပေးသည့် မျက်လုံး၏ကြွက်သားများနှင့် အာရုံ ကြောများကို ကျန်းမာကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်သည်။
စိတ်ဖိစီးမှုနှင့်ထုံကျဉ်ကိုက်ခဲမှုကိုသက်သာစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင်ပါဝင်သည့် ဖော့စဖရပ်စ်၊ လပ်တို့စ်နှင့် ဖရပ်တို့စ်ကဲ့သို့ သကြားဓာတ်များသည် ခန္ဓာကိုယ်တွင်ရှိသည့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးနိုင် ပြီး မောပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ခေါင်းနှစ်ဖက်ကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ခန္ဓာကိုယ်ထုံကျဉ် ကိုက်ခဲခြင်းတို့ကိုလည်းလျော့နည်း သက်သာစေနိုင်သည်။
ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသောဗီတာမင် D နှင့် ကယ်လ်စီယမ်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွား မှုကိုကာကွယ်ပေးပါသည်။
အစာအိမ်ပြဿနာများကိုလျော့ပါးစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင်ပါဝင်သည့် အမျှင်ဓာတ်များက ကိုယ်အလေးချိန်တက်မှုကိုလျှော့ချပေးနိုင်ရုံသာမက အစာအိမ်ထဲတွင်ရှိနေသည့်ဗက်တီးရီးယားများကိုတိုးပွားစေပြီး အစာချေဖျက်နိုင်ရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် ပဲစောင်းလျားသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် အစာအိမ်ဆိုင်ရာပြဿနာများကို လျော့ပါးစေနိုင်သည်။
အရိုးများကိုသန်မာစေသောပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် ပါဝင်သည့် ကယ်လ်စီယမ်ဓာတ်သည်အရိုးစနစ်ကိုတည်ဆောက်ပေးပြီး ရောဂါဝေဒနာများ မရှိစေရန်သန်စွမ်းမှုကိုပေးသည်။ ပဲစောင်းလျားသီးတွင် ကယ်လ်စီယမ်ဓာတ်ပါဝင်မှုမြင့်မားသဖြင့် အရိုးနှင့်သွားများကို ကြီးထွားသန်မာစေပြီး ထိခိုက်ဒဏ်ရာများသက်သာရန်နှင့် အနာကျက်စေရန်အတွက် ကူညီပေးနိုင်သည်။ နေမကောင်း ဖြစ်နေသူများ၊ အားနည်းနေသူများကိုခွန်အားတိုးစေခြင်းနှင့်အာရုံကြော အားကောင်းစေသည့်အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်းစားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံ ဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျား သီးမှာပါဝင်သည့် ကယ်လ်စီယမ်ဓာတ်က အရိုးပွခြင်းကဲ့သို့ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
သွေးအားနည်းခြင်းနှင့်ပန်းနာရင်ကျပ်ကို သက်သာစေသော ပဲစောင်းလျားသီး
ပဲစောင်းလျားသီးတွင် မဂ္ဂနီစီယမ်ဓာတ်လည်းအတော်အသင့်ပါဝင်နေသောကြောင့်အဆုတ်ပြွန်နှင့်သက်ဆိုင်သည့် ကြွက်သားများကိုပြေလျော့စေနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုကာကွယ်ပေးနိုင်သည်။ အသက်ရှူလမ်းကြောင်းကို ကောင်းစွာထိန်းညှိ ပေးနိုင်သောကြောင့် နာတာရှည်ပန်းနာ ရင်ကျပ်ရောဂါခံစားနေရသူများအတွက် လည်းသင့်တော်သည်။ ပဲစောင်းလျားသီး တွင် ဗီတာမင် B ပါဝင်နေခြင်းမှာ ခန္ဓာ ကိုယ်၏သွေးပမာဏနှင့် အရည်အသွေး ကို တိုးတက်ကောင်းမွန်စေပြီး သွေးအား နည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် ပဲစောင်းလျားသီးကို ဖြည့် စွက်စာအနေဖြင့် ပုံမှန်စားသုံးပေးပါကပန်းနာရင်ကျပ်နှင့် သွေးအားနည်းခြင်းတို့ ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ကိုယ်ဝန်ဆောင်များအတွက်အထောက်အကူပေးနိုင်သောပဲစောင်းလျားသီး
ပဲစောင်းလျားသီးအပါအဝင် ပဲအမျိုး မျိုးတွင် ဖောလစ်အက်စစ်ဓာတ်ကြွယ်ဝ စွာပါဝင်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင် များအတွက် သင့်တော်ပါသည်။ ပဲစောင်း လျားသီးတွင် ကိုယ်ဝန်ရခါစအမျိုးသမီး နှင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာ အာဟာရမှ ဒီအင်န်အေ (DNA)နှင့် ဆဲလ် (Cell) များအတွက် မရှိမဖြစ်လိုအပ်သည့် ဖောလိတ်ဓာတ်ရရှိမှုလုံလောက်အောင်အထောက်အကူပေးနိုင်သည်။ ဖောလစ် အက်စစ်ဓာတ်သည် သန္ဓေသားကြီးထွား ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပြီးလွယ်ကူ ချောမွေ့စွာမွေးဖွားနိုင်ရန်လည်း ကူညီပေး နိုင်သည့်အပြင် ပဲစောင်းလျားသီးတွင်ပါဝင် သည့်သံဓာတ်သည် ကိုယ်ဝန်ဆောင်မိခင် များတွင် သွေးဆုံးရှုံးမှုဖြစ်နိုင်ခြေကိုလျှော့ ချပေးနိုင်ပြီးမွေးကင်းစကလေးငယ်၏ ကိုယ်အလေးချိန် လျော့နည်းမှုများကိုလည်းကာကွယ်ပေးနိုင်သည်။ ပဲစောင်း လျားသီးတွင်သံဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် ပေါင်မပြည့်သောကလေးမွေးဖွားခြင်းကို ကာကွယ်ပေးပြီး မဂ္ဂနိစ် ဓာတ် ကြွယ်ဝစွာပါဝင်နေခြင်းသည် ကလေးမမွေးဖွားမီနှင့်မွေးဖွားပြီးနောက် တွင်ဖြစ်တတ်သည့်ရောင်ရမ်းခြင်းနှင့် ညောင်းညာကိုက်ခဲခြင်းများကိုလည်း သက်သာစေသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ပဲစောင်းလျားသီးကိုဖြည့်စွက်စာအဖြစ်စားသုံးပေးမည်ဆိုပါကကောင်းကျိုးများရရှိနိုင်မည်ဖြစ် သည်။
သို့ဖြစ်ပါ၍အစာလည်းဆေး၊ဆေး လည်းအစာဆိုသကဲ့သို့ အစားအသောက်များကို ဉာဏ်ရှိသလို အသုံးချရင်း မိမိကျန်းမာရေးကိုစောင့်ရှောက်သင့်ပါသည်။ အသီးအနှံများစားသုံးခြင်းဖြင့် ဘေးထွက် ဆိုးကျိုးနှင့်တာရှည်ခံပစ္စည်းများ၏ အန္တရာယ်ကင်းစင်စေမည်ဖြစ်သည်။ ပဲစောင်းလျားသီးမှ အမြစ်ကျသွားလျှင်လူကြိုက်များသည့် ပဲမြစ်ကိုတူးဖော်ရောင်းချ၍လည်းရသဖြင့် အမြစ်အထိဝင်ငွေရရှိနိုင်ပြီး အကျိုးဖြစ်ထွန်းစေသောကြောင့်စီးပွားဖြစ်စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: MWD Web Portal

ရေနွေးကြမ်း သို့မဟုတ် လက်ဖက်စိမ်းရည်(Green Tea) သောက်လျှင် ပိန်စေသည်။ အဆီကျစေသည်ဟူသော အယူအဆများနှင့်ပတ်သက်၍ တင်ပြလိုပါသည်။စာရေးသူ၏မိတ်ဆွေတစ်ဦးသည် အသက် ၅၀ ကျော်သောအခါ အတန်အသင့်ဝလာသဖြင့် ဆရာဝန်ပြပြီး ဆေးစစ်သောအခါ ကိုလက်စထရောတက်နေသည်ဟု သိရသည့်အတွက် အဆီကို လျှော့စားသည်၊ သို့သော် အဆီကား ကျမလာပါ။

ကျန်းမာရေးဂျာနယ်များ၌ ရေနွေးကြမ်းသောက်ခြင်းဖြင့် အဆီကျ စေနိုင်သည်ဟုဆိုသဖြင့် ရေနွေးကြမ်းသောက်သည်။ လက်ဖက်ခြောက် အဖန်ဓာတ်က ကိုလက်စထရောကို ဖျက်နိုင်သည်ဟု ဆိုသဖြင့် လက်ဖက်ခြောက်များများထည့်ပြီး ဖန်သောရေနွေးကို ကျင့်သောက် သည်။ ရေနွေးအဖန်သောက်ပြီး ခြောက်လကြာသောအခါ သွေးဖောက်ပြီး ကိုလက်စထရောစစ်ကြည့်ရာတွင်လည်း ကျသွားခြင်းမရှိ။ ရေနွေးကြမ်းအဖန်ရည်သောက်ခြင်းကြောင့် နောက်ဆက်တွဲဝေဒနာမှာ ဝမ်းချုပ်ခြင်းပင်ဖြစ်လာတော့သည်။
သူ၏ကျန်းမာရေးမှာ ယခင်က စားကောင်းသောက်ကောင်း၊ ဝမ်းမှန်၊ ဝလို့လှလို့ဖြစ်နေရာမှ ရုတ်တရက် ဗိုက်ထွက်လာပြီး ဝတ်နေကျအဝတ်များပင် မတော်တော့ဘဲ ဖြစ်လာသည်။ ဤသည်မှာ ဝိတ်ချရန်စဉ်းစားမိလာခြင်းဖြစ်သည်။ ယင်းအတွက် ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးစစ်ရာတွင် အသည်းအဆီဖုံးခြင်း၊ ကိုလက်စထရောများခြင်းတို့ကို တွေ့ရသည်။ဆရာဝန်ပေးသည့်ဆေးကို ညအိပ်ရာဝင်ချိန်တွင် တစ်လုံးသာ သောက်ရသည်။ သို့သော် ထိုဆေးသောက်ပြီး ၁၀ ရက်ခန့်ကြာသော အခါ အစားအသောက်ပျက်လာသည်။ ကတုန်ကယင်နှင့် ပစ္စည်းများ ကိုင်လျှင် လွတ်ကျလာသည်။ ဆရာဝန်အား ပြန်ပြောပြသောအခါ ထိုဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်သည်ဟုဆိုသဖြင့် ဆက်မသောက်တော့ဘဲ ရပ်လိုက်ရလေသည်။ ထိုဆေးသည် သွေးအတွင်းမှ အဆီများကို ကျစေသည်မှန်သော်လည်း လူတချို့တွင် အစား ပျက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ နှာစေးနှာပိတ် ခြင်း၊ ထို့ထက်ဆိုးသည်မှာ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ စိတ်ဓာတ် ကျခြင်းများပါ ဖြစ်နိုင်သည်ဟု ဆိုသည်။
ထို့နောက် တိုင်းရင်းမြန်မာဆေးဘက် လှည့်လာသည်။ ပထမဆုံး အဆီကျပိန်ဆေးတစ်မျိုးကို စိတ်ဝင်စားမိသည်။ မြန်မာဆေးဆိုသည်မှာ ဘေးထွက်ဆိုးကျိုးမရှိဟု ထင်မိသည်။ သို့သော် အထင်နှင့်အမြင်လွဲလေသည်။ ထိုဆေးဝယ်စားမိသည့်ညက မအိပ်ရ။ တစ်ညလုံးဗိုက်နာပြီး ဝမ်းခဏခဏသွားသည့်အတွက် တစ်နေ့ ဝမ်းသုံးကြိမ်၊ လေးကြိမ်သွားသည့်နည်းဖြင့် အဆီကျ ဝိတ်ချရမည်ဆိုလျှင် နည်းလမ်းမမှန်သေးဟု စိတ်ထဲတွင် ထင်မိသည်။နောက်တော့ အဆီကျပိန်စေသော ဓာတ်စာများကို လေ့လာပြီးစားရန် သူဆုံးဖြတ်လိုက်တော့သည်။ အဆီကျစေသော အစားအသောက်များ၊ ရှောင်ရမည့်အစားအသောက်များကို လေ့လာသည်။ ကျန်းမာရေးဆိုင်ရာစာအုပ်များကိုလည်း ဝယ်ဖတ်သည်။ ယင်းနောက် မြန်မာ့အစား အစာဖြင့် အဆီကျစေသောနည်းလမ်းများကို လေ့လာပါတော့သည်။
အဆီကျစေရန် ကူညီပေးနိုင်သည့် မြန်မာ့အစားအစာများကို ဖော်ပြ လိုက်ပါသည်။ ဥပမာ-
- ငါးကြင်းဖြူ၊ ငါးခူ၊ ငါးမျက်ဆန်နီ၊
- ဆန်ကြမ်း(ငစိန်ဆန်၊ ရွှေဝါထွန်း)၊
- ရှောက်သီး၊ ကျွဲကောသီး၊
- ဖီးကြမ်းငှက်ပျောသီး၊
- ပဲရာဇာ (ပဲနီလေး)၊
- ဂေါ်ဖီထုပ်၊
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
- ကန်စွန်းရွက်၊ မှိုနားတို၊ လယ်ပတူ၊ ကညွတ်၊ ပုစွန်စာ၊ မြင်းခွာရွက် စသည့်အရွက်များ၊
- ထမင်းရည်၊
- ရေနွေးကြမ်း စသည့် ဓာတ်စာများစားပေးလျှင် အဆင်ပြေမည်ဟု ထင်မြင်ယူဆသည်။
ငါးကြင်းဖြူ၊ ငါးမျက်ဆန်နီ၊ ငါးခူ စသည်တို့မှာ အဆီမတက်စေသည့် အပြင် ကောင်းသောအဆီကို တိုးစေသည့်ငါးများဖြစ်သည်။ ငါးမြင်း၊ ငါးပတ်၊ ငါးသလောက်၊ ငါးဖယ်တို့မှာ ရှောင်ကြဉ်သင့်သောငါးမျိုးဖြစ် သည်။ဆန်ကြမ်းမှာ အားဖြစ်သည်။ အစာကြေလွယ်သည်။ အဆီကျလိုသူ များမှာ ဧည့်မထ၊ ပေါ်ဆန်းမွှေး၊ တောင်ပျံ စသည့်ဆန်များကို ရှောင်သင့် သည်။ ကြေခဲသည့် ရှမ်းဆန်နှင့် ကောက်ညှင်းကိုလည်း ရှောင်သင့်သည်။ ရှောက်သီး၊ ကျွဲကောသီးတို့မှာ အဆီပိုကျစေသော အစားအစာများဖြစ်သည်။ ဖီးကြမ်းငှက်ပျောသီးမှာ အကောင်းဆုံးဓာတ်စာဖြစ်သည်။ အလွယ် တကူဝယ်ယူနိုင်သည်။
ပဲရာဇာ (ပဲနီလေး)မှာ အဆီကျပြီး ပေါ့ပါးသော ပဲမျိုးဖြစ်သည်။ ပဲရာဇာသည်လဟုဂုဏ်ပေါ့ပါးသောဂုဏ်ရှိသည်။ ကုလားပဲသည် ဂရုဂုဏ် လေးလံသောဂုဏ်ရှိသည်။ အဆီကျလိုသူ၊ ပိန်လိုသူများ မစားသင့်ဟု ဓာတ်ဆရာကြီးများ အဆိုရှိသည်။
ဂေါ်ဖီထုပ်မှာ အဆီချလိုသူများအတွက် အသုံးဝင်သည့်ဓာတ်စာဖြစ် သည့်အပြင် အသားအရေလှစေသည်။ အနောက်တိုင်းဆေးပညာအရ လည်း ဂေါ်ဖီထုပ်သည် အင်တီအောက်စီးဒင့် ခေါ် ဓာတ်တိုးဆန့်ကျင် သော အစာအာဟာရဖြစ်ပြီး လေဖြတ်ခြင်းကိုပင် ကာကွယ်နိုင်သည်ဟု ဆိုသည်။ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ကိုလက်စထရောကျစေလိုသော ရည်ရွယ်ချက်ဖြင့် စားသုံးမည်ဆိုလျှင် ခပ်ပါးပါးလှီးပြီး လေသလပ်ခံထား ကာ အချဉ်အနည်းငယ်ညှစ်ပြီး စားသုံးပေးပါက အဆီကျနိုင်သည်ဟု သုတေသနပြုသူများက ဆိုထားသည်။ဟင်းသီးဟင်းရွက်မျိုးစုံကို နေ့စဉ် မှန်မှန်စားသုံးပေးပါ။ အသားစားချင်လျှင် အသီးအရွက်တို့နှင့်ရော၍ ကြော်ချက်စားပါ။ နေ့စဉ် အသီးအရွက်စားခြင်းဖြင့် သဘာဝဗီတာမင်ဓာတ်များရနိုင်သည်။ အဆီကျပြီး အသားကျစ်စေသည်ဟုဆိုသည်။
ထမင်းရည်သည် အာဟာရဖြစ်သည်။ ဦးစွာပွက်လာသော ထမင်းရည် ကို ငှဲ့ယူပြီး ဆေးဖက်ဝင်အဖြစ် သောက်သုံးလေ့ရှိကြသည်။ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူချက်ပြုတ် ကြသဖြင့် ထမင်းရည်မရနိုင်တော့ပေ။ အကယ်၍ ထမင်းပေါင်းအိုးမှ ဦးရည်ကို ရယူလိုလျှင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ပေါင်းအိုးတွင် ပွက်ပွက်ဆူသောအခါ လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှ ထမင်း ပေါင်းရည်ကို ဇွန်းဖြင့် ခပ်ယူပါ။ ဤနည်းဖြင့် ထမင်းပေါင်းဦးရည်ကို ဆားအနည်းငယ်ခတ်ပြီး နေ့စဉ် သောက်သုံးပေးလျှင် အဆီကျစေနိုင် ပါသည်။ပိန်လိုသူများသည် နံနက်စောစောထ၍ ရေနှင့်ပျားရည်ရောသောက် လျှင်လည်း ပိန်နိုင်သည်ဟု သိရသည်။
ဤနည်းသည် အိမ်တိုင်းတွင် အလွယ်တကူပြုလုပ်နိုင်သော ပိန်ဆေးနည်းဖြစ်သည်။ နေ့စဉ်မှန်မှန် တစ်လခန့်ပြုလုပ်ကြည့်လျှင် သိနိုင်ပါသည်။ရေနွေးကြမ်း၊ တစ်နည်းအားဖြင့် လက်ဖက်ခြောက်ခတ်ထားသော အဖန်ရည်ကို အနောက်တိုင်းသုတေသီများက Green Tea ဟု ရေးသားကြသည်။လက်ဖက်ရွက်သစ်နုလေးများကိုမီးပြင်းပြင်းအပူပေးပြီး ရိုးရာနည်းဖြင့် အခြောက်ခံထားသောလက်ဖက်ကို ရေနွေးဆူဆူတွင် ခတ်လိုက်သောအခါ အရွက်စိမ်းများမှ စိမ်းဖန့်ဖန့်အရည်များ ထွက်လာသည်။ မြန်မာလက်ဖက်ခြောက်အတော်များများမှာ နီရဲရဲအရောင်များ ထွက်သဖြင့် Green Tea နှင့် မတူပါ။ တချို့မှာ ဆိုးဆေးကြောင့်အလွန်နီရဲနေတတ်သည်။ မသောက်သင့်ပါ။
Green Tea ကြောင့် ကိုလက်စထရောကျသည်ဆိုသည်မှာ အနောက်တိုင်းမှ သုတေသနဖြစ်ပါသည်။ Green Tea သောက်လျှင် ပိန်သည်။ တရုတ်၊ ဂျပန် စသည့်နိုင်ငံများ၌ ဥရောပလောက် အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ အဖြစ်မများရခြင်းမှာ ရေနွေးကြမ်း (Green Tea) ကြောင့်ဖြစ်သည်ဟု သုတေသနဆေးပညာရှင်များက ခန့်မှန်းကြသည်။
မြန်မာလူမျိုးတို့သည်ရေနွေးကြမ်းတွင်ရှမ်းပြည်မှလာသော လက်ဖက်ခြောက်ကို ခတ်သောက်ကြသည်။ Green Tea ဟုတော့ မခေါ်ကြပါ။ အဖန်ရည်၊ ရေနွေးကြမ်းဟုသာခေါ်ကြပါသည်။ရေနွေးကြမ်းအဖန်ရည်ဖြင့်လည်း အဆီကျနိုင်သည်။ သို့သော်အဖန်မှာချုပ်သောသတ္တိရှိသဖြင့် ဝမ်းချုပ်၊ လေချုပ်၊ အစားပျက်ဖြစ်လာတတ်သည်။ လိပ်ခေါင်းရှိသူများဆိုလျှင် အဖန်ရည်နှင့် မတည့်ပါ။ရေနွေးကြမ်းအဖန်ရည်ကို သောက်ခြင်းဖြင့် ကိုလက်စထရော ခေါ် မကောင်းသောအဆီ(LDL) ကို ကျစေနိုင်ကြောင်း သုတေသနပြုချက်များတွင် လေ့လာဖူးသည်။ သို့သော် တစ်နေ့လျှင် ကော်ဖီကိုင်းပန်းကန်ဖြင့် နှစ်ခွက်ခန့်သာ သောက်ရမည်ဖြစ်သည်။
အချုပ်ဆိုရသော်ရေကိုကျွက်ကျွက်ဆူအောင် အပူပေးပြီး အအေးခံ ထားသော ရေကျက်အေးကို သောက်လျှင်ပင် လူကို ပိန်စေသောသတ္တိရှိပါသည်။ ဆူပွက်အောင်ကျိုထားပြီး အအေးခံထားသောရေသည် လူကို ပိန်စေသောသတ္တိရှိသည်။ လက်ဖက်ခြောက်ခတ်သော ရေနွေးကြမ်းအဖန်ရည်သည် လူကို ကောင်းသောအကျိုးပြုပါသည်။ အဝလွန်ခြင်းကိုလည်းတားဆီးနိုင်သည်။သို့သော်တစ်နေ့လျှင် ကော်ဖီခွက်နှစ်ခွက်၊သုံးခွက်ထက်ပိုသောက်ပါက ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်း၊ စမြင်းခံခြင်း စသော ဆိုးကျိုးအနည်းငယ်မျှရှိနိုင်သည်ကို သတိပြုသင့်ပေသည်။ ဆေးဖက်ဝင်သောအရာတိုင်းတွင် တန်ဆေးလွန်ဘေး သတိထားသင့်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။
Photo - LinkedIn

၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် ရာသီမရွေးဖြစ်တတ်သောရောဂါဖြစ်သော်လည်း မိုးရာသီတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။ ၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များတွင်ဖြစ်ပွားပါက အသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ယင်းရောဂါသည် မြန်မာနိုင်ငံ၌ ဒုတိယအဖြစ်အများဆုံးကလေးရောဂါတစ်ခုဖြစ်သည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက် ငါးနှစ်အောက်ကလေး ၁၀၀ တွင် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦးအထိရှိကြောင်း သိရသည်။

၀မ်းလျှောခြင်းတွင် ကာလတို၀မ်းလျှောခြင်းနှင့် ကာလရှည်၀မ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကာလတို၀မ်းလျှောခြင်းသည် နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား ၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်၀မ်းလျှောခြင်းတွင် ၀မ်းသွားသည့်အကြိမ်ရေများလာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူသင့်သည်။ နောက်ဆက်တွဲပြဿနာများအဖြစ်အစာအိမ်နာခြင်း၊ အစာ အဆိပ်သင့်ခြင်းများပါ ဖြစ်တတ်သည်။
ရောဂါဖြစ်ပွားရသောအကြောင်းရင်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်များနှင့်လမ်းများပေါ်ရှိ ရေဆိုး ရေညစ်များနှင့်အတူ မိုးရေများလျှံတက် လာပြီး ရေပြန်ကျသွားသောအခါ အညစ် အကြေး အနည်အနှစ်များ တင်ကျန်ရစ်ခဲ့ ပြီး Vibiro Cholerae (ခေါ်) ကာလ၀မ်း ရောဂါကိုဖြစ်စေတတ်သော ကူးစက် ရောဂါပိုးမွှားများ ပေါက်ပွားမှုများပြားလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်လာရသည်။ ထိုရောဂါပိုးသည် ကူးစက် ခံရသူ၏အူအတွင်းသို့ Enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့် ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေသဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ထို့ပြင် ကာလ၀မ်းရောဂါပိုးပါ၀င်သည့် ၀မ်း သို့မဟုတ် အညစ်အကြေးများပေါ် ယင်နားပြီးနောက် ထိုယင်နားထားသော အစားအသောက်များကို စားသောက်မိခြင်း၊ မသန့်ရှင်းသောလက်ဖြင့် အစားအစာများကို ကိုင်တွယ်စားသောက်ခြင်း၊ ကာလ၀မ်းရောဂါပိုးသည် သောက်သုံးရေများအတွင်းသို့ တိုက်ရိုက်၀င်ရောက်ခြင်း (ဥပမာ-မိလ္လာပိုက်ပေါက်ခြင်း၊အညစ် အကြေးမြေသြဇာအသုံးပြုခြင်း) စသည် တို့မှတစ်ဆင့် အလွယ်တကူကူးစက်နိုင် ပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါ ဆက်လက်ပျံ့နှံ့ကူးစက်စေသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ၀မ်းပျက်၊ ၀မ်းလျှော ရောဂါသည် တစ်နှစ်အောက်ကလေးများ ကိုသေဆုံးစေသည့်တတိယမြောက်ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်၀န်းတွင် နှစ်စဉ် ကလေး၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိ ကြောင်းနှင့် နှစ်စဉ် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသိန်းကျော်နှင့် အသက် ငါးနှစ်မှကိုးနှစ်ကြားကလေး ငါးသောင်းကျော် သေဆုံးလျက်ရှိကြောင်း သိရသည်။
ရောဂါလက္ခဏာများ
နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဖြူကျဲကျဲ ၀မ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်ရက်တည်း သုံးကြိမ်နှင့်အထက် ၀မ်းအရည်သွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာမသောက်နိုင်ခြင်း၊ ခံတွင်း၊လျှာနှင့်နှုတ်ခမ်းများခြောက်၍ ရေအငမ်းမရသောက်ပြီးနောက်ထိုရေအတိုင်း ၀မ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ကျုံ့နိုင်၊ ဆန့်နိုင်အားလျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်၀င်ခြင်း၊ ကြွက်တက်ခြင်း စသည့်ရောဂါ လက္ခဏာများခံစားရပါက ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသသင့်သည်။
တခြားသူများသို့မကူးစက်စေရန် ၀မ်းသွားပြီးနောက် ရေအိမ်ကို ရေနိုင်နိုင် လောင်းချရမည်။ ၀မ်းပျက်၊ ၀မ်းလျှော ခြင်းကို ထိရောက်စွာကုသမှုမခံယူပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်း အတွင်း အသက်ဆုံးရှုံးနိုင်၍ မပေါ့ဆသင့် ပေ။၀မ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာပိန်ကျသွားပြီး အားအင် ကုန်ခန်းသွား၍ အနားယူသင့်သည်။
ရှောင်ရန်အစားအစာများ
- ၀မ်းပျက်၊ ၀မ်းလျှောရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့်အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေ၊ သုံးရေ များ၊ အမှည့်လွန်သည့်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ လမ်းဘေးအစားအစာများကိုရှောင်ကြဉ်ရမည်။
- ကာလတို ၀မ်းလျှောသည်ဖြစ်စေ၊ ကာလရှည်၀မ်းလျှောသည်ဖြစ်စေ၀မ်းသွားခြင်း ရပ်တန့်သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်းများဖြစ်ကြ သော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို ရှောင်ကြဉ်သင့်သည်။
- အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့်အူကို အလုပ်ရှုပ်စေနိုင်၍ ၀မ်းလျှောပြီးနောက် သုံးလေးရက်ခန့် ကြာသည်အထိ ရှောင်ကြဉ်သင့်သည်။
စားသုံးသင့်သည့်အစားအစာများ
အောက်ဖော်ပြပါ အစားအသောက်များကို ၀မ်းပျက်၊ ၀မ်းလျှောရောဂါအတွက် သဘာ၀ကုထုံးအဖြစ် အသုံးပြုနိုင်သည်။
- ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့် တင်းပေးသည့်အနေဖြင့် ရေကျက် အေးများများသောက်ပါ။
- ဓာတ်ဆားရည် (ORS) သောက်ပါ သို့မဟုတ်သီးစုံဓာတ်ဆားရည် သောက်ပါ။
- ဓာတ်ဆားထုပ် အလွယ်တကူမရရှိ နိုင်ပါက ဆားနှင့်သကြားကို ဆတူရော၍သောက်ပါ။
- လက်ဖက်ရည်ကြမ်းထဲတွင် သကြား အနည်းငယ်ထည့်သောက်ပါ။
- ချင်းပြုတ်ရည်သောက်ပါ။
- အမည်းရောင်ထန်းလျက်ကိုကျိုပြီး အနည်စစ်သောက်ပါ။
- အုန်းစိမ်းရည်သောက်ပါ။
- ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ် အက်စစ်က အစာအိမ်နှင့် အူလမ်း ကြောင်းထဲရှိ ၀မ်းသွားစေသော ဗက်တီးရီးယားများကို သေစေနိုင်၍ ဒိန်ချဉ်စားပါ။ (ဒိန်ချဉ်ထဲသို့ သကြား၊ ထန်းလျက်ရည်မရောဘဲ သူ့ချည်းစားပါ)
-ကစီဓာတ်ကြွယ်၀သောအစားအစာ များဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာ ဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်သည်။
- Chamomile (ခေါ်) အဝါရောင်၀တ် ဆံနှင့်ပွင့်ချပ်ဖြူဖြူပွင့်သော တောပန်းလေးများက ၀မ်းပျက် စေသော ပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် ထိုတောပန်းလေးများ ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခတ်ကာ အအေးခံသောက်နိုင် သည်။
- ဘလူးဘယ်ရီသီးထဲတွင် ပါရှိသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူ လမ်းကြောင်းထဲရှိ ၀မ်းပျက်၊ ၀မ်း လျှောဖြစ်စေသော ရောဂါပိုးများကို ဖယ်ရှားပေးနိုင်သည်။
- လိမ္မော်ခွံက ၀မ်းပျက်၊ ၀မ်းလျှော ခြင်းအတွက်ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကိုပြုတ်၍သော်လည်းကောင်း၊ ရေနွေးဆူဆူတွင် ခတ်၍ သော်လည်းကောင်း အအေးခံ ၍ သောက်သုံးသင့်သည်။
- ပဲနံ့သာပင်အစေ့ကို ရေစိမ်၍သောက်နိုင်သည်။
- ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်း မှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက် ဆက်တိုက်သောက်ပါ။
- အသက် ၂၀ နှင့်အထက်ဖြစ်ပါက ငရုတ်ကောင်းစေ့ ၂၀ ခန့်ကို လှော်၍ အမှုန့်ကြိတ်ပါ။ရလာသောအမှုန့် ကို အရက်ဖြူတစ်ဇွန်း၊ ရေအေး တစ်ဇွန်းရောပြီး သောက်ပါ။
- သီးသီးအမှည့်စားပါ။ သစ်ကြားသီးစားပါ။ ရေသဖန်းပင်၏အခေါက်ကိုပြုတ်သောက်ပါ။ ကြောင်လျှာမြစ်ပြုတ်သောက်ပါ။ ကြာဖြူ၊ကြာညို ၀တ်ဆံများ စားပေးပါ။
- ပရန္နဝါမြစ်၊ ဇာတိပ္ဖိုလ်သီးနှင့် ကရမက်သွေး၍သောက်နိုင်သည်။
- မြေအိုးတစ်လုံးထဲ ကန်စွန်းရိုးနီ ၁၀ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ရေကို ကန်စွန်းပင် မြုပ်သည်အထိထည့်၍ နူးအိလာ အောင်ပြုတ်ပေးပါ။ ထိုပြုတ်ရည်ကို ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန် လုံးတစ်လုံးခန့် သောက်ပေးရမည်။ ဤနည်းအတိုင်း ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သောက်ပြီးပါက၀မ်းရပ် သွားပါလိမ့် မည်။
ကြိုတင်ကာကွယ်ရမည့် နည်းလမ်းကောင်းများ
၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် ကြိုတင် ကာကွယ်နိုင်သောရောဂါဖြစ်သည်။ ရောဂါ ဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင် နှုန်းခန့်သည် မိမိတို့၏လက်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ စနစ်တကျ လက် ဆေးခြင်းဖြင့် လူအချင်းချင်းကူးစက်မှု များ၊ ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကူးစက် တတ်သောရောဂါများကို သိသာ စွာ လျှော့ချနိုင်မည်ဖြစ်သည်။
ကြိုတင်ကာကွယ်သည့်အနေဖြင့် အစာ မစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့်အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီး ချိန်နှင့် ရေအိမ်မှဆင်းချိန်တို့တွင် လက် ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စင်ကြယ် စွာဆေးကြောပါ။ တစ်ကိုယ်ရေသန့်ရှင်း ရေးကို ဂရုပြုဆောင်ရွက်ပါ။ ကလေးငယ် များ၏မစင်ကို ယင်မနားအောင်စနစ်တကျစွန့်ပစ်ပါ။ ယင်လုံအိမ်သာ ရာနှုန်း ပြည့်သုံးစွဲပါ။ ရေကို ကျိုချက်၍သော်လည်း ကောင်း၊ ကျန်းမာရေးဌာန၏ ညွှန်ကြား ချက်အတိုင်း ကလိုရင်းဆေးခတ်၍သော် လည်းကောင်း အသုံးပြုပါ။အစားအစာများကိုကျက်အောင်ချက်ပြုတ်ပြီးမှ ပူပူ နွေးနွေးစားသုံးပါ။အစားအစာများကို ယင်မနားအောင် စနစ်တ ကျဖုံးအုပ်ထား ပါ။
အချုပ်အားဖြင့်ဆိုသော် မိုးရာသီတွင် သရက်သီးမှည့်၊ ဒူးရင်းသီး၊ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီး စသည့်သစ်သီးများ လှိုင်လှိုင်ပေါများ လေ့ရှိရာ အဆိုပါသစ်သီးမှည့် များကြောင့် ယင်ကောင် များလည်း ပေါက်ပွားလာကြသည်။ ထိုယင်နားစာများ သို့မဟုတ် မှို တက်နေသောအစားအစာများကို စားမိ ပါက ၀မ်းရောဂါမလွဲမသွေဖြစ်စေနိုင်သည်။ သို့သော် ၀မ်းပျက်၊ ၀မ်းလျှောခြင်း သည် မိုးရာသီကာလတစ်ခုတည်းသာ မဟုတ်ဘဲအချိန် ကာလမရွေး၊ လူကြီး လူငယ်မရွေး ဖြစ်ပွားတတ်သောရောဂါဖြစ်၍အခန့်မသင့်ပါကအစုလိုက်အပြုံ လိုက် ကာလ၀မ်းရောဂါဖြစ်လာနိုင် သည် ကို သတိရှိကြရန်လို ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Source: Myawady Web Portal

ယနေ့ခေတ်မှာ ကွန်ပျူတာနဲ့ ဖုန်းအသုံးပြုသူ တစ်နေ့တခြားများလာတာတွေ့ရပါတယ်။ ကျောင်းစာတွေလေ့လာဖို့၊ စာရင်းအင်းတွေ မှတ်တမ်းတင်ဖို့ကွန်ပျူတာကို တစ်နေကုန်အသုံးပြုနေရသူတွေ၊ စာရေး၊ စာဖတ်ဖို့ ဖုန်းအသုံးပြုသူတွေနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ၊ ဂိမ်းဆော့တဲ့သူတွေက နည်းအမျိုးမျိုးနဲ့ဖုန်း၊ ကွန်ပျူတာတွေကို တစ်နေကုန်သုံးနေရတဲ့အတွက် မျက်လုံးညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေဖြစ်ပြီး မူးဝေတာ၊ ဇက်ကြောတက်တာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးပြုမှုကို ရှောင်လွှဲလို့မရတဲ့သူတွေက မျ
ယနေ့ခေတ်မှာ ကွန်ပျူတာနဲ့ ဖုန်းအသုံးပြုသူ တစ်နေ့တခြားများလာတာတွေ့ရပါတယ်။ ကျောင်းစာတွေလေ့လာဖို့၊ စာရင်းအင်းတွေ မှတ်တမ်းတင်ဖို့ကွန်ပျူတာကို တစ်နေကုန်အသုံးပြုနေရသူတွေ၊ စာရေး၊ စာဖတ်ဖို့ ဖုန်းအသုံးပြုသူတွေနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ၊ ဂိမ်းဆော့တဲ့သူတွေက နည်းအမျိုးမျိုးနဲ့ဖုန်း၊ ကွန်ပျူတာတွေကို တစ်နေကုန်သုံးနေရတဲ့အတွက် မျက်လုံးညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေဖြစ်ပြီး မူးဝေတာ၊ ဇက်ကြောတက်တာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးပြုမှုကို ရှောင်လွှဲလို့မရတဲ့သူတွေက မျက်လုံးညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေကိုသက်သာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာ မျက်စိအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
မျက်လုံးက အနီးက အရာဝတ္ထုတွေကိုကြည့်တဲ့အခါ အဝေးကအရာဝတ္ထုတွေကို ကြည့်တာထက်ဘာကြောင့် ပိုပြီးညောင်းညာရသလဲဆိုရင် မျက်လုံးက အဝေးကို ကြည့်နေတာမျိုးဆိုရင် ညောင်းညာမှုသိပ်မရှိဘဲ သက်သောင့်သက်သာရှိတယ်။ ဒါကြောင့် မိနစ် ၂၀ Screen ကြည့်ပြီးတိုင်း စက္ကန့် ၂၀ ကြာ ပေ ၂၀ အကွာအဝေးက စိမ်းစိမ်းစိုစိုရှိတဲ့အရာတွေကို ကြည့်ပေးရပါမယ်။
အနီးကအရာဝတ္ထုတွေကိုကြည့်တဲ့အခါ မျက်လုံးကညောင်းတတ်ပြီး အဝေးကိုကြည့်ရင် အလင်းတန်းတွေက ပါးသွားတဲ့အတွက် မျက်လုံးမညောင်းတော့ဘူး။ စာဖတ်တာဆိုရင် အဖြူနဲ့အမည်းဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ကွန်ပျူတာကြည့်တဲ့အခါ အလင်းတန်းတွေနဲ့ဖြစ်တဲ့အတွက် မျက်လုံးက ပိုပြီးအားစိုက်ရတယ်။ အားစိုက်ရတဲ့အတွက် မျက်လုံးပိုညောင်းပါတယ်။ မျက်လုံးညောင်းညာတာထက် မျက်ကြည်လွှာရဲ့မျက်နှာပြင် ပိုပြီးခုံးလာတဲ့အတွက် အဲဒီလို မျက်လုံးအကြည့်များတဲ့သူတွေမှာ (-)ပါဝါဖြစ်လာပါတယ်။
စာဖတ်တာ၊ ကွန်ပျူတာကြည့်တာတွေ အမြဲလုပ်နေရသူတွေအနေနဲ့ မျက်လုံးညောင်းညာတာမျိုး မဖြစ်အောင် ၂၀:၂၀:၂၀ စည်းမျဉ်းလိုက်နာသင့်ပါတယ်။ မိနစ် ၂၀ ကွန်ပျူတာကြည့်ပြီးတိုင်း ပေ ၂၀အကွာကို စက္ကန့် ၂၀ ကြာ ကြည့်ပေးသင့်ပါတယ်။
တကယ်တော့ မျက်လုံးဆိုတာ မှန်ဘီလူးခုံးတစ်ခုဖြစ်ပါတယ်။ ဒီတော့ မျက်လုံးရဲ့ဆုံချက်ကို ကျအောင်သိရှိဖို့ လိုအပ်ပါတယ်။ မျက်လုံးကြည့်တဲ့ အချိန်မှာ မျက်တောင်ခတ်ပြီး ကြည့်ဖို့လိုပါတယ်။ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတာကြောင့် မျက်လုံးကို အနားမပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာကြည့်တာဖြစ်စေ၊ စာဖတ်တာဖြစ်စေ မျက်တောင်ခတ်ပြီး ကြည့်ပေးသင့်ပါတယ်။
မျက်လုံးကိုအနားပေးခြင်းက ကြာရှည်ခံနိုင်မယ့်အသုံးပြုနည်းဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းပေါ်လာပြီး နောက်ပိုင်းမှာ မျက်မှန်တပ်ရသူတွေ ပိုများလာပါတယ်။
မျက်ရိုးကိုက်တယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မျက်လုံးတစ်ခုတည်းကြောင့် ဖြစ်နိုင်သလို ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မျက်ရိုးကိုက်တာက ခန္ဓာကိုယ်ကျန်းမာရေး အားနည်းသူတွေ၊ ကွန်ပျူတာအသုံးပြုရတာများတဲ့သူတွေမှာ မျက်လုံး ညောင်းညာမှုတွေကြောင့် မျက်ရိုးကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
မျက်ရိုးကိုက်တတ်သူတွေ အနေနဲ့ မျက်စဉ်းဆေးကတော့ အသုံးပြုဖို့မလိုအပ်ပါဘူး။ ပုံမှန်မျက်လုံးကြွက်သားရဲ့ ခံနိုင်ရည်အားကိုပဲ သိထားဖို့လိုပါတယ်။
မျက်လုံးကြွက်သားတွေရဲ့အလုပ်က အရာအားလုံးကို ကြည့်ဖို့ပဲဖြစ်တယ်။
ခြေထောက်က ကြွက်သားတွေဆိုရင် လမ်းလျှောက်ဖို့ဖြစ်တယ်။ လမ်းလျှောက်တာများရင် ခြေထောက်က ကြွက်သားတွေ နာကျင်တာခံစားရသလိုပဲ မျက်လုံးကြွက်သားတွေကလည်း အသုံးပြုတာများရင်၊ အရာဝတ္ထုတွေကိုကြည့်တာတွေများလာရင် ညောင်းညာတတ်ပါတယ်။
မျက်ရိုးကိုက်တာသက်သာအောင်၊ မဖြစ်အောင်မိနစ် ၂၀ ကြာရင် အနားပေးသင့်ပါတယ်။ မျက်လုံးကြွက်သားတွေရဲ့ခံနိုင်ရည်အားက မိနစ် ၂၀ ပဲ ကြာပါတယ်။ မိနစ် ၂၀ လောက်စာဖတ်ပြီး ကွန်ပျူတာကြည့်ပြီးပြီဆိုရင် စက္ကန့် ၂၀ လောက် ပေ ၂၀ အကွာအဝေးကိုကြည့်ပေးခြင်းဖြင့် မျက်လုံးကို အနားပေးသင့်ပါတယ်။ ဒါဆိုရင်တော့ မျက်လုံးညောင်းညာတာ သက်သာပြီး မျက်ရိုးကိုက်တာ မဖြစ်နိုင်ပါဘူး။
တကယ်လို့ မျက်ရိုးကိုက်လာတယ်ဆိုရင် ပါရာစီတမောအကိုက်အခဲပျောက်ဆေးလောက်သောက်ရုံနဲ့ သက်သာလာနိုင်ပါတယ်။ ဒါမှမဟုတ် ဗီတာမင် B1 ပါတဲ့ဆေးသောက်ရင်လည်း သက်သာနိုင်ပါတယ်။
ဒီလိုမျက်လုံးညောင်းတာ၊ မျက်ရိုးကိုက်တာ စတဲ့မျက်လုံးပြဿနာတွေနဲ့ရောက်လာတဲ့ လူနာဘက်ကလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း မျက်လုံးကိုနားဆိုရင် အနားပေးရပါတယ်။ စိတ်ဖိစီးမှုကြောင့်ဆိုရင်လည်း ကိုယ့်စိတ်ကို သေချာပြန်ပြီး ပြင်ဆင်နိုင်ရပါမယ်။ ဆရာဝန်ဘက်က ကုသမှုမှာလည်း ဘယ်အတိုင်းအတာအထိ ကုသရမယ်။ အချိန်အားဖြင့်ဘယ်လောက်ကြာမယ်။ ဘာတွေလိုအပ်တယ်။ မူလအတိုင်းကောင်းနိုင်၊ မကောင်းနိုင်ဆိုတာကို နားလည်အောင်သေချာရှင်းပြပြီး ကုသသင့်ပါတယ်။ လူနာဘက်ကလည်း သေချာလိုက်နာတယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။
ရောဂါအခြေအနေနဲ့ ကုသမှုအခြေအနေတွေကို လူနာကို သေချာနားလည်အောင် ဆရာဝန်ဘက်ကရှင်းပြပြီး လူနာဘက်ကလည်း ဆရာဝန်ညွှန်ကြားတာတွေကို သေချာစွာလိုက်နာပြီး ကုသမှုခံယူဖို့လိုပါတယ်။
မျက်ရိုးကိုက်တာက ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတာများလာတဲ့ ယနေ့အချိန်မှာ သိသိသာသာများလာပါတယ်။ ကိုယ့်အမြင်အာရုံကို မထိခိုက်အောင် အသုံးပြုသူတိုင်း တီဗွီ၊ ဖုန်းနဲ့ကွန်ပျူတာကြည့်ချိန်ကိုလျှော့ချပြီး မိမိတို့ရဲ့မျက်လုံးကိုမထိခိုက်အောင် ဂရုစိုက်ဖို့လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

လူတို့တွင် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များ စွဲမြဲစွာရှိနေတတ်သကဲ့သို့ အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များလည်းရှိနေတတ်သည်။ အကျိုးရှိသော ကောင်းသောအလေ့အကျင့်များသည် မိမိအတွက် ရှိသင့်ရှိအပ်သောအလေ့အကျင့်များဖြစ်ပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များသည် မိမိအတွက် မရှိသင့်မရှိအပ်သောအလေ့အကျင့်များဖြစ်သည်။ ထို့ကြောင့် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များကို ဆက်လက်၍ စွဲမြဲနေစေပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များကို လုံးဝဖျောက်ဖျက်သင့်သည်။ ထိုဖျောက်ဖျက်သင့်သော ဆိုးသောအလေ့အကျင့်
လူတို့တွင် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များ စွဲမြဲစွာရှိနေတတ်သကဲ့သို့ အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များလည်းရှိနေတတ်သည်။ အကျိုးရှိသော ကောင်းသောအလေ့အကျင့်များသည် မိမိအတွက် ရှိသင့်ရှိအပ်သောအလေ့အကျင့်များဖြစ်ပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များသည် မိမိအတွက် မရှိသင့်မရှိအပ်သောအလေ့အကျင့်များဖြစ်သည်။ ထို့ကြောင့် အကျိုးရှိသော ကောင်းသောအလေ့အကျင့်များကို ဆက်လက်၍ စွဲမြဲနေစေပြီး အကျိုးမရှိသော ဆိုးသောအလေ့အကျင့်များကို လုံးဝဖျောက်ဖျက်သင့်သည်။ ထိုဖျောက်ဖျက်သင့်သော ဆိုးသောအလေ့အကျင့်များတွင် ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်လည်း ပါဝင်သည်။ ဆေးလိပ်သောက်သုံးခြင်းအလေ့အကျင့်သည် လူကိုကောင်းကျိုးချမ်းသာမရရှိစေဘဲ ဆိုးကျိုးဒုက္ခများသာရရှိစေသည်။ မည်သို့သောဆိုးကျိုးဒုက္ခများရရှိစေသနည်းဟုဆိုလျှင် အလဟဿ ငွေကြေးကုန်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းကာ အခြားသူများကိုပါ ထိခိုက်စေခြင်း စသောဆိုးကျိုးဒုက္ခများရရှိစေသည်ဟု ဆိုရပေမည်။
ဆေးလိပ်သောက်ခြင်းဓလေ့ကို ၁၀ ရာစုလောက်ကစ၍ ပေါ်တူဂီနှင့် အီတလီနိုင်ငံတို့၌ စတင်ခဲ့သည်ဟု မှတ်တမ်းများအရသိရှိရသည်။ ကိုလံဘတ်သည် နယ်မြေသစ်များရှာဖွေရာမှ ၁၄၉၂ ခုနှစ်တွင် အမေရိကတိုက် ဘဟားမားကျွန်းသို့ရောက်သွားခဲ့သည်။ ထိုကျွန်းတွင် ကျွန်းသူ၊ ကျွန်းသားများ ဆေးလိပ်သောက်ရှူနေသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုသူတို့ မီးရှို့သောက်ရှူနေသော အပင်၏မျိုးစေ့ကို ကိုလံဘတ်က ဥရောပသို့ သယ်ယူလာရာမှ မျိုးဆက်ပွားခဲ့သည်။ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးကို မသိမြင်ဘဲ ဆန်းပြားခေတ်မီသော အလေ့အကျင့်ဟု မှတ်ယူကျင့်သုံးခဲ့ဟန်တူသည်။
ယနေ့ခေတ်တွင်ဆေးလိပ်ဟူသည်မှာ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ စီးကရက်မှသည် ဆေးလိပ်အစားထိုး Vape ရှူခြင်းအထိပါဝင်ပေသည်။ သာမန်ဆေးလိပ်တွင်ဆေးလိပ်ကိုမီးညှိ၍ အငွေ့ကို သောက်ရှူခြင်းဖြစ်ပြီး Vape ရှူခြင်းတွင် ဓာတုအရည်တစ်မျိုးကိုထည့်၍ ဓာတ်ပြုခြင်းမှထွက်ပေါ်လာသောအငွေ့ကိုရှူခြင်းဖြစ်သည်။
ဆေးလိပ်သောက်ခြင်းသည် လူတိုင်းမလွဲမသွေ လုပ်ကိုင်ရမည့် နဂိုအလုပ်မဟုတ်ဘဲ မလုပ်သင့်သည့်အပိုအလုပ်သာဖြစ်သည်။ စိတ်၏အလိုကိုလိုက်ကာ အကောင်းအဆိုးမချင့်ချိန်ဘဲ မျက်ကန်းတစ္ဆေမကြောက်လုပ်ကိုင်နေကြသည့် အလေ့ဆိုးတစ်ခုဖြစ်သည်။ အရွယ်စုံသောလူအားလုံး၏ ကျန်းမာရေးအတွက်လည်းမသင့်၊ စီးပွားရေးအတွက်လည်းမတော်(မလျော်)၊ ပညာရေးအတွက်လည်း အထောက်အကူမပြုသော လူ့အလေ့တစ်ခုသာဖြစ်သည်။ ဆေးလိပ်သောက်သူသည် မိမိ၏ငွေစက္ကူများကို မီးရှို့၍ ရောဂါဆိုးများကို တဖြည်းဖြည်း ဝယ်ယူနေခြင်းနှင့်တူသည်။ ဆေးလိပ်တွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် သေမင်းတမန်ဟုဆိုရလောက်အောင် ဆိုးကျိုးဒုက္ခများပေးသည်။ အဓိကအားဖြင့် ဆေးလိပ်ထဲတွင် နီကိုတင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာနှင့် ဘင်ဇင်းတို့ပါဝင်သည်။ ဆေးလိပ်ကို မီးရှို့လိုက်ခြင်းဖြင့် ထွက်ပေါ်လာသော မီးခိုးထဲတွင် ကင်ဆာရောဂါဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၆၀ ကျော်ရှိပြီး ပါဝင်သောဓာတ်ပစ္စည်းပေါင်းမှာ ၄၇၀၀ မျှရှိသည်ဟု ပညာရှင်များကဆိုသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါတို့ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ဆေးလိပ်သောက်ခြင်းမှအစပြု၍ အခြားသောမူးယစ်ဆေးဝါးစွဲသောလမ်းကြောင်းပေါ်သို့လည်း ရောက်ရှိသွားနိုင်သည်။
ဆေးလိပ်သောက်သူများတွင် အချို့က ဆေးလိပ်၏ဆိုးကျိုးကိုမသိ၍ သောက်သုံးနေသူများ၊ အချို့ကဆေးလိပ်၏ဆိုးကျိုးကိုသိလျက် သောက်သုံးနေသူများပါဝင်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူအမျိုးသားဦးရေ သန်း ၉၀၀ ကျော်နှင့် အမျိုးသမီးဦးရေ သန်း ၂ဝဝ ကျော်ရှိသည်ဟုဆိုသည်။ ဆေးလိပ်သောက်သူ သန်း ၁၀၀၀ ကျော်ရှိနေခြင်းမှာ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံရှိနေခြင်းဖြစ်သည်။
ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နှစ်လျှင် ငါးသန်းမျှရှိနေပြီး ဆေးလိပ်ကြောင့် သေဆုံးသူများ၏ လေးပုံသုံးပုံခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်ဟုဆိုသည်။ လာမည့်နှစ်သုံးဆယ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဦးရေပိုမိုတိုးပွားလာနိုင်သည်ဟုဆိုရာ အဆိုးဘက်သို့ဆက်လက်ဦးတည်နေခြင်းကြောင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသည်။
ဆေးလိပ်သောက်ခြင်းဟူသော မကောင်းသောအလေ့သည် ပတ်ဝန်းကျင်မှကူးစက်လာသည့်အလေ့ဆိုးပင်ဖြစ်သည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသကဲ့သို့ ဆေးလိပ်သောက်သူနှင့်အနေနီးလျှင် ဆေးလိပ်သောက်သော အကျင့်ကူးစက်လာကာ ဆေးလိပ်စွဲသွားတတ်သည်။ လူငယ်တစ်ယောက်သည် ဆေးလိပ်သောက်သော အခြားလူငယ်တစ်ဦးနှင့် ရင်းနှီးခင်မင်စွာနေထိုင်ခြင်းဖြင့် ဆေးလိပ်သောက်သောအလေ့အကျင့်များရရှိသွားသည်။ ခဏခဏထိတွေ့မှုရှိလျှင် စွဲမြဲသွားတတ်သည်ကို သတိမမူမိသော မိဘများက ကလေးငယ်ကို ဆေးလိပ်မီးညှိခိုင်းလေ့ရှိရာ ကလေးငယ်က ဆေးလိပ်ကိုဖွာရှိုက်ကြည့်ရာမှ တစ်စတစ်စနှင့် ဆေးလိပ်သောက်တတ်သွားသည်။ အနုပညာရှင်များ ဆေးလိပ်သောက်ပြသည်ကိုလည်း လူငယ်တို့ အတုခိုးရာမှ ဆေးလိပ်စွဲသွားကြသည်။ ဆေးလိပ်ကိုစိတ်ဖြေရန်သောက်သည်ဖြစ်စေ၊ အခြားမည်သည့် အကြောင်းကြောင့်သောက်သည်ဖြစ်စေ ဆေးလိပ်သောက်လျှင် လူ့ကျန်းမာရေးကို ဆုတ်ယုတ်ပျက်ပြားစေသည်မှာ အမှန်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များကို ပျက်ပြားစေသဖြင့် ယင်းအလေ့ဆိုးကို ထိန်းချုပ်ကာကွယ်တားဆီးရန်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်လာပေသည်။ သို့သော်လည်း ယင်းအလေ့ဆိုးကို လူ့ပတ်ဝန်းကျင်မှဝေးကွာသွားအောင် တစ်ဦးတစ်ယောက် တစ်နိုင်ငံတည်း ဆောင်ရွက်၍ မအောင်မြင်နိုင်ပေ။ နိုင်ငံအချင်းချင်းလက်တွဲ၍ လူသားအားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးလိပ်သောက်သုံးမှုအန္တရာယ် ကာကွယ်တားဆီးရေးအတွက် ကြီးကြပ်လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့လူသားများ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်၍ ကျန်းမာကြံ့ခိုင်သော လူ့ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ မေလ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။
ဆေးလိပ်သောက်ခြင်းကို ကာကွယ်တားဆီးရာ၌ ဆေးလိပ်ထုတ်လုပ်မှုကို ဥပဒေအရ ထိန်းချုပ်ကန့်သတ်ရန် နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်ကြရသည်။ ဆေးလိပ်အန္တရာယ်ကြီးမားပုံကို ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးသိရှိ၍ ရှောင်ကြဉ်နိုင်ကြစေရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော လူထုဆက်သွယ်ရေးမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပညာပေးစည်းရုံးရန်လိုအပ်သည်။ နိုင်ငံအတော်များများတွင် ဆေးရုံများ၊ ဘူတာရုံများ၊ လေဆိပ်များ၊ ကျောင်းများ၊ ဘတ်စကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ်ပျံစသောနေရာများ၌ ဆေးလိပ်မသောက်ရန် ကန့်သတ်ထားသည်။ တိကျစွာလိုက်နာသင့်သော ကျန်းမာရေးဆိုင်ရာစည်းကမ်းဖြစ်သည်။ တိကျစွာလိုက်နာခြင်းဖြင့် အောင်မြင်တိုးတက်မှုရကြောင်း ၂ဝဝဝပြည့်နှစ်က စင်ကာပူကို မီးခိုးငွေ့ကင်းသော မဟာမြို့ကြီးအဖြစ်ကြိုးပမ်းနိုင်မှုက သက်သေပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုဓလေ့သည် အလွန်ကြာမြင့်လှပြီ။ တူးဖော်တွေ့ရှိရသော မြေဆေးတံ ရှေးဟောင်းပစ္စည်းများက သက်သေဖြစ်သည်။ ဤရှေးဟောင်းပစ္စည်းများကိုကြည့်ခြင်းဖြင့် သုဝဏ္ဏဘူမိနှင့် သရေခေတ္တရာခေတ်လောက်ကပင် ဆေးလိပ်သောက်သုံးမှုဓလေ့ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လူကြီးတစ်ဦး၏ တစ်နှစ်သောက်သုံးသည့် ဆေးလိပ်အရေအတွက်သည် အလိပ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိရှိကြောင်း၊ ဆေးလိပ်သောက်သုံးသူများတွင် အသက် ၁၀ နှစ်မှ နှစ်၂ဝ အတွင်း ကျောင်းသားလူငယ်များ၏ ၄၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ဆေးလိပ်သောက်သုံးမှုထိန်းချုပ်ရေးနှင့် ဆေးရွက်ကြီးကင်းမဲ့ရေး စီမံချက်လှုပ်ရှားမှုများကိုလုပ်ဆောင်ခဲ့ရာ ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျန်းမာရေးဌာနက ဦးစီးကျင်းပသည့် ဆေးလိပ်သောက်သုံးမှု ကင်းဝေးရေးဆွေးနွေးပွဲကြီးပြုလုပ်၍ ဆေးလိပ်သောက်သုံးမှုတိုက်ဖျက်ရေးနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ ကျန်းမာရေးပညာပေးခြင်းများကိုဆွေးနွေးဆောင်ရွက်ခဲ့သည်။ထို့ပြင် ၁၉၉၉ခုနှစ်အောက်တိုဘာလတွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ကျင်းပပြီး ဆေးလိပ်အန္တရာယ်ကင်းရှင်းရေးကို ဆွေးနွေးကြ၍ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။
ဆေးလိပ်အန္တရာယ်ကာကွယ်တားဆီးရေးဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာနိုင်ငံတွင် တယ်လီဗေးရှင်းမှဆေးလိပ်ကြော်ငြာများကိုပိတ်ပင်ခြင်း၊ ဇာတ်လမ်းတွဲများဖြင့် ပညာပေးပြသခြင်း၊ ရုပ်ရှင်ရုံ၊ ရုံး၊ ဘူတာ စသောလူအများစုဝေးရာနေရာများတွင် ဆေးလိပ်မသောက်ရန် ကန့်သတ်ခြင်းတို့ပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး ဗဟိုအဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။
ကျောင်းသားအရွယ် လူငယ်လူရွယ်များ ဆေးလိပ်သောက်သုံးခြင်းမှကင်းဝေးရန် ကျောင်းပရိဝုဏ်အတွင်းနှင့် ယင်းမှ ပေ ၁၀၀ အတွင်းဆေးလိပ်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့သည်။ ၁၈ နှစ်မပြည့်သေးသူများကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချရန်စေခိုင်းခြင်း မပြုလုပ်ရန်လည်း ဥပဒေထုတ်ပြန်ပေးခဲ့သည်။ ဥပဒေပြဋ္ဌာန်းချက်များသည် ပြဋ္ဌာန်းရုံနှင့်မပြီးသေးဘဲ လူတိုင်းက ဥပဒေကို လိုက်နာဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိသည်။
ဆေးလိပ်သောက်ခြင်းအလေ့ဆိုးမှာ လူတစ်ဦးချင်းအတွက်လည်းမကောင်း၊ မိသားစုအတွက်လည်းမကောင်း၊ နိုင်ငံအတွက်လည်းမကောင်းပေ။ဆေးလိပ်မသောက်ရ၍ သေမသွားဘဲ ထမင်းမစားရလျှင်သာ သေသွားနိုင်သည်ဟူသော မှန်ကန်သောအတွေးကို ခိုင်မာစွာထားရှိ မွေးမြူဆောင်ရွက်နိုင်လျှင် ဆေးလိပ်မပြတ်နိုင်စရာအကြောင်းမရှိပေ။ဆေးလိပ်စွဲသူများသည် စောစီးစွာ ဆေးလိပ်ဖြတ်ရန်ကြိုးစားရမည်။ ဆေးလိပ်ဖြတ်ကာစတွင်ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓာတ်က လှုံ့ဆော်မှုကြောင့် ခေါင်းကိုက်သလို၊ ဗိုက်နာသလို၊ စိတ်ဓာတ်ကျသလို၊ စိတ်ဂနာမငြိမ်မှုများဖြစ်တတ်သည်။ ထိုခံစားချက်များသည် စိတ်၏လှည့်စားမှုများသာဖြစ်၍ယာယီသာဖြစ်ပေါ်တတ်ရာ ကြိုးစားကျော်လွှားခြင်းဖြင့် အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ဆေးလိပ်ကင်းစင်စေရန် ပြောရုံနှင့်မပြီး၊ ရေးရုံနှင့်လည်း မထိရောက်နိုင်ပေ။ လူတိုင်းက ဆေးလိပ်အန္တရာယ် တားဆီးကာကွယ်ရေးဥပဒေများကို မိမိကိုယ်တိုင်လေးစားလိုက်နာလျက် မိမိတို့ရပ်ကွက်၊ မြို့ရွာအတွင်း ဆေးလိပ်မသောက်ကြရန်တားမြစ်ကြရပေမည်။ဆေးလိပ်၏ အကြောင်းအကျိုးကိုပြောပြ၍ ဆုံးမလမ်းပြကြရမည်။ သို့မှသာ ပြည်သူတစ်ရပ်လုံးကကျန်းမာရေးအသိဖြင့် ဆေးလိပ်ကိုရှောင်ကြဉ်နိုင်လာပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးအဆင့်အတန်းမြင့်မားသော လူ့ဘောင်ကို တည်ဆောက်နိုင်ကြမည်ဖြစ်ပေသည်။ ။
Source: Myawady Web Portal
Photo - Similar PNG

ယခုအခါ နေပူလိုက် မိုးရွာလိုက်နှင့် ရာသီဥတုအပြောင်းအလဲကြောင့် လည်ချောင်းနာခြင်း၊ ဖျားခြင်းတို့ အဖြစ်များလာသည်ကို တွေ့ရပါသည်။ လည်ချောင်းနာခြင်းအများစုသည် သာမန်အအေးမိ သို့မဟုတ် တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်ပြီး ရံဖန်ရံခါတွင် ဗက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်သည်။ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းလက္ခဏာအများစုသည် ငါးရက်မှ ခုနစ်ရက်အတွင်း သက်သာပျောက်ကင်းနိုင်သည်။

လည်ချောင်းနာခြင်း အထူးသဖြင့် မျိုချသည့်အခါ လည်ချောင်း အတွင်းနာခြင်း၊ လည်ချောင်းခြောက်သွေ့ပြီး ယားယံခြင်း၊ ချောင်းဆိုး ခြင်း၊ အသံပြောင်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ လည်ပင်းအကျိတ်များရောင်ရမ်းခြင်း၊ နှာရည်ယိုခြင်းကဲ့သို့ လက္ခဏာများရှိနိုင်သည်။ ခန္ဓာ ကိုယ်အပူချိန်မြင့်မားနိုင်သည်။
ပြင်းထန်သောလက္ခဏာများ
လည်ချောင်းနာခြင်းမှတစ်ဆင့် အာသီးကြီးပြီး မျိုချရခက်ခြင်း၊ အသက် ရှူကျပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း၊ ပါးစပ်ဖွင့်ရခက်ခြင်း၊တံတွေး သို့မဟုတ် သလိပ်တွင်သွေးပါခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အဆစ်များရောင်ရမ်းခြင်းနှင့်နာကျင်ခြင်း၊ အရေပြားတွင် အနီစက်များ ထွက်ခြင်း၊ အပူချိန်မြင့်မားပြီး ခိုက်ခိုက်တုန်ချမ်း၍ အဖျားတက်သည်ကို ခံစားရခြင်း၊ ရက်အနည်းငယ်အတွင်း လက္ခဏာများပိုဆိုးလာခြင်းစသည့် ပို၍ပြင်းထန်သောလက္ခဏာများရှိပါက ဆရာဝန် သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါအထူးကုပါရဂူနှင့် ပြသကုသရန် လိုအပ်ပါသည်။
လည်ချောင်းနာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ
လည်ချောင်းနာသူသည် မကြာသေးမီက ကိုဗစ်-၁၉ ရောဂါနှင့် ထိတွေ့ဖူးပါက သို့မဟုတ် ချမ်းတုန်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူကျပ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက် ခြင်း၊ အရသာ သို့မဟုတ် အနံ့ပျောက်ဆုံးခြင်း၊ နှာခေါင်းပိတ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ခြင်း သို့မဟုတ် အော့အန် ခြင်း စသည့်လက္ခဏာများခံစားရပါက ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိစမ်းသပ် ရန် စဉ်းစားသင့်ပါသည်။
လည်ချောင်းနာခြင်း ဖြစ်နိုင်ခြေရှိသူများ
မည်သူမဆို လည်ချောင်းနာခြင်းကို ခံစားရနိုင်သော်လည်း ဖြစ်နိုင်ခြေအန္တရာယ်ရှိနိုင်သူများမှာ ကလေးငယ်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှု နှင့် ခုခံအားစနစ်အားနည်းနေသူများ၊ ကိုယ်ဝန်ဆောင်များ၊ သွေးချို ဆီးချိုရောဂါရှိသူများ၊ အသံကျယ်ကျယ်ပြောသူများနှင့် သီချင်းဆိုသူများသည် လည်ချောင်းနာခြင်း ဖြစ်စေနိုင်သည်။ စာသင်ကျောင်းများ၊နေ့ကလေးထိန်းကျောင်းများ၊ လေထုညစ်ညမ်းသော သို့မဟုတ် ဆေးလိပ်မီးခိုးနှင့် ထိတွေ့မှုများသောနေရာများ၌ မကြာခဏဖြစ်ပွား နိုင်သည်။
ရောဂါရှာဖွေစစ်ဆေးမှုများ
ရောဂါရှာဖွေအတည်ပြုရန် လည်ချောင်းတွင် ဗက်တီးရီးယားပိုးရှိ၊ မရှိ Throat swab နမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ရန်နှင့် သွေး စစ်ဆေးရန်လိုအပ်သည်။
လည်ချောင်းနာရောဂါကုသမှု
အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းလက္ခဏာအများစုသည် ကိုယ်ခံအားစနစ်၏တိုက်ထုတ်မှုဖြင့် တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်ပြီး ပဋိဇီဝဆေးများဖြင့် ကုသမှု မလိုအပ်ပါ။ ဗက်တီးရီးယားပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းကို ကုသရန် ပဋိဇီဝဆေးများလိုအပ်ပါသည်။ ပဋိဇီဝဆေးသောက်သူတိုင်းသည် ရောဂါလက္ခဏာများ သက်သာသွားနိုင်သော်လည်း ဆရာဝန်ညွှန်ကြားထားသောဆေးအားလုံးကို သတ်မှတ်ရက်အတိုင်းသောက်ရပါမည်။ မသောက်ပါက ရောဂါပိုးကို ပိုမိုဆိုးရွားစေကာ လည်ချောင်းမှ ခန္ဓာကိုယ်၏တခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပြီး ပြင်းထန်သော ကျောက်ကပ်ရောင်ရောဂါနှင့် လေးဖက်နာရောဂါဖြစ်နိုင်သောကြောင့် နှလုံးအဆို့ရှင်များကို ထိခိုက်ပျက်စီးစေနိုင်သည်။
လည်ချောင်းနာခြင်းကို သက်သာစေမည့်နည်းလမ်းများ
နာကျင်မှုနှင့်အဖျားသက်သာစေရန် ပါရာစီတမော သို့မဟုတ် တခြားအကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သည်။ ခံတွင်းသန့်ရှင်းအောင်ထားပြီး အစာစားပြီးချိန်တွင် ဆားရည်ခပ်နွေးနွေးဖြင့် ပလုတ်ကျင်းပေးပါ။ ရေ သို့မဟုတ် စွပ်ပြုတ်ဟင်းရည်များများသောက်ပါ။ အာဟာရဖြစ်စေသော အစာပျော့ပျော့စားပါ။ ရေခဲရေသောက်ခြင်း သို့မဟုတ် ရေခဲမုန့်နှင့်ရေခဲချောင်းစားခြင်းကို ရှောင်ကြဉ်ပါ။ ဆေးလိပ် သောက်ခြင်း သို့မဟုတ် ဆေးလိပ်မီးခိုးငွေ့များသောနေရာများကို ရှောင်ကြဉ်ပါ။ လည်ချောင်းကောင်းမွန်လာသည်အထိ အသံကို အနားပေးပါ။ ရောဂါပိုးကိုတိုက်ထုတ်ရန်၊ ကိုယ်ခံအားစနစ်ကို မြင့်တက်စေရန် အချိန်မှန်မှန် အိပ်ရေးဝဝအိပ်ပါ။ များများအနားယူပါ။
လည်ချောင်းနာခြင်းကို ကာကွယ်နိုင်သောနည်းလမ်းများ
လည်ချောင်းနာခြင်းကင်းဝေးစေရေး ရာသီဥတုအပြောင်းအလဲဖြစ် ချိန်တွင် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်စားသောက်ရန် လိုအပ်ပါသည်။ ခန္ဓာကိုယ်၏ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သည့် ဗီတာမင်၊သတ္တုဓာတ်နှင့် အင်တီအောက်စီးဒင့်ကြွယ်ဝသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ အထူးသဖြင့် ဗီတာမင်-C ကြွယ်ဝသောအစားအစာ များ၊ ဇင့်၊ ဆီလီနီယမ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများ၊ ရောင်ရမ်းမှုကိုဆန့်ကျင်သောဂုဏ်သတ္တိရှိသည့် ကြက်သွန်ဖြူ၊ ချင်းနှင့် နနွင်းကဲ့သို့ အစားအစာများအပါအဝင် နေ့စဉ် မျှတစွာစားသုံးရန်လိုအပ်ပါသည်။
ပြောင်းလဲနေသောရာသီဥတုအခြေအနေများကိုသတိပြုပြီး အပူချိန် လွန်ကဲနေချိန်တွင် အိမ် သို့မဟုတ် အေးမြ၍ လေဝင်လေထွက်ကောင်း သောအရိပ်ထဲတွင်နားနေပြီး ပြင်ပလှုပ်ရှားမှုများကို တစ်နေ့တာ၏အပူချိန်လျော့နည်းသောအချိန်များတွင်ပြုလုပ်ပါ။ အပြင်ထွက်လျှင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။ အပြင်မှပြန်ရောက်သည်နှင့် ရေခဲရေသောက်ခြင်းကိုရှောင်ကြဉ်ပါ။ အိမ်တွင် ပုံမှန်လေဝင်လေထွက်ကောင်း ရန်ပြင်ဆင်ပါ။ ပြင်ပလေထုညစ်ညမ်းမှုသည် မော်တော်ယာဉ်များ၊လောင်စာဆီလောင်ကျွမ်းမှုနှင့် စက်မှုလုပ်ငန်းများမှ ဓာတ်ငွေ့များကြောင့်ဖြစ်သဖြင့် မြို့ပေါ်တွင်နေထိုင်ပါက လူရှုပ်သောလမ်းများအနီးတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်း၊ တခြားသူသောက်သောဆေးလိပ်မီးခိုးနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသတိပြုပြီး လက်ကိုမှန်မှန်ဆေးကြောပါ။ လူအများစုဝေးသောနေရာများသို့ မကြာခဏသွားလာခြင်းကိုရှောင်ကြဉ်သင့်ပြီးမဖြစ်မနေသွားရန်လိုအပ်လျှင်နှာခေါင်းစည်းဝတ်ဆင်ရမည်။လက်သန့်ဆေးရည်အသုံးပြုရမည်။
အိမ်ပြန်ရောက်လျှင် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရမည်။ လည်ချောင်းနာခြင်း၊ အအေးမိခြင်းရှိသူများ သို့မဟုတ် တခြားအသက် ရှူလမ်းကြောင်းရောဂါပိုးရှိသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင် ကြဉ်ပါ။ နေ့စဉ် လုံလောက်စွာအိပ်စက်ပါ။ စိတ်ဖိစီးမှုများ လျော့ကျစေရန် ချစ်ခင်နှစ်သက်သည့်အပေါင်းအသင်းမိတ်ဆွေများ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာကောင်းသောလှုပ်ရှားမှုများအတွက် အချိန်ပေးပါ။
အချုပ်အားဖြင့်ဆိုသော် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်သောလည်ချောင်းနာခြင်း၊ ဖျားနာခြင်းကင်းဝေးစေရေး ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လူတိုင်းသတိပြုနိုင်စေရန်အတွက် အသိပညာပေးခြင်းဖြင့် ကျန်းမာရေးကိုထိန်းသိမ်းကာကွယ်ရန်တိုက်တွန်းလိုခြင်း ဖြစ်ပါသည်။

ကင်းပုံပင်
ကင်းပုံပင်သည် နေရာတိုင်းတွင် အလေ့ကျပေါက်ရောက်လေ့ရှိသည့် အမြဲစိမ်းသစ်ပျော့နွယ်ပင်တစ်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ နွယ်နှာမောင်း နှစ်ခုမှ လေးခုအထိခွဲထွက်တတ်သည်။ အင်္ဂလိပ်အမည်မှာ Wild Snake Gourd ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Coccinia Grandis နှင့် မျိုးစိတ်မှာ Cucurbitaceae ဖြစ်သည်။ ကင်းပုံသီးမှာ လုံး၍ ၂ လက်မကျော်ခန့် အရှည်ရှိပြီး အခွံပြောင်ချော၍ အစိမ်းပေါ်တွင် အဖြူစင်းများရှိသည်။ ရင့်မှည့်သောအခါ လိမ္မော်နီရောင်ရှိပြီး လွန်းပုံအစေ့လေးများပါဝင်သည်။ ကင်းပုံသီးသည် နွေရော၊ မိုးပါသီးသော်လည်း မိုးရာသီတွင်ပိုသီးသည်။ အဖြူရောင်ပွင့်ဖတ် ငါးခုပါသည့် ပွင့်ညှာတံရှည်သော ကင်းပုံပွင့်သည် ရွက်ညှာကြားမှထွက်ကာ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သန်းသည်။ နွယ်ပုံစံကင်းပုံရွက်မှာ အစိမ်းရောင်နုနုလေးဖြစ်နိုင်သကဲ့သို့ အရွက်ရင့်လာသည်နှင့်အမျှ အရောင်ရင့်လာပြီး အရွက်ခပ်ဖားဖားနှင့် ကျစ်လျစ်သည့်ရိုးတံရှိသည်။
ကင်းပုံသီးသည် အနည်းငယ်ခါးသက်သောအရသာရှိပြီး ယင်းကိုပြုတ်ပြီးတို့စားကြသကဲ့သို့ ကြော်၍လည်း စားနိုင်ကာဟင်းချိုအနေဖြင့်လည်းချက်သောက်ကြသည်။ အဆိုပါကင်းပုံသီးကို မြို့တွင်နေထိုင်သူများအနေဖြင့် ဈေးများ၌ အလွယ်တကူ ဝယ်ယူစားသောက်နိုင်သကဲ့သို့ ကျေးလက် တောရွာများ၏ ခြံစည်းရိုးများတွင် အလေ့ကျပေါက်ရောက်လေ့ရှိသောကြောင့် အလွယ်တကူ ခူးယူစားသုံးနိုင်သည်။
မြန်မာ့ဆေးကျမ်းဝင်ကင်းပုံပင်၏အသုံးဝင်ပုံများ
မြန်မာ့ဆေးကျမ်းများအလိုအရ ကင်းပုံပင်၏ ပဉ္စငါးပါးကို ဆေးဖက်ဝင်သည်ဟု ဖော်ပြထားသည်။ကင်းပုံသည်ခါး၏။
သလိပ်သည်းခြေကိုနိုင်၏။ ဝမ်းကိုသက်စေ၏။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၏။ အရွက်သည် ဖန်၏။ ခန္ဓာကိုယ်ကြီးထွားသန်မာမှုနှင့် အရိုး၊ သွားများ တည်ဆောက်မှုကိုအားပေး၍ အာရုံကြောများကိုလန်းဆန်းစေသည်။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏။ ကင်းပုံရွက်နှင့်နံနံစေ့ ဆတူပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။ ကင်းပုံရွက်ကို သန်ချဆေးဖျော်စပ်ရာ၌သုံး၏။ ကင်းပုံရွက်အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာပျောက်ကင်းသည်။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်စပ်ထားသောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။ ကင်းပုံသီးကို မီးဖွားပြီးခါစမိခင်များ နို့ထွက်စေရန်နှင့် လေရောဂါ၊ သွေးဖောက်ပြန်သောရောဂါ၊ ပန်းနာချောင်းဆိုးရောဂါများတွင် အသုံးပြုသည်။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ်သုံးသည်။ ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့်အနက် ဆေးဖော်စပ်ရာတွင် ကင်းပုံခါးကို အသုံးများသည်။
ကင်းပုံသီးနှင့်ကင်းပုံရွက်တွင်ပါဝင်သောအာဟာရများ
ကင်းပုံသီးတွင် အခါးနှင့်အချို နှစ်မျိုးရှိသည့်အနက် ကင်းပုံခါးသည် အထွေထွေရောဂါကုသရာ၌ ပို၍အကျိုးရှိသည်။ ကင်းပုံသီးတွင် ကယ်လိုရီဓာတ်၊ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကစီဓာတ်၊ သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင်- A ဓာတ်နှင့် ကယ်လ်စီယမ်ဓာတ် စသည့်အာဟာရဓာတ်များ များစွာပါဝင်သည်။ ကင်းပုံရွက်သည် ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်းမှထွက်သည်။ အဝိုက်သုံးဝိုက်ပါ၍ ထိပ်အဝိုက်ဘက်တွင် ထောင့်သုံးထောင့်ပါပြီး ဘေးအဝိုက်နှစ်ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်ပြီး ရွက်ပြားပါး၍ ချောမွတ်ကာ ရွက်နားများတွင် လှိုင်းတွန့်ပုံသဏ္ဌာန်ရှိပြီး ရွက်ညှာမှာအလွန်ရှည်သည်။ ထို့ကြောင့် ကင်းပုံရွက်ကို ဆီးချိုရောဂါရှိသူများ စားသုံးသင့်သည်။ ကင်းပုံရွက်ကို သည်းခြေဖျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်စပ်ထားသောဆေးများတွင်လည်း ထည့်သွင်းအသုံးပြုသည်။ ကင်းပုံရွက်ကို သန်ချဆေးဖော်စပ်ရာ၌လည်း အသုံးပြုသည်။ ရေယုန်ပေါက်လျှင်လည်း နှုတ်ခမ်းတွင်ပေါက်သည့် ရေယုန်ရောဂါမျိုးကို "နင်ကရေယုန် ငါကကင်းပုံ" ဟုနှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့် ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းနိုင်သည်။ကင်းပုံရွက်ကို နှမ်း၊ နှမ်းဆီ၊နှမ်းထောင်းတို့နှင့်တွဲဖက်၍ စားသုံးရန်မသင့်ဟု သိရသည်။ ကင်းပုံပွင့်သည် ကင်းပုံရွက်၏ရွက်ညှာကြားမှထွက်၍ အဖြူရောင်ပွင့်ဖက်ငါးခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး အပွင့်ညှာတံရှည်သည်။ ကင်းပုံပင်စည်ကိုပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာတွင် အထူးထင်ရှားသည်။
ကင်းပုံမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးနိုင်သည်။ ကင်းပုံတွင် အချိုနှင့်အခါး နှစ်မျိုးရှိသည့်အနက် ဆေးဖော်စပ်ရာတွင် အခါးကို ပိုမိုအသုံးပြုကြသည်။
ကင်းပုံသီးစားခြင်းဖြင့် ပျောက်ကင်းစေနိုင်သောရောဂါများကင်းပုံအချို၏အရသာမှာ ချိုခြင်း၊ အေးခြင်း၊ ဖန်ခြင်း၊ စိမ့်ခြင်း၊ ငန်ခြင်းနှင့် သလိပ်ကိုဖြစ်စေသည်။ ကင်းပုံသီးကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ လေနိုင်ခြင်း၊ နှုတ်မြိန်စေခြင်း၊ လေရောဂါနှင့်ချောင်းဆိုးရောဂါများ သက်သာစေခြင်း၊ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတက်စေခြင်း၊ ဆီးချိုကျခြင်း၊ ဆီးချိုကာကွယ်ပေးခြင်း၊ နှလုံးနှင့်အာရုံကြောစနစ်အတွက်ကောင်းခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ နှလုံးနှင့်အာရုံကြောစနစ်ကိုကောင်းစေခြင်း၊ အဝလွန်ခြင်းကို ထိန်းပေးခြင်း၊ သွေးအားနည်းခြင်းနှင့် မောပန်းခြင်းကိုသက်သာစေပြီး ကျောက်ကပ်တွင် ဖြစ်ပေါ်တတ်သော ကျောက်ကို ကြေစေနိုင်သည်ဟုလည်း သိရသည်။ ကင်းပုံသီးသည် ခပ်ပုပုအသီးမျိုးဖြစ်သော်လည်း ထူးခြားသောအာနိသင်မှာ အရပ်ရှည်စေသည်ဟုသိရသောကြောင့် အရပ်ပုသော တက်သစ်စလူငယ်များ ကင်းပုံသီးကိုစားသုံးသင့်ပါသည်။
ဆီးချိုရောဂါကာကွယ်ပေးနိုင်
ကင်းပုံသီးသည် ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ပြီး ကင်းပုံသီးစားခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို သိသာစွာကျဆင်းစေနိုင်သည်။ ကင်းပုံသီးတွင်ပါဝင်သော Glucose-6-pho-sphate dehydrogenase အင်ဇိုင်းက ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်သည်။ Glucose-6-phosphate dehydrogenase ဓာတ်ကို ဟန့်တားပေးနိုင်သည့် ဒြပ်ပေါင်းများပါဝင်နေသောကြောင့် ကင်းပုံသီး၊ ကင်းပုံခါးရွက်နှင့် ကင်းပုံသီးဟင်းရည်တို့ကိုစားသောက်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဆီးချိုရှိသူများအနေဖြင့် နံနက်စောစောတွင် ကင်းပုံရွက်ကိုပြုတ်သောက်ခြင်း၊ ရေနွေးဖြောပြီးစားပေးခြင်းတို့ပြုလုပ်ပေးနိုင်သည်။ ဤကဲ့သို့ ပုံမှန်စားပေးမည်ဆိုပါက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး သွေးချိုကို အကောင်းဆုံး ထိန်းညှိပေးနိုင်မည်ဖြစ်သည်။
အစာချေဖျက်မှုကောင်းစေနိုင်
ကင်းပုံသီးစားခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကဲ့သို့ ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုဆိုင်ရာပြဿနာများကိုလည်း လျော့နည်းသက်သာစေသည်။ ကင်းပုံသီးတွင်အမျှင်ဓာတ်များပါဝင်နေသောကြောင့် အစာချေဖျက်မှုကို အထောက်အကူပြုပြီး အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများကို ကာကွယ်ပေးနိုင်သည်။
ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်
ကင်းပုံသီးတွင် ဘီတာကယ်ရိုတင်း၊ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဆဲလ်များနှင့် DNA များ ပျက်စီးခြင်းမှကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် မကြာခဏစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။ အဆိုပါဓာတ်များက အကျိတ်ဆဲလ်များကြီးထွားမှုကို နှိမ်နင်းနိုင်ပြီး ကင်ဆာဆဲလ်များပြန့်ပွားခြင်းကို တားဆီးနိုင်သည်။
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်
ရှေးခေတ်ဆေးပညာ၌ ကင်းပုံကို ဆီးချိုရောဂါကုသရာတွင် အသုံးပြုခဲ့ကြသည်။ ကင်းပုံပင်၏ရိုးတံနှင့်အရွက်ကို ကြော်ချက်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်း သို့မဟုတ် ကင်းပုံသီးနှင့်ကင်းပုံရွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့်စားပေးခြင်းဖြင့်ဆီးချိုအတက်အကျကို ထိန်းနိုင်သည်။
အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်ကင်းပုံသီးက အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သည်ဟု သုတေသနများတွင် ဖော်ပြထားကြသည်။ ကင်းပုံသီးက အဆီဆဲလ်မဖြစ်မီအခြေအနေတွင် ကြိုတင်တားဆီးပေးခြင်းဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုပိုမြန်စေကာ သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေသည်။
ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေနိုင်
ခန္ဓာကိုယ်၏ခွန်အားကိုဖြည့်တင်းပေးပြီး ဇီဝဖြစ်စဉ်ကိုထိန်းညှိပေးသော အာဟာရဓာတ်ဖြစ်သည့် သိုင်ယာမင် (Thiamine) က ကာဗိုဟိုက်ဒရိတ်များကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးသည်။ ကင်းပုံသီးတွင်ပါဝင်သည့် အဆိုပါ Thiamineကသွေးကလာပ်စည်းတွင်းသို့ဝင်ရောက်ပြီး ခွန်အားပိုမိုဖြစ်ပေါ်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇဆိုင်ရာရောဂါများကိုလည်းကုသပေးနိုင်သည်။
ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးသောကင်းပုံသီးကျောက်တည်ခြင်းဆိုသည်မှာ ကယ်လ်စီယမ်နှင့်တခြားသတ္တုဓာတ်များ ဆီးလမ်းကြောင်းအတွင်းအနည်ထိုင်ပြီး အခဲပုံစံဖြစ်သွားခြင်းဖြစ်သည်။ ထိုက်သင့်သည့်ပမာဏထက်ကျော်ပြီး အငန်စားသုံးမှုများလျှင် ကျောက်ကပ်ကျောက်တည်နိုင်သည်။ ကင်းပုံသီးတွင်ပါသည့် ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး ဟင်းနုနယ်ကဲ့သို့ တခြားဟင်းသီးဟင်းရွက်များနှင့်တွဲစားပါက ကျောက်ကပ်ကျောက်တည်ခြင်းကို ကြေစေနိုင်သည်။
နှလုံးကျန်းမာရေးကိုကောင်းစေနိုင်
ကင်းပုံသီးတွင် ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ပိုတက်ဆီယမ်က သွေးလည်ပတ်မှုကို ထိန်းညှိပေးကာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေသကဲ့သို့နှလုံးရောဂါများမဖြစ်အောင် လည်း ကာကွယ်ပေးနိုင်သည်။
ခြေဖဝါး လက်ဖဝါး ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေနိုင် ကင်းပုံရွက်ကိုကြိတ်ခြေပြီး ခြေဖဝါး၊ လက်ဖဝါးများတွင် ၁၅ မိနစ်ကြာ အုံထားပေးခြင်းဖြင့်ကိုယ်တွင်းအပူများလျော့စေပြီး ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေမည်ဖြစ်သည်။ ကင်းပုံရွက်အုံထားစဉ် ခပ်ဖွဖွနှိပ်နယ်ပေးရန်လည်း လိုအပ်သည်။
သတိပြုရန်
ကင်းပုံရွက်ကဆေးဖက်ဝင်သည်ဆိုသော်လည်း အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။ ကင်းပုံရွက်နှင့်ပတ်သက်ပြီးကျန်းမာရေးအကျိုးကျေးဇူးများကို သိပ္ပံနည်းကျ ဆက်လက်လေ့လာရန်လိုအပ်ပါသေးသည်။ ကင်းပုံသီးကိုလည်း ဆေးဖက်ဝင်တိုင်း အလွန်အကျွံစားသုံးရန်မသင့်ပါ။ ''တန်ဆေး လွန်ဘေး''ဟူသော ဆိုရိုးစကားရှိသောကြောင့် အလွန်အကျွံစားသုံးမိပါက ဝမ်းပျက်ခြင်းနှင့် ဗိုက်အောင့်ဗိုက်နာဖြစ်စေတတ်သည်။ ထို့ပြင် ကင်းပုံသီးကို နှမ်း၊ နှမ်းထောင်း၊ နှမ်းဆီတို့နှင့်တွဲဖက်၍ စားသုံးရန်မသင့်ကြောင်း အာဟာရစွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် အထက်ပါကျန်းမာရေးပြဿနာများဖြစ်ပွားသည့်အခါ ကင်းပုံရွက်တစ်ခုတည်းကိုသာအားမကိုးဘဲ နီးစပ်ရာဆေးရုံဆေးခန်း၌ပြသရန် လိုပါသည်။

မိုးရာသီတွင် အအေးမိ၊ နှာစေး၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါ စသည့် ကူးစက်ရောဂါများဖြစ်ပွား လေ့ရှိသည်။ ထို့ပြင် အစာအဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအိမ်နှင့် အူများရောင်ရမ်းခြင်းတို့လည်းဖြစ်တတ်သည်။
ရှေးလူကြီးများက မိုးရာသီဓာတ်စာအဖြစ် ပျားရည်၊ ထန်းလျက်၊ သံပရာရည် ဤသုံးမျိုးကို တစ်ကျပ်သားစီ ဆတူရော၍ သုံးရက်တိတိတစ်နေ့လျှင် ဆေးတစ်ဖုံကုန်အောင်စားလေ့ရှိကြသည်။ ယင်းဓာတ်စာသည်မိုးရာသီတစ်ခုလုံး မည်သည့်ရောဂါမျှ မဖြစ်နိုင်ဟုဆိုသည်။

ထို့ကြောင့် သင့်မိသားစုကျန်းမာရေးအတွက် မိုးရာသီတွင် ဆောင်ရန်၊ ရှောင်ရန်အစားအစာများကို အောက်ပါအတိုင်း အကြံပြုလိုက်ရပါသည်။
-ဆီဖြင့်ကြွပ်ကြွပ်ကြော်ထားသော အစားအစာများက အစာကြေညက်စေရန်ခက်ခဲပြီး အစာခြေစနစ်ကိုပါ ပြဿနာဖြစ်စေနိုင် သည်။ ထို့ကြောင့် မိုးရာသီတွင် ဆီပါ၀င်မှုနည်းသောအစားအစာမျိုးကိုသာ ရွေးချယ်စားသင့်သည်။
-ကြက်ဟင်းခါးသီး၊ ကင်းပုံသီး(အခါး)၊ ခွေးတောက်ရွက်ကဲ့သို့ ခါးသောဟင်းသီးဟင်းရွက်များသည် ပြင်ပရောဂါပိုးများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
-မည်သည့်အစားအစာမဆိုလတ်လတ်ဆတ်ဆတ်စားသုံးသင့်သည်။
-အငန်ဓာတ်သည် ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်ကိုချုပ်တည်းစေနိုင်သောကြောင့် ဆား(အငန်) လျှော့စားသင့်သည်။
- ကွေကာအုပ်သည် မိုးရာသီအတွက် ဆေးဖက်၀င်သော ဓာတ်စာတစ်မျိုးဖြစ်သည်။
-မိုးရာသီအတွက် အသင့်လျော်ဆုံးဆီအမျိုးအစားမှာ သံလွင်ဆီဖြစ်သည်။ သံလွင်ဆီသည် စေးပျစ်ခဲခြင်းမရှိဘဲ အစာကြေညက်လွယ်သည်။
- မိုးအေးလွန်းသည့်နေ့များတွင် ညစာစားပါက ပျော့သော၊ ကြေညက်လွယ်သောဟင်းလျာမျိုးကိုသာ စီမံချက်ပြုတ်၍ ပူပူနွေးနွေး စားသင့်သည်။
- ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ဇီရာ၊ နံနံပင်၊ နံနံစေ့၊ နနွင်း စသည့် ဟင်းခတ်အမွှေးအကြိုင်များက မိုးရာသီအတွက်သက်စောင့် ဆေးဖြစ်သည်။
- မိုးရာသီတွင် အစာစားပြီးနောက် ၀မ်းဗိုက်အတွင်း မအီမသာခံစား ရပါက အုန်းရည်သောက်နိုင်သည်။
- အအေးမိ၊ တုပ်ကွေး၊ နှာစေးခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဗီတာမင် C ဓာတ်ကြွယ်၀သော ဂေါ်ဖီကို စွပ်ပြုတ်လုပ်၍ မကြာခဏ စားပေးပါ။ (ဗီတာမင် C ဆေးပြားကို ဖြည့်စွက်စာအဖြစ် မှီဝဲနိုင် သည်။)
-မိုးရာသီတွင်ဖြစ်တတ်သော ရာသီတုပ်ကွေးဖျားနာများသည် ကိုယ်အပူချိန်မြင့်တက်လွန်းခြင်း၊ ၀မ်းပျက်၀မ်းလျှော၍ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းများဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရေများများသောက်သင့်သည်။
-အအေးမိသူများတွင် နှာခေါင်းနှင့်လည်ချောင်းရှင်းစေရန် လက်ဖက် ရည်ကြမ်း(ရေနွေး)ကိုသာ သောက်သုံးသင့်သည်။
-အအေးမိခြင်းနှင့် လည်ချောင်းနာခြင်းတို့အတွက် ချင်းအနည်းငယ်ကိုထောင်းပြီး တစ်မိနစ်ခန့်ဆူအောင်ပြုတ်၍ တစ်နေ့နှစ်ခွက် သောက်နိုင်သည်။
- ကိုယ်ခံစွမ်းအားကောင်းမွန်၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးစသည့်ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကြက်သားသို့မဟုတ် ကြက်ရိုးကိုကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် စွပ်ပြုတ်ပူပူသောက်သင့်သည်။
-အအေးမိ၍လည်ချောင်းနာ၊ အသံ၀င်ခြင်းတို့အတွက် နွားနို့ပန်းကန်လုံးထဲသို့ ပျားရည်နှင့် နနွင်းမှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်၀က် ခန့်စီရော၍ တစ်နေ့နှစ်ကြိမ်သောက်ပါက သက်သာ စေနိုင်သည်။
-၀မ်းပျက်၀မ်းလျှောပါက ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် ဓာတ်ဆားရည်တစ်ခုခုသောက်ပါ။ ဓာတ်ဆားရည်အလွယ် တကူမရနိုင်ပါက ရေကျက်အေးလေးခွက်တွင် သကြားလက်ဖက် ရည်ဇွန်းရှစ်ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး သောက်နိုင်သည်။
-မိုးမိ၍ ချမ်းစိမ့်စိမ့်ဖြစ်လာပါက ချင်းပါးပါး ခုနစ်လွှာနှင့် ထန်းလျက် အညိုသုံးခဲတို့ကိုရေသုံးခွက်တစ်ခွက်တင်ကျို၍ နံနက်၊ညတစ်ခွက်စီသောက်ပါက အချမ်းသက်သာစေနိုင်သည်။
-ဒိန်ချဉ်တစ်ဖန်ခွက်ထဲသို့ ကြံသကာကိုထောင်းထု၍ ဖျော်ထည့်ပါ၊ ယင်းဖျော်ရည်ထဲကို ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်ထည့်၍ နံနက်တိုင်း အိပ်ရာထချိန်တွင်သောက်ပေးပါ။ ဤဆေးဖျော်ရည်က မိုးရာသီတွင်သာမက ဆောင်းရာသီတွင်ပါ ဖြစ်လေ့ရှိသော နှာစေးခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။
မိုးရာသီအတွက် ရှောင်ရန်အစားအစာများ
လမ်းဘေးအစားအစာများနှင့် ယင်နားစာများက ၀မ်းပျက်၀မ်းလျှော ရောဂါများဖြစ်စေနိုင်သည့်အပြင် အစာအဆိပ်သင့်ခြင်းကိုပါ ဖြစ်စေနိုင်၍ ယင်းအစားအစာများကို ရှောင်ကြဉ်သင့်သည်။
-၀မ်းပျက်၀မ်းလျှောခြင်းမှကြိုတင်ကာကွယ်သည့်အနေဖြင့်အမှည့်လွန်သစ်သီးများကိုရှောင်ကြဉ်သင့်သည်။
- ယင်မနားစေရန် အမှိုက်များကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်သင့်သည်။
-ဖရဲသီးကဲ့သို့သော အရည်ရွှမ်းသည့်အသီးများသည် မိုးရာသီတွင် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်သဖြင့် ရှောင်ကြဉ်သင့်သည်။
-မုန်ညင်းဆီ၊ ပဲဆီ၊ နှမ်းဆီများသည် မိုးရာသီတွင် ခန္ဓာကိုယ်တွင်းဇီ၀ဖြစ်စဉ်ကို ကမောက်ကမဖြစ်စေနိုင်၍ ယင်းဆီများစားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။
- မိုးရာသီတွင် အဆီဓာတ်ပါဝင်မှုများသော နို့နှင့်နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်သင့်သည်။ နို့နှင့်နို့ထွက် ပစ္စည်းများက အစာခြေစနစ်ကိုခက်ခဲစေကာ အစာခြေလမ်းကြောင်းအတွင်း ရောဂါပိုးမွှား များ ပေါက်ပွားစေတတ်သည်။
- အေးခဲထားသောအစားအစာများထဲတွင်ဗက်တီးရီးယားများ တိုးပွားလာစေနိုင်သဖြင့် ရေခဲသေတ္တာထဲတွင် ပြန်လည်အေးခဲ၍ မစားသင့်ပေ။ အခန့်မသင့်ပါက အစာအဆိပ်ဖြစ်စေနိုင်သည်။
-မိုးရာသီတွင် မချက်ပြုတ်ဘဲ အစိမ်းစားရသော ဟင်းရွက်စိမ်းအသုပ်များကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်သည်။ စားသုံးမည်ဆိုပါက ရေဖြင့် သေချာစွာဆေးကြောသန့်စင်ပြီးမှ စားသုံးသင့်သည်။
အချုပ်အားဖြင့်ဆိုသော် မိုးရာသီတွင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသည့် ကူးစက်ရောဂါများ ဖြစ်ပွားလေ့ရှိသဖြင့် မိမိတို့နေအိမ်တွင် ဖျားနာပျောက်ဆေးများ အရန်သင့်ဆောင်ထားသင့်သည်။ မိုးရေတွင်ပါလာ လေ့ရှိသောသဘာ၀အက်စစ်ပျော့များနှင့်စိုထိုင်းထိုင်းထိတွေ့မှုကလည်းအသား အရေနှင့်ဆံသားများကိုပျက်စီးစေတတ်သည်။ ထို့ကြောင့် မိုးမိလာသောအခါ ရေခပ်နွေးနွေးဖြင့် ရေချိုးပါ။ မှိုပိုးမွှား အန္တရာယ်မှကာကွယ်ပေးနိုင်သည့် ကာဘော်လစ် သို့မဟုတ် ပိုးသေစေ နိုင်သောကိုယ်တိုက်ဆပ်ပြာများ အသုံးပြုသင့်သည်။အနံ့အသက် ကောင်းပြီး သန့်ရှင်းခြောက်သွေ့သည့်မျက်နှာသုတ်ပဝါသုံးပါ။ ရေချိုး ပြီးသောအခါတွင်လည်းလိုအပ်ပါကယားနာပျောက်ကိုယ်လိမ်းပေါင်ဒါ သို့မဟုတ် ခရင်မ်လိမ်းပေးပါ။ မိုးရေထဲတွင်ပျော်၀င်နေသော အက်စစ်ပျော့သည်အသားအရေကိုခြောက်သွေ့ယားယံစေသဖြင့် ညအိပ်ရာ၀င်ခါနီး အသားလှဆီ သို့မဟုတ် ရေဓာတ်များသော ညလိမ်း ခရင်မ်ကို လိမ်းသင့်သည်။
မိုးရာသီတွင် လေထုစိုထိုင်းမှုများကြောင့် ၀က်ခြံ ပိုမိုပွားလာစေတတ် သည်။ ထို့ကြောင့် ဗီတာမင် C ကိုအခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားသော မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံးသင့်သည်။ မိုးရေတွင် ပါဝင်သည့် သဘာ၀အက်စစ်ပျော့ဓာတုပစ္စည်းက ဆံသားများကို ခြောက်သွေ့ ပျက်စီးစေနိုင်၍ အိမ်ပြန်ရောက်ရောက်ချင်း ရေစိုနေသောဆံပင်ကို သုံးနေကျ Shampoo ဖြင့် ခေါင်းလျှော်ပါ သို့မဟုတ် မျက်နှာသုတ်ပဝါ သန့်သန့်ဖြင့် ရေများကုန်စင်ခြောက်သွေ့အောင် ပြုလုပ် သင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
Source: Myawady Web Portal
Photo - Duwun

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများမှာ ထိုးပေးဖို့မလိုအပ်တော့ဘူးလို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက သတ်မှတ်လိုက်ပါတယ်။ ဒီသတင်းကိုထုတ်ပြန်ကြေညာလိုက်သူ က အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ်အက်(ဖ်)ကနေဒီဖြစ်ပြီး မေလ ၂၇ ရက်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် ဗီဒီယိုနဲ့တကွ ထုတ်ပြန်လိုက်တာပါ။ သူ့ရဲ့ ဘေးနှစ်ဖက်မှာခြံရံနေသူများက အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါက်တာမာတင်မက်ကာရီနဲ့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါက်တာဂျေးဘာတက်ချာယာတို့ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဒီထုတ်ပြန်ချက်ဟာ တကယ်ကိုတရာ
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများမှာ ထိုးပေးဖို့မလိုအပ်တော့ဘူးလို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက သတ်မှတ်လိုက်ပါတယ်။ ဒီသတင်းကိုထုတ်ပြန်ကြေညာလိုက်သူ က အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ်အက်(ဖ်)ကနေဒီဖြစ်ပြီး မေလ ၂၇ ရက်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် ဗီဒီယိုနဲ့တကွ ထုတ်ပြန်လိုက်တာပါ။ သူ့ရဲ့ ဘေးနှစ်ဖက်မှာခြံရံနေသူများက အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါက်တာမာတင်မက်ကာရီနဲ့ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါက်တာဂျေးဘာတက်ချာယာတို့ဖြစ်ပါတယ်။ ဆိုလိုချင်တာက ဒီထုတ်ပြန်ချက်ဟာ တကယ်ကိုတရားဝင်ဖြစ်သွားတာမျိုးကို ပြောချင်တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးအနေနဲ့အခုလိုမျိုးထုတ်ပြန်ကြေညာလိုက်ချိန်မှာအမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ဝက်ဆိုက်မှာတော့ ယခင်အကြံပြုချက်ကိုပဲဆက်လက်တင်ထားတာကိုတွေ့နေရပါသေးတယ်။ အဲဒီအကြံပြုချက်ကဘာလဲဆိုရင် အသက်ခြောက်လအထက်ရှိသူ အားလုံးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံသင့်တယ်လို့အကြံပြုထားတာပါ။ ဒါ့အပြင် သင်ကကိုယ်ဝန်ဆောင်မိခင်ဖြစ်နေမယ်၊ကလေးကိုမိခင် နို့တိုက်သူဖြစ်နေမယ်၊ ကိုယ်ဝန်ဆောင်နိုင် ဖို့ကြိုးစားသူဖြစ်နေမယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်သူ ဖြစ်လာတော့မယ့်သူတွေ အနေနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်ကာလမှာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းက သိပ်ကိုအရေးကြီးတယ်လို့ အကြံပြုချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ပညာရှင်များရဲ့ကန့်ကွက်သံ
အမေရိကန်ကျန်းမာရေးဝန်ကြီးရဲ့အခု ထုတ်ပြန်ချက်အတွက် အဓိကရည်ရွယ် ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ဒီလိုမျိုးထုတ်ပြန်မှုအပြီးမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဆီမှ ကန့်ကွက်ချက်တွေထွက်ပေါ်လာပါတယ်။ အမေရိကန်သားဖွားနှင့် မီးယပ်ပညာကောလိပ်မှ ပါမောက္ခချုပ် ဒေါက်တာစတီဗင်ဖလေ့မန်းက "ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့အကြံပြုချက်များကို ပြောင်းလဲလိုက်တယ်ဆိုရင်တောင်မှ သိပ္ပံပညာကတော့ ပြောင်းလဲမှုမရှိပါဘူး" ဆိုပြီးပြောထားပါတယ်။
"ကိုယ်ဝန်ဆောင်ကာလမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကတကယ့်ကို ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်တဲ့အပြင် ကလေးငယ်တွေမှာ မသန်စွမ်းမှုတွေ တိုးမြှင့်ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရှိထားပြီးသားပါ။ ဒါက မိသားစုများအတွက် ဆိုးဝါးလှတဲ့နောက် ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်လာစေမှာအမှန်ပါပဲ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးက ကိုယ်ဝန်ဆောင်ကာလမှာဘေးကင်းစိတ်ချရမှုရှိစေပြီး ဒီကာကွယ်ဆေးကိုထိုးနှံခြင်းက ကိုယ်ဝန်ဆောင်မိခင်များနဲ့သူတို့ရဲ့ မွေးကင်းစကလေးငယ်များကို ရောဂါပိုးကူးစက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်" လို့ ဒေါက်တာစတီဗင်ဖလေ့မန်းက အခိုင်အမာပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်ကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်းမှဥက္ကဋ္ဌ ဒေါက်တာ တီနာတန်းကလည်း ကိုယ်ဝန်ဆောင်သူတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ကလေးကိုလမစေ့မီမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် သွေးပေါင်ချိန်ထိုးတက်ခြင်း၊ နှလုံးကြွက်သားများတွင် အနာဖြစ်ခြင်း၊ သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတို့အထိဖြစ်ပွားနိုင်တယ်လို့ ပြောထားပါသေးတယ်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထုတ်လုပ်နေတဲ့ ဖိုင်ဇာ-ဘိုင်အို အန်တက်နဲ့ မိုဒါနာတို့ကကျန်းမာရေးဝန်ကြီးဌာနရဲ့အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောထားတာမရှိပေမယ့် မကြာသေးခင်တုန်းက အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်တဲ့အသက်ကန့်သတ်ချက်နဲ့ပတ်သက်လို့ ဖိုင်ဇာကုမ္ပဏီကပြောထားတာတော့ရှိပါတယ်။ ဘာပြောထားလဲဆိုရင် သူတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ပတ်သက်လို့ သိပ္ပံပညာရပ်ကိုသာ ထောက်ခံတယ်ဆိုတဲ့အကြောင်း၊ ဒီလိုမျိုး ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးခြင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ဆက်စပ်တဲ့ ဆေးရုံတက်ရောက်ကုသရသူများပြားခြင်း၊ သေဆုံးခြင်းအပါအဝင် ပြင်းထန်သောဝေဒနာများကိုခံစားရခြင်းတို့ကို ကာကွယ်ပေးရာမှာအရေးပါတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတို့ကို ပြောထားပါတယ်။
ကာကွယ်ဆေးအတွက် လုပ်ငန်းစဉ်
အမေရိကန်ပြည်ထောင်စုမှာ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ကာကွယ်ဆေးရဲ့ထိရောက်မှု၊ ဘေးကင်း စိတ်ချရမှုဆိုင်ရာသုတေသနတွေကိုလေ့လာဆန်းစစ်ပြီး အဲဒီကာကွယ်ဆေးတွေကို အသုံးပြုခွင့်သတ်မှတ်ပေးတာဖြစ်ပါတယ်။ သူတို့ကအတည်ပြုသတ်မှတ်ပေးထားတဲ့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ဒီကာကွယ်ဆေးကိုတော့ ဘယ်သူတွေက ဘယ်အချိန်မှာထိုးနှံသင့်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်များရဲ့အကြံပြုချက်များအတိုင်းအတည်ပြုပေးတာပါ။ ဒါကြောင့် ကာကွယ်ဆေးတစ်မျိုးကိုအတည်ပြုဖို့၊ ထိုးနှံဖို့နဲ့မထိုးနှံဖို့ဆိုတဲ့ ပြည်သူလူထုသို့အကြံပြုချက်မျိုးကို ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ကော်မတီကသာ အဓိကဆုံးဖြတ်တာဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ရတာမျိုးမဟုတ်ပါဘူး။ အခုဖြစ်စဉ်မှာလည်းကျန်းမာရေးဝန်ကြီးအနေနဲ့ဒီလိုထုတ်ပြန်ကြေညာချက်အတွက် ကျွမ်းကျင်ပညာရှင်များကော်မတီနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိဆိုတာ သေချာမသိရှိထားရသေးပါဘူး။
သတင်းဌာနတစ်ခုအနေနဲ့ ကော်မတီဝင်တွေကို လိုက်လံဆက်သွယ်မှုတွေလုပ်ပြီးမေးမြန်းခဲ့ပေမယ့် သူတို့ဆီကနေပြန်လည်ဖြေဆိုမှုတွေမရှိသေးတာကိုလည်းတွေ့ရှိထားပါတယ်။ ဒါပေမဲ့ အမေရိကန်ကလေးသူငယ်များဆိုင်ရာကူးစက်ရောဂါကော်မတီ အကယ်ဒမီမှဥက္ကဋ္ဌ ဒေါက်တာရှောင်အိုလာရီက အခုလိုမျိုးပြောထားပါတယ်။
"အခုဆုံးဖြတ်ချက်က ကာကွယ်ဆေး ရဲ့ဘေးကင်းစိတ်ချရမှုအတွက် နှစ်ပေါင်း များစွာကြာတည်ရှိလာခဲ့တဲ့ တွေ့ရှိချက်တွေကိုအခြေခံတဲ့လုပ်ငန်းစဉ်ကို ရှောင် လွှဲထားတဲ့အပြင် ကာကွယ်ဆေးကိုဘယ် သူတွေထိုးနှံသင့်တယ်ဆိုတဲ့ ထုတ်ပြန်မှု မျိုးနဲ့ပတ်သက်ပြီး အကြံပြုရလေ့ရှိတဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ ပညာရပ်ပိုင်း ဆိုင်ရာကျွမ်းကျင်မှုတွေကိုပါ လျစ်လျူရှု ထားတာဖြစ်ပါတယ်။"
ဒါ့အပြင်ဒေါက်တာတီနာတန်းက "အခုလိုမျိုးအမေရိကန်ပြည်သူ သန်းပေါင်းများစွာအပေါ်မကောင်းတဲ့အကျိုးဆက်တွေ မသက်ရောက်စေဖို့အတွက် ကျွမ်းကျင်သူများရဲ့အကြံဉာဏ်ကို လျစ်လျူရှုရာရောက်ပါတယ်" လို့ပြောထားပါတယ်။
အကျိုးဆက်နဲ့သက်ရောက်မှုများ
ဒီအခြေအနေအရဆိုရင် အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် ကတကယ်လိုအပ်လို့ထုတ်ပြန်လာတာလား။ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေနိုင်မလဲဆိုတာကို ဆက်ပြီးကြည့်ရမယ်ဆိုရင် ကမ္ဘာ့ကပ်ရောဂါဘေးဆိုက်တုန်းက အစိုးရတာဝန်ရှိသူတွေဟာ ဒီရောဂါဆိုးကြီးကြောင့် ဆေးရုံတက်ရောက်ကုသရတဲ့လူနာတွေ၊ သေဆုံးရသူတွေလျော့နည်းစေဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမဆုံးအတည်ပြုခဲ့တာဖြစ်ပါတယ်။
လက်ရှိကျန်းမာရေးဝန်ကြီး ကနေဒီ ဆိုတာက ဒီကာကွယ်ဆေးများရဲ့ဘေး ကင်းစိတ်ချရမှုနဲ့ပတ်သက်လို့ အမြဲတမ်း လိုလို လူသိရှင်ကြားဝေဖန်မေးခွန်းထုတ်မှုတွေလုပ်နေသူဖြစ်ပြီး သူ့လက်အောက်မှအရာရှိများနဲ့အတူ လက်ရှိဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးဖို့အကြံပြုချက်က ယနေ့အချိန်အတွက် လိုအပ်ခြင်းရှိ၊ မရှိကိုဆွေးနွေးပြီးနောက် အခုလိုမျိုးထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများက ကာကွယ်ဆေး ကိုထိုးနှံခြင်းကြောင့်ဖြစ်စေ၊ ရောဂါပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်စေ၊ နည်းလမ်းနှစ်မျိုးစလုံးကြောင့်ဖြစ်စေ ကိုယ်ခံအားရရှိထားပြီးဖြစ်တယ်လို့ သူတို့ကယူဆထားတဲ့အတွက်ဖြစ်ပါတယ်။
ဒါ့အပြင် အခုလိုမျိုးထုတ်ပြန်လိုက်တဲ့အတွက်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုထိုးရမလိုလို၊ မထိုးရမလိုလိုနဲ့ သို့လောသို့လောဖြစ်လာရပါ တယ်။ ဒါကြောင့် ပြီးခဲ့တဲ့လေ့လာမှုများကိုဆင်ခြင်ထောက်ချင့်လိုက်မယ်ဆိုရင် ဘယ်သူမဆို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုထိုးဖို့လိုအပ်မယ်ဆိုတာ မြင်သာလာမှာပါ။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အများဆုံးဖြစ်ပွားလေ့ရှိတာက ဆောင်းရာသီအခါပါ။ ပြီးခဲ့တဲ့နှစ်ဆောင်းရာသီမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသူစုစုပေါင်း လေးသိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင်ဒီရောဂါကြောင့် အပတ်စဉ်သေဆုံးသူဦးရေဟာ ရာနဲ့ချီရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဒီလိုမျိုး ဆေးရုံတက်ရသူတွေကိုကြည့်လိုက်ရင် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါဝင်နေတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် နာတာရှည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေနဲ့ လက်ရှိအချိန်အထိ တိတိကျကျမသိရှိသေးတဲ့ရောဂါရဲ့သက်ရောက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုထိုးထားတာက ပိုမိုဘေးကင်းစိတ်ချရမှုရှိစေမယ်လို့ ကျွမ်းကျင်သူများကအကြံပြုထားပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ဆိုရင် ဒီလိုမျိုးကာကွယ်ဆေးထိုးနှံခြင်းက သူတို့မွေးလာမယ့်ကလေးများအတွက်ပါ ကိုယ်ခံအားကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်မိခင်များနဲ့ မွေးကင်းစ ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်ကုသရမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်လို့ မိခင်နှင့်ကလေးဆေးဘက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
ဒါဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အခုထုတ်ပြန်ချက်က လက်တွေ့မြေပြင် အခြေအနေနဲ့ ကိုက်ညီမှုရှိပါ့မလားဆိုတာက မေးခွန်းထုတ်ဖွယ်ရာဖြစ်နေတဲ့အတွက် အငြင်းပွားဖွယ်ရာများလည်းဖြစ် ပေါ်နေပါတယ်။ ဒါကြောင့်လည်း ပညာရှင်များဟာ အကိုးအကားများနဲ့တကွ ထုတ်ပြန်ပြောဆိုမှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးဆိုတာကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်အရ ထိုးနှံရမှာမှန်ပေမယ့်လည်း တချို့သောရောဂါတွေအတွက်တော့ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကလည်း သူတို့ ရဲ့အစွမ်းသတ္တိကို အောင်မြင်စွာပြသထား နိုင်တာတွေ့ရတဲ့အတွက် ဒီလိုမျိုးအာမခံ ချက်ရှိတဲ့ကာကွယ်ဆေးမျိုးကို ထိုးနှံသင့် တယ်လို့ဆိုရမှာပါ။ ။
Ref: TIME

အိပ်ရာထထချင်း ရေသောက်ခြင်းအကျိုးကြောင့် အစာအိမ်ရောဂါ ဖြစ်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူထားရသူတစ်ဦး နှစ်ရှည်ခံစားနေရသောဝေဒနာများ ပျောက်ကင်းကျန်းမာသည့်အကြောင်းကို ရေးသားတင်ပြလိုပါသည်။
စာရေးသူ၏လူနာများထဲတွင် ဦးပေါများဆိုသည့် လက်လုပ်လက်စားတစ်ဦးရှိသည်။ ဦးပေါများဆိုသည့်အမည်နှင့် မလိုက်အောင် သူ့မှာ ဆင်းရဲသားလက်လုပ်လက်စားတစ်ဦးဖြစ်သည်။ ပျံကျအလုပ်အမျိုးမျိုး လုပ်ကိုင်နေရသူဖြစ်သည်။ လောလောဆယ် ပန်းရန်ဝင်လုပ်ရင်း အမြင့်မှလိမ့်ကျ၍ ခါးနာသွားသဖြင့် အလုပ်ရှင်က စာရေးသူ၏ဆေးခန်းသို့ ပို့ပေးခြင်းဖြစ်သည်။

စာရေးသူသည် ဦးပေါများ ခါးမှလိမ့်ကျဒဏ်ရာနှင့် ခါးဆစ်၊ ခါးဆိုင်းကြောများကို အကြောပြင်ဆေးလိမ်းပေးပြီးနောက် ပက်လက်လှန် အိပ်ကြည့်ခိုင်းသောအခါ ကောင်းစွာအိပ်နိုင်သဖြင့် ခါးရိုးဆစ်မကျိုးပါ၊ ဒဏ်ရာစိုးရိမ်စရာမရှိပါ၊ နှစ်ရက်၊ သုံးရက် အနားယူပြီး ဆေးလိမ်းလျှင် ကောင်းသွားနိုင်ပါသည်ဟု ပြောပြပါသည်။ပက်လက်လှန်အိပ်လိုက်သောအခါဦးပေါများ၏ဝမ်းဗိုက်တွင် အထက်အောက်ခွဲထားသည့် ချုပ်ရိုးကြီးနှစ်ကြောင်းကို ကင်းခြေများကြီးသဖွယ် တွေ့ရသည်။စာရေးသူက ဘာဒဏ်ရာလဲဟုမေးသောအခါ ဦးပေါများက သူ့အစာအိမ်တွင် အနာရှိသဖြင့် ဆေးရုံ၌ နှစ်ကြိမ် ခွဲစိတ်ကုသမှုခံယူထားရကြောင်း ပြောပြသည်။
ပထမအကြိမ်မှာ အိမ်တွင် လေအောင့်သည်ထင်၍ ကြုံရာလေဆေးတစ်ထုပ်ဝယ်သောက်ပြီးနေရာမှ ချွေးသီးချွေးပေါက်များကျပြီး သတိလစ်သွားသဖြင့် အိမ်နီးချင်းများက ဆေးရုံပို့လိုက်ကာ ခွဲစိတ်ရခြင်းဖြစ် သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်ကဖြစ်သည်ဟု ဆိုသည်။ဒုတိယအကြိမ် ခွဲစိတ်ခံရခြင်းမှာ လွန်ခဲ့သောလေးနှစ်ခန့်ကဖြစ်သည်။
အလုပ်ထဲ၌မိုးမိပြီး အပြန်တွင် ချမ်းတုန်ဖျားလာသဖြင့် လမ်းထိပ်ဆေးဆိုင်တစ်ခု၌ စပ်ဆေးတစ်ထုပ်ဝယ်ခဲ့သည်။ အိမ်ရောက်သောအခါ စားစရာမရှိသဖြင့် ကော်ဖီမစ်တစ်ထုပ်ဖျော်သောက်ပြီး စပ်ဆေးအတောင့်၊ အပြားများကို တစ်ကြိမ်တည်းသောက်ချလိုက်သည်။ နောက်နာရီဝက်ခန့်ကြာသော် ဗိုက်ထဲမှ မခံမရပ်နိုင်အောင်နာလာသည်။ ရေနွေးပုလင်းကပ်ပြီး ပေနေလိုက်သည်။ နံနက် ၂ နာရီခန့်တွင် အန်သည်။နီရဲသောသွေးများပါလာသဖြင့် ဆေးရုံသို့ အရေးပေါ်တင်လိုက်ရပြီး နံနက် ၈ နာရီခန့်တွင်ခွဲစိတ်ခံရသည်ဟုဆိုသည်။ စပ်ဆေးများ၏အကျိုးပင်ဖြစ်သည်။
သူသည် ဆေးရုံမှ ဒုတိယအကြိမ်ဆင်းပြီးနောက် သုံးလခန့်အထိ အစာမစားနိုင်။ ဆန်ပြုတ်၊ ကွေကာ၊ ဖျော်ရည်များဖြင့်သာ အသက်ဆက်နေရသည်ဟုဆိုသည်။ ဆေးရုံမှ အပူအစပ်နှင့် အစာများများမစားရန်၊ နည်းနည်းနှင့် အကြိမ်များများ ခွဲစားရန်မှာရခြင်းမှာ သူ့အစာအိမ်သည် နှစ်ကြိမ်ခွဲစိတ်ခံထားရသဖြင့် သိပ်မကျန်တော့ဘဲ ကျဉ်းသွားသောကြောင့်ဟုဆိုသည်။
သူသည် ထမင်းမစားရသဖြင့် လူက ပိန်သည်ထက် ပိန်လာသည်။ ကြုံရာကျပန်းအလုပ်လည်း မလုပ်နိုင်သဖြင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေးအခက်အခဲရှိလာသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားနေပြီး ကပ္ပိယလုပ်နေသည်။ ဆရာတော်ကျွေးသော ဆွမ်းကျန်ကို စားသည်။ ထိုဆရာတော်က အစာစားနိုင်အောင် သူ့အစာအိမ်ကို ကုပေးလိုက်သည်ဟု သူကပြောသည်။
ဆရာတော်ပေးလိုက်သောကုထုံးမှာ အထူးအဆန်းဖြစ်သည်။ နံနက်စောစော အုန်းမောင်းခေါက်ချိန် အိပ်ရာထသည်နှင့် မျက်နှာမသစ်၊ သွားမတိုက်မီ ရေအဝသောက်ခိုင်းသည်။ အစကတော့ သူသည် အိပ်ရာထစနှင့် မျက်နှာမသစ်၊ သွားမတိုက်ရသေးဘဲ ရေမသောက်ချင်။ သို့သော် ဘုန်းကြီးက နံနက်စောစော ခံတွင်းမှအရည်တွင် အစာကြေစေနိုင်သောအရည်များပါသည်ဟု ဆိုသည်။
သူ သောက်ရသောရေမှာလည်း တစ်ခွက်မဟုတ်။ တစ်ဖလားအပြည့်။ မျက်နှာသစ်သည့် ရေဖလားနှင့်အပြည့်နီးပါးသောရေကို ရေစစ်ဖြင့် စစ်ပေးပြီး ကုန်အောင်သောက်ခိုင်းသည်။ ရေတစ်ဖလားသောက်ရသည်မှာ လွယ်သည့်ကိစ္စမဟုတ်။
"ဒီရေတွေကို အကုန်ဝင်အောင်သောက်၊ ဒါမှ အစာအိမ်က ပြန်ကျယ်လာမယ်။ အစာအိမ်ကျယ်မှ အစာဝင်လာမှာ" ဟု ဆရာတော်ကပြောသဖြင့် မသောက်ချင်သော်လည်း ကုန်အောင် ကြိတ်မှိတ်သောက် ရသည်။ ဤသို့ နေ့စဉ်ရက်ဆက် နံနက်အိပ်ရာထသည့်အချိန် တန်းပြီး ရေ တစ်ဖလားသောက်ရသည့်ဒုက္ခမှာမသေးဟု နဂိုကထင်သော်လည်း တစ်ပတ်၊ ၁၀ ရက်ခန့်ကြာလာသောအခါ ခံနိုင်ရည်ရှိလာသည်။ အကျင့်ဖြစ်၍ နံနက်အိပ်ရာထသည်နှင့် ရေကန်သို့တန်းပြေး၊ ရေစစ်နှင့်တစ်ဖလား စစ်ယူခဲ့ပြီး အားပါးတရသောက်လိုက်ရမှ နေသာသလိုဖြစ်သွားသည်။
မကြာမီ ကျောင်းမှစွန့်သောဟင်းမျိုးစုံပါသည့်ဟင်းလေးနှင့်ဆွမ်းကျန်တို့ကို စားနိုင်လာသည်။ စားနိုင် သည်မှာ ရှေးယခင် ၁၀ နှစ်ကထက်ပင် ပိုစားနိုင်လာသည်။ ယခင်က ထမင်းပန်းကန် တစ်ဝက်ပင်မကုန်။ အစာအိမ်ကျဉ်းသဖြင့်မဝင်သောသူသည်ထမင်းတစ်ဇလုံအပြည့် စားနိုင်လာသည်။ ဟင်းချိုကလည်း ပါသေးသည်။ သူ့ကို နှစ်ကြိမ်နှစ်ခါဒုက္ခပေးခဲ့သောအစာအိမ်သည် ရေသောက်ခြင်းအကျိုးဖြင့် ပြန်ကောင်းခဲ့ရသည်ဟုဆိုသည်။
ခွဲစိတ်ကုသမှုကြောင့် အစာအိမ်ကျဉ်းသွားသူ၊ အစာအိမ်ဖြတ်ထုတ်ရသောသူများကိုဆရာဝန်များက များများမစားရန်၊ နည်းနည်းနှင့် အကြိမ်ခွဲပြီး စားရန်နှင့် ကြေလွယ်သောအစာကိုသာ စားရန်၊ ကောက်ညှင်း၊ ဆန်ကြမ်း၊ မာသောအစာ၊ အကြော်အလှော်၊ အပူအစပ်များကို ရှောင်ခိုင်းလေ့ရှိပါသည်။ အဓိကရောက်သောဒုက္ခမှာ များများမစားရ၊ နည်းနည်းနှင့် တစ်နာရီတစ်ကြိမ်ခန့် စားနေရခြင်းဖြစ်သည်။လက်လုပ်လက်စားများအဖို့ လိုက်နာရန်မလွယ်သောကိစ္စဖြစ်သည်။
ရှေးမြန်မာနည်း၊ ဗိန္ဒောနည်းများသည် တစ်ခါတစ်ရံ ဆေးမပေးဘဲ ရေဖြင့်ကုသောကုထုံးများရှိသည်။ရေကိုပင်ဆေးတစ်ပါးအဖြစ်အသုံးပြုသည်။ ရေအမျိုးမျိုး၏အကျိုးအာနိသင်ကိုခွဲခြားပြီး ဆေးအဖြစ် သုံးသည်။ ဥပမာ- မိုးရေကိုခံထားပြီး ကျိုချက်သောက်ခြင်း၊ မိုးသီး၊ နှင်းရည်တို့ကို ခံယူထားပြီး မျက်စဉ်းခတ်ခြင်း၊ တိမ်သလာတို့ကို ကုသခြင်းများ ပြုလုပ်လေ့ရှိကြသည်။
ယခု ဆရာတော်က ဦးပေါများကိုရေတစ်ဖလားသောက်ခိုင်းခြင်းမှာလည်းဆေးကျမ်းတွင်ပါသည် မဟုတ်။ရှေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော ရှေးဗိန္ဒောနည်းဖြစ်ပါလိမ့်မည်။ယခု ဦးပေါများ ပြောသောနည်းကိုသိရသောအခါ စာရေးသူတို့ငယ်စဉ်ကခေတ်စားခဲ့သော သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါပျောက်သည်ဆိုသော ဂျပန်ရေသောက်နည်းကို သွားသတိရမိပါသည်။ထိုနည်းမှာ ရေတစ်အိုး (အာတာပုလင်းနှင့် လေးပုလင်း) သောက်သောနည်းဖြစ်သည်ဟုမှတ်မိသည်။ နည်းလမ်း အတိအကျကိုတော့ မမှတ်မိတော့ပါ။ စာရေးသူ ငါးတန်းကျောင်းသားအရွယ် ၁၉၆၃ ခုနှစ်ခန့် ကဖြစ်သည်။ ထိုနည်းဖြင့် ကျောက်ကပ်နှင့် သွေးတိုးရောဂါပျောက်ကင်းသူ အတော်များများရှိခဲ့ဖူးပြီး နောက် အဘယ်ကဲ့သို့ မှေးမှိန်သွားသည်ကိုမူ မသိတော့ပါ။
ရေသည် ရန်သူမျိုးငါးပါးတွင် ပါဝင်သော်လည်း မရှိလျှင်မဖြစ်သည့် သက်စောင့်ဓာတ်လည်းဖြစ်သည်။အာယုဗ္ဗေဒဆေးပညာအခြေခံ၊ တိုင်းရင်းမြန်မာဆေးပညာအခြေခံ၊ တရုတ်ဆေးပညာအခြေခံတို့တွင် ရေနှင့်မြေသည် အဓိကကျသောအကြောင်းရင်းခံကုရမည့်ဓာတ်များ၊ ပိုလျှင်လျှော့၊ လိုလျှင်ဖြည့်ရမည့်ဓာတ်များဖြစ်သည်။
ရေသောက်ခြင်း၊ ရေကုထုံးများကြောင့် ဆရာဝန်ကြီးများပင် မထင်သည့်ရောဂါဝေဒနာများ ပျောက်ကင်း ခဲ့ဖူးသည့် သာဓကများစွာရှိသည်။ ရောဂါရှိသူ၊ မရှိသူ၊ လူ၏အနေအထား၊ ခန္ဓာကိုယ်အချိုးအစား၊ အပိန်အဝပေါ်မူတည်၍ သောက်သင့်သည့်ရေအချိုးအစားမှန်ကန်စွာသောက်သုံးနိုင်ပါကရောဂါကင်းရှင်းကျန်းမာစေနိုင်သော သဘာဝကပေးသည့်ဆေးတစ်ပါးဖြစ်သည်။
စာဖတ်သူသည် အောက်ပါရောဂါများရှိသူဖြစ်ပါကဤနည်းကို စမ်းသပ်ကြည့်စေလိုပါသည်။
(၁) နှစ်ကြာအစာအိမ်ရောဂါ၊
(၂) လေရောဂါအမျိုးမျိုး၊
(၃) ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ၊
(၄) သွေးတိုးရောဂါ၊
(၅) ဝမ်းချုပ်ရောဂါ၊
(၆) လိပ်ခေါင်းရောဂါ၊
(၇) အာသီးရောင်ရောဂါ၊
(၈) အကြောတက်ရောဂါနှင့်
(၉) မျက်စိအားနည်းရောဂါတို့အတွက် အကျိုးရှိပါသည်။
နံနက်အိပ်ရာထချိန်သည်အရုဏ်တက်ချိန် (နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲ) အတွင်းဖြစ်လျှင် ရေသောက်ခြင်းသည် ပိုထိရောက်ပါသည်။
အိပ်ရာထလျှင်သောက်ရန် ရေအေးကို ညကတည်းက ရေတကောင်းတစ်ခုဖြင့် ကြိုတင်ပြင်ဆင်ထားလျှင် အကောင်းဆုံးဖြစ်ပါသည်။ အိပ်ရာထပြီး အပေါ့အပါးသွားပြီးသည်နှင့် ရေတစ်ဖလား (သောက်ရေသန့်ဘူးဖြင့်တွက်လျှင် တစ်ဘူးခွဲခန့်)ကို ကုန်နိုင်သမျှသောက်ပါ။ စသောက်သောက်ချင်း မကုန်နိုင်လျှင် ကိစ္စမရှိပါ။ နောက်တဖြည်းဖြည်း သောက်နိုင်လာပါလိမ့်မည်။ ဝမ်းမှန်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ အစာအိမ်ကောင်း၍ကျန်းမာခြင်းအကျိုးကျေးဇူးများ မကြာမီရရှိလာမည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal
Photo - Berkey water filters