လူတိုင်း ဖြူစင်ဝင်းပတဲ့သွားတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ သွားတွေက သဘာဝအတိုင်းဖြူနေပေမယ့် အလွယ်တကူအစွန်းအထင်းဖြစ်နိုင်ပါတယ်။ အစားအစာတွေထဲမှာ အချဉ်ဓာတ်ပါဝင်မှု၊ ဆိုးဆေးပါဝင်မှုနဲ့ ဆေးလိပ်သောက်တာလို မကောင်းတဲ့အလေ့အထတွေကြောင့် သွားအပေါ်ယံကြွေလွှာပျက်စီးမှုဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့သွားတွေက သဘာဝအတိုင်း ဖြူနေတတ်ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ သွားတွေရဲ့အရောင်က အဝါရောင်သန်းလာတတ်ပါတယ်။ ဒါကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

ဘလူးဘယ်ရီသီး ဒါမှမဟုတ် စပျစ်ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည်စတာတွေကို သောက်သုံးမှုများတာ၊ သကြားနဲ့ကာဗိုဟိုက်ဒရိတ်များတဲ့အစားအသောက် တွေအစားများတာ၊ ဆေးလိပ်အသောက်များတာ ဒါမှမဟုတ် ကွမ်းယာထဲမှာ ဆေးရွက်ကြီးထည့်စားတာများလာတာကြောင့် သွားတွေ အဝါရောင်ဖြစ်စေနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှသွားတွေအဝါရောင်ဖြစ်လာနိုင်ခြေပိုများလာစေတာကတော့ မျိုးရိုးဗီဇ၊ ပါးစပ်ဒဏ်ရာရတာ၊ဖလူအိုရွိုက်သွားတိုက်ဆေးအလွန်အကျွံသုံးထားတာ၊ သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာနဲ့ နာတာရှည်ပါးစပ်ခြောက်တာ ဒါမှမဟုတ် တံတွေးအထွက်နည်းတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
စပျစ်ဝိုင်နီက နှလုံးအတွက်ကောင်းပေမယ့် သွားတွေအတွက်တော့ မကောင်းနိုင်ပါဘူး။ အရောင်အရင့် ဆုံးစပျစ်ဝိုင်နီက သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားတွေမဝါချင်ရင် စပျစ်ဝိုင်အဖြူကို ရွေးသောက်သင့်ပါတယ်။
ကော်ဖီက သွားတွေကိုစွန်းထင်းစေတဲ့အရာဖြစ်ပါတယ်။ ကော်ဖီကို နို့ ဒါမှမဟုတ် မလိုင်ထည့်သောက် ပြီး အဲဒီပြဿနာကို ရှောင်ရှားနိုင်ပါတယ်။
လက်ဖက်ရည်မှာပါတဲ့ တိုင်နင်(Tannins)က သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားတွေ ဖြူစင်တောက်ပချင်တယ်ဆိုရင်အရောင်ရင့်တဲ့ လက်ဖက်ရည်ကိုရှောင်သင့်ပါတယ်။
ကိုကာကိုလာ ဒါမှမဟုတ် ဆော်ဒါတွေမှာ အရောင် ဆိုးဆေးတွေပါဝင်ပြီး အချဉ်ဓာတ်ပါဝင်မှုလည်းများ ပါတယ်။ ကိုကာကိုလာမှာပါတဲ့ အချဉ်ဓာတ်က သွားအပေါ်ယံကြွေလွှာပျက်စီးစေပါတယ်။ သွားတွေမဝါ ချင်ရင် အရောင်ဖျော့တဲ့သစ်သီးဖျော်ရည်ကို ရွေးသောက်သင့်ပါတယ်အရောင်ရင့်တဲ့ဖျော်ရည်ကို ကြိုက်နှစ်သက်ရင် ဖျော်ရည်ကို ရေနဲ့ရောပြီးသောက် သင့်ပါတယ်။
ဘဲလ်ဆမစ်ဗင်နီဂါ (Balsamic Vinegar) ရှလကာရည်ရဲ့ ရင့်တဲ့အရောင်က သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားအရောင်မစွန်းထင်းရအောင် ရှလကာရည်မသုံးမီ ဆလတ်ရွက်ကို အရင်စားပေးသင့်ပါတယ်။ ရှလကာရည်အစား သံပရာရည်ကို အစားထိုးသုံးနိုင်ပါတယ်။
ရေခဲမုန့်နဲ့ရေခဲချောင်းတွေက လျှာနဲ့သွားတွေကို အရောင်စွန်းထင်းစေနိုင်ပါတယ်။ အရောင်မစွန်းထင်းရအောင် အရောင်ဖျော့တဲ့ ရေခဲမုန့်နဲ့ရေခဲချောင်းကိုသာ စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးကို သဘာဝအစားအစာအပြင် အဝတ်အထည်တွေကို အရောင်ဆိုးရာမှာလည်း သုံးကြပါတယ်။ သွားတွေကို အရောင်မစွန်းထင်းအောင် ကြက်ဟင်းခါးသီးစားပြီးနောက် မိနစ် ၃၀အကြာမှာ သွားကို ဖလူအိုရွိုက်ပါတဲ့သွားတိုက်ဆေး နဲ့ တိုက်ပေးသင့်ပါတယ်။
ပဲငံပြာရည်လိုအရောင်ရင့်တဲ့ဆော့စ်တွေကလည်း သွားတွေကို အရောင်ပြောင်းစေနိုင်ပါတယ်။ဆော့စ်တွေက အဝတ်အထည်တွေကို အရောင်စွန်း ထင်းစေနိုင်တယ်ဆိုရင် သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်တာကို သတိပြုသင့်ပါတယ်။ ဆော့စ်တွေထဲမှာ ခရမ်းချဉ်သီးဆော့စ်က အရမ်းကောင်းတဲ့ဆော့စ်ဖြစ်ပေမယ့် သွားတွေကိုအရောင်စွန်းထင်းစေပါတယ်။ ခရမ်းချဉ်သီးဆော့စ်ပါတဲ့ အစားအစာ တွေမစားခင်မှာ ဟင်းနုနယ်ရွက် ဒါမှမဟုတ် ပန်းပွင့်စိမ်းကို အရင်စားပေးသင့်ပါတယ်။ အဲဒီဟင်းသီးဟင်းရွက်တွေက သွားတွေကို အရောင်မစွန်းထင်း အောင် ကာကွယ်ပေးတဲ့အလွှာတစ်ခုဖြစ်စေပါ တယ်။
ဟင်းခတ်အမွှေးအကြိုင်တွေကသွားတွေကို အရောင်စွန်းထင်းမှုဖြစ်စေပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ဟင်းလျာတွေကို စားပြီးတဲ့အခါပလုတ်ကျင်းဆေးသုံးပြီး သွားတွေမဝါ အောင် ကာကွယ်သင့်ပါတယ်။
ဘလူးဘယ်ရီသီးကအရောင်ရင့်တာကြောင့်သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ ဒါပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်တွေကြွယ်ဝတာ ကြောင့် ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာဖြစ်ပါတယ်။ သွားတွေအရောင်မစွန်းထင်းအောင်ဘလူးဘယ်ရီသီးစားပြီးတဲ့အခါ ရေနဲ့ပလုတ်ကျင်း သင့်ပါတယ်။
လူကြီးတွေရဲ့သွားတွေက ကလေးတွေရဲ့သွားတွေထက် အရောင်ပိုရင့်တတ်ပါတယ်။ ဒါက သွားအပေါ်ယံကြွေလွှာကြောင့်ဖြစ်ပါတယ်။ ကလေးတွေ မှာ အပေါ်ယံကြွေလွှာအပြည့်နဲ့ သွားအသစ်တွေရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အပေါ်ယံကြွေ လွှာတွေပျက်စီးစေပြီး ကွာကျလာပါတယ်။ သွားတွေရဲ့ အလွှာတစ်ခုချင်းစီက အဝါရောင်သန်းနေတာကြောင့် သွားတွေ အဝါရောင်ဖြစ်လာတတ်ပါတယ်။ သွားတွေ အဝါရောင်မဖြစ်အောင် သွားပျက်စီးစေတဲ့ အစားအစာတွေနဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။
သွားတွေဝါစေတဲ့ အကြောင်းရင်းတွေထဲမှာ ကွမ်းစားခြင်းကလည်း အဓိကပါဝင်ပါတယ်။ ကွမ်း ကို အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာ စားသုံးတတ်ကြပါတယ်။ ကွမ်းရွက်၊ ထုံးနဲ့ ကွမ်းသီး သုံးမျိုးရောရင်အနီရောင်ကွမ်းတံတွေးထွက်လာပါတယ်။ကွမ်းသီးမှာ အရောင်ပါဝင်တတ်သလို ရှားစေးထည့်စားတဲ့အခါ သွားမှာ အဝါရောင်၊ အနီ ရောင်သန်းလာပါတယ်။ ထိုင်းနိုင်ငံက ရှားစေးအသုံးပြု မှုများတာကြောင့် သွားတွေဝါတဲ့အပြင် မည်းတဲ့အထိ ဖြစ်စေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ရိုးရာတစ်ခုမှာ ရှားစေးခဲကိုသွားနဲ့အမြဲပွတ်တိုက်ပြီးမည်းနက်နေအောင်ပြုလုပ်ပေးတတ်ကြပါတယ်။ အမည်း ရောင်သွားတွေက သူတို့လူမျိုးရဲ့ အမှတ်သညာ ဖြစ်ပါတယ်။ ကွမ်းစားတဲ့အခါ ကွမ်းချိုးတွေ ကြွေလွှာ ပေါ်မှာတင်ကျန်ခဲ့ပါတယ်။ ကွမ်းစားတဲ့သူတိုင်း နှစ်စဉ် သွားချိုးတွေခြစ်ထုတ်ပေးတာကသွားအဝါရောင်၊ အမည်းရောင်မဖြစ်ရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အရောင် စွန်းထင်းမှုနည်းအောင် ကွမ်းဖြတ်သင့်ပါတယ်။
အချုပ်အားဖြင့် သွားတွေမဝါအောင်ကာကွယ်တဲ့ အနေနဲ့ အစာစားပြီးတိုင်း မိနစ် ၃၀ အကြာမှာ သွား တိုက်တဲ့အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ နောက်ပြီး အစာစားပြီးတဲ့အခါ တံတွေးထွက်စေဖို့ သကြားမပါတဲ့ ရွက်ချိုမှုန့်အသုံးပြုပြီး ပြုလုပ်ထား တဲ့ သကြားလုံးငုံပေးပါ။ အရောင်ဆိုးဆေးပါတဲ့အစား အစာတွေစားပြီးတိုင်း ဒါမှမဟုတ်အချိုရည်တွေ သောက်ပြီးတိုင်း သွားတိုက်ပေးဖို့လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။ ။
Source: Myawady Web Portal
Photo - Kids Dental Online

အားလပ်ရက်များတွင်မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့် စားသောက်ဖွယ်ရာများကိုစုဝေးစားသောက်ခြင်းသည် စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိသည်။ အပြုသဘောဆောင်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းနှင့်အစားအစာရွေးချယ်စားသောက်မှုအရသာသည်ပျော်ရွှင်သောဟော်မုန်းများကိုထွက်စေသဖြင့် လူတို့ကို ပိုမိုပျော်ရွှင် ကျန်းမာသောဘဝနှင့်အသက်ပိုရှည်အောင်ကူညီပေးနိုင်သည်ကိုတွေ့ရှိခဲ့သည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအပေါ်မူတည်၍ ဘူဖေး အမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ဘူဖေးစားသောက်ခြင်းမှာခေတ်စားလာသည်။ ဘူဖေးစားသောက်ခြင်းသည် ဟင်းပွဲမျိုးစုံ၊ အချိုပွဲမျိုးစုံကို မည်မျှစားသည်ဖြစ်စေ ပုံမှန်သတ်မှတ်ထား သောစျေးနှုန်းဖြင့် စားနိုင်သမျှစား၍ရသော အစားအသောက်အစီအစဉ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သော်လည်း ပျော်စရာနည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် သွေးချိုဆီးချို ရောဂါရှိသူများ အတွက် ဘူဖေးစားသောက်ခြင်းသည် အထူးစိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ပါသည်။
သို့ရာတွင် သွေးချိုဆီးချိုရောဂါရှိသူများသည် ကြိုတင်စီစဉ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောစား သောက်ဖွယ်ရာများကို ရွေးချယ်ခြင်းနှင့် အစားအစာများ၏ အရွယ်အစားပမာဏကို ကြည့်ရှုခြင်းဖြင့် ဘူဖေးအရသာကို ကောင်းစွာခံစားနိုင်ပြီး စိတ်ပျော်ရွှင်မှုကိုရရှိနိုင်ပါသည်။ ဖော်ပြပါ ဘူဖေးအကြံပြုချက်များကိုအသုံးပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပညာရှိစွာ ရွေးချယ်နိုင်ပါသည်။
အထွေထွေအကြံပြုချက်များ
ဘူဖေးစားသောက်ရန်မသွားမီ မည်သည့်အစားအစာများကိုစားမည်၊ မည်သည့်အစားအစာများကို ရှောင်မည်၊ မည်သည့်အစားအစာများကို ကန့်သတ်လိုသည်ကို ကြိုတင်စဉ်းစားထားပါ။ ကိုယ်တိုင် မရွေးချယ်မီ ဘူဖေးတွင် ခင်းကျင်းထားသော စားစရာများအားလုံးကိုစစ်ဆေးပါ။ ကာဗိုဟိုက်ဒရိတ်နည်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ်မပါဝင်သော ဟင်းလျာများကိုရှာဖွေပါ။ ထို့နောက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များနှင့်အတူ အကြိုက်ဆုံးဟင်းပွဲတစ်ခု သို့မဟုတ် နှစ်ခုကိုရွေးချယ်ပါ သို့မဟုတ် ဟင်းအနည်းငယ်ကိုသာရွေးချယ်ပါ။
ပန်းကန်အများစုကို ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များဖြင့်ဖြည့်ပါ။ အဆီများသောအစားအစာများ၊ ကြော်ထားသောအစားအစာများ၊ ဘေကွန်၊ ဝက်သားနှင့်ချိစ်ပါသောအစားအစာများ၊ ချိုသော၊ ငန်သောအစားအစာများ၊ အချိုပွဲများကို အနည်းငယ်သာစားသုံးပါ သို့မဟုတ် ရှောင်ကြဉ်ပါ။ အရေပြား မပါသောအသား၊ ကြက် သို့မဟုတ် ငါးကိုရွေးပါ။ ထောပတ်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီနှင့် ဖရဲသီးကဲ့သို့သော ကယ်လိုရီပါဝင်မှုနည်း၍ လတ်ဆတ်သော အသီးအနှံများကိုရွေးချယ်ပါ။ ရေ၊ သကြား မပါသောဖျော်ရည်များ၊ အချိုမပါသောလက်ဖက်ရည်သို့မဟုတ် ကော်ဖီ သို့မဟုတ် အသီးဖျော်ရည် သောက်ပါ။ ဖြစ်နိုင်ပါက အဆီနည်းသောအဓိကဟင်းလျာများကိုစားပါ။
အကယ်၍ အရက်သောက်သုံးပါက အမျိုးသမီးဖြစ်လျှင် တစ်နေ့တစ်ယူနစ်ထက်ပို၍မသောက်ပါနှင့်၊ အမျိုးသားဖြစ်လျှင် တစ်နေ့နှစ်ယူနစ်ထက်ပိုမသောက်ပါနှင့်။ သောက်နေသောသွေးချိုကျဆေးများ ကိုချိန်ညှိပါ။ အင်ဆူလင်ထိုးသူများ ဆေးပမာဏကို ချိန်ညှိရန် စဉ်းစားပါ။ ဘူဖေးစားသောနေ့တွင် အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်ကို တိုင်းတာရန်နှင့် နောက်နေ့နံနက်ခင်း အစာမစားမီ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ အစာစားပြီးနောက် လမ်းလျှောက်ခြင်းပင်လျှင် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးပြီး ကိုယ်အလေးချိန်အလွန် အကျွံတက်ခြင်းမှကာကွယ်ပေးနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများအတွက် ပန်းကန်ပြား အခြေပြုပြင်ဆင်စားသောက်မှုအစီအစဉ်သည် ရိုးရှင်းပြီး တစ်ဦးချင်းစီအတွက် လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် အာဟာရဓာတ်များ၏ အမျိုးအစားနှင့် ပမာဏကို ခန့်မှန်းတွက်ချက်၍ တစ်ဦးချင်းစိတ်ကြိုက် ပြင်ဆင်စားသောက်နိုင်ပါသည်။ ရိုးရှင်းသော ၉ လက်မ ပန်းကန်တွင် အစားအစာများကိုခွဲဝေပုံမှာအဆီမပါသော ဟင်းသီးဟင်းရွက်များအတွက်ပန်းကန်တစ်ဝက်၊ပရိုတင်းအတွက် ပန်းကန်၏ လေးပုံတစ်ပုံ၊ ကာဗိုဟိုက်ဒရိတ်အတွက် ပန်းကန်၏ လေးပုံတစ်ပုံထည့်ရန်ဖြစ်သည်။ ယဉ်ကျေးမှုနှင့်ဦးစားပေးမှုများအပေါ် အခြေခံ၍ တချို့သော အစား အစာများကို လျှော့ချခြင်း သို့မဟုတ် ကန့်သတ်ခြင်းဖြင့် စားသောက်ခြင်း၏ ပျော်ရွှင်မှုကို ထိန်းသိမ်းရန်၊ ကျန်းမာသောစားသောက်မှုပုံစံများဖန်တီးရန် အကြံပြုချက်များရှိပါသည်။
အာဟာရပညာရှင်များက ဘူဖေးမစားခင် ကျန်းမာရေးနှင့်ညီညွတ်သောသရေစာစားရန် အကြံပြု ထားသည်။ ကယ်လိုရီနည်းသော အသီးအနှံများ၊ ဂျုံလုံးပေါင်မုန့်တစ်ချပ်၊ သခွားသီးချောင်းများ သို့မဟုတ် ဆားမပါသော အခွံမာသီးများကဲ့သို့သော ရွေးချယ်မှုများသည် သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေဘဲ အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ ဦးနှောက်က ပြည့်နေကြောင်း အချက်ပြရန် မိနစ် ၂၀ ခန့်လိုအပ်သဖြင့် အစာကိုဖြည်းဖြည်းဝါးပြီးဝါးတိုင်းအရသာခံပါ။ ထို့ပြင် အစားအစာများကို အာရုံစိုက်မည့်အစား မိသားစုနှင့် သူငယ်ချင်းများ၊ ချစ်ခင်ရသူများ ကိုအာရုံစိုက်ပါ။
ဟင်းသီးဟင်းရွက်အကြံပြုချက်
ပန်းကန်၏တစ်ဝက်ကို ကစီဓာတ်မပါသော ဘရိုကိုလီ၊ ငရုတ်ပွ၊ ပဲတီစိမ်း၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီးနှင့် ဟင်းနုနယ်ရွက်စသည့်အသီးအရွက်ရောင်စုံများကိုရွေးထည့်ပါ။ လတ်ဆတ်သော သို့မဟုတ်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များကိုရွေးချယ်၍ သံလွင်ဆီနှင့်ရှလကာရည် အနည်း ငယ်ဖြင့် အသုပ်အတွက် ကိုယ်တိုင်ပြင်ဆင်ပါ။ ထောပတ်၊ ခရင်မ်၊ မရိုးနိစ် သို့မဟုတ် ဒိန်ခဲပါသော ဟင်းရွက်များနှင့် ဆော့စ်ပါသော ဟင်းရွက်များကို သတိထားပါ။ ဝက်ဆီ သို့မဟုတ် ဝက်ပေါင် ခြောက်နှင့် ဝက်ဗိုက်သားကဲ့သို့ အဆီများသော အသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို အနည်းငယ်သာစားသုံးပါ။
ကောက်နှံများနှင့် ကစီဓာတ်အကြံပြုချက်ပန်းကန်၏လေးပုံတစ်ပုံကို အမျှင်ဓာတ်မြင့်မားသော ဆန်လုံး ညိုထမင်း၊ ဆန်ညို၊ ကြာဆံနှင့် ဂျုံလုံးခေါက်ဆွဲ သို့မဟုတ် ဂျုံလုံးပေါင်မုန့် စသည်များကိုရွေးထည့်ပါ။ ကစီဓာတ်ရှိသော အသီးအရွက်များ (အာလူး၊ ကန်စွန်းဥ သို့မဟုတ် ပဲတီစိမ်း)မှ သေးငယ်သော အရွယ်အစားကိုရွေးထည့်ပါ။ ပေါင်မုန့်၊ ထမင်းနှင့် တခြားအစေ့အဆန်များတွင် ထောပတ် သို့မဟုတ် မာဂျရင်းအသုံးပြုခြင်းကိုရှောင်ပါ။ ဒိန်ခဲနှင့် ဆော့စ်များဖြင့် သုပ်ထားသော အာလူးကဲ့သို့ ကစီဓာတ်များကိုရှောင်ပါ သို့မဟုတ် အနည်းငယ်ယူပါ ။
ပရိုတင်းအကြံပြုချက်
ပန်းကန်၏ လေးပုံတစ်ပုံကိုအရေခွံမပါသော ကြက်၊ ငါး (၃.၅-၅) ကျပ်သားခန့် သို့မဟုတ် ပဲဟင်းလျာများဖြင့်ဖြည့်ပါ။ ကြက်၊ ငါး၊ ပုစွန်သို့မဟုတ်အမဲသားကဲ့သို့ကင်ထားသော အသားများကိုရွေးပါ။ ကြက်သားကြော်ကဲ့သို့အဆီများသောသို့မဟုတ်ဆော့စ်ဖြင့်ပြုလုပ်ထားသောအသားများကိုအနည်းငယ်သာမြည်းစမ်းကြည့်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝသော ပဲဟင်းလျာများကိုရွေးချယ်ပါ။ သို့သော် သကြားနှင့် အဆီများဖြင့်ချက်ထားသောပဲများကို လျှော့စားပါ။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များကိုသတိထားပါ။
အချိုပွဲအကြံပြုချက်
အမျှင်ဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝသော ဘယ်ရီသီး၊သခွားမွှေးသီး၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီးနှင့် ဖရဲသီးကဲ့သို့ လတ်ဆတ်၍ ကယ်လိုရီပါဝင်မှုနည်းသော အသီးအနှံများကိုရွေးချယ်ပါ။ ကွတ်ကီး၊ ကိတ်မုန့်များ၊ ပူတင်းများကဲ့သို့ သကြားအလွန်များသောအချိုပွဲများနှင့် အဆီများသောအစားအစာများကိုရှောင်ပါ သို့မဟုတ် အနည်းငယ်သာစားသုံးပါ။ သကြားမပါသောဖျော်ရည်များ၊ အချိုမပါသော ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ။ အကယ်၍ အရက်သောက်သုံးပါက ဗိုက်ထဲတွင် အစာမရှိဘဲသောက်ခြင်းသည် သွေးတွင်းသကြားဓာတ်လျော့ကျခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
Source: Myawady Web Portal
Photo - CDC

ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့် အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင် ခပ်ရွယ်ရွယ် အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင် ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့် အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင
ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့် အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင် ခပ်ရွယ်ရွယ် အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင် ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့် အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင့်ချိန်တွင် အလွန်လှပသော အပင်ဖြစ်သည်။ မက်မွန်သီး၏ ပုံသဏ္ဌာန်မှာလည်း ခပ်လုံးလုံး ဖြစ်ပြီး အသားများ၍အရည်ရွှမ်းပြီး အနံ့ အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ အပင်၏အရွယ်အစားမှာ အမြင့် ၁ဝ ပေမှ ပေ ၂ဝ ခန့်အထိ ရှိတတ်သည်။ မက်မွန်ပင်သည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင့်အတူ Rosaceae မျိုးရင်းတွင် Prunus မျိုးစု၌ ပါဝင်သဖြင့် ယင်း၏ရုက္ခဗေဒအမည်မှာ Prunus Persica ဖြစ်သည်။ အပင်၏အနေအထားနှင့် တကွ အသွင်အပြင်ရော အလေ့အထပါ ဗာဒံပင်နှင့် အလွန်တူသည့်အပြင် မျိုးချင်း လည်းတူကြသည်။
မက်မွန်သီးအမျိုးအစားများ
ကမ္ဘာပေါ်တွင် မက်မွန်ပင်အမျိုးအစား ပေါင်း ၂၀၀ ခန့်ရှိပြီး အစေ့ကျွတ်မျိုး၊ အစေ့ကပ်မျိုး၊ အသားဖြူမျိုးနှင့် အသားဝါ မျိုးဟူ၍ ခွဲခြားထားသည်။ တချို့မက်မွန် သီးမှအစေ့များသည် အသားနှင့်ကပ်မနေဘဲ လွယ်ကူစွာ ထုတ်ယူနိုင်သောကြောင့် အစေ့ကျွတ်မျိုးဟုခေါ်သည်။
တချို့အသီးမှအစေ့များမှာ အသားတွင် ကပ်နေ၍ လွယ်ကူစွာ ထုတ်မယူနိုင်သောကြောင့် အစေ့ကပ်မျိုးဟု ခေါ်သည်။ တချို့အသီး၏ အသားရောင်ဖြူသော အသီးကို အသားဖြူမျိုးဟုခေါ်ပြီး အသားဝါသော အသီးကို အသားဝါမျိုးဟုခေါ်သည်။ မက်မွန်သီးအမှည့်များသည် ရက်အနည်းငယ် အတွင်းပုပ်၍ ပျက်စီးတတ်သဖြင့် ဈေးကွက်သို့တင်ပို့ရာတွင် အခက်အခဲရှိသဖြင့် မက်မွန်သီးများကို မှည့်လျှင်မှည့်ချင်း ခူးဆွတ်မှသာ အဆင်ပြေသည်။ သို့သော်လည်းယခုခေတ်တွင် စည်သွတ်စက်ရုံကြီးများ ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဈေးကွက်သို့အချိန်မီ မတင်ပို့နိုင်သော အသီးမှည့်များကို စည်သွတ်ကာ နိုင်ငံတကာသို့ တင်ပို့ရောင်းချနေကြပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၌ မက်မွန်ပင်များကို မှန်အိမ်များဆောက်လုပ်၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ပေပေါင်း ၃ဝဝဝ ကျော်အမြင့်ရှိသော ရှမ်းကုန်းပြင်မြင့်၏ ဒေသများဖြစ်သည့် ပြင်ဦးလွင်၊ ကလောနှင့် တောင်ကြီးမြို့တို့၏ အနီးပတ်ဝန်းကျင် ၌ မက်မွန်ခြံများကို တွေ့မြင်နိုင်သည်။
မက်မွန်သီးစိုက်ပျိုးမှုပုံစံ
မက်မွန်ပင်သည် သမပိုင်းရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီးခြောက်သွေ့၍ အပူ၊ အအေးမျှတသော ရာသီဥတုကိုနှစ်သက်သည်။ သဲမြေနှင့် နုန်းမြေတို့တွင် ကောင်းစွာကြီးထွားနိုင်သည်။ မက်မွန်ပင်စိုက်ပျိုးသူများသည် အသီးခူးရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင်လည်းကောင်း သက်သာလွယ်ကူစေရန် အပင်ကိုမြင့်မြင့်မထားဘဲ အကိုင်းအခက်များကိုချိုင်၍ ၁၂ ပေခန့် သာထားခြင်းဖြင့် အစိမ်းတောက်တောက် အရွက်လေးများသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သော အရွက်လေးများထွက်လာသည်။ နွေဦးပေါက်ရာသီတွင် ပင်လုံးကျွတ်လှပ၍ နူးညံ့သောပန်း ရောင်အပွင့်လေးများ ပွင့်လာပြီးနောက် အရွက်များ ထွက်လာသည်။ မက်မွန်သီး အမျိုးအစားအားလုံးသည် နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီအထိ အသီးမှည့်ကြသည်။ နွေဦးပေါက်ရာသီတွင် စောစောပွင့်သော အပွင့်များကို နှင်းခါးရိုက်တတ်သဖြင့် အသီးမတင်သောကြောင့် နှင်းခါးလွတ်သော နေရာများ၌သာ အမြောက်အမြား စိုက်ပျိုးကြ သည်။
မက်မွန်ပင်ကို အစေ့မှတိုက်ရိုက်စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက် ကောင်းသောနေရာ၌ စိုက်ပျိုးသင့်သည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးနှင့် အပင်ပုမျိုးဟူ၍နှစ်မျိုးရှိသည်။ အပင်ကြီးမျိုးကိုစိုက်ပျိုးပါက ပင်ကြားတန်းကြား အကွာအဝေးကို ၁၅ ပေမှ ပေ ၂၀ ထား၍ စိုက်ပျိုးနိုင်သည်။ အပင်ပုမျိုးစိုက်ပျိုးပါက ပင်ကြားတန်းကြားအကွာအဝေးကို ၁၀ ပေ မှ ၁၂ ပေထား၍စိုက်ပျိုးနိုင်သည်။ မက်မွန်သီးအထဲတွင်ရှိသော အစေ့မာတစ်စေ့၏အတွင်း၌မျိုးစေ့ရှိပြီး ထိုမျိုးစေ့မှ အပင်ပေါက်ခြင်းဖြစ်သော်လည်း များသောအား ဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသော အပင်မှသီးသည့် အသီးလောက်မကြီးဘဲ ညံ့သွားတတ်သည်။
ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အာဟာရဓာတ်ကြွယ်ဝသည့် မက်မွန်သီး
မက်မွန်သီးတွင် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ကယ်လ်လိုရီ၊ ပရိုတင်း (Protein)၊ အဆီ (Fat)၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate)၊ အမျှင်ဓာတ် (Fiber)၊ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်ဆီယမ် (K)၊ နီကာဆင်၊ ဗီတာမင်E၊ ဗီတာမင် K၊ ကော့ပါး (Cu)၊ မဂ္ဂနိစ် (Mn)၊ ကယ်လ် စီယမ် (Ca)၊ သံဓာတ် (Fe)စသည့် ဗီတာမင်၊ သတ္တုဓာတ်နှင့် တခြားအကျိုးပြု ဒြပ်ပေါင်းများပါဝင်သောကြောင့် မက်မွန် သီးစားပေးမည်ဆိုပါက ခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေသည်။
အစာခြေစနစ်ကိုကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် အမျှင်ဓာတ်ပါဝင်နေသောကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာများကို ကြေညက်စေနိုင်သကဲ့သို့ အူနံရံကိုအာဟာရဓာတ်များ စုပ်ယူရန်လည်း ကူညီပေးနိုင်သည်။ ဝမ်းမမှန်ခြင်းနှင့် အစာခြေ စနစ်ပြဿနာများမဖြစ်စေရန် တားဆီး ပေးနိုင်သောကြောင့် အူမကြီးကိုကျန်းမာစေနိုင်သော အသီးတစ်မျိုးဖြစ်သည်။
နှလုံးကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် နှလုံးကျန်းမာစေသည့်ဓာတ် များစွာပါဝင်နေသောကြောင့် မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုသာ နည်းစေခြင်းမဟုတ်ဘဲ သွေးတိုး နှင့် သွေးတွင်းကိုလက်စထရောမြင့်တက်မှုမဖြစ်ရန်လည်း ကာကွယ်ပေးသည်။ သွေးတိုးနှင့် သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာလိုသူများအနေဖြင့် တစ်ရက်လျှင် မက်မွန်သီးတစ်လုံးစားပေးခြင်းသည် နှလုံးကျန်းမာရေးကို စောင့်ရှောက်နေခြင်း ဖြစ်သည်။
အသားအရေကို ကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကိုတင်းရင်းစေနိုင်သကဲ့သို့ အရေပြားပြဿနာကင်းကာ ကျန်းမာသည့်အသားအရေကို ပိုင်ဆိုင်စေနိုင်သည်။ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုမှကာကွယ် ပေးနိုင်ပြီး အရေပြားကိုကျန်းမာစေနိုင် သည့် အာနိသင်ရှိသည်။
ကင်ဆာကာကွယ်ပေးနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်တခြားအသီးများကဲ့သို့ ခန္ဓာကိုယ်ကိုအကျိုးပြုသည့် ဒြပ်ပေါင်းများစွာပါဝင်နေသကဲ့သို့ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်သည့် ပရိုတင်း လည်းပါဝင်သည်။ မက်မွန်သီး၏အသားလွှာတွင် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် ကာရိုတီးနွိုက် (Carotenoid)နှင့် ကဖိန်းအက်စစ် (Caffeic acid) တို့ ပါဝင်သည်။ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများအတွက် တစ်ရက်လျှင် မက်မွန်သီးနှစ်လုံး ပုံမှန်စားပေးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်ဟု သိရသည်။
ဓာတ်မတည့်မှုကိုသက်သာ လျော့ပါးစေနိုင်သော မက်မွန်သီး
ခန္ဓာကိုယ်က ဓာတ်မတည့်သောအရာ တစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓာတ်မတည့် မှုကိုတုံ့ပြန်ရန် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ Histamines ဟုခေါ်သည့် ဓာတု ပစ္စည်းကိုထုတ်လွှတ်ပြီး ခန္ဓာကိုယ်မှ နှာချေခြင်း၊ ယားယံခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ ဓာတ်မတည့်မှု လက္ခဏာများဖြစ်ပေါ်လာသည်။ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်သည့် ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေနိုင်သောကြောင့် ဓာတ်မတည့်မှုဖြစ်တတ်သူများ အနေဖြင့် မက်မွန်သီးသည် စားပေးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။
အနာကျက်စေနိုင်သော မက်မွန်သီး
နူးညံ့ပြီးစားကောင်းသည့် မက်မွန်သီးတွင် ဗီတာမင် C ၁၅ ရာခိုင်နှုန်းပါဝင်နေခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သကဲ့သို့ အနာများကိုလည်း မြန်မြန် ကျက်စေနိုင်သည်။ ဆဲလ်များထိခိုက် ပျက်စီးမှုမရှိစေရန်လည်း ကာကွယ်ပေးနိုင်သည်။
အမြင်အာရုံ ကောင်းစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် ဘီတာကယ်ရိုတင်း (Beta-carotene) ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုး ပါဝင်နေသောကြောင့် မက်မွန်သီးကို စားလိုက်သည့်အခါ အဆိုပါဓာတ်က ခန္ဓာကိုယ်အတွင်း ဗီတာမင်A အဖြစ် ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေရန် အထောက်အပံ့ပေးသည်။ မက်မွန်သီးက အမြင်အာရုံသာမကဘဲ ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓာကိုယ်ကို များစွာအထောက် အပံ့ပေးနိုင်သည်။
ဆီးချိုသမားများနှင့် သင့်တော်သော မက်မွန်သီး
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်ဟု လေ့လာတွေ့ရှိရသောကြောင့် မက်မွန်သီးစားခြင်းဖြင့် အမျိုး အစား (၁) ဆီးချိုသမားများနှင့် အမျိုးအစား (၂) ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်သည်။
သတိထားစားသင့်သော မက်မွန်သီး
မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန်သောက်နေ ရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းသည် မျက်လုံးတစ်စုံဖြစ်သည်ကို စိုးစဉ်းမျှ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး၊ နားအရှုံး ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း ကျန်းမာရေးအခြေခံဗဟုသုတ အားနည်း၍ နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်
သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းသည် မျက်လုံးတစ်စုံဖြစ်သည်ကို စိုးစဉ်းမျှ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး၊ နားအရှုံး ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း ကျန်းမာရေးအခြေခံဗဟုသုတ အားနည်း၍ နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေသည်။
မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ်၊ မျက်ခမ်းစပ်ရောဂါ စသည့် မျက်စိရောဂါအမျိုးမျိုး၊ မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် လုပ်ငန်းခွင်မှ ထိခိုက်မှုအန္တရာယ်၊ အာဟာရချို့တဲ့ခြင်း၊ ဆီးချို သို့မဟုတ် သွေးတိုး သို့မဟုတ် ကျောက်ကပ် စသည့် နာတာရှည်ရောဂါတို့အတွက် သုံးစွဲလျက်ရှိသော ပဋိဇီဝဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အမြင်အာရုံပျက်စီးနိုင်သည်။ ထို့ပြင် မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းဆော့ခြင်း၊ ဖုန်းနှင့် ကွန်ပျူတာကြည့်ခြင်း၊ စာကြည့်ခြင်း၊ နေရောင်ခြည်အောက် ဦးထုပ်၊ ထီး၊ နေကာမျက်မှန် စသည့်အကာအကွယ်မပါဘဲ သွားလာခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့သို့သော ဓာတုပစ္စည်းများ စားသောက်ခြင်းတို့ကလည်း အမြင်အာရုံချို့ယွင်းစေသောအကြောင်းများဖြစ်သည်။
ဖုန်းနှင့် ကွန်ပျူတာတို့ကြောင့် မျက်စိမထိခိုက်စေရေး
ကမ္ဘာတစ်ဝန်း အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီအလုပ်ကြောင့်ဖြစ်စေ၊ အပျင်းပြေဖြစ်စေ၊ ဂိမ်းကစားရင်းဖြစ်စေ အင်တာနက်အသုံးပြုကာ အချိန်ကုန်လွန်နေကြပြီး ကလေးများက ဂိမ်းစွဲသလို သက်လတ်ပိုင်းနှင့် တချို့သက်ကြီးပိုင်းများပါ အင်တာနက်စွဲလမ်းမှုရောဂါ စွဲကပ်နေကြသည်။ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် အကြည့်များ၍ အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့ကာ မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူးခေါင်းကိုက်၍ ဇက်ကြောတက်ခြင်းနှင့် အရိုးကျီးပေါင်းရောဂါများ ဖြစ်စေသည်။
ကွန်ပျူတာကြောင့် မျက်စိထိခိုက်ခြင်းမှ သက်သာစေရန် အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။ ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။ ကွန်ပျူတာမသုံးမီ ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို သန့်စင်ပါ။ မျက်နှာနှင့် ကွန်ပျူတာကို နှစ်ပေခန့်ကွာဝေးစေပြီး ကွန်ပျူတာမျက်နှာပြင်သည် သင့်မျက်လုံးနေရာထက် နိမ့်နေရမည်။ စာရိုက်ရန် စာရွက်များကို ကွန်ပျူတာဘေးတွင် ထောင်ထားပါ။ ကွန်ပျူတာလက်ကွက် အလွတ်မရပါက ဦးစွာ စာကိုသာကြည့်ရိုက်ပြီး စာလုံးပေါင်းသတ်ပုံ အမှန်စစ်ချိန်တွင်သာ ကွန်ပျူတာကို ကြည့်ပါ။ ထိုင်ခုံပေါ်တွင် ကွန်ပျူတာရှေ့တည့်တည့် ခါးမတ်မတ်ထိုင်၍ ခြေဖဝါးကို အောက်သို့ အပြားလိုက်ချထားပါ။ အခန်းအလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်ဖြစ်ပြီး ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။ မျက်စိ အညောင်းပြေစေရန် ကွန်ပျူတာကို ၁၅ မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့ တစ်မိနစ်ခန့်ကြည့်ပါ။ နာရီဝက်ကြာတိုင်း အကြိမ် ၂၀ မျက်တောင်ခတ်ပါ။ တစ်နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တအနားပေးပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည် အထိပွတ်ပေးပြီး မျက်လုံးပေါ် ဖွဖွလေးတင်ပါ။ လက်ချောင်းများကြားမှ အလင်းရောင်ဝင်မလာအောင် လက်ချောင်းများကို ပူးကပ်ထားပါ။
ကြိုတင်ကာကွယ်နည်းလမ်းကောင်းများ
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဟူသော ဆောင်ပုဒ်နှင့်အညီ ရောဂါဖြစ်လာမှ ကုသခြင်းထက် မိမိတို့ကျန်းမာရေးအသိစိတ်ဓာတ်ထားကာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် ကြိုတင် ကာကွယ်ကြစေလိုသည်။
- အနည်းဆုံး ခြောက်လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိစစ်ဆေးမှု ခံယူသင့်သည်။
- မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက်မှုန်သွားခြင်း၊ မီးအလင်းရောင်ကဲ့သို့ အလင်းများ ဖြာထွက်လာခြင်း၊ ရွေ့လျားနေသော ရောင်စုံအစက်အပြောက်များ သို့မဟုတ် အမည်းစက်များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္ထုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက်နာကျင်ခြင်း စသည့်လက္ခဏာများပြလာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် အမြန်ဆုံးစစ်ဆေးမှုခံယူပါ။
- ဆရာဝန်နှင့် ပြသပြီးနောက် တိကျမှန်ကန်သော မျက်စဉ်းဆေးရည်ကို ညွှန်ကြားချက်အတိုင်း စနစ်တကျခတ်ပေးပြီးနောက် မျက်စဉ်းဆေးဘူးကို ရေခဲသေတ္တာ သို့မဟုတ် သန့်ရှင်း၍ အေးမြသောနေရာတွင် သိမ်းပါ။
- မျက်ကပ်မှန်တပ်ဆင်သူများသည် မျက်ကပ်မှန်ကို သန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်အသုံးပြုပါ။ တစ်နေ့လျှင် အများဆုံး ရှစ်နာရီထက်ပို၍ တပ်ဆင်ခြင်းမပြုသင့်ပေ။ မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း၊ မျက်လုံးကိုဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်းများ မပြုလုပ်ရပါ။
- ကမ္ဘာကြီးသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ခရမ်းလွန်ရောင်ခြည် ပြင်းထန်သည့်အဆင့် ကျရောက်လျက်ရှိရာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်သည့်အခါ UV ကာကွယ်သော ရောင်ပြန်ထီး သို့မဟုတ် မျက်လုံးဖုံးအုပ်စေသော လျှာထိုးဦးထုပ်ဆောင်းပါ။ အလင်းလှိုင်းဖြာထွက်မှုကို ထိန်းပေးပြီး မျက်လုံးတစ်ဝိုက် လုံလောက်စွာ ကာကွယ်ပေးသည့် နေကာမျက်မှန်တပ်ဆင်ပါ။
- စက်ချုပ်ခြင်း၊ သိုးမွေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း စသည်ဖြင့် မျက်စိအာရုံစိုက်ရသော အလုပ်ကို အတတ်နိုင်ဆုံးလျှော့ချ၍ ဝန်မပိအောင် ဂရုစိုက်ပါ။ မျက်စိစွေစောင်း မဖြစ်ရလေအောင် စာဖတ်သည့်အခါတွင်လည်း စာအုပ်ကို ဘေးတစောင်းဖတ်ခြင်းမပြုလုပ်ရပါ။
- သစ်ခွဲစက်၊ ကျောက်ခွဲစက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျှောစီးခြင်းတို့ပြုလုပ်ရာတွင် မျက်လုံးအကာ တပ်ဆင်ပါ။
- အမြင်အာရုံကြည်လင်စေရန် မြန်မာ့ဆေးမြီးတိုများဖြစ်ကြသော ကွမ်းရွက်ကို လက်ဖြင့်အသာခြေ၍ နားထင်၊ မျက်ရိုးတစ်လျှောက်နှင့် မျက်ရည်အိတ် အောက်ဘက်တို့တွင် ကပ်ပေးပါ။ သခွားသီးကို ပါးပါးလှီး၍ နားထင်၊ မျက်ခွံနှင့် မျက်စိတစ်ဝိုက်ကပ်ပါ။ ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖဝါးကို ဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။ မျက်လုံးတစ်ဝိုက်တွင် မန်ကျည်းသီးအနှစ်ကို မျက်ကွင်းဆေးအဖြစ် လိမ်းပါ။
- ညအိပ်ရာဝင်ခါနီး ဒူးခေါင်းပေါ်မှ ရေလောင်းချပါ။
- ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ရေလောင်းပါ။
အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွှယ်သောရောဂါများ
- မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ စီးကရက်မီးခိုးငွေ့များ၊ ကြွက်သားအားကောင်းဆေး၊ နာတာရှည်ရောဂါများ၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းတို့ကြောင့် မျက်စိအတွင်းတိမ်ဖြစ်စေသည်။
- ဆီးချိုရောဂါခံစားနေရသူများ၊ ထုံးနှင့်ပေါင်းသတ်ဆေး စသော ဓာတုဆေးများ မျက်လုံးထဲ မတော်တဆဝင်ခြင်း၊ အဆီများသော အစားအစာများနှင့် ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်းမိခြင်းတို့ကြောင့်လည်း မျက်စိရေတိမ်စွဲစေသည်။
- ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသောအစားအစာများ၊ ငန်လွန်းသောအစားအစာများကြောင့် မျက်စိခြောက်၍ မျက်ရည်အိတ်ခန်းစေသည်။
- မိမိမျက်စိနှင့် ပါဝါမကိုက်ညီသော မျက်မှန်ကို မှားယွင်းစွာ တပ်ဆင် အသုံးပြုခြင်းကလည်း အမြင်အာရုံပျက်စီးစေသည်။
- ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိတစ်သျှူးများ မာကျောခြင်း၊ ရေယုန်နာပေါက်ခြင်း၊ AIDS ရောဂါဝေဒနာရှင်များသည် ထိုရောဂါများ ပြင်းထန်နေချိန်တွင် မျက်စိပါဝါစမ်းသပ်ပါက အဖြေမှန် မထွက်နိုင်ချေ။
အကောင်းဆုံးဖြည့်စွက်စာများ
သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ်စားသုံးခြင်းကလည်း သင့်မျက်စိအတွက် အိမ်တွင်းသမားတော်အဖြစ် အားထားနိုင်သည်။ မျက်စိအတွက် သင့်လျော်သည့်အစားအစာများကို ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိသွေးလည်ပတ်မှုကို အထောက်အကူပြုကာ မျက်စိအားကောင်းစေပြီး ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်းတို့မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။
- ဗီတာမင် A ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ထောပတ်ပဲများ။
- လူတိန်းနှင့် ဇီအာဇန်သင်းဓာတ်ကြွယ်ဝသော ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ။
- ဗီတာမင် C ဓာတ်ကြွယ်ဝသော ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေး။
- ဘိုင်အိုဖလေဗိုနွိုက်ဓာတ်ကြွယ်ဝသော ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီသီး၊ စပျစ်သီး၊ ဆီးသီး။
- ဗီတာမင် E ဓာတ်ကြွယ်ဝသော နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့။
- စီလီနီယမ်ဓာတ်ကြွယ်ဝသော ပုစွန်၊ ကဏန်း၊ ကင်းမွန်(ပြည်ကြီးငါး)၊ ရေဘဝဲ၊ ခုံးကောင်စသောပင်လယ်စာများ။
- Brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီးတစ်မျိုး၊ တဆေးဖြင့်အချဉ်ဖောက်ထားသော နို့ချဉ်၊ ဒိန်ချဉ်များ။
- ဇင့်ဓာတ်ပါသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး။
အမြင်အာရုံချို့ယွင်းစေသော အစားအစာများ
- တညင်းသီး၊ မျှစ် သို့မဟုတ် မျှစ်ချဉ် စသည့် အကြောတက်စေသောအစားအစာများ။
- ဆားနှင့် သကြားကဲထားပြီး အာဟာရလုံးဝ မမြောက်သော သရေစာများ။
- တိရစ္ဆာန်နို့၊ ပဲနို့၊ ဟင်းရွက်ဆီတို့ကို ဟိုက်ဒရိုဂျင်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲထားသည့် မာဂျရင်း (ခေါ်) ထောပတ်တုများ။
- အာလူး သို့မဟုတ် ကန်စွန်းဥ သို့မဟုတ် ငှက်ပျောသီးတို့၏ မူလသဘာဝဓာတ်ပျောက်အောင် အကြွပ်ကြော်ထားသော ဆီကြော်အစားအစာများ။
အချုပ်ဆိုရသော် လူတော်တော်များများသည် အမြင်အာရုံဆုံးရှုံးမည်ကို ကြောက်ရွံ့ကြသော်လည်း ၎င်းတို့၏မျက်လုံးများကို ဂရုစိုက်ရန် မေ့နေတတ်ကြသည်။ မျက်စိကွယ်ခြင်းဖြစ်ပွားမှု အားလုံး၏ ၇၅ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် စနစ်တကျကုသမှု ခံယူခြင်းဖြင့် ရှောင်ရှားနိုင်သည်။
ထို့ကြောင့် မျက်လုံးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စမ်းသပ်စစ်ဆေးပါ။ မျက်စိစမ်းသပ်မှုတစ်ခုသည် ရေတိမ်ကဲ့သို့သော မျက်စိအခြေအနေ၏ အစောပိုင်းလက္ခဏာများကို အလွယ်တကူသိရှိနိုင်ပြီး ဆောလျင်စွာ ကုသနိုင်မည်ဖြစ်သည်။
ထို့ပြင် မျက်စိစစ်ဆေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး အပါအဝင် တခြားသောကျန်းမာရေး အခြေအနေများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ မျက်စိကျန်းမာစေရန် မျက်စိအကျိုးပြု အစားအစာတို့ကို ကောင်းစွာစားသင့်ပြီး ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ကာ ပူပြင်းသော နေရောင်ခြည်အောက်သို့ မဖြစ်မနေ သွားရသည့်အခါ မျက်လုံးကို အကာအကွယ်ဖြစ်စေရန် အတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်ရန် အကြံပြုရေးသား တိုက်တွန်းလိုက်ရပါသည်။

ရေသည် ရုပ်ကို ကြည်လင်၊ စိတ်ကို လန်းဆန်းစေသော သဘာဝဂုဏ်သတ္တိရှိသည့်အတွက် လူနှင့် သက်ရှိများ၊ သစ်ပင်များပါမကျန် အားထားရသော အရာဖြစ် သည်။
လူတို့တွင် အသက်ရှင်ရပ်တည်ရန် ရေ၊ လေနှင့် အာဟာရဓာတ်တို့ လိုအပ်သကဲ့သို့ သစ်ပင်တို့တွင်လည်း ရေ၊ လေနှင့် မြေဩဇာတို့ လိုအပ်ပေသည်။ ဤသည် မှာ သက်ရှိကမ္ဘာအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ ထိုသုံးမျိုးမှ တစ်မျိုး ချို့ယွင်းလျှင်ပင် အသက်မရှင်သန်နိုင်တော့ပေ။

သစ်ပင်ပန်းမန်တို့သည် မြေဆီအားကောင်း၊ လေဝင်လေထွက်ကောင်းပြီး လောင်းရိပ်မမိ၊ မိုးရွာသွန်းသောအရပ်တွင် ကြီးထွားမှုမြန်သည်၊ အပင်အား ကောင်းသည်၊ အသီးအပွင့်တို့ ကြီးထွား သည်။
လူတို့တွင်လည်း အာဟာရကောင်းစွာ စားရသည်၊ လေကောင်းလေသန့်ရသည်၊ ရေအဝသောက်ရသည်ဆိုလျှင် ဝလာလေ့ ရှိသည်။ သို့သော် ရေသောက်ရာတွင် အပူအအေးနှင့် ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းအခြေအနေကို လိုက်ပြီး တစ်ရက်လျှင် ရေမည်မျှသောက်ရမည်ကို တိုင်းတာရန် ခက်ခဲသည်။
တချို့ ဆေးပညာဂျာနယ်များတွင် အနောက်တိုင်း သုတေသီများက ရေကို တစ်ရက်လျှင် တစ်ဂါလန် (ပုလင်းကြီးလေးပုလင်း)ခန့် သောက်ရမည်ဟု ဆိုသည်။ထိုသို့သတ်မှတ်သော နိုင်ငံများမှာ အလွန်အေးသော နိုင်ငံများမှ သုတေသနပြုချက်ဖြစ်ကြောင်း တွေ့ရသည်။
အပူပိုင်းဒေသမှ သုတေသနပြုချက်များအရ ရေကို တစ်ရက်လျှင် တစ်ဂါလန်ခွဲ (ခြောက်ပုလင်း)မှ နှစ်ဂါလန်(ရှစ်ပုလင်း) အထိသောက်မှ လုံလောက်မည်ဟုဆိုသည်။ သို့သော် ထိုအဆိုပြုချက်များမှာ လည်း ပြီးပြည့်စုံ မှန်ကန်လိမ့်မည် မဟုတ်ပါ။ ကလေး၊ လူကြီး၊ လူပိန်၊ လူဝ၊ သက်ကြီး ရွယ်အို စသည်ဖြင့် ကွာခြားမှုအမျိုးမျိုး ရှိမည်ဖြစ်သည်။
စာရေးသူကိုယ်တိုင်ပင် မိမိရေသောက် နှုန်းကို သတိထားကြည့်ရာ ဆောင်းရာသီ တွင် တစ်ရက်လျှင် နှစ်ပုလင်းပင် မကုန် ချင်၊ နွေရောက်သောအခါ လေးပုလင်းခန့် ကုန်သည်။ အလွန်ပူပြင်းပြီး မိုးမရွာသော မေလက တစ်ရက်လျှင် ရေခြောက်ပုလင်း ခန့်ကုန်သည်။ ညအိပ်ရာမဝင်မီပင် ရေတစ်ပုလင်းခန့် ကုန်သည်။ နံနက်အိပ်ရာထသည်နှင့် ရေတစ်ပုလင်းကို နှစ်ကြိမ်ခန့်သာ သောက်ရသည်။ ရေမသောက်ဘဲ အိပ်လျှင် ညတွင် အာခေါင်ခြောက်ပြီး နိုးသဖြင့် ညဘက်ရေထသောက်ရလေ့ ရှိသည်။ ညအချိန် တစ်ရေးနိုးချိန် အာခေါင်ခြောက်ခြင်းသည် ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်း ခန်းခြောက်သော လက္ခဏာဟု ဆိုသည်။ အာခေါင်ခြောက်သူများသည် ဝမ်းလည်းချုပ်တတ်သည်။
တစ်ခါက ဓာတ်ဆရာကြီးတစ်ဦးရှိသည်။ သူ့အရပ်တွင် နာမည်ကြီးသောသူပင်ဖြစ်သည်။ ထိုဆရာကြီးက 'ဝချင် တယ်' ဟုပြောသူတစ်ဦးကို 'ဝချင်ရင် ထမင်းစားပြီး ရေများများသောက်'ဟု ပြောသည်ဟုဆိုသည်။ ထိုသူသည် ရေများများသောက်ရာမှ အမှန်တကယ်ပင် မျက်နှာပြည့်ဖြိုးလာပြီး ဝလာသည်ဟုဆိုသည်။ နောက်တစ်ဦးက 'ပိန်ချင်တယ်'ဟု ပြောသည်။ ထိုလူကို 'ပိန်ချင်ရင် ထမင်းမစားခင် ရေအရင်သောက်' ဟု ဆိုပြန်သည်။ ထိုသူ ပိန်သွားသည်ဟုဆိုသည်။
မှန်ပါသည်။ ထမင်းစားပြီး ရေသောက်သူများအနေဖြင့် အစာထဲတွင်ပါသော အဆီဓာတ်များ ရေနှင့်တွေ့ပြီး မကြေညက်တော့ဘဲ သွေးထဲသို့ အစာအိမ်နှင့် အူသိမ်မှတစ်ဆင့် ရောက်သွားသဖြင့် ကြာလျှင် ဝလာနိုင်သည်။ အဆီမတက်ချင်သူများမှာ ထမင်းစားပြီး အစာကြေသည်အထိ ရေမသောက်ဘဲနေမှသာ အူသိမ်ဦးပိုင်းမှအဆီကို ကောင်းစွာခြေနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့် အဆီတိုးခြင်းကို ရှောင်ကြဉ်နိုင်သည်။
ဆရာကြီးပြောသည့် 'ပိန်ချင်ရင် ထမင်းမစားခင် ရေသောက်' ဆိုသည်မှာလည်း မှန်ပါသည်။ ထမင်းမစားခင် ရေတစ်ခွက် အဝသောက်ကြည့်သောအခါ အစာအိမ်မှ အက်စစ်ဓာတ်ပြယ်သွားပြီး အစာစားချင် စိတ်လျော့နည်းသွားမည်။ အစာစားချင် စိတ်လျော့နည်းသူသည် တဝမစားနိုင်တော့။ အစားလျော့သွားမည်။ အနည်းငယ် အစာဝင်သည်နှင့် တင်းတိမ်သွားမည်ဖြစ်သည်။ ထို့ကြောင့် အစာမစားမီ ကြိုတင် ပြီး ရေတစ်ခွက်သောက်လိုက်ပါက အစားလျော့နည်းသွားပြီး ဝိတ်ကျစေနိုင်သည့် နည်းပင်ဖြစ်သည်။
ရေများများသောက်လျှင် အကျိုးအများ ဆုံးပြုနိုင်သော ကိုယ်တွင်းအင်္ဂါများမှာ ကျောက်ကပ်ပင်ဖြစ်သည်။ ကျောက်ကပ်၏ လုပ်ဆောင်ချက်မှာ ရေသန့်စင်စက်နှင့်တူသည်။ ကျောက်ကပ်သို့ စီးဆင်းလာသမျှ လူ့ခန္ဓာကိုယ် အတွင်းမှ အညစ်အကြေးများကို ရေစစ်ဆန်ခါများ အသုံးပြုပြီး ပြင်ပသို့ စွန့်ထုတ်ပစ်နိုင်သော အရေးကြီးအင်္ဂါဖြစ်သည်။ ရေသောက်နည်းသူများတွင် ကျောက်ကပ်မှ အညစ်အကြေး၊ ဓာတုပစ္စည်းများ စွန့်ထုတ်မှုနည်းသဖြင့် ကျန်းမာရေးမကောင်းပေ။ ရေသောက်များသူများမှာ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ်မှုတွင် အထောက်အကူ ဖြစ်စေရုံသာမက ကျောက်ကပ်၏ ရေစစ်ဆန်ခါများ မပိတ်ဆို့အောင် အထောက် အကူပြုပေသည်။
ရေသောက်များသူများတွင် ကျောက်ကပ်မှ ရေစွန့်ထုတ်မှုများသဖြင့် အဝလွန်ခြင်း၊ ဖောရောင်ခြင်းများကို ကာကွယ်နိုင်သည်။ ရေသောက်ပြီး လမ်းလျှောက်ပေးလျှင် ကျောက်ကပ်မှ ဆန်ခါများကို ခါချ ပေးသကဲ့သို့ဖြစ်နိုင်သည်။
တချို့ ကျန်းမာရေးအတွက် တောင်တက်လမ်းလျှောက်သူများသည် လမ်းလျှောက်ရင်း ရေသောက်သွားကြသည်ကို တွေ့ရသည်။ စက်ဘီးစီးသူများသည်လည်း ရေဘူးများ ယူဆောင်လာကြသည်ကိုတွေ့ရမြဲဖြစ်သည်။ လမ်းလျှောက်ရင်း ရေသောက်ခြင်းသည် အကောင်းဆုံး ကိုယ်အလေးချိန်လျှော့နည်းဖြစ်သည်။
လမ်းများများလျှောက်ပြီး ရေသောက်သောအခါ ဆီးသွားရန်လည်း လိုအပ်သည်။ ဆီးသွားချင်လျက် မသွားရလျှင် ကျောက်ကပ်နှင့် ဆီးအိမ်ကို ဒုက္ခပေး တတ်သည်။ အနည်ထိုင်ပြီး ဆီးကျောက်တည်ရောဂါ ဖြစ်တတ်သည်။
အမျိုးသားများတွင် အသက်ကြီးလာသောအခါ ရောဂါမဟုတ်ဘဲ အလိုအလျောက် ဆီးကျိတ်ကြီးလာသည်။ ဆီးကျိတ်၏ဖိအားကြောင့် ဆီးမကြာခဏ သွားချင်စိတ်ပေါ်တတ်သည်။ ဆီးသွားပြီးလျှင်လည်း ဆီးကျန်သဖြင့် ထပ်သွားချင်စိတ်ပေါ်တတ်သည်။ လူကြီးများ လမ်းလျှောက်လျှင် ကျန်းမာသည်ဆိုသော် လည်း အပေါ့အပါးသွားချင်စိတ်ဖြစ်ပေါ်လျှင် သွားဖို့နေရာရှိရန်လိုသည်။
အသက်ကြီးသောအခါ ပိန်သူများ အတွက် ကိစ္စမရှိသော်လည်း ဝသောသူ များ၊ ပေါင် ၁၇၀ အထက်ရှိသူများမှာ ရေသောက်ပြီး လမ်းလျှောက်သင့်သည်။ ဆီးများများသွားရန်လည်း လိုပါသည်။ အသက် ၆၀ ကျော်လျှင် နှစ်နာရီခြား တစ်ကြိမ် ဆီးသွားသင့်သည်။ အသက် ၇ဝ ကျော်လျှင် တစ်နာရီတစ်ကြိမ်၊ အသက် ၇၅ နှစ်ကျော်လျှင် နာရီဝက်တစ်ကြိမ် ဆီးသွားသင့်သည်ဟု ဆိုလိုပါသည်။ အသက်ကြီးသူများ ဆီးသွား လျှင် ဆီးထဲတွင် အဆီများဝေ့နေသည်ကို တွေ့ရလိမ့်မည်။ ခန္ဓာကိုယ်ထဲမှ ဓာတ်ပျက်နေသော အဆီများပါသွားခြင်းဖြစ်သည်။ အရိုးအဆစ် ကိုက်ခဲရောင်ရမ်းစေသော ယူရစ်အက်စစ်ဓာတ်မှာလည်း ဆီးမှ စွန့်ထုတ်လျှင် အကိုက်အခဲသက်သာစေနိုင်သည်။
မိုးအေးသောအခါနှင့် ချမ်းလွန်းသော ဆောင်းရာသီများတွင် ရေကိုပြုပြင်ပြီး သောက်ရန်လိုသည်။ ရေကိုပြုပြင်ပြီး သောက်ခြင်းမှာ ရေနွေးကြမ်းအဖြစ် ဆူအောင်ကျိုချက်ပြီး လက်ဖက်ခြောက် သို့မဟုတ် လက်ဖက် အစို ခတ်သောက်ခြင်းပင်ဖြစ်သည်။ ကော်ဖီသောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည်ဟု ဆိုသည်။
ဘီယာသောက်ခြင်းကိုပင် ကျန်းမာရေး ပညာပေး မဂ္ဂဇင်းများက ဆီးကျိတ်ကင်ဆာကို ကာကွယ်သည်ဟု ရေးသားထားသည်။ တောနယ်ကျေးလက်ဓလေ့တွင်ကား မည်သည့်အိမ်သွားလည်သည်ဖြစ်စေ ရေနွေးကြမ်း တစ်အိုးချပြီး တည်ခင်းလေ့ရှိသည်မှာ မြန်မာ့ဓလေ့ပင် ဖြစ်သည်။ ရေနွေးကြမ်းသည် အဆီကျဆေးတစ်မျိုးဖြစ်ကြောင်း ဆရာဝန်ကြီးများကလည်း ထောက်ခံရေးသား ကြသည်။
အချုပ်ဆိုရသော် ရေသောက်ခြင်းကြောင့် ကျန်းမာသည့် နည်းလမ်းကောင်း များစွာရှိသည်။ ရေသောက်ပုံအမျိုးမျိုးကို ရှုထောင့်အမျိုးမျိုးမှ တင်ပြကြသည်။ ရေကောင်းရေသန့်ဖြစ်ရန်လိုသည်။ ရေမချိုးခင် ရေတစ်ခွက် သောက်ခြင်း၊ ညအိပ်ရာဝင် ရေတစ်ခွက်သောက်ခြင်းတို့သည် များစွာ အကျိုးရှိစေသော ကျန်းမာရေး နည်းလမ်းကောင်းများ ဖြစ်သည်။ ထို့အတူ အဆီကျချင်သူ၊ ပိန်ချင်သူ၊ ဝိတ်လျှော့ချင်သူများအတွက် ထမင်းမစားမီ ရေတစ်ခွက် သောက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က သတ်မှတ်ကြေညာ ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ အချိန်ကာလအားဖြင့် ငါးနှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဒသမ ၀၉ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိခြင်း ကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်က ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကမူ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါ စတင်ရောက်ရှိ ချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်အထိ ရောဂါဖြစ်ပွားသူ ၆၄၃၂၄၂ ဦးရှိပြီး သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ၌ လူဦးရေတစ်သန်းတွင် ရောဂါကြောင့် သေဆုံး သူ ၃၈၁ ဦးရှိခဲ့ရာ အာဆီယံ ၁၀ နိုင်ငံတွင် သေဆုံးမှု နှုန်းအနေဖြင့် အဆင့် (၈)နေရာ၌ရှိခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံ၌ နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်ပံ့ပိုးမှု၊ တာဝန်သိကျန်းမာရေး ဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းအပါအဝင် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်မှာ သမိုင်းတွင် မှတ်တမ်းတင်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ထိုသို့ ထိရောက်စွာကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့် ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူကို နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရောဂါဖြင့် ထပ်မံသေဆုံးမှုမရှိခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပါသည်။
ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ ပုံစံသစ်အနေဖြင့် ယခင်ကနှင့်မတူ နည်းပါးသောဒေသတွင်း ကူးစက်မှုများကို တွေ့လာ ရပြီး ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုပုံစံ (Epidemic)မှ ဒေသတွင်းအမြစ်တွယ် ကူးစက်မှုပုံစံ (Endemic) အသွင်သို့ ကူးပြောင်းလာသည်ကို တွေ့ရသည်။ ထိုသို့ ကူးစက်မှုပုံစံပြောင်းလာသည်နှင့် အတူကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်တွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်လာသည်ကို တွေ့ရပါသည်။
ထိုသို့ ဒေသတွင်းအမြစ်တွယ် ကူးစက်မှု(Endemic)ပုံစံသို့ ပြောင်းလဲလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝသည် မကြာခဏ မျိုးရိုးဗီဇပြောင်းလဲ၍ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အတူ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ယနေ့အထိတွေ့နေရဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
လတ်တလောတွင် ကမ္ဘာ့မီဒီယာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံ စသည့်ဒေသတွင်း နိုင်ငံတချို့တို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကို တွေ့ရှိလာရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလဆန်းပိုင်းအထိ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်သူ ခုနစ်သိန်းကျော်ရှိခဲ့သဖြင့် ယခုနှစ်ဖြစ်ပွားမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်းကြောင်း သိရသည်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအမြင့်မားဆုံးကာလမှာမေလ ၁၁ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီးရောဂါဖြစ်ပွားသူလူနာသစ် ၃၃၀၃၀ ဦးရှိ၍ ဆေးရုံ တက်ရောက်သူ ၁၉၁၈ ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်းသိရသည်။ ယင်း ၂၀၂၅ ခုနှစ် မေလ ၄ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါဖြစ်ပွားသူလူနာသစ် ၃၁၁၉၄ ဦးရှိ၍ ဆေးရုံတက်ရောက်သူ ၂၄၉၀ ဦးနှင့် သေဆုံးသူရှစ်ဦး ရှိခဲ့ကြောင်းသိရ၍ အဆိုပါရက်သတ္တနှစ်ပတ်ကို နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားသူဦးရေ ပိုမိုများပြားလာသော်လည်း ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုလျော့ကျလာသည်ကိုတွေ့ရသည်။ ရောဂါကူးစက်မှုမြင့်မားရခြင်းအကြောင်းရင်းအနေဖြင့် ထိုင်းနိုင်ငံ၌ မိုးရာသီကာလစတင်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ကဲ့သို့ လူစုလူဝေးဖြင့် ခရီးသွားလာမှုများပြားခြင်း စသည်တို့ကြောင့်ဖြစ်သည်။ အဓိကကူးစက်ပျံ့နှံ့သည့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်မျိုးကွဲမှာ ကူးစက်လွယ်အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇ ပြောင်းလဲလာသည့် JN.1 အုပ်စု ထိုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလာသည့် XEC မျိုးကွဲသည် အများစု ဖြစ်ကြောင်းသိရှိရပြီး ဘန်ကောက်၊ ချွန်ဘူရီနှင့် ရယောင်းစသည့်နေရာများတွင် ကူးစက်မှုနှုန်းမြင့်မား၍ ကလေးများတွင်လည်း ကူးစက်မှုမြင့်မားသည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ဗီဇပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ် ဝင်ထွက်ပေါက်များတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက ဆေးရုံများတွင် သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့အား ပိုမိုအားဖြည့်ဆောင်ရွက်လျက် ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အဓိကကျသည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကိုအသုံးပြု၍ အသက်ငါးနှစ်နှင့် အထက် ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး ၂၁ ဒသမ ၂၅ သန်း Doses ထိုးနှံပေးနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းလဲလာသည်နှင့်အတူ ယင်းမျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမျိုးဆက် သစ်များသည်လည်း စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူ ၁၁၂၅၂၉ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၄၇၇၅ ဦး အပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ကာလခြောက်လနှင့်တစ်နှစ်အတွင်းရှိသည့် ပြည်သူ၂၂၈၆၇၂၆ ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မေလအတွင်းတွင် GAVI support for C-19 Vaccination အစီအစဉ်ဖြင့်ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက် တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပေါ်ထွက်လာသည့်ဗိုင်းရပ်စ်အသစ် (Novel Coronavirus)ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးသည် ယင်း၏ကူးစက်ပြန့်ပွား လွယ်မှု၊ လျင်မြန်စွာမျိုးရိုးဗီဇပြောင်းလွယ်မှု၊ လူ၏ ကိုယ်ခံအားစနစ်နှင့် မျိုးဆက်ဟောင်း ကာကွယ်ဆေးများမှ ပေးအပ်သော ကိုယ်ခံအားကိုရှောင်လွှဲနိုင်မှု စသည့်ဂုဏ်သတ္တိများရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်နှင့် လူသားတို့နှင့်ယှဉ်တွဲနေထိုင်ရမည်မှာ ရှောင်လွှဲခြင်းမပြုနိုင်သည့်ကိစ္စ တစ်ရပ်အဖြစ် ထင်ရှားလာခဲ့ပြီဖြစ်ပါသည်။
ပြည်သူများအနေဖြင့် ထိုသို့ ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးနှင့်အတူ ယှဉ်တွဲနေထိုင်ကြရာတွင်ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာ၍ ဦးတည်အုပ်စုအလိုက်၊ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မပျက်မကွက်အထူးဂရုပြုခံယူရမည် ဖြစ်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ အခံရှိသူ၊ ကိုယ်ခံအားကျဆင်းနေသူများ၊ လူနာနှင့်ထိတွေ့ရသည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ခံယူရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပါအဝင် တခြားသင့်လျော်သည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ မပျက်မကွက်ထိုးနှံမှု ခံယူသင့်ပါသည်။ ထို့ပြင် စနစ်တကျလက်ဆေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ လူစုလူဝေးရှိရာနေရာများနှင့် အလုံပိတ်အခန်းများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါ သည်။
အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ အခံရှိသူများအနေဖြင့် အထက်ပါတစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို အထူးလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်နိုင်ခြေရှိသဖြင့် သတိပြုပြီး လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်းတို့ကို ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ စနစ်တကျစစ်ဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ် ပိုးနှင့်ယှဉ်တွဲနေထိုင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ လိုအပ်သည့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းနှင့် တစ်ကိုယ်ရေကာကွယ်ရေးနည်း လမ်းများကိုကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
Photo - vejthani

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်နေစေသည်။ HPAI ဗိုင်းရပ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်၊ ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုများသည်လည်း တိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)သို့အစီရင်ခံထားသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသော အိမ်မွေးတိရစ္ဆာန် သို့မဟုတ် တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်၊ ငှက်များအကြား အလျားလိုက်ကူးစက်နိုင်ကြောင်းလေ့လာတွေ့ရှိထားသည်။
- နွားများမှ အခြားနွားများသို့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်း ထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။
- နွားများမှ ကြောင်များသို့ အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်ကူးစက်ခံထားရသော နွားနို့ကိုသောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။
- ကြောင်များမှ ကြက်၊ ငှက်များသို့ ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ဗိုင်းရပ်ကို သယ်ဆောင်ကာ ကူးစက်စေနိုင်သည်။
- တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission) H5N1 ကဲ့သို့သော ဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုဖြစ်စေနိုင်သည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းများတွင် H5N1 ဗိုင်းရပ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့သည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက် နိုင်စွမ်းရှိကြောင်းပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်ပိုးကူးစက် ခံထားရပြီဖြစ်ကာ ဤအရေအတွက်သည် ပိုမိုတိုးလာနိုင်သည်ဟုခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အချက်အလက်စနစ် (WAHIS)မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့်ဖြစ်သည်။
ဤဖြစ်ရပ်များသည် ဗိုင်းရပ်၏ မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံအလင်းပြ လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိနို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေသည်။
၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်အားလုံးသည် H5 clade 2.3.4.4b Genotype B3.13 မျိုးကွဲဖြစ်ခဲ့သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 Genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။
D1.1 Genotype သည် ၂၀၂၃ ခုနှစ်ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ရွှေ့ပြောင်းရာလမ်းကြောင်း (North American Flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (Domestic Poultry)တွင် ကူးစက်မှုများတွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်၏မတူညီသော Genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်၏ဆက်လက် ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ Genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော Genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့သည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်၏ မျိုးဗီဇအမျိုးအစား(Genetic lade)တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမိုမြင့်မားနိုင်သည့် သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်)တွင် ကူးစက်နိုင်စွမ်းရှိသည်။
Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့် အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကို စောင့်ကြည့်ရန် အရေးကြီးသည်။ ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ရောက်ရှိ လာနိုင်ပေသည်။
HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာ ပြသလေ့ရှိသည်။ သေဆုံးနှုန်းမှာလည်း ၂ ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (Raw Milk) တွင် ဗိုင်းရပ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။
H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်အဖြစ်ပြောင်းလဲနိုင်ခြေ(Zoonotic Adaptation)ကိုမြင့်တက်စေသည်။ လက်ရှိတွင်နွားနို့မှတစ်ဆင့် လူသို့တိုက်ရိုက်ကူးစက်မှု အတည်မပြုရသေးသော်လည်း ဗိုင်းရပ်၏မျိုးဗီဇ ပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။
H5N1 ဗိုင်းရပ်၏နွားများအကြား အပြင်းအထန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကြီးမားသောစိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှထုတ်လုပ်သော နို့စိမ်း (Unpasteurized Milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျ
သက်သေပြချက်များရှိသည်။ နို့ကိုပေါင်းခံခြင်း (Pasteurization) မပြုလုပ်ပါက ဗိုင်းရပ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO)၏အကြံပြုချက်များမှာ
- နို့နှင့်နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးပါ။ (Pasteurization လုပ်ထားသော နို့ကိုသာရွေးချယ်ပါ)။
- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (Biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သော ငှက်များနှင့်ထိတွေ့မှုကို ကန့်သတ်ခြင်း)။
- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။
- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။
အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု
ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်တို့ရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်ကြောင်ကြီးများ (Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာ ကူးစက်ခံခဲ့ရသည်။
ကြောင်များတွင် ရောဂါလက္ခဏာများမှာ ပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ် ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်၏ နွားများအကြား ကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့်အန္တရာယ်ကို မြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်မြှင့်၍ဆောင်ရွက်ရန် အရေးကြီးသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကို ကာကွယ်ရန် အဓိကသော့ချက်များဖြစ်သည်။
“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါသည်”

နွားနို့
နွားနို့နှင့်အဆီဓာတ်မှာ ကင်ဆာကို အားပေးသည့် အကျိုးသက်ရောက်မှု ရှိသော်လည်း နွားနို့ထဲတွင် ပါဝင်သည့် တခြားဓာတ်ပစ္စည်းများသည် ကင်ဆာကို ခုခံတိုက်ဖျက်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ဘက်ဖလို (Buffalo) မှ ပညာရှင်များက အမေရိကန်နိုင်ငံသား ၁၃၀၀ အား လေ့လာသုတေသနပြုရာ တွင် မလိုင်ထုတ်ပြီး သို့မဟုတ် မလိုင်လျှော့ထားသည့် နွားနို့ပုံမှန်သောက်သုံးသူတို့သည် ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ စအိုကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် တခြားကင်ဆာဖြစ်ပွားနှုန်းသည် နွားနို့မသောက်သူများထက် လျော့နည်းနေကြောင်း တွေ့ရှိခဲ့ကြသည်။ နွားနို့တွင် ကင်ဆာကိုခုခံတိုက်ဖျက်သည့် ဓာတ်များ ပါဝင်နှုန်းကို လေ့လာသုတေသန ပြုဆဲဖြစ်သည်။ကြက်သွန်ဖြူဂျာမနီနိုင်ငံ၏ သုတေသနအသစ် တွေ့ရှိချက်အရ ကြက်သွန်ဖြူသည် ဆိုးရွားကင်ဆာဆဲလ်အတွက် အဆိပ်ဖြစ်နေသည်။ ဓာတုကုထုံးအတိုင်း ကင်ဆာဆဲလ်များကို သတ်ဖြတ်သုတ်သင်သည့် အကျိုးသက်ရောက်မှုမျိုးပါရှိသည်။ ကြက်သွန်ဖြူသည် ရောဂါပြီးခြင်း (Immunity)တုံ့ပြန်မှုကို ထိန်းညှိပေးသည့်ဆေး အဖြစ်လည်း အသုံးပြုနိုင်သည်။ လူကိုဆိုက် (Leucocytes) ဟုခေါ်သည့် သွေးဖြူဥဆဲလ်များကဲ့သို့ ခန္ဓာကိုယ်တွင်း ပုံမှန်ရောဂါပြီးဓာတ်၏ တုံ့ပြန်မှုကိုလှုံ့ဆော်ပေးသည်။ စမ်းသပ်ခန်းထဲ ခန္ဓာကိုယ်ပြင်ပ စမ်းသပ်မှုများအရ ကြက်သွန်ဖြူသည် macrophage နှင့် T.Iympho-cytes ခေါ် ရောဂါပြီးခြင်း ဓာတ်တစ်မျိုးတို့ကို ရှင်သန်အောင် လှုံ့ဆော်ပေးသည်ကို တွေ့ရသည်။ ရောဂါပြီးခြင်းဓာတ်သည်သတ္တိကြွပြီး ကင်ဆာဆဲလ်များကို သုတ်သင်ပစ်သည်။
ထို့ပြင် ကြက်သွန်ဖြူကို သဘာဝပိုးမွှား သက်သေအဖြစ် အသုံးပြုနိုင်သည်။ဥပမာ-အစာအိမ်ထွက်ပေါက်၌ အောင်းတတ်သည့်ပိုးမွှားများသည် အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာတို့နှင့် တိုက်ရိုက်ပတ်သက် ဆက်နွှယ်နေသည့် ပိုးမွှားများဖြစ်သည်။
ငါးအဆီ
ငါးများ၏အဆီသည် ကင်ဆာဆဲလ်များ ရွှေ့ပြောင်းဖြစ်ပွားမှုကို ဟန့်တားပေးသည်။ ဟားဗတ်တက္ကသိုလ်၏ လေ့လာသုတေသန ပြုချက်အရ ခွဲစိတ်မှုခံယူပြီးသော ရင်သားကင်ဆာများ ရွှေ့ပြောင်းဖြစ်ပွားနှုန်း ကျဆင်းသွားရန် ငါးအဆီက စွမ်းဆောင်ပေးနိုင်ပြီး တခြားကင်ဆာများ အပေါ်တွင်လည်း ထိုကဲ့သို့ အကျိုး သက်ရောက်နိုင်မည်ဟု ဆိုသည်။
ငါးအဆီက ကင်ဆာဆဲလ်များ ရွှေ့ပြောင်းစွဲကပ်မှုကို ဖြတ်တောက်ပစ်ခြင်း အကျိုးကိုပေးသည်။ ထိုမှတစ်ဆင့် မူလက ကင်ဆာ မဖြစ်ခဲ့သည့်နေရာ၌ မရှင်သန်နိုင်ရန် စွမ်းဆောင်လိုက်ခြင်း ဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ဆရာဝန်များက ရင်သားကင်ဆာလူနာများကို ငါးများများစားသုံးရန် မှာကြားခြင်းဖြစ်သည်။
အရက်သောက်ခြင်းနှင့်ကင်ဆာ
အရက်သောက်သူများသည် ကင်ဆာပြဿနာများ တွေ့ကြုံရင်ဆိုင်ရသည်။ အသည်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာ စသည်တို့ဖြစ်သည်။ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုတိုးပွားပြီး အန္တရာယ်ပိုများစေသည်။ အဆိုပါကင်ဆာဖြစ်ပွားနှုန်း တိုးပွားခြင်းက အရက်နှင့်တိုက်ရိုက်ပတ်သက် ဆက်နွှယ်မှုရှိသည်။ နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့၏ စစ်တမ်းပြုလုပ်ချက်အရ ဆေးလိပ်နှင့် အရက်သောက်သုံးကြသူများသည် လည်ချောင်းကင်ဆာဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်းတိုးမြင့်သွားပြီး နှာခေါင်းနှင့် အာခေါင်ကင်ဆာဖြစ်ပွားနှုန်း ၁၃ ရာခိုင်နှုန်း တိုးမြင့်သွားသည်ကိုတွေ့ရှိခဲ့ကြသည်။ အမေရိကန် အုတ်ကလာဟိုမားတက္ကသိုလ် ပါရဂူများ၏ တွေ့ရှိချက်အရ ဘီယာများများသောက်သူသည် ဘီယာမသောက်သူများထက် စအိုပြွန်ကင်ဆာဖြစ်ပွားနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသည်။ ကင်ဆာဖြစ်ပြီးသည့် လူနာသည် အရက်ကို မဖြစ်မနေဖြတ်ရမည်ဖြစ်သည်။
အဆီနှင့်ကင်ဆာ
သံလွင်ဆီမှ omega-3 ဖက်တီးအက်စစ်တို့သည် အကျိုးပြုအဆီ အက်စစ်များဖြစ်သည်။ အမေရိကန်နိုင်ငံ ကျန်းမာရေး သုတေသနအသင်း၏ သုတေသနပြုချက်အရ omega-3 သည် ကင်ဆာကာကွယ်ရေးနှင့် ခုခံတိုက်ဖျက်ရေး အကျိုးအာနိသင် ရှိကြောင်း သိရသည်။
လူတိုင်း နေ့စဉ်စားသောက်မှုမှ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသော တိရစ္ဆာန်အဆီသည် ကင်ဆာကိုဖြစ်စေနိုင်သည့် အာနိသင်များရှိကြသည်။ omega-3၊ omega-6၊ အကျိုးမပြုသောအက်စစ် (LDL) များပါဝင်သည်။ ကင်ဆာဖြစ်နိုင်သည့်ဆဲလ် သို့မဟုတ် ငုပ်လျှိုးနေသည့် ကင်ဆာဆဲလ်များကို ဆိုးရွားကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲတိုးပွားစေရန် အားပေးလှုံ့ဆော်သည်။
ဆောင်ရန် ရှောင်ရန်
ကင်ဆာကာကွယ်နိုင်သည့် အစားအစာများမှာ ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးအမှည့်၊ အစိမ်းရောင်ဟင်းရွက်များ၊ အဝါရောင်ဟင်းရွက်များ၊ ပဲပုပ်၊ ပဲပြား၊ ငါးအဆီ၊ ရေနွေးကြမ်း၊ နွားနို့တို့ဖြစ်ကြသည်။
ကင်ဆာဖြစ်ပွားမှုမှ ရှောင်ရန် အစားအစာများမှာ ခြေလေးချောင်းသား၊ အဆီများသောအစာ၊ ဆီအုန်းအပါအဝင် အရက်၊ ဘီယာတို့ဖြစ်သည်။ ကင်ဆာပြန့်ပွားမှုကို တားဆီးနိုင်သည့်အစားအစာများမှာ ပင်လယ်စာများ(ငါး၊ ပုစွန်)၊ မုန်ညင်းမျိုးရင်းဟင်းရွက်များ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ မုန်ညင်းဖြူ၊ မုန်ညင်းခါးစသည်တို့ဖြစ်သည်။

ဒီနှစ်အစောပိုင်းမှာ အာရှဒေသမှာရှိတဲ့ နိုင်ငံနဲ့ဒေသတော်တော်များများ အထူးသဖြင့် အရှေ့တောင် အာရှဒေသရှိ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေတာကို တွေ့ရပါတယ်။ အာရှမှာဆိုရင်တရုတ်နိုင်ငံနဲ့ဟောင်ကောင်ဒေသ၊ အရှေ့တောင်အာရှမှာဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုတွေပြန်လည်မြင့်တက်လာနေတာပါ။ ဒါကြောင့် ဒီရောဂါကပ်ဘေးဆိုးကြီးကကျွန်တော်တို့ကိုတစ်ဖန်ပြန်လည်ခြောက်လှန့်လာဦးမှာလားလို့ တွေးစရာ ရှိနေပါတယ်။

ဒီလိုထင်မယ်ဆိုရင်လည်းထင်စရာရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ရှိရရှိထားတဲ့အချက်အလက်တွေကိုကြည့်ပါက ကိုဗစ်-၁၉ရောဂါဟာတော်တော်လေးကိုတက်ကြွစွာရှင်သန်နေဆဲပဲဆိုတာကို တွေ့ရပါတယ်။ ဒီရောဂါကြီးကငြိမ်သွားပြီလို့ လူတွေစိတ်ထဲမှာထင်မြင်နေတဲ့အချိန်၊ ကူးစက်မှုနှုန်းတွေကျဆင်းသွားတဲ့အချိန်မှာတောင်မှ ဒီရောဂါက ရှင်သန်နေတာကိုတွေ့ရတာပါ။
လက်ရှိဟောင်ကောင်နဲ့စင်ကာပူမြို့ကြီးတွေမှာဆိုရင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာတာနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ အလားတူပဲတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာဆိုရင်လည်းရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ပြည်သူတွေကိုထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေလုပ်နေရပါတယ်။
ဟောင်ကောင်မှာဆိုရင် တစ်နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက အမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ ကျန်းမာရေးဌာနရဲ့ ကူးစက်ရောဂါဌာနမှူးကပြောထားပါတယ်။ ဒီလအစောပိုင်း ပထမရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဟာ ၃၁ ဦးရှိပြီး ရောဂါ ဖြစ်ပွားမှုကလည်း ပြင်းထန်တယ်လို့ဆို ပါတယ်။ ဒီအတွက် ကျန်းမာရေးတာဝန် ရှိသူများက ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးခြေရာခံမှုတွေလုပ်တဲ့အခါ အဲဒီရောဂါပိုးက လူကြားထဲမှာ တော်တော်လေးပျံ့နှံ့နေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ဟောင်ကောင်နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ အီဆန်ချန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းပါပဲ။ ဒီအတွက်ပြည်သူတွေက ရောဂါပြန်လည်ဖြစ်ပွားမှုကိုသတိပြုမိလာတာဖြစ်ပါတယ်။
ထို့အတူ စင်ကာပူနိုင်ငံမှာဆိုရင်လည်း ဒီလအစောပိုင်းရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက ၂၈ ရာခိုင် နှုန်းအထိမြင့်တက်လာတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ရာခိုင်နှုန်းအရ ဆိုရင် ရောဂါကူးစက်ခံရသူအရေအတွက် က ၁၄၂၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်သီးသန့်ထားရှိတဲ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံယူရသူအရေအတွက်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့သိရပါတယ်။
အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်လည်မြင့်တက်လာရခြင်းဟာ ရောဂါပိုးအနေနဲ့ ပိုမိုပြင်းထန်လာခြင်းကြောင့်မဟုတ်ဘဲ ပြည်သူတွေမှာသာ အဲဒီ ရောဂါကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအား ကျဆင်းလာခြင်းကြောင့်သာဖြစ်တယ်လို့
ကျန်းမာရေးတာဝန်ရှိသူများကပြောထားပါတယ်။ ဒါ့အပြင် လက်ရှိကိုဗစ်-၁၉ ရောဂါမျိုးကွဲကလည်း အရင်ကထက်ပိုမို ပြင်းထန်လာတဲ့အထောက်အထားတွေ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်း သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးကြဖို့ တာဝန်ရှိသူများက တိုက်တွန်းထားတာ တွေ့ရပါတယ်။
အလားတူတရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုက မြင့်တက်လာ နေတယ်လို့ တရုတ်နိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ လနဲ့ဒီလအစောပိုင်းအတွင်း ဆေးရုံတွေမှာတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူအရေအတွက်က နှစ်ဆမြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခုလိုမျိုး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက် လာခြင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာဖြစ် ပွားတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအတိုင်းဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူများက သတိပေးစကားပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ ခြင်းနဲ့ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဧပြီလတုန်းကကျင်းပခဲ့တဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်အပြီးမှာကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကပြန်လည်မြင့်တက်လာတာပါ။ အဲဒီကာလအတွင်း လူစုလူဝေးများပြားခြင်းက ရောဂါပိုးကူးစက်ပျံ့နှံ့ဖို့အားပေးရာရောက်စေခဲ့တာဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အထိရရှိတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူ ၇၁၀၆၇ ဦးနဲ့ အဲဒီရောဂါကြောင့်သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစိုးရရဲ့ကိုဗစ်-၁၉ ရောဂါသတင်းထုတ်ပြန်ရေးဌာနကပြောပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးမထိုးရသေးဘူး ဆိုရင် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ် ဆေးထိုးပြီးသူဆိုရင်လည်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ကို တာဝန်ရှိသူများ ကတိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံမှာကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက အိုမီခရွန် XEC မျိုးကွဲဖြစ် တယ်လို့ဆိုပါတယ်။ သူက KS.1.1 နဲ့ KP.3.3 ဆိုတဲ့မျိုးကွဲတွေနဲ့ဖွဲ့စည်းဖြစ်တည်နေတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကိုအလွန် အမင်းမြန်ဆန်စေတဲ့ သန္ဓေပြောင်းမျိုးစိတ် အမျိုးမျိုးကိုသယ်ဆောင်ထားတာဖြစ်ပါ တယ်။ လက်ရှိမှာဆိုရင် အဲဒီရောဂါပိုးမျိုးကွဲ က ဥရောပ၊ မြောက်အမေရိကနဲ့ အာရှ ဒေသတို့ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ပျံ့နှံ့ နေတာကိုတွေ့ရှိလာရပါတယ်။ သူ့ရဲ့ကူးစက်ပျံ့နှံ့မှုနှုန်းကတော့ အခြားသောအိုမီခရွန် မျိုးကွဲတွေထက် ၈၄ ဆမှသည် အဆ ၁၁၀ အထိရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။
အခု အာရှဒေသရှိနိုင်ငံနဲ့ဒေသတွေမှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါတွေက နွေရာသီကာလတွေမှာ ပိုမိုပျံ့နှံ့လာနေတာတွေ့ရပါတယ်။အရင်တုန်းကကိုဗစ်ရောဂါဆိုတာသာမန်တုပ်ကွေးရောဂါလိုပဲဖြစ်သွားလိမ့်မယ်လို့ယူဆထားခဲ့ကြတာပါ။ တုပ်ကွေးရောဂါတွေ က မိုးရာသီမှာအဖြစ်များပြီး နွေရာသီမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခု ကိုဗစ်-၁၉ ရောဂါကျတော့ အဲဒီလိုမျိုး ဖြစ်မလာပါဘူး။နွေရာသီမှာသာပိုပြီးကူးစက်ပျံ့နှံ့လာနေတာတွေ့ရပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေတာကတော့ အသေအချာ ပါပဲ။ဒါကြောင့်လည်းကျန်းမာရေးတာဝန်ရှိသူများကပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့တိုက်တွန်းလာနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရအဖွဲ့အချင်းချင်းက တစ်ဦးကရတဲ့ အချက်အလက်တွေကို တခြားသူတွေဆီပြန်လည်မျှဝေပြီး ဒီကပ်ဆိုးကြီးကိုထိန်းချုပ်နိုင်ဖို့လုပ်ဆောင်နေကြတာတွေ့ရပါတယ်။
ဒါကြောင့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါကြီးက အရှင်းပျောက်မသွားသေးပါဘူး။ ကိုဗစ်-၁၉ ရောဂါက ၂၀၂၀ ပြည့်နှစ် မှာစတင်ပေါ်ပေါက်လာပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးခဲ့ပြီးသည့်တိုင်အောင်အခုချိန်ထိလည်း လူတွေကို သံသယတွေနဲ့ အတူ ဒုက္ခပေးနေဆဲဖြစ်တယ်လို့ဆိုရမှာပါ။
ဒီအတွက်ကြောင့်ကျွန်တော်တို့တစ်တွေအနေနဲ့ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရမှာ လားလို့မေးလာရင် ကိုယ်ကကာကွယ် ဆေးထိုးထားပြီးသားဆိုရင်လည်း ထပ်ဆောင်းကာကွယ်ဆေးကိုထိုးဖို့၊ မထိုးရသေးဘူးဆိုရင်လည်း ကာကွယ်ဆေးကို အမြန်ဆုံးထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူစုလူဝေးနေရာတွေကိုရှောင်ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးခြင်း၊ လူများတဲ့နေရာတွေကိုသွားမယ်ဆိုရင် နှာခေါင်းစည်းကိုတပ်သွားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်း များကိုဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခု အထိကာကွယ်နိုင်မယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Ref: ET, NT

လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄ ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။ လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊ အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသေ
လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄ ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။ လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊ အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသော လျှို့ဝှက်သကြား များရှိနေတတ်ကြောင်း သိထားရန်လိုအပ်ပါသည်။
ပေါင်းထည့်သကြား
အစားအစာများတွင် အရသာပိုကောင်းစေရန် သကြားကိုမကြာခဏ ထည့်လေ့ရှိသည်။ ထုပ်ပိုးထားသောအစားအစာများကို စီမံဆောင်ရွက် သည့်အချိန်တွင် သကြားအပိုများထည့်ထားတတ်သည်။ ထို့ပြင် ထုပ်ပိုး ထားသောအစားအစာများ၏ သက်တမ်းကိုတိုးမြင့်ရန်လည်း ထည့်လေ့ရှိသည်။ ခေါက်ဆွဲဆော့စ်ကဲ့သို့ အရသာရှိသောအစားအစာတချို့တွင်ပင် စားသုံးသူများ မထင်မှတ်ထားသောသကြားများကို ထည့်ထားကြသည်။
လျှို့ဝှက်သကြား
လျှို့ဝှက်သကြားသည် အစားအစာနှင့်အချိုရည်များတွင် လူသိ နည်းသောအမည်များကိုအသုံးပြု၍ အသွင်ယူထည့်ထားသောသကြားများဖြစ်သည်။ မုန့်ဖုတ်ပစ္စည်းများ၊ ခေါက်ဆွဲများ၊ ဆော့စ်များနှင့် အချိုရည်များအပါအဝင် အစားအစာများစွာတွင် လျှို့ဝှက်သကြားများကို တွေ့ရှိနိုင်သည်။ လျှို့ဝှက်သကြားတွင် ဥပမာအားဖြင့် သကြားညို၊ ဝတ်ရည်၊ ပြောင်းဖူးရည်၊ ပျားရည်၊ Dextrose၊ Fructose၊ Glucose၊ Maple Syrup နှင့် Sucrose တို့ပါဝင်သည်။
အာဟာရအညွှန်းများအမြဲဖတ်ရန်
အစားအစာများတွင် သကြားမည်မျှပါဝင်သည်ကိုသိရှိရန် အကောင်း ဆုံးနည်းလမ်းမှာ အာဟာရဆိုင်ရာအညွှန်းများကို အမြဲဖတ်ရန်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းစာရင်းကိုဖတ်လျှင် အမြင့် ဆုံးပမာဏမှ အနည်းဆုံးပမာဏအထိ ပါဝင်ပစ္စည်းများကို အမြဲဖော်ပြထားသည်။ အညွှန်းသည် အစားအစာတွင်ပါဝင်သော သဘာဝသကြား များနှင့် ပေါင်းထည့်သကြားများဖြစ်သည့် စုစုပေါင်းသကြားပမာဏကို ပြသမည်ဖြစ်သည်။ ဥပမာအားဖြင့် အစားအစာတစ်ခုတွင် သကြားစုစု ပေါင်း ၂၀ ဂရမ်ပါလျှင် ပေါင်းထည့်သကြား ၁၅ ဂရမ်နှင့် သဘာဝသကြား ၅ ဂရမ်ဖြစ်ကြောင်း သိရှိနိုင်သည်။ အညွှန်းများကိုစစ်ဆေးသောအခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတွင် သကြား ၄ ဂရမ်ခန့်ပါရှိသည်ကိုသိထား ရန်လိုပါသည်။ သတိထားကြည့်ရန်လိုသော သကြားအမျိုးအစားတချို့ နှင့် အသုံးများသောသကြားဓာတ်ပါဝင်သည့်ပစ္စည်းများမှာ ကြံသကြား၊မုန့်ဖုတ်သကြား၊ တာဘိုင်ဒိုသကြား၊ သကြားရည်အပျစ်၊ ပြောင်းဖူးရည်၊ ဆန်အရက်၊ သကာရည်၊ တင်လဲရည်၊ သစ်သီးဖျော်ရည်၊ ပျားရည် နှင့် ဝတ်ရည်တို့ဖြစ်သည်။ ထို့ပြင် Glucose၊ Fructose၊ Lactose၊Maltose၊ Dextrose နှင့် Sucrose အများစုတွင် သကြားပါဝင်သည်။
တချို့သောအစားအစာများသည် Sucralose၊ Aspartame၊ Saccharin နှင့် Stevia ကဲ့သို့သော သုညကယ်လိုရီအချိုဓာတ် (Zero-calorie sweeteners) ကိုအသုံးပြုပါသည်။ Zero-calorie sweeteners များသည် သွေးတွင်းသကြားဓာတ်ပမာဏကို အကျိုးသက်ရောက်မှုမရှိသည့်အပြင် ကယ်လိုရီစားသုံးမှုကိုလျှော့ချရန် ကူညီပေးနိုင်သည်။ ယင်းတို့သည်ယေဘုယျအားဖြင့် အန္တရာယ်ကင်းပြီး ပုံမှန်သကြားစားသုံးမှုကို လျှော့ချ ရန် ရေတိုနည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။ ပုံမှန်သကြားကဲ့သို့ပင် သကြားအစားထိုးစားသုံးမှုကို တတ်နိုင်သမျှကန့်သတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သကြားအစားထိုးပစ္စည်းများ၏ ရေရှည်အကျိုး သက်ရောက်မှုကို လေ့လာ နေဆဲဖြစ်သော်လည်း တချို့သောသုတေသန ပြုချက်များအရ ယင်းတို့အသုံးပြုမှုသည် လေပွခြင်းနှင့် ဝမ်းလျှောခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့်ဆက်စပ်မှုရှိနိုင်ကြောင်း အကြံပြုထားသည်။ ထို့ပြင်သကြားလုံးဝမပါသောသရေစာများသည် အာဟာရပြည့်ဝသောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့အာဟာရမပြည့်နိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။
လျှို့ဝှက်သကြားများပါဝင်လေ့ရှိသောအစားအစာများအောက်ဖော်ပြပါအစားအစာများသည် လျှို့ဝှက် သကြားပါဝင်လေ့ရှိ သောအစားအစာများဖြစ်သည်။
ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များ
ခရမ်းချဉ်သီးဆော့စ်၊ ခေါက်ဆွဲဆော့စ်၊ ဘာဘီကျူးဆော့စ်နှင့် အသုပ်အတွက်ဆော့စ်များတွင် လျှို့ဝှက် သကြားများ ပါဝင်လေ့ရှိသည်။
ပရိုတင်းဘားများ သို့မဟုတ် ဒိန်ချဉ်
ဤအစားအစာများသည် ပရိုတင်းဓာတ်အချိုးအစား မြင့်မားစွာပါဝင် သောကြောင့် အဆင်ပြေသောအစားအစာတစ်ခုဖြစ်နိုင်သော်လည်းတချို့တွင် ပေါင်းထည့်သကြားပမာဏများစွာပါဝင်နိုင်သည်။ စျေးကွက် အတွင်းရောင်းချသည့် ပရိုတင်းဘားများတွင် ပရိုတင်းကိုအဓိကထား၍တံဆိပ်ကပ်ထားသော်လည်း အများအပြားသည် ကွတ်ကီး သို့မဟုတ် ဒိုးနပ်ကဲ့သို့သော အချိုပွဲများထက် ပေါင်းထည့်သကြားများပါရှိတတ်သည်။ ထို့ကြောင့် သကြားထက် ပရိုတင်းဓာတ်ဂရမ်ပိုများသောရွေးချယ်စရာများကို ရှာဖွေရန်လိုအပ်သည်။
နို့နှင့်နို့ထွက်မဟုတ်သောပစ္စည်းများ
နို့ထွက်ပစ္စည်းများတွင် သဘာဝသကြားဓာတ်များပါဝင်သော်လည်း တချို့သောနို့ထွက်မဟုတ်သော ပစ္စည်းများတွင် ပေါင်းထည့်သကြား များဖြင့် ပိုချိုနိုင်သည်။ ချောကလက်၊ ဗင်နီလာ၊ စတော်ဘယ်ရီ အရသာပါသည့်အစားအစာများကို သတိပြုဝယ်ယူသင့်ပါသည်။
နံနက်စာစီရီရယ်များနှင့်အစေ့အဆန်များ
ကျန်းမာရေးနှင့်ညီညွတ်သောနံနက်စာသီးနှံအဖြစ် သတ်မှတ်ထားသော အစေ့အဆန်များ၊ မုယောစပါး၊ အုတ်ဂျုံနှင့် သစ်သီးခြောက်များ၊ အခွံမာသီးများသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် သကြား၊ ပျားရည် သို့မဟုတ် တခြားထည့်ထားသောသကြားများဖြင့်ရောစပ်ထားသော ကြောင့် ပို၍ချိုသည်။ ပြုပြင်ပြီး သောနံနက်စာစီရီရယ်များ၊ ကွတ်ကီးများ၊ ဘီစကွတ်မုန့်၊ Crackers နှင့် ထုပ်ပိုးထားသော သရေစာများတွင် ပေါင်းထည့်သကြားများပါဝင်သည်။
စည်သွတ်ဘူးများ၊ သစ်သီးဖျော်ရည်များ၊ ယိုများစည်သွတ်ထားသောသစ်သီးများ၊ ဖျော်ရည်များနှင့် ယိုများတွင်ပေါင်းထည့်သကြားများ ပါဝင်နိုင်သည်။
ထောပတ်များ
မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ထောပတ်များတွင် အရသာနှင့်အသွင် အပြင်အတွက် သကြားများထည့် နိုင်သည်။
အချိုရည်များ
အားဖြည့်အချိုရည်ပုလင်းများ၊ကော်ဖီနှင့်ကော်ဖီအေးများတွင်ထည့်ထားသောသကြားပမာဏမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် များသည်။ ရေနှင့်အချိုမပါသောကော်ဖီ သို့မဟုတ် လက်ဖက်ရည်များ ကို သောက်သုံးသင့်ပါသည်။
ထိန်းညှိစားသုံးခြင်း
အကြိုက်ဆုံးအစားအစာတချို့တွင်သကြားဓာတ်များနေပါက ယင်း တို့ကို လုံးဝဖြတ်ပစ်ရန်မဆိုလိုပါ။ အရေးကြီးသောအချက်မှာ အစားအစာများကိုသတိထား၍ သင့်တင့်မျှတစွာစားသုံးနိုင်ပါသည်။ အာဟာရ တံဆိပ်ပေါ်ရှိ အကြံပြုထားသောအရွယ်အစားများကို သေချာလိုက်နာပါ။ အစားအစာတွင်ထည့် ထားသောသကြားများကို စားသုံးရန်စိုးရိမ်ပါက အရွယ်အစားနှင့်ပမာဏကို လျှော့ချစားသုံးပါ။သကြားနည်းသော သို့မဟုတ် သကြားမပါသော (No sugar) တခြားရွေးချယ်စရာများကို ရှာဖွေပါ။ သွေးချို ဆီးချိုရောဂါအတွက် တချို့သောအစားအစာများကိုလည်း အိမ်တွင် ကိုယ်ပိုင်တီထွင်ဖန်တီး ပြုလုပ်နိုင်သည်။
လျှို့ဝှက်သကြားများကိုရှောင်ရှားရန်နည်းလမ်းများ
လျှို့ဝှက်သကြားများကိုရှောင်ရှားရန် ကုန်အမှတ်တံဆိပ်အညွှန်းများ ကိုသေချာဂရုတစိုက်ဖတ်ပါ။ တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းများစာရင်းနှင့် ထည့်ထားသောသကြားများပမာဏကို အမြဲရှာဖွေပြီး သကြားပါဝင်မှုအနည်းဆုံးကို ရွေးချယ်ပါ။အစားအစာနှင့်အချိုရည်များတွင်ပါဝင်သော စုစုပေါင်းသကြားပမာဏအတွက် အာဟာရအညွှန်းများကို စစ်ဆေးပါ။ နို့ထွက်ပစ္စည်းများမဟုတ်သော ဗာဒံစေ့နို့၊ အုန်းနို့၊ ဆန်နို့၊ ပဲနို့စသည့်အပင်အခြေခံနို့ရည်များအတွက် အာဟာရတံဆိပ်ကိုဖတ်ပါ။ ၁၀၀ ဂရမ်တွင် သကြား ၁၅ ဂရမ်ထက်ပိုသောအစားအစာများသည် ပေါင်းထည့်သကြားဓာတ်မြင့်မားနိုင်သည်။ ၁၀၀ ဂရမ်တွင် သကြား၅ ဂရမ်ထက်နည်းသောအစားအစာများကို ရွေးချယ်သင့်ပါသည်။
သစ်သီးဖျော်ရည်များ သို့မဟုတ် ပြုပြင်ထားသောသရေစာများအစား လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ။ သကြားပါဝင်မှုလျှော့ချရန် လွယ်ကူသောနည်းလမ်းတစ်ခုမှာ သကြားပါသောအချိုရည်များကိုရှောင်ကြဉ်ရန်ဖြစ်သည်။ ဆော်ဒါ၊ အချိုပါသော ကော်ဖီ၊ ဖျော်ရည်များနှင့် သစ်သီးဖျော်ရည်များကိုရှောင်ပါ။ ဒိန်ချဉ်နှင့် ဟင်းသီးဟင်းရွက်အသုပ်များကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သောအစား အစာများတွင်ပင် လျှို့ဝှက်သကြားများပါဝင်နိုင်သည်။ အရသာရှိသော ဒိန်ချဉ်အစား ရိုးရိုးဒိန်ချဉ်ကိုရွေးချယ်ပြီး သဘာဝအသီးအနှံများကိုထည့် ပါ။သဘာဝအချိုဓာတ်ကိုလျှော့ပေါ့ရွေးချယ်ပါ။ အချိုဓာတ်ကိုအသုံးပြုပါ က Zero-calorie sweeteners သို့မဟုတ် ပျားရည်ကဲ့သို့ သဘာဝရွေးချယ် စရာများကို ရွေးချယ်ပါ။ အစားအစာ အရွယ်အစားများနှင့် ပမာဏကို သတိထားရန်လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။