နှလုံးအကြောင်း သိကောင်းစရာလူသားတို့၏နှလုံးသည်တစ်ပေါင်အောက်လေးပြီးအမျိုးသားတို့၏ နှလုံး က အမျိုးသမီးတို့ထက်နှစ်အောင်စခန့်ပိုလေးသည်။အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတစ်ဦး၏ နှလုံးသည် တစ်ရက်လျှင် အကြိမ် ၁၁၅၀၀၀ ခန့် စည်းချက်မှန်မှန်ခုန်သည်။ အမျိုးသမီးတို့က အမျိုးသား များထက် နှလုံးခုန်နှုန်းအနည်းငယ်ပို၍မြန်ဆန်သည်။ လူ့ခန္ဓာကိုယ်မှ နှလုံးကိုထုတ်လိုက်လျှင်စက္ကန့် တော်တော်ကြာသည်အထိ နှလုံးက ဆက်လက်ခုန်နိုင်သည်။

ရင်ကွဲနာကျသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း သုတေသီများကအတည်ပြုထားကြပြီးယင်းကို ဆေးသိပ္ပံ နည်းအရ နှလုံးကွဲကြေရောဂါဟုခေါ်သည်။ ထိုရောဂါသည် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် ပုံစံတူညီကာ ရုတ်တရက်အသက်သေဆုံးတတ်သည်။ နှလုံးသွေးကြောပိတ်ခြင်းကြောင့်လည်း နှလုံးတိုက်ခိုက်ခံ ရတတ်သည်။ နှလုံးကွဲကြေရောဂါကမူ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ထိခိုက်ပင်ပန်းမှုများကြောင့် ဖြစ်ပေါ်လာရသည်။ တစ်နည်းဆိုသော် စိတ်ဖိစီးမှု ဟော်မုန်းများကြောင့် နှလုံးကွဲကြေရောဂါ ဖြစ်ပွားရခြင်းဖြစ်သည်။
အထူးသဖြင့် အသက် ၇၀ ကျော်လာလျှင် လူကြီးများသည် သွားလာလှုပ်ရှားမှု နည်းပါးလာရာမှ နှလုံး ကျန်းမာရေး ကျဆင်းလာတတ်သည်။ ထိုသို့ နှလုံးကျန်းမာရေးဆုတ်ယုတ်လာကာ နောက်ပိုင်းတွင် အသက် ၈၀ မတိုင်မီ နှလုံးထိခိုက်မှုကြောင့် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်။ ထိုကြောင့် အသက် ၇၀ ကျော်လာလျှင် အမျိုးသားရော အမျိုးသမီးပါ နှလုံးအားကောင်းစေရန်တစ်ရက်လျှင် မိနစ် ၂၀ ကြာမျှကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးလည်ပတ်စီးဆင်းမှုမြန်ဆန်လာကာ နှလုံးကျန်းမာရေး ကောင်းမွန်လာရုံသာမက သွေးဖိအား၊ သွေးတွင်းရှိ သကြားဓာတ်ပါဝင်မှုတို့ကိုလည်း ထိန်းညှိပေးနိုင်သည်။
ဆီးချိုရောဂါ
ဆီးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်ပြီး ကုသပျောက်ကင်းရန် မဖြစ်နိုင်သော်လည်း ကျန်းမာ ရေးစောင့်ရှောက်မှုကို စနစ်တကျခံယူပါက သက်တမ်းစေ့နေနိုင်သည့်ရောဂါဖြစ်သည်။ မကူးစက်တတ် သောရောဂါဖြစ်သော်လည်း လူတို့၏ နေထိုင်စားသောက်မှုပုံစံအပြောင်းအလဲကြောင့် ရောဂါဖြစ်ပွားမှု နှုန်း ပိုများလာသည်။ ယေဘုယျအားဖြင့် မျိုးရိုးဗီဇနှင့် နေထိုင်မှုဘဝပုံစံကြောင့် ဖြစ်ပွားလေ့ရှိသော်လည်း ယခုအခါ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကြောင့် ဖြစ်ပွားမှုနှုန်းပိုများလာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းဇယားများအရကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ ၁၀ ဦးတွင် တစ်ဦးသည် ဆီးချို၊ သွေးချိုရောဂါ ခံစားနေရပြီး အဆိုပါရောဂါကြောင့် နှစ်စဉ် လူဦးရေ နှစ်သန်းကျော် အသက်သေဆုံးနေရကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သော အပြည်ပြည် ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ် (IDF) ၏ ထုတ်ပြန်ချက်ကလည်း ကမ္ဘာပေါ်တွင် အသက် ၂၀ မှ ၇၉ နှစ်အတွင်း ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေသူ ၅၃၇ သန်းရှိပြီး ရောဂါဖြစ်ပွားသူထက်ဝက်နီးပါး ခန့်သည် မိမိတွင် အဆိုပါရောဂါရှိနေသည်ကို မသိရှိကြဟုဆိုသည်။
၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၆၄၃ သန်း၊ ၂၀၄၅ ခုနှစ်တွင် ၇၈၃ သန်းအထိ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားသူ မြင့်တက်လာမည်ဟုခန့်မှန်းထားသည်။
ဆီးချိုနှင့် နှလုံးရောဂါ ဆက်စပ်မှုရှိ
သွေးတွင်း ဂလူးကို့စ်ပမာဏ မြင့်မားခြင်းသည် သွေးကြောများ၏ ပျော့ပြောင်းမှုကို လျော့ကျ စေသည့်အပြင် သွေးကြောများကို ကျဉ်းမြောင်းစေပြီး သွေးစီးဆင်းမှုကို ဟန့်တားနိုင်သည်။ ထို့ပြင် သွေး နှင့် အောက်ဆီဂျင်ထောက်ပံ့မှုလျော့ကျစေပြီး သွေးတိုးရောဂါ၊ သွေးကြောငယ်များနှင့် နှလုံးသွေးကြော စနစ် ပျက်စီးနိုင်ခြေ အလားအလာတို့ကို မြင့်တက်စေသည်။ သွေးတိုးခြင်းသည် နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသောအချက်ပြသင်္ကေတတစ်ခုလည်းဖြစ်သည်။ သွေးပေါင်ချိန်မြင့်မားခြင်းက သွေးလွှတ်ကြောများမှ တစ်ဆင့် သွေးဖိအားကိုတိုးစေပြီး သွေး လွှတ်ကြောနံရံများကို ပျက်စီးစေနိုင် သည်။ အမေရိကန်ပြည်ထောင်စုရှိ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးစင်တာ (CDC) ၏ အတည်ပြု ချက်အရ ဆီးချို ရောဂါရှိသော အရွယ်ရောက်ပြီးသူများ၏ ၇၄ ရာခိုင်နှုန်းမှာ သွေးတိုး ရောဂါရှိသူများ ဖြစ်ကြောင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါ နှစ်မျိုးစလုံးရှိနေခြင်းသည် နှလုံးရောဂါ ဖြစ်နိုင် မှုကို မြင့်မား စေကြောင်း သိရ သည်။
သွေးကြောကြီးများ ပျက်စီးခြင်း၏ နောက်ဆက်တွဲပြဿနာများမှာရုတ် တရက် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ခြင်း တို့ဖြစ်သည်။ သေးငယ်သော ဆံချည်မျှင် သွေးကြောများ ပျက်စီးခြင်းသည် မျက်စိ၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်တို့ကို အနှောင့်အယှက်ဖြစ်စေသည်။ နှလုံးရောဂါ သည် ပြင်းထန်သောအခြေအနေတစ်ခု ဖြစ်သော်လည်း နှလုံးခုန်ရပ်တန့်သွားခြင်း မျိုးမဟုတ်ဘဲ နှလုံးကသွေးကိုကောင်းစွာ စုပ်ယူနိုင်ခြင်းမရှိတော့ပေ။ ထိုအခါ ခြေထောက်များရောင်ရမ်းပြီး အဆုတ်ထဲတွင် အရည်များစုနေသောကြောင့် အသက်ရှုရခက်ခဲစေသည်။ နှလုံးရောဂါ၏ သဘောသဘာဝသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်သော်လည်း စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် ရောဂါလက္ခဏာများကိုသက်သာရာရစေသည်။ ထို့ပြင် ရောဂါအခြေအနေပိုမိုဆိုးရွားလာခြင်းကို ရပ်တန့်စေနိုင် သို့မဟုတ် နှောင့်နှေးစေနိုင်သည်။
ထို့ကြောင့်နောက်ဆက်တွဲကျန်းမာရေး ဆိုးကျိုးများ မဖြစ်ပေါ်စေရန် နှလုံးရောဂါကိုမွေးမထားဘဲ ဆောလျင်စွာကုသမှု ခံယူသင့်သည်။
ဆီးချိုရောဂါရှိသူများ နှလုံးသွေးကြောကျဉ်းရောဂါအဖြစ်များ
ဆီးချိုရောဂါသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှင့်လည်း ဆက်စပ်နေသည်။ အဝလွန်လေ ဆီးချို၊ သွေးချို ရောဂါဖြစ်ရန် အခွင့်အလမ်းများလေဖြစ်သည်။ အဝလွန်သောအခါ မကောင်းသော အဆီဓာတ်များခြင်းကြောင့် နှလုံးသွေးကြောနံရံများတွင် အဆီများစုကာ နှလုံးသွေးကြောကျဉ်းရောဂါ ကိုဖြစ်စေနိုင်သည်။ ဆီးချို၊ သွေးချိုရောဂါရှိသူများ တွင် အာရုံကြော စနစ်အားနည်း ခြင်းအပြင် သွေးချိုဓာတ်များခြင်းကြောင့် ဆဲလ်များတွင် မူမမှန်ပြောင်းလဲမှုများဖြစ်ပေါ်ကာ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေပိုများသည်။
ဆီးချိုရောဂါလူနာများတွင်အလိုအလျောက် အာရုံကြောတုံ့ပြန်မှုစနစ်များ ချို့ယွင်းနေခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါခံစားရသောအခါ တခြားသူများကဲ့သို့ ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေနည်းသည်။ ဥပမာ-အစာမကြေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ နုံးခြင်း စသည့် မသိသာသောဝေဒနာများ ခံစားရသည့်အတွက် ပေါ့ပေါ့ဆဆနေထိုင်မိခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ခြေများသည်။
ထို့ကြောင့် ဆီးချိုရောဂါလူနာများတွင် နှလုံးသွေးကြောကျဉ်းရောဂါကို အထူးဂရုပြုရန်လိုသည်။အောက်ဖော်ပြပါ နည်းလမ်းတို့ဖြင့်မိမိကျန်းမာရေးကို စစ်ဆေးသင့်သည်။
- သွေးချိုဓာတ် ပုံမှန်စစ်ဆေးပါ။
- သွေးတွင်းအဆီဓာတ်စစ်ဆေးပါ။
- ဆရာဝန်နှင့်ပုံမှန်ပြသပြီး ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ။
- နှလုံးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ။
ယာဉ်မမောင်းသင့်
နှလုံးရောဂါနှင့်ယှဉ်တွဲနေသော ဆီးချို၊ နှလုံးရောဂါဝေဒနာရှင်များသည် ယာဉ် မောင်းနှင်ရာတွင်သာမန်လူများထက် ဂရုစိုက်သင့်သည်။အဘယ်ကြောင့်ဆိုသော် လမ်းဘေး ဝဲ၊ ယာ အာရုံစူးစိုက်၍ ယာဉ်မောင်းနှင်ရခြင်း၊ အချက်ပြမီးပွိုင့်များကို ဂရုစိုက်ခြင်း၊ ယာဉ်လမ်းကြောင်း ရွေးချယ်ရခြင်း၊ တခြားသောယာဉ်များကို သတိထားရခြင်းနှင့်အတူ မထင်မှတ်သော အချိန်၊နေရာတို့တွင်မထင်မှတ်သော တခြားယာဉ်တစ်စီးစီး၏ကျော်တက် ဖြတ်မောင်းသောအန္တရာယ်ကိုရှောင်ကွင်းရခြင်း စသည်တို့ကြောင့် မူလအရင်းခံ နှလုံးရောဂါရှိသူများတွင် ဘေးဖြစ်စေနိုင်သည်။ အကယ်၍ ဆီးချို၊ သွေးချို မြင့်တက်နေချိန်နှင့်တိုက်ဆိုင်နေပါက အန္တရာယ်ကိုရှောင်လွဲရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
မဖြစ်မနေ ယာဉ်မောင်းရမည်ဆိုပါက အဖော်တစ်ယောက်ခေါ်သွားပါ။ ယာဉ်မောင်းနှင်နေချိန်တစ်စုံတစ်ရာခံစားရပါက လမ်းဘေးတွင်ယာဉ်ခေတ္တရပ်ပြီး ရောဂါလက္ခဏာများ သက်သာသွားသည်အထိ အချိန်တစ်ခုမျှ အနားယူပါ။ (စကားချပ်) ယာဉ်မောင်းနှင်ခြင်းဟုဆိုရာဝယ် အနှေးယာဉ်၊ အမြန်ယာဉ်၊ စက်ဘီး၊ ဆိုင်ကယ်အားလုံးကို ရည်ညွှန်းပါသည်။
နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်သော အချက်အလက်များ
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများသော အချက်အလက်တချို့ကိုကျန်းမာသုတအနေဖြင့် အကြံပြုလိုပါသည်။ အသက်အရွယ်ကြီးရင့်လာခြင်း (ပျမ်းမျှ အမျိုးသားများတွင် အသက် ၅၅ နှစ်ကျော်အရွယ်၊ အမျိုးသမီးများတွင် သွေးဆုံးပြီးချိန်)၊ သွေးပေါင်ချိန်များခြင်း၊ ကိုယ်အလေးချိန်များ ခြင်း သို့မဟုတ် အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ မိသားစုမျိုးရိုးတွင် နှလုံးသွေးကြော ကျဉ်းရောဂါရှိခြင်း၊ ဆီးချို၊ သွေးချို ရောဂါ သို့မဟုတ် Metabolic Syndrome (ခေါ်) ဇီဝဖြစ် ပျက်ရောဂါစုရှိခြင်း၊ LDL (ခေါ်) မကောင်းသော ကိုလက်စထရော များနေပြီး၊ HDL (ခေါ်) ကောင်းသော ကိုလက်စထရောနည်းနေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည်တို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် ကျား၊ မ အားလုံးတွင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆီးချိုရောဂါတို့ ဖြစ်ပေါ်ခံစားရနိုင်သည်။ ဓမ္မတာ မမှန်သော အမျိုးသမီးများသည် ဆီးချို၊သွေးချိုရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း၊ ဆေးလိပ်၊ အရက်သောက်သုံးသော အမျိုးသားများနှင့် အမျိုးသမီးများ မီးယပ်ဆုံးချိန် (ဝါ) အသက် ၅၀ ကျော် အမျိုးသားများတွင်လည်း ဆီးချို၊ သွေးချို ရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ခြေပိုများကြောင်း သုတေသီများ၏လေ့လာချက်အရ သိရသည်။
အထူးသတိပေးလိုသည်မှာယနေ့ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါ ပုံပြောင်းဗိုင်းရပ်စ်သစ်များ အားကောင်းကောင်းဖြင့် ထွက်ပေါ်နေဆဲဖြစ်ရာ ယင်းဗိုင်းရပ်စ်များက နှလုံးကြွက်သားကို တိုက်ရိုက်ထိခိုက်စေကြောင်း သုတေသနရလဒ်များအရ သိရသည်။ ထို့ပြင် နှလုံးနှင့် ဆီးချိုရောဂါတို့၏ဇီဝဖြစ်ပျက်မှု က လူတစ်ဦးမှ တစ်ဦးဆီသို့ မကူးစက်နိုင်သော်လည်း လုံးဝပျောက်ကင်းရန်မလွယ်သည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတွင် အသက်ဘေးကိုခြိမ်းခြောက်နိုင်ကြောင်း၊ ယခင်က နှလုံးလုပ်ငန်းဆောင်တာပျက်စီးမှုရှိခဲ့ဖူးသူက ကိုဗစ်-၁၉ ရောဂါကာလအတွင်းသေဆုံးနိုင်ခြေ ၂ ဒသမ ၀၉ ဆ ပိုများကြောင်း၊ ယခင်က နှလုံးသွေး ကြောပိတ်ဆို့မှုရှိခဲ့ဖူးသူက သေဆုံးနိုင်ခြေ ၁ ဒသမ ၁၁ ဆ ပိုများကြောင်း၊ ဆီးချိုရောဂါရှိသူများက ထို့ထက်ပင် ဘေးအန္တရာယ်ပိုများကြောင်း သတိပေးထားသည်။ ထို့ကြောင့် ဆီးချို၊ နှလုံးရောဂါယှဉ်တွဲဝေဒနာခံစားရသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါမဖြစ်အောင် အထူးသတိပြု၍ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီလိုက်နာရင်း ကြိုတင်ကာကွယ် ပြုမူနေထိုင်သင့်ပါကြောင်း အကြံ ပြုရေးသားတင်ပြလိုက်ရပါသည်။
MWD Web Portal

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ
အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက်ပုံက အသက်ရှူလမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ်ရောင်ရောဂါနှင့် နမိုးနီးယားရောဂါတို့ ဖြစ်ပွားရသည့်အတွက် ရောဂါပြင်းထန်ပြီး သေဆုံးမှုများပြားရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၄၁၂၈၃ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာရခြင်းမှာ မုတ်သုံအဝင်စောခြင်းနှင့် ကျောင်းများဖွင့်လှစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်လာမှုများခြင်း၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များပြုလုပ်လာခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာရခြင်း ဖြစ်သည်။
အိုမီခရွန်မျိုးကွဲအသစ် JN.1 နှင့် XEC
လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာ ခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ၎င်းမှတစ်ဆင့်ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ၎င်းမျိုးကွဲကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲမှာ XEC ဖြစ်ပြီး ကူးစက်နှုန်းပိုမြန်သော်လည်း တုပ်ကွေးကဲ့သို့သောလက္ခဏာများသာရှိသည်။ ထို့ကြောင့် တုပ်ကွေးဖြစ်ခြင်း၊ အအေးမိခြင်းတို့ကြောင့်ဖြစ်သော ရောဂါလက္ခဏာများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်သော ရောဂါလက္ခဏာများကိုခွဲခြားရန် ခက်ခဲနိုင်သော်လည်း ကုသမှုနည်းလမ်းများမှာမူ တူညီမှုရှိသည်။ ကိုဗစ်-၁၉ ရောဂါမပြင်းထန်သော လူနာများနှင့် အခြေအနေမဆိုးသောအုပ်စုဝင်များကို အအေးမိခြင်းအတွက် ကုသသည့်နည်းလမ်းအတိုင်း ကုသမှုပေးနိုင်သည်။ ဆေးကုသမှုခံယူရန် လိုအပ်သူများသည် ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် သွေးအတွင်း အောက်ဆီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိမှသာ ကုသမှုခံယူရမည်ဖြစ်သည်။ စိုးရိမ်ရသည့်အုပ်စုဝင်များတွင် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။
ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် JN.1 နှင့် XEC ၏ရောဂါလက္ခဏာများ
အဆိုပါကိုဗစ်မျိုးကွဲအသစ်များ ကူးစက်ခံရပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင် နေ့ရက်အလိုက် ထူးခြား လာနိုင်သောရောဂါလက္ခဏာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ချူလာလောင်ကွန်ဆေးရုံက သုတေသန ပြုလုပ်ထားသည်။ ထိုသုတေသနအရဆိုလျှင် ရောဂါပိုးကူးစက်ပြီး ပထမဆုံးရက်များဖြစ်သည့် တစ်ရက်မှ သုံးရက်အတွင်း အအေးမိခြင်း၊ လည်ချောင်း အနည်းငယ်နာခြင်းများသာဖြစ်တတ်ပြီး ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်မှုမရှိသေးပေ။ ရောဂါပိုးကူးစက်ပြီး လေးရက်မှငါးရက် အတွင်းဆိုပါက အာသီးရောင်ပြီး လည်ချောင်းနာလာခြင်း၊ ကိုယ်အပူချိန် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိ လာပြီး အစာမျိုချရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အနည်းငယ်မူးဝေမှုများ နှင့်အတူ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဆစ်အမျက်ကိုက်ခဲခြင်းများကို ခံစားရမည်ဖြစ်သည်။ ခြောက်ရက်မြောက်နေ့မှစ၍ ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ထိ သိသိသာသာမြင့်တက်လာပြီး ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ထို့နောက် ကိုယ်အပူချိန် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပြီး အသက်ရှူရခက်လာခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်ကာ ကိုးရက်မြောက်နေ့အထိ ရောဂါအခြေအနေ သက်သာလာခြင်းမရှိဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲလာပါက အထူးကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေသည့်အချက်များ
အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများစွာတိုးမြင့်လာပြီး ၂၀၂၅ ခုနှစ် မေလကုန်တွင် ကူးစက်သူ ၂၇၀၀ ကျော်အထိရောက်ရှိကာ ခုနစ်ဦးသေဆုံးထားသည်။ ထို့ကြောင့် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ လူစုလူဝေး သို့မဟုတ် လေဝင်လေထွက် မကောင်းသော နေရာများတွင် နှာခေါင်းစည်းတပ်ခြင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်များအတွက်လည်း ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးလျက်ရှိသည်။
ထိုင်းနိုင်ငံ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသည် အထူးသဖြင့် ဗန်ကောက်နှင့် ချွန်ဘူရီပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိပြီး ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ လူနာအသစ် ၄၁၂၈၃ ဦးရှိရာ ယခုနှစ်အတွက် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၅၇၂၈ဝ ဦးနှင့် သေဆုံးသူ ၅၂ ဦးအထိရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဗီဇပြောင်းမျိုးကွဲအသစ်များ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သင့်လျော်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်လူစုလူဝေးနေရာများကိုရှောင်ရှားရန်၊ လက်ကိုပုံမှန်ဆေးကြောရန်၊ လူစည်ကားသောနေရာများတွင်နှာခေါင်းစည်းတပ်ရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့မဟုတ် ဆေးရုံသို့အမြန်ဆုံးပြသကြရန် အစိုးရက ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာမှုနှင့် ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်များ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ပထမဆုံး အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြား၌ ကူးစက်မှုများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် မျိုးကွဲအသစ်များ ရောက်ရှိလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စောင့်ကြည့်ကာ သတိပေးချက်များနှင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အလားတူကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရောဂါ ဖြစ်ပွားမှုနှုန်းများ၊ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် ဗီဇပြောင်းမျိုးကွဲ အသစ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် PCR စစ်ဆေးမှုများ၊ Rapid Antigen Test (RAT) စစ်ဆေးမှုများဆောင်ရွက်ကာရောဂါကူးစက်မှုမြင့်တက်လာပါကသို့မဟုတ် ထူးခြားသည့်လက္ခဏာများတွေ့ရှိရပါက မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်း (genomic sequencing)များ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရောဂါကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း၊ ဆေးရုံတက်ရမှုနှုန်း စသည့် အချက်အလက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ ကူးစက်မြန်သောမျိုးကွဲအသစ်များအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ (လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း) စသည်တို့ကို မီဒီယာမျိုးစုံမှတစ်ဆင့် အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက မျိုးကွဲအသစ်များနှင့်ကိုက်ညီသော ကာကွယ်ဆေးများရရှိရေး စီမံခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်သင့်သည့်အချက်များ
ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်JN.1 နှင့် XEC တို့၏ကူးစက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုကာကွယ်ရေးတို့အတွက်ခြောက်လသို့မဟုတ် တစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်သည်။ ကိုဗစ်-၁၉ ရောဂါ မကူးစက်ဖူး၊ မဖြစ်ဖူးသူများနှင့် ရာသီတုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာပြင်းထန်သူများ ကိုဗစ်ရောဂါစစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုဗစ် စစ်ဆေးသင့်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များကို ဗီဇဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိန်းချုပ်ရေးအစီအမံများ စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအားနှင့်အချက်အလက်စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် မျိုးကွဲသစ်များ၏ခြိမ်းခြောက်မှုအောက်တွင် အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များသည် လူ့ခန္ဓာကိုယ်၏ကိုယ်ခံအား စနစ်ကိုရှောင်ရှားပြီးကူးစက်မှုမြန်ဆန်စေသည်။ အဆိုပါမျိုးကွဲများသည် ယခင်ကာကွယ်ဆေးများ၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ယခင်က ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကိုယ်ခံအား နည်းလာကာ ပြန်လည်ကူးစက်ခံရနိုင်မှုနှုန်းများ မြင့်မားလာနိုင်သဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိအချိန်ကာလသည်စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ကာလဖြစ်ခြင်းကြောင့် လူစုလူဝေးပိုမိုများပြားခြင်း၊ မိုးရာသီကာလ ဖြစ်ခြင်းကြောင့် တုပ်ကွေးရောဂါများဖြစ်ပွားလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားမှုအရှိန်မြင့်တက် နေခြင်းတို့ကြောင့် ပြည်သူလူထုကိုယ်တိုင် ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအစီအမံများဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံ ကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းအပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ဝယ်ယူဖြည့်တင်းခြင်းများဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ထောင့်သန်း (Anthrax) ရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကတည်းက လူနှင့်တိရစ္ဆာန်များကို ဒုက္ခပေးခဲ့သော ရှေးကျသည့်ရောဂါ (Ancient Disease) ဖြစ်သော်လည်း ယနေ့ ၂၁ ရာစုတွင်ပင် ကမ္ဘာ့နေရာအများအပြားတွင်စိုးရိမ်ရသောကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းနှင့် အာရှဒေသအချို့ (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ တူရကီနှင့် မြန်မာနိုင်ငံအပါအဝင်) တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့်တိရစ္ဆာန်များတွင် အဖြစ်များသောရောဂါအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ခြောက်သွေ့ဇုန်ဒေသများ (ဥပမာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း) တွင် ဖြစ်ပွားလေ့ရှိသည်။

ထောင့်သန်းရောဂါ (Anthrax) သည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စားမြုံ့ပြန်သတ္တဝါများ(ဥပမာ- နွား၊ သိုး၊ ဆိတ်)တွင် အချိန်တိုအတွင်း အသက်ဆုံးရှုံးမှုများဖြစ်စေနိုင်ကာ လူသို့လည်းကူးစက်နိုင်သော (zoonosis) ရောဂါတစ်မျိုးဖြစ်သည်။ ဤဗက်တီးရီးယားပိုးမှ ထုတ်လုပ် သော အလွန်ပြင်းထန်သည့်အဆိပ်အတောက်များကြောင့် ဆိုးရွားသည့်လက္ခဏာများပေါ်ပေါက်လာပြီးအသက်ဆုံးရှုံးမှုနှုန်းအလွန်မြင့်မားသည်။ ဤရောဂါပိုး (Bacillus anthracis) သည် မျိုးစေ့ (Spores) အဖြစ် မြေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး အောက်ဆီဂျင်နှင့်ထိတွေ့ပါက Vegetative cells (အသက်ရှင်ဆဲပိုးများ)အဖြစ် ပြောင်းလဲနိုင်ပြီး လျင်မြန်စွာပွားများနိုင်သည်။ ထောင့်သန်း (Anthrax) သည် လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်သော်လည်း ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့မိပါက လူသားများတွင်ပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သူများ၊ ကျေးလက်ဒေသများတွင်နေထိုင်သူများသည် ပိုမိုသတိထားရန်လိုအပ်သည်။ မွေးမြူရေးနှင့် တောရိုင်းတိရစ္ဆာန်များ (အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများ) သည် ရောဂါပိုးဝင်ရောက်ပါက ရောဂါလက္ခဏာများရုတ်တရက်ပြင်းထန်စွာပေါ်ပေါက်လေ့ရှိသည်။ လူသားများတွင် အရေပြားရောဂါ (cutaneous anthrax)ကို အတွေ့များသော်လည်း အဆုတ်နှင့်အူလမ်းကြောင်းဆိုင်ရာ အန်သရက်စ်များမှာ ပိုမိုပြင်းထန်သည်။
ထောင့်သန်းရောဂါသည် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဆက်စပ်မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သောကြောင့် (One Health) ချဉ်းကပ်မှုဖြင့်ကာကွယ်ခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ မြို့ပြအခြေချနေထိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု တို့သည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ဇူနိုးတစ်ရောဂါများ(Zoonotic diseases) ပေါ်ပေါက်လာခြင်းနှင့် ပြန်လည်ထကြွလာမှုကို အရှိန်မြှင့်တင်ပေးလျက်ရှိသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း လူသားများကို ကူးစက်ခဲ့သောရောဂါအသစ်များ၏ ၇၅ ရာခိုင်နှုန်း ခန့်သည် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases) ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည်။
ဤအချက်အလက်သည်လူသားတို့၏ကျန်းမာရေးကိုကာကွယ်ရန်အတွက် တိရစ္ဆာန်များတွင်ဖြစ်ပွားသောရောဂါများကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို ပေါ်လွင်စေသည်။ ထို့ကြောင့် ဇူနိုးတစ်ရောဂါများသည် တိရစ္ဆာန်ကျန်းမာရေးနှင့် လူသားကျန်းမာရေးကြား နယ်စပ်တွင်ရှိနေပြီး ရောဂါထိန်းချုပ်ရေးအောင်မြင်ရန် တိရစ္ဆာန်ကျန်းမာရေး၊ လူသားကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပေါင်းစပ်ကိုင်တွယ်ရန်လိုအပ်သည်။
အန်သရက်စ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုစက်ဝန်း
Bacillus anthracis (ထောင့်သန်းရောဂါပိုး)သည် တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေး တိရစ္ဆာန်များ (နွား၊ ကျွဲ၊ သိုး၊ ဆိတ်)နှင့် သဘာဝပတ်ဝန်းကျင်အကြား ဂေဟဗေဒဆိုင်ရာ အပြန်အလှန်သက်ရောက်မှုများကြောင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။ Bacillus anthracis သည် သေဆုံးသောတိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်မရှိသောအခြေအနေတွင် spores အဖြစ်သို့ ပြောင်းလဲသွားသည်။ တိရစ္ဆာန်သေဆုံးပြီး ဆွေးမြည့်သောအခါ spores များကို သွေး၊ lymph အရည်၊ တစ်သျှူးအရည်များမှတစ်ဆင့် မြေဆီလွှာထဲသို့ ပြန်လည်ထုတ်လွှတ်လိုက်သည်။ Bacillus anthracis ၏ sporulation (spores အဖြစ် ပြောင်းလဲခြင်း) နှင့် သဘာဝပတ်ဝန်းကျင်တွင် ကြာရှည်စွာအသက်ရှင်နိုင်မှုသည် ထောင့်သန်း (Anthrax) ရောဂါကို ထိန်းချုပ်ရခက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။
မြေဆီလွှာနှင့် ရာသီဥတု
Bacillus anthracis ဗက်တီးရီးယား၏စပိုး (spores)များသည် Exosporium, Coat, Cortex စသည့် အလွှာများပါသဖြင့် ပြင်ပပတ်ဝန်းကျင်ဒဏ်ကို အလွန်ခံနိုင်ရည်ရှိပြီး ခြောက်သွေ့သောဒေသများ (ဥပမာ သဲကန္တာရ)နှင့် ရေဝပ်ဒေသများ (ဥပမာ ရွှံ့ညွန်မြေ၊ စိုစွတ်သောမြေပြင်)တွင် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်များစွာ အသက်ရှင်နိုင်သည်။ အပူချိန်မြင့်မားခြင်း (40–60°C) နှင့် ခြောက်သွေ့မှုကိုခံနိုင်ရည်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းပါက မြေဆီလွှာမှ spores များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပြီး စားကျက်များ၊ ရေစည်များတွင်စုပုံနိုင်သည်။ တိရစ္ဆာန်များစားသုံးမိပါက အစာခြေလမ်းကြောင်း အန်သရက်စ် (Gastrointestinal Anthrax)ဖြစ်နိုင်သည်။ ရေလွှမ်းမိုးမှုကြောင့် spores များ ပိုမိုပျံ့နှံ့ကာ ကူးစက်ရောဂါဖြစ်ပွားမှု (Outbreak) ဖြစ်နိုင်သကဲ့သို့ ပူပြင်းခြောက်သွေ့သောရာသီတွင် spores များသည် လေထုထဲတွင်လွင့်မျောနိုင်ပြီး အသက်ရှူလမ်းကြောင်း အန်သရက်စ် (Inhalation Anthrax) ကို ဖြစ်စေနိုင်သည်။
တိရစ္ဆာန်များ၏အပြုအမူနှင့် ထောင့်သန်း (Anthrax) ကူးစက်မှု
ကျွဲ၊ နွားများသည် မြက်စားသည့်အခါ spores များပါဝင်သောမြေမှုန့်များကို အလွယ်တကူ ရှူရှိုက်မိနိုင်သည်။ ရောဂါပိုးရှိသော မြေ၊ စားကျက်မှ မြက်၊ အစာ၊ ရေ စားသောက်မိခြင်း၊ ရောဂါပိုးပါရှိသည့်လေကိုရှူမိခြင်းဖြင့် တိရစ္ဆာန်သို့ကူးစက်နိုင်သည်။ မိုးဦးကျကာလနှင့် ရောဂါဖြစ်ဖူးသောဒေသများတွင် အထူးသတိထားကာကွယ်ရန် လိုအပ်သည်။ သေဆုံး သွားသောတိရစ္ဆာန်များကိုစားသောက်သည့် အသားစားသတ္တဝါများ (ဥပမာ - ခွေး၊ ကြောင်နှင့် ကြောင်ရိုင်းများ)မှတစ်ဆင့် ရောဂါပျံ့နှံ့နိုင်သည်။ Bacillus anthracis သည် အသက်ရှင်နေသော တိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း ပုံမှန်အားဖြင့် vegetative cells (အသက်ရှင်ဆဲပိုးများပုံစံ)အဖြစ်ရှိနေပြီး သွေးနှင့်တစ်သျှူးများတွင် ကြီးထွားသည်။ ဤအဆင့်တွင် ဗက်တီးရီးယားများသည် Toxins ထုတ်လုပ်ခြင်းနှင့် ပွားများခြင်းကိုစတင်ပြီး ရောဂါဖြစ်စေနိုင်သည်။
လူသားများသည် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်၊ အသား၊ အရေခွံ၊ အမွေး၊ အရိုးများကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။ တိရစ္ဆာန်များကို နှစ်စဉ်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကိုလျှော့ချနိုင်သည်။ လူသားများသည် ရောဂါအတွက် အဆုံးသတ်လက်ခံသူ (dead-end host) ဖြစ်ပြီး လူမှလူသို့ ကူးစက်မှုမတွေ့ရသေးပါ။ လူသားများတွင်တွေ့ရသော ရောဂါအမျိုးအစားများမှာ-
(၁) အရေပြားထောင့်သန်းရောဂါ (Cutaneous anthrax)
• ဖြစ်ပွားမှုအများဆုံးအမျိုးအစားဖြစ်သည်။
• လူ့ခန္ဓာကိုယ်အရေပြားရှိ ပြတ်ရှဒဏ်ရာ၊ အနာများအတွင်းသို့ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွား သည်။
• ရောဂါပိုးဝင်ရောက်ပြီးနောက် တစ်ရက်မှ ခုနစ်ရက်အကြာတွင်ဖြစ်ပွားနိုင်သည်။
• ရောဂါလက္ခဏာများမှာ - စတင်ဖြစ်ပွားချိန်တွင် အရေပြား၌ ယားယံသည့်အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်ပြီးနောက်ရောင်ရမ်းကာအလယ်တွင်မည်းနေသည့် အနာအဖြစ်ကျန်ခဲ့သည်။ နာကျင်မှုမရှိပါ။ပြန်ရည်ကျိတ်များပါ ရောင်ရမ်းတတ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့်လက်များတွင်အတွေ့ရများသည်။
(၂) အစာအိမ်အူလမ်းကြောင်းတွင်ဖြစ်ပွားသောထောင့်သန်းရောဂါ (Gastrointestinal anthrax)
• ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ၏အသားကိုစားခြင်းဖြင့် ဖြစ်ပွားနိုင်သည်။
• ရောဂါပိုးဝင်ရောက်ပြီး တစ်ရက်မှ ခုနစ်ရက်အတွင်း ဖြစ်ပွားသည်။
• ရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်သည်။
(၃) အဆုတ်တွင်ဖြစ်သော ထောင့်သန်းရောဂါ (Inhalation anthrax / Woolsorter’s disease)
• အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ထောင့်သန်းရောဂါပိုး (Spores)များ ဝင်ရောက် ခြင်းကြောင့် ဖြစ်ပွားသည်။
• စတင်ဝင်ရောက်ပြီး တစ်ပတ်မှ နှစ်လအတွင်း ဖြစ်ပွားသည်။
• ရောဂါလက္ခဏာများမှာ- လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊အစာမျိုရန်ခက်ခဲခြင်းတို့ဖြစ်ပွားသည်။
• ပိုမိုဆိုးရွားလာပါက အဖျားကြီးပြီး အသက်ရှူခက်ခြင်း၊ သွေးအန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့အထိဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။
တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ မွေးမြူရေးတိရစ္ဆာန်များတွင် ထောင့်သန်း (Anthrax)ရောဂါကိုထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ ထောင့်သန်းရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့် တိရစ္ဆာန်များအကြား အုပ်စုလိုက် ကိုယ်ခံအား (herd immunity) ဖြစ်ပေါ်စေရန် မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ အကောင်အထည်ဖော်ရန် အရေးကြီးသည်။ အထူးသဖြင့် ထောင့်သန်း(Anthrax)ရောဂါ အမြဲဖြစ်ပွားနေသောဒေသများတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းသည် အရေးကြီးသည်။ ကျေးလက်ဒေသရှိ ကျွဲ၊ နွား၊ ဆိတ်စသော အိမ်မွေးတိရစ္ဆာန်များကို နှစ်စဉ်ထောင့်သန်းရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ တိရစ္ဆာန်များတွင်ကာကွယ်ဆေးထိုးနှံခြင်းသည် လူသားများအတွက် ကူးစက်မှုအန္တရာယ်ကို အထိရောက်ဆုံးလျှော့ချနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်သောကျွဲ၊ နွား ထောင့်သန်းရောဂါကာကွယ်ဆေး(Anthrax Vaccine for Cattle and Buffalo)ကျွဲ၊ နွားများကို ထောင့်သန်း (Anthrax) ရောဂါမှ ကာကွယ်ပေးသည့် ပိုးအရှင်ဖြင့်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်။
ဖော်စပ်ပုံ
ရောဂါဖြစ်ပွားမှုအားပျော့သော ပိုးအရှင်၏စပိုး Bacillus anthracis (Mukteswar Strain)ကို Saponin ပါဝင်ဖျော်စပ်ထားပြီး မူမှန်ဂလစ်စရင်းဆားရည်တွင် သတ်မှတ်ထားသည့် ပိုးအရေအတွက် စံနှုန်းကိုက်ညီအောင်ထည့်သွင်းဖော်စပ်ထားသည့်ဆေးဖြစ်သည်။
ဆေးအညွှန်း
ကျွဲ၊ နွားများအား ထောင့်သန်းရောဂါမှကာကွယ်ရန်အသုံးပြုသောဆေးဖြစ်သည်။ ခြောက်လနှင့်အထက် ကျန်းမာသော ကျွဲ၊ နွားများကို ထိုးနှံပေးနိုင်သည်။ ရောဂါဖြစ်ပွားသောဒေသများတွင် နှစ်စဉ် တစ်နှစ်တစ်ကြိမ်မှန်မှန်ထိုးပေးရန်လိုအပ်သည်။
အသုံးပြုပုံ
ဆေးမထိုးမီပုလင်းကိုသေချာစွာလှုပ်ပါ။ ကျွဲ၊ နွားတစ်ကောင်လျှင် 1CC နှုန်းဖြင့် အရေပြားအောက်သို့ ထိုးနှံပေးရမည်။
သိမ်းဆည်းခြင်း
အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိမ်းဆည်းပါ။ပြည်သူလူထုအား အသိပညာပေးခြင်း ကျေးလက်ဒေသများရှိ လယ်သမားများ၊ တိရစ္ဆာန်မွေးမြူသူများ၊ကျန်းမာရေးဝန်ထမ်းများထောင့်သန်းရောဂါကူးစက်နိုင်ခြေမြင့်မားသော ပြည်သူများအားထောင့်သန်း(Anthrax)ရောဂါ၏လက္ခဏာများ၊ ရောဂါကူးစက်နိုင်သောလမ်းကြောင်းများနှင့် ကာကွယ်ရေးနည်းလမ်းများကိုပညာပေးအစီအစဉ်များဖြင့် အသိပညာမြှင့်တင်ရန် အရေးကြီးသည်။
စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်း (Active Surveillance System)
ထောင့်သန်း (Anthrax)ရောဂါ၏ ကူးစက်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်းသည် ရောဂါထိန်းချုပ်ရေးအတွက် အဓိကအချက်ဖြစ်သည်။ ရောဂါဖြစ်ပွားဖူးသောဒေသများ (Previous Outbreak Areas)၊ တိရစ္ဆာန်မွေးမြူရေးဇုန်များ (Livestock Farming Zones)၊ရာသီဥတုပူပြင်းပြီး မြေဆီလွှာခြောက်သွေ့သောဒေသများ (Arid and Semi-Arid Regions)နှင့် နယ်စပ်ဒေသများ (Border Areas with Weak Veterinary Controls)တွင် စောင့်ကြည့်စနစ်များထူထောင်ရန် လိုအပ်သည်။ လူသားများအား ကူးစက်မှုမဖြစ်မီ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များထဲမှ Bacillus anthracis (spores)များကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်သည့် အဆင့်မြင့်ရောဂါရှာဖွေရေးနည်းပညာအသုံးပြုခြင်းများ ပါဝင်သည်။ ထောင့်သန်းရောဂါပိုးသည် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော မျိုးစေ့ (spores)အဖြစ် ရှိနေနိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားဖူးသောဒေသများ၊ ကျွဲ၊ နွားများ ကျက်စားရာနေရာများတွင် မြေဆီလွှာနမူနာများ ပုံမှန်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ PCR (Polymerase Chain Reaction) နှင့် ELISA (Enzyme-Linked Immunosorbent Assay)ကဲ့သို့သောအဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာများဖြင့် သွေး၊ မြေနမူနာများတွင် ထောင့်သန်းရောဂါပိုးကို မြန်ဆန်စွာဖော်ထုတ်နိုင်သည်။ အထူးသဖြင့် ရုတ်တရက်သေဆုံးသော တိရစ္ဆာန်များအား ထောင့်သန်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းနှင့် သေဆုံးသောတိရစ္ဆာန်များကို မြေမြှုပ်ခြင်း/ မီးရှို့ခြင်း ဖြင့်ပိုးမွှားများ ပြန့်ပွားမှုကို ကာကွယ်နိုင်ပေသည်။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းထောင့်သန်းရောဂါ ကူးစက်ဖြစ်ပွားသော တိရစ္ဆာန်အသေကောင်မှ အသား၊ သွေး၊ ကိုယ်တွင်းအင်္ဂါနှင့် အရည်တို့သည် ရောဂါပိုးများပါဝင်သဖြင့် တိရစ္ဆာန်နှင့် လူတို့အတွက် အန္တရာယ်ရှိသည်။
တိရစ္ဆာန်တစ်ကောင်တွင် ထောင့်သန်းရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ၎င်းအား သတ်ဖြတ်ခြင်း၊ သွေးထုတ်ခြင်းမပြုလုပ်ရပါ။ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန် လိုအပ်သည်။ ၎င်းတိရစ္ဆာန်သေဆုံးပါက အသေကောင်အား ရွှေ့ပြောင်းခြင်း၊ အရေခွံခွာခြင်း၊ လှီးဖြတ် ခြင်း၊ တိရစ္ဆာန်အားခွဲစိတ်ခြင်း မပြုလုပ်သင့်ပါ။ တိရစ္ဆာန်အသေကောင်မှထွက်သောသွေးအား အလျင်အမြန် ပိုးသတ်ဆေးများများလောင်း၍ ပိုးသတ်ရမည်။
ထောင့်သန်းရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့်ထိတွေ့သောတိရစ္ဆာန်များအား သီးခြားခွဲထားပြီး သေချာစောင့်ကြည့်ရမည်။ ကူးစက်ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်နှင့်တကွ ၎င်း၏ အညစ်အကြေးများကို ၆ ပေအနက်ရှိ မြေကျင်းတူး၍မြေမြှုပ်ပါ။ အသေကောင်ကို ရေမျှောခြင်း၊ မြစ်ချောင်းအနီး၊ ရေတွင်း ရေကန်အနီး မြေမြှုပ်ခြင်းမပြုလုပ်ရ။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၏အကူအညီကို ရယူပါ။
နိဂုံးချုပ်အားဖြင့်ဆိုရသော် ထောင့်သန်း (Anthrax) ရောဂါသည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်သော ရှေးအကျဆုံး ဇူနိုးတစ်ရောဂါ (zoonotic disease) တစ်ခုဖြစ်ကာ လူနှင့်တိရစ္ဆာန်များ ကို ကူးစက်နိုင်ပြီး ရောဂါပိုးသည် မျိုးစေ့သဖွယ် (spore) အဖြစ် နှစ်ပေါင်းများစွာ မြေကြီး၊ အမွေးအမျှင် နှင့် အရေပြားတို့တွင် ရှင်သန်နိုင်ခြင်းကြောင့် စိုးရိမ်စရာကောင်းသော်လည်း ခေတ်မီသိပ္ပံနည်းကျ ကာကွယ်ထိန်းချုပ်မှုများဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ သို့သော် ဇီဝလက်နက်အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုတို့ကြောင့် ထောင့်သန်း(Anthrax)သည် ၂၁ ရာစုတွင်လည်း ကမ္ဘာ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေနိုင်သည်။ တိရစ္ဆာန်များ၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီသောဆက်စပ်မှုကို ထိန်းသိမ်းခြင်းဖြင့်သာ ကမ္ဘာ့ကျန်းမာရေးအန္တရာယ်များကို လျှော့ချနိုင် မည်ဖြစ်သည်။ ။
“ကျန်းမာသော တိရစ္ဆာန်များ = ကျန်းမာသောလူသားများ = ကျန်းမာသော ကမ္ဘာ”

ကမ္ဘာတစ်လွှား ကိုဗစ်- ၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်က စိုးရိမ်မိသလိုသက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါ လက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအား မြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်းလျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန် တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်ကဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စုဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ် ထွက်လာတာကို ကမ္ဘာကစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ယောက် ကူးစက်ခံခဲ့ရပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာ တွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိ တိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံမှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။
Nimbus (NB.1.8.1)ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင်အချိန်တိုအတွင်း ကူးစက်ခံရသူ အရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းများအရ သိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါကို ဖြစ်မလာခင်ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏ ဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြားသတိထားကြဖို့လိုပါတယ်။
ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူများကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလ မှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇ ပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတွေ ထိုးနှံပေးလာတဲ့ အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကိုယ် စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ။
MOI

အာဒါလွတ်ဥသည် အပူပိုင်းဒေသများမှထွက်သော သစ်ဥသစ်ဖုပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည် Maranta Arundinacea ခေါ် ချုံပင်တစ်မျိုး မှထွက်သောဥဖြစ်သည်။ အာဒါလွတ်ပင်သည် Maranta မျိုးနွယ်စုဝင်နှင့် Marantaceae မျိုးရင်းဝင်ဖြစ်သည်။အာဒါလွတ်ဥသည် အစာကြေလွယ်သောကစီဖြစ်သဖြင့် ယင်းကို ကလေးငယ်များနှင့် နာမကျန်း ဖြစ်နေသူများအတွက် ဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြသည်။
အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ

အာဒါလွတ်ဥတွင်အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် B အုပ်စုကဲ့သို့ အာဟာရဓာတ်များပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ်ကဲ့သို့ သတ္တုဓာတ်များလည်း ကြွယ်ဝသည်။ အာဒါလွတ်ဥတွင် အာဟာရဓာတ်များနှင့် သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်ခြင်း၊ အရိုးကိုသန်မာစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။ အာဒါလွတ်ဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ် (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ် (၈ ရာခိုင်နှုန်း)၊ အဆီ သုည ဒသမ ၂ ဂရမ် (သုညရာခိုင်နှုန်း)၊ ကိုလက်စထရော သုည ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း)၊ ပိုတက်ဆီယမ် ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။
အာဒါလွတ်ဥ၏ဆေးဖက်ဝင်ပုံ
အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။ အစာခြေ စနစ်ကိုကောင်းမွန်စေသော အာဒါလွတ်ဥခန္ဓာကိုယ်၏အစာခြေစနစ်တွင် အမျှင်ဓာတ်က အရေးပါဆုံး ထဲတွင် ပါဝင်ပြီး အူလမ်းကြောင်းအတွင်း၌ အစားအစာရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓာတ်များ စုပ်ယူနိုင်အောင် နှိုးဆွပေးသည်။ အာဒါလွတ်ဥတွင် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများကိုလည်း ကာကွယ်ပေးပြီး သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းထားပေးနိုင်သည်။ အဆိုပါအမျှင်ဓာတ်ကြောင့် ပိုလျှံ နေသော ကိုလက်စထရော များကိုရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေသည်။
အစာအိမ်ရောဂါကို ကာကွယ်ပေးသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် Gluten ဓာတ်မပါဝင်သောကြောင့် အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း မအီမသာဖြစ်ခြင်းတို့ကို ကာကွယ် ပေးနိုင်သည်။
နှလုံးကျန်းမာရေးကိုကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်ပါဝင်မှုပမာဏများသောကြောင့်နှလုံးနှင့်ပတ်သက်သည့် ရောဂါဝေဒနာ များဖြစ်ပွားမှုမှ ကာကွယ်ပေးသည်။ ပိုတက်ဆီယမ်က နှလုံးသွေးလွှတ်ကြောများနှင့် သွေးပြန်ကြော များကိုပြေလျော့စေပြီး သွေးဖိအားကိုကျစေသဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့နည်းစေသည်။ အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါဝင်မှုများသောကြောင့် သွေးအားကိုထိန်းညှိပေးနိုင်သည်။ သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးသင့်သည်။ အာဒါလွတ်ဥထဲတွင်ပါဝင်သည့် ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့် Homocysteine ဓာတ်ကိုလျှော့ချပေးသည်။ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝသောကြောင့်သွေးလည်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်ပြီး ကောင်းမွန်သည့် ကိုလက်စထရောများ ပါဝင်သောကြောင့် နှလုံးသွေးကြောနှင့် ပတ်သက်သည့် ရောဂါများကို ကာကွယ်ပေးသည်။ သွေးအားနည်းရောဂါအပြင်မူးမော်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးသည်။
မှတ်ဉာဏ်ကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥထဲတွင်ပါဝင်သည့် သံဓာတ်သည် သွေးလည်ပတ်မှုအား ကောင်းစေသဖြင့် ဦးနှောက်ထဲသို့ အောက်ဆီဂျင်လုံလောက်စွာရောက်ရှိ စေသည့်အတွက် မှတ်ဉာဏ်ကောင်းစေသည်။ သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။
အရိုးသန်မာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသော အာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေသည်။ အာဒါလွတ်ဥတွင် ကြေးနီဓာတ် နှင့် သံဓာတ်ပါဝင်သောကြောင့် သွေးနီဆဲလ်များကို တိုးပွားစေပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းမှကာကွယ်ပေးသည်။ အဆိုပါဓာတ်များကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသည်။
သန္ဓေသားအတွက်ကောင်းသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ဖောလိတ်ဓာတ်ပါဝင်မှုများသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများစားပါက မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့်ဆဲလ်ကျန်းမာရေးများတွင် အရေးကြီးသောဓာတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးသော အာဒါလွတ်ဥ
အသားမှရသောပရိုတင်းများထက် အသီးအနှံနှင့်သစ်ဥသစ်ဖုမှရသော ပရိုတင်းကို ခန္ဓာကိုယ်က စုပ်ယူရပိုမိုလွယ်ကူသောကြောင့် ပရိုတင်းအသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကိုစားပေးခြင်းဖြင့် ကျန်းမာသည့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။
ကိုယ်အလေးချိန်ကျစေသော အာဒါလွတ်ဥ
အာဒါလွတ်ဥသည် Diet လုပ်သည့်နေရာတွင်ပိုသင့်တော်သည်။ အာဟာရဓာတ်များနှင့် အမျှင်ဓာတ်ပါသည့် အာဒါလွတ်ဥကိုတွဲစားလျှင် ဝိတ်ချ၊ အစားလျှော့သည့်အစီအစဉ်တွင် ပို၍အကျိုး ထူးနိုင်သည်။ အဆာပြေအနေဖြင့်လည်းစားနိုင်သည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးသောအာဒါလွတ်ဥ
အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသက်သာစေနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်တတ်သည့် အမျိုးသမီးများအနေဖြင့် အာဒါလွတ်ဥစားပေးသင့်သည်။
ကိုယ်ခံအားမြင့်စေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊ နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည် ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင် အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များ အတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး န်အားလည်းမြင့်တက်စေသည်။
ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းစေသော အာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ဗီတာမင် B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့် ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှသည်။ ဗီတာမင် B အုပ်စုသည် ဟော်မုန်းများမှအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက် ဖြစ်စဉ်များကို ထိန်းညှိရာတွင် အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲမှ အယ်ကာလိုင်းအက်စစ်ထိန်းညှိမှု အတွက် အရေးပါသည်။
ကျောက်ကပ်အားကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
သတိပြုရန်အချက်များ
အာဒါလွတ်ဥနှင့် ချောကလက်၊ နို့အေးချောင်းတို့နှင့် တွဲမစားသင့်ပေ။ ဂေါက်ရောဂါရှိသူများစားပါက ခြေဆစ်လက်ဆစ်များ နာတတ်သည်။
အချုပ်အားဖြင့်ဆိုသော်
အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊ သံဓာတ် နှင့်ဖောလစ်အက်စစ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရပ်တို့ပါဝင်သည့်အပြင်တခြားဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေ ခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊ သွေးအားနည်းခြင်း ကိုကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေး အကျိုးအာနိသင်များကိုပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်သော ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ငန်းလုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
Photo - My Food Myanmar

Lemon Grass ဟုအမည်ရသော စပါးလင်ပင်ပေါက်ရောက်ရာဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံဖြစ်သည်။ စပါးလင်ကို အရှေ့တောင်အာရှနိုင်ငံများ၊ Caribbean ဒေသများ၊ အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားနှင့်ဖလော်ရီဒါတို့၌လည်းဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်ရှေးနှစ်ပေါင်းများစွာကတည်းကအသုံးပြုလာခဲ့ကြသည်။ စပါးလင်သည် အစေ့မှ အပင်ပေါက်လေ့ရှိသကဲ့သို့ အပင်၏အမြစ်မှလည်း စိုက်ပျိုးနိုင်ကာ သဲဆန်၍ စိုစွတ်သောမြေကိုကြိုက်နှစ်သက်ပြီး ရွှံ့ညွန်မြေမျိုးတွင်လည်း ရှင်သန်ပေါက်ရောက်နိုင်သည်။ စပါးလင်အရွက်များသည် အတန်ငယ်ချွန်ထက်ကြမ်းတမ်းသည်။

စပါးလင်၏အရွက်အရင်းပိုင်းနှင့် ပင်စည်အဖုတို့ကို နုပ်နုပ်စဉ်း၍ ဟင်းလျာများတွင် ချင်းအစားထိုးအဖြစ် အသုံးပြုကြ သည်။ သို့သော် ချင်းနှင့်ရော၍ချက်ပြုတ်ပါက ကျန်းမာရေးအတွက် အာနိသင်ပိုကောင်းသည်။ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါး၊ ငါးသလောက်ပေါင်း၊ အသား၊ ငါးနှင့် ပင်လယ်စာဟင်းလျာများ၊ ဟင်းချို၊ ဟင်းခါးနှင့် ပင်လယ်စာ ချဉ်စပ်ဟင်းရည် စသည့်ဟင်းလျာများအတွက် စပါးလင်သည် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်။
စပါးလင်ကိုခံတွင်းမြိန်စေသော ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ရှေးနှစ်ပေါင်းများစွာကတည်းကပင် တိုင်းရင်းဆေးဝါးများဖော်စပ်ရာ၌ အသုံးပြုကြသည်။ ယနေ့ကမ္ဘာတွင် သိပ္ပံနည်းပညာများ ခေတ်မီတိုးတက်လျက်ရှိရာ စပါးလင်၏ထူးခြားကောင်းမွန်သောရနံ့ကို အခြေခံ၍ ဆပ်ပြာ၊ ရေမွှေး၊ ဖယောင်းတိုင်များအပြင် အင်းဆက်ပိုးမွှားများနှင့် ခြင်နိုင်ဆေးများအဖြစ် စီးပွားဖြစ်တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနေကြသည်။
စပါးလင်နှင့် ကျန်းမာရေး
- စပါးလင်ထဲတွင်ပါရှိသော Citronella (ခေါ်) Citral ဓာတ်ပေါင်းစုသည် အကြောဆွဲခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်းနှင့် ဒူလာရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင် သည်။
- စပါးလင်ကို အပူပေးလိုက်သည့်အခါ အစွမ်းထက်သည့် Beta-Carotene နှင့် Antioxidant များထွက်ရှိလာပြီး အူမကြီးကင်ဆာအပါအ၀င် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
- Anti Bacterial နှင့် Anti Fungal အစွမ်းသတ္တိများ ပါရှိခြင်းတို့ကြောင့် ခြေဖနောင့်ကွဲအက် အနာများနှင့် ဒဏ်ရာများကို စပါးလင်သတ္တုရည် (စပါးလင်ကြိတ်ရည်) လိမ်းပေးခြင်းဖြင့် မှိုပိုးများကိုသေစေကာ အနာမြန်မြန်ကျက်စေသည်။ ထို့ပြင် ကိုယ်တွင်း ကိုယ်ပရှိ ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည်။
- အသည်းနှင့် ကျောက်ကပ်တို့ကိုသန့်စေကာ ယူရစ်အက်စစ်ကို လျှော့ချပေးနိုင်သည်။ ပန်ကရိယနှင့် ဆီးအိမ်တို့ကို ကောင်းကျိုးပြုသည်။
- ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေသည်။
- အစာမကြေခြင်းနှင့် လေထိုးလေအောင့်ခြင်းတို့ကိုသက်သာပျောက်ကင်းစေနိုင်ပြီး အစာခြေလမ်းကြောင်းနှင့် အစာချေဖျက်မှုစနစ်တို့ကိုကောင်းကျိုးပြုသည်။
- သွေးခုန်နှုန်းကိုကျစေကာ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေသည်။
- စိုးရိမ်အမှတ်သို့ ရောက်နေသော အဖျားများကိုပင် ကျနိုင်စွမ်းရှိသည်။
- Galactogogue ဓာတ်ပါရှိသည့်အတွက်နို့ရည်လိုက်စေသဖြင့် နို့တိုက်မိခင်များ စပါးလင်ကို စားသုံးပေးသင့်သည်။
- အပင်၏အမြစ်နှင့် အရွက်များကို မီးမြှိုက်၍ ခြင်၊ ယင်နှင့် အင်းဆက်ပိုးမွှားများကို နှိမ်နင်းနိုင်သည်။
စပါးလင်လက်ဖက်ရည်နှင့် ကျန်းမာရေး
- စပါးလင် အရွက်စိမ်းကိုသာမက စပါးလင်အရွက်ခြောက်မှုန့်တို့ဖြင့် လက်ဖက်ရည် ပြုလုပ်နိုင်သည်။ အရသာကောင်းမွန်စေရန် ပျားရည် သို့မဟုတ် သကြားအနည်းငယ်ရော၍ အအေးခံကာ ရေခဲတုံးလေးများထည့်ပြီး အချိုရည်အဖြစ်လည်း သောက်သုံးနိုင်သည်။
- အင်ဇိုင်းများကို ဟန့်တားပေးသဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
- ကိုလက်စထရောပမာဏ မြင့်မားခြင်း၊ သွေးတိုးခြင်းနှင့် ခန္ဓာကိုယ်ရှိပိုလျှံသောအဆီများကို ကျစေသည်။
- အပူကြီးဖျားနာသောအခါတွင် စပါးလင်လက်ဖက်ရည်ကို သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ယူပစ်သလို လျော့ကျသွားကာ အားသစ်လောင်းသကဲ့သို့ ပကတိအတိုင်း ပြန်လည်လန်းဆန်းလာပါလိမ့်မည်။
- စပါးလင်လက်ဖက်ရည်သောက်သုံးခြင်းဖြင့် မျက်နှာပေါ်ရှိ ၀က်ခြံနှင့်အမည်းစက်များ လျော့နည်းလာစေသည်။ ထို့ပြင် ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်လွန်အနာများကို သွေးတိတ်စေ၍ ကွဲနေသော အရေပြားများကိုလည်း အလိုအလျောက် ပြန်ဆက်ပေးနိုင်သည်။
- စိုးရိမ်သောကဗျာပါဒကြောင့် ရုတ်တရက်သွေးလန့်၍ သတိလစ်သွားသောလူနာအား သတိပြန်လည်လာပါက စပါးလင်လက်ဖက်ရည်ကို တိုက်ပေးသင့်သည်။
- အူအတွင်းဖြစ်တတ်သော ရောဂါအမျိုးမျိုး၊ ပျို့အန်၍ မအီမသာဖြစ်ခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ တိုက်ဖွိုက်၊ ငှက်ဖျား၊ အစာအဆိပ်သင့်ခြင်း၊ ၀မ်းသွားခြင်း၊ အအေးမိ၍ ချောင်းဆိုးခြင်းတို့အတွက် စပါးလင်လက်ဖက်ရည်က ကောင်းစွာ ထိရောက်မှုရှိသည်။ ဆီးကိုလည်း ရွှင်စေသည်။
စပါးလင်အဆီနှင့် ကျန်းမာရေး
- စပါးလင်အပင်ခြောက်ကိုရေနွေးငွေ့ဖြင့်ပေါင်းခံကာအဆီထုတ်ယူထားသောစပါးလင်ဆီ၏ ရနံ့သည် သံပရိုသီးနှင့် ခပ်ဆင်ဆင်တူသော်လည်းစပါးလင်ဆီနံ့သည်ပျော့၍ ဆွဲဆောင်မှုပိုမိုသည်။ ထိုအဆီဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျေးလက်ရိုးရာရနံ့ပေးကုထုံးများအဖြစ် ရောဂါများကို သက်သာအောင် ကုသလေ့ရှိသည်။
- အာရုံကြောအားနည်း၍ ခြေလက်များတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း၊ Alzheimer (ခေါ်) ဦးနှောက်အကြိုဇရာရောဂါဖြစ်ခြင်း၊ အိပ်မပျော်၍ မျက်စိကြောင်ခြင်းများအတွက် စပါးလင်ဆီကို အာရုံကြောအားဆေးအဖြစ် ရှူရှိုက်ပေးနိုင်သည်။
- ကြွက်သားနှင့် အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ အဆစ်လွဲအဆစ်ရောင်ခြင်း၊လေ့ကျင့်ခန်းများ ပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ချွေးထွက်လွန်ခြင်းများအတွက် စပါးလင်ဆီကို လိမ်းပေးနိုင်သည်။
- သွားဖုံးနာခြင်း၊ သွားကိုက်ခြင်းနှင့် သွားများ ယိုင်နဲ့ခြင်းတို့အတွက် စပါးလင်ဆီက ကောင်းကျိုးပြုသည်။
- ဦးရေပြားကို စပါးလင်ဆီ လိမ်းပေးခြင်းဖြင့် မွေးညင်းပေါက်များကို ခွန်အားဖြစ်စေကာ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
- ချိုင်းအနံ့ဆိုးများ ပျောက်ကင်းစေရန် စပါးလင်ဆီကိုရေရော၍ အသုံးပြုနိုင်သည်။
သတိပြုရန်
- တန်ဆေး၊လွန်ဘေးဖြစ်စေနိုင်သောကြောင့် ကျောက်ကပ်နှင့် အသည်းရောဂါဝေဒနာသည်များသည်စပါးလင်ကို အလွန်အကျွံ မစားသုံးသင့်ပါ။
- မျက်စိထဲသို့ စပါးလင်ဆီ လုံး၀မ၀င်မိပါစေနှင့်။
- စားသုံးပြီးနောက် အရေပြားပေါ်တွင် မိတ်၊ အင်ပျဉ်ထသကဲ့သို့ အဖုအပိမ့်ထွက်၍ နီရဲလာပါက ဓာတ်မတည့်သည့်လက္ခဏာများဖြစ်သည်။
- တချို့သော မိခင်လောင်းများတွင် အရေပြားဓာတ်မတည့်မှုများ ဖြစ်စေတတ်သဖြင့် ကိုယ်၀န်ဆောင်ကာလအတွင်း စပါးလင်ကို ရှောင်ကြဉ်သင့်သည်။
အချုပ်အားဖြင့်ဆိုရသော် စပါးလင်ကို မိုးရာသီတွင် ပေါပေါများများရနိုင်ပြီးလူတို့၏ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အကျိုးပြုသောကြောင့် အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု သုညဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (XEC) တွေ့ရှိမှု မြင့်တက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပေသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကို ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်း မြင့်မားလာသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ လူအမြောက်အမြားသေဆုံးပြီး စီးပွားရေးလုပ်ငန်းများစွာကိုလည်း ထိခိုက်ခဲ့သည်။ ကလေးများလည်း ပညာသင်ယူမှု နှောင့်နှေးခဲ့ရသည်။ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC) ကူးစက်ပျံ့နှံ့နေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်နေ့မှစ၍ အတည်ပြုလူနာနှစ်ဦး စတင်တွေ့ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးမှု ၁၂၅၇၈၉၂၃ ဦး ရှိပြီး အတည်ပြုလူနာ ၆၄၃၂၆၆ ဦးနှင့် သေဆုံးသူ ၁၉၄၉၄ ဦးရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခဲ့ပြီး သေဆုံးမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ စည်းမျဉ်း များနှင့်အညီ လိုက်နာသွားလာနေထိုင်ရန် လိုအပ်ပေသည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (XEC) သည် အိုမီခရွန် JN.1 မျိုးဆက်မှ ဆင်းသက်လာသော KS.1.1 နှင့် KP.3.3 ဗီဇပြောင်းမျိုးကွဲများ ပေါင်းစပ်ထားသည့် ဗီဇပြောင်းမျိုးကွဲ (Recombinant) ဖြစ်ပြီး ပထမဆုံးနမူနာကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရယူခဲ့သည်။ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(XEC)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စောင့်ကြည့်လျက်ရှိသော ဗီဇပြောင်းမျိုးကွဲ ခြောက်ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် SARS-CoV-2 ဗီဇပြောင်းမျိုးကွဲတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ နိုင်ငံပေါင်း ၅၀ မှ နမူနာ ၁၃၃၃၁ ခုကို တင်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်နှင့် နိုဝင်ဘာလ ပထမပတ်တို့တွင် ကူးစက်မှုနှုန်း ၂၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်တို့တွင် ကူးစက်မှုနှုန်း ၃၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ပျံ့နှံ့မှုသိသိသာသာ မြင့်တက်လာခဲ့သည်။ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဒေသသုံးခု (အနောက်ပစိဖိတ်ဒေသ၊ ဥရောပဒေသ၊ အမေရိကန်ဒေသ)တွင် ပျံ့နှံ့မှုတိုးလာနေသော တစ်ခုတည်းသော ဗီဇပြောင်းမျိုးကွဲတစ်ခုဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)သည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း စောင့်ကြည့်လျက်ရှိသော SARS-CoV-2 ဗီဇ ပြောင်းမျိုးကွဲတစ်ခုဖြစ်သည်။ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)ပျံ့နှံ့မှုနှုန်းသည် မြန်ဆန်သော်လည်း လူ့ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို ဝင်ရောက်နိုင်သည့် စွမ်းရည်နည်းပါးသည်။ ထို့ကြောင့် အိုမီခရွန် (XEC)သည် ဖြစ်ပွားမှုများ တိုးလာသော်လည်း အခြားမျိုးကွဲများထက် ပြင်းထန်မှုမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ သုတေသန မှတ်တမ်းများအရ အိုမီခရွန်(XEC)၏ ကူးစက်ပျံ့နှံ့မှုသည် အခြားအိုမီခရွန်မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက လူထုကျန်းမာရေးအတွက် ကြီးမားသောအန္တရာယ်မရှိဟု သုံးသပ်ထားကြသည်။ ထို့ပြင် လက်ရှိထိုးနှံလျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေးများသည်လည်း ဤမျိုးကွဲကို ခုခံနိုင်စွမ်း(cross-reactive)ရှိပြီး ရောဂါလက္ခဏာပြင်းထန်မှုနှင့် ပြင်းထန်ရောဂါအခြေအနေများကို ကာကွယ်နိုင်သည်။
ဒေသတွင်းနိုင်ငံများကူးစက်ပြန့်ပွား
သို့သော် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၌ အိုမီခရွန်မျိုးကွဲသစ်(XEC) ကူးစက်မှုနှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ရောဂါကူးစက်သူဦးရေ ၇၁၀၉၇ ဦး ရှိပြီး သေဆုံးသူ ၁၉ ဦးရှိကြောင်း ထိုင်းနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန ထုတ်ပြန်ချက်များအရ သိရသည်။ ရောဂါဖြစ်ပွားမှုသည် ထိုင်းနိုင်ငံ၏ သင်္ကြန်ရေကစားပွဲ (Songkran) ကျင်းပသော ကာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါဖြစ်ပွားသူဦးရေ တိုးတက်လာခဲ့သည်။ အလားတူ စင်ကာပူ၊ တရုတ်(ဟောင်ကောင်)၊ တရုတ်နိုင်ငံတို့တွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိသည်။ စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၂၀၀ အထိ ရှိခဲ့သည်။ အိုမီခရွန်မျိုးကွဲသစ် (XEC)သည် ရောဂါပြင်းထန်မှု နည်းပါးသော်လည်း ကူးစက်မှုနှုန်း မြန်ဆန်သည့်အတွက် သတိထားစောင့်ကြည့်သွားရန် လိုအပ်သည်။
လိုက်နာဆောင်ရွက်ရန်လို
နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းသည်လည်း ကိုယ်ခံအားစနစ် ကောင်းမွန်ရေးအတွက် များစွာ အရေးပါလျက်ရှိသည်။ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းသည် ကိုယ်ခံအားစနစ်အတွက် အရေးပါသောဆဲလ်များ ထုတ်ပေးသည်။ လုံလောက်စွာ အိပ်စက်အနားယူခြင်းသည် ကူးစက်ရောဂါပိုး တိုက်ဖျက်ရာ၌ များစွာအရေးပါလျက်ရှိသည်။ ထို့ပြင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံး၊ ကြွက်သားနှင့် အရိုးများကြံ့ခိုင်သန်မာရေးအတွက် များစွာအထောက်အကူပြုပေသည်။ ကိုယ်လက်လှုပ်ရှားမှုသည် စိတ်ခံစားမှုကိုလည်း ပိုမိုတိုးတက်စေသည်။ နေ့စဉ် မိနစ် ၂ဝ ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ခြင်းသည် ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စေသည်။ ကျန်းမာကြံ့ခိုင်ပြီး သွက်သွက်လက်လက်လှုပ်ရှားခြင်းသည် သွေးလည်ပတ်မှု မြန်ဆန်စေသည့်အပြင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်စေသည်။
လက်မှန်မှန်ဆေးကြောသည့် အလေ့အထ သည် လွယ်မယောင်နှင့် ခက်ပါသည်။ မိသားစုတစ်စုသည် ယခင်ကတည်းက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိမှသာလျှင် လက်ဆေးကြောသည့် အလေ့အထရှိနိုင်သည်။ အထူးသဖြင့် အိမ်သာမှထွက်ချိန်၊ အပြင်မှ ပြန်ရောက်ချိန်၊ ပစ္စည်း တစ်ခုခုကိုကိုင်တွယ်ပြီးချိန်တို့တွင် လက်ဆေးကြောရန်လိုပါသည်။ လက်ရှိကူးစက်ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ရောဂါပိုးသည် အရာဝတ္ထုများတွင် ကပ်ပြီး အသက်ရှင်သန်နိုင်သဖြင့် ထိုအရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်ပြီး လက်ဆေးရန် မေ့လျော့နေမည်၊ ပျင်းရိနေမည်ဆိုလျှင် ရောဂါပိုးကူးစက်ခံရဖို့ရာခိုင်နှုန်းအတော်လေး များနေပြီဖြစ်သည်။ လက်ဆေးကြောရာတွင်လည်း ဆပ်ပြာမပါဘဲ ရေနှင့်ဖြစ်သလို ဆေးကြောနေမည်ဆိုလျှင် ရောဂါပိုးအန္တရာယ်မှ ကာကွယ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျန်းမာရေးဌာနက အကြံပြုထားသည့်အတိုင်း လက်ကိုဆပ်ပြာ သို့တည်းမဟုတ် Handgel တို့ဖြင့် သေချာစွာ ပွတ်တိုက်ဆေးကြောသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် မိမိကျန်းမာရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သလို မိမိမိသားစုနှင့် နိုင်ငံသားအားလုံး၏ ကျန်းမာရေးအတွက် လုပ်ဆောင်ခြင်းလည်းဖြစ်ပါသည်။
အထူးသဖြင့် နှာချေ၊ ချောင်းဆိုးခြင်းတို့ကို လက်ကိုင်ပဝါနှင့် တစ်ရှူးအုပ်ပြီးမှသာ လုပ်ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲ စွန့်ပစ်ခြင်း၊ လူစည်ကားရာနေရာများသို့ မလွှဲ မရှောင်သာသွားရမည်ဆိုလျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ထားခြင်း၊ ဖျားနာနေလျှင် အိမ်၌သာ အနားယူ နေခြင်း၊ ဖျားနာပြီးမောနေလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင် ခရီးသွားလာမှုကို ရှောင်ရှားခြင်း၊ ဖျားနာနေသူများ ထံသို့ သွားရာမှ ပြန်လာလျှင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့် နေအိမ်တွင် ပိုးသတ်ဆေးဖျန်းခြင်း စသည်တို့ကို မပျက်မကွက်လုပ်ဆောင်သင့်ပါသည်။
တစ်ကျော့ပြန် ခေါင်းထောင်လာသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC) ကူးစက်မှုကို ကာကွယ်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောခြင်း၊ လူစုလူဝေးများကို ရှောင်ရှားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အခြေခံလိုက်နာရမည့်အချက်များကို ဆက်လက်လိုက်နာကျင့်သုံးသွားရန် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် အားဖြည့်ကာကွယ်ဆေး ထိုးနှံထားသူများတွင် ပြင်းထန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ခြင်းမှ ကာကွယ်နိုင်သဖြင့် ကာကွယ်ဆေးလွှမ်းခြုံအောင် ပိုမိုဆောင်ရွက်ခြင်းဖြင့်လည်း တစ်ကျော့ပြန် ခေါင်းထောင်လာသော အိုမီခရွန်မျိုးကွဲသစ် (XEC)ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။ ။
Source: MOI

လူတို့သည် ၎င်းတို့၏သက်တမ်းကို ရှည်လျားစေပြီး လူနေမှုဘဝမြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေလာသည်နှင့်အမျှ အစားအသောက်များ၏အခန်း ကဏ္ဍသည် ပို၍အရေးပါလာသည်။ အသီးအနှံများ ကို ကိုယ်ခံစွမ်းအား၊ ဇီဝကမ္မဖြစ်စဉ်နှင့် အလုံးစုံ ကျန်းမာရေးကိုမြှင့်တင်ပေးသည့် စူပါအစားအစာ များအဖြစ် သတ်မှတ်လေ့ရှိသည်။ အသီးအနှံများကို ပုံမှန်စားသုံးခြင်းသည် နှလုံးကျန်းမာရေး၊ ဦးနှောက် လုပ်ဆောင်ချက်တို့နှင့် ဆက်စပ်မှုရှိပြီး အသက်ရှည် စေကြောင်း လေ့လာမှုများကဖော်ပြခဲ့သည်။ အသီး အနှံများတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးမျိုး၊ ဓာတ
လူတို့သည် ၎င်းတို့၏သက်တမ်းကို ရှည်လျားစေပြီး လူနေမှုဘဝမြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေလာသည်နှင့်အမျှ အစားအသောက်များ၏အခန်း ကဏ္ဍသည် ပို၍အရေးပါလာသည်။ အသီးအနှံများ ကို ကိုယ်ခံစွမ်းအား၊ ဇီဝကမ္မဖြစ်စဉ်နှင့် အလုံးစုံ ကျန်းမာရေးကိုမြှင့်တင်ပေးသည့် စူပါအစားအစာ များအဖြစ် သတ်မှတ်လေ့ရှိသည်။ အသီးအနှံများကို ပုံမှန်စားသုံးခြင်းသည် နှလုံးကျန်းမာရေး၊ ဦးနှောက် လုပ်ဆောင်ချက်တို့နှင့် ဆက်စပ်မှုရှိပြီး အသက်ရှည် စေကြောင်း လေ့လာမှုများကဖော်ပြခဲ့သည်။ အသီး အနှံများတွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးမျိုး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝသောကြောင့် နှစ်ပေါင်းများစွာ ပုံမှန်စားသုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး စောစီးစွာသေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရှိလာခဲ့သည်။
၂၀၂၂ ခုနှစ်က နော်ဝေနိုင်ငံ၏ လေ့လာမှုတစ်ခုအရ အစားအစာရွေးချယ်မှု၏ လူ့သက်တမ်းအပေါ် အကျိုးသက်ရောက်မှုကိုခန့်မှန်းခြင်းModeling study တွင် အသက်ရှည်ရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် များကို ပုံမှန်ပြောင်းလဲစား သောက်ခြင်း သို့မဟုတ် ချိန်ညှိစားသောက်ခြင်းသည် အသက်အရွယ်အားလုံးအတွက် သိသာထင်ရှားသော ကျန်းမာရေး အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေနိုင် ကြောင်းနှင့် ဘဝတွင် အစောပိုင်းပြောင်းလဲမှုများသည် ကြီးမားသောအကျိုးကျေးဇူးများရရှိစေနိုင် ကြောင်း သိရသည်။ သုတေသနပြုချက်များအရ နေ့စဉ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ (အရွယ် တော်အလတ်စားသစ်သီးနှစ်လုံးနှင့် အသီးအရွက်ငါးပုံ) စားသုံးခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးကြောင်း သိရသည်။
၂၀၁၇ ခုနှစ်ကထုတ်ဝေခဲ့သော အင်္ဂလန်နိုင်ငံအမျိုးသား ကျန်းမာရေးဝန်ဆောင်မှု၏ လေ့လာမှု တစ်ခုတွင် ပုံမှန်အစားအစာ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အသီးအနှံစားသုံးမှု တိုးလာခြင်းသည် ကင်ဆာနှင့် လေဖြတ်နိုင်ခြေကို လျှော့ချခြင်းဖြင့် သေဆုံးနိုင်ခြေကို လျော့နည်းစေကြောင်း ဖော်ပြခဲ့သည်။ အသီးအနှံများကို ပုံမှန်စားသုံးခြင်းသည် အရွယ် မတိုင်မီသေဆုံးနိုင်ခြေကို လျော့နည်းစေပြီး ရောဂါ ကာကွယ်ခြင်းနှင့် အသက်ရှည်စေခြင်းတို့ကို အထောက်အကူပြုကြောင်း လေ့လာမှုတစ်ခုက မှတ် ချက်ပြုခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံပူးပေါင်းဆောင်ရွက်သော အဖွဲ့၏လေ့လာမှုအရ အသီးအနှံများ စားသုံးမှုသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် တချို့သောကင်ဆာ ရောဂါများကြောင့် သေဆုံးနိုင်ခြေနည်းပါးကြောင်း တွေ့ရှိရသည်။ တစ်ရက်လျှင် သစ်သီးသုံးလုံးထက် ပိုစားသူများသည် စားသုံးမှုနည်းသော သူများနှင့်နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေသိသိသာသာ နည်းပါးကြောင်း သိရသည်။ ပန်းသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး၊ တလည်းသီး၊ ငှက်ပျောသီး၊ ထောပတ်သီးနှင့် စပျစ် သီးများသည် နှလုံးရောဂါနှင့် တချို့သောကင်ဆာ ရောဂါများအပါအဝင် နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် နှလုံးကျန်းမာစေ ရန်နှင့် အသက်ရှည်စေရန် အစားအသောက်များတွင် အသီး အနှံများကို ထည့်သွင်းစားသုံးသင့်သည်။
ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးတွင် အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ (Anthocyanins၊ Tannins၊ Resveratrol နှင့် Proanthocyanidins) ကြွယ်ဝသော ကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ဖိစီးမှုမှ ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည့်အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။ ဓာတ် တိုးဆန့်ကျင်ပစ္စည်းများသည် ဦးနှောက်ဆီသို့ အောက် ဆီဂျင်နှင့် သွေးလှည့်လည်မှုကို လှုံ့ဆော်ပေးသဖြင့် စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးသည်။ ထို့ကြောင့် ဦးနှောက်ကျန်းမာ ရေးအတွက် အထူးကောင်းမွန်ပြီး မှတ်ဉာဏ်ကို ပိုမို ကောင်းမွန်စေကာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်ကျဆင်းမှုအန္တရာယ်ကို လျှော့ချပေးသည်။ ဘလူးဘယ်ရီသီးတွင် ဗီတာမင်-C၊ အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်တို ့ကြွယ်ဝစွာပါဝင်ပြီး သွေးပေါင်ချိန် ကိုထိန်းညှိပေးခြင်းနှင့် ကိုလက်စထရော ပမာဏကိုထိန်းညှိပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက် အကူပြုသည်။ အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်း တစ်ခုဖြစ်ပြီး Prebiotic ဂုဏ်သတ္တိများကြောင့် အစာခြေစနစ်က ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ဘလူးဘယ်ရီသီးတွင် ဂလူးကို့စ်အညွှန်းကိန်း နိမ့်သောကြောင့် သွေးချို၊ ဆီးချိုရှိ သူများအတွက် သင့်လျော်သည်။ အာဟာရပညာရှင် များ၏အဆိုအရ အရွယ်ရောက်ပြီးသူများအတွက် တစ်ရက်လျှင် ဘလူးဘယ်ရီသီး လက်တစ်ဆုပ်စာ စားသုံးခြင်းက ကျန်းမာရေး အကျိုးကျေးဇူးများရရှိ စေသည်။
ပန်းသီး
ပန်းသီးသည် ပျော်ဝင်နိုင်သောအမျှင်ဓာတ် Pectin ၏ အရင်းအမြစ်ကောင်းတစ်ခု အထူးသဖြင့် အခွံနှင့် စားသုံးသည့်အခါတွင် ရရှိနိုင်သည်။ အစာချေဖျက် ရာတွင် အထောက်အကူဖြစ်ပြီး အစာအိမ်နှင့် အူလမ်း ကြောင်းကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ ကိုလက် စထရောလျှော့ချပေးခြင်း၊ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးပြီး အမျိုးအစား (၂) သွေးချို၊ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းကဲ့သို့ သော ကျန်းမာရေးအကျိုးကျေးဇူးများလည်းရှိသည်။ ပန်းသီးတွင် ဗီတာမင်-A ၊ ဗီတာမင်-C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်သဖြင့် ကိုယ်ခံ အားစနစ်ကို အားကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်။ ပန်းသီးတွင်ပါဝင်သော Polyphe-nols က မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချပေးပြီး သွေးဖိအားကို ထိန်းညှိပေးသောကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် သည်။ တရုတ်နိုင်ငံ Jinzhou ရှိ Yangtze ဆေးရုံမှ ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ပန်းသီးသုံးလုံးမှ လေးလုံးစားသုံးခြင်းသည် နာတာ ရှည်ရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၃၉ ရာခိုင်နှုန်းလျော့နည်းစေကြောင်း သတိပြုမိခဲ့သည်။
တလည်းသီး
တလည်းသီးတွင် ကယ်လိုရီနှင့် အဆီနည်းပါး သော်လည်း အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များ ကြွယ်ဝသည်။ Punicalagins၊ Anthocyanins နှင့် Tannins ကဲ့သို့သော အစွမ်းထက်ပိုလီဖီနော အင်တီအောက်စီးဒင့်များ ကြွယ်ဝစွာပါဝင်ပြီး ရောင် ရမ်းမှုကိုလျှော့ချပေးကာ အိုမင်းမှုဖြစ်စဉ်ကို နှေးကွေး စေသည်။ ဗီတာမင်-C၊ ပိုတက်ဆီယမ်နှင့် အမျှင်ဓာတ် များ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးကာ အစာချေဖျက်မှုကို အထောက်အကူပြုပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးသည်။ တလည်းသီး သည် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးပေါင် ချိန်ကို လျော့ကျစေသည်။ သွေးကြောများတွင် အဆီခဲ များစုပုံလာခြင်းကို ကာကွယ်ပေးခြင်းဖြင့် နှလုံး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ သဘာဝ ဒြပ်ပေါင်းများသည် ကျန်းမာသောအသားအရေကို မြှင့်တင်ပေးပြီး မှတ်ဉာဏ်ကို မြှင့်တင်ပေးကာ ကင်ဆာ ကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများပင်ရှိသည်ဟုဆိုကြ သည်။ တလည်းသီးအစေ့တွင် ပါသော အင်တီအောက် စီးဒင့် (Punicalagins နှင့် Punicic acid) များသည် အစွမ်းထက်ပြီး ဖျော်ရည်ထဲတွင် စုစည်းပါဝင်မှုကြောင့် တလည်းသီးဖျော်ရည်သည် ကိုလက်စထရောမြင့်မားမှု အန္တရာယ်ကိုလျှော့ချရာတွင် ကူညီပေးသည်။
ထောပတ်သီး
ထောပတ်သီးတွင် အမျှင်ဓာတ်၊ ဗီတာမင်၊ ကျန်းမာ ရေးနှင့်ညီညွတ်သောအဆီများနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝစွာ ပါဝင်သည်။ ရောင်ရမ်းမှုကိုလျှော့ချ ပေးပြီး ခန္ဓာကိုယ်တွင်း မကောင်းသော ကိုလက်စ ထရော (LDL) ကို လျှော့ချပေးသည့်အပြင် ကောင်း သော ကိုလက်စထရော (HDL)ကို တိုးမြင့်စေသည်။ ထောပတ်သီးသည် ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ နှင့် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကာ အသက်ရှည်စေနိုင်သည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို အထောက်အကူ ပြုပြီး အစာအိမ်ကျန်းမာရေးကို မြှင့်တင်ပေးသည်။ Lutein နှင့် Zeaxanthin ကဲ့သို့ Antioxidants မြင့်မား စွာပါဝင်မှုကြောင့် မျက်စိကျန်းမာရေးကို အထောက် အကူပြုသည်။ ဗီတာမင်-E နှင့် ဗီတာမင်-C သည် အသားအရေကိုကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအား ကို အားကောင်းစေသည်။
စပျစ်သီး
အနီရောင်နှင့် ခရမ်းရောင်စပျစ်သီးတွင် အင်တီ အောက်စီးဒင့် Resveratrol ပါဝင်သဖြင့် ရောင်ရမ်းမှု ကိုလျှော့ချပေးပြီး နှလုံးကိုကာကွယ်ပေးသောကြောင့် အိုမင်းရင့်ရော်မှုကိုဆန့်ကျင်သော ဂုဏ်သတ္တိရှိသည်။ စပျစ်သီးကို ပုံမှန်စားသုံးခြင်းသည် နှလုံးရောဂါ၊ မှတ်ဉာဏ်ကျဆင်းမှုနှင့် တချို့သောကင်ဆာရောဂါ များဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း လေ့လာမှုများက ဖော်ပြသည်။ သွေးလည်ပတ်မှုကောင်းမွန် စေကာ သွေးပေါင်ချိန်ကို ကျဆင်းစေသည်။ ထို့ပြင် မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချ ပေးပြီး သွေးကြောများကို ကျန်းမာစေသည်။ စပျစ်သီး သည် အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး အစာအိမ်ကျန်းမာရေးကို ထိန်းသိမ်းရာတွင် ကူညီပေးသည်။ အထူးသဖြင့် စပျစ်သီးအခွံသည် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး စပျစ်သီးတွင်ပါဝင်သော သဘာဝ Sorbitol ကြောင့် အပျော့စားဝမ်းနုတ် ဆေးအာနိသင်လည်းရှိသည်။ သို့သော် စပျစ်သီး တွင် သကြားပါဝင်မှုမြင့်မားသောကြောင့် မျှတစွာ စားသုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။
လိမ္မော်သီး
လိမ္မော်သီးတွင် ပိုတက်ဆီယမ်ကြွယ်ဝပြီး ဆိုဒီယမ် ပမာဏကိုထိန်းညှိပေးကာ သွေးပေါင်ချိန်ကို လျှော့ချ ပေးသည်။ ဖလေဗိုနွိုက်(Hesperidin) ပါဝင်သော ကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး သွေးတိုး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကာ နှလုံးကျန်းမာ ရေးကို ကောင်းမွန်စေသည်။ အမျှင်ဓာတ်ကြွယ်ဝသော ကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး သွေးဖိအားကို တည်ငြိမ်စေသည်။ အမျှင်ဓာတ်ရရှိ စေသောလိမ္မော်သီးကို အသီးတစ်ခုလုံး စားသုံးပေး ပါက အကောင်းဆုံးဖြစ်သည်။ လိမ္မော်သီးတွင် ဗီတာမင်-C ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ကိုလက်စထရောပမာဏ ကိုလည်း လျှော့ချပေးနိုင်သည်။
ငှက်ပျောသီး
ငှက်ပျောသီးတွင် ဗီတာမင်-C နှင့် B-6၊ ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေး ပြီး အစာခြေလမ်းကြောင်းကျန်းမာရေးနှင့် နှလုံးသွေးကြော ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ ငှက်ပျောသီးတွင် ပါဝင်သော သဘာဝသကြားဓာတ်များသည် စွမ်းအင်နှင့် အားကစားစွမ်းဆောင် ရည်ကို မြှင့်တင်ပေးနိုင်သည်။ ငှက်ပျောသီး၏အင်တီ အောက်စီးဒင့် ဂုဏ်သတ္တိများသည် ဆဲလ်များပျက်စီး ခြင်းမှကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေး နိုင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ရန်ကူညီပေးသည်။ ငှက်ပျောသီးကို နေ့စဉ်စားခြင်းသည် ရေရှည်ကျန်းမာရေးနှင့် အသက်ရှည်ခြင်းကို အထောက်အကူပြုသည်။
အနှစ်ချုပ်ရသော် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို မျှတစွာပုံမှန်စားသုံးပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ရရှိခံစားနိုင် မည်။ နေ့စဉ် အစားအစာများတွင် အသီးအနှံများကို ကြွယ်ဝမျှတစွာရွေးချယ် စားသုံးပါက ပိုမိုကျန်းမာပြီး အသက်ပိုရှည်စေရန် အထောက်အကူပြုနိုင်သည်။ အသီးအနှံများသည် အစာလည်းဆေး၊ ဆေးလည်း အစာဆိုသကဲ့သို့ သင့်တင့်မျှတစွာ ရွေးချယ်စားသုံးသင့်သော အာဟာရဖြည့်စွက်စာ တစ်ခုဖြစ်ကြောင်း အာဟာရသုတ မျှဝေလိုက်ရပါသည်။

လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဗီတာမင်သက်စောင့်ဓာတ်အပါအဝင် အဖိုးတန်အာဟာရဓာတ်များ ကိုရရှိရန်နေ့စဉ်စားသုံးသည့်အသီးအရွက်၊အသီးအနှံများတွင်သဘာဝလက်ဆောင်အဖြစ် ရယူသုံးစွဲ ရန်လိုအပ်သည်။ များပြားလှသည့် သဘာဝအာဟာရဓာတ်ပစ္စည်း များထဲမှ အရေပြားအကျိုးပြု အက်စစ် ဓာတ်များလည်း ပါဝင်သည်။အဆိုပါအက်စစ်များကို အရေပြားနုပျိုလန်းဆန်းစေရန် နည်းအမျိုးမျိုး ဖြင့်သုံးစွဲနေကြသည်။

အဆိုပါအကျိုးပြုအက်စစ်ဓာတ်များသည် သဘာဝကပေးသောအက်စစ်ဖြစ်၍ သဘာဝအက်စစ် ဟုခေါ် သည်။ တချို့မှာ အော်ဂဲနစ်အက်စစ်ဖြစ်သည်။ ဓာတုပစ္စည်းလုံးဝမသုံးစွဲသည့် စိုက်ပျိုးထုတ်လုပ်ရာမှရသည့် အသီးအနှံများကို အော်ဂဲနစ်အသီးအနှံများဟုခေါ်သကဲ့သို့ အော်ဂဲနစ်အက်စစ်ဟုခေါ်သည်။ ဂလိုင်ကောလစ်အက်စစ်သည် ကြံပင်မှရသည်။ မယ်လစ်အက်စစ်သည် ပန်းသီးမှရရှိသည်။ တာတာရစ်အက်စစ်သည် စပျစ်သီးမှရရှိသည်။ စစ်ထရစ်အက်စစ်သည် အရည်ရွှမ်းသောအချဉ်သီးမှရရှိသည်။ လက်တစ်အက်စစ်သည် အသီးအနှံမှမဟုတ်ဘဲ နို့ချဉ်၊ ဒိန်ချဉ်တွင် များစွာပါဝင်သည်။ သဘာဝအက်စစ်များသည် ဖွဲ့စည်းပုံအနည်းအများတူညီသကဲ့သို့ အယ်လ်ဖာဟိုက်ဒြောက်ဆီအက်စစ် အမည် ပေးတတ်သည်။
သဘာဝအက်စစ်များကဆိုးကျိုးထက်ကောင်းကျိုးပိုများသည်။ထို့ကြောင့် အရေပြားနုပျိုလန်းဆန်း ကျန်းမာစေရန်အတွက် အဆိုပါအက်စစ်များကို အဓိကထားအသုံးပြုသင့်သည်။ အရေပြားအကျိုးပြု အက်စစ်များ၏ အဓိကအာနိသင်က အရေပြားအပေါ်လွှာမှ ဆဲလ်ကလာပ်စည်းများကို ဖွံ့ဖြိုးမှုမြန်ဆန်စေသည်။ အရေပြား၏အပြင်ဘက်ဆုံး၊ အပေါ်ဆုံးတွင်ရှိသည့် ကြမ်းတမ်းသောဆဲလ်ကလာပ်စည်းအဟောင်းများကို ဖယ်ရှားပေးကာ နုပျိုသစ်လွင်သော ဆဲလ်ကလာပ်စည်းအသစ်များနှင့် အစားထိုးပေးနေသည့် အစွမ်းသတ္တိပါရှိသည်။
ရွက်အိုရွက်ဟောင်းများနေရာတွင်ရွက်နုသစ်များနှင့်အစားထိုးသည့်အခါ စိုပြည်တင့်တယ်မှုရှိလာသည်။ ထို့အတူ သဘာဝအက်စစ်များ ပါဝင်သည့်အသီးအနှံများကိုစားမည်ဆိုပါကခြောက်သွေ့သော အရေပြားအစား အသားအရေနူးညံ့တင်းရင်းသည့်အရေပြားကိုရရှိစေမည်ဖြစ်သည်။ နောက်ထပ်အစွမ်း သတ္တိမှာ အရေပြား၏အလယ်လွှာကိုလည်း အားကောင်းစေကာ အလယ်လွှာရှိ ကော်လာဂျင်၊ အီလက် စတင်အမျှင်များဖွံ့ဖြိုးလာစေသည်။ ထို့ပြင် အရေပြားအလယ်လွှာထဲမှ အဓိကအမာခံပစ္စည်းဖြစ်သည့် မြူကိုပေါ်လီစက်ခရိုက်တစ်သျှူးကို တိုးပွားစေကာ အသားအရေနုပျိုစေသည့်အပြင် အရေးအကြောင်းကင်းစင်စေသည်။
သဘာဝအက်စစ်များကို အရေပြားထိန်းသိမ်းခြင်းအလှကုန်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုကြသည်။ အဆိုပါအလှကုန်ပစ္စည်းများ တွင် ဂလိုင်ကောလစ်အက်စစ်ကိုအသုံးများသည်။ ဖွဲ့စည်းပုံအရ မော်လီကျူးအရွယ်သေးငယ်သောကြောင့် လိမ်းလိုက်ပါက အရေပြားထဲအလွယ်တကူစိမ့်ဝင်နိုင်သည်။ ဂလိုင်ကောလစ်အက်စစ်ကို ဓာတုပေါင်းတင်ခြင်းပြုလုပ်ရာတွင် ပင်တိုင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ အဆိုပါပေါင်းတင်နည်းသည် အရေပြား၏အပေါ်လွှာကို အက်စစ်လျော့ဖြင့်စားပြီး ကလာပ်စည်းအသစ်များနှင့်အစားထိုးစေရန် လုပ်ဆောင်ပေးသည့်နည်းဖြစ်သည်။
အက်စစ်၏ပြင်းအားကို လိုအပ်သည့်ပေါ်မူတည်၍ ချိန်ဆသုံးရသည်။ ပြင်းအားများပါကအရေပြား၏အလယ်လွှာရောက်သွားသဖြင့် တင်းတိပ်နှင့်အမာရွတ်များကုစားရာတွင် အသုံးတည့်သည်။ မသုံးတတ်ပါက အန္တရာယ်များသည်။ ပေါင်းတင်သည့်အခါ အက်စစ်ကို အရေပြားပေါ်၌(၂_၃) မိနစ်ထားရပြီး ချက်ချင်းပြန်လည်သန့်စင်ပေးရသည်။ သာမန်အလှကုန်ပစ္စည်းများမှာ ယင်းသဘာဝအက်စစ်များ၏ပြင်းအားကို ခပ်ပျော့ပျော့ထည့်သွင်းဖော်စပ်ထားကြသည်။
အလှကုန်ပစ္စည်းများ၌ သဘာဝအက်စစ်များ အဓိကသုံးကြသည်မှာ အရေပြားနုပျိုစေရေးပင်ဖြစ်သည်။ အရွယ်တင်နုပျိုစေရန်၊ အရေးကြောင်း မပေါ်စေရန်၊ အရေပြားနူးညံ့ချောမွေ့စေရန်၊ နေလောင်သည့်အရေပြားပြန်လည်နာလန်ထူစေရန်စသည့် ရည်ရွယ်ချက်များနှင့်ထုတ်လုပ်ရောင်းချကြခြင်းဖြစ်သည်။ အဆိုပါရည်ရွယ်ချက်အမျိုးမျိုးနှင့် ထုတ်လုပ်ရောင်းချသည့်အခါ သဘာဝအက်စစ်များနှင့်အတူ၊ တခြား ပစ္စည်းများပါထည့်သွင်းဖော်စပ်ကြသည်။ အရေပြားနေရောင်ဒဏ်ခံရန် တခြားလိုအပ်သည့် ဓာတုပစ္စည်းများပေါင်းစပ်ပေးရသည်။ ထို့ပြင် အရေပြားလောင်ခြင်းကိုလျော့သွားစေရန်၊ အရေပြားအစိုဓာတ်ထိန်း ခရင်မ်လည်း တွဲဖက်သုံးရသည်။ သို့မှသာ အက်စစ်ကြောင့် အသားအရေ မခြောက်ရန်ဖြစ်သည်။
မျက်နှာချောမွေ့လှပရန် မျက်နှာပေါ်သို့ ခရမ်းချဉ်သီး၊ သခွားသီး၊ပန်းသီး၊ လိမ္မော်သီး၊ အာလူး စသည့်သီးနှံများကို ကပ်ခြင်းပြုလုပ်ကြသည်။ ပျားရည်၊ ဒိန်ချဉ်၊ ကြက်ဥအကာ၊ရေသမကာလိမ်းကြသည်။
သဘာဝအသီးအနှံများနှင့်အရေပြားကို ချောမွေ့စေရန်ပြုလုပ်ခြင်းဖြစ်သည်။သဘာဝအက်စစ်အပြင် ဗီတာမင် C အပါအဝင် တခြားဗီတာမင် နှင့်အာဟာရများကို အရေပြားထဲစိမ့်ဝင်စေရန် ဖန်တီးကြသည်။ သို့သော် အရေပြားသည် အထဲကို ဓာတုပစ္စည်းတစ်ခုခုစီးဝင်၊ စိမ့်ဝင်ရန်မလွယ်ပေ။ မော်လီကျူး အရွယ်သေးငယ်မှဝင်နိုင်သည့်ဓာတုဗေဒပေါင်းတင်နည်းကဲ့သို့ အကျိုးမရှိနိုင်ပါ။
အထက်ပါအက်စစ်ဓာတ်များက သဘာဝအက်စစ်များဖြစ်သော်လည်းအခန့်မသင့်ပါက သို့မဟုတ် ပြင်းအားများပါက အရေပြားလောင်တတ် သည်။ အသားအရေစပ်ဖျဉ်းဖျဉ်း၊ အရေပြားယားယံခြင်းနှင့် ရောင်ရမ်းခြင်းကြုံရတတ်သည်။ ထို့ကြောင့်ထိခိုက်လွယ်အရေပြားပိုင်ရှင်များအနေဖြင့် သတိပြုသုံးစွဲသင့်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Photo - pravada private label

လမ်းလျှောက်ခြင်းသည် မကူးစက်နိုင်သောရောဂါများနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုများကြောင့်ဖြစ်သော ရောဂါများဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချကာကွယ်နိုင်သည့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်သည်။

လမ်းလျှောက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့်ကျန်းမာသန်စွမ်းလာနိုင်ပြီး ကိုယ်အလေးချိန်ထိန်း နိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊အရိုးများကိုသန်မာစေခြင်း၊ အဆစ်များကို ပျော့ပျောင်းစေပြီး လှုပ်ရှားမှုများကိုချောမွေ့စေခြင်းအပြင်ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိလာကြသည်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့၏အဆိုအရ လမ်းလျှောက်ခြင်းကဲ့သို့ အသင့်အတင့်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် အေရိုးဗစ်လေ့ကျင့်ခန်းများကဲ့သို့ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများသည် အူမကြီးကင်ဆာ၊ မီးယပ်သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာတို့ကို လျော့နည်းစေပြီး ကျန်းမာအောင်ကူညီပေးနိုင်သည့် ခိုင်လုံသောအထောက်အထားများရှိပါသည်။ ထို့ပြင် နေ့စဉ်ခြေလှမ်းအရေအတွက်တိုးလာလေ ကင်ဆာဖြစ်ပွားနိုင်ခြေနည်းပါးလေဖြစ်ကြောင်း တွေ့ရှိသောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ခြင်းသည် အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။
ယခင်လေ့လာမှုများသည် ပိုမိုပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုနှင့် ကင်ဆာရောဂါအန္တရာယ် ဆက်စပ်မှုကို အာရုံစိုက်ခဲ့သည်။ "နေ့စဉ် စုစုပေါင်းကိုယ်လက်လှုပ်ရှားမှုပမာဏနှင့် ပြင်းထန်မှုပမာဏ၊ ခြေလှမ်းအရေအတွက်နှင့် ကင်ဆာဖြစ်ပွားနိုင်ခြေ" ဆက်စပ်မှုကို ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၏အားကစားဆေးပညာဂျာနယ်တွင် ဖော်ပြထားပါသည်။ အရွယ်ရောက်ပြီးသူ ၈၅၀၀၀ ကျော်တွင် လမ်းလျှောက်ခြင်းကဲ့သို့သော နေ့စဉ်လှုပ်ရှားမှုများသည် ကင်ဆာရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေကြောင်း ဖော်ပြခဲ့သည်။ အတက်ကြွဆုံးလူများတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်းလျော့နည်းပြီး နေ့စဉ်ပေါ့ပေါ့ပါးပါး ကိုယ်လက် လှုပ်ရှားပြုလုပ်သူများနှင့် အလယ်အလတ်မှ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများသည် အထိုင်များသူများထက် ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်းတွေ့ရှိခဲ့သည်။ နေ့စဉ်အိမ်မှုကိစ္စများနှင့် အလုပ်ကိစ္စများကဲ့သို့သော ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုများနှင့် ကင်ဆာရောဂါအန္တရာယ်လျှော့ချရေး ဆက်စပ်မှုကို ပထမဆုံးတွေ့ရှိခဲ့သည်။ နေ့စဉ်လှုပ်ရှားမှုပြင်းထန်မှုနှင့် ရက်သတ္တပတ်အတွင်း စုစုပေါင်းခြေလှမ်းရေတွက်မှုသည်ငါးနှစ်ကြာပြီးနောက် ရင်သားနှင့် အူမကြီးကင်ဆာအပါအဝင်ကင်ဆာအမျိုးအစား ၁၃ မျိုး ဖြစ်ပွားမှုနည်းပါးခြင်းနှင့်ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ တစ်ရက်လျှင် ခြေလှမ်း ၅၀၀၀ လျှောက်သောသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေသည် တစ်ရက်လျှင် ခြေလှမ်း ၇၀၀၀ လျှောက်သူများတွင် ၁၁ ရာခိုင်နှုန်းနှင့် ခြေလှမ်း ၉၀၀၀ လျှောက်သူများတွင် ၁၆ ရာခိုင်နှုန်း လျော့နည်းကြောင်းတွေ့ရသည်။
လမ်းလျှောက်လေ့ကျင့်ခန်းနှင့် ကင်ဆာရောဂါဆက်စပ်မှု
ပုံမှန်လမ်းလျှောက်ခြင်းအပါအဝင်နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန်ထိန်းရန်နှင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည့် အကျိုးကျေးဇူးများရှိပါသည်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့်အပြင် ကုသမှုခံယူနေစဉ်အတွင်းကင်ဆာဝေဒနာရှင်များအားသန်မာစေပြီး ကင်ဆာရောဂါမှပြန်လည်ကောင်းမွန်လာသူများတွင် သက်လုံကောင်းရန်နှင့်ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရန် အထောက်အကူဖြစ်စေပါသည်။
ဟော်မုန်းများကို ထိန်းညှိပေးခြင်း
အင်ဆူလင်ခုခံမှုနှင့် အီစထရိုဂျင်ပမာဏတိုးမြင့်လာခြင်းနှင့်ဆက်စပ်နေသည့် သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ အင်ဆူလင်သည် ကင်ဆာဆဲလ်များ ကြီးထွားရှင်သန်မှုကို မြှင့်တင်ပေးသည်။ အင်ဆူလင်ခုခံမှုနှင့် အင်ဆူလင်ပမာဏမြင့်မားခြင်းသည် အူမကြီးကင်ဆာနှင့်ပန်ကရိယကင်ဆာများဖြစ်နိုင်ခြေတိုးလာနိုင်သည်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် ကင်ဆာရောဂါနှင့်ဆက်နွှယ်နေသည့် အီစထရိုဂျင်နှင့် အင်ဆူလင်ဟော်မုန်းပမာဏကို လျှော့ချနိုင်သည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး ကင်ဆာဆဲလ်များကိုတိုက်ထုတ်ရန် ကူညီပေးသည့်အပြင်ကင်ဆာဖြစ်နိုင်ခြေရှိသောအချက်တစ်ခုဖြစ်သည့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကြောင့် ဆဲလ်များပျက်စီးခြင်းနှင့် ကင်ဆာဆဲလ်များဖွံ့ဖြိုးမှုကိုလျှော့ချပေးနိုင်သည်။
ကင်ဆာလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ လျှော့ချနိုင်သော လမ်းလျှောက်လေ့ကျင့်ခန်းကင်ဆာရောဂါရှာဖွေတွေ့ရှိထားသူများ၊ ကုသမှုခံယူနေသူများ၊ ကုသမှုပြီးသွားသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက်မကြာခဏကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည်ကင်ဆာရောဂါပြန်လည်ကောင်းမွန်လာစေရန် အကျိုးကျေးဇူးပေးနိုင်သည်။
လမ်းလျှောက်ခြင်းနှင့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများသည် အသက်ကြီးသူများနှင့်ကင်ဆာရောဂါရှိသူများအတွက်ပို၍သင့်လျော်ပါသည်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများနာကျင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လမ်းလျှောက်လေ့ကျင့်ခန်းသည် နေ့စဉ် အချိန်မရွေးပြုလုပ်နိုင်ပြီးကင်ဆာ၏ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရာတွင် ပို၍အကျိုးရှိကြောင်းအကြံပြုထားသည်။
ပုံမှန်လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများ
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့်စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးနိုင်ခြင်း၊ နာကျင်မှုကို သက်သာရာရစေ ခြင်း၊ ခွန်အားတည်ဆောက်ခြင်း၊ အစာစားချင်စိတ်တိုးလာခြင်း၊အိပ်ရေးဝဝအိပ်ရန်အထောက်အကူ ဖြစ်စေခြင်း၊ ကင်ဆာပြန်ဖြစ်ခြင်း သို့မဟုတ် ဒုတိယကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချခြင်း အကျိုးကျေး ဇူးများရှိပါသည်။
ကင်ဆာလူနာအားလုံးနီးပါးသည် သာမန်ပင်ပန်းနွမ်းနယ်မှုဟုယူဆနိုင်သည်ထက်ကျော်လွန်၍ ပင်ပန်းနွမ်းနယ်မှုကိုခံစားရကြောင်းအမေရိကန်ကင်ဆာအဖွဲ့အစည်းကဖော်ပြထားသည်။ လမ်းလျှောက်ခြင်းသည်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သော မကြာခဏ ပင်ပန်းနွမ်းနယ်မှုခံစားရခြင်းကိုကုစားပေးနိုင်သည်။ ကင်ဆာကုသမှုခံယူနေစဉ်နှင့်ကုသမှုအပြီးတွင် ပင်ပန်းနွမ်းနယ်မှုကိုလျော့ကျစေပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ သုတေသနပြုချက်များအရ တက်ကြွသော ကိုယ်လက်လှုပ်ရှားမှုသည် ယေဘုယျအားဖြင့်ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကို တိုးတက်စေခြင်းဖြင့် ကင်ဆာဝေဒနာရှင်များကို ကူညီပေးနိုင်ကြောင်းသိရသည်။ စိုးရိမ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဓာတ်ကျခြင်းကို မြှင့်တင်ပေးနိုင်သည်။
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းသည် အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ သုတေသနပြုချက်များအရအဝလွန်ခြင်းသည် ကင်ဆာ ၁၃ မျိုး ဖြစ်ပွားနိုင်ခြေ မြင့်မားမှုနှင့်ဆက်စပ်ကြောင်းဖော်ပြထားသည်။လေ့လာမှုများအရ အလယ်အလတ်နှင့် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုများသည်အူမကြီးကင်ဆာ၊ သွေးဆုံးပြီးသောအမျိုးသမီးများတွင်ရင်သားနှင့် သားအိမ်ကင်ဆာများဖြစ်နိုင်ခြေကိုလျော့နည်းစေသည်။
အထိုင်များခြင်းကိုလျှော့လိုက်ရုံဖြင့်လည်း ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်းစေရန် ကူညီပေးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် အလုပ်လုပ်နေစဉ် သို့မဟုတ် တီဗွီကြည့်နေစဉ်တွင်ထိုင်ရာမှမှန်မှန်ထပြီး လှုပ်ရှားမှုပြုလုပ်ရန် အကြံပြုထားသည်။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်းကစိတ်ဖိစီးမှုကိုလျော့ကျစေပြီး စွမ်းအင်ပိုပေးနိုင်သည်။
လေ့ကျင့်ခန်းလမ်းညွှန်ချက်
လေ့ကျင့်ခန်းလမ်းညွှန်ချက်များသည်လူတိုင်းနှင့်အဆင်ပြေစေရန်ခက်ခဲပါသည်။လူတိုင်းကလေ့ကျင့်ခန်းဘယ်လောက်လုပ်နိုင်သည်ဆိုသည်မှာတစ်ဦးနှင့်တစ်ဦးမတူညီသည့်အပြင်နှစ်သက်သောကိုယ်လက်လှုပ်ရှားမှု၊ကင်ဆာအမျိုးအစားနှင့် ကုသနည်းများစွာရှိသောကြောင့် ယေဘုယျအားဖြင့်ကင်ဆာဖြစ်နေပါက လေ့ကျင့်ခန်းမစတင်မီ ဆရာဝန်နှင့် စစ်ဆေးသင့်သည်။ ကြံ့ခိုင်မှု၊ ရောဂါရှာဖွေကုသမှု နှင့် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။
နိုင်ငံတကာလမ်းညွှန်ချက်များအရကင်ဆာဆေးသွင်းနေစဉ်နှင့်ကုသပြီးနောက်တွင် တက်ကြွစွာလှုပ်ရှားခြင်းသည် ဘေးကင်းသည်ဟုဆိုသဖြင့်ကင်ဆာဝေဒနာရှင်များသည်တက်ကြွစွာနေထိုင်ပြီး ပုံမှန်လှုပ်ရှားမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လုပ်နိုင်အောင်ကြိုးစားသင့်ပါသည်။ဗြိတိန် အစိုးရနှင့် ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့တို့သည် ကင်ဆာနှင့်တခြားရောဂါများကိုကာကွယ်ရန်အရွယ်ရောက်ပြီးသူတိုင်းသည်တစ်ပတ်လျှင်အလယ်အလတ်ပြင်းထန်လေ့ကျင့်ခန်း မိနစ် ၁၅၀( ဥပမာအားဖြင့် တစ်ပတ်လျှင် ငါးကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၃၀) သို့မဟုတ် တစ်ပတ်လျှင် ၇၅ မိနစ် ပြင်းပြင်းထန်ထန်လှုပ်ရှားမှု အနည်းဆုံးတစ်ခုကို ကြိုးစားလုပ်ဆောင်ရန်၊ ခွန်အားတိုးမြင့်လေ့ကျင့်ခန်းများ (ဥပမာအားဖြင့် အလေးမခြင်း သို့မဟုတ် ယောဂပြုလုပ်ခြင်း) ကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် အကြံပြုချက်များရှိသည်။ အရွယ်ရောက်ပြီးသူတိုင်းသည် မိမိနှင့်သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်ကြောင်း သတိပြုသင့်ပါသည်။
တက်ကြွလှုပ်ရှားသောအလေ့အကျင့်ကိုစတင်ခြင်း
နေ့စဉ်လုပ်ရိုးလုပ်စဉ်အပြုအမူများတွင် သေးငယ်သောပြောင်းလဲမှုအနည်းငယ်ပြုလုပ်ခြင်းဖြင့်တက်ကြွစွာနေထိုင်သောအလေ့အကျင့်ကို စတင်နိုင်ပါသည်။ ဥပမာအားဖြင့် နေအိမ်ဝင်းထဲလမ်းလျှောက်ခြင်း သို့မဟုတ် ဘတ်စကားမှတ်တိုင်မှအိမ်သို့ လမ်းလျှောက်ခြင်းတို့ဖြင့် စတင်နိုင်သည်။ အိမ်တွင်၊ အလုပ်တွင် သို့မဟုတ် ခရီးသွားသည့်အခါတွင် အလေ့အကျင့်အသစ်များဖန်တီးခြင်းက ပိုမိုတက်ကြွနေစေနိုင်ပါသည်။ နှစ်အတော်ကြာကိုယ်လက်လှုပ်ရှားမှုမလုပ်သူများအတွက် တဖြည်းဖြည်းချင်း လေ့ကျင့်ရန်လိုအပ်ပါလိမ့်မည်။ မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို စတင်နိုင်သည်။ တက်ကြွလှုပ်ရှားခြင်းသည် စိတ်နှင့်ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ နေ့စဉ် ၁၀ မိနစ်မှ ၁၅ မိနစ် ကိုယ်လက်လှုပ်ရှားမှုဖြင့် စတင်ပါ။
အထူးဂရုစိုက်ရှောင်ကြဉ်ရန်လိုအပ်သော ကိုယ်လက်လှုပ်ရှားမှုများ
တချို့သော ကင်ဆာအမျိုးအစားများ သို့မဟုတ် ကုသမှုခံယူနေသူများသည် လေ့ကျင့်ခန်းအမျိုးအစားတချို့ကိုရှောင်ကြဉ်ရန် လိုအပ်ပါသည်။ အရိုးများကို ထိခိုက်စေသော ကင်ဆာရှိပါက ပြင်းထန်သောလေ့ကျင့်ခန်းများကြောင့်အရိုးကျိုးနိုင်ခြေပိုများနိုင်သည်။ ထိခိုက်မိသောအရိုးများပေါ်တွင် အလွန်အမင်း ဖိအားပေးခြင်းကို ရှောင်ကြဉ်ရမည်။ ရေကူးခြင်း သို့မဟုတ် ရေထဲတွင် လေ့ကျင့်ခန်းလုပ်ပါ။ ရေသည် ခန္ဓာကိုယ်အလေးချိန်ကို ထောက်ပံ့ပေးသောကြောင့်အရိုးစုကို ဖိစီးမှုမရှိပါ။ ယောဂကဲ့သို့သော လေ့ကျင့်ခန်းများသည် ယေဘုယျအားဖြင့် လူတိုင်းအတွက်ဘေးကင်းပါသည်။ ကုသမှုကြောင့် ကိုယ်ခံအားနည်းသူများသည် အားကစားခန်းမတွင် တခြားသူများနှင့်လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
တချို့လူများတွင်ကင်ဆာကုသမှုကြောင့်လက်နှင့်ခြေတွင်အာရုံခံစားချက်များဆုံးရှုံးသွားသောကြောင့်အထိုင်စက်ဘီးစီးခြင်းကတခြားလေ့ကျင့်ခန်းများလုပ်ခြင်းထက်ပိုကောင်းပါသည်။ထို့ပြင်လေ့ကျင့်ခန်းအသစ်မစတင်မီနှင့်တချို့သောခွဲစိတ်မှုမျိုးများပြုလုပ်ပြီးနောက်လုပ်ဆောင်နိုင်သည့်လေ့ကျင့်ခန်းအမျိုးအစားများနှင့်ပတ် သက် ၍ အကြံဉာဏ်ရယူရန်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။
နိဂုံးချုပ်ရသော်သိပ္ပံနည်းကျသုတေသနရလဒ်များအရစုစုပေါင်းကိုယ်လက်လှုပ်ရှားမှုနှင့်ခြေလှမ်းအရေအတွက်များများလျှောက်ခြင်းသည်ကျန်းမာသန်စွမ်းပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သည့်အပြင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့်သေဆုံးမှုနှုန်းကိုလျော့နည်းစေနိုင်သောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ရန် တိုက်တွန်းလိုခြင်းဖြစ်ပါသည်။
MWD Web Portal
Photo - The Conversation