တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ဆက်လက် ဆင်နွှဲမည်ဆိုပါက နောက်ပြန်ဆုတ်တော့မည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။

“ကုန်သွယ်ရေးစစ်ပွဲအတွက် တရုတ်၏တုံ့ပြန်မှုမှာ ရှင်းလင်းပြတ်သားပြီး ခိုင်မာပါသည်၊ မိမိတို့ကို လာစိန်ခေါ်လျှင် မိမိတို့က အဆုံးတိုင် တိုက်ပွဲဝင်သွားပါမည်၊ ဆွေးနွေးလိုပါက လေးစားမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံရပါမည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်ယိက ဆက်လက် ပြောကြားထားပါသည်။
တရုတ်သည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို သာမက ကမ္ဘာ၏ အနာဂတ် တောက်ပမှုအတွက်ပါ ကာကွယ်နေခြင်းဖြစ်ပါကြောင်း၊ အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းကို အကောက်ခွန်တိုးမြင့်နေခြင်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၌ အားကောင်းသူက အားနည်းသူကို အနိုင်ကျင့်နေသော အရိုင်းအစိုင်းခေတ်ကာလကို ပြန်သွားရန် လုပ်ဆောင်နေခြင်းလား ဆိုသည်ကို ဝိုင်းဝန်းဆုံးဖြတ်ကြရန် လိုအပ်ကြောင်း ဝမ်ယိက ဖြည့်စွက် ပြောကြားထားပါသည်။
ကိုးကား- TASS
Photo: Moneycontrol
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

BRICS နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဧပြီ ၂၉ ရက်တွင် ရီယို ဒီဂျနေးရိုးမြို့တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ကြေညာချက်ထုတ်ပြန် လိုက်ကြပါသည်။

ထိုကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများ ဆောင်ရွက်ရာတွင် မိမိတို့၏ ပြည်တွင်းငွေကြေးများကိုသာ ပိုမိုအသုံးပြုနိုင်ရေးအားပေးရန်၊ ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ ပါဝင်နိုင်မှုနှင့် ကိုယ်စားပြုနိုင်မှုကို မြှင့်တင်ပေးနိုင်သည့် ကမ္ဘာ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအဖြစ် ပြုပြင်ရန် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ငွေကြေးအရင်းအနှီးနှင့်အရင်းအမြစ်များ လွယ်ကူစွာ ရရှိစေရေး အာမခံရန်၊ G20 အုပ်စုကို ဖွံ့ဖြိုးပြီး/ဖွံ့ဖြိုးဆဲ နိုင်ငံများပူးပေါင်းသည့် အဓိက စီးပွားရေးဖိုရမ်အဖြစ် အသိအမှတ်ပြုကြရန်၊ သတ္တုတူးဖော်ရေးနယ်ပယ်တွင် နည်းပညာလွှဲပြောင်းခြင်း၊ ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ ဖော်ပြပါရှိပါသည်။
အချုပ်ဆိုလျှင် BRICS နိုင်ငံများသည် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။
ကိုးကား- TASS
Photo: Weekly-Echo
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်မီဒီယာများ၏ အတည်မပြုရသေးသော သတင်းနှင့်စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လီဗစ်ထ်က ဧပြီ ၂၉ ရက်တွင် အစောဆုံး သဘောထား ထုတ်ပြန်ပြောကြားခဲ့ရာ အဆိုပါသတင်းတွင် အမေရိကန်၏ အွန်လိုင်း လက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီ အမေဇုံ (Amazon) က ကုန်ပစ္စည်းအရောင်း ဈေးနှုန်းတွင် ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်စရိတ်အား ဖော်ပြရန် စီစဉ်ထားသောလုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအသွင်ဖော်ဆောင်သည့် လုပ်ရပ်” ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

အမေဇုံသည် စားသုံးသူများထံ ကုန်ပစ္စည်းတိုင်း၏ဈေးနှုန်းတွင် စည်းကြပ်ခွန်ကြောင့် ထပ်တိုးလာသောစရိတ်ကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ထိုငွေပမာဏကို ကုန်ပစ္စည်း၏ စုစုပေါင်းဈေးနှုန်းနှင့်အတူ ဖော်ပြမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက် အစောပိုင်းက Punchbowl News သတင်းဝက်ဘ်ဆိုက်တွင် သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
အမေဇုံ စီစဉ်ထားသည့် လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအသွင်ဖော် ဆောင်သည့်လုပ်ရပ်” တစ်မျိုးဖြစ်ကြောင်း ထိုနေ့က အိမ်ဖြူတော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကာရိုလိုင်း လီဗစ်ထ်က တုံ့ပြန်ဖြေကြားခဲ့သည်။ ဘိုင်ဒင်အစိုးရက ငွေကြေးဖောင်းပွမှုကို နှစ် ၄၀ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်စဉ်တွင် “အမေဇုံ က ဘာလို့ ဒီလိုမလုပ်တာလဲ” ဟု ၎င်းက တန်ပြန်မေးခွန်းထုတ်ခဲ့သည်။ ယင်းသည် “အမေရိကန်သားများက အမေရိကန်ထုတ် ကုန်ပစ္စည်းများကို ဝယ်ယူသင့်သည့် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါသည်” ဟု လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အိမ်ဖြူတော်က ထိုသို့ ပြောကြားပြီးနောက် အမေဇုံ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အမေရိကန် CNBC ချန်နယ် တွင် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းက အဆိုပါကုမ္ပဏီသည် အချို့သော ကုန်ပစ္စည်းများတွင်သာ စည်းကြပ်ခွန်ကုန်ကျစရိတ် ဖော်ပြရန် စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အလွန်တန်ဖိုးနည်း ဈေးဝယ်မှု အပိုင်း Amazon Haul တွင်သာဖြစ်ကာ အမေဇုံပလက်ဖောင်းတစ်ခုလုံးတွင် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်အစီအမံများကြောင့် ၎င်းပြည်တွင်း စီးပွားရေး လှုပ်ရှားမှုအပေါ် ထိုးနှက်မှုသည် တစ်ဆင့်ချင်းပေါ်လွင်လာနေကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရအပေါ် ပိုမိုကြီးမားသည့် ဖိအားများ သယ်ဆောင်လာကြောင်း အချို့သောမီဒီယာများက သတင်းဖော်ပြထားသည်။
သမ္မတ ထရမ့်နှင့် အိမ်ဖြူတော် အရာရှိများက စည်းကြပ်ခွန်စရိတ်ကို ကုန်သွယ်ရေးမိတ်ဖက်များက တာဝန်ခံရမည်ဟု အခိုင်အမာ ပြောကြားနေသော်လည်း အဆိုပါပြောဆိုချက်သည် စီးပွားရေးပညာရှင်နှင့် စီးပွားရေးလောက ပုဂ္ဂိုလ်များ၏ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခြင်းခံနေရသည်။
ကိုးကား- Xinhua
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကမ္ဘာ့ထိပ်တန်း အားကစားဝတ်စုံထုတ်လုပ်ရေး ကုမ္ပဏီကြီး Adidas သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဈေးကွက်ခန့်မှန်းချက်နှင့် အစီအစဉ်များ ရေးဆွဲရန် ယခုအချိန်တွင် ရွှေ့ဆိုင်းထားကြောင်း အင်္ဂါနေ့ (ဧပြီ ၂၉) က ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဓိကအကြောင်းရင်းမှာ အမေရိကန် ပြည်ထောင်စု၏ ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ မရေရာမှုများ ရှိနေသဖြင့် ဖြစ်ပါသည်။

“ပုံမှန်အားဖြင့် မိမိတို့၏ ပထမလေးလပတ် ကောင်းမွန်သော ရလဒ်များအရ ဝင်ငွေနှင့် အမြတ်ငွေခန့်မှန်းချက်များ ခန့်မှန်းတွက်ချက်နိုင်ခဲ့မည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အကောက်ခွန်ဆိုင်ရာ မရေရာမှုများက ထိုသို့ပြုလုပ်ရန် အခက်အခဲဖြစ်စေသည်” ဟု Adidas ၏ အမှုဆောင် အရာရှိချုပ် Bjørn Gulden က ရှင်းပြခဲ့ပါသည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အမေရိကန်၏ အကောက်ခွန် မြှင့်တင်မှုများကြောင့် Adidas ထုတ်ကုန်များ၏ ဈေးနှုန်းများကို တက်လာစေမည်ဟု ခန့်မှန်းထားသော်လည်း ယခုအချိန်တွင် မည်မျှဈေးတက်မည်၊ အမေရိကန် ၏ ဝယ်လိုအားအပေါ် မည်သို့သက်ရောက်မည်ကို တိကျစွာ ခန့်မှန်း၍ မရသေးကြောင်း ဖော်ပြထားသည်။
Gulden က Adidas သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်ပို့မှုကို အနည်းဆုံးအဆင့်သို့ လျှော့ချထားပြီ ဖြစ်သော်လည်း အမေရိကန်၏ မြင့်မားသော အကောက်ခွန် နှုန်းထားများကြောင့် အနည်းငယ်ထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
“အမေရိကန်နှင့် အခြားကုန်တင်ပို့သည့် နိုင်ငံများအကြား ဆက်လက် ဖြစ်ပေါ်နေသော ညှိနှိုင်းမှုများနှင့်ပတ်သက်၍ မရေရာမှုများရှိနေသဖြင့် နောက်ဆုံးအကောက်ခွန်နှုန်းထားများ မည်သို့ဖြစ်မည်ကို မိမိတို့ အတိအကျ မသိရသေးပါ။ ထို့ကြောင့် မိမိတို့၏ နောက်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်၍မရနိုင်သေးပါ” ဟု Gulden က ထပ်လောင်းရှင်းပြခဲ့သည်။
Adidas ၏ အဆိုပါဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တွင် မရေရာမှုများ တိုးပွားလာနေသည့် အခြေအနေကို ထင်ဟပ်စေပြီး အခြားသော နိုင်ငံတကာကုမ္ပဏီများအတွက်လည်း သတိပေးချက် တစ်ရပ်အဖြစ် ရှိနေပါသည်။
ကိုးကား- Reuters
Photo: Yahoo Finance
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

ဂျပန်နိုင်ငံဝန်ကြီးချုပ် Ishiba သည် ဗီယက်နမ်နိုင်ငံ၊ Hanoi မြို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် ကုန်စည်များလွတ်လပ်စွာ ကုန်သွယ်နိုင်မှုအပေါ် စည်းမျဉ်းများထုတ်ပြန်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဖော်ပြပါ နှစ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အကောက်ခွန် တိုးမြှင့်ကောက်ခံမှုများမှ ကင်းလွင့်ခွင့်ရရှိရန် အမေရိကန်နိုင်ငံနှင့် ဆွေးနွေး ပြောဆိုလျက်ရှိပါသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် Ishiba ၏ ဗီယက်နမ်နိုင်ငံသို့ ပထမအကြိမ် သွားရောက်လည်ပတ်ခြင်းနှင့် ဖိလစ်ပိုင်သို့ ဆက်လက် လည်ပတ်ခဲ့ခြင်းသည် အမေရိကန်၏ အကောက်ခွန်နှုန်းများကြောင့် စီးပွားရေးမသေချာမရေရာမှုများအကြား အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည့် အရှေ့အာရှနိုင်ငံတွင် ကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ခဲ့ပါသည်။
ကမ္ဘာ့စီးပွားရေးအခြေအနေတည်ငြိမ်မှုမရှိခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုကြီးမားကြောင်း ဂျပန်ဝန်ကြီးချုပ် က ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး နောက်သတင်းထောက်များထံ ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်အပတ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်တန်းတောင်ကိုရီးယားဝန်ကြီးများ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်လည်း ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား သုံးနိုင်ငံ မျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့မှုများ ရှိပါသည်။
ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့မှုတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (၂) စောင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကုန်သွယ်မှုများမှာ များသောအားဖြင့် စွမ်းအင်ကဏ္ဍသုံးပစ္စည်းများနှင့် လျှပ်ကူးပစ္စည်းများ ကုန်သွယ်မှု ဖြစ်ပါသည်။

ကိုးကား-The Straits Times

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးလာနိုင်ခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှု အနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှု လုပ်ငန်း များကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့် ကျင့်ထုံးများ မြင့်တက် လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် အကွဲအပြဲများကို သိသ
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးလာနိုင်ခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှု အနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှု လုပ်ငန်း များကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့် ကျင့်ထုံးများ မြင့်တက် လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် အကွဲအပြဲများကို သိသိသာသာ ဖြစ်ပေါ် စေခဲ့ကြောင်း သိရသည်။ ထို့ပြင် အရေးပေါ် ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည် ပြုလုပ်ရန် IMF အဖွဲ့ မန်နေးဂျင်းဒါရိုက်တာ Kristalina Georgieva က တောင်းဆိုခဲ့ ကြောင်းလည်း သိရသည်။ Kristalina Georgieva က “ငွေကြေး မတည် ငြိမ်မှုများက သိသိသာသာမြင့်တက်နေပြီး ကုန်သွယ်ရေးမူဝါဒများကလည်း အပြောင်းအလဲ ဖြစ်နေပါကြောင်း၊ အမေရိကန်၏ ထိရောက်သည့် အခွန် စည်းကြပ်မှုနှုန်းများသည် ယခင်က နောက်ဆုံး မြင်တွေ့ရခဲ့သည့်အကြိမ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ပါကြောင်း” ပြောခဲ့သည်။ ထို့ပြင် အမေရိကန်အစိုးရ၏ သွင်းကုန်အားလုံးအပေါ် အကောက်ခွန် (၁၀) ရာခိုင်နှုန်းနှင့် တရုတ်ကုန်ပစ္စည်းများအပေါ် မြင့်မားသော နှုန်းထားများ အပါအဝင် ဒေါ်နယ်ထရမ့်အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများ မြင့်တက်လာခြင်းကြောင့် အချို့သောကုန်ပစ္စည်းများသည် အမြင့်ဆုံး ၁၄၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုများနှင့်ရင်ဆိုင်နေရကြောင်း Kristalina Georgieva က ပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်များကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အမေရိကန်၏သွင်းကုန် အားလုံးအပေါ် အခွန်ကောက်ခံမှုကို ၈၄ ရာခိုင်နှုန်းမှ ၁၂၅ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး လက်ရှိအချိန်အထိ အသိသာအထင်ရှားဆုံး လက်တုံ့ပြန်မှု တစ်ခု ဖြစ်ခဲ့ကြောင်း Kristalina Georgieva က ပြောခဲ့သည်။
ကိုးကား-NP News

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အဓိကစီးပွားရေးဒေသများအတွင်း၌ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ရန် ဝန်ကြီးချုပ် ဖန်မင်းချင်က တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဧပြီလ ၂၆ ရက်တွင် ဖော်ပြသည်။

လွတ်လပ်စွာကုန်သွယ်ရေးဇုန်များနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိပ်ကမ်းများ တည်ဆောက်ခြင်းသည် ကုန်ပစ္စည်းများကို ဖြန့်ချိရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ရပ်တည်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖန်မင်းချင်က ဆက်လက်ပြောကြားသည်။
ဗီယက်နမ်နိုင်ငံသည် လက်ရှိဒစ်ဂျစ်တယ်ခေတ်တွင် ဒေသတွင်းကုန်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အဓိကကျသည့် ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။
အစိုးရသည် နိုင်ငံအတွင်းရှိ တောင်ပိုင်း ဒွန်နိုင်ပြည်နယ်၊ အလယ်ပိုင်း ဒါနန်းမြို့နှင့် မြောက်ပိုင်းဗင်ဖူပြည်နယ်ရှိ ဒေသအများအပြား၌ လွတ်လပ်စွာကုန်သွယ်ရေးဇုန်များတည်ထောင်ရန် အဆိုပြုထားကြောင်းသိရသည်။
Ref: Xinhua
Source: https://myawady.net.mm/

အမေရိကန်သည် ကုန်သွယ်ရေးညှိနှိုင်းမှုများအတွက် မူဘောင်သစ်တစ်ရပ်ကို ရေးဆွဲနေပြီး ထိုမူဘောင်တွင် ကနေဒါ၊ တရုတ်၊ မက္ကဆီနိုင်ငံတို့သည် ပါဝင်နိုင်ခြေနည်းပါးနိုင်ကြောင်း သတင်းအရင်းမြစ်များကို ကိုးကား၍ The Wall Street Journal (WSJ) က ပြောကြားထားပါသည်။
အမေရိကန်အရာရှိများသည် သမ္မတ ဒေါ်နယ်ထရမ့်၏ “တန်ပြန် အကောက်ခွန်” မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းမှုများကို ပိုမိုထိရောက်စေရန် ရည်ရွယ်ကာ ဘုံအခြေခံသဘောတူညီချက်များပါဝင်သည့် စံနမူနာသစ် ကို အသုံးပြု၍ အဆင့်ဆင့်ညှိနှိုင်းသွားရန် စီစဉ်နေကြောင်း WSJ က ဖော်ပြသည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) မှ ပြင်ဆင်ထားသော မူဘောင်တွင် အကောက်ခွန်နှင့် ကုန်သွယ်မှုကန့်သတ်ချက်များ၊ အမေရိကန် ကုန်ပစ္စည်းများအပေါ် စည်းမျဉ်းကန့်သတ်ချက်ကဲ့သို့သော အကောက်ခွန် မဟုတ်သည့် ကုန်သွယ်ရေးအဟန့်အတားများ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး၊ ကုန်ပစ္စည်းများ၏ မူလထုတ်လုပ်ရာနိုင်ငံစည်းမျဉ်း (Rules of Origin) ၊ စီးပွားရေးလုံခြုံရေးနှင့် အခြားစီးပွားရေးဆိုင်ရာကိစ္စရပ်များ ပါဝင်သည် ဟု မူဘောင်မူကြမ်းနှင့် ရင်းနှီးသူများထံမှ သိရသည်။
ထရမ့်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်မတိုင်မီတွင် အဓိက ကုန်သွယ်ဖက်နိုင်ငံ ၁၈ နိုင်ငံနှင့် တန်ပြန်အကောက်ခွန် သဘောတူညီချက်များ ရရှိရန် မျှော်မှန်းထားပါသည်။
ကိုးကား- TASS
Photo: Investing.com

၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် အကောက်ခွန်များမှ အခွန်ဝင်ငွေများတိုးလာမှုကြောင့် ဘဏ္ဍာရေးလိုငွေပြမှု အနည်းငယ်ကျဆင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစီရင်ခံစာမှ ခန့်မှန်းချက်အရ သိရပါသည်။ သို့ရာတွင် အခွန်တိုးမြှင့်ကောက်ခံမှုကြောင့်ကုန်သွယ်ရေးစစ်ပွဲ ပိုမိုပြင်းထန်လာသဖြင့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ ပိုမိုဆိုးရွားလာမည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ၂၀၂၄ ခုနှစ်တွင် GDP ၏ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင်မူ ၆.၅ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု မျှော်မှန်းထားပါသည်။ ထို့နောက် ၅.၆ ရာခိုင်နှုန်းတိုင်အောင် ဆက်လက်ကျဆင်းမည်ဟု ဖော်ပြထားပါသည်။ ထိုသို့ လိုငွေပြမှုကျဆင်းရသည့်အကြောင်းအရင်းမှာ ဒေါ်နယ်ထရမ့်၏ အကောက်ခွန် တိုးမြှင့်မှုကြောင့် အခွန်ဝင်ငွေတိုးတက်လာခြင်း ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် အမေရိကန်စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုကို သက်ရောက်စေမည်ဖြစ်သောကြောင့် ဈေးနှုန်းတက်လာပြီး ကုန်ထုတ်လုပ်မှုများလည်း နှေးကွေးလာနိုင်ကြောင်း ဆိုထားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဧပြီ ၂ ရက်က နိုင်ငံပေါင်း ၁၈၅ နိုင်ငံအပေါ် အကျိုးသက်ရောက်မည့်အကောက်ခွန်နှုန်းထားသစ်ကိုကြေညာခဲ့သည်။
အကောက်ခွန်များသည် အစိုးရဘဏ္ဍာရေးကို ယာယီ ထောက်ပံ့ပေးနိုင်သော်လည်း ကုန်သွယ်ရေးစစ်ပွဲများကြောင့် ရေရှည်တွင် အကျိုးဆက်များက စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်လာပါသည်။
ကိုးကား- CNBC

အမေရိကန်ပြည်ထောင်စု၏ ကယ်လီဖိုးနီးယားပြည်နယ်သည် ဂျပန်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးအဖြစ် ရပ်တည်လာခဲ့သည်။ လတ်တလောစီးပွားရေးဆိုင်ရာ စာရင်းဇယားများအရ၊ ကယ်လီ ဖိုးနီးယား၏ နှစ်စဉ်ထုတ်ကုန် (GDP) သည် ဂျပန်ထက် ကျော်လွန်သွားခဲ့ပြီး ယခုအခါတွင် အမေရိကန်၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့၏ နောက်တွင် ရပ်တည်လျက်ရှိနေသည်။

ကယ်လီဖိုးနီးယား၏ GDP သည် ၃.၇ ထရီလီယံ (၂၀၂၃ ခုနှစ်ခန့်မှန်း) အထိရောက်ရှိခဲ့ပြီး၊ ဂျပန်၏ GDP (၄.၂ ထရီလီယံ၊ ၂၀၂၃) ထက် နည်းနေသော်လည်း၊ ဂျပန်ယန်း၏ အားနည်းမှုနှင့် ကယ်လီဖိုးနီးယား၏ နည်းပညာတိုးတက်မှုများကြောင့် ဒေါ်လာအခြေပြုတွက်ချက်မှုတွင် ကျော်တက် သွားခြင်းဖြစ်သည်။
ကယ်လီဖိုးနီးယားသည် ဆီလီကွန်ဗယ်လီ (Silicon Valley)၊ Hollywood နှင့် စိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့သော ကမ္ဘာကျော်စီးပွားရေး အချက်အခြာများပါဝင်ပြီး၊ နည်းပညာကုမ္ပဏီကြီးများ (Google, Apple, Meta)၏ ဌာနချုပ်များ တည်ရှိရာဖြစ်သည်။
ဂျပန်နိုင်ငံသည် နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ အိုမင်းနေသည့် လူဦးရေ များပြားနေမှုနှင့် ယန်းငွေကြေး၏ အားနည်းမှုတို့ကို ရင်ဆိုင်နေရသည်။
ကယ်လီဖိုးနီးယား၏ အဆိုပါစီးပွားရေး အောင်မြင်မှုသည် နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍကို ထင်ဟပ်စေသည်။ အကယ်၍ ကယ်လီဖိုးနီးယားကို နိုင်ငံတစ်ခုအဖြစ် သီးခြားသတ်မှတ်ပါက၊ ၎င်း၏ GDP သည် အိန္ဒိယနှင့် အင်္ဂလန်ထက် သာလွန်နေမည်ဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးပြန်လည်တက်ကြွရန် ဖွံ့ဖြိုးရေးမူဝါဒများ ချမှတ်ရန် လိုအပ်နေဆဲဖြစ်သည်။
“ကယ်လီဖိုးနီးယား၏ စီးပွားရေးအောင်မြင်မှုသည် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများအပေါ် အခြေခံထားပြီး၊ ဂျပန်ကဲ့သို့သော ရှေးရိုး စီးပွားရေးမော်ဒယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေသည်” ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
ကိုးကား-CNN