သတင်းများ

တရုတ်မှာ လီသီယံတန်ချိန်သန်း ၅၄၀ တွေ့ရှိမှုက EV ဘက်ထရီလောကကို လှုပ်ခတ်စေနိုင်

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) များအတွက် ဘက်ထရီဆိုတာကအသက်ပါပဲ။ EV ကားတစ်စီးရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်အတိုင်းအတာ အထိရှိတယ်ဆို တာကိုသတ်မှတ်ကြတဲ့အထဲမှာ EV မှာသုံးထားတဲ့ ဘက်ထရီရဲ့စွမ်းဆောင်ရည်ကို အဓိကထားကြည့်ကြတာပါ။

လက်ရှိမှာ အသုံးပြုနေတဲ့ ဘက်ထရီတွေက လီသီယံဘက်ထရီတွေဖြစ်ပြီး အဲဒီ လီသီယံဆိုတာကိုလည်း တရုတ်နိုင်ငံက အဓိကတင်ပို့နေတာဖြစ်ပါတယ်။ ပြောရ မယ်ဆိုရင် တရုတ်နိုင်ငံက လီသီယံတင်ပို့တဲ့ ဈေးကွက်ကို လွှမ်းမိုးထားတာပါ။

မကြာသေးခင်က တရုတ်နိုင်ငံ ဟူနန် ပြည်နယ်မှာ လီသီယံဒြပ်စင်တန်ချိန် သန်း၅၄၀ အထိရှိတဲ့ သတ္တုသိုက် တစ်ခုတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်လာပါတယ်။ အခုလိုမျိုးတွေ့ရှိမှုဟာ EV ဘက်ထရီ လောကကို လှုပ်ခတ်သွားစေနိုင်တာတော့ အမှန်ပါပဲ။

ဒီသတ္တုသိုက်ကိုတော့ ဟူနန်ပြည်နယ် သတ္တုသယံဇာတ တိုင်းတာရေးအဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ လီသီယံတွေကို ကုန်ကျစရိတ် နည်းနည်းနဲ့ထုတ်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

MWD Web Portal

၁၅ လအတွင်း EV အစီးရေသုံးသိန်းရောင်းလိုက်ရတဲ့ Xiaomi

Xiaomi ကုမ္ပဏီက လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) ဈေးကွက်ထဲကို အရှိန်အဟုန် နဲ့ဝင်လာတာပါ။ အခုဆိုရင် အချိန်အားဖြင့် ၁၅ လအတွင်းမှာကိုပဲ သူတို့ရဲ့ EV တွေကို အစီးရေသုံးသိန်းအထိ ရောင်းချပေးပြီးပြီ လို့ထုတ်ပြန်လာပါတယ်။

သူတို့ရဲ့ထုတ်ပြန်ချက်အရကြည့်မယ်ဆိုရင် Xiaomi က တစ်ရက်ကို EV ကားအစီးရေ ၆၄၇ စီးအထိကို ရောင်းထွက်နေတယ်လို့ဆိုရမှာပါ။ ဒါ့အပြင် တစ်နာရီကို  ၂၇ စီးနှုန်းနဲ့ရောင်းထွက်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီက သူတို့ရဲ့ပထမဆုံး သော EV ဖြစ်တဲ့ SU7 ကားကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်မှာစတင်ရောင်းချခဲ့တာ ဖြစ်ပြီး ခုနစ်လအတွင်း၊ လေးလအတွင်းနဲ့ သုံးလခွဲအတွင်း အစီးရေတစ်သိန်းစီရောင်း ထွက်ခဲ့တာဖြစ်ပါတယ်။    

Air India မှ ခရီးသည်တင်လေယာဉ်ပျက်ကျရမှုက အင်ဂျင်သို့ လောင်စာဆီပေးပိုက်လိုင်း ထိန်းချုပ်ခလုတ်များ ပိတ်ခြင်းကြောင့်ဖြစ်

Air India လေကြောင်းလိုင်းမှ မကြာသေးမီက ပျက်ကျသွားသော ခရီးသည်တင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းသည် အင်ဂျင်များသို့ လောင်စာဆီပေး ပိုက်လိုင်းများကို ထိန်းချုပ်သည့်ခလုတ်များ ပိတ်သွားရခြင်းကြောင့်ဖြစ်ကြောင်း  အိန္ဒိယနိုင်ငံလေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ဗျူရိုက ဇူလိုင်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်သည် ပြေးလမ်းမှပျံတက်ပြီးမကြာမီ လေယာဉ်အင်ဂျင်နှစ်လုံးဆီသို့ လောင်စာဆီပေးပိုက်လိုင်းများကို ထိန်းချုပ်သည့်ခလုတ်များမှာ ပိတ်သွားကြောင်း၊ လေယာဉ်မှူးတစ်ဦးက အခြားလေယာဉ်မှူးတစ်ဦးကို မည်သည့်အတွက်ကြောင့် ထိုခလုတ်များကို ပိတ်လိုက်ကြောင်းမေးရာ အမေးခံရသူလေယာဉ်မှူးက ၎င်းအနေဖြင့် ခလုတ်များကိုမပိတ်ကြောင်း ပြန်ဖြေသည်ဟု လေယာဉ်မှူးအခန်း အသံဖမ်းကိရိယာက ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့နောက် လေယာဉ်မှူးများက ယင်းခလုတ်များကိုပြန်ဖွင့်ခဲ့ရာ အင်ဂျင်အမှတ် ၁ က ပြန်လည်ပတ်သော်လည်း အင်ဂျင်အမှတ် ၂ မှာပြန်မလည်လာတော့ကြောင်း၊ ယခုတွေ့ရှိချက်များသည် အနာဂတ်တွင် လုပ်ဆောင်မည့် စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်သော အဓိကအချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဇွန်လ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ အမီဒါဘတ်မြို့မှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ပျံသန်းသည့် Boeing 787-8 လေယာဉ် သည် ပြေးလမ်းမှ ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျသွားခြင်းကြောင့်    လေယာဉ် ပေါ်လိုက်ပါလာသူ ၂၄၁ ဦးနှင့် မြေပြင်တွင် ရှိသူ ၁၉ ဦးတို့ သေဆုံးကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင် ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည်အတွင်း ငါးသယံဇာတများတိုးပွားစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရေဆင်းဆည်အတွင်းသို့ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက ငါးမျိုးများကို ရေဆင်းဆည်အတွင်းစိုက်ထည့်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ ငါးမျိုးစိုက်ထည့်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယနေ့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားတွင် ၂ လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ ၅,၀၀၀ ၊ ငါးမြစ်ချင်းကောင်ရေ ၄၅,၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၅၀,၀၀၀၊ စုစုပေါင်း ငါးမျိုးကောင်ရေ ၁၀၀,၀၀၀ ကို စိုက်ထည့်ပေးနိုင်ခဲ့ပြီး ရေဆင်းဆည်အတွင်းသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ၁၀ ကြိမ်နှင့် ယခုအကြိမ်အပါအဝင် ၁၁ ကြိမ်တွင် စုစုပေါင်း ငါးမျိုးကောင်ရေ ၈၈၅,၇၀၀ ကောင်ကို ငါးမျိုးများစိုက်ထည့်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

MOI

ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည်၊ ဇူလိုင်-၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ ဝက်သား(၂၀)ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅) ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာနှင့် ဟင်းသီးဟင်းရွက်များအား အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

အဖြူရောင် တိုယိုတာ ကိုရိုလာကားများတွင် နေရောင်ခြည်ကြောင့် ဆေးကွာကျမှုများဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီ တရားစွဲဆိုခံရ

ကိုရိုလာကားပိုင်ရှင်များသည် တိုယိုတာကုမ္ပဏီကို အဖြူရောင်ကားများ ၏ဆေးများ နေရောင်ခြည်ကြောင့်ကွာကျခြင်းကြောင့် ကုမ္ပဏီကို တရား စွဲခဲ့ပြီး တိုယိုတာက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ဩစတြေးလျ တိုယိုတာကိုရိုလာ ကားပိုင်ရှင်အချို့သည် ၎င်းတို့၏ ကားဆေးများ နေရောင်ခြည်နှင့်ထိတွေ့ပါက ပျက်စီးကာ ကွာကျမှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုကာ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီအား တရား စွဲဆို ထားသည်။ 

William Roberts ဥပဒေဌာနသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁၂ မှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ အတွင်း ထုတ်လုပ်ခဲ့သော ကိုရိုလာမော်ဒယ် များအား သက်ရောက်မှုရှိသည့် အဆိုပါတရားစွဲဆိုမှုကို ကားပိုင်ရှင်များ ဘက်မှ တင်သွင်းခဲ့သည်ဟု ဆိုသည်။ ထိုအဖြူရောင် ဆေးကုဒ်များတွင် Glacier Pure Super White, Glacier White, Super White နှင့် Super White II အစရှိသော အမည်မျိုးစုံပါဝင်သည်။

ထိုတရားစွဲဆိုမှုတွင် ကားများတွင် ဆေးကွာကျခြင်းသည် ဩစတြေးလျ စားသုံးသူဥပဒေ (Australian Consumer Law) ကို ချိုးဖောက်ရာ ရောက်သည်ဟု ဆိုထားသည်။ အထူးသဖြင့် လက်သင့်ခံနိုင်ဖွယ် အရည်အသွေး စံနှုန်းများနှင့် မကိုက်ညီခြင်း ပြဿနာကို တိုယိုတာမှ အများပြည်သူအား မဖော်ပြခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့အပြင် အဆိုပါချို့ယွင်းချက်ကြောင့် ကားပိုင်ရှင်များ ဆုံးရှုံးခဲ့ရသော ငွေကြေးနှင့် ကားပြန်လည်ရောင်းချမှုတန်ဖိုး ကျဆင်းမှုအတွက် လျော်ကြေးပေးရန်၊ ထို့အပြင် “မျှော်မှန်းနိုင်သည့် ဆုံးရှုံးမှု” နှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ အတွက်ပါ လျော်ကြေးတောင်းဆိုထားသည်။

တိုယိုတာ ဩစတြေးလျမှ အဆိုပါတရားစွဲဆိုမှုများကို ငြင်းဆိုထားပြီး ၎င်းတို့သည် စွပ်စွဲချက်များကို အတိအပ ခုခံကာကွယ်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ယင်းတရားစွဲမှုသည် မကြာသေးမီက စတင်ခဲ့သော်လည်း ပြဿနာ အသစ် တစ်ခုမဟုတ်ဘဲ ၂၀၂၂ ခုနှစ်တွင် တိုယိုတာ ဩစတြေးလျက နေရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်များသည် ကားကိုယ်ထည်ရှိ ဆေးအခြေခံ layer (primer) နှင့် သတ္ထုလွှာကြား စေးကပ်မှုအား အားနည်းစေကာ ဆေးကွာကျစေနိုင်ကြောင်း ဝန်ခံခဲ့ဖူးသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကျောက်ဆည်မြို့တွင် ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲပြုလုပ်

ကျောက်ဆည်၊ ဇူလိုင်-၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ နံနက်ပိုင်း က ရွှေသရဖီခန်းမတွင် စာရေးဆရာတင်စိုး (နီတိအတွေး) က ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စာရေးဆရာတင်စိုး(နီတိအတွေး)က နီတိ၏ အဓိကတန်ဖိုးသည် စိတ်ကောင်း စေတနာကောင်း နှင့် အဓိကကျင့်ဝတ်သည် အလိုက်သိခြင်းဖြစ်ကြောင်း၊ မိမိ၏ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးလိမ္မာကာ လူချစ်လူခင်ပေါများ ကျင်လည်ရာလူ့အဖွဲ့အစည်းအတွင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ အဆင်ပြေ ချောမွေ့စွာဖြင့် နေ့စဉ်လူ့ဘဝ ဖြတ်သန်းနိုင်စေရန်၊ စိတ်ပိုင်းဆိုင်ရာဖြစ်သော စွဲလန်းနေသည့် အလေ့အကျင့်အား အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲလာစေရန်၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာကာ အတွေးအခေါ်အယူအဆ မှန်ကန်လာစေရန်  နီတိအတွေး၊ နီတိအမြင်၊ နီတိအသိများ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျောက်ဆည်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ဆက်လက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဇွန်လအတွင်းက ပျက်ကျခဲ့သော အိန္ဒိယလေယာဉ်သည် လောင်စာဆီ ပြတ်လပ်မှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြ

ဇွန်လအတွင်းက အိန္ဒိယနိုင်ငံတွင် လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း ၂၆၀ ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်အပေါ် ကနဦးစုံစမ်းစစ်ဆေးမှု များအရ တွဲဖက်လေယာဉ်မှူးက လေယာဉ်၏ အင်ဂျင်လောင်စာဆီ တွန်းပို့မှုစနစ် ခလုတ်ကို "Off" အနေအထားသို့ ပြောင်းလိုက်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယ၏ လေယာဉ်မတော်တဆမှုစုံစမ်းရေးဗျူရို (AAIB) မှ ဇွန်လ အတွင်း က ခရီးသည် ၂၄၂ ဦးတင်ဆောင်ကာ ပျံသန်းမှုအစတွင် ပျက်ကျခဲ့သည့် အိန္ဒိယလေယာဉ် ဘိုးရင်း ၇၈၇ ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ ရာတွင် တွေ့ရှိခဲ့ရသည့် ကနဦးရလဒ်များကို ထုတ်ပြန်ခဲ့သည်။ ထိုရလဒ် များအရ လေယာဉ်၏ အင်ဂျင်နှစ်လုံးအတွက် လောင်စာဆီ ထိန်းချုပ်မှု ခလုတ်များကို "ဖွင့်" အနေအထားမှ "ပိတ်" အနေအထားသို့ တစ်စက္ကန့် ခြားပြီး ပြောင်းလိုက်ကြောင်း၊ ထို့နောက်တွင် လေယာဉ်အရှိန် လျော့ကျ သွားကာ ပျက်ကျခဲ့ကြောင်း ဖော်ပြထားသည်။

“လေယာဉ်ပိုင်းလော့ အခန်းအတွင်းမှ အသံဖမ်းစက်တွင် လေယာဉ်မှူး တစ်ဦးက အခြားတစ်ဦးအား “မည်သည့်အတွက်ကြောင့် လောင်စာဆီ စနစ်ကို ပိတ်လိုက်သနည်း' ဟု မေးမြန်းပြီး၊ နောက်လေယာဉ်မှူးက'ငါမပိတ်ဘူး' ဟု ပြန်ဖြေကြောင်း" အစီရင်ခံစာတွင် ဖော်ပြထားသော် လည်း ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုမူ မှတ်ချက်မပြုထားပေ။

ခလုတ်များ ပြန်လည်ဖွင့်ပြီးနောက် အင်ဂျင်များ ပြန်လည်အလုပ်လုပ် လာသော်လည်း လေယာဉ်မှူးတစ်ဦးက "မေဒေး" အရေးပေါ် အချက်ပြ သတင်းပို့ခဲ့သည်။ လေကြောင်းထိန်းသိမ်းရေးဌာနက အဖွဲ့ဝင်များအား အဖြစ်အပျက်အကြောင်း မေးမြန်းပြီးနောက် လေယာဉ်ပျက်ကျကြောင်း သတိပြုမိကာ အရေးပေါ်ဝန်ဆောင်မှုများအား ဆက်သွယ်ခဲ့သည်။

အိန္ဒိယ၏ လေယာဉ်မတော်တဆမှုစုံစမ်းရေးဗျူရို (AAIB) က အဆိုပါ ဖြစ်စဉ်သည် လေယာဉ် သို့မဟုတ် အင်ဂျင်နှင့်သက်ဆိုင်သော နည်းပညာ ဆိုင်ရာအမှားအယွင်းတစ်ခုကြောင့်မဟုတ်ဟုဆို ခြင်းကြောင့် ဘိုးရင်း (Boeing) နှင့် အင်ဂျင်ထုတ်လုပ်သူ ဂျင်နရယ်အဲလက်ထရစ် (General Electric) တို့ထံ မည်သည့်အကြံပြုချက်မျှ ထုတ်ပြန်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအား ထပ်မံရရှိသော အချက်အလက်များနှင့် သက်သေ အထောက်အထားများ ပေးစေရန် တောင်းဆိုထားသည်။

ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ် မှ ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်း အနီးရှိ ဆေးကျောင်းဝင်းအတွင်းရှိ အဆောင် များအပေါ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် လေယာဉ်ပေါ်ရှိ ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ ၁၉ ဦး စုစုပေါင်း ၂၆၀ ဦး အသက်ဆုံးရှုံးခဲ့ပြီး ဗြိတိသျှခရီးသည် ၁ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး မြေပြင်တွင် ဒါဇင် ချီ၍ ဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယလေကြောင်းလိုင်းက ၎င်းတို့၏ ဘိုးရင်း ၇၈၇ လေယာဉ်အား ပျံသန်းမှုမတိုင်မီ စစ်ဆေးမှု အပြည့်အစုံဆောင်ရွက်ခဲ့ပြီး ပျက်ကျမှု မတိုင်မီက မည်သည့်ပြဿနာမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် လေကြောင်းလိုင်းများတွင် ၂၀၁၁ ခုနှစ်မှ စတင်အသုံးပြု ပျံသန်းခဲ့သည့် အဆိုပါလေယာဉ်အမျိုးအစား၏ ပထမဆုံးသော လူ သေဆုံးမှုဖြစ်စဉ် ဖြစ်ခဲ့သည်။

ဆိုလာစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖြစ်လာတဲ့ ကမ္ဘာ့အကြီးဆုံး နံရံဆေးရေးပန်းချီ

ကနေဒါနိုင်ငံ အယ်ဘာတာမြို့မှာ Sun-Rise ဆိုတဲ့  လူနေ အဆောက်အအုံကြီး တစ်ခုရှိပါတယ်။ အဲဒီလူနေအဆောက်အအုံ ကြီးအတွက်  လိုအပ်တဲ့လျှပ်စစ်ဓာတ်အား ကို ဒီအဆောက်အအုံကနေပဲ ထုတ်လုပ်ပေးတာပါ။ နေရောင်ခြည်စွမ်းအင်ကိုသုံး ပြီးတော့ ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က သမားရိုးကျ ဆိုလာပြားတွေကို အသုံးပြုထားတာ မျိုးမဟုတ်ဘဲ   ဆိုလာပြားတွေကို နံရံဆေးရေးပန်းချီပုံစံ တပ်ဆင်ထားတာပါ။ သူ့ရဲ့အကျယ်အဝန်းက စတုရန်းပေ ၃၄၅၀၀ ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံး ဆိုလာပြားတပ်နံရံဆေးရေးပန်းချီဖြစ်လာပြီး ဂင်းနစ် စံချိန်လည်း ဝင်သွားပါတယ်။

အဲဒီဆိုလာပြားတွေကနေ ထုတ်လုပ်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားပမာဏက ၂၆၇ ကီလိုဝပ်ရှိတာကြောင့် အဆောက်အအုံရဲ့ ဘုံနေရာတွေကို လျှပ်စစ်စွမ်းအင် ပေးနိုင်တဲ့အထိ လုံလောက်ပါတယ်။ ဒါဟာ ခေတ်မီ ဆိုလာပြားတွေကို အနုပညာနဲ့ ပေါင်းစပ်လိုက်တဲ့အတွက် ဒီအဆောက် အအုံရဲ့ ယဉ်ကျေးမှုတန်ဖိုးကိုလည်း မြှင့်တင်ပြီးသား ဖြစ်သွားပါတယ်။

SunRise လူနေအဆောက်အအုံကြီးကို ၁၉၇၀ ပြည့်နှစ် အလွန်ကာလများတုန်းက တည်ဆောက်ခဲ့တာပါ။ အခုချိန်မှာတော့ ဟောင်းနွမ်းနေပြီလို့ ဆိုရမှာပေါ့။ ဒါပေမဲ့လည်း အဲဒီတိုက်ကြီးကို ဖြိုချလိုက်ရမယ့် အစား အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို တစ်ဖန်ပြန်လည် ဆွဲဆောင်နိုင်စေခဲ့တာ ဖြစ်ပါတယ်။       