သတင်းများ

Soft Power မြှင့်တင်ရေး စီမံချက်များ အားဖြည့်ဆောင်ရွက်မည်ဟု ပေထုန်တန် ပြောကြား

ထိုင်းနိုင်ငံသည် ၎င်း၏ ဆန်းသစ်တီထွင်မှုများပါဝင်သော ယဉ်ကျေးမှု များဖြင့် Soft Power အားကောင်းစေရန် ကြိုးပမ်းလျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီး ပေထုန်တန် ရှင်နာဝပ်ထရာက အင်္ဂါနေ့ (ဇူလိုင် ၈) တွင် ပြောကြားခဲ့သည်။

Queen Sirikit အမျိုးသားညီလာခံဗဟိုဌာန၌ ကျင်းပသည့် “ဒုတိယ အကြိမ်မြောက် SPLASH – Soft Power Forum 2025” အခမ်းအနား၏ အဖွင့်အမှာစကားတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်သူ ပေထုန်တန် က Soft Power ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှု ဆန်းသစ် တီထွင်မှု၏ အရေးပါမှုကို အလေးထား ဖော်ပြခဲ့သည်။

“ဆန်းသစ်တီထွင်မှုရှိသော ယဉ်ကျေးမှုဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနေသော Soft Power တစ်ရပ်ဖြစ်သည်။ လူအများသည် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရန် ယခင်ကကဲ့သို့သော ဆွဲဆောင်မှုများ ကို စိတ်ဝင်စားမှု မရှိတော့ပါ” ဟု ၎င်းက ဆိုသည်။

“Soft Power ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ဝယ်ယူခံစားရသော အတွေ့အကြုံနှင့် သက်ဆိုင်ပါသည်။ ကျွန်မတို့၏ ကိုယ်ပိုင်လက္ခဏာကို ရောင်ပြန်ဟပ်သည့် အရာတစ်ခုခုကို ဝယ်ယူခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံတွင် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ ရှိနေပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဒေသခံယဉ်ကျေးမှုသည် တန်ဖိုးရှိပါသည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအတွက် အရေးကြီးသော အရာတစ်ခုဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်တွင် မည်သည့်နည်းပညာကိုမဆို လူမှုကွန်ရက် အပလီ ကေးရှင်းများဖြင့် အသုံးပြုနိုင်ပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကပ်ရောဂါအလွန်ကာလတွင် ထိုင်းနိုင်ငံသည် ၎င်း၏ ပြည်တွင်း စီးပွားရေး အခြေခံအဆောက်အဦများကို အားဖြည့်လျက်ရှိကြောင်း သူမက ဆိုသည်။

ပေထုန်တန်က နောက်တစ်ဆင့်အနေဖြင့် ကမ္ဘာနှင့်ချိတ်ဆက်ရန် စီမံချက်များကို ရှင်းပြခဲ့သည်။ ထိုင်း၏ အဓိက Soft Power ငါးရပ်ဖြစ်သော ထိုင်းအစားအစာ၊ မွေထိုင်းလက်ဝှေ့ ၊ လက်ဝတ်ရတနာ၊ ကျန်းမာရေးနှင့် အလှအပစောင့်ရှောက်မှုနှင့် ရုပ်ရှင်ထုတ်လုပ်မှုတို့ကို ပြန်လည် ဒီဇိုင်းဆွဲ ထားသော အစီအစဉ်များဖြင့် မြှင့်တင်သွားမည်ဟု ဆိုသည်။

ဥပမာအားဖြင့် “Thai Cuisina” ဟုခေါ်သော ထိုင်းအစားအစာ လုပ်ငန်း ဆိုင်ရာ ပလက်ဖောင်းအသစ်တွင် ထောက်ပံ့သူများ၊ ထောက်ပံ့ရေး ကွင်းဆက် များ၊ စူပါမားကတ်များနှင့် နိုင်ငံတကာမှ ဝယ်လက်များကို ချိတ်ဆက် ပေးထားသည်။ ထို့အပြင် အချက်အပြုတ်သင်ကြားရေးအစီအစဉ်များလည်း ပါဝင်သည်။

ထိုင်းနိုင်ငံတွင် ရိုက်ကူးသော ရုပ်ရှင်နှင့် တီဗီအစီအစဉ်များအတွက် ၃၀% ငွေပြန်အမ်းသည့် အစီအစဉ်တစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေထုန်တန်က ထိုင်းနိုင်ငံသည် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မတို့ မခန့်မှန်းနိုင်သော အရာများစွာ ရှိနေပါသည်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာတစ်ဝှမ်းရှိ အကြောင်းအရာများစွာသည် ပြောင်းလဲမှုများကို ဖြစ်ပေါ် စေပြီး နည်းပညာအသစ်များ ပေါ်ထွက်လာစေကြောင်း ဆိုသည်။ ပြောင်းလဲမှု ဆိုသည်မှာ အမြဲတမ်းရှိနေမည်ဖြစ်ပြီး ၎င်းနှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ရန်မှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖြေတစ်ရပ် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ 

အင်္ဂါဂြိုဟ်ပေါ်၌ တစ်ချိန်သောအခါက သက်ရှိများရှင်သန်ရေးအတွက် အထောက်အကူပေးနိုင်သည့် ပတ်ဝန်းကျင်မျိုးရှိခဲ့

ဝါရှင်တန် ဇူလိုင် ၇

အင်္ဂါဂြိုဟ်ပေါ်၌ တစ်ချိန်သော အခါက သက်ရှိများ ရှင်သန်ရေးအတွက် အထောက်အကူပေးနိုင် သည့် ပတ်ဝန်းကျင်မျိုးရှိခဲ့ကြောင်း ကို အင်္ဂါဂြိုဟ်ပေါ်ရှိ တွင်းထွက် ဓာတ်ကြွယ်ဝသည့် ထူထဲသောရွှံ့ စေးမြေလွှာများကသက်သေပြနေကြောင်း ဇူလိုင် ၆ ရက် သတင်းများ အရ သိရသည်။

အင်္ဂါဂြိုဟ်ပေါ်ရှိရွှံ့စေးမြေလွှာများသည် ထုအားဖြင့် ပေ ရာနှင့် ချိရှိပြီး ရေဓာတ်များကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၃ ဒသမ ၇ ဘီလီယံကပင် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ် ရွှံ့စေး မြေလွှာနယ်မြေများမှာ တည်ငြိမ်မှု ရှိရာ နွေးထွေးစိုစွတ်သည့် ပတ်ပန်းကျင်ကို ကာလရှည်ကြာစွာ ထိန်း ထားနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။

သို့ဖြစ်ရာ အင်္ဂါဂြိုဟ်ပေါ်၌ လွန်ခဲ့သောနှစ်ပေါင်း ၃ ဒသမ ၇ ဘီလီယံက သက်ရှိများရှင်သန်ရေးအတွက် အထောက်အပံ့ပေးနိုင်မည့် ပတ်ဝန်းကျင်မျိုးရှိခဲ့ကြောင်းကို ရွှံ့စေးမြေလွှာများက ပြသနေသည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားကြောင်းသိရသည်။

အင်္ဂါဂြိုဟ်ပေါ်ရှိရွှံ့စေးမြေလွှာ များမှာ တစ်ချိန်က ရေစီးအား အလွန်ကောင်းခဲ့သော တောင်ကြားများနှင့် အလှမ်းဝေးပြီး ရှေးဟောင်းရေကန်များအနီး မြေနိမ့် ပိုင်းများ၌ တည်ရှိကြောင်း သိရသည်။

Ref: Xinhua News

Trs: KKO

YDNB Newspaper

Photo- Earth

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၇

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီး သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် သံအမတ်ကြီးတို့သည် အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြသည်။

ဆက်လက်၍ သံအမတ်ကြီးက ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

MOI

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၇

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းကို ပစ္စတိုသေနတ်ဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု (အမျိုးသား)အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(အမျိုးသား)အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြု(အမျိုးသမီး)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (အမျိုးသမီး)အသင်းတို့၏ ထိလဲပြား ပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်ခြင်းတို့ကို ကြည့်ရှုအားပေးကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် ဇူလိုင် ၂၀ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိကျောင်း နှစ်ဆက်ရက်တိုက် အဆွဲခံရပြီးနောက် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရန်နှိုးဆော်

ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် ဇူလိုင်လ (၂)ရက် နှင့် (၃)ရက်က နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ဘဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် နေ့စဉ် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဇွန်လမှ ဩဂုတ်လအတွင်းသည် မိကျောင်းများ အသိုက်ဖွဲ့သည့်ကာလဖြစ်ပြီး ရေချိုရေငန်စပ် မိကျောင်းများရှင်သင်ပေါက်ပွားကျက်စားသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စက်သည့် ဒီရေတောဒေသများသည် မိကျောင်း အန္တရာယ်ရှိနေသည့် ဒေသလည်း ဖြစ်သည်။

အဆိုပါ ဒေသများတွင် ချောင်းကမ်းစပ်များ၌ အိမ်မွေးတိရ စ္ဆာန်များကျောင်းခြင်း၊ မွေးမြူခြင်း၊ ကျေးရွာသူရွာသားများအနေဖြင့် ချောင်းအတွင်း ရေကစားခြင်း အဝတ်လျော်ခြင်းများ မလုပ်ဆောင်ကြရန်နှင့် ရေလုပ်သားများအနေဖြင့်လည်း သတိကြီးစွာထားရန် အသိ‌ပေးထားသည်။

ထိုအပြင် မိကျောင်းများ ရေပြင်၌ တွေ့ရှိပါက တုတ်၊ ခဲများဖြင့် ပစ်ပေါက်ခြောက်လှန့်ခြင်းများ မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

Popular Myanmar

တညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို စက်တင်ဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်းဈေး (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဈေးရုံ (၇) ကို စက်တင်ဘာ (၁) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဈေးရုံအတွင်း၏ ဆိုင်ခန်းလျှောက်လွှာများကို အထူးအရိုမိုးရှင်းအဖြစ် တညင်းကုန်းဈေး၏ (၁၀) နှစ်ပြည့် ပျော်ပွဲရွှင်ပွဲရက်များဖြစ်သည့် ဇူလိုင် (၄)ရက် ၊ (၅)ရက်နှင့် (၆) ရက်များတွင် အခမဲ့ထုတ်ပေးခဲ့သလို အယောက် (၅၀၀) ကျော် လာရောက် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေကို အခမဲ့လျှောက်လွှာတင်ပြီး အခမဲ့ရောင်းချခွင့်ပေးတာပါ။ ဒီပရိုမိုးရှင်းရက်ကို မမီလိုက်တဲ့သူတွေအနေနဲ့လည်း ရုံးချိန်အတွင်း မနက် (၉)နာရီကနေ ညနေ (၅)နာရီအထိ ဈေးစီမံခန့်ခွဲရေးရုံး၊ B 12 ပထမထပ်ကို လာရောက်ဆက်သွယ်ပြီးတော့လည်း လျှောက်လွှာတွေ မေးမြန်းစုံစမ်းပြီး တင်လို့ရပါတယ်” ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ဈေးရုံ (၇) တွင် လူသုံးကုန်ပစ္စည်းများ၊ လွယ်လင့်တကူ စားသောက်နိုင်သည့် အစားအသောက်များ၊ ရေသန့်၊ အအေးနှင့် ကော်ဖီမစ်မျိုးမျိုး၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်မျိုးစုံစသဖြင့် Food & Snack ဆိုင်ခန်းများ၊ ဆေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် ကလေးပစ္စည်းရောင်းချသည့်ဆိုင်များ၊ မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်များ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်းမြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးရုံကြီးစီမံကိန်းကို မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ၂၀၁၅ ခုနှစ်ကစပြီး စီမံခန့်ခွဲလုပ်ဆောင်လာခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့အခြေစိုက် ကိုလံဘိုစီမံကိန်း (Colombo Plan) သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန် စီမံကိန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များကို အလေးထားဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနသည် ကိုလံဘိုစီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာ Coordinating Agency အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကိုလံဘိုစီမံကိန်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အတွင်းရေးမှူးချုပ်ရာထူးနေရာသည် ၂ဝ၂၆ ခုနှစ်၊ ဧပြီလကုန်တွင် သက်တမ်းပြည့်မည်ဖြစ်၍ ၂၀၂၆ ခုနှစ်၊ မေလမှ ၂၀၃၀ ပြည့်နှစ်၊ ဧပြီလအထိ ၄ နှစ်သက်တမ်းအတွက် ကိုလံဘိုစီမံကိန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တစ်ဦး အဆိုပြုလျှောက်ထားရန် ကိုလံဘိုစီမံကိန်း အတွင်းရေးမှူးချုပ်ရုံးမှ ဖိတ်ခေါ်စာနှင့် လုပ်ငန်းစဉ်လမ်းညွှန် ဖြန့်ဝေထားရှိသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/kiulnbhiuciimnkine-attngremuukhupraathuuneraaattk-leaakthaaniung

ပူတင်က Apple ကို ဖိအားပေးနိုင်ရေး စတင်ဆောင်ရွက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္လာနေ့ (ဇူလိုင် ၇) တွင် စမတ် ဖုန်းထုတ်လုပ်သူများအား ၎င်းတို့၏ စက်ပစ္စည်းများတွင် နိုင်ငံပိုင် App store ဖြစ်သော RuStore ကို လက်ခံထည့်သွင်းရန် လိုအပ်သည့် ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် iOS စနစ်၏ အခြား App များကို ပိတ်ထားသော နည်းစနစ် ရေးဆွဲ ထားသည့် Apple ကို အဓိက ဦးတည်စေခဲ့သည်။

နိုင်ငံ၏ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ပြင်ဆင်ထားသော အဆိုပါ ဥပဒေအသစ်သည် ကြိုတင်ထည့်သွင်းထားသော Application များ နှင့်ပတ်သက်သည့် စည်းမျဉ်းများကို ချဲ့ထွင်ကာ ထုတ်လုပ်သူများအား ငွေပေးချေမှု၊ ရှာဖွေရေး၊ အပ်ဒိတ်များ သို့မဟုတ် ဆက်တင်များကဲ့သို့သော လုပ်ဆောင်ချက်များကို ကန့်သတ်ခြင်းမှ တားမြစ်ထားသည်။

ယင်းပြင်ဆင်ချက်များသည် အဓိကအားဖြင့် Apple ကို ဦးတည်ထားပြီး Apple ၏ စက်ပစ္စည်းများသည် ဆော့ဖ်ဝဲလ် ကန့်သတ်ချက်များအတွက် ကျော်ကြားသည်။ ယခင်နှစ်က EU သည် Apple အား အဖွဲ့ဝင် နိုင်ငံများတွင် ရောင်းချသော iOS စက်ပစ္စည်းများတွင် Third Party Application Store ကို တပ်ဆင်ခွင့်ပြုရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ လက်ရှိ အချိန်တွင် iOS စက်ပစ္စည်းများတွင် RuStore ကို အခြားနည်းလမ်းများ မသုံးဘဲ တပ်ဆင်ရန် မဖြစ်နိုင်သေးပေ။

အဆိုပါ ပြောင်းလဲမှုများသည် Android အခြေပြု စမတ်ဖုန်း ထုတ်လုပ်သူများကို အနည်းငယ်သာ သက်ရောက်မှုရှိသည်။ Samsung၊ Huawei၊ Honor နှင့် အခြားကုမ္ပဏီများသည် ၎င်းတို့၏ စက်ပစ္စည်းများကို RuStore ကြိုတင်တပ်ဆင်ထားခြင်းမရှိသော်လည်း ၎င်းအက်ပ်ကို အလွယ်တကူ ထည့်သွင်းနိုင်ပြီး ကန့်သတ်ချက်များမရှိဘဲ လုပ်ဆောင်နိုင်ပုံရသည်။

ကိုးကား- RT

ကျောက်ဆည်မြို့၌ ရေရရှိရေးနည်းလမ်းဖြင့် ကျေးရွာအုပ်စု (၁၀) အုပ်စု တွင် နွေသီးနှံစုံ(၅၈၀၇)ဧက စိုက်ပျိုး

ကျောက်ဆည်၊ ဇူလိုင်-၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ရေရရှိရေး နည်းလမ်းဖြင့် တိုက်နယ်(၃)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် နွေသီးနှံမျိုးစုံ (၅၈၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။ 

ထိုသို့ ရေရရှိရေးနည်းလမ်းဖြင့် နွေသီးနှံမျိုးစုံ စိုက်ပျိုးရာ၌ လက်ပန်ပင်ကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း(၁၇၆)ဧက၊ မယ်ဇယ်ပင်ကျေးရွာတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုနေကြာ (၁၉၀) ဧက၊ တံစိုးကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြိုပဲတီစိမ်း(၃၅၂)ဧက၊ သူငယ်တော်ကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြို ပဲတီစိမ်း(၁၉၅)ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ဟင်းသီး ဟင်းရွက်(၁၄၂၄)ဧက၊ မြောင်းဦးကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ကျွဲနွားစာ၊ မိုးကြိုနေကြာ (၆၆၀)ဧက၊ အနောက်သာဂရကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ၊ ကျွဲနွားစာ (၉၈၅) ဧက၊ ရွာပုလဲ ကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ(၅၄၁)ဧက၊ ကတဲကျေးရွာ အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ဟင်းသီးဟင်းရွက်(၉၀၄)ဧက၊ ပနန်ကျေးရွာအုပ်စုတွင် နွေနှမ်း(၃၈၀)ဧက စုစုပေါင်း (၅၈၀၇)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဧပြီ(၄)ရက်နေ့ ထုတ်ပြန်သည့် စာရင်း များအရ သိရသည်။

နွေသီးနှံနှင့်မိုးကြိုသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် မျှော်မှန်းအထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့နှင့်  တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ဒေသနှင့် ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုနည်းများ စနစ်တကျကူညီပေးလျက်ရှိပြီး  စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။ 

သက်မောင်၊(ကျောက်ဆည်)

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ ပြန်လည် ပေးအပ်ရေးကို ရွှေ့ဆိုင်း

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားသို့ ရှေးဟောင်းပစ္စည်း ၂၀ ပြန်လည် ပေးအပ်ရေးကို ဘဏ္ဍာရေးအခက်အခဲကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး ဖနွမ်းပင်အစိုးရက ပြန်လည်ပို့ဆောင်ရန် ကုန်ကျစရိတ်ကို ကျခံမည် ဖြစ်ကြောင်း တုံ့ပြန်ကြေညာခဲ့သည်။ 

ထိုင်းယဉ်ကျေးမှုဝန်ကြီး ပေထုန်တန် ရှင်နာဝပ်ထရာက မကြာသေးမီက ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းခံခဲ့ရပြီးနောက် ဘဏ္ဍာရေးအခက်အခဲကို အကြောင်းပြကာ ထိုင်းမှ ကမ္ဘောဒီးယားသို့ ရှေးဟောင်းပစ္စည်း ၂၀ ပြန်လည်ပေးအပ်ရေးလုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

“ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးအပ်ရေးသည် အရေးတကြီးကိစ္စ မဟုတ်ဘဲ အစိုးရဗဟိုဘတ်ဂျက်မှ ရန်ပုံငွေမရရှိသေးပါ” ဟု ပေထုန်တန် က ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေချိန်တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက် ပေထုန်တန်၏ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ “နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ထည့်သွင်း စဉ်းစားကာ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းပစ္စည်းများ လွှဲပြောင်း ပေးအပ်ရေး လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် အကြံပြုထားပါသည်” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး Phoerng Sackona က ဇူလိုင် ၇ ရက်နေ့တွင် ပေထုန်တန်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ဖနွမ်းပင် အစိုးရ အနေဖြင့် ရှေးဟောင်းပစ္စည်း ၂၀ ကို ကမ္ဘောဒီးယားသို့ ပြန်လည် ပို့ဆောင်ရန် ကုန်ကျစရိတ်ကို ကျခံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်းက ဧပြီလတွင် နှစ်နိုင်ငံသဘောတူညီခဲ့သည့် စာချုပ်ပါ အချိန်ကာလများကို ထိုင်းနိုင်ငံအနေဖြင့် လေးစားလိုက်နာရန် တိုက်တွန်း ခဲ့သည်။

စာချုပ်အရ နှစ်နိုင်ငံသည် ရှေးဟောင်းပစ္စည်း ၂၀ ကို ဇူလိုင်လတွင် ဘန်ကောက်မြို့၌ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကျင်းပရန်စီစဉ်ထားပြီး ဩဂုတ်လတွင် ပို့ဆောင်ရေးလုပ်ငန်းစဉ် စတင်မည် ဖြစ်သည်။ သို့သော် ယခုအခါ အဆိုပါလွှဲပြောင်းပေးအပ်မှု အခမ်းအနား ကို အချိန်မသတ်မှတ်ဘဲ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါရှေးဟောင်းပစ္စည်း ၂၀ သည် ၁၉၉၉ ခုနှစ်က ထိုင်းသို့ တရားမဝင် ခိုးယူခံခဲ့ရသည့် ကမ္ဘောဒီးယား၏ ခမာရှေးဟောင်းပစ္စည်း ၄၃ ခုအနက် ကျန်ရှိနေသေးသည့် အပိုင်းဖြစ်သည်။ ၂၀၀၈ နှင့် ၂၀၁၅ ခုနှစ်များတွင် ရှေးဟောင်းပစ္စည်း ၂၃ ခုကို ကမ္ဘောဒီးယားသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ကိုးကား- VN Express