သတင်းများ

၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၁

၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာမှ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စစ်ဘက်နှင့် နယ်ဘက်တက္ကသိုလ်များမှ နိုင်ငံတကာဆက်ဆံရေးဌာနများရှိ ဆရာ၊ ဆရာမများနှင့် လေ့လာသုံးသပ်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ပပညာရှင်များအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “လှသောချစ်သော မြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “၂၀၂၅ ခုနှစ် ရှုမြော်မှုအသစ်နှင့် မြန်မာနိုင်ငံ” Video Clip ကို ကြည့်ရှုကြသည်။

အဖွင့်အမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကိုပုံဖော်နိုင်ရန်နှင့် ကမ္ဘာ့အသိုက်အဝန်းနှင့် ချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် ယနေ့အချိန်အခါတွင် ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ပြောင်းလဲလျက်ရှိနေကြောင်း၊ နိုင်ငံတကာဆက်ဆံရေးများတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုပုံစံများ ပြောင်းလဲလာနေသည်ကို တွေ့ကြရမည်ဖြစ်သကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း ပိုပြီးအရေးပါလာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Globalization ကာလမှ Regionalization ပုံစံများ ဆန်းသစ်ပေါ်ထွန်းလာနေသည့် အချိန်အခါကို ပြောင်းလဲလာနေပြီဟု ပြောရမည်ဖြစ်ကြောင်း။

ဗဟုဝင်ရိုးကမ္ဘာဟုသိကြသည့် ဝင်ရိုးစုံကမ္ဘာ (Multipolar World) ဆိုသည်မှာ ယခင်က ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအချိန်တွင် အဆိုပါပုံစံ၊ အဆိုပါအခင်းအကျင်းများနှင့်မတူဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် သိသာထင်ရှားသည့် စုစည်းမှုစွမ်းအားများ ရှိလာကြပြီဖြစ်ကြောင်း၊ အဆိုပါစုစည်းအားများက ကမ္ဘာ့စင်မြင့်တွင် ပျံ့နှံ့ဖြာထွက် ဩဇာသက်ရောက်လာသည့် ကမ္ဘာ့အစီအစဉ်အသစ်တစ်ခုဟု ပြောရမည်ဖြစ်ကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံများကဲ့သို့ ဘက်ပေါင်းစုံမှ တိုးတက်အောင်မြင်လာကြခြင်းများသည် ယခင်က အစဉ်အလာရှိသည့် အင်အားကြီး နိုင်ငံများ၏ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာနေပြီဟု ဆိုနိုင်ကြောင်း။

ထိုသို့ ဩဇာသက်ရောက်မှုပါဝါများသည် နိုင်ငံအတော်များများနှင့် ဒေသအဖွဲ့အစည်းများဆီကို ကွဲပြားဖြန့်ကြက်လာနေသည့်အတွက် ကမ္ဘာကြီးသည် ယခင်ကကဲ့သို့ ဩဇာလွှမ်းမိုးမှု တစ်ဖက်စောင်းနင်းမဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာစေကြောင်း၊ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံတစ်နိုင်ငံတည်းကမှ ကမ္ဘာလုံးဆိုင်ရာ ရလဒ်တစ်ခုကို ၎င်းကိုယ်ပိုင်ဖန်တီး၍ မရနိုင်တော့သည်ကို အားလုံးက သိမြင်နေကြပြီဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတကာပြဿနာများကို ပိုမိုစုပေါင်းပါဝင်သည့် နိုင်ငံစုံအဖွဲ့အစည်းများ၏ ပူးပေါင်း ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ဖြေရှင်းလာနေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် လည်း ဩဇာပါဝါကိုယ်စီရှိနေကြသည့် နိုင်ငံများသည် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်ထက် အပြိုင်အဆိုင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းလာနေကြသည်ကိုလည်း တွေ့နေကြရကြောင်း။

မဟာဗျူဟာများ ချမှတ်ကြိုတင်ပြင်ဆင်

ပြောင်းလဲလာနေသည့် ဗဟုဝင်ရိုးကမ္ဘာအစီအစဉ်ကြီးထဲတွင် နိုင်ငံများသည် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးပကတိအခြေအနေအသစ်များနှင့် လိုက်လျောညီထွေရပ်တည်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခင်က စူပါပါဝါတစ်နိုင်ငံတည်းက ကြီးစိုးသည့်အနေအထားမှ အဓိကနိုင်ငံကြီးများက ယှဉ်ပြိုင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကမ္ဘာ့အစီအစဉ်သစ်ကြီးထဲ ပါဝင်လာကြခြင်းသည် နက်နဲသိမ်မွေ့ပြီး မျှတမှု၊ ပေါင်းစည်းမှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကြီးဖြင့် အဆင်ပြေပြေ အံဝင်ခွင်ကျနှင့် အကျိုးရှိရှိ လိုက်ပါနိုင်ရန် နိုင်ငံအားလုံးသည် မဟာဗျူဟာများ ချမှတ်ကြိုတင်ပြင်ဆင်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

ပထမဆုံးအနေဖြင့် မဟာဗျူဟာမြောက်လုပ်ပိုင်ခွင့် (Strategic Autonomy) ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံများသည် အင်အားကြီးစူပါပါဝါတစ်နိုင်ငံတည်းအပေါ် အလွန်အမင်းမှီခိုနေရမှုကို ရှောင်ရှားကြပြီး မိမိတို့၏မိတ်ဖက်များကို တိုးချဲ့ဆက်ဆံကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ကြမှသာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြောင်းလွယ်ပြင်လွယ် ဖြစ်စေပြီး မလိုအပ်သည့်ဖိအားများကိုလည်း မိတ်ဖက်များ၏ ပေါင်းစည်းအားဖြင့် ကြံ့ကြံ့ခံနိုင်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏မိတ်ဖက်များဟု ဆိုလိုက်ပါက နိုင်ငံများအပြင် ဒေသဆိုင်ရာအဖွဲ့အစည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း။

မိမိတို့၏ မိတ်ဖက်များကို တိုးချဲ့ဆက်ဆံရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မည့် အစီအမံများ ချမှတ်နိုင်ရန်လိုကြောင်း၊ စီးပွားရေးအရ၊ လုံခြုံရေးအရနှင့် နည်းပညာအရဆိုသည့် မတူညီသောနယ်ပယ်အသီးသီးတွင် လိုက်ဖက်ညီအောင် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအပိုင်းတွင်လည်း မိမိတို့အားလုံး သည်ပြောင်းလဲလာနေသည့် ကမ္ဘာ့အစီအစဉ်သစ် (New World Order) နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကြရမည်ဖြစ်ကြောင်း။

မိမိတို့သည် ဈေးကွက်တစ်ခုတည်းအား အလွန်အမင်းမှီခိုနေမှုကို လျှော့ချကြရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ဆက်ဆံရေးများကို ဒေသစုံနှင့် ဖြန့်ကြက်နိုင်စွမ်းမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြတ်တောက်မှု (Global Disruptions) များကြောင့် ဖြစ်လာနိုင်သည့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်အတွက် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစပ်မှု (Regional Economic Integration) များကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း ထုတ်လုပ်မှုကွင်းဆက် (Supply Chains) များကို အားကောင်းလာစေရန် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများကဲ့သို့ လုပ်ငန်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံကြရမည်ဖြစ်ကြောင်း။

ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်

ထို့ပြင် နည်းပညာနှင့် ဒစ်ဂျစ်တယ်အချုပ်အခြာပိုင်ဆိုင်မှုသည်လည်း အဓိကရင်းနှီးမြှုပ်နှံဆောင် ရွက်ကြရမည့် ကဏ္ဍများပင်ဖြစ်ကြောင်း၊ ဝင်ရိုးစုံကမ္ဘာ၏ ယှဉ်ပြိုင်မှုကြီးထဲတွင် နည်းပညာသည် အခြေခံကျသည့်ကဏ္ဍတစ်ခု ဖြစ်လာနေကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တု (AI)၊ ဆီမီးကွန်ဒတ်တာ (Semiconductors) များနှင့် ဆိုက်ဘာလုံခြုံရေးများသည် အဆုံးအဖြတ်ပေးလာမည့် နည်းပညာများပင်ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက်နည်းပညာဆိုင်ရာ မိတ်ဖက်များထားရှိပြီး ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့် အရေးကြီးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

ဗဟုဝင်ရိုးကမ္ဘာကြီးတွင် မိမိတို့သည် ယခုထက်ပို၍ လိုက်လျောညီထွေပြောင်းလဲနိုင်ပြီး လက်တွေ့ ကျသည့် သံတမန်ရေးရာဆက်ဆံမှု၊ ချဉ်းကပ်မှုများ လိုအပ်လာမည်ဟုလည်း သုံးသပ်ရကြောင်း၊ ပုံသေဆန်လွန်းသည့် အတွေးအခေါ်များအပေါ် အခြေခံခြင်းထက် သတ်သတ်မှတ်မှတ်အကြောင်းကိစ္စများအပေါ် အခြေခံပြီး မိမိတို့၏မိတ်ဖက်များ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများတွင် ပါဝင်ထိတွေ့ဆက်ဆံမှုများကိုပါ တစ်ဆက်တည်းတိုးမြှင့်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

ထပ်မံ၍ အလေးအနက်စဉ်းစားရမည့်အကြောင်း ကိစ္စတစ်ခုသည် စွမ်းအင်နှင့် အရင်းအမြစ်လုံခြုံရေးပင်ဖြစ်ကြောင်း၊ စွမ်းအင်၊ ရေနှင့် ရှားပါးသတ္တုများကို ရယူသုံးစွဲနိုင်မှုသည် ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးလာကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် အခြားစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ  လုပ်ထားရမည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုများဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရှားပါးသတ္တုများနှင့် စားရေရိက္ခာဖူလုံရေးတို့ကို လုံခြုံစိတ်ချရအောင် စီမံဆောင်ရွက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။

လူမှုယဉ်ကျေးမှုအပိုင်းတွင်လည်း ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာသည့်အတွက် ပြည်တွင်းတည်ငြိမ်ရေးသည် အဓိကနေရာရောက်လာကြောင်း၊ သတင်းတု သတင်းမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ်ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန်သက်ရောက်အောင် ကြိုးစားနေမှုများအပေါ်ကိုလည်း တန်ပြန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလျင်အမြန်ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးနှင့်အတူ ကောင်းမွန်စွာ လိုက်ပါရှင်သန်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံကြရမည်၊ လုပ်သားအင်အားစုကြီးကို ပညာသင်ကြားပေးမှုနှင့် လေ့ကျင့်ပေးမှုများ အသေအချာလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ယခုဆွေးနွေးပွဲတွင် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ နီပေါ၊ ဂျပန်၊ အီတလီစသည့် နိုင်ငံများမှ အတွေ့အကြုံ ဗဟုသုတများစွာရှိသည့် ပညာရှင်ကြီးများက လာရောက်ဆွေးနွေးအကြံပြုကြမည်ဖြစ်သဖြင့် ၂၀၂၅ အလွန် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ပုံဖော်တည်ဆောက်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ပညာရှင်များ၏ ဆွေးနွေးမှုများသည် မြန်မာနိုင်ငံအတွက် လမ်းညွှန်မှုများ၊ လမ်းပြမှုများနှင့် မဟာဗျူဟာများကို ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းကိုလည်း ပြောကြားလိုကြောင်း။

တက်ရောက်လာကြသည့် နိုင်ငံတကာက ပညာရှင်ကြီးများအနေဖြင့်လည်း ယခုဆွေးနွေးပွဲကြီးကို တက်ရောက်လာစဉ် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရကြ မည်၊ သတင်းတု၊ သတင်းမှားများဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို အမျိုးမျိုးဖျက်နေကြသည့် မီဒီယာအတုများ၊ လွတ်လပ်မှုကင်းသည့် မီဒီယာများက ဖော်ဆောင်နေသည့် မြန်မာ့ပုံရိပ်နှင့် ပညာရှင်ကြီးများ ယခုကိုယ်တိုင် ထိတွေ့မြင်တွေ့ရသည့် မြန်မာ့ပုံရိပ်သည် လွန်စွာကွာခြားမှုများ၊ ခြားနားမှုများ ရှိနေသည်ကို ခံစားကြရလိမ့်မည်ဟု မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း။

နိုင်ငံ့အကျိုးကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်

မိမိတို့ မြန်မာများသည် သင်ယူလိုစိတ် ပြင်းပြကြပြီး စစ်မှန်သည့်အကြံပြုမှုများကို လေးစားစွာ နားထောင်သကဲ့သို့ စေတနာပါသည့် ဝေဖန်မှုများကိုလည်း ရိုးသားစွာလက်ခံကြကြောင်း၊ ယခုဆွေးနွေးပွဲ ကြီးမှ စစ်မှန်သည့်အကြံပြုမှုများနှင့် စေတနာပါသည့် ထောက်ပြပြောဆိုမှုများကို မိမိတို့လေ့လာခွင့်ရပြီး နိုင်ငံ့အကျိုးကို အထောက်အကူပြုလိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။

ယခုဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” အဖွဲ့ကြီးက စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့်အချိန်ကာလတွင် ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေစွာဖြင့် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် ယခုဆွေးနွေးပွဲကြီးကို အချိန်ကိုက်ကြိုးပမ်းစီစဉ်အကောင်အထည်ဖော်ပေးကြသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” အဖွဲ့ကြီးကို ဂုဏ်ယူပါကြောင်းလည်း အသိအမှတ်ပြုပြောကြားလိုကြောင်း။

ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာပုံဖော်ရာတွင် အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များ ဖြစ်လာလိမ့်မည်ဟု မိမိတို့မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးကြသည့် ပြည်တွင်း ပြည်ပပညာရှင်များကိုလည်း မိမိအနေဖြင့် ကျေးဇူးအထူးတင်ပါကြောင်း၊ နိုင်ငံတကာကလာရောက်ကြသည့် ပညာရှင်ကြီးများလည်း မြန်မာနိုင်ငံ၌ နေထိုင်စဉ် မြန်မာနိုင်ငံ၏ လှပသည့် သဘာဝရှုခင်းများနှင့် မြန်မာတို့၏နွေးထွေးသည့် ပျူငှာမှုများကို ခံစားနိုင်ကြပါစေကြောင်း၊ စိတ်ရွှင်လန်းကျန်းမာကြပါစေကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာကို ချိတ်ဆက်ပေးရင်း မြန်မာနိုင်ငံ၏ ပုံရိပ်အမှန်များကို ပြန်လည် သယ်ဆောင်ကာ ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်တည်ဆောက်နိုင်ကြပါစေကြောင်းကို ဆန္ဒပြုပါ ကြောင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲတွင် ဖြည့်စွက်ဆွေးနွေးမှုအဖြစ် ဆက်လက်ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံသည် တောင်နှင့်မြောက်ရှည်လျားသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နိုင်ငံအတွင်း ရေချိုမြစ်ချောင်းများ ပေါများသည့်အပြင် အမျိုးအစားစုံလင်သည့် ရာသီဥတု၊ တောတောင်သဘာဝများ၊ သီးပင်စားပင်များ အမျိုးမျိုးသော သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး ယင်းတို့သည် မိမိတို့နိုင်ငံ၏ အခွင့်အလမ်းနှင့် အားသာချက်များပင်ဖြစ်ကြောင်း၊ နိုင်ငံ၏ပင်လယ် ကမ်းရိုးတန်းအရှည်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ရှိပြီး ရေနက်ဆိပ်ကမ်းများနှင့် စီးပွားရေးဇုန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် ပတ်သက်၍ ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် နေရာတွင်တည်ရှိကြောင်း။

တင်ပို့နိုင်သော ခိုင်မာသည့်ဈေးကွက်ရှိ

မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်တွင် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံရှိပြီး လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် တည်ရှိကြောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှဆက်သွယ်ရေးလမ်းကြောင်းပေါ်၌ရှိပြီး ဆုံချက် (Pivot Area) ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်နှင့် အိမ်နီးချင်းနိုင်ငံများ၏လူဦးရေမှာ လေးဘီလီယံနီးပါးရှိပြီး ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် မိမိတို့နိုင်ငံမှထွက်ရှိသည့် ကုန်ပစ္စည်းများကို တင်ပို့နိုင်သော ခိုင်မာသည့်ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို ကောင်းစွာအသုံးချနိုင်ရန်လိုပြီး မူလတန်ဖိုးဖြစ်သည့် အရေးပါမှုများကို အရာရောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် သင့်တော်သော ရာသီဥတု၊ များပြားလှသည့်စိုက်ပျိုးမြေ၊ သဘာဝသယံဇာတပေါများမှုများကြောင့် ရှေ့သမိုင်းအစဉ်အဆက်ကတည်းက အင်အားအသင့်အတင့်ရှိသည့် လူမျိုးစုများ၊ အင်အားနည်းသည့် လူမျိုးစုများ၏ ပြောင်းရွှေ့နေထိုင်ရာ၊ အခြေချနေထိုင်ရာ နယ်မြေဖြစ်ခဲ့သဖြင့် တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံစုစည်းနေထိုင်ရာ အမိမြေ၊ အမိနိုင်ငံတော်ဖြစ်ခဲ့ကြောင်း၊ ကိုလိုနီခေတ်၏ သွေးခွဲအုပ်ချုပ်မှုစနစ်အရ စုစည်း နေထိုင်ခဲ့သည့် တိုင်းရင်းသားများ၏ ညီညွတ်မှုသည် ပြိုကွဲခဲ့ရကြောင်း၊ ထိုသို့သွေးကွဲခဲ့ရသည့်အဖြစ်များ၏နောက်တွင် လက်နက်ကိုင်ပဋိပက္ခများကို နယ်ချဲ့ကိုလိုနီများနှင့် အပေါင်းအပါများကပင် ဆက်လက်အားပေးထောက်ပံ့ခဲ့ကြောင်း၊ ထို့အပြင် အယူဝါဒရေးရာကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ နိုင်ငံရေးစနစ်ကွဲပြားမှုများအပေါ် ပုံကြီးချဲ့သွေးထိုးလှုံ့ဆော်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ကြီးမားလာအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခသည် မငြိမ်းနိုင်သည့် မီးတောက်များကဲ့သို့ ယခုထိရှိနေဆဲပင်ဖြစ်ကြောင်း၊ ထိုသို့အဖြစ်အပျက်များကြောင့် မိမိတို့နိုင်ငံသည် အခွင့်အလမ်းများရှိလျက်နှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရကြောင်း၊ ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းများ၊ အရာရောက်မှုများ အဖြစ်ပြောင်းလဲပစ်နိုင်ပြီး ယင်းသည် မိမိနိုင်ငံ၊ မိမိပြည်သူကို ချစ်သည့်စိတ်၊ မြန်မာစိတ်မွေးမြူပြီး စုစည်းညီညွတ်သည့် အင်အားတည်ဆောက်နိုင် ရေးပင်ဖြစ်ကြောင်း၊ မိမိတို့ စုစည်းညီညွတ်မှုမရှိသမျှ မည်သည့်စီးပွားရေးစနစ်မျှ အောင်မြင်မည်မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်မျှ ခိုင်ခိုင်မာမာ ဦးဆောင်နိုင်မည်မဟုတ်ကြောင်း၊ မည်သည့်လူမှုရေးစနစ်မျှ သာယာဝပြောစိတ်ချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ကြောင်း။

နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်လျက်ရှိသောနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဝါနှင့် ရော်ဘာတို့မှ ထုတ်လုပ်သည့် ကုန်ချောပစ္စည်းများကို တင်ပို့ရောင်းချနိုင်သကဲ့သို့ ဆန်၊ ပဲ နှင့် အခြားသီးနှံများကိုလည်း ယခုထက် တင်ပို့နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ခြင်း ဖြစ်ကြောင်း။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံလိုအပ်ချက်များမှာ လူ့စွမ်းအားအရင်းအမြစ် (HR) နှင့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ နိုင်ငံတွင် လူဦးရေ ၅၁ သန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပညာရေးကဏ္ဍ၌ လိုအပ်ချက်များရှိနေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများအတွက် ပညာတတ်လူသား အရင်းအမြစ်များလိုအပ်သဖြင့် အခြေခံပညာရေးစနစ်ကို မြှင့်တင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည့်အပြင် အဆင့်မြင့်ပညာရေးစနစ်များကိုလည်း နိုင်ငံတော်မှ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အာမခံချက်များ ပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်သူများလိုလားပြီး နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒများကိုလည်း ဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ အကြားတွင်ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို နည်းလမ်း ပေါင်းစုံဖြင့် ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကိုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့မှစပြီး “ မြန်မာ့အနာဂတ်ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားလိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ပမှ လာရောက်ဆွေးနွေးကြသည့် ပညာရှင်များအား အထိမ်းအမှတ်တံဆိပ်များ ပေးအပ်သည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရွှင်လန်းချမ်းမြေ့ပါစေ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြပြီး ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့် အာရှ၏ အခန်းကဏ္ဍ” ၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေ

သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Source: MOI

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် မတ် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။                   

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့မှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ဆွေးနွေးရန် ကျန်ရှိသည့် အချက်များကို ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံလွှတ်တော်များသို့ လေ့လာရေးအဖွဲ့များ စေလွှတ်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

တရုတ်ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ စီစဉ်ထား

ဆိုးလ်   မတ် ၂၀

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ယခုနှစ် တတိယသုံးလပတ်အတွင်း တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်ထားကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။ 

တောင်ကိုရီးယားနိုင်ငံခြားခရီးသွားဧည့်သည်များကို ဗီဇာမဲ့ပြည်ဝင်ခွင့်ပေးထားမှုကို တရုတ်အစိုးရက သက်တမ်းထပ်တိုးပေးခဲ့ပြီးနောက် တရုတ်ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို မြှင့်တင်ရေးအတွက် တရုတ်ခရီးသွားဧည်သည်များကို ယခုနှစ် တတိယသုံးလပတ်ကာလအတွင်း ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်မော့ခ် က ပြောကြားထားသည်။

တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ် စတုတ္ထ သုံးလပတ်အတွင်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးညီလာခံကို လက်ခံကျင်းပရန် စီစဉ်ထားသည်။

အဆိုပါ အေပက်ထိပ်သီးညီလာခံကို ယဉ်ကျေးမှုအမွေအနှစ်ခရီးသွားမြို့တော်အဖြစ် ထင်ရှားသော ဂျောင်ဂျူမြို့၌ ကျင်းပရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ခရီးသွားဧည့်သည် ၁၆ ဒသမ ၄ သန်း ဝင်ရောက်ခဲ့ရာ ၂၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

EU ၏ ယူကရိန်းအပေါ် အထောက်အပံ့များသည် “အသံသာထွက်သော အမြောက်များကဲ့သို့ဖြစ်နေ” ဟု Orban ဆို

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်းကို ထောက်ပံ့ရန် အီးယူတွင် လက်တွေ့ကျသော နည်းလမ်းမရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ပြောကြားခဲ့သည်။ ဘရပ်ဆဲလ်တွင် ကျင်းပသော အီးယူ ခေါင်းဆောင်များ အစည်းအဝေးအပြီး မတ်လ ၂၀ ရက်နေ့က ၎င်း၏ မှတ်ချက်များကို ပြောကြားခဲ့သည်။

အီးယူသည် ယူကရိန်းကို လက်နက်များ ဆက်လက်ထောက်ပံ့ရန်၊ ယူကရိန်းတပ်မတော်ကို ထိန်းသိမ်းရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ရန် ဆွေးနွေးနေသော်လည်း ၎င်းတို့တွင် လုံလောက်သော ဘဏ္ဍာငွေမရှိကြောင်း Orban ကဆိုသည်။ အီးယူ၏ ယူကရိန်းထောက်ပံ့ရေးအစီအစဉ်များသည် အချည်းနှီးသော ကတိများဟု ထင်မြင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပဋိပက္ခက အီးယူအဖွဲ့ဝင်များ၏ စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း၊ ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတDonald Trump ၏ ကြားဝင်ဆောင်ရွက်မှုများကို ဘရပ်ဆဲလ်ကထောက်ခံသင့်ကြောင်း ၎င်းကတိုက်တွန်းခဲ့သည်။ “ဟန်ဂေရီမိသားစုများကိုစစ်၏ စီးပွားရေးအကျိုးဆက်များအတွက် ဆက်လက်ပေးဆပ်ခွင့် မပြုသင့်ပါ” ဟုလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဘူဒါပက်စ်က Kiev သို့ စစ်ရေးအကူအညီများ တိုးမြှင့်ပေးရန် တောင်းဆိုသည့် အီးယူ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ “ဟန်ဂေရီ နိုင်ငံပါဝင်ပြီး စစ်ထောက်ခံသော ဥရောပ၏ ညီညွတ်သော သဘောထားတစ်ခု ဖြစ်ပေါ်လာစေရန် မိမိတို့အနေဖြင့် ခွင့်မပြုပါ” ဟု Orban က အီးယူခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။

ဘူဒါပက်စ်သည် ရုရှားနှင့် ထပ်မံအရှိန်မြှင့်တင်မှုကို ရှောင်ရှားသင့်ပြီး သံတမန်ရေးရာကို အာရုံစိုက်သင့်ကြောင်းပြောကြားခဲ့ကာ ကူညီထောက်ပံ့မှု များကို ပိတ်ပင်ရန် သို့မဟုတ် ရွှေ့ဆိုင်းရန် ၎င်း၏ ဗီတိုအာဏာကို အခါခါ အသုံးပြုခဲ့သည်။

အီးယူအဖွဲ့ဝင်များသည် ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရို ၄၀ ဘီလီယံ (ဒေါ်လာ ၄၃ ဘီလီယံ) စုစည်းကျခံရန်အတွက် သဘောတူညီမှု မရရှိခဲ့ပေ။ အီတလီနှင့် စပိန်တို့သည် အီးယူ၏ ထိပ်တန်းသံတမန် Kaja Kallas ဦးဆောင်သော အစီအစဉ်ကို ကုန်ကျစရိတ်များလွန်းသည်ဟု ငြင်းဆန်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လန်ဒန် Heathrow လေဆိပ်သည် ဓာတ်အားပြတ်တောက်မှုကြောင့် ပိတ်သိမ်းထားရပြီး ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုများ ကမောက်ကမ ဖြစ်

လန်ဒန် Heathrow လေဆိပ်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပွားပြီး ကမ္ဘာ့ခရီးသည် အဝင်အထွက် အများဆုံးလေဆိပ်များထဲမှ တစ်ခုဖြစ်သော Heathrow လေဆိပ်ကို လုံးဝပိတ်သိမ်းထားရကြောင်း ကြေညာခဲ့သည်။

Heathrow လေဆိပ်ပိတ်သိမ်းမှုသည် ခရီးသည် သောင်းနှင့်ချီပြီး နှောင့်နှေး ကြန့်ကြာစေနိုင်ကာ လေယာဉ်ခရီးစဉ် ၁,၃၀၀ ကျော်ကို ထိခိုက်စေမည် ဟု မျှော်မှန်းထားသည်။ လေကြောင်းလိုင်းဆိုင်ရာစီမံခန့်ခွဲမှုကုမ္ပဏီ တစ်ခု က ခရီးသည် ၁၄၅,၀၀၀ ကျော် ထိခိုက်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

လေဆိပ်က လာမည့်ရက်များအတွင်း ခရီးစဉ်နှောင့်နှေးမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။ Heathrow လေဆိပ်တာဝန်ရှိ သူများက လေဆိပ်ပြန်မဖွင့်မီအချိန်ထိ လေဆိပ်သို့ လာရောက်ခြင်း မပြုကြရန်နှင့် ပိုမိုသိရှိလိုပါက သက်ဆိုင်ရာလေကြောင်းလိုင်းများကို ဆက်သွယ်ရန် အကြံပြုထားသည်။

မီးသတ်သမားများက ဓာတ်အားခွဲရုံမီးလောင်မှုကို ငြှိမ်းသတ်နေစဉ် Heathrow လေဆိပ်အနီးရှိ အိမ်ရာအချို့တွင် ဓာတ်အားပြန်လည် ရရှိကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း မီးသတ်ဌာန၏ပြောကြားချက်အရ သိရသည်။

ကိုးကား-CNN

ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ကမ္ဘာ့ပျော်ရွှင်ဆုံးနိုင်ငံများ သတ်မှတ်ချက် တွင် အဆင့် ၄၆ တွင်ရပ်တည်ခဲ့ပြီး ၂၀၂၃ ခုနှစ် သတ်မှတ်ချက်မှ အဆင့် ၈ နေရာ မြင့်တက်လာခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်မှ Wellbeing Research Center က ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နိုင်ငံသားများ၏ ကိုယ်တိုင်ဖွင့်ဟ ပြောကြားချက်များအပေါ်အခြေခံကာ နိုင်ငံနှင့် နယ်မြေ ၁၄၃ ခုတို့၏ ပျော်ရွှင်မှုအဆင့်များကို သတ်မှတ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ပျော်ရွှင်မှုအဆင့်သတ်မှတ်ချက်သည် မကြာသေးမီ နှစ်များအတွင်း တည်ငြိမ်စွာရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အဆင့် ၇၇ ၊ ၂၀၂၂ ခုနှစ်တွင် အဆင့် ၆၅ နှင့် ၂၀၂၃ ခုနှစ်တွင် အဆင့် ၅၄ သို့ သိသာစွာ မြင့်တက်လာခဲ့သည်။ယခုအခါတွင် ဗီယက်နမ်သည် စင်ကာပူနိုင်ငံ၏ နောက်တွင် ရပ်တည်ကာ အရှေ့တောင်အာရှတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ဖင်လန်နိုင်ငံသည် ၈ နှစ်ဆက်တိုက် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံရပြီး ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွီဒင်နိုင်ငံတို့က နောက်မှ ရပ်တည်နေခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယမြောက် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းသည် ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ နိုင်ငံသားများ၏ ဘဝအရည်အသွေး၊ စီးပွားရေးတည်ငြိမ်မှု၊ လူမှုရေးဖူလုံမှုနှင့် သဘာဝပတ်ဝန်းကျင်သာယာလှပမှုတို့ကြောင့် ထိုအဆင့်သတ်မှတ်ခံရခြင်းဖြစ်နိုင်သည်။ ဗီယက်နမ်နိုင်ငံသည် နိုင်ငံသားများ၏ ပျော်ရွှင်မှုကို အလေးထားသော လူမှုစီးပွားမူဝါဒများကို အကောင်အထည်ဖော်နိုင်ခြင်းကလည်း အဆိုပါ အောင်မြင်မှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ကိုးကား-VN Express

ထိုင်းနိုင်ငံသည် လာမည့်နှစ်မှစ၍ ပြည်တွင်းလေကြောင်းလိုင်းများတွင် နိုင်ငံခြားလေယာဉ်မှူးများကို ခန့်အပ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းသွားမည်

ထိုင်းလေကြောင်းစီမံခန့်ခွဲမှုအာဏာပိုင် (CAAT) သည် ထိုင်းလေယာဉ်မှူးများအသင်းက အစိုးရကို တရားစွဲဆိုပြီးနောက် ပြည်တွင်း လေကြောင်းလိုင်း များတွင် နိုင်ငံခြားလေယာဉ်မှူးများ လုပ်ကိုင်ခွင့်ပြုသည့် ယာယီ ခွင့်ပြုချက်ကို ဆက်လက်တိုးမြှင့်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

CAAT သည် အလုပ်လက်မဲ့ဖြစ်နေသော ဒေသခံလေယာဉ်မှူးများ အလုပ်ရရှိရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို အသိအမှတ်ပြုခဲ့ပြီး ၎င်းတို့ကိုကူညီပေးရန် ကတိပြုခဲ့ကြောင်း ထိုင်းလေယာဉ်မှူးများအသင်း ဥက္ကဋ္ဌ ဒေါက်တာ တီရာဝပ် အန်ကဆာကုလီယက်၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

တီရာဝပ်က အသင်းအနေဖြင့် CAAT ၏ ယခုနှစ်အတွင်း ဤအစီအမံကို ရပ်ဆိုင်းမည်ဟူသော အာမခံချက်နှင့် ဒေသခံလေယာဉ်မှူးများအတွက် ထောက်ပံ့မှုတို့ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ထိုင်းလေယာဉ်မှူးများအသင်းသည် လွန်ခဲ့သည့်သီတင်းပတ်က နိုင်ငံခြားလေယာဉ်မှူးများအား ပြည်တွင်းလေကြောင်းလိုင်းများတွင် အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ပေးရန် တောင်းဆိုသည့် လျှောက်လဲချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ တင်ပြတောင်းဆိုခဲ့သည်။ ထိုင်းသတင်းစာ The Nation ၏ ဖော်ပြချက်အရ ခရီးသွားလုပ်ငန်း တိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ဝန်ကြီးချုပ်ရုံး၏ ဆုံးဖြတ်ချက်ဖြစ်သည့် နိုင်ငံခြားလေယာဉ်မှူးများအား ထိုင်းနိုင်ငံတွင် ယာယီခွင့်ပြုချက်ဖြင့် wet lease သဘောတူညီချက်များအရ အလုပ်ခန့်ထားရန် ခွင့်ပြုခဲ့ခြင်းအပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့သည်ဟု ဆိုသည်။

တစ်တန်လျှင်ငါးသိန်းဈေးရှိသောဘိလပ်မြေ အနာဂတ်မသေချာ

တစ်တန်လျှင် ငါးသိန်းဈေးဖြင့် လတ်တလော ပြည်ပမှ တင်သွင်းလာသောဘိလပ်မြေများကြောင့် မြင့်တက်နေသော ဘိလပ်မြေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ရေရှည်တွင် အရည်အသွေးနှင့် ဈေးနှုန်းပိုင်းအတွက် သေချာစွာ ပြန်လည်စိစစ်သင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများထွက်ပေါ်နေသည်။

“ဘိလပ်မြေ ပါမစ်ဈေးမှာကတည်းက တစ်တန်ကို ငါးသိန်းတန်ပါကြောင်း၊ တစ်တန်ကို အိတ်နှစ်ဆယ် ရှိသောကြောင့် တစ်အိတ်ကို နှစ်သောင်းခွဲ ဈေးပေါက်ပါကြောင်း၊ နိုင်ငံခြားက တင်သွင်းလာသည့် သွင်းကုန်ပါမစ်ဈေးတောင် ပြန် မရသည့်ဈေးဖြင့် ‌ရောင်းနေခြင်းဖြစ်ပါကြောင်း၊ ယခုဆိုဈေးကွက်ထဲတွင် တစ်အိတ်ကို နှစ်သောင်းနှစ်ထောင်နှုန်းဖြင့် ပြန်ရောင်းနေသည်များ ရှိလာသဖြင့် ထိုဘိလပ်မြေများ၏ အရည်အသွေးက စံချိန်မီလားဆိုသည်ကို သက်ဆိုင်ရာ က စစ်ဆေးသင့်ပါကြောင်း” ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ကန်ထရိုက်တစ်ဦးကTheStateman သို့ပြောသည်။
ဖေဖော်ဝါရီလပိုင်းအတွင်းက ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ ထုတ်လုပ်မှုကျဆင်းလာရာမှတစ်ဆင့် ဘိလပ်မြေ ဈေးများ အဆမတန်မြင့်တက်ခဲ့ရာ ဘိလပ်မြေ တစ်အိတ်လျှင် သုံးသောင်းခွဲအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာက ကော့သောင်းနယ်စပ်မှတစ်ဆင့် ဘိလပ်မြေများ ရန်ကုန်သို့ တင်သွင်းခွင့်ပြုခဲ့ရာ လတ်တလောတွင် ဘိလပ်မြေဈေးကျဆင်းသွားသည်။ ဘိလပ်မြေဈေးကျဆင်းမှုသည် ရေရှည်အနေအထားဖြစ်ရန် လိုအပ်ချက်များရှိနေကြောင်းနှင့် အရည်အသွေးပိုင်း သေချာစွာစိစစ်ရန် လိုအပ်ကြောင်း သိရသည်။ “ပြည်တွင်းထုတ် လူရိုင်းခေါင်း တံဆိပ်အယ်ဖာ ဘိလပ်မြေက ယခုဆိုရင် တစ်အိတ်ကို တစ်သောင်း ကိုးထောင်အထိပြန်ကျသွားပါကြောင်း၊ တကယ်ဆိုရင် ဘိလပ်မြေဈေးက ဘာကြောင့်ဒီလောက်ဈေးတက်ပြီးမှ ပြန်ကျသလဲဆိုသည်မှာ အံသြစရာကောင်း၍ လက်ဝါးကြီး အုပ်ပြီးဈေးကွက်ကို လိုသလိုခြယ်လှယ်နေသည့်သူများကို သေချာစိစစ်သင့်ပါကြောင်း” ဆောက်လုပ်ရေး လောကသား တစ်ဦးက ဆိုသည်။ ပြည်တွင်းတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ (၁၆) ရုံ နှင့် နိုင်ငံပိုင် ဘိလပ်မြေစက်ရုံ (၃)ရုံရှိပြီး အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပါက ဘိလပ်မြေတန်ချိန် (၁၆) သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း အသုံးပြုနေသည့် ဘိလပ်မြေသည် တစ်နှစ်လျှင် တန်ချိန် (၁ဝ) သန်းနှင့် (၁၁)သန်း ကြား ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်သာ ပြည်ပမှ တင်သွင်းသောဘိလပ်မြေများကြောင့် ဈေးနှုန်းများ ကျဆင်းလာသော်လည်း နယ်မြို့များတွင် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။

ကိုးကား-NP News

အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံ စက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ

နော်ဝေးစက်ရုပ်ကုမ္ပဏီ 1X သည် အဝတ်လျှော်ခြင်း၊ ပြတင်းပေါက်များ သန့်ရှင်းရေးလုပ်ခြင်းနှင့် ဖုန်စုပ်ခြင်းကဲ့သို့သော အိမ်မှုကိစ္စများစွာကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ် NEO Gammaကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စက်ရုပ်များ နှင့်ပတ်သက်ပြီး အောင်မြင်မှုအချို့ကို တွေ့မြင်ခဲ့ရပြီးနောက် နော်ဝေးစက်ရုပ်ကုမ္ပဏီ၏ အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သော လူသားပုံစံစက်ရုပ်ကို ထုတ်ပြန်ကြေညာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် နော်ဝေးစက်ရုပ်ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားပုံစံ ပိုမိုတူစေရန်အတွက် ၎င်း၏ သတ္တုကိုယ်ထည်ကို ဖုံးကွယ်ထားသည့် နူးညံ့ချောမွေ့သောဝတ်စုံကိုဖန်တီးရန် ဂျပန်ချည်ထိုးစက်များ ထုတ်လုပ်သည့် Shima Seiki ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်းလည်းသိရသည်။ 1X ကုမ္ပဏီ၏အဆိုအရ မကြာသေးမီက ထုတ်ဖော်ပြသခဲ့သော NEO Gamma စက်ရုပ်သည် မြေပြင်မှ အရာဝတ္ထုများကို ကောက်ယူရန် အတွက် ဆောင့်ကြောင့်ထိုင်ခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင်ခြင်း၊ အိမ်တစ်ဝိုက်တွင် အရာဝတ္ထုများကို နေရာတကျ ချထားပေးခြင်းနှင့် လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ထည့်ပေးခြင်းကဲ့သို့သော လုပ်ဆောင်မှု အမျိုးမျိုးကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် 1X ကုမ္ပဏီသည် NEO Gamma စက်ရုပ်ကို လူသားများကဲ့သို့ အမျိုးမျိုးသော လှုပ်ရှားမှုများကို လုပ်ဆောင်စေနိုင်ရန်အတွက် လေ့ကျင့်ပေးရန် လူသား၏လှုပ်ရှားမှု ဖမ်းယူသည့် ဒေတာအချက်အလက်များကို အသုံးပြုထားကြောင်းလည်း သိရသည်။ NEO Gamma စက်ရုပ်တွင် အသုံးပြုထားသည့် မိုက်ခရိုဖုန်း (၄)ခုကြောင့် ၎င်းသည် လူသားအသုံးပြုသူများ၏အမိန့်များကို တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ကြောင်းလည်း သိရသည်။
NEO Gamma စက်ရုပ်သည် ရိုးရှင်းသောစကားပြောဆိုမှုများကို တုံ့ပြန်နိုင်ပြီး ၎င်း၏တင်ပါးဆုံနေရာရှိ စပီကာမှတစ်ဆင့် သီချင်းများဖွင့်နိုင်ကြောင်းလည်း သိရသည်။ 1X ကုမ္ပဏီစီအီးအို Bernd Bornig က “လာမည့်အနာဂတ်တွင် ကျွန်တော်တို့အားလုံးဆီမှာ Rosie ဒါမှမဟုတ် Baymax ကဲ့သို့ အိမ်သုံးစက်ရုပ်များ ရှိလာပါလိမ့်မည်" ဟုပြောဆိုခဲ့သည်။

Pika (NP News)

ရုရှားသည် ၂၀၃၀ ခုနှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာရမည်ဟု ပူတင်ပြောကြား

ရုရှားနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် မောင်းသူမဲ့ လေယာဉ်နည်းပညာ၌ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် အတွက် သတ်မှတ်ညွှန်ကိန်းများ ချမှတ်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် ဘဏ္ဍာငွေထုတ်ပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ်လ ၂၁ ရက်တွင် ပြောကြားလိုက်ပါသည်။

ထိုရည်မှန်းချက်အကောင်အထည်ဖော်ရန် ပထမဆုံးအစီရင်ခံစာကို ဇွန်လ ၁ ရက်နေ့တွင် တင်ပြရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ခြောက်လ တစ်ကြိမ် အစီရင်ခံစာများ ဆက်လက်တင်ပြရမည် ဖြစ်ပါသည်။

မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်း လုပ်ငန်းစဉ်များ၌ AI နည်းပညာ အခြေခံသည့် ဖြေရှင်းနည်းများကို အသုံးပြုခြင်း အတွက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက မှာကြားထားပါသည်။ 

ဆက်လက်၍ လူမဲ့လေယာဉ်များ ထုတ်လုပ်ခြင်းနှင့် လည်ပတ်ခြင်းတွင် သဘာဝကျစေရန် စဉ်းစားမှု (AI) အခြေခံဖြေရှင်းနည်းများကို အသုံးချခြင်း အတွက် လိုက်နာဆောင်ရွက်ရန်လည်း ပူတင်က ညွှန်ကြားခဲ့ပါသည်။ ထိုတာဝန်ကို ရုရှား National Technological Initiative Platform နှင့် Sber တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း သိရပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃