သတင်းများ

တောင်အာဖရိကနိုင်ငံ၌ တစ်ရက်အတွင်း သစ်ပင် တစ်သန်း စိုက်ပျိုးမည်

ဂျိုဟန်နစ္စဘတ်  မတ် ၁၉

တောင်အာဖရိကနိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကို အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ရန် တစ်ရက်အတွင်း သစ်ပင်တစ်သန်း စိုက်ပျိုးသွားရန် ရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း တောင်အာဖရိက အကြီးတန်း အရာရှိတစ်ဦးက မတ် ၁၈ ရက်တွင် ပြောသည်။ 

တောင်အာဖရိကနိုင်ငံ၏ အကြီးမားဆုံးမြို့နှင့် စီးပွားရေးအချက်အချာမြို့ဖြစ်သော ဂျိုဟန်နစ္စဘတ်မြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် အာဖရိကမြို့ပြသစ်တောဆိုင်ရာ ဖိုရမ်တွင် သစ်တော၊ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဒုတိယဝန်ကြီး ဘာနိုက်စ်ဆဝတ်စ်က မတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါဖိုရမ်ကို ဂျိုဟန်နစ္စဘတ်မြို့တော်နှင့် ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုမှတစ်ဆင့် ကင်ညာနိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၅၁ သန်းကျော်စိုက်ပျိုးကာ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သော ဝန်ဂါနီမာသာရီထံမှ ထိုကဲ့သို့ လုပ်ဆောင်ရန် စိတ်ကူးစိတ်သန်းများကို ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ 

ကိုးကား : မြန်မာ့အလင်းသတင်းစာ

Photo: News24

နေပြည်တော်၊ မတ် ၂ဝ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုးကား- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)

ဗီယက်နမ်၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်လာ

ဗီယက်နမ်၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းသည် ဖေဖော်ဝါရီလတွင် 144 Mbps သို့ ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းအင်တာနက်အမြန်နှုန်း အမြင့်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်လာ ခဲ့ပြီး Broadband အမြန်နှုန်းနှင့် နီးစပ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အမြန်နှုန်းများကို စာရင်းပြုစုလျက်ရှိသော Ookla ၏အချက်အလက်များအရ Vietnam သည် အဆင့် ၁၉ တွင် ရပ်တည်နေပြီး အိန္ဒိယ၊ ဖင်လန်နှင့် ပြင်သစ်တို့ကို ကျော်တက်သွားခဲ့သည်။

ယူအေအီးသည် 543.91 Mbps ဖြင့် မိုဘိုင်းအင်တာနက်အမြန်နှုန်းတွင် ဦးဆောင်နေဆဲဖြစ်ပြီး စင်္ကာပူသည် 345.33 Mbps ဖြင့် Broadband အမြန်နှုန်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

5G ကွန်ယက်စနစ်ကို Viettel မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နှင့် VinaPhone မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ခြင်းတို့သည် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့သည့် အင်တာနက် အမြန်နှုန်းများ အရှိန်မြင့်တက်လာခြင်းကို အဓိကအထောက်အကူပြုခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် Vietnam ၏ မိုဘိုင်းအင်တာနက်အမြန်နှုန်းမှာ 54.17 Mbps နှင့် ကမ္ဘာ့အဆင့် ၅၁ ဖြစ်ခဲ့သော်လည်း ခြောက်လအတွင်း သုံးဆနီးပါး တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ iSpeed ဖြင့် စမ်းသပ်တွေ့ရှိချက်များအရ ယင်းအင်တာနက်အမြန်နှုန်းကို အတည်ပြုခဲ့ပြီး ဗီယက်နမ်၏ 5G Download Speed ကို ဖေဖော်ဝါရီလတွင် 187.58 Mbps အဖြစ် မှတ်တမ်းတင်ခဲ့သည်။ Viettel သည် ပျမ်းမျှ 5G Download Speed 226.27 Mbps ဖြင့် ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုများ၌ ဦးဆောင်နေပြီး VNPT သည် 157.17 Mbps ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆရာဝန်များက Gaza ရှိ စစ်ပွဲများကြောင့် ကလေးငယ်၏ ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်စေခဲ့သည်ဟုဆို

ဆရာဝန်များက ရှစ်နှစ်အရွယ် Sama Tubail သည် ၂၀၂၃ ခုနှစ်တွင် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုစတင်ချိန်မှစ၍ သူမခံစားခဲ့ရသော စိတ်ဒဏ်ရာကြောင့် သူမ၏ဆံပင်အားလုံးနီးပါးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ကုလသမဂ္ဂက“မျိုးဆက်တစ်ခုလုံး စိတ်ဒဏ်ရာရခဲ့ပြီ” ဟုဆိုကာ Gaza ရှိ ကလေး ၁.၂ သန်း၏ အားလုံးနီးပါးသည် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ လိုအပ်နေသည်ဟု ဆိုသည်။ အစ္စရေးသည် မတ်လ ၁၈ ရက်(အင်္ဂါ) နေ့ တွင် တိုက်ခိုက်မှုအသစ်များစတင်ခဲ့ပြီး စစ်ပြေငြိမ်းရေးကိုချိုးဖျက်ကာ ပါလက်စတိုင်း ရာနှင့်ချီသေဆုံးစေခဲ့သည်ဟု Gaza ကျန်းမာရေးအရာရှိ များက ဆိုသည်။

Gaza ရှိ ပဋိပက္ခများသည် ဒေသခံများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါသည်။ အထူးသဖြင့် ကလေးငယ်များတွင်ပိုမိုထိခိုက်စေပြီး ဆရာဝန်များက ဆက်လက် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ပြင်းထန်သည့် စိတ်ဖိစီးမှုနှင့် စိတ် ဒဏ်ရာများကို ခံစားနေရသောကလေးများ၏ ဖြစ်ရပ်များကို မှတ်တမ်းတင်ခဲ့ကြပါသည်။ ဤအချင်းအရာများသည် ဆံပင်ကျွတ်ခြင်းကဲ့သို့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအဖြစ်ပြသနိုင်ပြီး ၎င်းအခြေအနေကို Telogen effluvium ဟုခေါ်ကာ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကြောင့် ဖြစ်ပေါ်တတ်ပါသည်။ ဤသို့သော ဖြစ်စဉ်များသည် Gaza ကဲ့သို့ စစ်ပွဲဒဏ်ခံနေရသည့် ဒေသများ၌ မကြာ ခဏ ဖြစ်ပွားနေတတ်ပါသည်။

လုံခြုံသည့် ပတ်ဝန်းကျင်ဆုံးရှုံးမှု၊ အကြမ်းဖက်မှုများကို မပြတ်ကြုံတွေ့ နေရမှု၊ လုံလောက်သော အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိနိုင်ခြင်းတို့သည် ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွားစေပါသည်။ 

ကိုးကား-CNN

မြေရှားသတ္တုကဏ္ဍတွင် အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းနိုင်သည်ဟု ရုရှားဆို

ရုရှားနိုင်ငံသည်  ယူကရိန်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက မြေရှားသတ္တု အများအပြားကို ပိုင်ဆိုင်ထားပြီး  အဆိုပါသတ္တုများ ထုတ်ယူရေးတွင် အမေရိကန်နှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အထူးသံတမန်ဖြစ်သူ   ကီရေး ဒီမီထရီယက်က ပြောသည်။

နိုင်ငံအတွင်းရှိ  မြောက်မြားစွာသော မြေရှားသတ္တု အရန်တွင်းများအား ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူရန်အတွက်လည်း ရုရှားနိုင်ငံက အမေရိကန်နှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ရုရှားသမ္မတ၏ အထူးသံတမန် ကီရေး ဒီမီထရီယက်က   မတ်လ ၁၈ ရက်တွင် ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် အမေရိကန်အစိုးရသည် ရုရှားနှင့် မြေရှားသတ္တုကဏ္ဍ၊ အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကဏ္ဍအများအပြား၌ ပူးပေါင်း လုပ်ဆောင်ရန် စိတ်ဝင်စားလျက်ရှိသည်။

ထို့ကြောင့် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယခင်ဂျိုးဘိုင်ဒင် လက်ထက်က ယိုယွင်းခဲ့သည့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးအား ပြန်လည်ကောင်းမွန် တိုးတက်စေရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။

Source: https://myawady.net.mm/

“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့်  ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ(Multipolar World)တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ် ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့်  ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ(Multipolar World)တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ် ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ”၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက် (သောကြာနေ့) နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန(၁) MICC(I)၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက်  ၈ နာရီ ၁၅ မိနစ်မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MRTV Parliament၊  MITV နှင့် MWD - HD Channel၊ MWD Variety –HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် FM များ ဖြစ်ကြသည့် ပတ္တမြား၊ ချယ်ရီ၊ ပဉ္စဝတီ၊ မန္တလေး၊ ရွှေ၊ ပုဂံ၊ Star နှင့် သဇင် FM တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website၊ MRTV App: Radio App: နှင့် Online Media တို့မှ လည်းကောင်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ကိုးကား-myawady.net.mm

Photo: MOI

“အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင် အဖွဲ့ကြေညာ

ကူဝိတ်စီးတီး၊ မတ် ၁၉ ရက် 

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဟူသီလက်နက်ကိုင် အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့်လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် Abdul Malik Houthi က မတ် ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့်လှုပ်ရှားမှု” အား ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အစ္စရေးအား အစွမ်းကုန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းကြောင့် “ဖြစ်ပွားလာနိုင်သော အမေရိကန်၏ ယီမင်အပေါ် ကျူးကျော်မှု” ကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Abdul Malik Houthi က ထိုနေ့၌ အဆိုပါအဖွဲ့အစည်းထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာနမှတစ်ဆင့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေး၏ Nevatim လေတပ်အခြေစိုက်စခန်းအား တိုက်ခိုက်ရန် “ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်” တစ်လုံး ပစ်လွှတ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်း၌ ယီမင်မှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်တစ်လုံးအား အောင်မြင်စွာ တားဆီးနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ် က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန် စစ်တပ်က မတ် ၁၈ ရက်တွင် ယီမင်နိုင်ငံမြောက်ပိုင်း Saada ပြည်နယ်၊ အနောက်မြောက်ပိုင်းရှိ Hajjah ပြည်နယ်၊ အနောက်ပိုင်းရှိ Al Hudaydah ပြည်နယ် စသည့်ဒေသများအား ထပ်မံလေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Al Masirah ရုပ်သံလွှင့်ဌာန သတင်းဖော်ပြချက်အရ သိရသည်။

အစ္စရေးစစ်တပ်သည် မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအား လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက် စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ မတ် ၁၈ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ကိုးကား-ဆင်ဟွာ

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန် ထိပ်ဆုံးက ရပ်တည်

မတ်လ ၂၀ ရက် (ကြာသပတေးနေ့)တွင် ထုတ်ပြန်လိုက်သည့် World Happiness Report 2025 ဖော်ပြချက်အရ ဖင်လန်သည် ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရှစ်နှစ်ဆက်တိုက် ရပ်တည်လျက်ရှိပါသည်။ 

ဖင်လန်နိုင်ငံ၏ နောက်တွင် ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွီဒင်တို့သည် ၄င်းတို့၏ ထိပ်တန်းအဆင့်သတ်မှတ်ချက်များကို ဆက်လက် ထိန်းသိမ်းနိုင်ထားကြပါသည်။

အစီရင်ခံစာအတွက် စစ်တမ်းများကို လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဘဝများကို မိမိဘာသာအကဲဖြတ်သည့် အဆင့်သတ်မှတ်မှုပုံစံဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ ယခု သုတေသနကို Oxford တက္ကသိုလ်ရှိ Wellbeing Research Center မှ Gallup နှင့် UN Sustainable Development Solutions Network တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း The Economic Times   သတင်းစာက ဖော်ပြထားပါသည်။

ကိုးကား-The Economic Times  

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အသက် ၆၀ ကျော် တရုတ်အမျိုးသမီးကြီး စက်ဘီးဖြင့် ကမ္ဘာပတ်

တရုတ်အမျိုးသမီးကြီး Li Dongju သည် အသက် ၅၉ နှစ်တွင် သူမ အသက်၏ သုံးပုံတစ်ပုံသာရှိသည့် လူငယ်များနည်းတူ စက်ဘီးတစ်စီးဖြင့် တစ်ကိုယ်တော် ကမ္ဘာလှည့်ခရီးထွက်ကာ လွတ်လပ်မှုအရသာကို ခံစားနေရကြောင်း သူမကဆိုသည်။

တစ်ကိုယ်တော်စက်ဘီးခရီးစဉ်စတင်ချိန်သည် အသက်အရွယ်အားဖြင့် နောက်ကျနေသော်လည်း ယခုအခါတွင် သူမသည် တိုက်ကြီးသုံးတိုက်မှ နိုင်ငံပေါင်း ၁၂ နိုင်ငံကို စက်ဘီးဖြင့် တစ်ကိုယ်တော် ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ Henan ပြည်နယ်အလယ်ပိုင်း Zhengzhou မြို့မှ အဆိုပါ အဘွားငယ် Li Dongju (၆၆ နှစ်) သည် အရှေ့တောင်အာရှ၊ ဥရောပနှင့် သြစတြေးလျတိုက်တို့ကို စက်ဘီးဖြင့် လှည့်လည်ခဲ့ပြီး ကမ္ဘောဒီးယား၊ ပြင်သစ်နှင့် သြစတြေးလျနိုင်ငံတို့ကိုလည်း သွားရောက်ခဲ့ပါသည်။

မန်ဒရင်း တရုတ်စကားကိုသာ ပြောဆိုတတ်သည့်သူမသည် ဒေသခံများ နှင့်ဆက်သွယ်ရန် ဘာသာပြန်အက်ပ်များကိုသာ အပြည့်အဝ အသုံးပြုခဲ့ ရသည်။ ငွေကြေးအခက်အခဲရှိခြင်းကြောင့် သူမသည် ပန်းခြံများ၊ ဓာတ်ဆီဆိုင်များနှင့် သင်္ချိုင်းများ၌ တဲထိုးနေထိုင်ခဲ့သော်လည်း ကြင်နာ တတ်သည့်ဒေသခံများက သူမကိုအိမ်များသို့ဖိတ်ခေါ်ကာ လက်ခံ ကျွေးမွေးခဲ့ကြသည်ဟုဆိုပါသည်။

Li ၏ စွန့်စားခန်းသည် ၂၀၂၂ ခုနှစ် အစောပိုင်းက Covid-19 ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရသော်လည်း သူမ၏စက်ဘီးစီးခရီးစဉ်များသည် ဘဝကိုပြောင်းလဲစေခဲ့သည်ဟု ဆိုပါသည်။ ၂၀၀၅ ခုနှစ်က အိမ်ထောင်ကွဲပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ စိတ်ဓာတ်ကျနေမှုကို ပျောက်ကင်းစေခြင်းသည် ခရီးထွက်ခြင်းပင်ဖြစ်သည်ဟု Li က ယုံကြည်လျက်ရှိသည်။

“စက်ဘီးမစီးခင်က သူမအနေဖြင့် တခြားသူများအပေါ်အများကြီး မှီခို နေရပြီး တွင်းထဲက ဖားတစ်ကောင်လိုခံစားခဲ့ရသည်” ဟု သူမက ပြောပါသည်။ “ယခုတွင် သူမသည်လွတ်လပ်ပြီး ဘာကိုမျှမကြောက်သည့်၊ ကိုယ်ပိုင်လွတ်လပ်သော ဝံပုလွေတစ်ကောင်ပါ။” ဟု သူမ၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

ဂျိုးဘိုင်ဒင်အစိုးရက အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူ သုံးသန်းကျော်အား ချေးငွေ ဒေါ်လာ ၃၃၃ သန်း ထုတ်ပေးခဲ့ကြောင်းတွေ့ရှိဟုဆို

ဝါရှင်တန်၊ လူမှုဖူလုံရေး

ဂျိုးဘိုင်ဒင်ဦးဆောင်သည့် ယခင်အမေ ရိကန်အစိုးရသည် အသက် ၁၀၀ ကျော်အရွယ် သေဆုံးသူသုံးသန်းကျော်အားဒေါ်လာ ၃၃၃ သန်းကို ချေးငွေအဖြစ်ထုတ်ပေးခဲ့သည်ဟု အီလွန်မက်ဦးဆောင်သည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်လူမှုဖူလုံရေးအာဏာပိုင်အဖွဲ့သည်  ယခင်အစိုးရက  အကောင်အထည်ဖော်ဆောင်ခဲ့သည့် လူမှုဖူလုံရေး ဆိုင်ရာချေးငွေမှတ်တမ်းများကို ပြန်လည်စိစစ်ခဲ့ရာမှ အသက် ၁၂၀ ကျော်အရွယ် ချေးငွေစာရင်းဖွင့်ထားသူ ၃ ဒသမ ၂ သန်းကျော်အား ဂျိုးဘိုင်ဒင်အစိုးရက ချေးငွေများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျိုးဘိုင်ဒင်လက်ထက်    အမေရိကန်အာဏာပိုင်အဖွဲ့သည် ၎င်းအသက် ၁၂၀ ကျော်အရွယ် လူပုဂ္ဂိုလ်များအား အသက်ရှင်နေသူများအဖြစ် လူမှုဖူလုံရေးမှတ်တမ်းတွင်ရေးသွင်းထားပြီး ချေးငွေအဖြစ် ဒေါ်လာ၃၃၃ သန်းကို ထုတ်ပေးခြင်းဖြစ်သည်။

ချေးငွေပေးအပ်ခံရသူများအနက် တစ်ဦးမှာ အသက် ၁၅၇ နှစ်အရွယ် သေဆုံးသူ အမျိုးသား သက်ကြီးရွယ်အိုတစ်ဦးပါဝင်ပြီး ၎င်းအား အာဏာပိုင်များက ချေးငွေအဖြစ် ဒေါ်လာ   ၃၆၀၀၀   ပေးအပ်ခဲ့ကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်။

အစိုးရ၏အခွန်ဘဏ္ဍာများအနက်မှ ဒေါ်လာသန်းပေါင်းများစွာအား အသက် ၁၀၀ ကျော် သေဆုံးသူများအား ပေးအပ်ခဲ့ခြင်းအပေါ် ဒေါသဖြစ်ရသည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်မှုများသည် ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်မှ ကြွင်းကျန်သည့်  လိမ်ညာမှုတစ်ရပ်ဖြစ်သည်ဟု ၎င်းကဖော်ပြခဲ့သည်။

အဆိုပါအသက် ၁၀၀ ကျော် သေဆုံးသူလူပုဂ္ဂိုလ်များအား ယခုအခါ သေဆုံးသူများအဖြစ်  လူမှုဖူလုံရေးမှတ်တမ်းတွင်ရေးသွင်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Ref: Ivt