သတင်းများ

တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ် (၄) ဘီလီယံ နီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်

ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅) အတွင်း တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄) ဘီလီယံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ NP News ထံ ဖြေကြားချက်အရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဖွဲ့များ ဖွဲ့စည်း၍ ရှောင်တခင် စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ယခုကာလတွင် တရားမဝင်သုံးစွဲမှုများ လျော့နည်းပပျောက်စေရေးအတွက် စီမံချက်များ ထပ်မံရေးဆွဲကာ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် Spot/ Surprise Check အဖွဲ့များဖွဲ့စည်း၍ ထရန်စဖော်မာများ၊ မီတာများမှ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု ရှိ/မရှိ၊ ဓာတ်အားလိုင်းမှ တိုက်ရိုက်ခိုးယူသုံးစွဲခြင်း ရှိ/မရှိ၊ ဆင့်ပွားမီးသွယ်တန်းခြင်း ရှိ/မရှိ၊ အိမ်တွင်းသုံးပါဝါမီတာဖြင့် တရားမဝင်လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ၊ မီတာဖတ်ရှုမှု မှန်ကန်ခြင်းရှိ/မရှိ၊ သုံးစွဲပမာဏနှင့် ပေးသွင်းပမာဏ ကိုက်ညီမှု ရှိ/မရှိတို့အား လစဉ်မြေပြင်ကွင်းဆင်း၍ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက် နေကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် (၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇)မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ “(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇)မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေးငွေကျပ် (၃ ဒသမ ၉၅၉) ဘီလီယံရရှိခဲ့ပါတယ်။ စစ်ဆေးမှုများအရ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု (၅၅၈)မှု ဒဏ်ကြေးငွေကျပ် (၁ ဒသမ ၂၆၈) ဘီလီယံ ရရှိခဲ့ပြီး၊ မန္တလေးတိုင်းတွင် (၂၉၂) မှု ဒဏ်ကြေးငွေကျပ် (၁ ဒသမ ၉၀၂ ) ဘီလီယံနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် (၂၈၇) မှု၊ ဒဏ်ကြေးငွေကျပ် (ဝ ဒသမ ၇၈၈) ဘီလီယံရရှိခဲ့ပါသည်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများအား သုံးစွဲမှုပုံသဏ္ဌာန်အလိုက် စိစစ်ရာတွင် စက်မှုလုပ်ငန်းသုံးမှ တရားမဝင်သုံးစွဲမှု အများဆုံးတွေ့ရှိရကြောင်း သိရသည်။ တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲမှုများအား ဌာနမှ ဝန်ထမ်း ဟောင်းများနှင့် Disloyalty Civil Servant(DSC) များမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကို အများစုတွေ့ရပြီး အမှုဖွင့် အပြစ်ပေး အရေးယူမှုများ‌ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။ ထို့ပြင် သက်ဆိုင်ရာဌာနတွင်းမှ ဝန်ထမ်း များကိုလည်း အပြစ်ပေးအရေးယူမှုများ၊ ဌာနမှထုတ်ပယ်အရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အသိပေးထားသည်။

ကိုးကား-NP News 

အပူချိန်မြင့်တက်မှုက နှလုံးရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြ

အပူချိန်မြင့်တက်မှုသည် ဩစတြေးလျနိုင်ငံရှိပြည်သူများ၌ နှလုံးရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်က မတ်လ ၁၇ရက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ နှလုံးရောဂါဖြစ်ပွားမှုစုစုပေါင်း၏ ၇ ဒသမ ၃ ရာခိုင်နှုန်းသည် အပူချိန်မြင့်တက်မှုကြောင့်ဖြစ်သည်ဟု အဆိုပါလေ့လာမှုသစ်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း  အပူချိန်မြင့်တက်လာမှုကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အက်ဒဲလေးတက္ကသိုလ်နှင့် ဩစတြေးလျသုတေသနကောင်စီမှရှာဖွေလေ့လာမှုအစီအစဉ်က ထောက်ပံ့ပေးထားသည့်လေ့လာမှုတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း၌  အပူချိန်မြင့်တက်မှုအများဆုံးဒေသမှာ တောင်ပိုင်းဒေသဖြစ်ပြီး မြောက်ပိုင်းနယ်မြေများသည်  အပူချိန်မြင့်တက်မှုအနိမ့်ဆုံးဖြစ်ကြောင်း လေ့လာမှုအတွင်းဖော်ပြထားသည်။

ထို့ကြောင့်  လာမည့်အနာဂတ်တွင် အပူချိန်ဆက်လက်မြင့်တက်လာပါက နိုင်ငံအတွင်း၌  နှလုံးရောဂါဖြစ်ပွားသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး ၂၀၅၀ ပြည့်နှစ်ခန့်တွင် နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု သုတေသီများ ကခန့်မှန်းထားသည်။

ရာသီဥတုပူပြင်းချိန် သို့မဟုတ် အပူချိန်မြင့်တက်ချိန်တွင်  လူသားများ၏နှလုံးသည်  လူသားများအေးစေရန်အတွက် ပိုမိုအလုပ်လုပ်ဆောင်ရလေ့ရှိပြီး ထိုသို့လုပ်ဆောင်ရခြင်းသည်   အန္တရာယ်ရှိကြောင်း၊  အထူးသဖြင့်  နှလုံးရောဂါရှိသူများအတွက် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်းအက်ဒဲလေးတက္ကသိုလ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဆေးဝါးဌာနမှ သုတေသီတစ်ဦးဖြစ်သူ ဘိုင်ပန်ကပြောကြားထားသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေး ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက လာမည့်အနာဂတ်ကာလတွင်  နှလုံးရောဂါနှင့် သက်ဆိုင်သည့်   လူသေဆုံးမှုများကို ကမ္ဘာ့နိုင်ငံများ၌ လျှော့ချနိုင်မည့်အလားအလာရှိသည်ဟု ဘိုင်ပန်က ဆက်လက် ပြောကြားထားသည်။         

Ref: Xinhua

Source: https://myawady.net.mm/
 
တရုတ်၏ အာကာသမစ်ရှင်များအား အထောက်အကူပြုစေရန် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များထုတ်လုပ်မည်

တရုတ်နိုင်ငံ၏   အာကာသမစ်ရှင်များအတွက်   အထောက်အကူပြုစေရန် ဟောင်ကောင်အခြေစိုက်အာကာသစက်ရုပ်နည်းပညာနှင့်   စွမ်းအင်စင်တာအား တည်ထောင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းဟောင်ကောင်အထူးဒေသကြီးက ထုတ်ပြန်သည်။

အာကာသစက်ရုပ်နည်းပညာနှင့်စွမ်းအင်စင်တာအနေဖြင့် တရုတ်နိုင်ငံ၏ Change-8 မစ်ရှင်တွင် အဓိကအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ပြီး ထိုသို့ပါဝင်နိုင်ရန်အတွက် လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်သည့် စက်ရုပ်များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း  ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ယုဟုန်ယုက ပြောသည်။

ထို့ပြင် အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်မည့်စက်ရုပ်များတွင် နှစ်မျိုးအသုံးပြုနိုင်သည့် စက်ရုပ်လက်များကို တပ်ဆင်ထားမည်ဖြစ်သောကြောင့်  လကမ္ဘာ၏  မျက်နှာပြင်ပေါ်ရှိ နမူနာများကို စုဆောင်းနိုင်မည်ဖြစ်သည်။

အလားတူပင်လကမ္ဘာပေါ်ရှိ ကမ္ဘာမြေကြီး၏ ဆွဲငင်အားနည်းပါးမှုနှင့်ပတ်ဝန်းကျင်အခြေအနေပြင်းထန်မှုတို့ကို တုံ့ပြန်နိုင်ရေးအတွက်  စက်ရုပ်များအနေဖြင့်  ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုအပေါ် အခြေခံ၍ ၎င်းတို့ကိုယ်တိုင် အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်မည့်  ဆော့ဝဲလ်များကိုလည်း  အာကာသစက်ရုပ်နည်းပညာနှင့် စွမ်းအင်စင်တာက ထုတ်လုပ်လျက်ရှိသည်။                   

တောင်ကိုရီးယားတွင် ဆေးရုံ ၁၃ ရုံ၏ ကုသမှုပေးရန် ငြင်းဆိုခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူနာတင်ယာဉ်ပေါ်တွင် ကလေးမီးဖွားခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဆေးရုံ ၁၃ ရုံ၏ ငြင်းဆိုမှုကြောင့်   လူနာတင်ယာဉ်တစ်စီးအတွင်း၌ ကလေးမီးဖွားခဲ့ရကြောင်း အင်ချုန်ကယ်ဆယ်ရေး အာဏာပိုင်အဖွဲ့က မတ်လ  ၁၇ ရက်တွင် ပြောသည်။

အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးမှာအသက် ၃၀ ကျော်အရွယ်ရှိ ဗီယက်နမ်နိုင်ငံသား တစ်ဦးဖြစ်ပြီး မတ်လ  ၁၆ ရက် သန်းခေါင်ယံကျော်တွင် အင်ချုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ မေ့လဲသွားခြင်းကြောင့် ကျန်းမာရေးအာဏာပိုင်အဖွဲ့သို့ အကြောင်းကြားခဲ့သည်။

ယင်းနောက်  ကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းအား အင်ဟာတက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆေးရုံမှ ဝန်ထမ်းများက ၎င်းအမျိုးသမီးအား ကုသမှုပေးအပ်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင်  အနီးအနားရှိ  ဆေးရုံများကလည်း ၎င်းအား ကုသပေးရန် ငြင်းဆိုခဲ့ရာမှ  ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းအမျိုးသမီးအား လူနာတင်ယာဉ်တစ်စီးအတွင်းသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ၂ နာရီအကြာတွင် ၎င်းအမျိုးသမီးသည် ကျန်းမာသန်စွမ်းသည့် ကလေးငယ်တစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ဆေးရုံတစ်ရုံက ကလေးမွေးဖွားပြီးချိန်မှသာ ၎င်းအမျိုးသမီးအား ဆေးကုသမှုပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Ref: KT,ST

၁၆၈ နာရီ ရုပ်ရှင်ဇာတ်ကားကို မတ်လတတိယပတ်တွင် နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသမည်

ရန်ကုန်  မတ် ၁၇

BO BO Film မှရိုက်ကူးထုတ်လုပ်သည့် ၁၆၈ နာရီအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မတ်လတတိယပတ်တွင် နိုင်ငံတစ်ဝန်းအဆင့်မြင့် ရုပ်ရုင်ရုံကြီးများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူ သရုပ်ဆောင်ခင်လှိုင်ထံမှ သိရသည်။

အဆိုပါ ၁၆၈ နာရီအမည်ရှိ ရုပ်ရှင်ဇာတ်ကား၏ ဝတ္ထုဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို သက်ဦးမောင်က ရေးသားထားပြီး မင်းကိုစိုး(နတ်သံကွင်း)က ရိုက်ကွင်းဇာတ်ညွှန်း ရေးညွှန်းထားကာ ဒါရိုက်တာအိ (အရုဏ်ဦး) နှင့် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)တို့က BO BO Film အတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။

“ဒီဇာတ်ကားက သည်းထိတ်ရင်ဖို၊ အချစ်၊ စွန့်စားခန်း၊ ဟာသစသဖြင့် ရသစုံပေးမဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ ဦးခင်လှိုင်က ဘယ်နေရာက ပါဝင်ထားသလဲဆိုတော့ ဇင်မင်းထိုက်ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ပါဝင်ထားပါတယ်။ အဲ့ဒီမှာ ဇင်မင်းထိုက်က ကိုယ့်ကိုယ်ကိုယ် သေလို့သေသွားမှန်းမသိတဲ့ ဝိညဉ်တစ်ကောင်ပေါ့။ ဇာတ်ကားနာမည်က ၁၆၈ နာရီဆိုတော့ နည်းနည်းလေးဆန်းတယ်ပေါ့။ ကျွန်တော်တို့မြန်မာတွေရဲ့အယူအဆပေါ့ လူတစ်ယောက်ဟာ သေသွားပြီးလို့ ခုနစ်ရက်ပြည့်ရင် နာရီပေါင်း ၁၆၈ နာရီပြည့်ရင် သူရဲ့အိမ်ကနေစွန့်ခွာသွားရတယ်ဆိုတာမျိုးကို ရိုက်ပြထားတာပါ။ ပညာပေးလေးပါ။ ထူးထူးခြားခြားလေးမို့ ပရိသတ်တွေ ကြိုက်ကြမှာပါ” စု သရုပ်ဆောင် ခင်လှိုင်က ပြောပြသည်။

အဆိုပါ ၁၆၈ နာရီ ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ ကောင်းမြတ်စံ၊ မင်းဘုန်းမြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ မယ်လိုဒီ၊ ရတနာဗို၊ ဝေလာရီ၊ လှမျိုးသဉ္ဇာနွယ်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ထူးခြားသည့် သမ္မတ ပူတင် တောင်းဆိုသည့် အမေရိကန်-ရုရှား ဟော်ကီ ပြိုင်ပွဲ

မတ်လ ၁၈ ရက်နေ့တွင် အရှေ့အလယ်ပိုင်း အပစ်အခတ်ရပ်စဲရေးကိစ္စနှင့်စပ်လျဉ်းပြီး အမေရိကန်သမ္မတ ထရမ့် နှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုစဉ်အတွင်း သမ္မတ ပူတင်သည် အမေရိကန်နှင့် ရုရှားနိုင်ငံတော်အဆင့် ဟော်ကီပြိုင်ပွဲများ စီစဉ်ရန် အစီအစဉ်ကို သမ္မတ ထရမ့်က ထောက်ခံခဲ့သည်ကို တွေ့ရကြောင်း သတင်းရရှိပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

၅ မိနစ် အားသွင်းရုံဖြင့် မိုင် ၂၅၀ မောင်းနှင်နိုင်မည့် အားသွင်းစနစ် တရုတ် EV ကုမ္ပဏီ BYD က မိတ်ဆက်

ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ BYD က တရုတ်နိုင်ငံတွင် မတ်လ ၁၇ ရက်နေ့က အားသွင်းစနစ်အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး EV ကားဈေးကွက်တွင် ပြိုင်ဆိုင်မှုများကို ပိုမိုပြင်းထန်စေခဲ့ကာ Tesla အပါအဝင် အခြားပြိုင်ဘက်များထက် ပိုမို ရှေ့ရောက်စေခဲ့သည်။

ရှင်းကျန့်အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီက ၎င်းတို့၏ “Super E-Platform” ဟုအမည်ပေးထားသော စနစ်သည် ၎င်းတို့၏ နောက်ဆုံးပေါ် မော်ဒယ် EV ကားများကို မိနစ်အနည်းငယ်အတွင်း အားသွင်းနိုင်ပြီး မိုင် ၂၅၀ အထိ မောင်းနှင်နိုင်ကြောင်း ကြေညာခဲ့သည်။ နည်းပညာအသစ်ကို ပံ့ပိုးရန်အတွက် BYD သည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် အလွန်မြန်ဆန် သော အားသွင်းစက်ပေါင်း ၄,၀၀၀ ကို တည်ဆောက်ရန် စီစဉ်ထားသည်။

BYD ၏ အားသွင်းစနစ်အသစ်သည် လျှပ်စစ်ကားဈေးကွက်ကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ခု ဖြစ်သည်။ Tesla ၏ Superchargers သည် ၁၅ မိနစ် အားသွင်းပြီး မိုင် ၂၀၀ အထိ မောင်းနှင်နိုင်သည်။

“BYD ၏ ရည်မှန်းချက်မှာ လျှပ်စစ်ကားအားသွင်းခြင်းကို ဓာတ်ဆီကား တစ်စီးအား ဆီဖြည့်သည့်အမြန်နှုန်းနှင့်တူညီရေး လုပ်ဆောင်နိုင်ရန်ဖြစ်သည်" ဟု BYD ဥက္ကဋ္ဌ Wang Chuanfu က မိတ်ဆက်ပွဲတွင်ပြောကြားခဲ့သည်။ နောက်ဆုံးပေါ်အားသွင်းနည်းပညာဖြင့် ပြင်ဆင် ထားသော BYD ၏ မော်ဒယ်အသစ်များအတွက် ကြိုတင်မှာယူမှုများကို မတ်လ ၁၇ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး လာမည့်လမှစတင်၍ ပေးပို့ သွားမည်ဖြစ်သည်။

BYD ၏ ဟောင်ကောင်စတော့ဈေးကွက်ရှယ်ယာများသည် မတ်လ ၁၈ ရက်နေ့တွင် ၆% ကျော် တက်ခဲ့ပြီး အမြင့်ဆုံးစံချိန်သစ်တင်ခဲ့သည်။

Tesla ၏ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကားရောင်းချမှုသည် လွန်ခဲ့သည့် နှစ်က ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံတွင် ၎င်း၏ နည်းပညာဆန်းသစ်နိုင်မှုသည် အဓိကပြိုင်ဘက် BYD နောက်သို့ ကျန်ရစ်ခဲ့သည်။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အားသွင်းနည်းပညာအသစ်သည် ဆန်းသစ်တီထွင်မှုနှင့်စျေးနှုန်းနှစ်ခုစလုံးတွင် Tesla ထက် သာလွန်နေကြောင်း နောက်ဆုံးဖော်ပြမှုတစ်ခုဖြစ်သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနအနီးရှိ နေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေး သတိရှိရေး စသည်တို့ကို ရည်ရွယ်ပြီးမီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၁၈ ရက်၊ နံနက် (၁၀) နာရီ အချိန်က ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနအနီးရှိ နေအိမ် များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်းသိရသည် ။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဖိုများကို သတ်မှတ်ချိန်အတွင်းသာ မီးကို အသုံးပြုကြစေလိုကြောင်း၊ ထို့အပြင် နေအိမ်များတွင် မီးလောင်လွယ်သော လောင်စာများမထားရှိရေး၊ မီးချိတ် ၊ မီးကတ် ၊ သဲ ၊ ရေ ၊ လှေကားနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေး တို့ကို အကြံပြုဆွေးနွေး စစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက် တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေး အန္တရာယ်သရုပ်ပြခြင်း ၊ ပြည်သူလူထုအတွင်းမီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဦးရဲတင့် (ပြန် / ဆက်)

၀၉-၇၉၇၄၃၈၃၀၅

ဖင်လန်နိုင်ငံက အမေရိကန်၏ ကြက်ဥတင်ပို့ပေးရန်တောင်းဆိုမှုကို ငြင်းဆို

ဖင်လန်နိုင်ငံသည် ပို့ကုန်စည်းမျဉ်းစည်းကမ်းချက်များနှင့် ထောက်ပံ့ရေး ကန့်သတ်ချက်များကို အကြောင်းပြ၍ ကြက်ဥတင်ပို့ပေးရန် အမေရိကန်၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်ကြောင်း ဒေသခံသတင်းဌာန Yle က ဖော်ပြသည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) မှ ပြည်တွင်း ကြက်ဥဈေးနှုန်း များမြင့်တက်လာမှုကြောင့် EU ထုတ်ကုန်ရှင်များထံ ကြက်ဥတင်ပို့ရေး ညှိနှိုင်းစဉ် ဖင်လန်ကငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းထုတ်လုပ်မှု သိသာစွာလျော့ကျသွားပြီး အမေရိကန်ဈေးကွက်တွင် ကြက်ဥ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရကာ Bloomberg တွင်ဖော်ပြမှုအရ ဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်ကထက် ၂၀၀% တက်လာပြီး တစ်ဒါဇင်လျှင် ၈.၄၁ ဒေါ်လာဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဈေးကွက်တည်ငြိမ်စေရန် USDA မှ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ် အပါအဝင် ဥရောပနိုင်ငံများထံ သွင်းကုန်များအတွက် အကူအညီ တောင်းခံခဲ့သည်။ ဖင်လန်ကြက်မွေးမြူရေးအသင်းက ဆက်သွယ်ခံခဲ့ရကြောင်း အတည်ပြုခဲ့သော်လည်း လက်ရှိတွင်တင်ပို့မှုများ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် အမေရိကန် ကြက်မွေးမြူရေးခြံများကို ထိခိုက်စေခဲ့ပြီး အထူးသဖြင့် Iowa နှင့် Ohio ကဲ့သို့သော အဓိက ကြက်ဥ ထုတ်လုပ်သည့်ပြည်နယ်များတွင် ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ USDA သည် ဇီဝလုံခြုံရေးအစီအမံများနှင့် ဆုံးရှုံးသွားသော ကြက်မွေးမြူရေးလုပ်ငန်းများအတွက် လျော်ကြေးပေးခြင်းများဖြင့် ထိခိုက်နစ်နာခဲ့သောလယ်သမားများကို ထောက်ပံ့ရန်နှင့် အဆိုပါ အကျပ်အတည်းကိုဖြေရှင်းရန် ဒေါ်လာ ၁ ဘီလီယံအထိသုံးစွဲမည့် အစီအစဉ်များကို ကြေညာခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မြောက်မက်ဆီဒိုးနီးယားနိုက်ကလပ်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၅၁ ဦး သေဆုံး၊ ဦးရေ ၁၀၀ ကျော် ဒဏ်ရာရရှိ

စကော့ဂျီ  မတ် ၁၆

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ နိုက်ကလပ်တစ်ခု၌ မတ် ၁၅ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်၌ ဂီတဖျော်ဖြေပွဲတစ်ခုအတွက် ပရိသတ်ဦးရေ ၁၀၀၀ ကျော် စုဝေးနေချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများက ပြောကြားထားသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် နိုက်ကလပ်သည် ကိုကာနီအမည်ရှိ မြို့၌ တည်ရှိကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

ကိုကာနီမြို့ နိုက်ကလပ်အဆောက်အအုံမီးလောင်မှုကြောင့် လူ ၅၁ ဦးသေဆုံးခဲ့ရပြီး ဦးရေ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယား ပြည်ထဲရေးဝန်ကြီး တိုစကော့စကီးက ပြောကြားထားသည်။

နိုက်ကလပ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သူများကို ကိုကာနီမြို့ဆေးရုံနှင့် အနီးရှိ မြို့တစ်မြို့မှ ဆေးရုံများသို့ ခွဲဝေပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ဂီတဖျော်ဖြေပွဲ၌ အသုံးပြုသည့် မီးရှူးမီးပန်းများကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ထားကြောင်း  သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: The Journal