မေ ၁၄ ရက်တွင် ရာချီသည့် ဆန္ဒပြသူများသည် ဘန်ကောက်မြို့ရှိ မလေးရှားနိုင်ငံ သံရုံးရှေ့တွင် စုဝေးခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ၎င်း၏ အကြံပေးချုပ်အဖြစ် ခန့်အပ်ထားခြင်းအား ပြန်လည် သုံးသပ်ပေးရန် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် မလေးရှား ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြပါသည်။

ဆန္ဒပြခေါင်းဆောင်များက သံရုံးကိုယ်စားလှယ်ထံ သက်ဆင်သည် ၎င်း၏ ပြစ်ဒဏ်ကိုရှောင်ရှားရန်အတွက် နိုင်ငံရပ်ခြားသို့ ဆယ်စုနှစ် နှစ်ခုနီးပါး ထွက်ပြေးနေသော အဂတိလိုက်စားမှုများဖြင့် အပြစ်ရှိကြောင်း တရားစီရင်ခံထားရသောသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို တင်ပြခဲ့ကြသည်။
ကိုးကား- Thai PBS

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၄ရက် နံနက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တွင် ဆီးရီးယား သမ္မတသစ် အာမက် အယ်လ်ရှာရာနှင့် တွေ့ဆုံခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။
ထရမ့်သည် အာရပ်နိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ထိပ်သီး အစည်းအဝေးမတိုင်မီ ဆီးရီးယားသမ္မတသစ်နှင့် နာရီဝက်ခန့် စကားပြောဆိုခဲ့သည်ဟုဆိုသည်။

အဆိုပါတွေ့ဆုံမှုကို အိမ်ဖြူတော်က အသေးစိတ်မထုတ်ပြန်ခဲ့သော်လည်း အယ်လ်ကေဒါ အဖွဲ့ခွဲတစ်ခုကို ဦးဆောင်ခဲ့ဖူးပြီး ယင်းအဖွဲ့နှင့် အဆက် အသွယ်ဖြတ်ကာ ပုံရိပ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယား ခေါင်းဆောင်သစ်အတွက် သမ္မတထရမ့်နှင့် တွေ့ဆုံမှုသည် အလှည့်အပြောင်း တစ်ခု ဖြစ်လာသည်။
သမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်ကို ဆီးရီးယားခေါင်းဆောင်သစ်၏ မဟာမိတ်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖြုတ်ချပြီးနောက် ၎င်း၏အစိုးရအဖွဲ့သည် ဆီးရီးယားအပေါ် ကျန်ရှိနေသေးသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရန် ကြိုးပမ်းနေသည်။
၂၀၁၁ ခုနှစ်စတင်ခဲ့သည့် ဆန္ဒပြဆန့်ကျင်မှုများကို အာဆတ်အစိုးရက ရက်စက်စွာ နှိမ်နင်းမှုများကြောင့် ပြည်တွင်းစစ်အဖြစ်သို့ ရောက်ရှိသွားပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံခဲ့ရသည်။
ဥရောပနိုင်ငံများက ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုများကို လျှော့ချရန် လုပ်ဆောင်နေသော်လည်း အမေရိကန်က အလွှာပေါင်းစုံတွင် စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် ဆီးရီးယား၏ စီးပွားရေးပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။
ဆော်ဒီသို့ ရောက်နေသည့် သမ္မတထရမ့်သည် တူရကီသမ္မတ ရီဆပ် တေယပ် အာဒိုဂန်၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် တို့နှင့် တွေ့ဆုံပြီးနောက် ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန်လည်း ဆုံးဖြတ်ခဲ့သည်။
ကိုးကား- AFP
Photo: CNN

အီရန်နိုင်ငံသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ များ ပူးပေါင်းဆောင်ရွက်မည့် ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြုခဲ့ကြောင်း The New York Times သတင်းစာအရ သိရပါသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က မေ ၁၁ ရက် (တနင်္ဂနွေနေ့) က အိုမန်နိုင်ငံတွင် အမေရိကန်အထူးကိုယ်စားလှယ် ကိုယ်စားလှယ် စတီဗင် ဝစ်ကော့ဖ်ထံ ထိုအစီအစဉ်ကို အဆိုပြုခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။ ယင်းအစီအစဉ်မှာ အစ္စလာမစ်သမ္မတ နိုင်ငံ အနေဖြင့် ၎င်း၏နျူကလီးယားအစီအစဉ်အား အပြည့်အဝစွန့်လွှတ်ရန် အမေရိကန်၏ တောင်းဆိုချက်အတွက် အစားထိုးနည်းလမ်းတစ်ခုအဖြစ် ရှုမြင်ရပါသည်။ ထိုအကျိုးတူပူးပေါင်းရေးအဖွဲ့တွင် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကို ပါဝင်နိုင်သည့် နိုင်ငံများအဖြစ် ဖော်ပြထားပါသည်။
အီရန်၏ အဆိုပြုချက်တွင် နိုင်ငံသုံးနိုင်ငံပါဝင်သော နျူကလီးယား ပူးပေါင်းအဖွဲ့တစ်ခု ထူထောင်ရန် ပါဝင်ပြီး အီရန်က ယူရေနီယမ်ကို ၃.၆၇% အထိ ချဲ့ထွင်ကာ အခြားအာရပ်နိုင်ငံများသို့ အရပ်ဘက် ရည်ရွယ်ချက်များအတွက် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ ထို့အပြင် အမေရိကန် အပါအဝင် အခြားနိုင်ငံများမှ လေ့လာသူများကို အီရန်၏ နျူကလီးယားစက်ရုံများတွင် ထားရှိနေစေရန် အဆိုပြုထားပါသည်။ ယင်းနေ့တွင် အီရန်နှင့် အမေရိကန်တို့သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် အခြေအနေများ ဖြေရှင်းရန် စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပါသည်။
ကိုးကား - TASS
Photo: Apa.az
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ် မြို့၌ ကျင်းပမည်ဟု မျှော်မှန်းထားသော ဆွေးနွေးပွဲသို့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက်ပါက ၎င်းလည်း လာရောက် နိုင်ကြောင်း အမေရိကန်၏ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကီးသ်ကဲလော့ဂ်က ပြောကြားလိုက်ပါသည်။
“မိမိတို့အနေဖြင့် သမ္မတပူတင်လည်း ပါဝင်လာမည်ဟု မျှော်လင့်နေပါသည်၊ ဒါဆိုရင် သမ္မတထရမ့်လည်း လာတက်ရောက်မှာပါ။ ဒါဟာ တကယ့်ကို အံ့သြစရာ အစည်းအဝေးတစ်ခု ဖြစ်လာနိုင်ပါသည်” ဟု အထူးကိုယ်စားလှယ်က Fox Business သို့ ပြောကြားထားပါသည်။

မေလ ၁၁ ရက်၊ နံနက်စောစောပိုင်းတွင် ကရင်မလင်ရှိ သတင်းထောက်များအား ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၂၂ ခုနှစ်က ရပ်ဆိုင်းထားသည့် တိုက်ရိုက်ဆွေးနွေးပွဲများကို ကြိုတင်သတ်မှတ်ချက်များမပါဘဲ ပြန်လည် စတင်ရန် ယူကရိန်းအား အဆိုပြုကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဆွေးနွေးမှုစတင်ရန် အဆိုပြုထား ပါသည်။
အလားတူအချိန်တွင် ယူကရိန်းသမ္မတဇီလန်စကီးက ကြာသပတေးနေ့ (မေ ၁၅) ၌ တူရကီသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကယူကရိန်းအား ပူတင်၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုကို ချက်ချင်းလက်ခံရန် တိုက်တွန်းပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ကိုးကား- TASS

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနှင့်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပါဝင်စေလိုကြောင်း ယူကရိန်းခေါင်းဆောင်ဇီလန်စကီးက ပြောကြားခဲ့ပါသည်။

သို့သော်လည်း ပူတင်က အဆိုပါဆွေးနွေးပွဲကို တက်ရောက်ရန် ရှိ/မရှိ ဆိုသည်ကို ရုရှားဘက်မှ နှုတ်ဆိတ်နေသည်ဟုလည်း ဇီလန်စကီးက ပြောကြားခဲ့ပါသည်။ လာမည့် မေလ(၁၅)ရက်တွင် အစ္စတန်ဘူလ်မြို့၌ လုပ်ဆောင်ရန်စီစဉ်ထားသည့်ဆွေးနွေးပွဲသည် ရုရှား-ယူကရိန်းစစ်ပွဲစတင် ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့်ယူကရိန်းအရာရှိများအကြား ပထမဆုံး တိုက်ရိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ၎င်းကိုယ်တိုင်တက်ရောက်မည်ဟု ဇီလန်စကီးက ပြောကြားထားသော်လည်း ရုရှားအစိုးရဘက်မှ မည်သူ့ကိုစေလွှတ်မည်ဆိုသည်ကို ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရပါသည်။
ဒေါ်နယ်ထရမ့်က “မိမိ၏တက်ရောက်မှုက အကူအညီဖြစ်စေမည် ဆိုပါက ထိုဆွေးနွေးပွဲမှာ ပါဝင်သွားမှာပါ” ဟု ပြောဆိုခဲ့ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးရယူနိုင်ရန်အတွက် လက်ရှိရရှိထားသော အခွင့်အလမ်းကို ဆုပ်ကိုင်ကြရန် ရုရှားနှင့်ယူကရိန်းတို့ကို တူရကီသမ္မတအာဒိုဂန်က တိုက်တွန်းခဲ့သည်ဟုလည်း သိရပါသည်။
ကိုးကား- NP News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန်ရည်ရွယ်သည့် အိုမန်တွင် ကျင်းပဆဲ ဆွေးနွေးပွဲများ မအောင်မြင်ပါက အီရန်၏ ရေနံတင်ပို့မှုကို သုညအထိ လျှော့ချမည်ဟု ခြိမ်းခြောက်လိုက်သည်။ ၂၀၁၈ ခုနှစ်တွင် ထရမ့်သည် တီဟီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ လျှော့ချပေးရန် နျူကလီးယား အစီအစဉ်ကို ကန့်သတ်သည့် သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့သည်။

“အကယ်၍ အီရန်ခေါင်းဆောင်များက အဆိုပါငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုကို ငြင်းပယ်ပါက မိမိတို့အနေဖြင့် အကြီးမားဆုံးသော ဖိအားပေးမှုများကို အီရန်အပေါ်ကျရောက်စေရန် အီရန်၏ရေနံတင်ပို့မှုကို သုည အထိလျှော့ချရန်အပြင် အခြားရွေးချယ်စရာမရှိ” ဟု ထရမ့်က အင်္ဂါနေ့ (မေ ၁၃) တွင် ရီယက်မြို့၌ ကျင်းပသော ဆော်ဒီ-အမေရိကန် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတက ၂၀၁၈ ခုနှစ်တွင် ၎င်းချမှတ်ခဲ့သည့် အီရန်၏ စီးပွားရေးပြိုလဲလုမတတ် ဒဏ်ခတ်မှုများကို တက်ရောက်လာသူများအား အသိပေးပြောကြားခဲ့သည်။ “မိမိလုပ်ခဲ့သည့်အတွက် အီရန်သည် လက်တွေ့ တွင် ဒေဝါလီခံနေရသည့် နိုင်ငံဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဝါရှင်တန်၏ ဒဏ်ခတ်မှုများကြောင့် အီရန်နိုင်ငံသားများ အရေးကြီးသော ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိကြောင်း အစီရင်ခံခဲ့သည်။ အစီရင်ခံစာတွင် “အမေရိကန်၏ ပြင်းထန်သော ဒဏ်ခတ်မှုများနှင့် အရေးယူမှုများကို ကြောက်ရွံ့သောကြောင့်” ထုတ်လုပ်သူများ၊ သင်္ဘောလုပ်ငန်းရှင်များ၊ အာမခံကုမ္ပဏီများနှင့် ဘဏ်များသည် အီရန်နှင့် စီးပွားရေးလုပ်ကိုင်ရန် မဝံ့မရဲဖြစ်နေကြောင်း ဖော်ပြထားသည်။ ၎င်းက “ကြောက်ရွံ့မှု၊ နာကျင်မှုနှင့် အချိန်မတန်မီ သေဆုံးမှုများ” ကို ဖြစ်စေခဲ့သည်ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘပ်စ် အရာ့ချီက အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် “ပိုမိုကောင်းမွန်သော နားလည်မှု” ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
Photo: The Hindu
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့အကြား စေ့စပ်ညှိနှိုင်းမှုများကို ကရင်မလင်နန်းတော်တွင် စတင် ဆွေးနွေးလျက်ရှိပါသည်။
“မလေးရှားသည် မိမိတို့၏ကာလကြာရှည် ယုံကြည်စိတ်ချရပြီး အရေးကြီးသည့် မိတ်ဖက်ဖြစ်ပါသည်” ဟု ရုရှားသမ္မတက အစပိုင်းတွင် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကုန်သွယ်ရေး-စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးရန်နှင့် ရုရှား-မလေးရှား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် ခြေလှမ်းများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ကိုးကား- ကရင်မလင်
Photo: The Moscow Times

ကာ့ဒ်အလုပ်သမားများပါတီ (PKK) ကို ဖျက်သိမ်းလိုက်ပြီး တူရကီနိုင်ငံကို နှစ်ပေါင်းလေးဆယ်ကျော် လက်နက်ကိုင်တိုက်ခိုက်နေခြင်းကို အဆုံးသတ်လိုက်ပြီဟု မေလ ၁၂ ရက်တွင် ကြေညာခဲ့ကြောင်း ကာ့ဒ် လိုလားသော ANF သတင်းဌာနက ဖော်ပြခဲ့သည်။
“၁၂ ကြိမ်မြောက် PKK ပါတီကွန်ဂရက်က PKK ၏ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံကို ဖျက်သိမ်းပြီး ပါတီ၏လက်နက်ကိုင် လှုပ်ရှားမှုနည်းလမ်းကို အဆုံးသတ်ပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်” ဟု PKK က လွန်ခဲ့သော သီတင်းပတ်တွင် ပါတီညီလာခံကျင်းပခဲ့ပြီးနောက် ထုတ်ပြန်သောထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၁၉၉၉ ခုနှစ်ကတည်းက အစ္စတန်ဘူလ်အလွန် ကျွန်းတစ်ကျွန်းတွင် အကျဉ်းချခံထားရသော PPK ပါတီခေါင်းဆောင် အဗ္ဗဒူလာအိုကာလန်၏ တောင်းဆိုချက်အတိုင်း ပါတီကိုဖျက်သိမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
PKK တိုက်ခိုက်ရေးသမားများ လက်နက်စွန့်ပြီး ပါတီအားဖျက်သိမ်းရန် အဗ္ဗဒူလာအိုကာလန်က ဖေဖော်ဝါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်ရန် PKK က ပါတီညီလာခံကျင်းပရန် အိုကာလန်က ပေးစာထဲ၌ တိုက်တွန်းခဲ့သည်။ ပါတီ ခေါင်းဆောင်ပိုင်းက ၎င်း၏တိုက်တွန်းမှုကို လက်ခံခဲ့သည်။
ကိုးကား- Eleven

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် (တနင်္လာနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါသည်။ မဲရုံပေါင်း ၁၈,၀၀၀ ကျော်၌ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈ သန်းတို့၏ ဆန္ဒမဲများသည် တိုင်းပြည်၏အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂ ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု BBC က မေလ ၁၁ ရက် တွင် ရေးသားထားပါသည်။ ရွေးကောက်ပွဲသည် “ဘွန်းဘွန်း”ဟု အများသိကြသည့် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ လက်ရှိ ဒုတိယ
ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် (တနင်္လာနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါသည်။ မဲရုံပေါင်း ၁၈,၀၀၀ ကျော်၌ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈ သန်းတို့၏ ဆန္ဒမဲများသည် တိုင်းပြည်၏အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂ ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု BBC က မေလ ၁၁ ရက် တွင် ရေးသားထားပါသည်။ ရွေးကောက်ပွဲသည် “ဘွန်းဘွန်း”ဟု အများသိကြသည့် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ လက်ရှိ ဒုတိယသမ္မတ ဆာရာ ဒူတာတေးတို့ အကြား ပြင်းထန်သည့် ယှဉ်ပြိုင်မှုလည်းဖြစ်ပါသည်။
အထက်လွှတ်တော်၌ ဘောင်ဘောင်၏ အမတ်အရေအတွက် ပိုမိုများပြားလာမည်ဆိုပါက ဆာရာဒူတာတေးအပေါ် နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုနှင့် စွပ်စွဲအပြစ်တင်ရန် အခွင့်အလမ်းကို တိုးမြင့်စေမည်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းအရ ယခုရွေးကောက်ပွဲသည် အဖွဲ့ဝင် ၃၁၇ ဦးပါ ကွန်ဂရက်လွှတ်တော်အမတ်များ၊ ရာပေါင်းများစွာသော အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့် မြို့တော်ကောင်စီဝင်များကို ရွေးချယ်မည်ဖြစ်ပြီး မကြာမီ တရားဝင်မဟုတ်သော ရလဒ်များ ထွက်ပေါ် လာဖွယ်ရှိပါသည်။ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်များသည် အောက်လွှတ်တော်၏ ဆုံးဖြတ် ချက်များကို အတည်ပြုခြင်း/ငြင်းပယ်ခြင်း၊ ၃ ပုံ ၂ ပုံ ထောက်ခံမဲ (၁၆ မဲ) ရရှိလျှင် ထင်ရှားသည့် စွပ်စွဲပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခွင့်အာဏာရှိပြီး အထက်လွှတ်တော်အမတ်များ ထဲမှ ရွေးကောက်တင်မြှောက်ခံရသည့် အောက်လွှတ်တော်ဥက္ကဋ္ဌသည် ထုံးတမ်းစဉ်လာအရ ဒုတိယသမ္မတပြီးလျှင် နိုင်ငံရေးအာဏာဆက်ခံသူဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၌ ရွေးချယ်ခံရသည့် လက်ရှိအဖွဲ့ဝင် ၂၄ ဦးပါ အထက်လွှတ်တော်၏ ထက်ဝက်သည် ၂၀၂၈ ခုနှစ်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို ရွေးချယ်ကြမည်ဖြစ်သည်။ အဆိုပါ ၁၂ ဦးအနက်မှ ၄ ဦးသည် ခြောက်နှစ်သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်အရ ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ ၇ ဦးက ပြန်လည် ယှဉ်ပြိုင်နေပါသည်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးမှလွဲ၍ လက်ရှိသမ္မတ ဘွန်းဘွန်းအပါအဝင် နောက်ဆုံးသမ္မတ ၅ ဦးအနက် ၄ ဦးသည် အထက်လွှတ်တော်အမတ်အဖြစ်မှ တက်လှမ်းလာခဲ့ကြသူများဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ် သမ္မတ၊ ဒုတိယသမ္မတရာထူးနေရာအတွက် ချိန်ရွယ် နိုင်သည့် နိုင်ငံရေးလှုပ်ရှားမှုဟုလည်း ဆိုနိုင်ပါသည်။ ဒီမိုကရေစီဆန္ဒမဲစနစ်ရွေးကောက်ပွဲများ နီးကပ်လာသည့်အခါ ဖြစ်နေကျအတိုင်း နိုင်ငံရေးမဟာမိတ်အုပ်စုများအတွင်း ရုတ်ရုတ်သဲသဲဖြစ်ခြင်း၊ အလွယ်တကူ “သာကူး မှန်ပြောင်း” များလည်း ဖြစ်ပွားနေပါသည်။
ထူးခြားချက်အနေဖြင့် နယ်သာလန် နိုင်ငံ၊ သည်ဟိတ်မြို့ ICC တရားရုံး၌ အမှုရင်ဆိုင်နေရသည့် အသက် ၈၀ အရွယ် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် မိုင်ထောင်ချီကွာဝေးသည့် ၎င်း၏ဇာတိ ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်သူ စာရင်းဝင်နေခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရိုဒရီဂိုဒူတာတေး၏ ဖိလစ်ပိုင် နိုင်ငံရေးအတွင်း တကျော့ပြန်ဝင်လာမည့် ခြေလှမ်းပင်ဖြစ်ပါသည်။ လက်ရှိသမ္မတ ဘွန်းဘွန်း မားကို့စ်၏ အစ်မအရင်းဖြစ်သူ လက်ရှိ အောက်လွှတ်တော်အမတ် အင်မီမားကို့စ်သည် ဒူတာတေး အုပ်စုဘက် ထောက်ခံသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါသည်။ အင်မီသည် သူမ၏မောင် ဘွန်းဘွန်း မကောင်းကြောင်းကို တစ်ကြိမ်တစ်ခါမျှ မပြောခဲ့သကဲ့သို့ ဘောင်ဘောင်ကလည်း ၎င်း၏အစ်မ အင်မီ မကောင်းကြောင်း မပြောခြင်းသည် ဖိလစ်ပိုင် ယဉ်ကျေးမှုတွင် မောင်နှမချင်း ဝေဖန်တိုက်ခိုက်မှုကို မုန်းတီးလေ့ရှိသည့်အတွက်ဖြစ်နိုင်ပါသည်။ ဒူတာတေး အုပ်စုဘက်မှ ထိပ်တန်း ထင်ကြေးပေးခံရသူ ၂ ဦးသည် သမ္မတဟောင်းလက်ထက် မူးယစ်ဆေးဝါးစစ်ပွဲကာလ လက်သံပြောင်လွန်းသောကြောင့် ဝေဖန်စွပ်စွဲခံထားရသူများဖြစ်ပါသည်။ ဘွန်းဘွန်းမားကို့စ်ဘက်တွင် ကမ္ဘာသိ လက်ဝှေ့ကျော် “မန်နီပက်ကွီယို” က တစ်ပြေးနေပါသည်။ သြဇာအာဏာ၊ဆက်လက်ရှင်သန်ရေး၊လက်စားချေခြင်း ပဋိပက္ခ နိမိတ်များ ထင်ဟပ်နေသည့် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲ၏အောက်လွှတ်တော် အမတ်နေရာ ၃၁၇ နေရာအတွက် ၂၅၄ နေရာကို ခရိုင်တစ်ခုစီက တိုက်ရိုက်မဲပေးမည်ဖြစ်ပြီး ကျန် ၆၃ နေရာကို ပါတီက ရွေးချယ်ရန် ရှိနေပါသည်။

မော်လ်ဒိုဗာသမ္မတ မာရီယာ ဆန်းဒူး က အနောက်တိုင်းရေးရာမူဝါဒကို ကန့်ကွက်သူများ များလာနေသော်လည်း ၎င်း၏နိုင်ငံသည် ၂၀၂၈ ခုနှစ် မတိုင်မီ ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်နိုင်ကြောင်း ပြောကြား ခဲ့သည်။

ရုရှားကို ထောက်ပြဝေဖန်သူ ဆန်းဒူး သည် ၂၀၂၀ ပြည့်နှစ်တွင် အာဏာရလာပြီးနောက် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဖြစ်သည့် မော်လ်ဒိုဗာ သည် EU နှင့် NATO အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀၂၂ ခုနှစ် တွင် ယူကရိန်းနှင့်အတူ EU ဝင်ရန် အဆင့်မြှင့်တင်ခံခဲ့ရပြီး၊ ယမန်နှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သည့် ဆန်းဒူးသည် EU သို့ အမြန်ဆုံးဝင်ရောက်နိုင်ရေး အားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
တနင်္လာနေ့ (မေ ၁၂) က TV8 ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ EU သို့ ဝင်ရောက်မည့်အချိန်ကို မေးမြန်းရာတွင် ဆန်းဒူးက ၂၀၂၇ နှစ်ကုန် တွင် ညှိနှိုင်းဆွေးနွေးမှုများ ပြီးဆုံးရန် ရည်မှန်းထားကြောင်း ဖြေကြားခဲ့ သည်။
“၂၀၂၈ ခုနှစ်မတိုင်မီတွင် EU အဖွဲ့ဝင်နိုင်ငံအားလုံးက မိမိတို့၏ သဘောတူညီချက်များကို အတည်ပြုပြီးဖြစ်မည် ဟု မျှော်လင့်ပါသည်။ ထိုသို့ဖြင့် လက်ရှိဥရောပကော်မရှင်၏ သက်တမ်းကုန်ဆုံးချိန် ၂၀၂၉ ခုနှစ်အထိ လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်မည်” ဟု သူမက ဆိုသည်။
Ursula von der Leyen ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ဥရောပကော်မရှင် ၏ သက်တမ်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ မှ ၂၀၂၉ ခုနှစ်အထိ ဖြစ်သည်။