သတင်းများ

ထရမ့်က “EU က တရုတ်ထက်ပိုဆိုး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဥရောပသမဂ္ဂ (EU) အား ကုန်သွယ်ရေးအရ “တရုတ်ထက်ပင် ပိုမိုဆိုးရွားသည့်အဖွဲ့” အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဧပြီလအစောပိုင်းတွင် ဝါရှင်တန်သည် EU ကုန်ပစ္စည်းအားလုံးကို ၂၀% အကောက်ခွန်နှင့် ကားနှင့်သတ္တုတင်သွင်းကုန်များကို ၂၅% အကောက်ခွန် စီမံချက်များ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အကောက်ခွန် ရက် ၉၀ ခေတ္တရပ်ဆိုင်းမည်ဟု ကြေညာသော်လည်း အခြေခံ ၁၀% နှင့် အထူးကား အကောက်အခွန် ၂၅% တို့မှာ သဘောတူညီချက်မရမချင်း ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည်။

“ဥရောပသမဂ္ဂသည် တရုတ်ထက် အများကြီးပိုဆိုးပါသည်” ဟု ထရမ့်က တနင်္လာနေ့ (မေ ၁၂) တွင် အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

“EU က ကုန်သွယ်မှုကဏ္ဍတွင် မိမိတို့ကို တရားမျှတမှုကင်းမဲ့စွာ ဆက်ဆံခဲ့ပါသည်။ ၎င်းတို့က မိမိတို့ထံ ကားအစီးရေ ၁၃ သန်းရောင်းပါသည်။ မိမိတို့က ၎င်းတို့ထံ တစ်စီးမျှ မရောင်းပါ။ ၎င်းတို့က စိုက်ပျိုးရေးထွက်ကုန် တွေရောင်းပါသည်။ မိမိတို့က ၎င်းတို့ဆီ လုံးဝနီးပါးမရောင်းပါ” ဟု သမ္မတက ဆိုပြီး ဘရပ်ဆဲလ်သည် “Apple၊ Google၊ Meta အပါအဝင်အမေရိကန်ကုမ္ပဏီကြီးများကို တရားစွဲနေပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ထရမ့်က “အမေရိကန်၌ အလုံးစုံအာဏာရှိနေခြင်းကြောင့် EU အနေဖြင့် များစွာလျှော့ချလာရမည်” ဟု ခန့်မှန်းထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကာ့ဒ်အလုပ်သမားများပါတီ (PKK) က ပါတီ ဖျက်သိမ်းပြီး တူရကီကို လက်နက်ကိုင်တော်လှန်ခြင်းအား အဆုံးသတ်

ကာ့ဒ်အလုပ်သမားများပါတီ (PKK) ကို ဖျက်သိမ်းလိုက်ပြီး တူရကီနိုင်ငံကို နှစ်ပေါင်းလေးဆယ်ကျော် လက်နက်ကိုင်တိုက်ခိုက်နေခြင်းကို အဆုံးသတ်လိုက်ပြီဟု မေလ ၁၂ ရက်တွင် ကြေညာခဲ့ကြောင်း ကာ့ဒ် လိုလားသော ANF သတင်းဌာနက ဖော်ပြခဲ့သည်။

“၁၂ ကြိမ်မြောက် PKK ပါတီကွန်ဂရက်က PKK ၏ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံကို ဖျက်သိမ်းပြီး ပါတီ၏လက်နက်ကိုင် လှုပ်ရှားမှုနည်းလမ်းကို အဆုံးသတ်ပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်” ဟု PKK က လွန်ခဲ့သော သီတင်းပတ်တွင် ပါတီညီလာခံကျင်းပခဲ့ပြီးနောက် ထုတ်ပြန်သောထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၁၉၉၉ ခုနှစ်ကတည်းက အစ္စတန်ဘူလ်အလွန် ကျွန်းတစ်ကျွန်းတွင် အကျဉ်းချခံထားရသော PPK ပါတီခေါင်းဆောင် အဗ္ဗဒူလာအိုကာလန်၏ တောင်းဆိုချက်အတိုင်း ပါတီကိုဖျက်သိမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

PKK တိုက်ခိုက်ရေးသမားများ လက်နက်စွန့်ပြီး ပါတီအားဖျက်သိမ်းရန် အဗ္ဗဒူလာအိုကာလန်က ဖေဖော်ဝါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်ရန် PKK က ပါတီညီလာခံကျင်းပရန် အိုကာလန်က ပေးစာထဲ၌ တိုက်တွန်းခဲ့သည်။ ပါတီ ခေါင်းဆောင်ပိုင်းက ၎င်း၏တိုက်တွန်းမှုကို လက်ခံခဲ့သည်။

ကိုးကား- Eleven

ICC ရောက် ဒူတာတေး၏ နိုင်ငံရေး တကျော့ပြန် ခြေလှမ်း

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် (တနင်္လာနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါသည်။ မဲရုံပေါင်း ၁၈,၀၀၀ ကျော်၌ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈ သန်းတို့၏ ဆန္ဒမဲများသည် တိုင်းပြည်၏အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂ ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု BBC က မေလ ၁၁ ရက် တွင် ရေးသားထားပါသည်။ ရွေးကောက်ပွဲသည် “ဘွန်းဘွန်း”ဟု အများသိကြသည့် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ လက်ရှိ ဒုတိယ

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် (တနင်္လာနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါသည်။ မဲရုံပေါင်း ၁၈,၀၀၀ ကျော်၌ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈ သန်းတို့၏ ဆန္ဒမဲများသည် တိုင်းပြည်၏အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂ ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု BBC က မေလ ၁၁ ရက် တွင် ရေးသားထားပါသည်။ ရွေးကောက်ပွဲသည် “ဘွန်းဘွန်း”ဟု အများသိကြသည့် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သူ လက်ရှိ ဒုတိယသမ္မတ ဆာရာ ဒူတာတေးတို့ အကြား ပြင်းထန်သည့် ယှဉ်ပြိုင်မှုလည်းဖြစ်ပါသည်။

အထက်လွှတ်တော်၌ ဘောင်ဘောင်၏ အမတ်အရေအတွက် ပိုမိုများပြားလာမည်ဆိုပါက ဆာရာဒူတာတေးအပေါ် နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုနှင့် စွပ်စွဲအပြစ်တင်ရန် အခွင့်အလမ်းကို တိုးမြင့်စေမည်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းအရ ယခုရွေးကောက်ပွဲသည် အဖွဲ့ဝင် ၃၁၇ ဦးပါ ကွန်ဂရက်လွှတ်တော်အမတ်များ၊ ရာပေါင်းများစွာသော အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့် မြို့တော်ကောင်စီဝင်များကို ရွေးချယ်မည်ဖြစ်ပြီး မကြာမီ တရားဝင်မဟုတ်သော ရလဒ်များ ထွက်ပေါ် လာဖွယ်ရှိပါသည်။ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်များသည် အောက်လွှတ်တော်၏ ဆုံးဖြတ် ချက်များကို အတည်ပြုခြင်း/ငြင်းပယ်ခြင်း၊ ၃ ပုံ ၂ ပုံ ထောက်ခံမဲ (၁၆ မဲ) ရရှိလျှင် ထင်ရှားသည့် စွပ်စွဲပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခွင့်အာဏာရှိပြီး အထက်လွှတ်တော်အမတ်များ ထဲမှ ရွေးကောက်တင်မြှောက်ခံရသည့် အောက်လွှတ်တော်ဥက္ကဋ္ဌသည် ထုံးတမ်းစဉ်လာအရ ဒုတိယသမ္မတပြီးလျှင် နိုင်ငံရေးအာဏာဆက်ခံသူဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၌ ရွေးချယ်ခံရသည့် လက်ရှိအဖွဲ့ဝင် ၂၄ ဦးပါ အထက်လွှတ်တော်၏ ထက်ဝက်သည် ၂၀၂၈ ခုနှစ်အထိ ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို ရွေးချယ်ကြမည်ဖြစ်သည်။ အဆိုပါ ၁၂ ဦးအနက်မှ ၄ ဦးသည် ခြောက်နှစ်သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်အရ ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ ၇ ဦးက ပြန်လည် ယှဉ်ပြိုင်နေပါသည်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးမှလွဲ၍ လက်ရှိသမ္မတ ဘွန်းဘွန်းအပါအဝင် နောက်ဆုံးသမ္မတ ၅ ဦးအနက် ၄ ဦးသည် အထက်လွှတ်တော်အမတ်အဖြစ်မှ တက်လှမ်းလာခဲ့ကြသူများဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ် သမ္မတ၊ ဒုတိယသမ္မတရာထူးနေရာအတွက် ချိန်ရွယ် နိုင်သည့် နိုင်ငံရေးလှုပ်ရှားမှုဟုလည်း ဆိုနိုင်ပါသည်။ ဒီမိုကရေစီဆန္ဒမဲစနစ်ရွေးကောက်ပွဲများ နီးကပ်လာသည့်အခါ ဖြစ်နေကျအတိုင်း နိုင်ငံရေးမဟာမိတ်အုပ်စုများအတွင်း ရုတ်ရုတ်သဲသဲဖြစ်ခြင်း၊ အလွယ်တကူ “သာကူး မှန်ပြောင်း” များလည်း ဖြစ်ပွားနေပါသည်။ 

ထူးခြားချက်အနေဖြင့် နယ်သာလန် နိုင်ငံ၊ သည်ဟိတ်မြို့ ICC တရားရုံး၌ အမှုရင်ဆိုင်နေရသည့် အသက် ၈၀ အရွယ် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် မိုင်ထောင်ချီကွာဝေးသည့် ၎င်း၏ဇာတိ ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်သူ စာရင်းဝင်နေခြင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရိုဒရီဂိုဒူတာတေး၏ ဖိလစ်ပိုင် နိုင်ငံရေးအတွင်း တကျော့ပြန်ဝင်လာမည့် ခြေလှမ်းပင်ဖြစ်ပါသည်။ လက်ရှိသမ္မတ ဘွန်းဘွန်း မားကို့စ်၏ အစ်မအရင်းဖြစ်သူ လက်ရှိ အောက်လွှတ်တော်အမတ် အင်မီမားကို့စ်သည် ဒူတာတေး အုပ်စုဘက် ထောက်ခံသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါသည်။ အင်မီသည် သူမ၏မောင် ဘွန်းဘွန်း မကောင်းကြောင်းကို တစ်ကြိမ်တစ်ခါမျှ မပြောခဲ့သကဲ့သို့ ဘောင်ဘောင်ကလည်း ၎င်း၏အစ်မ အင်မီ မကောင်းကြောင်း မပြောခြင်းသည် ဖိလစ်ပိုင် ယဉ်ကျေးမှုတွင် မောင်နှမချင်း ဝေဖန်တိုက်ခိုက်မှုကို မုန်းတီးလေ့ရှိသည့်အတွက်ဖြစ်နိုင်ပါသည်။ ဒူတာတေး အုပ်စုဘက်မှ ထိပ်တန်း ထင်ကြေးပေးခံရသူ ၂ ဦးသည် သမ္မတဟောင်းလက်ထက် မူးယစ်ဆေးဝါးစစ်ပွဲကာလ လက်သံပြောင်လွန်းသောကြောင့် ဝေဖန်စွပ်စွဲခံထားရသူများဖြစ်ပါသည်။ ဘွန်းဘွန်းမားကို့စ်ဘက်တွင် ကမ္ဘာသိ လက်ဝှေ့ကျော် “မန်နီပက်ကွီယို” က တစ်ပြေးနေပါသည်။ သြဇာအာဏာ၊ဆက်လက်ရှင်သန်ရေး၊လက်စားချေခြင်း ပဋိပက္ခ နိမိတ်များ ထင်ဟပ်နေသည့် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲ၏အောက်လွှတ်တော် အမတ်နေရာ ၃၁၇ နေရာအတွက် ၂၅၄ နေရာကို ခရိုင်တစ်ခုစီက တိုက်ရိုက်မဲပေးမည်ဖြစ်ပြီး ကျန် ၆၃ နေရာကို ပါတီက ရွေးချယ်ရန် ရှိနေပါသည်။

ကိုးကား- NP News

တရုတ်နိုင်ငံ သမ္မတနှင့် ကျူးဘားနိုင်ငံ သမ္မတတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက် ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က လတ်တလာနှစ်ပိုင်းအတွင်း မိမိသည် အဆွေတော် သမ္မတနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကျူးဘားဆက်ဆံရေးကို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမို နက်ရှိုင်းသော၊ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မြဲသော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက် ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က လတ်တလာနှစ်ပိုင်းအတွင်း မိမိသည် အဆွေတော် သမ္မတနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကျူးဘားဆက်ဆံရေးကို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမို နက်ရှိုင်းသော၊ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မြဲသော အဆင့်သစ်သို့ ဝင်ရောက်လာရန် အတူတကွ ဦးဆောင်ခဲ့ကြကြောင်း ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ကျူးဘား သံတမန်ဆက်ဆံရေးထူထောင်သည့် ၆၅ နှစ်မြောက် အခါသမယဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့်အတူ သံမဏိသဖွယ် ခိုင်မြဲသည့်ချစ်ကြည်ရေးကို တစ်ဆင့်တိုး ခိုင်မာအောင်လုပ်ဆောင်၍ ပိုမိုနီးကပ်သော တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ ဆိုရှယ်လစ်စနစ်နိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ရိုးသားစွာ အပြန်အလှန် ဖေးမကူညီခြင်း၏ စံနမူနာအဖြစ် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အလွှာစုံသွားလာဆက်ဆံမှုကို မြှင့်တင်ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းအောင်၊ လက်တွေ့ကျလာအောင် လုပ်ဆောင်ခြင်းဖြင့် အဆင့်မြင့်နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို တရုတ်-ကျူးဘား ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံဆက်ဆံရေး၏ သိသာထင်ရှားသော အမှတ် သင်္ကေတအဖြစ် အစဉ်အမြဲဖြစ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ခြင်း၊ ပြည်ပစွက်ဖက်မှုများနှင့် ပိတ်ဆို့မှုများအား ဆန့်ကျင်ခြင်းကို အခိုင်အမာ ထောက်ခံအားပေး၍ ကျူးဘားနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံ အားပေးကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးပါသည့်အဖွဲ့ဝင်အနေဖြင့် နှစ်ဖက်က BRICS ၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စသည့် မူဘောင် အတွင်းမှာ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို မြှင့်တင်၍ အင်အားသုံးနိုင်ငံရေးနှင့် တစ်ဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်မှုကို ဆန့်ကျင်ကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

Miguel Diaz-Canel က ကျူးဘားနှင့် တရုတ်နိုင်ငံသည် ရင်းနှီးသောမိတ်ဆွေနှင့် ညီအစ်ကို ဖြစ်ကြောင်း၊ တရုတ် နိုင်ငံက ကာလကြာရှည်စွာ ကျူးဘားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးမှုများကို ကျူးဘားနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား၍ ပြည်သူများ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုကို တိုးမြှင့်ကာ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ညှိနှိုင်းတွဲဖက်လုပ်ဆောင် သွားလိုကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို နက်ရှိုင်းစွာဖော်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် တွန်းအားပေးသွားလိုကြောင်း၊ ကျူးဘားနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တစ်ဖက်သတ် ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို အတူတကွဆန့်ကျင်၍ နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

မှီငြမ်း ။ Xinhua

ရုရှား-တရုတ်ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေး၏ စစ်မှန်သော စံနမူနာဖြစ်သည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ သမ္မတ ပူတင်က မေ ၁၁ ရက် နံနက်ပိုင်းတွင် မီဒီယာများအား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှား-တရုတ်ဆက်ဆံရေးသည် နိုင်ငံများအကြား ဆက်ဆံရေး၏ “စစ်မှန်သော စံနမူနာ” ဖြစ်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

ပူတင်သည် ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြီးစီးချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မေ ၇ ရက်မှ ၁၀ ရက်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ပြီး အဓိကဧည့်သည်တော်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ်စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တက်ရောက် ခဲ့ကြောင်း၊ ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် နိုင်ငံများအကြား ဆက်ဆံရေး၏ “စစ်မှန်သော စံနမူနာ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များသည် “အလွန်ပြည့်ဝသော ရလဒ်များ ရရှိသည့် တွေ့ဆုံဆွေးနွေးမှု” လုပ်ဆောင်ခဲ့ပြီး ပူးတွဲကြေညာချက်ကို အတူလက်မှတ်ရေးထိုးခဲ့ကြောင်း ပူတင်က ပြန်လည်အောက်မေ့ ပြောကြားခဲ့သည်။ ရုရှား-တရုတ် နှစ်နိုင်ငံသည် စွမ်းအင်၊ ကုန်သွယ်ရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများနှင့် စပ်လျဉ်း၍ အစိုးရကြား၊ ဝန်ကြီးဌာနများကြား သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

မော်စကိုနှင့် ပေကျင်းတို့က ဒုတိယကမ္ဘာစစ်အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းသည် နက်နဲသော အမှတ်သင်္ကေတ ပြုလောက်သည့် အနက်အဓိပ္ပာယ်ရှိပြီး ဖြစ်သင့်ဖြစ်ထိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် “ဒီနိုင်ငံ နှစ်နိုင်ငံရဲ့ ပြည်သူတွေက အဆိုးရွားဆုံး စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ရပြီး အတူတကွအောင်မြင်မှုအတွက် ကြီးမားသော စတေးခံမှုများ လုပ်ဆောင်ခဲ့ရခြင်း” ကြောင့်ဖြစ်သည်ဟု ပူတင်က ထောက်ပြပြောကြားခဲ့သည်။

ကိုးကား- Xinhua

အီရန်က အမေရိကန်၏ လက်မခံနိုင်သော နျူကလီးယား တောင်းဆိုချက်ကို ပယ်ချ

အိုမန်နိုင်ငံတွင် ကျင်းပသည့် နောက်ဆုံးအဆင့် အပြေးအလွှား ဆွေးနွေးပွဲ များအတွင်း အီရန်သမ္မတ Masoud Pezeshkian က ၎င်း၏နိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန် အမေရိကန်၏ အဓိက တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ ၎င်းက အီရန်၏ နျူကလီးယား လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးရည်ရွယ်ချက်သာ ဖြစ်ကြောင်း ဇောင်းပေးပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ (မေ ၁၁) က ကျင်းပသည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် သမ္မတ Pezeshkian က တီဟီရန်သည် ဝါရှင်တန်နှင့် ပြန်လည် ထိတွေ့ ဆက်ဆံရေးအတွက် “အလေးအနက်” ရှိကြောင်း ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးကို လိုလားသောကြောင့် မိမိတို့အနေဖြင့် အလေးအနက် ထားကာ ညှိနှိုင်းဆွေးနွေးနေပါသည်” ဟု ၎င်းက ဆိုသည်။

သို့သော် နျူကလီးယား အခြေခံအဆောက်အအုံနှင့်ပတ်သက်သည့် အမေရိကန် ၏ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး “လက်မခံနိုင်” ဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် အီရန်သည် “အဆိုပါငြိမ်းချမ်းသော လုပ်ဆောင်ချက်များကို အားကောင်းစွာ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။

ထိုအတောအတွင်း အီရန်၏ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အိုမန်နိုင်ငံ မတ်စ်ကတ်တ်မြို့တွင် အမေရိကန်နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲ များတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် “ပိုမို ကောင်းမွန်သော နားလည်မှု” ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

“စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲသည် ယခင်အကြိမ်သုံးကြိမ်ထက် ပိုမို အလေးအနက်ထားပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ခဲ့ပါသည်” ဟု Araghchi က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ယခင်က အထွေထွေအခြေအနေများကိုသာ ဆွေးနွေးခဲ့ရာမှ အခုအခါတွင် ပိုမို အသေးစိတ်ကျသော ကိစ္စရပ်များကို စတင်ဆွေးနွေးနိုင်ခဲ့ပြီ” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခင်ဆွေးနွေးပွဲများကို “အပြုသဘောဆောင်သော” ဆွေးနွေးပွဲများအဖြစ် သုံးသပ်ခဲ့သည်။

Araghchi က ယူရေနီယမ် ချဲ့ထွင်ခြင်းနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းတို့သည် အီရန်၏ သဘောထားအတွက် အလွန်အရေးကြီးကြောင်း အားလုံး သိအောင် ပြောကြားခဲ့သည်။ “မိမိ၏ အမြင်အရ ယူရေနီယမ် ချဲ့ထွင်ခြင်းသည် မုချဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ပြီး ထိုနေရာတွင် လုံးဝ အရှုံးပေးမည် မဟုတ်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ယုံကြည်မှု တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် ချဲ့ထွင်မှု၏ အဆင့်နှင့် အတိုင်းအတာ ကို အချို့သော ကန့်သတ်ချက်များနှင့် လုပ်ဆောင်နိုင်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်၏ ယူရေနီယမ်ချဲ့ထွင်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ထိုလုပ်ငန်းစဉ်များသည် အီရန်အား လက်နက်အဆင့်မီ ယူရေနီယမ်ကို အလျင်အမြန် ထုတ်လုပ် နိုင်ရန် အခြေအနေဖန်တီးပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ တီဟီရန်ကမူ ၎င်းတို့သည် နျူကလီးယားဗုံးထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမည်မဖော်လိုသော အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက CNN သို့ “ဆွေးနွေးပွဲများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းနှစ်မျိုးဖြင့် ထပ်မံကျင်းပခဲ့ပြီး ဝါရှင်တန်သည် ယနေ့ရရှိခဲ့သော ရလဒ်ကို အားရကျေနပ်မှုရှိပြီး အနာဂတ်တွင် ကျင်းပမည့် နောက်ထပ် အစည်းအဝေးကို မျှော်လင့်နေကြောင်း” ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဖက်စလုံးသည် ယခုအခါ “နည်းပညာဆိုင်ရာ အချက်အလက်များ” ကို အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော အီရန် နျူကလီးယား သဘောတူညီချက်မှ သုံးနှစ်အကြာတွင် တစ်ဖက်သတ်ထွက်ခွာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အား နျူကလီးယားလက်နက်များ ရရှိခြင်းမှကာကွယ်ရန် ထိုသဘောတူညီချက်က အထောက်အကူမပြု ဟု ငြင်းဆိုခဲ့သည်။ ထိုသဘောတူညီချက်တွင် အီရန်၏ နျူကလီးယား လုပ်ငန်းစဉ်များကို ကန့်သတ်ရန် သဘောတူညီမှုအပေါ် အခြေခံ၍ အီရန် အပေါ်မှ အရေးယူပိတ်ဆို့မှုများ လျှော့ချပေးရန် ပါဝင်ခဲ့သည်။

ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် အမေရိကန်က ခွင့်ပြုဖွယ်ရှိနေ

ဆော်ဒီအာရေဗျတွင် ပြုလုပ်မည့် ပင်လယ်ကွေ့-အမေရိကန် ထိပ်သီး အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုချက်ပေးလိမ့်မည်ဟုအမည်မဖော်လိုသည့် သံတမန်သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာအချို့ကဖော်ပြလာပါသည်။ 

ပါလက်စတိုင်းကို ရုရှားနှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှရှိ နိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားသော်လည်း အနောက်ဥရောပနိုင်ငံ အများစု၊ အစ္စရေးနှင့် အမေရိကန်တို့က ၎င်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်းမရှိပေ။ ပါလက်စတိုင်းတို့ကို နိုင်ငံတည်ထောင်ခွင့်ပေးလိုက်ခြင်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် နိုင်ငံ အများ အပြားက အသိအမှတ်ပြုထားကြပါသည်။

“သမ္မတ Donald Trump က ပါလက်စတိုင်းနိုင်ငံတော်နှင့်ပတ်သက်၍ အမေရိကန်က အသိအမှတ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး၊ ဟားမက်အဖွဲ့ မပါဘဲ ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မည်” ဟု အမည် မဖော်လိုသော ပင်လယ်ကွေ့သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ အဆိုပါသတင်း ထွက်ပေါ်လာသည့် သတင်းရင်းမြစ်အား ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် အရှေ့ အလယ်ပိုင်းတွင် အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေမည့် အရေးကြီးဆုံးသော ကြေညာချက်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက် ပြောပါသည်။ 

အဆိုပါသတင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်တော်များများ၌ လှုပ်လှုပ်ရှားရှား ဝေဖန်အကြံပြုမှုများက အွန်လိုင်းပေါ်တွင် ညံစီနေပါသည်။ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးက လုံးဝဖြစ်နိုင်ချေမရှိကြောင်း ငြင်းဆိုထားပါသည်။ အကယ်၍ ထရမ့်က အဆိုပါကြေညာချက်ကို ထုတ်ပြန်လိုက်ပါက အလွန်ကြီးကျယ်သော အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါသည်။ အပြုသဘောဆောင်သည့် ကြေညာချက်ဖြစ်နိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။

ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသမ္မတ သက်တမ်းတွင် အစ္စရေးနိုင်ငံ၏ မြို့တော်ကို တဲ့လ်အဗစ်မှ အနောက်ဂျေရုစလင်သို့ ပြောင်းရွှေခွင့်ပြုလိုက်သကဲ့သို့ ယခု အရှေ့ဂျေရုစလင်သည် ပါလက်စတိုင်းမြို့တော် ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်နေကြပါသည်။

ကိုးကား- MNP

ရုရှားသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို မကြောက်ရွံ့ ဟုဆို

ကရင်မလင်က အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ “ရုရှားနိုင်ငံသည် အဆိုပါအရေးယူမှုများကို လုံးဝ မကြောက်ရွံ့ပါ” ဟု ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က “မိမိတို့သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ကြာမြင့်စွာ ရင်ဆိုင်ဖူးပြီးဖြစ်ပြီး ထိုအရာများသည် မိမိတို့၏စီးပွားရေးကို မတုန်လှုပ်စေနိုင်ပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ပိတ်ဆို့မှုများသည် အနောက်နိုင်ငံများ၏ ကိုယ်ကျိုး စီးပွားကိုသာ ထိခိုက်စေမည်ဖြစ်ပြီး ရုရှားသည် မိမိ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးအတွက် မည်သည့်အရာကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက အနောက်ဥရောပအာမခံစနစ်များပြင်ပတွင် လုပ်ကိုင်နေသည့် ရေနံတင်သင်္ဘောဟောင်း ၁၀၀ အထိ ပိတ်ဆို့စာရင်းသွင်းခဲ့သည်။ ယူကရိန်းပဋိပက္ခ သုံးနှစ်ကျော်ကြာ ပြင်းထန်လာသည့်ကာလအတွင်း ဗြိတိသျှအစိုးရအဆက်ဆက်က ရုရှားနိုင်ငံသားများနှင့် လုပ်ငန်းများအပေါ် ဒဏ်ခတ်အရေးယူမှု ၂,၀၀၀ ကျော် ချမှတ်ခဲ့သည်။

မော်စကိုက အဆိုပါလုပ်ရပ်သည် ရုရှား၏စီးပွားရေးကို မထိခိုက်စေဘဲ ဥရောပတွင် စွမ်းအင်စျေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုကို ပိုမိုမြင့်တက်စေမည်ဟု ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ရုရှားကုမ္ပဏီများနှင့် နိုင်ငံသားများအပေါ် စုစုပေါင်း ဒဏ်ခတ်အရေးယူမှု ၂၈,၅၉၅ ခု ချမှတ်ခဲ့ကြောင်း၊ ၎င်းမှာ အခြားနိုင်ငံအားလုံးပေါင်းထက်ပင် ပိုမိုများပြားကြောင်း ဖော်ပြခဲ့သည်။ သမ္မတ၏ အဆိုအရ အနောက်နိုင်ငံများက ရုရှားကို ပြိုင်ဘက်အဖြစ်မှ ဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း ဖိအားအောက်တွင် ရုရှား၏ စီးပွားရေးမှာ ပိုမို ခိုင်မာလာခဲ့သည်။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၀ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦးက လတ်တလောကာလများတွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှု အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယက-ပါကစ္စတန် Nur Khan လေတပ် စခန်း စသည့်အဆောက်အဦများကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပါကစ္စတန်ဘက်က “Operation Bunyan-ul-Marsoos” စစ်ရေးလှုပ်ရှားမှု စတင်လိုက်ပြီဖြစ်သည်ဟု ပါကစ

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု အရှိန်အဟုန်မြှင့်တက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေ ၁၀ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦးက လတ်တလောကာလများတွင် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှု အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ မေ ၁၀ ရက် နံနက်ပိုင်းတွင် အိန္ဒိယက-ပါကစ္စတန် Nur Khan လေတပ် စခန်း စသည့်အဆောက်အဦများကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ရာ လက်ရှိတွင် ပါကစ္စတန်ဘက်က “Operation Bunyan-ul-Marsoos” စစ်ရေးလှုပ်ရှားမှု စတင်လိုက်ပြီဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံက ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ သုံးသပ် ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံဘက်က လက်ရှိ အိန္ဒိယ-ပါကစ္စတန် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဖြစ်ရပ်အခြေအနေ အရှိန်အဟုန် မြင့်တက်လာမှုအပေါ် များစွာစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအခင်းအကျင်းကြီးကို အဓိကထား၍ ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ်ရှိကြရန်၊ ငြိမ်းချမ်းရေးနည်းလမ်းဖြစ်သည့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိကြရန်၊ တင်းမာမှု အခြေအနေ တစ်ဆင့်တိုး အရှိန်မြင့် တက်စေမည့် လှုပ်ရှားမှုများကို ရှောင်ရှားကြရန် အပြင်းအထန် တိုက်တွန်းကြောင်း၊ ယင်းမှာ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးရှိစေသည့်အပြင် နိုင်ငံတကာအသိုက်အဝန်း၏ အများမျှော်လင့်ချက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထို့အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မှီငြမ်း။ Xinhua

ဖိလစ်ပိုင်၌ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲများအတွက် ပြည်သူများ မဲပေးနေကြပြီး အထက်လွှတ်တော် ရွေးကောက်ပွဲအပေါ်အာရုံစိုက်နေကြ

ဖိလစ်ပိုင်နိုင်ငံမှ မဲဆန္ဒရှင်များသည် တနင်္လာနေ့ (မေ ၁၂) တွင် သက်တမ်း ဝက်ကာလရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါသည်။ ဒုသမ္မတ Sara Duterte အပေါ် စွဲချက်တင်ရေးအဆိုကို စစ်ဆေးရန်ရှိနေသည့် အထက် လွှတ်တော်အတွက် ယှဉ်ပြိုင်မှုများအပေါ် ပိုမို အာရုံစိုက်နေကြသည်။

သမ္မတ၏ ၆ နှစ်သက်တမ်း ထက်ဝက်ကာလတွင် နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် နှစ်ခုလုံး၌ သက်တမ်းဝက်ကာလရွေးကောက်ပွဲများကို ကျင်းပခြင်းဖြစ်သည်။ မဲဆန္ဒရှင်များသည် အထက်လွှတ်တော် အမတ်နေရာ ၂၄ ခု၏ ထက်ဝက်နှင့် အောက်လွှတ်တော် အမတ်နေရာအားလုံးအပြင် ဒေသန္တရအုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့် အခြားဒေသဆိုင်ရာ ရာထူးများအတွက် မဲပေးရွေးချယ်ကြသည်။

Sara Duterte နှင့် သမ္မတ Ferdinand Marcos Jr. တို့အကြား သဘောထားကွဲလွဲမှုသည် ပိုပြီးနက်ရှိုင်းလာခဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ထုတ်ပြန်သည့် ဖမ်းဝရမ်းနှင့် Sara Duterte ၏ ဖခင်ဖြစ်သူ သမ္မတ ဟောင်း Rodrigo Duterte ကို ဖမ်းဆီးခဲ့ခြင်းမျိုး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၎င်းတို့အကြား သဘောထားကွဲလွဲနေသည်။

ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းအပါအဝင် Sara Duterte အပေါ် ဖေဖော်ဝါရီလတွင် အောက်လွှတ်တော်က စွဲချက်တင်ရေး အဆိုတင်သွင်းခဲ့သည်။

၎င်းအပေါ် စွဲချက်တင်ရေး အဆိုကို အထက်လွှတ်တော်က ဇူလိုင်လ အစောပိုင်းတွင် စတင်စစ်ဆေးရန် စီစဉ်ထားပြီး အထက်လွှတ်တော် အမတ် ၂၄ ဦးထဲမှ အနည်းဆုံး သုံးပုံနှစ်ပုံက ၎င်းတွင်အပြစ်ရှိသည်ဟု ဆုံးဖြတ်မည်ဆိုပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂