သတင်းများ

ဆူဒန်၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆူဒန်နှင့် ရုရှားအစိုးရတို့သဘောတူ

ဆူဒန်နိုင်ငံ၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆွေးနွေးမှုများ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီး Ali Youssef Ahmed Al-Sharif က ထုတ်ပြန်ကြေညာခဲ့ပါသည်။

Ali Youssef Ahmed Al-Sharif က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဤကိစ္စသည် လွန်စွာရိုးရှင်းကြောင်းနှင့် အားလုံးသဘောတူညီပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သော အဆိုပါ သဘောတူညီချက်သည် ရုရှားရေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြု အဆောက်အဦတစ်ခုဖန်တီးမှုကို အလေးပေး ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။ အဆိုပါရေတပ်အခြေစိုက်စခန်းတွင် သင်္ဘောများပြုပြင်မှုနှင့် ပြန်လည်ထောက်ပံ့ရေးတို့အတွက် အချက်အချာ နေရာတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

ထို့အပြင် ရေတပ်အခြေစိုက်စခန်းအတွင်းတွင် ဝန်ထမ်းအင်အား ၃၀၀ အထိ ထားရှိသွားမည်ဖြစ်ပြီး ရုရှားသင်္ဘော ၄ စင်းကို တစ်ချိန်တည်း၌ စခန်းချခွင့်ပြုထားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ကိုးကား-NP News

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) စတင်

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Hotel Bayerischer Hof တွင် တရားဝင်စတင်ခဲ့ပြီး ကမ္ဘာ့ပြဿနာများကို ဆွေးနွေးရန် အဆင့်မြင့်နိုင်ငံရေးသမားများ၊ ဆန်းစစ်သူများ၊ အနောက်နိုင်ငံမီဒီယာများနှင့် လုံခြုံရေးကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ယူကရိန်းပဋိပက္ခကို အဓိကထား ဆွေးနွေး ကြမည်ဖြစ်သည်။

သမ္မတ Vladimir Putin ၏ ၂၀၀၆ ခုနှစ်က NATO ၏ချဲ့ထွင်မှုကို သတိပေးခဲ့သည့် ကျော်ကြားသောမိန့်ခွန်းပြောကြားခဲ့ရာ ဤညီလာခံသို့ ရုရှား အရာရှိများကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် အမေရိကန်နှင့် ရုရှားအရာရှိများသည် မြူးနစ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ညီလာခံပြင်ပ တွေ့ဆုံကြမည်ဟု ကြေညာခဲ့ပြီး ယူကရိန်း ကိုလည်းပါဝင်ရန် ဖိတ်ကြားခဲ့သည်။ Vladimir Zelensky က မည်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့်မှ ဆွေးနွေးရန် မျှော်လင့်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

အဓိကတက်ရောက်သူများတွင် အမေရိကန်ဒုသမ္မတ J.D. Vance၊ NATO အထွေထွေအတွင်းရေးမှူး Mark Rutte နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ပါဝင်သည်။

ကိုးကား-RT

၁၀နှစ်သက်တမ်းရှိ ကာကွယ်ရေးသဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုးရန် မိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း ကြေညာ

ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်၊။ ထိုသို့တွေ့ဆုံချိန် ခေါင်းဆောင်နှစ်ဦးသည် အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ထို့ပြင် နှစ်နိုင်ငံအကြား ၁၀ နှစ်ကြာမြင့်မည့် ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်မူဘောင်အသစ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း ခေါင်းဆောင်နှစ်ဦးက ကြေညာလိုက်ကြပြီး ရက်အတိအကျ ပြောပြထားခြင်း မရှိချေ။

မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် အဓိက ခြေလှမ်းဖြစ်သည့် ယခုခရီးစဉ်တွင် အမေရိကန်ထုတ် တိုက်လေယာဉ် များ၊ တင့်ကားများ၊ ရဟတ်ယာဉ်များ အိန္ဒိယက တိုးမြှင့်ပိုင်ဆိုင်လာမှုကို ခေါင်းဆောင်နှစ်ဦးလုံးက ကြိုဆိုလိုက်ကြသည်။ 

Made in India မူဝါဒအရ အမေရိကန်နှင့်ပူးပေါင်း၍ တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်များ၊ ကြည်းတပ်တိုက်ခိုက်ရေးယာဉ်များ အိန္ဒိယ ပြည်တွင်းဖြစ် ပူးတွဲထုတ်လုပ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာအတွင်းထောက်လှမ်းမှု ပိုမိုအားကောင်းလာစေရန် အမေရိကန်ထံမှ P-81 ရေကြောင်း ကင်းလှည့်လေယာဉ်ခြောက်စီးကို အိန္ဒိယက ထပ်မံဝယ်ယူမည် ဖြစ်ပါသည်။                                                   ကိုးကား- India Times

Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် ဒေါ်နယ်ထရမ့် လာရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် နိုင်ငံတော်ခေါင်းဆောင်များကို ဖိတ်ကြား ထားပြီး တချို့ခေါင်းဆောင်များက ဖိတ်ကြားချက်ကို လက်ခံကြောင်း အတည်ပြုထားသည်။

အထူးသဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်ကို လက်ခံပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသည် ရုရှားနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်သူများအတွက် အထူးအရေးပါလှသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါအခမ်းအနားကို တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာကြိုဆိုမည်ဖြစ်ကြောင်း ရုရှား သမ္မတ က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

ကိုးကား- ကရင်မလင်

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပအဖွဲ့အတွက် ထိုင်ခုံနေရာ မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား

ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှားနှင့် အမေရိကန် တို့နှင့်အတူ ဥရောပခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုစားပွဲတွင် ဝင်ထိုင်ရန်အခွင့်အရေး မရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် က ပြောကြားခဲ့သည်။ 

၎င်း၏ ပြောကြားချက်များမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့၏ ဖုန်းဆက်သွယ်မှုအပြီး ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာရာကာလပ်စ်၏ ထုတ်ပြန်ချက် အပေါ်တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

ကာလပ်စ်၏ ထုတ်ပြန်ချက်တွင် ဥရောပနှင့် ယူကရိန်းတို့၏ ပြဿနာ ဖြေရှင်းရေး ဆွေးနွေးမှုများတွင် ပါဝင်လာစေရန်   EU၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ အီတလီ၊ စပိန်နှင့် ဗြိတိန်တို့ကို တိုက်တွန်းပါကြောင်း ဖော်ပြထား ပါသည်။ 

ကိုးကား- Politico

ဒေါ်နယ်ထရမ့်အပေါ် အမေရိကန် ဖက်ဒရယ် တရားစီရင်ရေးက အာဏာကန့်သတ်နိုင်မလား 

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတဖြစ်လာပြီးနောက် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမိန့်များစွာကို လက်မှတ်ရေးထိုး ထုတ်ပြန်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အစပိုင်းက  သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်များအပေါ်  ဖက်ဒရယ် တရားသူကြီးများက ခေတ္တဆိုင်းငံထားခြင်း၊ အတည်မပြုဘဲ တားမြစ်ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထိုအခြေအနေများကြောင့် အစိုးရအဖွဲ့အနေဖြင့် ဖက်ဒရယ်တရားစီရင်ရေးကို မည်သို့ ဆန့်ကျင် ဖီဆန်နိုင်ပြီး  တရားသူကြီးများအပေါ်လည်း မည်သို့ တုံ့ပြန် ဆောင်ရွက်မည်ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာနေပါသည်။ 

ဖက်ဒရယ်တရားသူကြီးများ ခေတ္တတားမြစ်ထားသည့်အမိန့်များတွင် အစိုးရ အသုံးစရိတ်လျှော့ချခြင်း၊ ဝန်ထမ်းများအား အလုပ်ထုတ်ခြင်းနှင့် မွေးဖွားမှုအခွင့်အရေးအရ နိုင်ငံသားအသိအမှတ်ပြုခြင်းကို ကန့်သတ်သည့် အမိန့် စသည်တို့ပါဝင်နေပါသည်။

အစိုးရအဖွဲ့က တရားရုံး၏အမိန့်ကို မလိုက်နာက ဖက်ဒရယ်အစိုးရ၏ အာဏာခွဲဝေမှုကို ထိခိုက်စေနိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးထားကြပြီး ၁၈၇၂ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော United States v. Klein စီရင်ထုံးအရ တရားရုံးသည် သမ္မတအာဏာကို ကန့်သတ်နိုင်ကြောင်း ဆိုထားကြပါသည်။                         

ကိုးကား- The Times

ရုရှား - အမေရိကန် ခေါင်းဆောင်အချင်းချင်း ဖုန်းဆက်သွယ်ပြောကြားမှုက ဥရောပ သဘောထားကို လျစ်ရှုပြုလိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုမြင့်တက်

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဆက်သွယ်ပြောကြားမှုမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အရေးကြီးသော ပြောင်းလဲမှုတစ်ရပ်အဖြစ် ဖော်ပြနေ ကြောင်း၊ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် အဓိက ပါဝင်သူ အဖြစ် ထရမ့်က သတ်မှတ်ထားခြင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။

ကမ္ဘာ့ဩဇာညောင်း မီဒီယာများဖြစ်သည့် Bloomberg၊ The Economist၊ The Financial Times သတင်းဌာနများ၏ အဆိုအရ ယူကရိန်းနှင့် ဥရောပတို့သည် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ ထရမ့်က ပူတင်နှင့် သဘောတူညီမှုရရှိသွားမည်ကို စိုးရိမ်နေကြသည်။

နောက်ပိုင်း အမေရိကန်က ယူကရိန်းအပေါ် သဘောတူညီချက်ရရှိပါက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးနိုင်သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများကလည်း ယူဆနေကြကြောင်း TASS က ဖော်ပြထား ပါသည်။ 

ကိုးကား- TASS

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီက ရုရှားသမ္မတ ဗလာ ဒီမာပူတင်အား အမေရိကန်ဦးဆောင်သောစစ်ဘက်အုပ်စု (နေတိုး)၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်လာပါက မော်စကိုအား ချေမှုန်းပစ်မည် ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးခဲ့ပါသည်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီ ကဲ့သို့သော နေတိုးအဖွဲ့၏ ထိပ်တန်း အကြီးအကဲများကို ရုရှားက ချုပ်ကိုင်နိုင်ရန်အတွက် အစီစဉ်ချ လုပ်ဆောင် နေကြောင်း စွပ်စွဲထားပြီး ပူတင်က အဓိပ္ပာယ်မရှိသောစွပ်စွဲချက်များဟု ငြင်းဆိုထားခဲ့သည်။ 

ရက်တီက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ယခုနှစ်အတွင်း ခက်ခဲသော ဆုံးဖြတ်ချက် အချို့ကို ပြုလုပ် နေရပြီး တိုင်းပြည်ဝင်ငွေ၏ ၂ % ထက် ပိုမိုထည့်ဝင်ရန် လိုအပ်သည်ဟု တိုက်တွန်းခဲ့ပါသည်။ ဥရောပနိုင်ငံများတွင် အရည်အသွေးကောင်းမွန်သော လက်နက်ထုတ်လုပ်သူများ ရှိသော်လည်း အလုံအလောက် မထုတ်လုပ် နိုင်သေးကြောင်းနှင့် အဆိုပါပြဿနာကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဒိန်းမတ် ထောက်လှမ်းရေးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့်အစီရင်ခံစာတွင် ရုရှား၏တိုက်ခိုက်လာနိုင်မှုနှင့်ပတ်သက်၍ နေတိုး၏ အစီအမံ ၊ ယူကရိန်းပဋိပက္ခကို ရပ်တန့်နိုင်ရေးအစီအမံနှင့် နေတိုး၏ ကာကွယ်ရေးစရိတ်တိုးမြှင့်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအခြေအနေကို ထည့်သွင်းစဉ်းစားထားမှု ရှိ/မရှိ ဟူသော မေးခွန်းများနှင့်အတူ ရုရှားက ဥရောပကို ကြီးမားသော ထိုးစစ်ဆင် နိုင်ကြောင်းလည်း ပါဝင်သည်ဟု သိရှိရပါသည်။

တရုတ်က ထရမ့်နှင့်ပူတင်တို့၏ ဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလို

ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆိုပြုခဲ့သည်ဟု Wall Street Journal က ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မော်စကိုနှင့်ကိယက်ဗ် အကြား ပဋိပက္ခ အဆုံးသတ် နိုင်ရေး အကောင်အထည်ဖော်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်ဆောင်ရွက်ရန် လိုလားလျက်ရှိပြီး ၎င်း၏လမ်းပြမြေပုံကို တင်ပြ ထားခဲ့သည်။

ထရမ့် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိပြီး ပထဆုံးအကြိမ်အဖြစ် ပူတင်နှင့် တယ်လီဖုန်းမှတစ်ဆင့် အချိန်ကြာမြင့်စွာဆွေးနွေးခဲ့ပြီး လွန်စွာအကျိုးရှိသည့် ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့သည်ဟု ထရမ့်ကဆိုသည်။

ယူကရိန်းနှင့် ပဋိပက္ခအတွက် ချက်ချင်းစတင်နိုင်ရေး ၎င်းနှင့် ပူတင်တို့ သဘောတူညီခဲ့ကြကြောင်းလည်း ထရမ့်က ပြောကြားခဲ့ပါသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း၊ တရုတ်တာဝန်ရှိသူများသည် နှစ်နိုင်ငံခေါင်းဆောင်များကြား ထိပ်သီးဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် အကြံပြုကာ အလားအလာရှိသော အပစ်အခတ်ရပ်စဲပြီးနောက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် ကူညီပေးရန် ထရမ့် အဖွဲ့အား ကြားခံများမှတစ်ဆင့် အဆိုပြုတင်ပြခဲ့ကြောင်း WSJ က ပေကျင်းနှင့် ဝါရှင်တန်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ သည်။

EU ခေါင်းဆောင်များသည် ကြောက်တတ်သော ယုန်သူငယ်လေးများ သဖွယ် ဖြစ်နေဟုဆို

အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား ကုန်သွယ်ရေး ညှိနှိုင်းမှု ပြုရာ၌ အီးယူဘက်မှ အမေရိကန်ကို လိုက်လိုက်လျောလျော ဆက်ဆံ နေခြင်းနှင့်ပတ်သက်၍ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အီးယူ ခေါင်းဆောင်များသည် သူရဲဘောကြောင်ပြီး ကြောက်တတ်သည့်ယုန်ကလေးများကဲ့သို့ဖြစ်နေသည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အီးယူနှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေး တင်းမာမှုဖြစ်နေချိန်၌ အချိန်ကိုက်ဝေဖန်လိုက်ခြင်းပင် ဖြစ်ပါသည်။ 

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဘူဒါပတ်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဂျာမဏီ AFD ပါတီ ခေါင်းဆောင် အဲလိုက်ဝိုက်ဒယ်နှင့် ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွင် အီးယူခေါင်းဆောင် များ၏စွမ်းဆောင်ရည်သည် သံသယဖြစ်စရာရှိနေကြောင်း ဆိုလိုက်ခြင်း ပင် ဖြစ်ပါသည်။ 

ဝါရှင်တန်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုတွင် လေးနက်သော ကမ်းလှမ်းမှု များကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အီးယူ၏ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်တို့က အစပျိုးလုပ်ဆောင်သင့်ကြောင်း အော်ဘန်ကပြောဆိုသွားပါသည်။ 

ခြွင်းချက် သို့မဟုတ် ကင်းလွတ်ခွင့်မရှိဘဲ လာမည့်လတွင် အမေရိကန်သို့ တင်သွင်းသော သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ နောက်ဆုံး အချက်အလက် များအရ အီးယူမှ အမေရိကန်သို့ သံမဏိတင်ပို့မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃.၁၀ ဘီလီယံ) ခန့်ရှိပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် က စည်းကြပ်ခွန် အပြန်အလှန် ကောက်နေခြင်းက အ‌ဖြေမဟုတ်ကြောင်း နှင့် အီးယူမှ “ခိုင်မာပြီး အချိုးကျသော တန်ပြန်အရေးယူမှုများ” ကို စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကိုးကား-Myanmar National Post