သတင်းများ

ဂျာမနီနိုင်ငံ Alternative for Germany ပါတီမှ ဂျာမနီ ဝန်ကြီးချုပ်လောင်း Alice Weidel က ယူကရိန်းကို လက်နက် ထောက်ပံ့ပေးမှု အပါအဝင် ယခု သုံးနှစ်အတွင်း ရုရှားအပေါ် အရေးယူမှုများက တင်းမာမှုကို တိုးစေကြောင်း စွပ်စွဲပြောကြား

ဂျာမနီနိုင်ငံ Alternative for Germany ပါတီမှ ဂျာမနီ ဝန်ကြီးချုပ်လောင်း Alice Weidel က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးမှု အပါအဝင် ယခု သုံးနှစ်အတွင်း ရုရှားအပေါ် အရေးယူမှုများက တင်းမာမှုကို တိုးစေကြောင်း စွပ်စွဲပြောကြားလိုက်ပါသည်။

“ပြီးခဲ့သည့် သုံးနှစ်အတွင်း ရုရှားနှင့်ပတ်သက်ပြီး ဂျာမနီအစိုးရက ဘာလုပ်ခဲ့ပါသလဲ၊ ကျွန်မတို့ တင်းမာမှုတွေပဲ အဆင့်ဆင့် တိုးမြှင့်လာခဲ့ကြတယ်၊ အပြောအဆို၊ ငွေကြေးနှင့် လက်နက်ထောက်ပံ့ပေးပို့ပြီး ရုရှားကို ဆန့်ကျင်ခဲ့ကြတယ်” ဟု သူမက ပြောကြားခဲ့ပါသည်။

သူမ၏ အဆိုအရ ရုရှားကို တိုက်ခိုက်ရန် ဂျာမနီက ယူကရိန်းအား စစ်လက်နက်များထောက်ပံ့ခြင်းမှာ ဒုတိယကမ္ဘာစစ်အပြီးတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ဂျာမနီအစိုးရက သမိုင်းကို မေ့လျော့နေခြင်းကို ပြသနေခြင်း ဖြစ်ပါသည်။

ဆက်လက်၍ ယူကရိန်းအရေး ညှိနှိုင်းဆွေးနွေးရန် လျင်မြန်စွာ စတင်ရမည်ဖြစ်ပြီး ဂျာမနီ စီးပွားရေးကို ထိခိုက်စေနေသော ပိတ်ဆို့ကန့်သတ်မှုများကို အဆုံးသတ်စေရန် သူမက အားပေးတိုက်တွန်းခဲ့ပါသည်။

ဂျာမနီသည် ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွင် အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်။ ဂျာမနီ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Steffen Hebestreit က   ယူကရိန်းအတွက် ယခု စစ်ပွဲစတင်ချိန်မှစ၍ ဂျာမနီက စုစုပေါင်း ယူရို ၄၄ ဘီလျံ ခန့် အကူအညီ ပေးအပ်ခဲ့ကြောင်း ပြောကြားထားပါသည်။ 

၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အစိုးရက ယူရို ၄ ဘီလျံ ခန့် ပေးအပ်ရန်ကိစ္စကို ခွင့်ပြုထားပြီး ယခုနှစ် အသုံးစရိတ်၏ တစ်ဝက်ခန့်သာဖြစ်သည်။ သို့သော် အဆိုပါဘဏ္ဍာရေးအစီအစဉ်အတွက် ဂျာမနီလွှတ်တော်မှ ယခုအချိန်ထိ  ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရပါသည်။ 

ကိုးကား- TASS

အမေရိကန်နှင့်ပူးပေါင်း၍ အီရန်ကို အဆုံးထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့သည် အီရန်၏ နျူကလီးယားရည်မှန်းချက်များနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်း ၎င်း၏ရန်လိုမှုများကို ဟန့်တားရန် ဆုံးဖြတ်ထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

ဂျေရုဆလင်မြို့တွင် ရူဘီယိုနှင့် တွေ့ဆုံပြီးနောက် နေတန်ယာဟုက ၎င်းတို့နှစ်ဦးသည် အီရန်အရေးနှင့် ပတ်သက်၍ အလွန်အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ ခြိမ်းခြောက်မှုရန်ကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပြီး မိမိတို့နှစ်နိုင်ငံအနေဖြင့် အယာတိုလာများ (Ayatollahs) ကို နျူကလီးယားလက်နက်များ ရရှိပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း နှင့် အရှေ့အလယ်ပိုင်းဒေသတွင်း အီရန်၏ ကျူးကျော်ရန်စမှုများ ထပ်မရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကြမ်းဖက်အုပ်စုတိုင်းနှင့် အကြမ်းဖက်မှုတိုင်း၏ နောက်ကွယ်တွင်လည်းကောင်း၊ ယင်းဒေသရှိ လူသန်း‌ပေါင်းများစွာ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေသော အရာတိုင်း၏ နောက်ကွယ်တွင်လည်းကောင်း အီရန်ရှိနေသည်ဟု ရူဘီယိုက ပြောကြားခဲ့သည်။

ကိုးကား -Reuters

မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ပြင်းထန်သောအပြောင်းအလဲများ ဖြစ်စေမည်

မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အကြား ပြင်းထန်သောအပြောင်းအလဲများ သေချာပေါက်ဖြစ်လိမ့်မည် ဟု ရုရှားဖက်ဒရေးရှင်း ဒူးမားလွှတ်တော်ဥက္ကဌ Vyacheslav Volodin က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားလိုက်သည်။ 

“အစည်းအဝေးတွင် ဆွေးနွေးနေခြင်းကို ကြည့်ခြင်းအားဖြင့် ထိုအပြောင်းအလဲသည် ခက်ခဲပြီး အထိနာကျင်ရမည့် အပြောင်းအလဲမျိုးဖြစ်ကြောင်း၊ အမေရိကန် ဒုတိယသမ္မတကလည်း ဥရောပ၏ လက်ရှိအခြေအနေကို သုံးသပ်ပြထားကြောင်း၊ သို့ရာတွင် ၎င်းကို ထောက်ခံခြင်းလည်း မရှိကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့၏ အမှန်တရား လက်မခံလိုကြ ကြောင်း” Volodin က ဝေဖန်ထားပါသည်။

ထို့ပြင် “ဥရောပနိုင်ငံအများစု ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများမှာ မျက်နှာဖုံးတစ်ခုသာဖြစ်နေခြင်းမှာ ကြာလှပြီဖြစ်ကြောင်း၊ ရိုမေးနီးယား သမ္မတရွေးကောက်ပွဲကာလအတွင်း ဖြစ်စဉ်များ၊ ပြင်သစ်နှင့် ဂျာမနီတွင် မလိုလားသည့် နိုင်ငံရေးပါတီများ အနိုင်ရခြင်းဖြစ်စဉ်များက သက်သေဖြစ်နေကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ဥရောပသည် ပြောင်းလဲမှုကြီးတစ်ခု မလွဲမသွေ ဖြစ်လာမည် ဖြစ်ကြောင်း” ၎င်းက ဆိုထားပါသည်။ 

ကိုးကား- TASS

Photo: pacsto.org

ဥရောပ-အမေရိကန်- ရုရှား ဆက်ဆံရေး သမိုင်းဝင်အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း  ပညာရှင် Alexander Rahr သုံးသပ်                                                                                                                                                                                                                                                ဥရောပ-အမေရိကန်- ရုရှား ဆက်ဆံရေး သမိုင်းဝင်အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း  ပညာရှင် Alexander Rahr သုံးသပ်

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင်  ကျင်းပလျက်ရှိသော  မြူးနစ်လုံခြုံရေးညီလာခံတွင် ဆွေးနွေးချက်များအပေါ်  ဂျာမနီ နိုင်ငံရေးသုတေသနပညာရှင် Alexander Rahr က အမေရိကန်နှင့် ဥရောပအကြား ဆက်ဆံရေးမှာ ပျက်စီးသွားနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်လိုက်ပါသည်။

အတ္တလန်တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်နှင့်ဥရောပအခင်းအကျင်း ( transatlantic) အရ ဥရောပသည် ယခင်က အမေရိကန်အပေါ် အလိုလို နားထောင်မှုရှိခဲ့သော်လည်း ယခုအခါ ရုရှားနှင့်ဆက်ဆံရေးကြောင့် သဘောထားကွဲလွဲမှု စတင်နေပြီဖြစ်ကြောင်း၊ ဥရောပသည် အမေရိကန် နှင့်မတူညီနိုင်တော့မည့် လမ်းကြောင်းကို ရွေးချယ်ရန် စတင်လှုပ်ရှားနေကြောင်း  Rahr က သတိပေးထားပါသည်။

ဥရောပ၏ အဓိကပြဿနာမှာ ရုရှားနှင့်ဆက်ဆံရေးအပေါ် အမေရိကန်နှင့်မတူညီသည့် သဘောထားရှိကြောင်း၊ ရုရှားအပေါ် အမေရိကန်က ရိုက်ခတ်လာသည့် မဟာဗျူဟာကို လွယ်ကူစွာ လက်မခံနိုင်ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားထားပါသည်။

နောက်တစ်ချက်မှာ ဥရောပနိုင်ငံအချို့သည် နေတိုးအဖွဲ့မှ တိုက်ရိုက်နုတ်ထွက်မည် မဟုတ်သော်လည်း ကိုယ်ပိုင်တပ်မတော် ဖွဲ့စည်းရန် စဉ်းစားနေကြပြီဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံအချို့က အမေရိကန်နှင့် ဆက်လက်နီးကပ်နေမည်ဖြစ်ပြီး အချို့ကမူ ရုရှားနှင့်ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးစားကြမည်ဖြစ်ကာ အချို့မှာ သီးခြားလမ်းစဉ်သို့ လိုက်သွားနိုင်သဖြင့် အကွဲအပြဲများ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးထားပါ သည်။

လက်ရှိအခြေအနေအရ ဥရောပနိုင်ငံများတွင် ဘဏ္ဍာရေးအခက်အခဲ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံအချို့သည် မဟာဗျူဟာပြောင်းလဲခြင်း သို့မဟုတ် ချိန်ညှိခြင်း သို့မဟုတ် အခြားအင်အား ရှာဖွေရန် လိုအပ်လာနိုင်ကြောင်း ၎င်းက သုံးသပ်ထားပါသည်။ 

ထိုအခြေအနေများသည် ဥရောပ၊ အမေရိကန်နှင့် ရုရှားတို့၏ ဆက်ဆံရေး သမိုင်းစာမျက်နှာသစ် ကူးပြောင်းမှုတစ်ခုဖြစ်လာနိုင်ကြောင်း Alexander Rahr ၏ သုံးသပ်ချက်တွင် ဖော်ပြထားပါသည်။ 

ကိုးကား-TASS

Photo: AzerNews

ယူကရိန်းပဋိပက္ခအဆုံးသတ်‌ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်ရရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်အာဏာပိုင်များက ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲမှ မျှတသော သဘောတူညီချက်တစ်ခုရရှိရန် မျှော်လင့်ပြီး ရုရှား-ယူကရိန်း နှစ်နိုင်ငံငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga နှင့် မြူးနစ်လုံခြုံရေးညီလာခံ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အားလုံးကို ထောက်ခံပါကြောင်းနှင့် နှစ်ဖက်နိုင်ငံများအတွက် လက်ခံနိုင်ဖွယ်ရှိသော တရားမျှတပြီး ခိုင်မာသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရရှိစေရန် မျှော်လင့်ပါကြောင်း” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။

ယူကရိန်းပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိအောင်လည်း ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ဝမ်ယိက ထပ်မံ ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: China Daily

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်နေကြပါသည်။ စစ်ပွဲများကို ငြိမ်းချမ်းစွာ အဆုံးသတ်ရေး တောင်းဆိုနေကြပြီး၊ Bavarian မြို့တွင် ကျင်းပနေသော ညီလာခံကို ဆန့်ကျင်နေကြပါသည်။ ဆန္ဒပြသူအများစုမှာ အနောက်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့နေမှုကို ဆန့်ကျင်နေကြပါသည်။

မြူးနစ်လုံခြုံရေး ညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိပြီး နိုင်ငံခေါင်းဆောင် ၆၀ ခန့်ကို ဖိတ်ကြားထားပါသည်။ လုံခြုံရေးတင်းကျပ်စွာ ချထားရပြီး ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို အသင့် တာဝန်ချထားပါသည်။ ထိုသို့ လုံခြုံရေးစီစဉ်ထားရခြင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် အာဖဂန်နိုင်ငံသားတစ်ဦးက ဆန္ဒပြသူများ အုပ်စုထဲသို့ ကားဖြင့် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၉ ဦးအထက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။

ကိုးကား- TASS

Photo: Euronews

ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည်မဟုတ်

ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည် မဟုတ်ကြောင်း၊ အတိတ်ကို ပြန်သွားရန် ဆန္ဒမရှိတော့ကြောင်း၊ ယခုအခါ အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုအနေဖြင့် BRICS ၊ SCO နှင့် G20 တို့ကဲ့သို့ အဖွဲ့များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း   ရုရှားဖက်ဒရေးရှင်း၏ ကနေဒါနိုင်ငံ သံအမတ်ကြီး Oleg Stepanov က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ရုရှားသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် ကာဇန်မြို့၌ BRICS ထိပ်သီး အစည်းအဝေးကျင်းပခဲ့ပြီး အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီ၊ အာရပ်စော်ဘွားပြည်ထောင်စုတို့ကို အဖွဲ့ဝင်အဖြစ် ကြိုဆိုခဲ့သည်။ 

လက်ရှိတွင်လည်း ရုရှားသည် ယူကရိန်းစစ်ပွဲစတင်ကတည်းက အနာဂတ်အပြောင်းအလဲများအတွက် BRICS ၊ SCO နှင့် G20 တို့ကို အဓိကထား ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါသည်။ 

ကိုးကား- TASS

Photo: The New York Times

ထရမ့်နှင့် ပူတင်တို့ ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာ ပူတင် တို့သည် ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီ ဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်နေကြသည်။ အဆိုပါ ခေါင်းဆောင် နှစ်ဦးတွေ့ဆုံမှုမပြုလုပ်မီ အမေရိကန်နှင့်ရုရှားနိုင်ငံများမှ အဆင့်မြင့်အရာရှိများသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆော်ဒီအာရေး ဗီးယားနိုင်ငံတွင် ကြိုတင်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဘက်က ထိုဆွေးနွေးမှုများကို ဦးဆောင်ရန် အမျိုးသားလုံခြုံရေးဝန်ကြီး Mohammed al-Aiban ကို တာဝန်ပေးအပ်ထားပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မကြာမီပြုလုပ်မည့် ဆွေးနွေးပွဲများမှာ ရုရှား-အမေရိကန်ဆက်ဆံရေးတွင် အလွန်အရေးပါနေပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး အဖြေရှာနိုင်ရန် အစိုးရများအချင်းချင်း၏ အစီအစဉ်များကိုလည်း အကျိုးသက်ရောက်မှု ရှိလာနိုင်ပါသည်။ 

ကိုးကား- TASS

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2609

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းဆွေးနွေးရေးအဖွဲ့သည် ယူကရိန်းပဋိပက္ခဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန်အတွက် ဆော်ဒီအာရေးဗီးယားသို့ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း Politico သတင်းဌာနက ဖော်ပြထားပါသည်။ 

ဆော်ဒီအာရေးဗီးယားတွင် ကျင်းပမည့် အမေရိကန်-ရုရှား ဆွေးနွေးပွဲအတွက် ယူကရိန်းဘက်သို့ “ဖိတ်ကြားခြင်းမရှိသလို အသိပေးခြင်းလည်း မရှိခဲ့ကြောင်း” ယူကရိန်းအရာရှိတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Fox News ၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ဝင် ဝေါ်လ်ဇ်နှင့် အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဝစ်ခ်ကော့ဖ်တို့ တက်ရောက်မည်ဖြစ်ပါသည်။ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကဲလ်လော့ဂ်မှာမူ ဤဆွေးနွေးပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရှိရ ပါသည်။

အခြားသော အကြီးမားဆုံး ဥရောပအင်အားကြီးနိုင်ငံများ၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ ပူးပေါင်းပါဝင်ရန် စီစဉ်ထားခြင်းမရှိကြောင်း အရာရှိများက ထောက်ပြခဲ့ပါသည်။ ထိုသတင်းအရ ဤအချက်သည် ညှိနှိုင်းမှုစားပွဲတွင် မိမိတို့အား နေရာချထားပေးရန် ဒေါ်နယ်ထရမ့်ထံ တရားဝင် တောင်းဆိုထားသည့် နေတိုးမဟာမိတ်များအား စိတ်တိုစေနိုင်သည်ဟု သုံးသပ်ထားပါသည်။

ကိုးကား- RIA Novosti

အမေရိကန်ဘက်မှ အစပြုမှုဖြင့် ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲများအကြား တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ်

အမေရိကန်ဘက်မှ အစပြုမှုဖြင့် ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲများအကြား တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့သည် ရုရှား-အမေရိကန် ဆက်ဆံရေးတွင် ပြဿနာများကို ဖြေရှင်းရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထားရှိရန် သဘောတူညီခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံခြားရေးမူဝါဒရေးရာဌာန အကြီးအကဲများသည် အပြန်အလှန် လေးစားမှုရှိသော နိုင်ငံအချင်းချင်း တွေ့ဆုံဆွေးနွေးမှု ပြန်လည် ထူထောင်ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ 

ယူကရိန်းနှင့် ပါလက်စတိုင်းနိုင်ငံတစ်ဝှမ်း ပဋိပက္ခဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗရော့ နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ မကြာမီကာလအတွင်းတွင် ရုရှားနှင့် အမေရိကန်တို့သည် နိုင်ငံခြားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတားအဆီးများကို ဖယ်ရှားရန် ကျွမ်းကျင်သူများ အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။

ထို့အပြင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး လာဗရောဗ့် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို တို့သည် အမေရိကန်တွင် ရုရှားသံတမန် တာဝန်များ ထမ်းဆောင်ခြင်းဆိုင်ရာ အခြေအနေများကို တင်းကျပ်သည့် မူဝါဒကို အမြန်အဆုံးသတ်ရန် လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါသည်။

ကိုးကား - TASS