ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ၏ ပြောကြားချက်ကို ရုရှားနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောကြားခဲ့သည်။ကိယက်ဗ်၏ နေတိုးအဖွဲ့တွင်ပါဝင်ရန် အစီအစဉ်များကို ထောက်ခံခြင်းမှာ မှားယွင်းကြောင်း ၀န်ခံသည့် ပထမဆုံးအနောက်နိုင်ငံခေါင်းဆောင်မှာ Trump ဖြစ်သည်ဟု Lavrov က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏လုပ်ဆောင်မှုများအတွက် ရုရှား၏စိုးရိမ်မှုများကို နားလည်ကြောင်းလွန်ခဲ့သည့်လအတွင်းတွင် ထရမ့်ကပြောဆိုခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင်လည်း ရုရှား၏ ရပ်တည်ချက်သည် ကျောက်ထက်အက္ခရာ တင်ထားသကဲ့သို့ မပျက်မယွင်းခိုင်မြဲမှုရှိကြောင်းနှင့် ဘိုင်ဒင်က ထိုအချက်ကို လျစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။
Lavrov က ထရမ့်၏ မှတ်ချက်များအရ ယူကရိန်းနှင့် ပဋိပက္ခကိုဆွေးနွေးဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။
၎င်းက နေတိုးအဖွဲ့၏ လုပ်ဆောင်မှုများကြောင့် ပဋိပက္ခ ပိုမိုကြီးမားလာရကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး ဝါရှင်တန်ကသာ လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်တွင် “မော်စကိုက နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးရန်နှင့် ပဋိပက္ခကို ရပ်ဆိုင်း၍ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသောနယ်မြေကို ပြန်ပေးရန်” ပါဝင်ကြောင်း အမေရိကန် မီဒီယာ Bloomberg ၏ ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Kellogg သည် ညီလာခံအပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်နေကြောင်းနှင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြည်သူ့အသံလွှင့်ဌာနနှင့် အခြားမီဒီယာ များက ဆိုသည်။
ကိုးကား-NHK

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဖိလစ်ပိုင် အောက်လွှတ်တော်သည် ဒုတိယသမ္မတ ဆာရာဒူတာတေး အား စွဲချက်ပေါင်းများစွာဖြင့် အမှုဖွင့်လိုက်ပါသည်။ ထိုစွဲချက်များတွင် သမ္မတမားကို့စ်ဂျူနီယာအား လုပ်ကြံရန် စီမံမှု၊ အဂတိလိုက်စားမှု၊ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ရှိ အရေးယူမှုများကို အပြင်းအထန် ရှုတ်ချရန် တာဝန်လစ်ဟင်းခြင်းတို့ ပါဝင်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်အမတ်အများစုမှာ မားကို့စ်၏ မိတ်ဖက်များပြီး ၎င်းတို့၏ စွဲချက်မှာ နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအကြား နက်ရှိုင်းသော နိုင်ငံရေးအငြင်းပွားမှုအရှိန်အဟုန်ကို ပိုမိုတိုးပွားလာစေပါသည်။
ဆာရာဒူတာတေးကို စွဲချက်တင်နိုင်ရန် လွှတ်တော်အမတ် အနည်းဆုံး ၂၁၅ ဦးက အမှုဖွင့်လှစ်သည့် စာတမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၎င်းမှာ လိုအပ်သော အရေအတွက်ထက် လွန်စွာ များပြားနေပါသည်။ ဖေဖော်ဝါရီ ၅ ရက်တွင် ထိုအမှုဖွင့်လှစ်သည့် စာတမ်းကို စနစ်တကျ အထက်လွှတ်တော်သို့ ပေးပို့ လိုက်ပြီ ဖြစ်ပါသည်။
အထက်လွှတ်တော်သည် အမှုစစ်တရားရုံးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆာရာဒူတာတေးကို အမှုစစ်ဆေးရန် အချိန်ယူရန် လိုအပ်ကြောင်း ရှေ့နေအချို့က ဆိုထားကြပါသည်။ ဖိလစ်ပိုင်နိုင်ငံ တည်ဆဲဥပဒေအရ ဒူတာတေးကို အမှုစစ်ဆေးရန် အထက်လွှတ်တော်၏ မဲ ၃ ပုံ ၂ ပုံ လိုအပ်ပါသည်။
ကိုးကား -Al Jazeera

ရုရှားနှင့်အမေရိကန်ကြား ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် အမေရိကန်ဘက်က ပထမဆုံးခြေလှမ်းကို စတင်လှမ်းရမည်ဟု အကြီးတန်းရုရှားသံတမန် တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အမေရိကန်အစိုးရနှင့် သဘောတူညီချက်တစ်ခုရရှိရန်အတွက် နိုင်ငံခြားရေး မူဝါဒကို အခြေခံခြင်းက မှားယွင်းသည်ဟုလည်း ရုရှား နိုင်ငံခြားရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ပြင်းထန်ခဲ့မှုနှင့်အတူ အမေရိကန်နှင့် ရုရှားအကြားဆက်ဆံရေးသည် ဆယ်စုနှစ်များစွာ အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၄ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် ရုရှားအစိုးရသည် အမေရိကန်အစိုးရအသစ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်လိုကြောင်း မီးစိမ်းပြခဲ့သည် ဟုလည်း သိရပါသည်။
ထို့အပြင် ရုရှားအစိုးရသည် အနောက်အုပ်စုနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံဖြစ်ရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့သော်လည်း မည်သည့်နိုင်ငံကမျှ အာရုံစိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း ဆာဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါသည်။
ကိုးကား-NP News

တရုတ်နိုင်ငံသည် ဂါဇာဒေသခံများကို အတင်းအကျပ် ပြောင်းရွှေ့မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို ဆန့်ကျင်ပါကြောင်း၊ ပါလက်စတိုင်း ပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက် ပါသည်။

“ဂါဇာဒေသခံများကို အတင်းအကျပ်ပြောင်းရွှေ့ခြင်းကို တရုတ်က ဆန့်ကျင်ပါကြောင်း၊ ပစ်ခတ်မှုများ ရပ်စဲပြီးနောက် စီမံခန့်ခွဲရေးလုပ်ငန်းများကို အခွင့်အလမ်း အဖြစ် အသုံးချကာ ပါလက်စတိုင်းပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးလမ်းကြောင်း ဖြေရှင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း” ၎င်းက ပြောကြားထား ပါသည်။
ထရမ့်အစီအစဉ်ကို အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီ၊ တရုတ်၊ ရုရှား၊ ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက ဆန့်ကျင်နေကြပြီး နှစ်နိုင်ငံဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ထောက်ခံကြောင်း ထုတ်ပြန်ထားကြပါသည်။
ကိုးကား-TASS
Photo: Ahram Online

အမေရိကန်-တရုတ်နှစ်နိုင်ငံအကြား စည်းကြပ်ခွန်များ အပြန်အလှန်ချမှတ်ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အလျင်စလိုတွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက် သည်။
ပေကျင်းက ဝါရှင်တန်၏ အခွန်စည်းကြပ်မှု တိုးမြှင့်ခဲ့ခြင်းအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားစွဲဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းကသာ ပြဿနာများကို ဖြေရှင်း နိုင်မည့်အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု အလေးပေး ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက တရုတ်၏သွင်းကုန်များ အားလုံးအပေါ် လက်ရှိသတ်မှတ်ထားသော နှုန်းထားထက် ၁၀ % တိုးမြှင့်ကောက်ခံရန် ထရမ့်၏ အစိုးရ အဖွဲ့က ကြေညာခဲ့သည်။
ကုန်သွယ်ရေးမညီမျှမှုများအပေါ် စိုးရိမ်ပူပန်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအထူးသဖြင့် တရုတ်နိုင်ငံနှင့်ဆက်စပ်နေသည့် Fentanyl (ပြင်းထန်နာကျင်မှုများကို ကုသရာတွင် ထိရောက်သောဆေး၊ ၎င်းသည် စွဲလန်းစေပြီး ဘိန်း၏ ဒြပ်ပေါင်းနှင့်တူညီသည်) ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း ထရမ့်ကပြောကြားခဲ့သည်။
တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ကျောက်မီးသွေး နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အခွန် ၁၅ % ၊ ရေနံစိမ်းနှင့်စိုက်ပျိုးရေးသုံး စက်ယန္တရားများအပေါ် အခွန် ၁၀ % အပါအဝင် အမေရိကန်၏ အဓိက ပို့ကုန်များကို ပစ်မှတ်ထား၍ အကောက်ခွန်နှုန်းထားများ လက်တုံ့ပြန်ချမှတ်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ သည် အမေရိကန်နည်းပညာကုမ္ပဏီကြီး Google အား ယုံကြည်မှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့ပြီး ကုန်သွယ်ရေးအငြင်းပွားမှုကို နည်းပညာကဏ္ဍသို့ ကျယ်ပြန့်လာစေရန် လုပ်ဆောင်ခဲ့သည်။

ယူကရိန်း သမ္မတဇီလန်းစကီးသည် သမ္မတသက်တမ်း ကုန်ဆုံးနေပြီဖြစ်ပြီး တရားဝင်အခွင့်အာဏာ ကင်းမဲ့နေသော်လည်း ရုရှားသည် ကိယက်ဗ်နှင့်ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောကြားခဲ့သည်။

ဆီးရီးယား၏ အသွင်ကူးပြောင်းရေးသမ္မတ အာမက် အယ်လ်ရှာရာက နိုင်ငံ၏အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်နှင့် လည်ပတ်နိုင်သော နိုင်ငံ ရေးစနစ် ထူထောင်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲများကို နောက်ငါးနှစ်အထိ ကျင်းပမည်မဟုတ်ကြောင်း ကြေညာခဲ့ပါသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့က ဆီးရီးယားတီဗီနှင့် တွေ့ဆုံမေးမြန်းခန်း၌ ရွေးကောက်ပွဲကျင်းပမည့် အချိန်ဇယားကို ဆွေးနွေးရာတွင် အယ်လ်ရှာရာက ဖွဲ့စည်းပုံနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများကြောင့် ရွေးကောက်ပွဲကို ချက်ချင်းကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း ဆိုလိုက်ပါသည်။

များစွာသော အခြေခံအဆောက်အဦများ လိုအပ်နေခြင်းကြောင့် ရွေးကောက်ပွဲလုပ်ရန် လေးနှစ်မှ ငါးနှစ်ကြား ခန့်ကြာနိုင်ပြီး အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရန်မှာ အချိန်လိုအပ်ကြောင်း ဆိုပါသည်။ အသွင်ကူးပြောင်းရေးအစိုးရသည် ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံတကာစံနှုန်းများကို လိုက်နာမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဆီးရီးယားအစိုးရသစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲကာ ပြည်နယ်အဖွဲ့အစည်းများကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယခင်က ပြောကြား ထားခဲ့သည်။ အင်တာဗျူးတွင် အယ်လ်ရှာရာက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန်နှင့် ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ရန်အတွက် ဥပဒေ ပြုကောင်စီကို ဖွဲ့စည်းရန် နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတဟောင်း အာဆက်ကို ဖြုတ်ချခဲ့ရာတွင် အဓိက လက်နက်ကိုင်အဖွဲ့ဖြစ်သည့် HTS ခေါင်းဆောင်များက နိုင်ငံအတွင်း၌ရှိနေသည့် အခြားလက်နက်ကိုင်အဖွဲ့များကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များထဲသို့ ပေါင်းစည်းသွားမည်ဖြစ်ကြောင်း ပြောထားသော်လည်း တိကျသော အချိန်ဇယားကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပါ။
အနောက်တိုင်း မီဒီယာများတွင် အယ်လ်ရှာရာကို အလယ်အလတ်လမ်းစဉ်သမားဟု အကြီးအကျယ် ရေးသားပုံဖော်နေသော်လည်း ၎င်းဦးဆောင်သော HTS အဖွဲ့သည် အယ်ကေဒါ အဖွဲ့ခွဲတစ်ခုဖြစ်ပြီး ဂျီဟတ် လမ်းစဉ်ကိုလိုက်ခဲ့သူဖြစ်သည့်အတွက်ကြောင့် စိုးရိမ် ပူပန်မှုများ ရှိနေသေးပြီး လက်ရှိတွင်လည်း HTS က နိုင်ငံတကာပိတ်ဆို့ အရေးယူမှုအောက်တွင် ရှိနေဆဲပင် ဖြစ်သည်။
အမေရိကန်က HTS ကို အကြမ်းဖက်အမည်စာရင်းမှ ဖယ်ရှားရန် လုပ်ဆောင်နေပြီး တာဝန်ရှိသူများက ဆီးရီးယား၏ ခေါင်းဆောင်အသစ်နှင့် ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းနေပါသည်။ ဝါရှင်တန်အစိုးရက အယ်လ်ရှာရာကို တရားဝင် အသိအမှတ်မပြုသေးသော်လည်း ဆီးရီးယားနိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်ပတ်သက်၍ HTS အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန်ကိုမူ ထင်သာမြင်သာလုပ်ဆောင်နေကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post

ယူကရိန်းအာဏာပိုင်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အဆိုပြုထားသော မြေရှားသတ္တုနှင့် အခြားအရင်းအမြစ်များ လွှဲပြောင်းရေးကိစ္စအတွက် စီမံဆောင်ရွက်နေကြောင်း ဥရောပသတ္တုကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ Politico က ဖော်ပြထားပါသည်။
“ယူကရိန်းသည် ထရမ့်၏ အာရုံစိုက်ခြင်းခံရစေရန် ဆွဲဆောင်နိုင်မည့်အရာများကို ရှာဖွေနေကြသည်မှာ သိသာထင်ရှားပါကြောင်း” ကျွမ်းကျင်သူက ပြောထား ပါသည်။ ယူကရိန်းတွင် တိုက်တေနီယမ် သတ္တုသိုက်များမှာ ထိပ်တန်းအဆင့်တွင် ရှိကြောင်း ၎င်းက ယုံကြည်ထားပါသည်။

ထို့ပြင် ယူကရိန်းတွင်ရှိသော သတ္တုအမျိုးအစား ၅၀ အနက် ၂၂ မျိုးမှာ အမေရိကန်က အလွန်အမင်း လိုချင်နေသော သတ္တုသိုက်များဖြစ်ကြောင်း၊ အထူးသဖြင့် ပရပ်ဖိုက်၊ လစ်သီယမ်၊ တိုက်တေနီယမ်၊ ဘယ်ရီလီယံ နှင့် ယူရေနီယမ်တို့ ကြွယ်ဝကြောင်း ယူကရိန်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါသည်။
အဆိုပါ အရင်းအမြစ်များသည် ဘက်ထရီများ၊ ရေဒါစနစ်များနှင့် သံချပ်ကာများထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်ပြီး တရုတ်သတ္တုများအပေါ် အမေရိကန်၏ မှီခို အားထားမှုကိုလျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ဝါရှင်တန်၊ နိုင်ငံရေး
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အမေရိကန်က နုတ်ထွက်ရန်နှင့် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) အား ရန်ပုံငွေထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

ထရမ့်သည် ၎င်း၏ သမ္မတပထမသက်တမ်း ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်အတွင်းကလည်း အစ္စရေးနိုင်ငံအပေါ် ရန်လိုသည့်အပြုအမူများ ပြသသည်ဟူသော အကြောင်းပြချက်ဖြင့် UNHRC မှ နုတ်ထွက်ခဲ့သည်။ UNHRC တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်သည်။
သို့သော် ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် အမေရိကန်အနေဖြင့် UNHRC တွင် လေ့လာသူအဖြစ် ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကင်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) သည် ၁၉၅၀ ပြည့်နှစ်များမှစ၍ ဂျော်ဒန်၊ လက်ဘနွန်၊ ဂါဇာ၊ အနောက်ဘက်ကမ်းခြေဒေသနှင့် အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးအပ်လျက်ရှိကြောင်း သိရသည်။
Source: Myawady Web Portal