သတင်းများ

ရွေးကောက်ပွဲမတိုင်မီ နယ်စပ်အဝင်အထွက်ပိတ်ထားရန် အီကွေဒေါစီစဉ်

ကွီတို    ဖေဖော်ဝါရီ ၄

ယခုရက်သတ္တပတ်ကာလအတွင်း နယ်စပ်အဝင်အထွက်များပိတ်ထားရန်နှင့် နယ်စပ်လုံခြုံရေးမြှင့်တင်ထားရန် အီကွေဒေါအစိုးရက စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ နယ်စပ်အဝင်အထွက်များကို ပိတ်ထားရန် အီကွေ‌ဒေါအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၈ ကမှစ၍ ၁၀ ရက်ထိ အီကွေဒေါနယ်စပ်တစ်လျှောက် အဝင်အထွက်များကို ပိတ်ထားမည်ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုဝါက လူမှုမီဒီယာ စာမျက်နှာပေါ်၌ ကြေညာထားသည်။

ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် လက်နက်ကိုင်အုပ်စုများက ကြိုးစားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ယခုရက်သတ္တပတ်ကုန်ကာလအတွင်း နယ်စပ်များပိတ်ထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အီကွေဒေါသမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံနယ်စပ်တစ်လျှောက်နှင့် ဆိပ်ကမ်းများတွင်လည်း လုံခြုံရေးမြှင့်တင်ရန်တပ်မတော်ကို ညွှန်ကြားထားကြောင်း အီကွေဒေါသမ္မတက ပြောကြားထားသည်။

အီကွေဒေါနိုင်ငံသည် ဖေဖော်ဝါရီ ၉ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပးရန် စီစဉ်ထားပြီး ယင်းရွေးကောက်ပွဲ၌ သမ္မတ ရာထူးအတွက် ယှဉ်ပြိင်မည့် သမ္မတလောင်းများထဲတွင် လက်ရှိသမ္မတ နိုဘိုဝါလည်း ပါဝင်ကြောင်း သိရသည်။

Ref: Xinhua၊ Trs: KKO

Source: ရတနာပုံသတင်းစာ

အမေရိကန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ဟု အယ်လ်ဆာဗေဒေါနိုင်ငံ သမ္မတပြော

      အယ်လ်ဆာဗေဒေါနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ကြောင်း ယင်းနိုင်ငံသမ္မတ နာယစ် ဘူကယ်လီက ဖေဖော်ဝါရီလ ၄ ရက်တွင်ပြောသည်။

အမေရိကန်မှ ရာဇဝတ်သားများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား နေရာချထားနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အကျဉ်းထောင် အကြီးစားဖြစ်သည့် အကြမ်းဖက်သမားများ ထိန်းသိမ်းရေးစခန်းကို အသုံးပြုရန် အသင့်ရှိကြောင်း နာယစ် ဘူကယ်လီက ၎င်း၏ ဆိုရှယ်မီဒီယာဝက်ဆိုက်တွင် ရေးသားဖော်ပြသည်။

ထို့ပြင် ရာဇဝတ်သားများနှင့်  အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသူများအား လက်ခံရာတွင် ပေးအပ်မည့် အခကြေးငွေသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ရေးသားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုနှစ် ဧပြီလတွင် နိုင်ငံအတွင်းရှိ အကာအကွယ် ပေးထားသည့် ဗင်နီဇွဲလားနိုင်ငံသား ၃၄၈,၀၀၀ ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီးနောက် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင်   နိုင်ငံအတွင်းရှိ  တရားမဝင်ရွှေ့ပြောင်းသူများ ဝင်ရောက်မှုကိုတိုက်ဖျက်ရန်အတွက်   ထရမ့်ကနိုင်ငံအတွင်း၌ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာရန် ရည်ရွယ်ထားကြောင်း Politico က ဖော်ပြခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

USAID အဖွဲ့၏ လုပ်ငန်းများကိုရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက တာဝန်ယူ

ဝါရှင်တန်၊ နိုင်ငံရေး

    အမေရိကန်အစိုးရ၏ အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် USAID အဖွဲ့၏ လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတဒေါ်နယ်ထရမ့်ကရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့သည်။

ထို့ပြင် USAID အဖွဲ့၏ ခေါင်းဆောင်မှုသည် အသိဉာဏ် ကင်းမဲ့သောကြောင့် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ထရမ့်ကညွှန်ကြားခဲ့သည်။ လက်ရှိတွင် USAID အဖွဲ့သည် အသစ်ဖွဲ့စည်းလိုက်သည့်  အစိုးရ၏ဆောင်ရွက်မှု ထိရောက်ခြင်းရှိ၊ မရှိ စစ်ဆေးသည့်ဌာန(DOGE)၏ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဌာနကို ဘီလီယံနာတစ်ဦးဖြစ်သူ အီလွန်မက်က ဦးဆောင်လျက်ရှိသည်။

အမေရိကန်အစိုးရ၏ USAID အဖွဲ့သည် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်သည်ဟု အီလွန်မက်ကပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် အမေရိကန်ပြည်သူများ၏    အခွန်ဘဏ္ဍာများကို အသုံးပြု၍ ဇီဝလက်နက်များအား သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် ရူဘီယိုက   ယာယီအကြီးအကဲအဖြစ်     တာဝန်ယူလိုက်ခြင်းဖြစ်သည်။

 မက်၏ အဆိုပါပြောကြားချက်သည် ရုရှား ဓာတု၊ ဇီဝနှင့် အဏုမြူ ကာကွယ်ရေး တပ်ဖွဲ့၏ ယခင်အကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့၏ ပြောကြားချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

၂၀၁၉  ခုနှစ်မှစ၍ USAID အဖွဲ့သည် အမေရိကန်စစ်ဘက်က လုပ်ဆောင်ခဲ့သည့် ဇီဝလက်နက် အစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၂၃  ခုနှစ် တစ်နှစ်တည်းမှာပင် ဒေါ်လာ ၆၀ ဘီလီယံ အသုံးပြုခဲ့ကြောင်း သိရသည်။

အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို ပေးအပ်ရမည်ဟု ယူကရိန်းအား ထရမ့်ပြော

မော်စကို၊ စီးပွားရေး

    ယူကရိန်းအနေဖြင့် အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းအစိုးရအနေဖြင့် အမေရိကန် အစိုးရသစ်နှင့် သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ်နေပြီး မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်နိုင်ရေးကို အာမခံပေးရန် လိုအပ်လျက်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီလ၃   ရက်တွင်    သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံသည်  အဖိုးတန်သည့် မြေရှားသတ္တုများကို ပိုင်ဆိုင်ထားပြီး အဆိုပါ အရင်းအမြစ်များကို   ရရှိနိုင်ရေးအတွက် အမေရိကန်က ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်   ယူကရိန်းနိုင်ငံသည် ကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာနှင့် green စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့်  အရေးပါသော ကုန်ကြမ်းများကို အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သော အလားအလာရှိကြောင်း ၂၀၂၄  ခုနှစ်    ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်    အမေရိကန်အစိုးရက ယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများကို ရပ်တန့်ပစ်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးရန် တောင်းဆိုမည့် အလားအလာရှိကြောင်း သိရသည်။

အမေရိကန်အပေါ် တန်ပြန်စည်းကြပ်ခွန် ကောက်ခံမည်ဟု ကနေဒါဝန်ကြီးချုပ်ကြေညာ

အမေရိကန်၏ ကနေဒါကုန်ပစ္စည်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို တုံ့ပြန်ရန် ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ ( ၁ ကန်ဒေါ်လာ = ၁.၄၅ ကနေဒါဒေါ်လာ) တန်ဖိုးရှိသော အမေရိကန်မှ ကနေဒါသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။

ထရူးဒိုးက ပထမအသုတ် တန်ပြန် စည်းကြပ်ခွန်ကို ဖေဖော်ဝါရီ ၄ ရက်မှ စတင်ကောက်ခံမည်ဖြစ်ပြီး ကနေဒါဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ၂၁ ရက်အကြာတွင် ကနေဒါဘက်က ကနေဒါဒေါ်လာ ၁၂၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် တန်ပြန် စည်းကြပ်ခွန်ကောက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ပစ္စည်းများသည် ကနေဒါသို့ တင်သွင်းသော အမေရိကန်ကုန်ပစ္စည်း စုစုပေါင်းတန်ဖိုး၏ သုံးပုံ တစ်ပုံရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကနေဒါအနေဖြင့် အခွန်စည်းကြပ်ခြင်းမဟုတ်သည့် တန်ပြန်ဆောင်ရွက်မှုများကိုလည်း စဉ်းစားလျက်ရှိကြောင်း ထရူးဒိုးက ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ ဒေသခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ အသီးသီးက အမေရိကန်၏ စည်းကြပ်ခွန်းတိုးမြှင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိကြောင်း၊ ဖက်ဒရယ်အစိုးရ၏ လက်တုံ့ပြန် စည်းကြပ်ခွန်ကောက်ခံမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှူး David Eby က အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်အစီအမံသည် “နှစ်နိုင်ငံအကြား သမိုင်းကြောင်း ချိတ်ဆက်မှုကို လုံးဝ ဖောက်ဖျက်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁ ရက်တွင် မက္ကဆီကို၊ ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်အနေဖြင့် မူးယစ်ဆေးဝါးနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ပြဿနာများ ထိထိရောက်ရောက် မဖြေရှင်းနိုင်မချင်း အထက်ပါနိုင်ငံနှစ်နိုင်ငံ၏ ကုန်ပစ္စည်းအားလုံးကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ယင်းမတိုင်မီ ထရမ့်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ 

Source: Xinhua

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖေါ်ဝါရီ ၃

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ်ကွပ်ကဲနေရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက်ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးနှင့်ကျန်းမာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအားလုံးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ချမှတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစိုးရတစ်ရပ်၏ မူဝါဒများပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လုပ်ငန်းများအောင်မြင်စေရေး လက်တွေ့ကြပ်မတ်ကွပ်ကဲနေရန်လိုကြောင်း။

အမျိုးသားရေးရည်မှန်းချက် ၂ ရပ်အောင်မြင်ရေးဝိုင်းဝန်းဆောင်ရွက်ရန်လို

မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးဆိုသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကိုချမှတ်ထားကြောင်း၊ ၎င်းသည် နိုင်ငံတိုင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ရေးကို GDP ဖြင့်တိုင်းတာကြပြီး အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် ရရှိရန်လိုကြောင်း၊ နိုင်ငံ GDP တိုးတက်ရေးအတွက် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ ကဏ္ဍကြီးသုံးရပ်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနှင့်ဒေသတွင်းနိုင်ငံများတွင် GDP နည်းပါးသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြားနိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်မှာ အားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးတက်စေရေး အားပေးဆောင်ရွက်မှသာ နိုင်ငံ၏ GDP မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တစ်ဦးချင်းဝင်ငွေများတိုးတက်ပြီး နိုင်ငံ့ GDP တိုးတက်အောင်ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်နိုင်ငံ စီးပွားရေးတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေး အမြဲတိုက်တွန်းမှာကြားလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျှော့ချနိုင်မည်ဖြစ်သဖြင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် သတိချပ်၍ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွဲဝေချထားပေးသည့် ဘက်ဂျက်များကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း မှန်မှန်ကန်ကန် အကျိုးရှိရှိဖြင့် အသုံးချသွားရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လို

မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်သည့်အခြေအနေသို့ ရောက်ရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည်ဆိုပါက အကျိုးပိုမိုဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ထုတ်လုပ်မှုသုတေသနလုပ်ငန်းများ၊ ဈေးကွက်သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာစိုက်ပျိုးရေးတောင်သူများ၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ပြည်ပဈေးကွက်ရရှိရေးအတွက်လည်း သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ပူးပေါင်း၍သုတေသနပြုဆောင်ရွက်ကြရန်လိုကြောင်း။

ဒေသအလိုက်ထူးခြားသည့် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့် မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သရက်၊ စတော်ဘယ်ရီ၊ မက်မန်း၊ ကော်ဖီနှင့် အခြားအသီးအနှံများကို အရည်အသွေကောင်းမွန်စွာဖြင့် ပိုမိုထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသမျိုးရင်းများကိုလည်း မပျောက်ပျက်အောင် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ စက်မှုကုန်ထုတ်သီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရာဘာနှင့် အခြားသီးနှံများဖြစ်သည့် ပဲ၊ ပြောင်း၊ နေကြာ၊ နှမ်းတို့သည် နိုင်ငံအလိုက်ဈေးကွက်ရရှိနိုင်သည့်အတွက် တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်ဖြစ်ထွန်းစေရေး ဒေသနှင့်ကိုက်ညီသည့်မျိုးများကို မွေးမြူနိုင်ရန်နှင့်စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းများကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖြစ်သဘောမျိုးမွေးမြူခြင်းမဟုတ်ဘဲ ဇုန်များအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း မွေးမြူဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများသည် တစ်ဦးတစ်ယောက်ချင်းစီသာမက ဒေသနှင့်နိုင်ငံ၏အကျိုးကို များစွာအထောက်အကူဖြစ်စေသောကြောင့် လုပ်ငန်းများအောင်မြင်တိုးတက်ဖွံ့ဖြိုးစေရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေ ကြစေလိုကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေး MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စံပြကျေးရွာများ၊ စံပြမြို့၊ စံပြခရိုင်များသတ်မှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်နှင့် ထုတ်ကုန်များအလိုက် စံပြဆုများပေးအပ်၍ ဆောင်ရွက်သွားနိုင်ပါက အခြားကျေးရွာ၊ မြို့နယ်၊ ခရိုင်များမှလည်း အတုယူ၍လိုက်ပါဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အစည်းအသီးသီးအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း စနစ်တကျမှတ်တမ်းထားရှိရန်လိုကြောင်း၊ မှတ်တမ်းများသည် နောင်တစ်ချိန်တွင် သမိုင်းဖြစ်လာမည်ဖြစ်ကြောင်း။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အားပေးမြှင့်တင်

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာအသုံးချနိုင်စေရေးအတွက်လည်း တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင်နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုအဖြစ် Polytechnic University များကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခု၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၌ ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Polytechnic Institute တစ်ခုကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းမိသားစုသားသမီးများ၏ ပညာရေးကို အဓိကရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ပညာရေးကဏ္ဍကို မြှင့်တင်ရမည်ဖြစ်သကဲ့သို့ လူငယ်များနှင့်ဆက်စပ်နေသည့် အားကစားကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပပြီး အားကစားသမားများ၏ စံချိန်များမြင့်မားလာစေရေး ဆောင်ရွက်သွားရန်လိုပြီး မှတ်တမ်းများ စနစ်တကျထားရှိရန်လိုကြောင်း၊ အားကစားကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြတ်လာစေမည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍လည်း ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် ဒေသခံများ၏ ပညာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှကူညီ ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝေးလံခေါင်ဖျားသည့်ဒေသများ၌ တာဝန်ထမ်းဆောင်နေရသည့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ နေရေး၊ စားရေး အဆင်ပြေစေရေးအတွက်လည်း ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက တတ်နိုင်သရွေ့ ဆောင်ရွက်ပေးသွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအပြင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကိုလည်း ဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ပြန်လည်တည်ဆောက်ရမည့်အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စာရင်းပြုစုကောက်ယူလျက်ရှိကြောင်း၊ စာရင်းပြုစုမှုများတွင် သက်ဆိုင်ရာနယ်မြေများအလိုက် တိုက်ပွဲရှောင်ပြည်သူများအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေး စနစ်တကျမြေပြင်စာရင်းကောက်ယူသွားရန်နှင့် ထိထိရောက်ရောက်ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။

အွန်လိုင်းလောင်းကစားနှင့် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမည်

တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရမည်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) ကို အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

အသီးသီးရှင်းလင်းတင်ပြ

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးရန်ရှိသည်များကိုတင်ပြကြပြီး အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်

နယူးယောက်  ဖေဖော်ဝါရီ ၃

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာများနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မြောက်ကိုရီးယားနိုင်ငံကို ထင်ရာစိုင်းနေသော နိုင်ငံအဖြစ် ဝေဖန်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို၏ အဆိုပါဝေဖန်ချက်သည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများအတွက် အထောက်အကူမပြုနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယင်းအပြင် အမေရိကန်အစိုးရ၏ ရန်လိုမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ရာထူးကို ဒေါ်နယ်ထရန့်ရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရကို ဝေဖန်မှုဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် သမ္မတ‌ဒေါ်နယ်ထရန့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ဒုံးကျည်ကာကွယ်ရေးစနစ်သစ် တည်ဆောက်ရေးအစီအစဉ်ကိုလည်း ဝေဖန်ထားကြောင်း သိရသည်။

Ref: RT၊ Trs: KKO

Source: ရတနာပုံသတင်းစာ

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2263

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သည် ဂါဇာတွင် ရေရှည်ပိုင်ဆိုင်မှုအနေအထားဖြင့် ရပ်တည်မည်ဟု ကြေညာ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည် ဂါဇာတွင် ရေရှည်ပိုင်ဆိုင်မှုအနေအထားဖြင့် ရပ်တည်မည်ဟု ကြေညာခဲ့ပါသည်။

ထိုအရာသည် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး (သို့မဟုတ်) တစ်ခွင်လုံးကို တည်ငြိမ်မှုယူဆောင်လာမည်ဟု မိမိယုံကြည်ပါကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

ဆက်စပ်သတင်းများ- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုသည် ဂါဇာဒေသကို “ထိန်းချုပ်မည်” ဟု ကြေညာခဲ့ပါသည်။ “အမေရိကန်ပြည်ထောင်စုသည် ဂါဇာဒေသကို ထိန်းချုပ်မည်ဖြစ်ပြီး ဒေသတွင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားပါမည်။ မပေါက်ကွဲသေးသောဗုံးများနှင့် အခြားလက်နက် ပစ္စည်းများကို ဖြိုဖျက်ခြင်း၊ ပျက်စီးနေသော အဆောက် အအုံများကို ရှင်းလင်းခြင်း၊ မြေညီညာအောင်ပြုလုပ်ခြင်းတို့ကို မိမိတို့ပင် လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများအတွက် မရေမတွက်နိုင်သော အလုပ်အကိုင်နှင့် အိမ်ရာများ ဖန်တီးပေးမည့် စီးပွားရေးဖွံ့ဖြိုးမှုကို မိမိတို့ တည်ဆောက်မည်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။ 

ထို့အပြင် “လိုအပ်ပါက အမေရိကန်ပြည်ထောင်စုသည် ဂါဇာသို့ ၎င်း၏ စစ်တပ်ကို စေလွှတ်နိုင်သည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ ပါသည်။ 

ကိုးကား - RIA Novosti

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက USAID ၏ ခေတ္တ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ခေတ္တ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအေဂျင်စီကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ နိုင်ငံခြားအကူအညီပေးရေးလုပ်ငန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန အောက်တွင်ထားရှိခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ မဟာဗျူဟာလုပ်ငန်းများ ၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ 

Marco Rubio က လက်တင်အမေရိကနိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း USAID သည် အမေရိကန်အမျိုးသားအကျိုးစီးပွားရေးကို တိုးတက်မှု မရှိစေဘဲ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးနှင့် အကူအညီပေးရေးအဖွဲ့အနေဖြင့်သာ လုပ်ဆောင်နေသည်ဟု ဝေဖန်ခဲ့သည်။ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် USAID ကို လုံးဝဖျက်သိမ်းရန်မဟုတ်ဘဲ အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့် ပိုမို ကိုက်ညီ၍ အမျိုးသားအကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက် စေသည့် နည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ထားကြောင်း ပြောကြားထားပါသည်။

ထရမ့်အစိုးရသည် နိုင်ငံခြားအကူအညီအများစုကို ရပ်ဆိုင်းခြင်းနှင့် USAID အား ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။  ဝါရှင်တန်ဒီစီရှိ USAID ရုံးချုပ်တွင် ဝန်ထမ်းများအား ဝင်ရောက်ခွင့်ပိတ်ထားပြီး USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင်ထားရှိဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။ ဒေါ်နယ်ထရမ့်က အစိုးရလုပ်ငန်းများကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရန် Elon Musk ကို တာဝန်ပေးအပ်ထားပြီး ယင်းပြုပြင်ပြောင်းလဲမှုတွင် ဝန်ထမ်းအရေအတွက် လျှော့ချခြင်းနှင့် အသုံးစရိတ်များကို အစိုးရ၏ ဦးစားပေးမှုများနှင့် ကိုက်ညီစေရန် ပြင်ဆင်ခြင်းများ ပါဝင်နေပါသည်။ 

ယခုအပြောင်းအလဲများကြောင့်USAID ၏ အနာဂတ်နှင့် နိုင်ငံတကာအကူအညီ‌ပေးရေးဆိုင်ရာ အခန်းကဏ္ဍမှာ မသေမချာဖြစ်နေပြီး အရေးကြီးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

ကိုးကား-CNN

Photo: Al Jazeera

UNHRC မှ နုတ်ထွက်ပြီး UNRWA ထောက်ပံ့ငွေကို ရပ်ဆိုင်းတော့မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အမေရိကန် ပြည်ထောင်စုအနေဖြင့် တရားဝင်နုတ်ထွက်ပြီး ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အတွက် ငွေကြေးထောက်ပံ့မှုကို တားမြစ်ပိတ်ပင်မည့် အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၄ ရက် (အင်္ဂါနေ့) တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း Politico က ဖော်ပြထားပါသည်။ 

ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီ (UNRWA) သည် အရှေ့ပါလက်စတိုင်းရှိ ကယ်ဆယ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေသည့် အေဂျင်စီတစ်ခု ဖြစ်သည်။ 

UNHRC သည် ၎င်း၏ မူလရည်ရွယ်ချက်ကို လိုက်နာရန် ပျက်ကွက်ပြီး ကြောက်မက်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ကျူးလွန်နေသည့် နိုင်ငံများအတွက် အကာအကွယ်အဖြစ် ဆက်လက်အသုံးပြုနေသည်ဟု အိမ်ဖြူတော်က ဝေဖန်ထားပါသည်။

ကိုးကား-The Economic Times