သတင်းများ

အီရန်ကို အစ္စရေးဘက်က စတင်တိုက်ခိုက်မှု SCO က အပြစ်တင်ရှုတ်ချ

ပေကျင်း၊ ပဋိပက္ခ

အီရန်နိုင်ငံအပေါ် အစ္စရေးဘက်ကစ၍ တိုက်ခိုက်မှုကို ရှန်ဟိုင်းပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (SCO) က အပြစ်တင်ရှုတ်ချကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများပိုမိုမြင့်တက်လာစေမည့် အခြေအနေနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေး၏တိုက်ခိုက်မှုသည် အီရန်ရှိအရပ်ဘက်ပစ်မှတ်များအပေါ်ကျရောက်ကြောင်း၊ ယင်းအတွက်ကြောင့် အရပ်သား ပြည်သူများစွာ သေဆုံးရကြောင်း၊ ထိုသို့ သောလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အီရန်နိုင်ငံ၏ အချုပ်အခြာ အာဏာကိုထိပါးစေကာ ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကိုပျက်စီးစေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကိုထိပါးလာစေနိုင်ကြောင်း SCO အဖွဲ့၏ ဖြစ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

SCO အဖွဲ့ဝင်နိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး နည်းလမ်းတို့ဖြင့်သာ အဖြေရှာသွားရန် အကြံပြုကြောင်းနှင့် အီရန်နိုင်ငံ၏ဆုံးရှုံးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref. SCO News

Photo - The Wire

အစ္စရေး-အီရန် ပဋိပက္ခဆိုင်ရာ သတင်းတိုများ
  • အစ္စရေးနိုင်ငံက လုပ်ဆောင်လျက်ရှိသည့် အီရန်အပေါ်တိုက်ခိုက်မှုတွင် အမေရိကန်အနေဖြင့် အစ္စရေးဘက်မှပါဝင်ပူး ပေါင်းပေးရန် အစ္စရေးတာဝန်ရှိသူများက တောင်းဆိုထားသည်ဟု AXIO သတင်း ဌာနကဖော်ပြထားသည်။
  • အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အီရန်ဘက်က ကန့်သတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီ ဘာဘာဒီကပြောသည်ဟု RT သတင်းဌာန ကဖော်ပြထားသည်။
  • အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံတွင် ဖြန့်ကြက်အသုံးပြုလျက်ရှိသော ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အရှေ့အလယ်ပို
  • အစ္စရေးနိုင်ငံက လုပ်ဆောင်လျက်ရှိသည့် အီရန်အပေါ်တိုက်ခိုက်မှုတွင် အမေရိကန်အနေဖြင့် အစ္စရေးဘက်မှပါဝင်ပူး ပေါင်းပေးရန် အစ္စရေးတာဝန်ရှိသူများက တောင်းဆိုထားသည်ဟု AXIO သတင်း ဌာနကဖော်ပြထားသည်။
  • အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အီရန်ဘက်က ကန့်သတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီ ဘာဘာဒီကပြောသည်ဟု RT သတင်းဌာန ကဖော်ပြထားသည်။
  • အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံတွင် ဖြန့်ကြက်အသုံးပြုလျက်ရှိသော ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အရှေ့အလယ်ပိုင်းဒေသသို့  ပြောင်းရွှေ့ဖြန့်ကြက်မှုများ လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယရေးဝန်ကြီး ပိဟက်က ဆက်ပြောထားသည်။
  • အစ္စရေးလေတပ်သည် အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက်ပစ္စည်းသုတေသနဌာနတို့အပါအဝင် အီရန် နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များစွာကို တိုက်ခိုက်မှုများစွာလုပ်ဆောင်ကြောင်း အစ္စရေးတပ်မတော်က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
  • ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က အီရန်နိုင်ငံ နှင့်ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးနိုင်ငံ၏ တဲအဗစ်မြို့ကို အသံနှုန်းလွန်ဒုံးကျည်တစ်စင်းကိုအသုံးပြု၍ တိုက်ခိုက်မှုများစွာလုပ်ဆောင်ခဲ့ကြောင်း ထိုအဖွဲ့၏ ဇွန်လ ၁၅ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
  • အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာမှုနှင့် ဟော်မုရေလက်ကြားကို အီရန်ကပိတ်ဆို့နိုင်မှုတို့ကြောင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၃၀၀ အထိမြင့်တက်လာနိုင်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖူအက်ဟူစိန်က ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒက်ဖူးနှင့်တယ်လီဖုန်းဆက်စကားပြောစဉ်သတိပေးထား သည်။
  • အီရတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန်ပဋိပက္ခတွင်ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် အီရန်၏နျူကလီးယားအရေးနှင့်ပတ်သက်၍ ပြေလည်မှုရရှိစေရန်တစ်ခုတည်းသောနည်းလမ်းသည် တွေ့ဆုံဆွေးနွေးခြင်းပင်ဖြစ်ကြောင်း တူကီယဲသမ္မတက အီရတ်ဝန်ကြီးချုပ်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ်ပြောထားသည်။ အစ္စရေး၏တိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အကြီးတန်း တပ်မှူးနောက်ထပ်ရှစ်ဦးသေဆုံးကြောင်း အစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Xinhua, RT, Sputnik

MWD Daily Newspaper
 
အီရန်က ဟိုင်ဖာမြို့ကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

အီရန်သည် အစ္စရေး၏ ဟိုင်ဖာမြို့ကို တိုက်ခိုက်ရာတွင် ဟိုက်ပါဆောနစ် ဒုံးကျည် (hypersonic missile) အနည်းဆုံး တစ်စင်းအသုံးပြုခဲ့ကြောင်း Mehr သတင်းဌာနက ဖော်ပြထားပါသည်။

Nournews သတင်းဌာနအရင်းအမြစ်တစ်ဦး၏ အဆိုအရ အီရန်သည် အစ္စရေးနယ်မြေသို့ Emad၊ Ghadr နှင့် Kheibar Shekan စသည့် တာလတ်ပစ်ဒုံးကျည်များ အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဟိုင်ဖာမြို့သည် အစ္စရေး၏ တတိယအကြီးဆုံးမြို့ ဖြစ်ပြီး၊ စီးပွားရေး၊ စက်မှုနှင့် စစ်ရေးအရ အရေးပါသော ဆိပ်ကမ်းမြို့တစ်ခုဖြစ်ကာ အစ္စရေး၏ ရေနံချက်စက်ရုံများ အများဆုံးတည်ရှိရာ နေရာလည်း ဖြစ်ပါသည်။ 

ကိုးကား- Tass

Photo: Armeina News

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အိုမန်ပင်လယ်ထဲ ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောကို အီရန် ရေတပ်က တားဆီး

အိုမန်ပင်လယ်အတွင်း ဗြိတိန်စပိုင်ဖျက်သင်္ဘောတစ်စီးသည် အီရန် ရေတပ်က တားဆီးလိုက်၍ လမ်းကြောင်းပြောင်းလဲသွားကြောင်း သိရပါသည်။

အီရန်နယ်မြေအတွင်း ပစ်လွှတ်မည့် အစ္စရေးဒုံးကျည်များအတွက် လမ်းညွှန်ရန် ရည်ရွယ်ချက်ဖြင့် မနေ့ည (ဇွန် ၁၄) က မြောက်အိန္ဒိယသမုဒ္ဒရာထဲသို့ ချဉ်းကပ်ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောအား အီရန်ရေတပ်၏ ထောက်လှမ်းရေးစနစ်များက အချိန်မီ ဖမ်းမိခဲ့ပါသည်။ အီရန်ရေတပ်၏ တိုက်ခိုက်ရေးဒရုန်းများက သတိပေးချက်များ ပြုလုပ်ကာ ဖျက်သင်္ဘောအား ပါရှန်ပင်လယ်ကွေ့ဘက်သို့ ဆက်လက်ရွေ့လျား စေခြင်းဖြင့် တားဆီးနိုင်ခဲ့ပါသည်။ ဖျက်သင်္ဘောသည် လမ်းကြောင်း ပြောင်းလဲသွားရသည်အထိ ဖြစ်စေခဲ့သည်။

ကိုးကား- Mehr

Photo: ABNA English

အီရန်နှင့်စစ်ပွဲတွင် အမေရိကန် ပူးပေါင်းပါဝင်ရန် နေတန်ယာဟု တောင်းဆိုနေ

အစ္စရေးအစိုးရသည် အီရန်၏ နျူကလီးယားစွမ်းအင် အစီအစဉ်ကို အပြီးတိုင် ဖျက်သိမ်းရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် ပြည်ထောင်စုအား စစ်ပွဲတွင် ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့ကြောင်း အစီရင်ခံစာတစ်ခုအရ သိရပါသည်။

အမေရိကန်သတင်း website ဖြစ်သည့် Axios ၏ တနင်္ဂနွေနေ့ (ဇွန် ၁၅) နံနက်အစောပိုင်း ထုတ်ပြန်ချက်အရ ယခုတောင်းဆိုမှုကို လွန်ခဲ့သော ၄၈ နာရီအတွင်း ပြုလုပ်ခဲ့ပြီး အီရန်နှင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်၏ စစ်ရေးစွမ်းရည်များဖြင့် အစ္စရေး၏လုပ်ဆောင်ချက် များကို ဖြည့်ဆည်းရန် ရည်ရွယ်ခဲ့ပါသည်။

ထိုစွမ်းရည်များတွင် ဘန်ကာဖောက်ခွဲရေးလက်နက်များနှင့် လေးလံသော ဗုံးကြဲလေယာဉ်များ ပါဝင်သည်ဟု သိရပါသည်။ အစီရင်ခံစာအရ အထူးသဖြင့် အီရန်၏မြောက်ပိုင်းရှိ Fordow ယူရေနီယမ် ထပ်တိုး သန့်စင်ရေး စက်ရုံကို ပစ်မှတ်ထားသည့် အစ္စရေး-အမေရိကန် ပူးပေါင်း တိုက်ခိုက်မှု အတွက် တောင်းဆိုထားပါသည်။

သောကြာနေ့ (ဇွန် ၁၃) က အစ္စရေး၏အမေရိကန်သံအမတ်ကြီး Yechiel Leiter က “Fordow ကို အပြီးအပိုင်ဖျက်သိမ်းရမည်” ဟု ထပ်လောင်း အလေးပေးပြောကြားခဲ့ပါသည်။ သို့သော် ထိုနေ့တွင်ပင် အီရန် အက်တမ် စွမ်းအင်အဖွဲ့ (AEOI) က Fordow စက်ရုံတွင် ကြီးမားသော ပျက်စီးမှု မရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အစ္စရေး၏ တိုက်ခိုက်မှု များသည် ထိုနေ့မှာပင် စတင်ခဲ့ပါသည်။

သတင်းမီဒီယာများ၏အစီရင်ခံစာများအရ အမေရိကန်သည် တိကျသော ပစ်မှတ်ထိတိုက်ခိုက်နိုင်သည့် လေဆာလမ်းညွှန်စနစ်ပါ Hellfire ဒုံးကျည် များစွာကို အီရန်ကို နောက်ဆုံးတိုက်ခိုက်မှုမပြုလုပ်ခင် အစ္စရေးအား ထောက်ပံ့ပေးခဲ့ကြောင်း Press TV က ဖော်ပြထားပါသည်။

ထရမ့်အပါအဝင် အမေရိကန်အရာရှိများသည် အီရန်၏နျူကလီးယား အစီအစဉ်ကို အပြီးအပိုင်ဖျက်သိမ်းရန် ထောက်ခံခဲ့ကြသည်။ အဆိုပါ တောင်းဆိုမှုသည် အီရန်-အမေရိကန်နျူကလီးယားဆွေးနွေးပွဲများကို ပိုမို ရှုပ်ထွေးစေခဲ့သည်။ သို့သော် အီရန်သည် အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်း၏အခွင့်အရေးဖြစ်သော ငြိမ်းချမ်းရေး နျူကလီးယား လုပ်ဆောင်ချက် များကို စွန့်လွှတ်ရန် အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် သောကြာ (ဇွန် ၁၃) နှင့် စနေ (ဇွန် ၁၄) တွင် ပါလက်စတိုင်းအား သိမ်းပိုက်ထား သောနယ်မြေများသို့ အဆင့်မြင့် ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ကျယ်ကျယ် ပြန့်ပြန့် တုံ့ပြန်တိုက်ခိုက်ခဲ့ပါသည်။

ကိုးကား- Mehr

Photo: Axios

မင်နီဆိုးတားပြည်နယ်တွင် ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ် လွှတ်တော် အမတ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး ကျူးလွန်သူကို ဖမ်းဆီးရန် လိုက်လံရှာဖွေမှုများ ဆောင်ရွက်နေ

မင်နီဆိုးတားရဲတပ်ဖွဲ့နှင့် FBI တို့သည် စနေနေ့ (ဇွန် ၁၄) ညနေပိုင်းတွင် ရဲအရာရှိအယောင်ဆောင်၍ ဒီမိုကရက်တစ်ပါတီဝင် ဝါရင့်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို ပစ်သတ်ခဲ့သော သေနတ် သမားကို ရှာဖွေဖမ်းဆီးရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်နေသည်။ အဆိုပါဖြစ်စဉ်အား ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz က “နိုင်ငံရေးအရ လှုံ့ဆော်မှုရှိသော လုပ်ကြံသတ်ဖြတ်မှု” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

တရားရေးအရာရှိများနှင့် FBI ၏ထုတ်ပြန်ချက်အရ Vance Luther Boelter (အသက် ၅၇ နှစ်) ဟု ဖော်ထုတ်ခံရသည့် သံသယရှိသူသည် အခြား လွှတ်တော်အမတ်တစ်ဦးနှင့် ၎င်း၏ဇနီးတို့ကိုလည်း ပစ်ခတ်ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။

မင်နီဆိုးတားပြည်နယ် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Melissa Hortman နှင့် သူမ၏ခင်ပွန်း Mark တို့၏ အိမ်တွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူသည် ရဲများကိုပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။

တရားရေးအရာရှိများ၏ ပြောကြားချက်အရ သံသယရှိသူသည် ရဲဌာန ယာဉ် နှင့်ဆင်တူသော SUV ယာဉ်တစ်စီးကို စွန့်ပစ်ခဲ့ပြီး ယင်းအတွင်းမှ အခြားနိုင်ငံရေးသမားများနှင့် အဖွဲ့အစည်းများအား ပစ်မှတ်ထားသည့် “ကြေညာစာတမ်း” (manifesto) နှင့် စာရင်းတစ်စောင်ကို ရှာဖွေ တွေ့ရှိ ခဲ့သည်။

မင်နီဆိုးတား ရာဇ၀တ်မှုစုံစမ်းရေးဗျူရို (BCA) ညွှန်ကြားရေးမှူး Drew Evans က သတင်းစာရှင်းလင်းပွဲတွင် Boelter သည် လက်နက် ကိုင်ဆောင် ထားပြီး အန္တရာယ်ရှိသူဖြစ်ကာ Minneapolis-St. Paul ဧရိယာအတွင်း၌ ရှိနေနိုင်ကြောင်း၊ သို့သော် အဆိုပါဖြစ်စဉ်၏ ရည်ရွယ်ချက်ကို အတည် ပြုရန် အချိန်စောနေသေးကြောင်း ပြောကြားခဲ့သည်။

Reuters ၏ အွန်လိုင်းရေးသားမှုများနှင့် အများပြည်သူမှတ်တမ်းများအရ သံသယရှိသူသည် ဧဝံဂေလိသာသနာလုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိပြီး ဂါဇာကမ်းမြောင်နှင့် အာဖရိကတွင် လုံခြုံရေးအတွေ့အကြုံရှိသူဟု အခိုင်အမာ ဆိုထားသည်။ ပြည်နယ်မှတ်တမ်းများအရ Boelter သည် အစားအသောက် ဝန်ဆောင်မှုကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ဖူးသူဖြစ်ပြီး ၂၀၁၆ ခုနှစ် တွင် Walz ၏ ပြည်နယ်အုပ်ချုပ်ရေးမှူး အကြံပေးအဖွဲ့ဖြစ်သော Governor's Workforce Development Board တွင် ခန့်အပ်ခံခဲ့ရသည်။

David Carlson (၅၉ နှစ်) က ၎င်းသည် Boelter နှင့် မင်နီအာပိုလစ်မြို့ရှိ အိမ်ရာတစ်ခုတွင် တစ်နှစ်ကျော်အတူနေထိုင်ခဲ့ပြီး ၎င်းအား သောကြာ (ဇွန် ၁၃) ညက နောက်ဆုံးမြင်တွေ့ခဲ့ရပြီးနောက် စနေနေ့ (ဇွန် ၁၄) နံနက် ၆ နာရီတွင် Boelter ထံမှ စာတိုတစ်စောင် ရရှိခဲ့သည်ဟု Reuters သို့ ပြောကြားချက်အရ သိရှိရသည်။

“သူပြောတာက သူ “မကြာခင်သေသွားနိုင်တယ်” ဆိုတဲ့စကားပါ” ဟု Carlson က ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ ပြောပြခဲ့သည်။

ကိုးကား- Reuters

Photo: The Kathmandu Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အစ္စရေးတို့က တီဟီရန်ရှိ ရေနံသိုလှောင်ရုံကို တိုက်ခိုက်မှုကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုဖြစ်ပွား

အစ္စရေးတပ်များသည် စနေနေ့ (ဇွန် ၁၄) မှ တနင်္ဂနွေ (ဇွန် ၁၅) နံနက် အထိ တိုက်ခိုက်မှုများအတွင်း တီဟီရန်၏ အနောက်မြောက် ဆင်ခြေဖုံး ဒေသဖြစ်သော ရှားရန်မြို့ရှိ ရေနံသိုလှောင်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့သည်။

မီဒီယာများတွင်ဖော်ပြထားသော ဗီဒီယိုများ၌ ကြီးမားသည့်မီးလျှံများနှင့် ထူထပ်သော အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။ အီရန်စွမ်းအင်ဝန်ကြီးဌာနက မီးသတ်တပ်ဖွဲ့များနှင့် အရေးပေါ်အဖွဲ့ များကို ဖြစ်စဉ်နေရာသို့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သောကြာနေ့ (ဇွန် ၁၃) နံနက်အစောပိုင်းမှ စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အီရန်၏ စစ်ဘက်ဆိုင်ရာ အရေးကြီးနေရာများနှင့် အဓိက နျူကလီးယားသန့်စင်ရေးစက်ရုံတို့ ထိမှန်မီးလောင်ကျွမ်းခဲ့ပြီး စစ်ဘက်ထိပ်တန်းအရာရှိကြီးများနှင့် ဝါရင့်နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံး ခဲ့ရသည်။

အီရန်ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး အစ္စရေး တွင်လည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ကိုးကာ- RT

အီရန်မှ အစ္စရေးကို တုံ့ပြန်တိုက်ခိုက်မှုတွင် EU နိုင်ငံများ၏ ကောင်စစ်ဝန် ထိခိုက်ဒဏ်ရာရရှိ

အစ္စရေးနိုင်ငံရှိ ခရိုအေးရှားကောင်စစ်ဝန်နှင့် ၎င်း၏ဇနီးတို့သည် တယ်လ် အဗစ်မြို့ပေါ်သို့ အီရန်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီး Gordan Grlic Radman က ပြောကြားခဲ့သည်။

X (တွစ်တာ) တွင် တင်ထားသော ပို့စ်တစ်ခုတွင် ဝန်ကြီးက ကောင်စစ်ဝန် နှင့် ၎င်း၏ဇနီးတို့ ရရှိခဲ့သော ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း အတည်ပြုခဲ့သည်။

“မိမိတို့၏ ကောင်စစ်ဝန်နှင့် ၎င်း၏ဇနီးတို့သည် တယ်လ်အဗစ်မြို့ပေါ်ရှိ တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းကို ကြားရ၍ အလွန် တုန်လှုပ်မိပါသည်။ ၎င်းတို့နေထိုင်သည့် အဆောက်အဦကို ဒုံးကျည် ထိမှန်ခဲ့ပါသည်” ဟု Grlic Radman က ရေးသားခဲ့သည်။

“မိမိတို့သည် အရပ်သားများနှင့် သံတမန်အဆောက်အဦများကို တိုက်ခိုက်မှုများကို အပြင်းအထန် ရှုတ်ချပါသည်။ အခြေအနေလျော့ပါးရန်နှင့် ထိန်းသိမ်းရန် အမြန်ဆုံးလိုအပ်ပါသည်” ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အစ္စရေးသည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန်နိုင်ငံအား ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ နျူကလီးယား စက်ရုံများနှင့် စစ်အခြေစိုက်စခန်းများကို ပစ်ခတ်ခဲ့သည်။ အီရန်၏ အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ပစ်မှတ်ထား ချေမှုန်းခံခဲ့ရသည်။ အီရန်၏ တရားဝင်ခန့်မှန်းချက်အရ အစ္စရေး၏ တိုက်ခိုက်မှု များတွင် လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အနောက်ဂျေရုဆလင်အစိုးရသည် “Operation Rising Lion” အမည်ရှိ အဆိုပါတိုက်ခိုက်မှုအား တီဟီရန်မှ နျူကလီးယားဗုံးပိုင်ဆိုင်မည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန် အစီအမံအဖြစ် ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ သို့သော် အီရန်ဘက်မှမူ ထိုကဲ့သို့သော နျူကလီးယား လက်နက် ထုတ်လုပ်ရန် အစီအစဉ်မရှိဟု အထပ်ထပ်ငြင်းဆိုလျက် ၎င်း၏ နျူကလီးယား အစီအစဉ်သည် အရပ်ဘက်လိုအပ်ချက်များအတွက်သာ ဖြစ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုလျက်ရှိသည်။

တီဟီရန်ဘက်မှလည်း အစ္စရေးကို ဒုံးကျည်များနှင့် ကာမီကာဇီ ဒရုန်းများဖြင့် အစုလိုက်ပစ်ခတ်ကာ လိုအပ်သရွေ့ ဆက်လက် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးဘက်မှထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အဦများ အကြီးအကျယ်ပျက်စီးမှုဖြစ်ကာ အနည်းဆုံးသုံးဦးသေဆုံးပြီး ၁၅၀ကျော် ဒဏ်ရာရရှိခဲ့သည်။

ယခုကဲ့သို့အခြေအနေဆိုးရွားလာခြင်းမှာ အမေရိကန်-အီရန် နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲငါးကြိမ်ကျင်းပပြီးနောက် အခြေအနေမှာ ရပ်တန့်နေပြီး တိုးတက်မှုမရှိခဲ့ခြင်းနှင့် ဆက်စပ်နေသည်။ တိုက်ခိုက်မှု အပြီးတွင် တီဟီရန်ဘက်မှ အမေရိကန်နှင့်ဆက်လက်ဆွေးနွေးရန် “အဓိပ္ပာယ် မရှိတော့” ဟုကြေညာခဲ့ပြီး အိမ်ရှင်နိုင်ငံအိုမန်ကလည်း တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် ကျင်းပရန်စီစဉ်ထားသော ဆဋ္ဌမအကြိမ်ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက် ကြောင်း အတည်ပြုခဲ့သည်။

ကိုးကား- RT

မင်နီဆိုးတားပြည်နယ်လွှတ်တော်အမတ်များ ပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး

ဝါရှင်တန်၊ ပြည်တွင်းရေး
မင်နီဆိုးတားပြည်နယ်ရှိ ဒီမိုကရက် တစ်ပါတီမှ လွှတ်တော်အမတ်များနှင့် ၎င်းတို့၏အိမ်ထောင်ဖက်များသည် ဇွန် လ ၁၄ ရက်နံနက်အစောပိုင်းတွင် သေနတ် ဖြင့်ပစ်ခတ်မှုခံရကြောင်း၊ လွှတ်တော် အမတ်တစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ သေဆုံး သွားကြောင်း၊ နောက်ထပ်လွှတ်တော် အမတ်တစ်ဦးနှင့်၎င်း၏ဇနီးတို့မှာ ဒဏ်ရာ ရရှိသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကပြောသည်။

သေဆုံးသူများမှာ ပြည်နယ်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် မယ်လီဆာ ဟော့မန်းနှင့် ၎င်း၏ခင်ပွန်းမာ့တို့ဖြစ်ပြီးဒဏ်ရာပြင်းထန်စွာရရှိထားသူများမှာ အထက်လွှတ်တော်အမတ် ဂျွန်ဟော့မန်း နှင့် ဇနီးတို့ဖြစ်ကြောင်း၊ ယခုတိုက်ခိုက်မှု သည် နိုင်ငံရေးအရလှုံ့ဆော်သည့်လုပ်ကြံ မှုဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတင်ဝေါ့ ကပြောသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသားသည် ရဲ တပ်ဖွဲ့ဝင်တစ်ဦးအဖြစ်ဟန်ဆောင်ကာ ပစ်ခတ်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ပြီးနောက် ထွက်ပြေးလွတ်မြောက်သွား ကြောင်းနှင့် ယခုအခါအဆိုပါအမျိုးသား ကိုရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ 
Ref: TST

Photo- AP News

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော်နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော် နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း New York Times က ဖော်ပြခဲ့ပါသည်။

အီရန်စစ်ဦးစီးချုပ်၏ အဆောက်အဦကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းကို အီရန်က ငြင်းဆိုထားကာ အစ္စရေး၏ ဒုံးကျည်များကို ကြားဖြတ် ချေမှုန်းခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- New York Times

Photo: Bloomberg