သတင်းများ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနှင့် ပဋိပက္ခကာလအတွင်း လေကြောင်းပစ်မှတ် ၈၀,၀၀၀ ကျော် ပစ်ချခဲ့ကြောင်း ပြောကြား

ရုရှားတပ်များသည် ယူကရိန်းနှင့် ပဋိပက္ခအတွင်း လေကြောင်းပစ်မှတ်ပေါင်း ၈၀,၀၀၀ ကျော်ကို ပစ်ချခဲ့ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဖွင့်ဟခဲ့ပြီး မည်သည့်လေကြောင်းတိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ဖန်တီးရန် ရုရှားက ကြိုးပမ်းနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်သည် ကြာသပတေးနေ့ (ဇွန် ၁၂) တွင် ရုရှား၏ ၂၀၂၇ မှ ၂၀၃၆ ခုနှစ်အတွက် လက်နက်တပ်ဆင်ရန်အစီအစဉ်များကို ဆွေးနွေးရန် အရာရှိကြီးများနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် အထက်ပါအချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနှင့် ပဋိပက္ခတွင် လေကြောင်းလက်နက်စနစ်များ အလျင်အမြန် တိုးတက်လာခြင်း၊ ၎င်း၏ အခန်းကဏ္ဍ ဆင့်ကဲပြောင်းလဲလာခြင်းနှင့် အသုံးပြုသည့် နည်းဗျူဟာများ ထူးခြားစွာ ပါဝင်နေကြောင်း ပူတင် က ထောက်ပြခဲ့သည်။

“နိုင်ငံတော်၏ လက်နက်တပ်ဆင်ရေး အစီအစဉ်အသစ်သည် မည်သည့် အခြေအနေတွင်မဆို လုပ်ဆောင်နိုင်ပြီး မည်သည့်လေကြောင်း တိုက်ခိုက်မှုကိုမဆို ထိရောက်စွာ ကာကွယ်နိုင်သည့် နိုင်ငံတကာစံနှုန်းမီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ရပ် ဖန်တီးရန် သေချာစေရမည်” ဟု သမ္မတက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၈၀,၀၀၀ ကျော်ဟူသော ကိန်းဂဏန်းတွင် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များနှင့် ဒုံးပစ် လောင်ချာများမှ ပစ်လွှတ်သည့် ဒုံးကျည်များအပါအဝင် အဆင့်မြင့် လက်နက်ကြီး ၇,၅၀၀ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဖျက်ဆီးခံခဲ့ရသည့် လက်နက်အများစုမှာ အနောက်နိုင်ငံများက ကိယက်ဗ် သို့ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော် ပဋိပက္ခတွင် ရုရှားတပ်များ ပစ်ချခဲ့သည့် လေကြောင်း ပစ်မှတ်အများစုမှာ ဒရုန်းများဖြစ်သည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးကိန်းဂဏန်းများအရ ယူကရိန်း၏ မတူညီသော ဒရုန်း အမျိုးအစားပေါင်း ၆၃,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“မတူညီသော ဒရုန်းအမျိုးအစားများကို ကာကွယ်တိုက်ခိုက်ရန် နည်းလမ်းအသစ်များနှင့် စံသတ်မှတ်ချက်များမှ ခွဲထွက်သည့် အဖြေများ လိုအပ်ပြီး အဆိုပါနယ်ပယ်သည် အထူးအရေးပါဆဲဖြစ်သည်” ဟု ပူတင်က ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားက သီးသန့်ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းနေဟု ပူတင်ပြောကြား

ရုရှားနိုင်ငံသည် ဒရုန်းတပ်ဖွဲ့များကို စစ်တပ်၏ သီးခြားဌာနခွဲအဖြစ် ဖွဲ့စည်းတည်ထောင်နေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။ ယူကရိန်းပဋိပက္ခတွင် စစ်မြေပြင်အသေအပျောက်များ၏ တစ်ဝက်ခန့်မှာ UAV (ဒရုန်း) များကြောင့်ဖြစ်ကြောင်း ၎င်းက ဖွင့်ဟ ခဲ့သည်။ 

သမ္မတပူတင်က ကြာသပတေးနေ့ (ဇွန် ၁၂) တွင် ရုရှား၏ လာမည့် ၁၀ နှစ်အတွက် လက်နက်တပ်ဆင်ရန်အစီအစဉ်နှင့်ပတ်သက်သည့် စစ်ဘက်နှင့်အရပ်ဘက် အကြီးအကဲများနှင့် ကျင်းပသောအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒရုန်းစနစ်များသည် စစ်မြေပြင်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပြီး ၎င်းတို့၏ အသုံးပြုမှု နယ်ပယ်မှာ တိုးတက်ကျယ်ပြန့်လာနေကြောင်း ပူတင်က ထောက်ပြခဲ့သည်။ 

“၎င်းတို့သည် သံချပ်ကာယာဉ်များ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေး စနစ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် ရန်သူ၏လူအင်အားများကို ဖျက်ဆီး နိုင်စွမ်းရှိသည်။ မိမိတို့၏ ဒရုန်းလုပ်ငန်းတာဝန်ခံများသည် ရန်သူ၏ ပစ္စည်းကိရိယာနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၏ အရေးကြီး သောအပိုင်း (၅၀% အထိ) အတွက် တာဝန်ရှိသည်” ဟု သမ္မတက ပြောကြားခဲ့သည်။ တိုက်ရိုက်စစ်ဆင်ရေးအပြင်၊ ဒရုန်းများကို ရှာဖွေရေး၊ အီလက်ထရောနစ်စစ်ဆင်ရေး၊ မိုင်းခွဲခြင်းနှင့် မိုင်းရှင်းခြင်းတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်း သမ္မတက ဖော်ပြခဲ့သည်။

“ရုရှားနိုင်ငံသည် သီးသန့်ဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် လုပ်ငန်းစဉ်များ လျင်မြန်စွာ ဆောင်ရွက်နေပြီး ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တပ်ဆင်မှုများမှာ အမြင့်မားဆုံး စံချိန်စံညွှန်းနှင့်အညီ ဖြစ်ရမည်” ဟု သမ္မတ ပူတင် က ပြောကြားခဲ့သည်။ 

“အဆိုပါတပ်ဖွဲ့အသစ်ကို ဖန်တီးရန် မိမိတို့တွင် ကောင်းမွန်သော အတွေ့အကြုံများ စုစည်းမိပြီဟု ယုံကြည်ပါသည်။ မိမိတို့၏ တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်သည့် ခေတ်မီစက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် လူသားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ခြင်းတို့ကို ဆွေးနွေးနေခြင်းဖြစ်သည်” ဟု သမ္မတက ရှင်းပြ ခဲ့သည်။ 

စစ်မြေပြင်တွင် မောင်းသူမဲ့နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ဆောင်မှုဌာနခွဲသစ်ဖြစ်သည့် မောင်းသူမဲ့ စနစ်တပ်များ “Unmanned Systems Troops” တည်ထောင်ရန် ယမန်နှစ် ဒီဇင်ဘာလတွင် ပထမဆုံးကြေညာခဲ့သည်။ ထိုအချိန်က ရုရှား ကာကွယ်ရေးဝန်ကြီး Andrey Belousov က ၎င်းတပ်ဖွဲ့ကို ယခုနှစ် တတိယသုံးလပတ်တွင် ဖွဲ့စည်းမည်ဟု ပြောကြားခဲ့သည်။

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယား လက်နက်များရှိသည်ဟု ပူတင် ပြောကြား

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီး ၎င်းသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ကမ္ဘာ့စစ်ရေး ဟန်ချက်ညီမှုကို အာမခံပေးသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ကျင်းပသော အမျိုးသားလက်နက်တပ်ဆင်ရေး အစီအစဉ်ဆိုင်ရာ အစိုးရအစည်းအဝေး၌ ပြောကြားရာတွင် ၎င်းက နိုင်ငံ၏ နျူကလီးယားသုံးဘက်စုံ (Nuclear Triad) ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အထူးအာရုံစိုက်ရန်” တိုက်တွန်းခဲ့သည်။

နျူကလီးယားသုံးဘက်စုံဆိုသည်မှာ မြေပြင်အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်များ (ICBMs)၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်များ (SLBMs) နှင့် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ (strategic bombers) တို့၏ ပေါင်းစပ်အသုံးပြုမှုကို ရည်ညွှန်းသည်။ အဆိုပါ လက်နက်စနစ်များသည် ပထမဆုံးတိုက်ခိုက်မှုတွင် နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယား စွမ်းအားကို အပြီးအပိုင် ဖျက်ဆီးနိုင်ခြင်း မရှိစေရန် အာမခံပေးသည်။

“ယခုအခါတွင် မိမိတို့၏ နျူကလီးယားစွမ်းအား၌ ခေတ်မီ နည်းပညာ အထွတ်အထိပ်ရှိသော လက်နက်စနစ်များ၏ အချိုးအစားမှာ ၉၅% အထိ ရှိနေပြီ” ဟု သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စတွင် ရုရှားနိုင်ငံသည် ကောင်းမွန်သော တိုးတက်မှုများ ရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုအချိုးအစားသည် ကမ္ဘာ့နျူကလီးယား စွမ်းအားရှိသော နိုင်ငံအားလုံးတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ပူတင် က ဆိုသည်။ အလားတူအကဲဖြတ်ချက်ကို အမေရိကန်နိုင်ငံ၏ Strategic Command မှ ဗိုလ်ချုပ်ကြီး Anthony Cotton ကလည်း ဖော်ပြခဲ့ ဖူးသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် အခြားမည်သည့်နိုင်ငံမျှမရှိသေးသည့် အကြီးမားဆုံးနှင့် အမျိုးအစားအစုံလင်ဆုံး နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လတွင် Cotton က ပြောကြားခဲ့ပြီး မော်စကို၏ နျူကလီးယားစွမ်းရည်မှာ အမေရိကန်ထက် သာလွန်နေကြောင်း သတိပေးခဲ့သည်။

ရုရှားသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏နျူကလီးယားလက်နက် စွမ်းရည်အား သိသိသာသာ အဆင့်မြှင့်တင်ခဲ့သည်။ Sarmat ICBM ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန်အတွက် အတည်ပြုခဲ့သည်။ ရုရှားနိုင်ငံ၏ စွမ်းရည်အရှိဆုံး နျူကလီးယားလက်နက်များအနက်မှ တစ်ခုဖြစ်သော Sarmat သည် ခန့်မှန်းခြေအားဖြင့် မိုင်ပေါင်း 11,000 (ကီလိုမီတာ 18,000 ခန့်) ထိရောက်ရှိနိုင်ပြီး အလေးချိန် ၁၀ တန်ဝန်းကျင်ရှိသည်။

သို့သော် ပူတင်က မော်စကိုသည် နျူကလီးယားလက်နက် တစ်ခုတည်းကိုသာ အာရုံစိုက်မနေဘဲ ယူကရိန်းပဋိပက္ခမှ ရရှိသောအတွေ့အကြုံ များကို အခြေခံကာ ခေတ်အမီဆုံးလက်နက်စနစ် အမျိုးအစား အမျိုးမျိုးကို အာရုံစိုက်ပြီး ရေရှည်လက်နက်တပ်ဆင်ရေး အစီအစဉ်သစ်ကို ဖော်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုခဲ့သည်။

ရုရှားသည် ဒရုန်းစွမ်းရည်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် စစ်မြေပြင် အသုံးချမှု နှစ်ရပ်စလုံး၌ ယူကရိန်းထက် သာလွန်နေကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ရုရှား၏ ဖိုင်ဘာအော့ပ်တစ်ဒရုန်းများသည် “ရှေ့တန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသည့် စစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေများကို ပြောင်းလဲစေနေသည်” ဟု ၂၀၂၄ ခုနှစ်၊ မေလထုတ် The Times သတင်းစာက ထောက်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြား

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြားလိုက်ပါသည်။

 “Tehran of TYRANTS” အီရန်၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် 'ရက်များစွာကြာမြင့်မည့်' စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အချိန်တိုအတွင်း နျူကလီးယား မပြုလုပ်မီ အီရန်ကို ရပ်တန့်ရန် လိုအပ်သည် ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

စစ်ဘက်နှင့် စက်မှုဇုန်များ တည်ရှိရာ အီရန်နိုင်ငံ၏ မြို့များဖြစ်သော Isfahan၊ Arak နှင့် Kermanshah တွင် နေထိုင်သူများသည် ပေါက်ကွဲသံများကြားရ

စစ်ဘက်နှင့် စက်မှုဇုန်များ တည်ရှိရာ အီရန်နိုင်ငံ၏ မြို့များဖြစ်သော Isfahan၊ Arak နှင့် Kermanshah တွင် နေထိုင်သူများသည် ပေါက်ကွဲသံများကြားရကြောင်း New York Times ၏ ဖော်ပြချက်အရ သိရှိရပါသည်။

ကိုးကား- New York Times

အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ဂါဇာတွင် လူဦးရေ ၆၀ သေဆုံး၊ အကူအညီဖြန့်ဖြူးရေးနေရာအနီးတွင် အများအပြားဒဏ်ရာရ

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောက

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဟားမက်နှင့် စစ်မက် ဖြစ်ပွား နေသည့် အစ္စရေးစစ်တပ်က Netzarim Corridor ဧရိယာအနီးတွင် စစ်သားများအား ခြိမ်းခြောက်နေသည့် သံသယရှိသူများအုပ်စုကို ညအချိန်တွင် သတိပေးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုဧရိယာ သည် တိုက်ပွဲဖြစ်ပွားနေသော ဇုန်ဖြစ်ကြောင်း သတိပေးထားသော်လည်း (ပစ်ခတ်မှုဖြစ်ပွားခဲ့သည်)။ IDF သည် ဒဏ်ရာရသူများနှင့် ပတ်သက်သော အစီရင်ခံစာများကို သိရှိပြီး အသေးစိတ်ကို စစ်ဆေးဆဲဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။

ထိုနေ့နောက်ပိုင်းတွင် တောင်ဘက်ဂါဇာခရိုင်ရှိ ခန်ယူနစ်မြို့၊ Nasser ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရာဖာမြို့ရှိ GHF ၏ အခြားအကူအညီ ဖြန့်ဖြူးရေးနေရာသို့ ချဉ်းကပ်နေစဉ် အစ္စရေးတပ်များ၏ ပစ်ခတ်မှု ကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။GHF က ဟားမက်တပ်များက ၎င်းတို့၏ အကူအညီဖြန့်ဖြူးရေးနေရာသို့ သွားနေ သည့် အဖွဲ့ဝင် ၂၀ ပါသည့် ဘတ်စ်ကားကို တိုက်ခိုက်မှုတွင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

“ဂါဇာပြည်သူများအား အရေးကြီးသော အကူအညီများ ဆက်လက် ပေးနိုင်ရန် မိမိတို့ ကြိုးပမ်းသွားမည်” ဟု ၎င်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ GHF ၏ အစောပိုင်းထုတ်ပြန်ချက်အရ ဒေသခံများနှင့် သက်ဆိုင်သည့် ထိုနေ့မှဖြစ်ရပ်များကို ၎င်းတို့ မသိရှိသေးသော်လည်း လုံခြုံသော သွားလာရေးလမ်းကြောင်းများ ထိန်းသိမ်းရန် အစ္စရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပါလက်စတိုင်းများ အနေဖြင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

“နောက်ဆုံးတွင် ဖြေရှင်းနည်းမှာ အကူအညီပိုမိုရရှိရန်ဖြစ်ပြီး ဤသည်က ပြည်သူများအကြား စိတ်ချမှုနှင့် အရေးပေါ်လိုအပ်ချက် လျော့နည်းစေမည်” ဟု Reuters ၏ မေးမြန်းချက်များကို အီးမေးလ်ဖြင့် ပြန်ကြားရာတွင် ဖော်ပြခဲ့သည်။ “ဂါဇာရှိ လိုအပ်နေသူအားလုံးအတွက် လုံလောက်သည့် အစားအစာ မရှိသေးပါ။ လက်ရှိတွင် မိမိတို့၏ ဦးစားပေးမှုမှာမတည်ငြိမ်သော ပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းစွာဖြင့် ဖြစ်နိုင်သမျှ လူများများကို အစားအစာဖြန့်ဖြူးနိုင်ရန်ဖြစ်သည်” ဟု ပြောကြား ခဲ့သည်။

GHF က မေလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည့်အချိန်မှစ၍ စုစုပေါင်း အစားအစာ ၁၆ သန်းကျော် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် တစ်ရက်တည်းအတွက် အများဆုံးဖြစ်သည့် ၂.၅ သန်းသော အစား အစာထုပ်များ ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟားမက်အုပ်ချုပ်သော ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယခုဖြစ်ရပ်များအထိအစားအစာထုပ်များရယူရန်ကြိုးပမ်းနေစဉ် ပါလက်စတိုင်း ၁၆၃ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ကိုးကား- CNN

အစ္စရေးသည် ၎င်း၏ အီရန်အပေါ် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း နျူကလီးယား သိပ္ပံပညာရှင်များနှင့် ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားခဲ့

အစ္စရေးသည် ၎င်း၏ အီရန်အပေါ် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း နျူကလီးယား သိပ္ပံပညာရှင်များနှင့် ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားခဲ့သည်ဟု သိရှိရပါသည်။

ဂါဇာရှိအကူအညီပေးရေးစင်တာအနီး အစ္စရေး၏တိုက်ခိုက်မှု လူ ၂၈ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးစင်တာအနီး၌ ဇွန်လ ၁၁ ရက်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူအနည်းဆုံး ၂၈ ဦး သေဆုံးကြောင်းနှင့် လူအများအပြားဒဏ်ရာရရှိသွားကြောင်း ပါလက်စတိုင်းသတင်းဌာနတစ်ခုကဖော်ပြထားသည်။

အလားတူ ဂါဇာကမ်းမြောင်အလယ်ပိုင်း နျူဆိုင်းရတ်မြို့မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးကဒရုန်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် လူနှစ်ဦးသေဆုံးကြောင်း AL Awda ဆေးရုံ မှတာဝန်ရှိသူများကပြောသည်။

ထို့ပြင် ခန်ယူနစ်မြို့အနောက်မြောက်ပိုင်းရှိ ဒုက္ခသည်များ နေထိုင်လျက်ရှိသည့်ရွက်ဖျင်တဲတစ်ခုသည် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုအတွင်း ထိမှန် ခံရမှုကြောင့် လူလေးဦးသေဆုံးကြောင်း  နက်ဆာဆေးရုံမှ သတင်းအရင်းအမြစ်များက ပြောသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေဒေသ၌ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းနှင့် တမ်မွန်မြို့အတွင်းသို့ ဝင်ရောက်လာကြောင်း WAFA သတင်းဌာနက ဖော်ပြထားသည်။

Ref: Xinhua

MWD Daily Newspaper

ဂျပန်က တာဝေးပစ်ဒုံးကျည်များ စမ်းသပ်မှု စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ချိုးဖောက်ခြင်းဖြစ်ဟု တရုတ်ပြော

ဂျပန်နိုင်ငံက လုပ်ဆောင်သည့် အသံနှုန်းလွန် ဒုံးကျည်များနှင့် သင်္ဘောဖျက် တာဝေးပစ်ဒုံးကျည်များကို စမ်းသပ်မှုက စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံကို ချိုးဖောက် ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းလုံခြုံရေးကို လျော့ပါးစေမည်ဖြစ်ကြောင်း တရုတ် အစိုးရကပြောသည်ဟု ပြည်တွင်းသတင်း ဌာနများက ဇွန်လ ၁၁ ရက်တွင်ဖော်ပြ ထားသည်။

ဂျပန်နိုင်ငံအနေဖြင့် တာဝေးပစ်ခတ်နိုင်သော ဒုံးကျည်များကို ထုတ်လုပ်ခြင်းက ၎င်းတို့ကိုယ်တိုင်တိုက်ခိုက်ရေး လက်နက်များကို ပိုင်ဆိုင်နိုင်ခွင့် မရှိစေရဟုဖော်ပြထားသော  စစ်ဆန့်ကျင်ရေးဖွဲ့စည်းပုံကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း  တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ နေ့စဉ်သတင်းစာက ဖော်ပြထားခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး၌ ဇွန်လ ၈ ရက်တွင် ကျည်စစ်ကျည်မှန်အသုံးပြု စစ်ရေးလေ့ကျင့်စဉ် အဆင့်မြှင့်တင်ထား သော Type 12 မြေပြင်မှ သင်္ဘောပစ်ဒုံး ကျည်များ၊ Hyper Velocity Gliding Projectile(HVGP) အမည်ရှိ အသံနှုန်းလွန်ဒုံးကျည်တို့ကို စမ်းသပ်ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

သင်္ဘောပစ်ဒုံးကျည်များကို ကျူရှူးကျွန်းစု၌ လည်းကောင်း၊ HVGP ဒုံးကျည် များကို   ဟော့ကိုင်းဒိုး၌ လည်းကောင်း ဖြန့်ကြက် သွားမည်ဖြစ်ကြောင်း ဂျပန် သတင်းဌာနများက ထုတ်ပြန်ထားသည်။ ထိုသို့သော ဒုံးကျည် များကို ဖြန့်ကြက်နေရာချထားခြင်းသည် ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေမည်ဟု တရုတ် သတင်းစာကဖော်ပြထားသည်။

MWD Web Portal

ညမထွက်ရအမိန့် ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ  ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူများ၊ ခိုးဝင်နေထိုင်သူများကို ဗဟိုအစိုးရ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန် ချက်များကိုကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြား မြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူဆန္ဒပြမှုများဖြစ်ပွားနေပြီ ဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါဆန္ဒပြမှုများတင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေရယူထားသည့် ဆူပူအုံကြွသူများ ဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန်    ကောင်းစွာလေ့ကျင့်ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထရမ့်က ပြောထားသည်ဟု သိရသည်။