သတင်းများ

အီရန်သည် အစ္စရေး၏စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် လေတပ် အခြေစိုက်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်

အီရန်သည် အစ္စရေးနယ်မြေအတွင်းရှိ ပစ်မှတ်များ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် လေတပ်အခြေစိုက်စခန်းများစွာကို ပြန်လည် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး “True Promise 3” စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာဂျီစီ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်တန်းအဖွဲ့များ) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။

တူရကီမီဒီယာများ၏အဆိုအရ၊ အီရန်သည် အစ္စရေး၏ Tel Aviv ဘဏ္ဍာရေးရုံး၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဌာနချုပ်၊ စီးပွားရေးဝန်ကြီးဌာန၊ တဲလ်နော့ဖ် (Tel Nof) လေတပ်စခန်း၊ ဟိုင်ဖာဒေသရှိ လေကြောင်းရန်ကာကွယ်ရေးနေရာများ၊ Gaza ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးစင် တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။

အီရန်သည် အစ္စရေးကို တိုက်ခိုက်ခဲ့စဥ်အတွင်း အစ္စရေး၏ တိုက်လေယာဥ်များထားရှိရာ လေတပ်အခြေစိုက်စခန်းများအပါအဝင် ပစ်မှတ် ၁၅၀ ကျော် ကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲက ပြောကြားခဲ့ပါသည်။

ကိုးကား - Tass

အီရန်သည် အစ္စရေးကို လက်တုံ့ပြန်သည့် စစ်ဆင်ရေးတစ်ခုကိုဇွန်လ ၁၃ ရက်နေ့ ညပိုင်းတွင်စတင်

အီရန်သည် အစ္စရေးအပေါ် ပြုလုပ်သည့် စစ်ဆင်ရေးကို “မှန်ကန်သော ကတိ ၃” (True Promise 3) ဟု အမည်ပေးခဲ့ပါသည်။

အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးနိုင်ငံ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားပြီး၊ အစ္စရေး စစ်တပ် ကလည်း အီရန်မှဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သည်ကို အတည်ပြု ခဲ့ပါသည်။

အစ္စရေး၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အလုပ်လုပ်နေသော်လည်း ထိရောက်မှု မရှိကြောင်း ယူဆချက်များ ထွက်ပေါ်နေပါသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂၀ စင်းသည် အစ္စရေးမြို့တော် တဲလ်အဗစ်ကို ကျရောက်ခဲ့ပါသည်။ အီရန်သည်စစ်ဘက်-နိုင်ငံရေး ခေါင်းဆောင်များရှိသည့် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) ၏ အဓိက ကွပ်ကဲရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့သည် ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့ပါသည်။  အီရန် ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့၊ ကီရီယာတွင်ရှိသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း ၁၃ က ဖော်ပြခဲ့ပါသည်။ အီရန်သည် အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း  F-35 လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။

ထို့အပြင် အီရန်တပ်မတော်သည် အစ္စရေး၏ F16 ဂျက်လေယာဉ် ၂ စီးနှင့် ဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - RT

အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်

အီရန်၏ နောက်ထပ်တိုက်ခိုက်မှုများတွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားလာနိုင်ကြောင်း အကြီးတန်း စစ်အရာရှိ တစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန် Fars သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ 

အစ္စရေးမှ စတင်ခဲ့သည့် စစ်ပွဲမှာ လာမည့်ရက်များအတွင်း သိမ်းပိုက်ထားသော နယ်မြေအားလုံးနှင့် အမေရိကန်စစ်စခန်းများသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ရန်စသူများသည် အီရန်၏ ပြင်းထန်ပြီး ကျယ်ပြန့်သော လက်စား ချေမှုကို ခံရမည်ဖြစ်ကြောင်း အရင်းအမြစ်က ပြောကြားခဲ့ပါသည်။ 

“ဤပဋိပက္ခသည် မနေ့ည (ဇွန် ၁၃) က တိုက်ခိုက်မှုများဖြင့် အဆုံးသတ် သွားမည် မဟုတ်ပါ။ အီရန်သည် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ် သွားမည်။ ဤလုပ်ရပ်များသည် ရန်စကျူးကျော်သူများအတွက် အလွန် နာကျင်စေမည့်အပြင် ၎င်းတို့၏ပြုမူချက်များအတွက် နောင်တရစေမည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

အမေရိကန်၏ ကမ္ဘာ့စစ်စခန်းများ

အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းတွင် စစ်စခန်း ၁,၀၀၀ ကျော်ကို ထူထောင် ထားပြီး နိုင်ငံ ၈၀ ကျော်တွင် စစ်သား ၁၇၀,၀၀၀ ကျော် တပ်စွဲထား ပါသည်။ အရှေ့အလယ်ပိုင်း၌ ဘာရိန်၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ဆော်ဒီအာရေဗီယာ နှင့် ဆီးရီးယားနိုင်ငံများတွင် အခြေစိုက်စခန်းများ ရှိသည်။ 

အီရန်၏ "True Promise 3" စစ်ဆင်ရေး

အစ္စရေး၏ အီရန်နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်က မနေ့ည (ဇွန် ၁၃) က အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။ 

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီက အစ္စရေး ခေါင်းဆောင် များသည် အီရန်အပေါ် “စစ်ပွဲကို စတင်ခဲ့သည်” ဟုဆိုကာ အီရန် အနေဖြင့် အစ္စရေးကို ဒဏ်ရာရစေမည်ဖြစ်ပြီး ၎င်း၏လုပ်ရပ်များအတွက် နောင်တ ရစေရန် “တပ်အားလုံးကို အသုံးပြုမည်” ဟု ပြည်သူလူထုထံ ရုပ်မြင်သံကြားမှ ပြောကြားလိုက်ပါသည်။ 

အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော် (IRGC) စစ်ဦးစီးချုပ်၏ အကြံပေး ဗိုလ်ချုပ်ကြီး အဟ်မဒ် ဝါဟီဒီက အီရန်၏ လက်စားချေမှုသည် လိုအပ် သမျှကာလပတ်လုံး ဆက်လက်ဖြစ်ပွားစေမည်ဟု ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: i24NEWS

ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မော်စကိုက အစ္စရေး၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများအား ရန်လိုမှုအပြည့်ဖြင့် စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြား

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် Vassily Nebenzia က အစ္စရေး၏ အီရန်၏ နျူကလီးယားစက်ရုံများကို မကြာသေးမီက လေကြောင်း တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ သောကြာနေ့ (ဇွန် ၁၃) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေး၌ ပြောကြားရာတွင် အနောက်နိုင်ငံများ၏ အားပေးမှုကြောင့် အနောက် ဂျေရုဆလင် က အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသည်ဟု သံတမန်က ပြောကြားခဲ့သည်။

Nebenzia က အစ္စရေးသည် တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင် ပြန်လည် စတင်ရန် စီစဉ်ထားသော အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲများကို နှောင့်ယှက်ရန် ရည်ရွယ်ခဲ့ဟန်ရှိကြောင်း ပြောကြားခဲ့သည်။ တီဟီရန်က အဆိုပါတိုက်ခိုက်မှုများသည် သံတမန်ရေး လမ်းကြောင်းအား အဆုံးသတ်သွားစေကြောင်း ကြေညာခဲ့သည်။

“ယင်းတိုက်ခိုက်မှုသည် ခိုင်လုံသည့်အကြောင်းအရင်း လုံးဝမရှိဘဲ စတင် တိုက်ခိုက်ခြင်းဖြစ်ပြီး အစ္စရေးက မည်သို့ပင် ငြင်းဆိုနေပါစေ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို ကြီးမားစွာ ချိုးဖောက်ခြင်းဖြစ်သည်” ၊ “အဆိုပါလုပ်ရပ်များ၏ အကျိုးဆက် အားလုံး အတွက် အစ္စရေးခေါင်းဆောင်များနှင့် ထိုသို့ပြုမူခွင့်ပြုသူများအပေါ်တွင် တာဝန်အပြည့်အဝရှိသည်” ဟု Nebenzia က ပြောကြားခဲ့သည်။

ရုရှားသံတမန် Nebenzia က အီရန်သည် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း ထောက်ပြခဲ့ပြီး ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂထောက်ခံခဲ့သော နျူကလီးယားသဘောတူညီချက်ကို အီရန်က ယခင်က လိုက်နာခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုသဘောတူညီချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပထမသက်တမ်းအတွင်း အမေရိကန်က စွန့်လွှတ်ခဲ့သည်။ အစ္စလာမ္မစ် သမ္မတနိုင်ငံအီရန်က ထိုစဉ်ကသဘောတူညီချက်ကို လျှို့ဝှက် ချိုးဖောက် သည် ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ယခုအခါ ယူရေနီယမ်ထပ်တိုးသန့်စင်ရေးလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။

Nebenzia က အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် “အခြေအနေ ပိုမိုဆိုးရွားလာစေရန် အရာရာကို ပြုလုပ်ခဲ့ကြပြီး အခြေခံအားဖြင့် ၎င်းတို့သည် ယင်းအချင်းအရာကို လှုံ့ဆော်ပေးခဲ့သည်” ဟု ဆိုခဲ့ပြီး အနောက်နိုင်ငံများ၏ ထောက်ခံမှုက “အစ္စရေးကို ရဲရင့်သော အစီအမံများ ဆောင်ရွက်ရန် လှုံ့ဆော်ပေးခဲ့သည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ ၎င်းက အီရန်၏ ပစ်မှတ်ထားတိုက်ခိုက်ခံရသော နျူကလီးယား စက်ရုံ များမှ ရေဒီယိုသတ္တိကြွမှုများ ယိုစိမ့်နိုင်ခြေအန္တရာယ်ကိုလည်း သတိပေး ခဲ့ပြီး “စစ်ရေးအရဖြေရှင်းနည်းသည် တရားဝင်သည်ဖြစ်စေ အောင်မြင် နိုင်မှု မရှိနိုင်” ဟု သတိပေးခဲ့သည်။

အီရန်၏ ကုလသမဂ္ဂသံတမန် Amir-Saeid Iravani က အစ္စရေး၏ တိုက်ခိုက်မှုများကို “ကြိုတင်မျှော်မှန်းထားသော ရန်လိုမှု၏ ထိတ်လန့်ဖွယ် လုပ်ဆောင်ချက်” ဖြစ်ပြီး “စစ်ကြေညာခြင်းနှင့် အတူတူပင်ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။ ၎င်းက အစ္စရေး၏ ထုတ်ဖော်ကြေညာထားခြင်း မရှိသော နျူကလီးယားလက်နက်များကို ဖျက်သိမ်းရန် အပြည်ပြည် ဆိုင်ရာလုပ်ဆောင်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အစ္စရေးက ၎င်း၏နျူကလီးယားလက်နက်များပိုင်ဆိုင်မှု ရှိ၊ မရှိကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့ပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အမြောက်အမြားဖြင့် တုံ့ပြန် တိုက်ခိုက်

အီရန်နိုင်ငံမှ သောကြာနေ့ (ဇွန် ၁၃) ညနေက အစ္စရေးကို လက်စားချေ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဒုံးကျည်ပေါင်းရာနှင့်ချီ၍ ပစ်လွှတ် တိုက်ခိုက် ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အဆိုပါ တိုက်ခိုက်မှုများကို အတည်ပြုခဲ့သည်။

ဒုံးကျည်အမြောက်အမြားဖြင့်တိုက်ခိုက်မှုကို အစ္စရေး၏ ကာကွယ်ရေး တပ်ဖွဲ့ (IDF) က အတည်ပြုခဲ့ပြီး နိုင်ငံသားများအား ဘေးကင်းရာနေရာများသို့ သွားရောက်ခိုလှုံရန်ညွှန်ကြားခဲ့ပြီး နောက်ထပ် အမိန့် တစုံတရာ မရမချင်း ရွှေ့ပြောင်းမှုမပြုရန် တိုက်တွန်းခဲ့သည်။ 

အီရန်က ပထမအကြိမ် တိုက်ခိုက်မှုများအပြီး ဒုတိယအကြိမ် ဒုံးကျည် အမြောက်အမြားဖြင့် ထပ်မံပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ “တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါသည်၊ အစ္စရေးနိုင်ငံဆီသို့ ဒုံးကျည်များ ဆက်လက်ပစ်လွှတ်နေပါသည်” ဟု IDF က နောက်ထပ် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ပြည်သူများအား “ဒုံးကျည်ထိမှန်သည့်နေရာများ သို့မဟုတ် ဗီဒီယိုများကို မျှဝေခြင်း၊ ထုတ်ဖော်ခြင်း မပြုရန်” တိုက်တွန်းကာ “ကြားနေရသည့် ပေါက်ကွဲသံများမှာ ဒုံးကျည်များကို ကြားဖြတ်ပစ်ချခြင်း သို့မဟုတ် ပစ်လွှတ်ထားသော ဒုံးကျည်များ ပြုတ်ကျခြင်းကြောင့် ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးကို လက်စားချေတိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယင်း စစ်ဆင်ရေးကို “Operation True Promise III” အမည်ဖြင့် သတ်မှတ် ထားကာ အစ္စရေး၏တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် တီဟီရန်မှ စတင်ခဲ့သည့် တုံ့ပြန်တိုက်ခိုက်မှုများကို ရည်ညွှန်းခဲ့သည်။ 

“အစ္စလာမ်မစ်တော်လှန်ရေးကာကွယ်ရေးတပ် (IRGC) သည် သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်းရှိ Zionist အာဏာရှင်စနစ်၏ စစ်ရေးပစ်မှတ်များ၊ စစ်ဌာနချုပ်များနှင့် လေတပ်စခန်းများကို တိကျ သေချာသော တုံ့ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီဖြစ်သည်” ဟု အီရန် နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည့် IRGC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ အစ္စရေးကောင်းကင်ယံတွင် ဒုံးကျည်များ ဝင်ရောက်လာသည်ကို မြင်တွေ့ရပြီး တဲလ်အဗစ်သည် အီရန်၏တုံ့ပြန်တိုက်ခိုက်မှုအတွက် အဓိကပစ်မှတ်တစ်ခုဖြစ်သည်ကို ဗီဒီယိုများအရ သိရသည်။ အချို့ဗီဒီယိုများတွင် တဲလ်အဗစ်အတွင်းရှိ အစ္စရေး၏ လေကြောင်းကာကွယ်ရေးစနစ်များမှ ဝင်ရောက်လာသည့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနေသည်ကို မြင်တွေ့ရပြီး အချို့ အီရန် ဒုံးကျည်များသည် ကာကွယ်ရေးစနစ်ကို ဖြတ်ကျော်ကာ အစ္စရေး၏ လေကြောင်းကာကွယ်ရေးနေရာများအနီးတွင် ထိမှန်ပေါက်ကွဲနေသည် ဟု မြင်တွေ့ရသည်။

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော်နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီ၏ နေအိမ်၊ အီရန် သမ္မတ အိမ်တော် နေရာများ တည်ရှိသည့် တီဟီရန်က ရပ်ကွက်တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း New York Times က ဖော်ပြခဲ့ပါသည်။

အီရန်စစ်ဦးစီးချုပ်၏ အဆောက်အဦကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်းကို အီရန်က ငြင်းဆိုထားကာ အစ္စရေး၏ ဒုံးကျည်များကို ကြားဖြတ် ချေမှုန်းခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- New York Times

Photo: Bloomberg

အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွင် ဂျက်တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့

အစ္စရေးစစ်တပ်က ဇွန်လ ၁၃ ရက် နံနက်စောစောတွင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုအစီအစဉ်တစ်ခုအတွက် လေယာဉ်စီးရေ ၂၀၀ ကျော် စေလွှတ်တိုက်ခိုက်ခဲ့ပြီး တီဟီရန်အရာရှိများ အသက်ဆုံးရှုံးခဲ့ကြောင်း ကြေညာခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Effie Defrin က ဇွန် ၁၃ ၌ ပြောကြားရာတွင် ၎င်းတို့နိုင်ငံသည် “Rising Lion” ဟုအမည်ပေးထားသော စစ်ဆင်ရေးတွင် စစ်လေယာဉ် ၂၀၀ ကျော်ကို စုစည်းကာ အီရန်ရှိ ပစ်မှတ် ၁၀၀ ခန့်ကို ဒုံးကျည်အမျိုးအစား ၃၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ် Defrin ၏အဆိုအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အီရန်စစ်ဦးစီးချုပ် Mohammad Bagheri ၊ အစ္စလာမ်မစ် တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) အုပ်ချုပ်သူ Hossein Salami နှင့် Khatam al-Anbiya ဗဟိုဌာနချုပ်၏ ခေါင်းဆောင် General Gholam Ali Rashid အပါအဝင် အီရန်အရာရှိကြီးများ သေဆုံးခဲ့ကြောင်း သိရသည်။

IDF သည် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ၊ F-15 နှင့် F-16 တိုက်လေယာဉ်များသည် အခြေစိုက်စခန်းများမှ စတင်ပျံတက်ကာ စစ်ဆင်ရေးတွင် ပါဝင်ပြီး ဘေးကင်းစွာ ပြန်လည်ဆင်းသက်နေပုံကိုလည်း ဗီဒီယိုဖြင့် ထုတ်ပြန်ခဲ့သည်။

ကိုးကား- VN Express

ရုရှားက သီးသန့်ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းနေဟု ပူတင်ပြောကြား

ရုရှားနိုင်ငံသည် ဒရုန်းတပ်ဖွဲ့များကို စစ်တပ်၏ သီးခြားဌာနခွဲအဖြစ် ဖွဲ့စည်းတည်ထောင်နေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။ ယူကရိန်းပဋိပက္ခတွင် စစ်မြေပြင်အသေအပျောက်များ၏ တစ်ဝက်ခန့်မှာ UAV (ဒရုန်း) များကြောင့်ဖြစ်ကြောင်း ၎င်းက ဖွင့်ဟ ခဲ့သည်။ 

သမ္မတပူတင်က ကြာသပတေးနေ့ (ဇွန် ၁၂) တွင် ရုရှား၏ လာမည့် ၁၀ နှစ်အတွက် လက်နက်တပ်ဆင်ရန်အစီအစဉ်နှင့်ပတ်သက်သည့် စစ်ဘက်နှင့်အရပ်ဘက် အကြီးအကဲများနှင့် ကျင်းပသောအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒရုန်းစနစ်များသည် စစ်မြေပြင်တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပြီး ၎င်းတို့၏ အသုံးပြုမှု နယ်ပယ်မှာ တိုးတက်ကျယ်ပြန့်လာနေကြောင်း ပူတင်က ထောက်ပြခဲ့သည်။ 

“၎င်းတို့သည် သံချပ်ကာယာဉ်များ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေး စနစ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် ရန်သူ၏လူအင်အားများကို ဖျက်ဆီး နိုင်စွမ်းရှိသည်။ မိမိတို့၏ ဒရုန်းလုပ်ငန်းတာဝန်ခံများသည် ရန်သူ၏ ပစ္စည်းကိရိယာနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၏ အရေးကြီး သောအပိုင်း (၅၀% အထိ) အတွက် တာဝန်ရှိသည်” ဟု သမ္မတက ပြောကြားခဲ့သည်။ တိုက်ရိုက်စစ်ဆင်ရေးအပြင်၊ ဒရုန်းများကို ရှာဖွေရေး၊ အီလက်ထရောနစ်စစ်ဆင်ရေး၊ မိုင်းခွဲခြင်းနှင့် မိုင်းရှင်းခြင်းတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်း သမ္မတက ဖော်ပြခဲ့သည်။

“ရုရှားနိုင်ငံသည် သီးသန့်ဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် လုပ်ငန်းစဉ်များ လျင်မြန်စွာ ဆောင်ရွက်နေပြီး ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တပ်ဆင်မှုများမှာ အမြင့်မားဆုံး စံချိန်စံညွှန်းနှင့်အညီ ဖြစ်ရမည်” ဟု သမ္မတ ပူတင် က ပြောကြားခဲ့သည်။ 

“အဆိုပါတပ်ဖွဲ့အသစ်ကို ဖန်တီးရန် မိမိတို့တွင် ကောင်းမွန်သော အတွေ့အကြုံများ စုစည်းမိပြီဟု ယုံကြည်ပါသည်။ မိမိတို့၏ တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်နိုင်သည့် ခေတ်မီစက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် လူသားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ခြင်းတို့ကို ဆွေးနွေးနေခြင်းဖြစ်သည်” ဟု သမ္မတက ရှင်းပြ ခဲ့သည်။ 

စစ်မြေပြင်တွင် မောင်းသူမဲ့နည်းပညာအသုံးပြုမှုကို မြှင့်တင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ဆောင်မှုဌာနခွဲသစ်ဖြစ်သည့် မောင်းသူမဲ့ စနစ်တပ်များ “Unmanned Systems Troops” တည်ထောင်ရန် ယမန်နှစ် ဒီဇင်ဘာလတွင် ပထမဆုံးကြေညာခဲ့သည်။ ထိုအချိန်က ရုရှား ကာကွယ်ရေးဝန်ကြီး Andrey Belousov က ၎င်းတပ်ဖွဲ့ကို ယခုနှစ် တတိယသုံးလပတ်တွင် ဖွဲ့စည်းမည်ဟု ပြောကြားခဲ့သည်။

ထရမ့်က အီရန်ကို အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ဟု ဆို

အမေရိကန်သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အစ္စရေးလေတပ်၏ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ခေါင်းမာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က တီဟီရန်အား များစွာနောက်မကျမီ ဝါရှင်တန်၏ တောင်းဆိုချက်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

အစ္စရေးစစ်တပ်သည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန် နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်နှင့်နျူကလီးယားဆိုင်ရာ ပစ်မှတ်များစွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်အာဏာပိုင်များက တိုက်ခိုက်မှုများကြောင့် အီရန် အစ္စလာမ္မစ်တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ၏ တပ်မှူး ဗိုလ်ချုပ် Hossein Salami နှင့် အီရန် စစ် ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Bagheri တို့ သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့သည်။ မီဒီယာအချို့က အခြားအဆင့်မြင့် အီရန် စစ်ဘက် အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များလည်း သေဆုံးခဲ့သည် ဟု ဖော်ပြခဲ့သည်။

ထရမ့်က သောကြာနေ့ (ဇွန် ၁၃) နောက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် ရေးသားချက်တစ်ခု၌ အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ “သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း” ရေးသားခဲ့ပြီး အီရန်ခေါင်းဆောင်များအား “အပြင်းထန်ဆုံးစကားလုံးများဖြင့် ပြီးဆုံးအောင်လုပ်ပါဟု ပြောခဲ့ကြောင်း” ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတက တီဟီရန်အား ဝါရှင်တန် တောင်းဆိုချက်များကို မလိုက်နာပါက အစ္စရေး၏ ကြီးမားသော တိုက်ခိုက်မှုကိုခံရမည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေး စစ်တပ်သည် အမေရိကန်ထုတ် လက်နက်များစွာ ပိုင်ဆိုင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်၏ပြောကြားချက်အရ အစ္စရေးသည် အီရန်ကို ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း အရှိန်မြှင့်တင်မှုကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အီရန်သည် အဆုံးစွန်တိုက်ခိုက်ခံရခြင်းမပြုမီ အလျင်အမြန် သဘောတူညီမှုရယူပြီး ယခင်က အီရန်အင်ပါယာအဖြစ် ရပ်တည်ခဲ့ရမှုကို ကယ်တင်ရမည်” ဟု အမေရိကန်သမ္မတက အလေးအနက်ထား ပြောကြား ခဲ့သည်။

ဧပြီလမှစတင်၍ အမေရိကန်နှင့် အီရန်တို့သည် အိုမန်နိုင်ငံတွင် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ထင်ရှားသောတိုးတက်မှုမရှိခဲ့ပေ။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင်ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေး၏တိုက်ခိုက်မှုအပြီးတွင် အစ္စလာမ္မစ် သမ္မတ နိုင်ငံက ဆွေးနွေးပွဲမှ ရုတ်သိမ်းသွားကြောင်း သတင်းများအရသိရသည်။

အီရန်နိုင်ငံအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျပန် ကုန်တင်သင်္ဘောကုမ္ပဏီများက စဉ်းစားလျက်ရှိ

ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးက အီရန်အား တိုက်ခိုက်ခဲ့မှုအပေါ် ဖြစ်နိုင်ခြေရှိသည့်တုံ့ပြန်မှုများ လုပ်ဆောင်ရန် ဂျပန်ကုန်တင်သင်္ဘောကုမ္ပဏီများက စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံ၏ လောင်စာဆီ တင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျော်သည် အရှေ့အလယ်ပိုင်းဒေသကို အဓိကမှီတည်နေရသည့်အတွက် အဆိုပါဒေသတွင် စစ်ရေးဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာမှုအပေါ် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်ကုမ္ပဏီများက လိုလားလျက်ရှိသည်။

တိုကျိုအခြေစိုက် NYK Line ကုမ္ပဏီ၏ လောင်စာဆီတင်သင်္ဘောအစီး (၂၀)နှင့် Automobile Carrier များသည် အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အဆိုပါသင်္ဘောများသည် တစ်လအတွင်း အကြိမ်ရေဒါဇင်ပေါင်းများစွာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်း၍ သွားလာလျက်ရှိသည်။

NYK Line ကုမ္ပဏီအနေဖြင့် ပင်လယ်ကွေ့အတွင်း ဘေးကင်းလုံခြုံမှုရှိရေးအတွက် သတင်းအချက်အလက်များရယူဆောင်ရွက်လျက်ရှိပြီး အခြေအနေပေါ်မူတည်၍ လုပ်ငန်းများဆိုင်းငံ့ခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲဆောင်ရွက်ခြင်းတို့လုပ်ဆောင်ရေးအတွက် စဉ်းစားရန်လိုအပ်လျက်ရှိသည်။

K Line ဟု လူသိများသည့် Mitsui O.S.K. Lines and Kawasaki Kisen Kaisha ကုမ္ပဏီတို့သည်လည်း ပင်လယ်ကွေ့ဝန်းကျင်ကို ဖြတ်သန်းသွားလာသည့် သင်္ဘောများကို သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သင်္ဘောသား ဝန်ထမ်းများနှင့် ကုန်စည်များ၏ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားလုပ်ဆောင်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိကကုန်တင်သင်္ဘောကုမ္ပဏီကြီးများသည် ၂၀၂၄ ခုနှစ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အကြိမ်ပေါင်း ၃၅၀၀ ခန့် ဖြတ်သန်းသွားလာခဲ့ကြောင်း ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။

အဆိုပါဖြတ်သန်းသွားလာသည့် ခရီးစဉ်အားလုံးတွင် လောင်စာဆီတင်သင်္ဘောဖြတ်သန်းမှု ၈၉၀ ကြိမ်၊ Automobile Carrier ဖြတ်သန်းမှု ၇၃၈ ကြိမ်နှင့် LNG သဘာဝဓာတ်ငွေ့တင်သင်္ဘောဖြတ်သန်းမှု ၄၂၁ ကြိမ်ဖြစ်ပြီး ခရီးစဉ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သည် လောင်စာဆီတင်ပို့သည့် ကုန်တင်သင်္ဘောများ သွားလာမှုဖြစ်သည်။

ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်တင်သင်္ဘောကုမ္ပဏီများအား နောက်ဆုံးရမြေပြင် သတင်း အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ - ဦးထက်ထက်အောင်၊ နစက(၄)