သတင်းများ

မျိုးဆက်သစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်

ထုတ်လုပ်မှုကို တောင်ကိုရီးယားစတင်တောင်ကိုရီးယားကာကွယ်ရေးပစ္စည်းဝယ်ယူရေးနှင့် လက်နက်အစီအစဉ်   စီမံခန့်ခွဲရေးအဖွဲ့ (DAPA) သည်     နိုင်ငံ၏မျိုးဆက်သစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တစ်ခုထုတ်လုပ်မှုကို စတင်လိုက်ပြီဖြစ်သည်။

L-SAM II ဟုအမည်ပေးထားသည့် အဆိုပါတာဝေးပစ်ဒုံးကျည်စနစ်ထုတ်လုပ်ရေးအတွက် DAPA က လာမည့် ၂၀၂၈  ခုနှစ်အထိ ဝမ် ၅၆၇ ဒသမ ၇ ဘီလီယံ (ဒေါ်လာ၃၈၉ ဒသမ  ၈ သန်း) အသုံးပြုမည်ဖြစ်သည်။ ၎င်းအစီအစဉ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၁၉ ခုပါဝင်မည်ဖြစ်သည်။

L-SAM II ဒုံးကျည်စနစ်သည် ယခင်  L-SAM စနစ်ထက် ပိုမိုဝေးကွာသည့် အကွာအဝေးမှ ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်မည်ဖြစ်သည်။

ထို့ပြင် L-SAM ဒုံးကျည်စနစ်သည် အကွာအဝေး ၁၅၀ ကီလိုမီတာ၊ မြေပြင်မှ အမြင့် ၄၀ ကီလိုမီတာနှင့် ၁၀၀ ကီလိုမီတာကြား ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ် သည်။  L-SAM II ဒုံးကျည်စနစ်ထုတ်လုပ်မည့်အစီအစဉ်ကို DAPA က ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Korean Iron Dome ဟု  အမည်ပေးထားသည့် အနိမ့်ပျံဒုံးကျည်ကာကွယ်ရေးစနစ် တစ်ခုကိုလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။                                    

 N.A

Source: Myawady Web Portal

စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဗြိတိန်နှင့်ပြင်သစ်တို့ ဆွေးနွေးလျက်ရှိဟု  ဗြိတိန်ထုတ် Telegraph သတင်းစာကဖော်ပြ

ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏စစ်သည်များကို ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံထုတ် Telegraph သတင်းစာကြီးက ဖော်ပြသည်။

ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့်အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ်ကီယာ စတားမားက တွန့်ဆုတ်လျက် ရှိသည်ဟု ဗြိတိန်အစိုးရအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သော်လည်း  ယူကရိန်းသို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များစေလွှတ်နိုင်မည့် အလားအလာနှင့် စပ်လျဉ်း၍ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Telegraph သတင်းစာက‌ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဗြိတိန်အစိုးရနှင့် ပြင်သစ်အစိုးရအဖွဲ့တို့က ငြင်းဆိုထားခြင်းမရှိပေ။ သို့သော် ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ်   စတားမားသည် ဇန်နဝါရီလ ၁၆ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူကရိန်းနှင့် ဗြိတိန်တို့ကြား မိတ်ဖက်ပူးပေါင်းမှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများဖွင့်လှစ်နိုင်မည့် နည်းလမ်းများကိုရှာဖွေမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။                                  

Ref: RT

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်တို့၏ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားပြစ်တင်ရှုတ်ချ

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်ပြည်ထောင်စုတို့ကြား ယခုရက်သတ္တပတ်အတွင်းက လုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုအား မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ  ၁၇  ရက်တွင် ပြစ်တင် ရှုတ်ချခဲ့ကြောင်းသိရသည်။

အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နိုင်ငံအပေါ်ခြိမ်းခြောက်မှု ဖြစ်သည့်အတွက် မြောက်ကိုရီးယားအနေဖြင့်  မိမိကိုယ်ကို ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နိုင်သည့်အခွင့်အရေးရှိကြောင်း  မြောက်ကိုရီးယားနိုင်ငံက ပြောသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်ပြည်ထောင်စုသုံးနိုင်ငံကြား လုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ်တစ်ခုနှင့် တာတိုပစ်ဒုံးကျည်များကို  မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု အဆိုပါသုံးနိုင်ငံက ပြောကြားပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သုံးနိုင်ငံကြား လုပ်ဆောင်ခဲ့သည့်   ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် B-1B အမျိုးအစားအကြီးစား ဗုံးကြဲလေယာဉ်နှစ်စင်းက  ဇန်နဝါရီလ ၁၆ ရက်တွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ပျံသန်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။

သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် စပ်လျဉ်း၍  မြောက်ကိုရီးယားနိုင်ငံက အလွန်အမင်းစိုးရိမ်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံ၏လုံခြုံရေး အကျိုးစီးပွားကို  ကာကွယ်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ရန် အခွင့်အရေးရှိကြောင်း  မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းအေဂျင်စီက ဇန်နဝါရီလ ၁၇   ရက်တွင်  ဖော်ပြထားကြောင်း သိရသည်။                                   

 Ref: ST

ဂရင်းလန်းအနောက်ပိုင်းတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဒိန်းမတ်စီစဉ်

အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသများ၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရေးအတွက် ဂရင်းလန်း အနောက်ပိုင်းတွင် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်  ဒိန်းမတ်နိုင်ငံက စီစဉ်လျက်ရှိကြောင်းသိရသည်။

ဂရင်းလန်း၏ ကာကွယ်ရေးစွမ်းဆောင်ရည်တိုးမြှင့်နိုင်ရေးအတွက်  ဒိန်းမတ်လေတပ်မှ F-35 အမျိုးအစား တိုက် လေယာဉ်များဆင်းသက်ရန်နှင့် ပျံတက် နိုင်ရန်အတွက် Kangerlussuaq ဒေသတွင် လေတပ်အခြေစိုက်စခန်း တည်ဆောက်ရန် လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ထုတ်ပြန်သည့် စာမျက်နှာ ၂၂ မျက်နှာပါ လုံခြုံရေးအစီရင်ခံစာတွင်    ဖော်ပြထားသည်။

Kangerlussuaq ဒေသတွင်တည်ဆောက်မည့်    စစ်အခြေစိုက်စခန်း၌   ဒိန်းမတ်တပ်ဖွဲ့ဝင် ၉၄ ဦးအထိ တပ်စွဲနိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဂရင်းလန်းရှိ အရေးပါသည့် အခြေခံအဆောက်အဦများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ အခြေခံအဆောက်အဦများတွင် ရေအောက် ကေဘယ်ကြိုးများ၊ ဓာတ်အားပေးစက်ရုံများ၊ ရေနံသိုလှောင်ရုံများနှင့် အခြားအရေးကြီး အဆောက်အဦများ ပါဝင်ကြောင်း သိရသည်။

ဂရင်းလန်းသည်   ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး ယင်းဒေသသည်   အမေရိကန်အတွက် ပိုင်ဆိုင်ရန် အလွန်အရေးပါသည့်ဒေသဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်တွင် အမေရိကန် သမ္မတအဖြစ် တက်ရောက်လာမည့် ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် ဒိန်းမတ် နိုင်ငံက လုံခြုံရေးကို  တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ref: Sputnik

နောင်ချိုမြို့နယ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးကို TNLA အကြမ်းဖက်အဖွဲ့က ရက်စက်စွာသတ်ဖြတ်

လူငယ် ၂ ဦးကို TNLA အကြမ်းဖက်အဖွဲ့က လက်ပြန် ကြိုးတုပ်၍ ခေါ်ဆောင်လာပြီး သစ်ပင်အနီးတွင် ထိုင်ခိုင်းကာ နောက်မှသေနတ်ဖြင့် ပစ်သတ်သည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည်။

အဆိုပါရုပ်သံမှာ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက် လှုပ်ရှားမှုများဆောင်ရွက်နေသော TNLA/ PDF အကြမ်းဖက်အဖွဲ့များမှ PDF အဖွဲ့ဝင် ၂ဦး ထွက်ပြေး ရာမှ ပြန်လည်ဖမ်းဆီးရမိပြီး TNLA က ပစ်သတ်ခြင်း ဖြစ်ကြောင်းသိရသည်။

TNLA အကြမ်းဖက်သမားက ကြိုးတုတ်ထားသော လူငယ်နှစ်ဦးကို နောက်စေ့မှသေနတ်ဖြင့် တည်ပစ်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦးမှလည်း “သေပြီလား” ဟုအော်ဟစ်ပြီး ထပ်မံပစ်ခတ်ကြောင်း တွေ့မြင်ရသည်။

ကိုးကား-Myanmar National Post

ယူကရိန်းတွင် တပ်ဖြန့်နိုင်ရေးပြင်ဆင်သည့်အနေဖြင့် ပြင်သစ်က၎င်း၏အထူးတပ်ဖွဲ့များကို စစ်ရေးလေ့ကျင့်ပေးဟုဆို

ပြင်သစ်နိုင်ငံသည် ယူကရိန်းတွင် တပ်ဖြန့်နိုင်ရေးပြင်ဆင်သည့်အနေဖြင့်၎င်းတို့၏အထူးတပ်ဖွဲ့များကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စေခဲ့ကြောင်း ထောက်လှမ်းရေးအွန်လိုင်းသတင်းဌာန တစ်ခုကဖော်ပြသည်။

ပြင်သစ်စစ်ဘက်သည် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ၂၀၂၄ ခုနှစ် ဆောင်းဦးရာသီကာလအတွင်း   လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး   စစ်ရေးလေ့ကျင့်မှုများတွင်ကြည်းတပ်အထူးတပ်ဖွဲ့ဌာနချုပ်မှ အထူးတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များ၊ ဆိုက်ဘာတပ်ဖွဲ့များပါဝင်သည်။ စစ်ရေးလေ့ကျင့်မှုအတွင်း   စစ်သည်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် စစ်လက်နက်ကိရိယာများအား စမ်းသပ်ခြင်းများကို  တစ်ပတ်ကြာလုပ်ဆောင်ခဲ့ကြောင်း   သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း အထူးတပ်ဖွဲ့ဝင် ၃၂၀၀ ခန့်ပါဝင်ပြီး ၎င်းစစ်သည်များသည် ယူကရိန်းနိုင်ငံအတွင်းသို့ စစ်ရေးအရကြားဝင်သည့် အခြေအနေမျိုး ဖန်တီးလေ့ကျင့်ခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများသည် ယူကရိန်းနိုင်ငံ၏တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်စေရန်အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဟု အမည်တပ်ထားသည့် စစ်သည် ၁၀၀၀၀၀ ခန့်ကို  ယူကရိန်း၌  တပ်ဖြန့်နိုင်ဖွယ်ရှိကြောင်း ရုရှားပြည်ပထောက်လှမ်းရေးအဖွဲ့ (SVR) က ပြောကြားထားကြောင်း သိရသည်။

ဗြိတိန်သည်ယူကရိန်းတွင်၎င်း၏ စစ်အခြေစိုက်စခန်းများ တပ်ဖြန့်ချထားနိုင်မည့် အလားအလာကို လေ့လာမည်

ဗြိတိန်နှင့် ယူကရိန်းတို့၏ နှစ်တစ်ရာပြည့် မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တွင် ဗြိတိန်နိုင်ငံသည် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး ဂိုဒေါင်များ၊ အရန်စစ်လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် နိုင်ငံအတွင်း ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက် ထိန်းသိမ်းခြင်းဆိုင်ရာနေရာများကို လေ့လာမည်ဖြစ်ပါသည်။

ဗြိတိန်သည် ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများနှင့် ကာကွယ်ရေးအခြေခံအဆောက်အအုံများ တပ်ဖြန့်ချထားနိုင်ခြေကို လေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Keir Starmer ကိယက်ဗ်သို့ သွားရောက်လည်ပတ်ပြီးနောက် ဗြိတိန်နှင့် ယူကရိန်းအစိုးရရုံးမှ ထုတ်ပြန်သော နှစ်တစ်ရာပြည့်မိတ်ဖက်ဆက်ဆံရေးကြေညာချက်တွင် ဖော်ပြထားပါသည်။

ဗြိတိန်သည် ယူကရိန်းနှင့်အတူ ဘုံစစ်ရေး လိုအပ်ချက်များကိုဖော်ထုတ်ပြီး အတူတကွ ထုတ်လုပ်နိုင်သည့် စွမ်းရည်များနှင့် နည်းပညာများကို ချဲ့ထွင်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ ယူကရိန်းတွင် စစ်အခြေစိုက်စခန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင်များ၊ အရန်စစ် လက်နက်ပစ္စည်းများ သိုလှောင်ခြင်းအပါအဝင် ကာကွယ်ရေးအခြေခံအဆောက်အအုံများ ဖြန့်ကျက်ထိန်းသိမ်းခြင်းအတွက် ရွေးချယ်စရာများကို လေ့လာမည်ဖြစ်ပြီး သိသာထင်ရှားသည့် စစ်ရေးအရ ခြိမ်းခြောက်မှုဖြစ်သည့်အခါတွင် ယူကရိန်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးမြှင့်စေရန်အတွက် အဆိုပါ စစ်လက်နက်ပစ္စည်းများကို အသုံးပြုနိုင်ပါကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားပါသည်။

ကိုးကား - TASS

ဗြိတိန်သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင်ပါဝင်ရန် အသင့်ရှိကြောင်း ကြေညာ

ဗြိတိန်သည်ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရာတွင် ပါဝင်ရန်အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က Kiev သို့ သွားရောက်စဉ် Sky News Channel ၌ ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် မဟာမိတ်အများအပြား နှင့်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသည်။   ပြင်သစ်သမ္မတ Emmanuel Macron သည် အနာဂတ်တွင် ယူကရိန်း၌ ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိပြီးန

ဗြိတိန်သည်ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရာတွင် ပါဝင်ရန်အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် Keir Starmer က Kiev သို့ သွားရောက်စဉ် Sky News Channel ၌ ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron အပါအဝင် မဟာမိတ်အများအပြား နှင့်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါသည်။   ပြင်သစ်သမ္မတ Emmanuel Macron သည် အနာဂတ်တွင် ယူကရိန်း၌ ငြိမ်းချမ်းရေးသဘောတူညီချက်များရရှိပြီးနောက်တွင် ယူကရိန်းတွင်အနောက်တိုင်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် ၎င်း၏ပဏာမခြေလှမ်းကို ထောက်ခံရန် NATO အဖွဲ့ဝင်များကိုစည်းရုံးရန် ကြိုးစားနေကြောင်း Sky News Channel၏ ထုတ်ဝေမှုတွင် ဖော်ပြထားပါသည်။ ထိုထုတ်ဝေမှု၏ ဖော်ပြချက်အရ အဆိုပါအကြောင်းအရာသည် ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့်တွေ့ဆုံခဲ့သော မက်ခရွန်၏ ဗြိတိန်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ပဋိပက္ခပြီးဆုံးပြီးနောက် ယူကရိန်းသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ပူးတွဲစေလွှတ်ရန် လန်ဒန်က ပါရီ၏ အဆိုပြုချက်များအား သဘောတူညီခြင်းမရှိသေးကြောင်း Daily Telegraph သတင်းစာက အစောပိုင်းတွင် ဖော်ပြခဲ့ ပါသည်။

ကျွမ်းကျင်သူများက ယူကရိန်းတွင် NATO ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ရှိနေခြင်းသည် ရုရှားနှင့်အမေရိကန် အပါအဝင်မဟာမိတ်နိုင်ငံများအကြားစစ်ရေးပဋိပက္ခဖြစ်ပွားနိုင်သည့်အန္တရာယ်ကို တိုးမြှင့်စေမည်ဖြစ်ကြောင်း ထောက်ပြကြပါသည်။

ဘောတစ်ပင်လယ်ရှိ အခြေခံ အဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို ဂျာမနီ စေလွှတ်မည်

ဂျာမနီနိုင်ငံအနေဖြင့်  ဘောတစ်ပင်လယ်ရှိ    အခြေခံအဆောက်အဦများ ကာကွယ်ရေးအတွက် ရေတပ်စစ်သင်္ဘောများကို အဆိုပါပင်လယ်သို့ စေလွှတ်မည် ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ရှို့က ပြောသည်။

ဂျာမနီနိုင်ငံသည် နေတိုးအဖွဲ့၏ မစ်ရှင်သစ်တစ်ခုဖြစ်သည့်   ဘောတစ်ပင်လယ်ရှိ     ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများ ကာကွယ်ရေးအတွက် တာဝန်ယူရန်အသင့်ရှိကြောင်း ဟယ်ဆင်ကီးမြို့၌    ဇန်နဝါရီလ ၁၄ ရက်က ကျင်းပသည့် နေတိုးထိပ်သီးဆွေးနွေးပွဲတွင်  သတင်းထောက်များကိုပြောသည်။သို့သော် ဘောတစ်ပင်လယ်သို့ ရေတပ်စစ်သင်္ဘောများ စေလွှတ်မည့် အသေးစိတ်အချက်အလက်များကိုမူ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ဘောတစ်ပင်လယ် လုံခြုံရေးအတွက် Baltic Sentry ဟုအမည်ပေးထားသည့် မစ်ရှင်သစ်တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင်  စတင်ခဲ့ပြီး ၎င်းတို့ အနေဖြင့် အဆိုပါပင်လယ်အတွင်းရှိ ရေအောက်ကေဘယ်ကြိုးများနှင့် ပိုက်လိုင်းများပျက်စီးခြင်းကို  တုံ့ပြန်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Baltic Sentry မစ်ရှင်အရ နေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဘောတစ်ပင်လယ် အတွင်းသို့ ၎င်းတို့၏စစ်သင်္ဘောများ၊ ရေတပ်သုံးဒရုန်းများနှင့်   ရေကြောင်း ကင်းထောက်လေယာဉ်များကို ဖြန့်ကြက်စေလွှတ်နိုင်မည်ဖြစ်ရာ ၎င်းနိုင်ငံများ၏ ရေတပ်ပါဝင်မှုကိုပါ တိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဂျပန်နှင့် ဖိလစ်ပိုင်တို့ ကတိပြု

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အဓိက ပင်လယ် ကုန်သွယ်လမ်းကြောင်းများတွင် တရုတ်၏ လုပ်ရပ်များကို လက်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစွာ လုပ်ဆောင်ရန် ဇန်နဝါရီလ၁၅ ရက်နေ့တွင် ကတိပြုခဲ့ကြကြောင်း သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှတွင် လုံခြုံရေးဆိုင်ရာကတိဝတ်များကို လျှော့ချ လိမ့်မည်ဟု ထင်ကြေးပေးမှုများ ရှိနေသည့်အချိန်တွင် ဂျပန်နှင့်ဖိလစ်ပိုင်တို့၏ ကတိကဝတ်ပြုမှုများ ထွက်ပေါ် လာခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှီအိုင်ဝါယာသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်ရိမာနာလိုတို့နှင့် မနီလာမြို့တွင် တွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာကတိကဝတ်များကို အတည်ပြုခဲ့ကြကြောင်းသိရပါသည်။

တာကာရှီအိုင်ဝါယာနှင့် အန်ရိမာနာလိုတို့သည် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအပြင် အရှေ့တရုတ်ပင်လယ်၌ တရုတ်၏ နယ်မြေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

တာကာရှီအိုင်ဝါယာက “တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လက်တုံ့ပြန်သည့်အနေဖြင့် ဂျပန်-ဖိလစ်ပိုင်မိတ်ဖက်ဆက်ဆံရေးကို ပိုမို အားကောင်းစေရေး ဆောင်ရွက်နိုင်ရန် သဘောတူညီ ခဲ့ကြကြောင်း” ပြောကြားခဲ့ပါသည်။

ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွား ကျွန်းများနှင့်ပတ်သက်၍ တရုတ်နှင့်တင်းမာသည့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားနေသော ဖိလစ်ပိုင်၏ ရေကြောင်းဘေးကင်းလုံခြုံရေးစွမ်းရည်များ တိုးမြှင့်ရန်အတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟုလည်း တာကာရှီအိုင်ဝါယာက ကတိပြုပြောကြားခဲ့ပါသည်။

ကိုးကား-NP News