သတင်းများ

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးလိပ်မသောက်သူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာ

ဂျီနီဗာ  ဖေဖော်ဝါရီ ၅

ဆေးလိပ်မသောက်သူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ တစ်မ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးလုံးဝမသုံးစွဲဖူးသူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ကမ္ဘာတစ်ဝန်းအဆုတ်ကင်ဆာဖြစ်ပွားမှုများ၏ ငါးပုံတစ်ပုံထိရှိလာကြောင်း WHO ၏ အဆိုအရ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုံးဝမသုံးစွဲသူများ ဖြစ်ပွားတတ်သည့် အဆုတ်ကင်ဆာရောဂါအမျိုးအစားလေးမျိုးအနက် Adenocarinoma အဆုတ်ကင်ဆာသည် အဖြစ်အများဆုံး အဆုတ်ကင်ဆာဖြစ်ကြောင်း နိုင်ငံတကာကင်ဆာရောဂါ သုတေသနအေဂျင်စီ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုံးဝမသုံးစွဲသူများကြား အဆုတ်ကင်ဆာဖြစ်ပွားမှု မြင့်တက်လာခြင်းသည် လေထုညစ်ညမ်းမှုပြဿနာအပါအဝင် အခြားအကြောင်းအရာများနှင့် ဆက်စပ်နေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော Adenocarinoma အဆုတ်ကင်ဆာရေဂါဖြစ်စဉ်များအနက် ၂၀၀၀၀၀ ခန့်မှာ လေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေကြောင်း နိုင်ငံတကာ ကင်ဆာရောဂါသုတေသနအေဂျင်စီ၏ အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Photo: Daily News

အိုမီဂါ-၃ အားဖြည့်ဆေး တစ်နေ့တစ်လုံးသောက်ပါက ဇီဝသက်တမ်းအိုမင်းမှုကို လျှော့ချနိုင်

ဘန်း    ဖေဖော်ဝါရီ ၅

အိုမီဂါ-၃ အားဖြည့်ဆေးတစ်နေ့တစ်လုံး ပုံမှန်သောက်ပါက ဇီဝသက်တမ်း အိုမင်းမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၄ ရက်သတင်းများအရ သိရသည်။

လူတို့၏ ကာလသက်တမ်း(Chronological age) သည် လူသားများ အသက်ရှင်နေထိုင်ခွင့်ရသည့် နေ့ရက်အရေအတွက်ကို ကိုယ်စားပြုပြီး ဇီဝသက်တမ်း (Biological age) ကမူ ဆဲလ်များ၏ သက်တမ်းအိုမင်းလာမှုကို ရည်ညွှန်းကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိုမီဂါ-၃ ဖြည့်စွက်ဆေးများ တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပါက ဆဲလ်များ၏ ဇီဝသက်တမ်းအိုမင်းမှုအရှိန်ကို လျှော့ချနိုင်ကြောင်း သိရသည်။

ဆွစ်ဇာလန်သုတေသနပညာရှင်များသည် အိုမီဂါ-၃ ဖက်တီးအက်စစ်၏ အာနိသင်ကို ဆန်းစစ်ရေးအတွက် အသက် ၇၀ အထက် လူပေါင်း ၇၀၀ ကျော်တို့ဖြင့် လက်တွေ့စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ အိုမီဂါ-၃ တစ်ဂရမ်ကို နေ့စဉ်ပုံမှန်သောက်သုံးသူများ၌ ဆဲလ်များ၏ ဇီဝသက်တမ်းမှာ လေးလကျော်ထိ ပြန်လည်နုပျိုသွားတတ်သည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ 

အသည်းရောဂါနှင့် ပတ်သက်သောဆေးဝါးများ နိုင်ငံ‌တော်မှ အခမဲ့ပေးအပ်မည်

အသည်းရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် အသည်းနှင့်ပတ်သက်သောဆေးဝါးများကို ယခု ဖေဖော်ဝါရီလမှစတင်ကာ နီးစပ်ရာမြို့နယ် ကျန်းမာရေးဌာနများ၌ အခမဲ့ပေးအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုဆေးဝါးများသည် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး (Hepatitis-C) ရောဂါခံစားနေရသူများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရောဂါရှင်များအနေဖြင့် အခမဲ့ဆေးဝါး ထောက်ပံ့မှုများ ကို ၃ လမှ ၆ လအထိ သောက်သုံးသွားရမည်ဖြစ်ပြီး ဆေးဝါးကုသမှု အခမဲ့ရယူလိုသော ဝေဒနာရှင်များသည် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နီးစပ်ရာအစိုးရဆေးရုံ (သို့မဟုတ်) မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၌ သွားရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၂၄ ခုနှစ်အတွင်း၌ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန် ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးများ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခမဲ့ ထောက်ပံ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုးကား-NP News

တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစမှစတင်၍ (၁) နှစ် ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

တံတားဦး ၊ ဖေဖော်ဝါရီ - ၅

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်း နှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက် ( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက်ပိုင်းက  အမှတ်( ၁ ၊ ၂ ၃ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။

ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၁)နှစ်ခွဲကလေးငယ်များအား သတ်မှတ်ထားသည့်အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးများ၌ ပြင်းထန် တီဘီရောဂါ၊ ဆုံဆို့နာရောဂါ ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ မေးခိုင်ရောဂါ ၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ဝက်သက်ရောဂါ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများထိုးနှံ‌ပေးရာတွင် မွေးကင်းစ ၊ နှစ်လ ၊ လေးလ ၊ ခြောက်လ ၊ ကိုးလ ၊ တစ်နှစ်ခွဲဟူ၍ လအလိုက် နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည် ။

တံတားဦးမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် ကလေးငယ် (၃၀) ဦး၊  အမှတ် (၂) ရပ်ကွက်တွင် ကလေးငယ်(၁၀)ဦး  ၊ အမှတ်(၃)ရပ်ကွက်တွင် ကလေးငယ်(၄၀)ဦး မွေးကင်းစမှအသက်တစ်နှစ်အခွဲထိ ကလေးငယ်စုစုပေါင်း(၈၀)ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၁၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို  လစဉ်လဆန်း (၁)ရက်နေ့ မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။ 

ပေးပို့သူ-ဦးရဲတင့်( ပြန်/ဆက်)              

ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမများကရှင်းလင်းပြောကြားမှုများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့၏ ပါဝင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကာ ဂျပန်-မြန်မာစကားပြန်များထားရှိပေးမည်ဖြစ်၍ တိုက်ရိုက်မေးမြန်းဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ခြင်း၊ ဂျပန်ပညာတော်သင်ဆိုင်ရာသိကောင်းစရာများဟောပြောဆွေးနွေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာအခွင့်အလမ်းများ၊ တက္ကသိုလ်တက်ရောက်နိုင်မည့်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာအတွေ့အကြုံများကို ဆွေးနွေးပြောကြားမှုများလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် MAJA နှင့် OJEIC အဖွဲ့အစည်းတို့မှ နှစ်စဉ်ပေးအပ်လေ့ရှိသော Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်းရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကိုမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Kyoto University of Advanced Science Chinzei Gakuin University ၊ Chinzei Gakuin University ၊ Yu Language Academy ၊ Okayama University ၊ Japan Education Information Center (OJEIC) Myanmar Association of Japan Alumni (MAJA)တို့မှ ပါဝင်ပြသဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်စားပါက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်   ဖေဖော်ဝါရီ ၄

ဗီတာမင်ဒီဖြည့်စွက်ဆေးကို နေ့စဉ်ပုံမှန်သုံးစွဲပါက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ သိရသည်။

Dementia ရောဂါသည် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းများတွင် ဖြစ်ပွားတတ်သော ဦးနှောက်ရောဂါတစ်မျိုးဖြစ်သည်။

Dementia ရောဂါဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းတရားများကို နိုင်ငံတကာဆေးပညာရှင်မျာအနေဖြင့် တိတိကျကျဖော်ထုတ်နိုင်မှုမရှိသေးသကဲ့သို့ ၎င်းရောဂါကို ပျောက်ကင်းစေသည့် ကုထုံးမျိုးလည်း မရှိသေးပေ။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းဖြင့် Dementia ရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အသက် ၇၁ နှစ်အရွယ် ပျမ်းမျှရှိသော လူပေါင်း ၁၂၃၈၈ ဦးတို့၏ဆေးမှတ်တမ်းများကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်သောက်သုံးသူများသည် မသောက်သုံးသူများထက် Dementia ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

Ref: Sputnik News Trs: KKO

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့်အခြေအနေများ၊ ယခုကဲ့သို့ ခရီးစဉ်ကြွရောက်လာသည့်အတွက် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြသည်။

ထိုသို့လျှောက်ထားတင်ပြရာ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံသို့ဘုရားဖူးလာရောက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့လာရောက်ဖူးမြော်မှုအတွက် ဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ထေရဝါရဗုဒ္ဓဘာသာကိုးကွယ်မှုတွင်တူညီပြီး ယဉ်ကျေးမှုဆိုင်ရာများတွင်လည်း ခွဲခြား၍မရသည့် နိုင်ငံများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံရှိဗုဒ္ဓတက္ကသိုလ်များတွင် နိုင်ငံတကာမှ စာသင်သားရဟန်းများလာရောက်၍ သင်ယူနေမှုများအတွက်လည်း မြန်မာနိုင်ငံအတွက်ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ယခုကဲ့သို့ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြစေကြောင်းနှင့် မြန်မာနိုင်ငံကြီးတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေကြောင်း ဖြင့်ဆုတောင်းစကားကို ပြန်လည်မိန့်ကြားတော်မူပြီး မြန်မာနိုင်ငံအတွက်မေတ္တာပို့ဆုတောင်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဓမ္မလက်ဆောင်များပေးအပ်သည်။

၎င်းနောက် အဓိပတိဆရာတော်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များသည် ယခုလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများနှင့် သာသနာတော်ဆိုင်ရာများကို သွားရောက်ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြကြောင်း၊ ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများကို ဆက်လက်ဖူးမြော်ကြည်ညိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည်

ရန်ကုန်    ဖေဖော်ဝါရီ ၂

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကလေးများနေ့ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ သိရသည်။

အဆိုပါ ကလေးများနေ့အကြိုစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်နှင့် ဓာတ်ပုံပြပွဲကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပန်းပဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်မဲ့ ကလေးများနေ့အကြိုလှုပ်ရှားမှုအနေနဲ့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှာရှိတဲ့ ကလေးစာကြည့်တိုက်မှာ ကလေးများအတွက် ဓာတ်ပုံပြပွဲ၊ ပုံပြင်သရုပ်ဖော်တင်ဆက်ခြင်း အစီအစဉ်၊ ပန်းချီရေးဆွဲခြင်း အစီအစဉ်၊ စကားပုံပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲတွေ ကျင်းပပေးသွားမှာဖြစ်ပြီး ဆုတွေလဲ ပေးအပ်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ကလေးများပျော်ရွှင်စေဖို့အတွက် ဂိမ်းကစားတဲ့ အစီအစဉ်တွေကိုလဲ ထည့်သွင်းကျင်းပပေးသွားမှာဖြစ်ပါတယ်” ဟု အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ‌ဒေါက်တာ ကေသီအေး ကပြောပြသည်။

ASH

အိပ်မောကျရန် ပုံမှန်ထက်အချိန်ယူရမှုက အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာဖြစ်နိုင်

ပေကျင်း    ဇန်နဝါရီ ၃၀

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရန် ပုံမှန်ထက် အချိန်ယူရမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိပ်စက်မှု သံသရာစက်ဝန်း၏ အဆင့်တစ်ဆင့်ဖြစ်သော Rapid Eye Movement (REM) ခေါ် အဆင့်သို့ရောက်ရန် ကြန့်ကြာနေမှုသည် အယ်ဇိုင်းမားရောဂါ၏ ရှေ့ပြေးလက္ခဏာတစ်ရပ် ဖြစ်နိုင်ကြောင်း သိရသည်။

REM အဆင့်သို့ ဝင်ရောက်ရန် ပုံမှန်ထက် အချိန်ယူရပါက ဦးနှောက်၏ မှတ်ဉာဏ်များကို စိစစ်ခွဲခြား သိမ်းဆည်းနိုင်စွမ်း ထိခိုက်သွားတတ်ကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။

REM အဆင့်သို့ ရောက်ရှိရန် ရုန်းကန်နေရသူများ၏ ဦးနှောက်အတွင်း အဆိပ်အတောက်ရှိ ပရိုတင်းနှစ်မျိုးဖြစ်သော Beta Amyloid နှင့် Tau ပရိုတင်းများ စုစည်းလာနိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သာမန်အားဖြင့် သက်ကြီးပိုင်းများသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသည့် အဆင့်သို့ရောက်ရန် ပုံမှန်ထက် အချိန်ယူရတတ်ကြောင်း သိရသည်။

တရုတ် သုတေသနပညာရှင်များသည် အသက် ၇၀ အထက် လူပေါင်း ၁၂၈ ဦးတို့၏ အိပ်စက်မှုပုံစံများကို လေ့လာပြီးနောက် ၎င်းတို့၏တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Photo:MedicalNews Today

အကိုက်အခဲပျောက်ဆေး အသစ်တစ်မျိုး အမေရိကန် FDA ခွင့်ပြု

ဆယ်စုနှစ်နှစ်ခုကျော်ကြာ အကိုက်အခဲပျောက်ဆေးဝါးထုတ်လုပ်မှုကို ခွင့်မပြုသည့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)သည် ယခုအခါ Jounavx အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည့် အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ကြောင်း ကြေညာလိုက်ပါသည်။ 

အဆိုပါအကိုက်အခဲပျောက်ဆေးကို Suzetrigine ဟု အမည်ပေးထားပြီး ဆေးတစ်ဗူးလျှင် ၅၀ မီလီဂရမ် ပါဝင်ပါသည်။ တစ်ရက် ၂ ကြိမ်သောက်ရမည့် အကိုက် အခဲပျောက်ဆေးလည်းဖြစ်ပါသည်။ ထိုဆေးဝါးကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Vertex Pharmaceuticals က ထုတ်လုပ်ထားပြီး အရွယ်ရောက်လူကြီးများ အလွန်အမင်း ကိုက်ခဲမှုဝေဒနာများအတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါဆေးကို အစားအစာနှင့်အတူ သောက်သုံးခြင်းမှ ရှောင်ကြဉ်ရပါမည်။ 

အမေရိကန်တွင် Celebrex အမည်ရှိ အကိုက်အခဲပျောက်ဆေးကို ပထမဆုံးအကြိမ် ခွင့်ပြုခဲ့ပြီးနောက် ယခု Suzetrigineမှာ ဒုတိယမြောက် FDA က ခွင့်ပြု လိုက်သည့် အကိုက်အခဲပျောက်ဆေးဖြစ်ပါသည်။

စစ်တမ်းများအရ အမေရိကန်ပြည်သူ သန်း ၈၀ ခန့်သည် နှစ်စဉ် အကိုက်အခဲပျောက် ဆေးသောက်သုံးနေရပါသည်။ ယခုအသစ်ထုတ်လုပ်လိုက်သည့် ဆေးဝါးမှာ နာကျင်ကိုက်ခဲသည့် အာရုံကြောများကို သက်သာစေနိုင်သဖြင့် ဈေးကွက်တွင် လူကြိုက်များလာနိုင်ပါသည်။

ကိုးကား-CNN