သတင်းများ

ထောက်လှမ်းရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မယ့် သက်ရှိပိုးဟပ်

ပိုးဟပ်တစ်ကောင်ကို စစ်ဆင်ရေးမှာအသုံးချနိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ စက် ရုပ်ပိုးဟပ်မျိုး ဆိုရင်တော့ စစ်ဆင်ရေးလုပ် ငန်းတွေမှာ ကောင်းကောင်းကြီးအသုံးချနိုင်မှာပေါ့။ သက်ရှိပိုးဟပ် တစ်ကောင်ဆိုရင်တော့ မဖြစ်နိုင်ဘူး လို့ပဲထင်မြင်ယူဆရမှာပါ။ ဒါပေမဲ့ သာမန်အားဖြင့် မဖြစ်နိုင်ဘူးလို့      ထင်မြင်ယူဆထားတဲ့အရာက လက်တွေ့မှာဖြစ်လာပါပြီ။  အဲဒါကတော့  သက်ရှိပိုးဟပ်ကို စစ်ဆင်ရေးမှာ    လက်တွေ့အသုံးချနိုင်စေရေးအတွက် လုပ်ဆောင်မှုဖြစ်ပါတယ်။

ဂျာမနီနိုင်ငံအခြေစိုက် SWARM Biotactics လို့ အမည်ရတဲ့ကုမ္ပဏီတစ်ခုက သက်ရှိပိုးဟပ်တွေမှာ တပ်ဆင်နိုင်မယ့် ထောက်လှမ်းရေးကိရိယာတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီကိရိယာက ပိုးဟပ်ရဲ့ ကျောပေါ်ကို တင်နိုင်မှာ ဖြစ်ပါတယ်။ ဒီကိရိယာတပ်ဆင် ထားတဲ့ပိုးဟပ်တွေက စက်ပစ္စည်းတွေ မရောက်နိုင် တဲ့နေရာမျိုး၊ နယ်မြေကြမ်းတမ်းတဲ့ နေရာမျိုးတွေကို သွားလာနိုင်ပါတယ်။

SWARM Biotactics ကဖန်တီးထားတဲ့ကိရိယာဆို တာ ထိန်းချုပ်မှု၊ အာရုံခံမှုနဲ့ စိတ်ချရတဲ့ဆက်သွယ်မှု ကို ရရှိစေနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒီကိရိယာကြောင့် ပိုးဟပ်ကိုထိန်းချုပ်ပြီး ရောက်စေချင်တဲ့ နေရာအထိ ရောက်အောင်သွားဖို့      လမ်းညွှန်နိုင်ပါတယ်။

ပြီးရင်   လိုအပ်တဲ့အချက်အလက်မှန်သမျှကိုလည်း အချိန်နဲ့ တစ်ပြေးညီ ပြန်လည်ပေးပို့ပေးနိုင်တယ်လို့ ကာကွယ်ရေး၊  လုံခြုံရေးနဲ့  သဘာဝဘေးတုံ့ပြန်မှုဆိုင်ရာ  ဇီဝစက်ရုပ်စနစ်များကို   ဖန်တီးပေးနေတဲ့ SWARM ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

‌နောက်တစ်ခုက အဲဒီပိုးဟပ်တွေကိုမြင်တွေ့နိုင်စွမ်းနည်းပါးပါတယ်။ ဒီလိုမြင်တွေ့နိုင်စွမ်းနည်းပါး တာကြောင့်    ထောက်လှမ်းရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်စေတာဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ ပမာဏအမြောက်အမြားကိုလည်း အချိန်တိုအတွင်းမှာထုတ်လုပ်နိုင်တာကြောင့် ကုန်ကျစရိတ်ထက်  အကျိုးရှိမှုက   ပိုမိုများပြား‌နေတာကို တွေ့ရပါတယ်။

အခုလိုမျိုးနည်းပညာကိုဆန်းသစ်ခြင်းက သက်ရှိ အင်းဆက်ပိုးကောင်တွေကို ဉာဏ်ရည်တုနည်းပညာ (AI)၊ အဆင့်မြင့်အာရုံခံကိရိယာ၊ အနီးကပ်ထောက် လှမ်းမှုနည်းပညာ၊ ဘယ်လိုစနစ်ကမှမရောက်နိုင်တဲ့ နေရာများမှ အချိန်နဲ့တစ်ပြေးညီ အချက်အလက် စုဆောင်းနိုင်စွမ်းတို့နဲ့ ပေါင်းစပ်လိုက်ခြင်းဖြစ်တာ ကြောင့် ပိုးဟပ်တစ်ကောင်ရဲ့သဘာဝအလျောက် လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်စေပြီး ဒီစွမ်းဆောင် ရည်ကိုပဲ အကျိုးရှိစွာ အသုံးချနိုင်စေခြင်းပဲ ဖြစ်ပါတယ်။                             

Ref: IE

ကိုထက်

မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ ဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုး

နေပြည်တော် ဇူလိုင် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့်တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ e-Government စနစ်ကို ဖော်ဆောင်နေချိန်တွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် လိုအပ်သည့် IT နည်းပညာများကို အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီပေးခြင်းဖြစ်ရာ နိုင်ငံအတွက်တန်ဖိုးရှိသည့် အကူအညီဖြစ်ပါကြောင်း။

ယခု မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ (MoU) သည် မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ အိန္ဒိယနိုင်ငံအစိုးရထံမှ နည်းပညာဆိုင်ရာအကူအညီများ မျှဝေဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ Digital Identity ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသကဲ့သို့ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များ၊ ပိုမိုထိရောက်မြန်ဆန်သည့် အကူအညီများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို ဆက်လက်ပံ့ပိုးကူညီမျှဝေစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur က မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်းလုပ်ငန်းစဉ်များအပေါ် အိန္ဒိယနိုင်ငံအစိုးရက ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်အတွက် Digital Unique Identity Program အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံ၏ နည်းပညာ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့် အတွေ့အကြုံများဖလှယ်ရေး၊ အစိုးရအရာရှိများနှင့် ကျွမ်းကျင်သူများ နည်းပညာဖလှယ်ရေးနှင့် မြန်မာနိုင်ငံ Digital ID Program ကို စမ်းသပ်အကောင်အထည်ဖော်ရာတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ယခုရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

MOI

၂၀၂၅-၂၀၂၈ ခုနှစ်ကာလအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်‌ရေးထိုး

နေပြည်တော် ဇူလိုင် ၂၉

၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်‌ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်အတူ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur နှင့်အတူ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် အိန္ဒိယသံအမတ်ကြီး Mr Abhay Thakur တို့က သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါ Programme of Cooperation (POC) ကို ၂၀၁၂-၂၀၁၅ ခုနှစ်နှင့် ၂၀၁၈-၂၀၂၁ ခုနှစ်တို့အတွက် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ကာလအတွင်း သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်ရည်ရွယ်၍ လက်မှတ်ရေးထိုးချုပ်ဆိုခြင်းဖြစ်သည်။

အဆိုပါ POC ကို လက်မှတ်ရေးထိုးခြင်းဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာနယ်ပယ်များအထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့်စိုက်ပျိုးရေးအပါအဝင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ Smart University အတွက် နည်းပညာများ၊ အစိမ်းရောင်နည်းပညာများ၊ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာနှင့် Blockchain နည်းပညာ၊ Virtual Reality နှင့် Augmented Reality (3D ပုံရိပ်ဖော်နည်းပညာများ)၊ Advanced Material Science၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားနည်းပညာ၊ ဓာတ်သတ္တုကဏ္ဍ၊ Geospatial Technology နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ မဟာဗျူဟာစီမံကိန်းများ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ခြင်အရွယ်အစားသာရှိသည့် စစ်ဘက်သုံးအသေးစားဒရုန်း၏ စွမ်းဆောင်ရည်တိုးတက်မှုအတွက်   AI နည်းပညာကို တရုတ်အသုံးပြုမည်

တရုတ်နိုင်ငံသည် ၎င်းတို့တီထွင်ထုတ်လုပ်ခဲ့သည့် ခြင်အရွယ်အစားသာသာရှိသည့် စစ်ဘက်သုံး ဒရုန်း အသစ်တစ်မျိုး၏ စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုမည်ဖြစ်သည်။

အဆိုပါ အသေးစားဒရုန်းကို အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် (NUDT) ကထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းကို သတင်းအချက်အလက်ရယူစုဆောင်းရန်နှင့် စစ်မြေပြင်ရှိ အထူးစစ်ဆင်ရေးများတွင် အသုံးပြုရန် အထူးသင့်လျော်ကြောင်း NUDT မှ ကျောင်းသားတစ်ဦးဖြစ်သူ လျန်ဟေရှန်းကပြောသည်။

အဆိုပါဒရုန်းတွင်  အတောင်ပံနှစ်ခုနှင့် ဆဲလ်ဖုန်းမှတစ်ဆင့်  ထိန်းချုပ်နိုင်သည့် ခြေထောက်များပါဝင်သည်။ ဒရုန်း၏အရွယ်အစားမှာ သေးငယ်လွန်းသောကြောင့် လျှို့ဝှက်စစ်ဆင်မှုများကို လုပ်ဆောင်ရာ တွင် အားသာချက်များရရှိနိုင်သော်လည်း ဒရုန်းတွင် သယ်ဆောင်နိုင်သည့်ဝန်၊ဆင်ဆာများ၊ ဘက်ထရီ စသည်တို့အား တပ်ဆင်အသုံးပြုရာတွင် ကန့်သတ်မှုများရှိနေသည်။

အဆိုပါအားနည်းချက်များကို ဖယ်ရှားနိုင်ရန်အတွက် NUDT သည် ဒရုန်း၏စစ်ပွဲဆင်နွှဲမှုနှင့် လျှို့ဝှက် ထောက်လှမ်းမှုစွမ်းရည်များတိုးတက်လာစေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို ဆက်လက် အသုံးပြုရန်စီစဉ်ထားသည်။                 

Ref:TDc

MWD Web Portal
 
မျိုးဆက်သစ် ကမ္ဘာ့အမြန်ဆုံးစက်ရုပ်လူသား သို့မဟုတ် Robotera L7 စက်ရုပ်ကို တရုတ်ထုတ်ဖော်ပြသ

မျိုးဆက်သစ်  စက်ရုပ်အမျိုးအစားတစ်ခုဖြစ်သည့် ကမ္ဘာ့အမြန်ဆုံးစက်ရုပ်လူသား ပုံစံတစ်မျိုးအား  တရုတ်နိုင်ငံက ထုတ်ဖော်ပြသလိုက်သည်။

Robotera L7 ဟုအမည်ပေးထားသည့် အဆိုပါလူသားစက်ရုပ်သည်  အမြင့်  ၅ ပေ ၇ လက်မ (၁၇၅ စင်တီမီတာ) ရှိပြီး တစ်နာရီလျှင် ၉ မိုင်နှုန်း (၁၄ ဒသမ ၄ ကီလိုမီတာ)အထိ  ပြေးနိုင်ခြင်းကြောင့် ကမ္ဘာ့အမြန်ဆုံး  စက်ရုပ်ဖြစ်လာသည်။

၎င်းစက်ရုပ်အား  တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ    ဆင်းဟွာတက္ကသိုလ်က ထုတ်လုပ်ထားခြင်း ဖြစ်သည်။

Robotera L7 စက်ရုပ်နှင့်စပ်လျဉ်း၍ ထုတ်လုပ်သူများက အသေးစိတ်အချက်အလက်များကို  ထုတ်ပြန်ထားခြင်းမရှိသော်လည်း     အဆိုပါစက်ရုပ်သည် အထုပ်အပိုးများကို   ထုပ်ပိုးနိုင်သည့်အပြင် ကခုန်ခြင်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများကိုပါ  တိကျစွာအသုံးပြုနိုင်သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် လအတွင်းကလည်း အစားအသောက်များစားသုံးရာတွင် တူများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ပြီး ပေါက်စီများကို ပြုလုပ်ချက်ပြုတ်နိုင်ရန်၊ ဝိုင်အရက်ငှဲ့ပေးရန်နှင့် မိရိုးဖလာ   စားသောက်ဖွယ်ရာများကို ချက်ပြုတ်နိုင်ရန် သင်ကြားပေးထားသည့် STAR1 အမည်ရှိ ကမ္ဘာ့ပထမဆုံးသော စက်ရုပ်လူသားတစ်မျိုးကိုလည်း ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

ယခု    ဖန်တီးထုတ်လုပ်ထားသည့် Robotera L7 စက်ရုပ်သည် အဆိုပါ STAR1 စက်ရုပ်လူသားကို     အဆင့်မြှင့်တင်၍ မွမ်းမံထုတ်လုပ်ထားခြင်းဖြစ်သည်။

Ref: Ls

ရုရှားက အီရန်ဂြိုဟ်တုတစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်

ရုရှားနိုင်ငံ၏ အာကာသအေဂျင်စီ Roscosmos က သောကြာနေ့ (ဇူလိုင် ၂၅) တွင် အီရန်နိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို Soyux ဒုံးပျံဖြင့် အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရုရှား အရှေ့ဖျားဒေသရှိ Vostochny Cosmodrome အာကာသ လွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ရုရှား၏ သိပ္ပံဂြိုဟ်တု (၂) လုံးနှင့် စီးပွားရေးနယ်ပယ်သုံး ဂြိုဟ်တုငယ် (၁၈) လုံး (ဈေးကွက်အတွက် ဒေတာစုဆောင်းခြင်းနှင့် ဆက်သွယ်ရေး စသည့် စီးပွားရေးနယ်ပယ်သုံး ဂြိုဟ်တု) အပါအဝင် အီရန်၏ Nahid-2 ဆက်သွယ်ရေးဂြိုဟ်တုတို့ကို သယ်ဆောင်သွားခဲ့သည်။

Nahid-2 ဂြိုဟ်တုကို အီရန်အာကာသသုတေသနစင်တာမှ ဖန်တီး တည်ဆောက်ကာ အီရန်အာကာသအေဂျင်စီနှင့် စီးပွားဖြစ် သဘောတူညီချက်အရ လွှတ်တင်ခြင်းဖြစ်သည်။ အီရန်၏ အစိုးရ ထိန်းချုပ် မီဒီယာ များ၏ဖော်ပြချက်အရ ယင်းဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းအနိမ့်အတွင်း လှည့်ပတ်ရန်အတွက် ဒီဇိုင်းပြုလုပ်ထားပြီး တီဟီရန်၏ အာကာသ စွမ်းရည် တိုးမြှင့်ရေး ရည်မှန်းချက်များကို အထောက်အကူပြုမည် ဖြစ်သည်။

အဆိုပါမစ်ရှင်သည် ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေး ဂြိုဟ်တုများ လွှတ်တင်ခြင်းအပါအဝင် ရုရှား-အီရန် ပူးပေါင်း ဆောင်ရွက်မှု များ တိုးတက်လာသည့် အာကာသလုပ်ငန်းစဉ်များ၏ ရလဒ်ဖြစ်သည်။ ဇန်နဝါရီလတွင် မော်စကိုနှင့် တီဟီရန်တို့သည် နှစ်ပေါင်း (၂၀) အတွက် နိုင်ငံတကာမဟာဗျူဟာ မိတ်ဖက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် အာကာသဆိုင်ရာ အရပ်ဘက် အစီအစဉ်များ၊ စွမ်းအင်နှင့် သိပ္ပံ နည်းပညာ နယ်ပယ်များတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရန် အာမခံချက်များပါဝင်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လပတ်လမ်းပေါ်မှတစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက်ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစားအာကာသယာဉ်တစ်စင်းကို တည်ဆောက်နေ

လန်ဒန် ဇူလိုင် ၂၄ 
လပတ်လမ်းပေါ်မှ တစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက် ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစား အာကာသယာဉ်တစ် စင်းကို ဗြိတိန်သိပ္ပံပညာရှင်များက တည်ဆောက်နေကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။ 

Coscocube အာကာသယာဉ်သည် လကမ္ဘာ အခြားဘက်ခြမ်းမှတစ်ဆင့် စကြ ဝဠာခေတ်ဦး ရေဒီယိုအချက်ပြ လှိုင်းများကို လေ့လာမည်ဖြစ် ကြောင်း၊ Big Bang မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း သန်း ၅၀ နှင့် တစ်ဘီလီယံကြား ကာလအတွင်း ပေါ်ထွက်လာသည့်

ရှေးဟောင်းရေဒီယိုအချက်ပြလှိုင်း များသည် စကြဝဠာ၏သမိုင်း ကို ပြောပြနိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များက ပြောကြားသည်။

ကမ္ဘာဂြိုဟ်၏ ရေဒီယိုလှိုင်း အနှောင့်အယှက်များနှင့် ကင်း လွတ်သည့် လကမ္ဘာအခြားဘက်ခြမ်းမှာ စကြဝဠာခေတ်ဦးရေဒီယို လှိုင်းများကိုရှာဖွေထောက်လှမ်း

ရန်အကောင်းဆုံးနေရာဖြစ်သည်။ Big Bang မဟာပေါက်ကွဲမှု ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး ပေါ်ထွက်လာသည့် ဂြိုဟ်များ၊ ကြယ်များနှင့်အာကာသတွင်းနက် များ၏ အလင်းရောင်များကို ဟိုက် ဒရိုဂျင်ဓာတ်ငွေ့ တိမ်တိုက်ကြီး များက ဖုံးကွယ်ထားရာ ၎င်းကာလ ကို စကြဝဠာ အမှောင်ခေတ်အဖြစ် သိပ္ပံပညာရှင်များက သတ်မှတ် ထားကြောင်း သိရသည်။

သို့ရာတွင် အဆိုပါဟိုက်ဒရိုဂျင် ဓာတ်ငွေ့တိမ်တိုက်ကြီးများသည် လှိုင်းအလျားမီဂါဟာ့ဇ် ၁၄၂၀ ထိရှိသည့် ရေဒီယိုလှိုင်းများကို ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

Ref: Sputnik News

Trs: KKO

တစ်နာရီ မိုင် ၂၈၀ အရှိန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး အကွာအဝေး ၁၅၅ မိုင်ရှိ ပစ်မှတ်များကို တိုက်ခိုက် နိုင်သည့် ကမ္ဘာ့အမြန်ဆုံး Sky Shark ဒရုန်း

တစ်နာရီလျှင် မိုင် ၂၈၀ အရှိန်နှုန်းဖြင့် မောင်းနှင်နိုင်သည့် ကမ္ဘာ့အမြန်ဆုံးစစ်ဘက်သုံး ကာမီကာဇေ ဒရုန်းတစ်မျိုးကို ဗြိတိန်နိုင်ငံမှ အင်ဂျင်နီယာကုမ္ပဏီ တစ်ခုဖြစ်သည့် MGI က တီထွင်ထုတ်လုပ် နိုင်ခဲ့သောကြောင့် မျက်မှောက်ကာလ စစ်မြေပြင်ရှိစစ်ဆင်ရေး အခြေအနေများကို   ပြောင်းလဲနိုင်မည့်အလားအလာများ  ထွက်ပေါ်လာလျက်ရှိသည်။

အဆိုပါဒရုန်းအား Sky  Shark ဟု အမည်ပေးထားသည်။ အဆိုပါ ကမ္ဘာ့အမြန်ဆုံးဒရုန်းအား    တီထွင်ထုတ်လုပ်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့ကို     ဦးဆောင်ခဲ့သူမှာ Formula 1  ပြိုင်ကားမောင်းပြိုင်ပွဲမှ နည်းပညာဆိုင်ရာညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သည်။ ထို့ကြောင့်   အဆိုပါ အင်ဂျင်နီယာအဖွဲ့သည်  ၎င်းတို့ထုတ်လုပ်ထားသည့် ဒရုန်းအား ပြိုင်ကားတစ်စီး၏ အရှိန်နှုန်းအတိုင်း   မောင်းနှင်ပျံသန်းနိုင်စေရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအင်ဂျင်နီယာအဖွဲ့သည် Sky Shark ဒရုန်းအား ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားပြည်နယ်  အင်စတုန်းလေယာဉ်ကွင်း၌ ဇူလိုင်လ ၁၁ ရက်တွင် စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်သည်။

အင်ဂျင်နီယာများသည် ၎င်းဒရုန်းအား ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းခြင်း၊ ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊   ဂျီပီအက်စ်စနစ် အသုံးပြု၍မရနိုင်သည့်   နေရာဒေသများနှင့် အန္တရာယ်များပြားသည့်   ပတ်ဝန်းကျင်တို့တွင် အသုံးပြုခြင်း    စသည့်စစ်ဆင်ရေးများတွင် အသုံးပြုရန်     ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အင်ဂျင်နီယာများသည် Sky Shark ဒရုန်းကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး  တစ်မျိုးမှာ   ဓာတ်ငွေ့တာဘိုင်အင်ဂျင်ကိုအသုံးပြုထားသည်။ ကျန်ပုံစံတစ်မျိုးမှာမူ Greenjets ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် လျှပ်စစ်အင်ဂျင်တစ်လုံး တပ်ဆင်ထားသည်။        

၎င်းဒရုန်းကို  အင်ဂျင်နီယာအဖွဲ့က တရားဝင်စမ်းသပ်ပျံသန်းရာတွင် ဒရုန်းသည် တစ်နာရီလျှင် မိုင် ၂၈၀ (၄၅၀ ကီလိုမီတာ) အရှိန်အထိမောင်းနှင်နိုင်ပြီး အကွာအဝေး ၁၅၅ မိုင် (၂၅၀ ကီလိုမီတာ) အကွာရှိ ပစ်မှတ်များကို      တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ပြင် Sky  Shark ဒရုန်းတွင် အလေးချိန်အားဖြင့် ၄၄ ပေါင် (၂၀ ကီလိုဂရမ်)ရှိ    ထိပ်ဖူးတစ်ခုကိုလည်း သယ်ဆောင်နိုင်စွမ်းရှိသည်။

မောင်းနှင်ပျံသန်းရာတွင်လည်း Sky Shark ဒရုန်းအနေဖြင့် ကွန်တိုမြေပုံဖြင့် ချိန်ညှိပေးသည့်စနစ်၊  လမ်းကြောင်းရှာစနစ်တို့ကို  အသုံးပြုထားခြင်းကြောင့် ဂြိုဟ်တုမှတစ်ဆင့်ပေးပို့သည့်  အချက်ပြမှုများအပေါ်   အမှီသဟဲပြုနေရခြင်းကို လျှော့ချနိုင်သောကြောင့် အရေးကြီးသည့် စစ်ဆင်ရေးများတွင်       ထိရောက်စွာ အသုံးပြုနိုင်မည့်    ကမ္ဘာ့အမြန်ဆုံးဒရုန်းဖြစ်သည်။

Ref: De

မြေပြိုမှုဖြစ်ပွားခြင်းကို ခန့်မှန်းပေးနိုင်သည့် ဆော့ဝဲတစ်မျိုးအား ရုရှားနှင့်တရုတ် သိပ္ပံပညာရှင်များ တီထွင်

ကမ္ဘာမြေပြင်၏ မည်သည့်နေရာဒေသတွင် မြေပြိုမှုဖြစ်ပွားနိုင်သည်ကို ခန့်မှန်းပေးနိုင်သည့် ဆော့ဝဲတစ်မျိုးအား ရုရှားနှင့် တရုတ်သိပ္ပံပညာရှင်များက တီထွင်နိုင်ခဲ့ပြီဖြစ်သည်။

ရုရှားနိုင်ငံ ယူရယ်လ်တက္ကသိုလ်မှ ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်း၍ ရွှံ့ညွန်များ၏ စီးဆင်းမှုကို သင်္ချာပုံစံဖြင့်  တွက်ချက်ခန့်မှန်းပေးနိုင်သည့် ဆော့ဝဲအသစ်ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆော့ဝဲကို တောင်ထူထပ်ရာဒေသများတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိကို အကဲဖြတ်စိစစ်ရန်နှင့် မြေနိမ့်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားနိုင်မည့် အခြေအနေတို့ကို ခန့်မှန်းရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

မြေပြိုမှုများသည် များသောအားဖြင့် မိုးသည်းထန်စွာ  ရွာသွန်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိရာ အဆိုပါဆော့ဝဲကို အသုံးပြုခြင်းအားဖြင့် ရွှံ့ညွန်များ၏ အထက်ပိုင်းရှိ မြေသား၏ ခံနိုင်စွမ်းနှင့် မိုးရွာသွန်းသည့် ပမာဏတို့ကို တွက်ချက်၍ ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။

နေရာဒေသတစ်ခုတွင်  သို့မဟုတ် တောင်ထူထပ်ရာ ဒေသတစ်ခုတွင် နေ့စဉ်မိုးရေချိန်အများဆုံး ၂၇ မီလီမီတာ အထက် ရွာသွန်းမည်ဆိုပါက မြေသား၏ ခံနိုင်စွမ်းလျော့ကျလာပြီး မြေပြိုမှုများဖြစ်ပွားစေနိုင်သည့် အလားအလာ ကို ပိုမိုမြင့်တက်စေနိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သည့် နီကီတာဖိုးမင်းက ပြောကြားသည်။

ထို့ကြောင့်  မြေပြိုမှုများ  မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသများရှိ ပြည်သူများအနေဖြင့် အဆိုပါဆော့ဝဲအသစ်ကို အသုံးပြုခြင်းအားဖြင့် ကြိုတင်ခန့်မှန်း၍ သိရှိနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာကို BMW တည်ဆောက်မည်

ဂျာမနီနိုင်ငံမှ  ကမ္ဘာကျော်  BMW မော်တော်ကား ကုမ္ပဏီသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်များကို ချဲ့ထွင်နိုင်ရေးအတွက်  တရုတ်နိုင်ငံအတွင်း၌ ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့်  ထုတ်လုပ်ရေးစင်တာတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။

BMW  ကုမ္ပဏီအနေဖြင့်  ၎င်းတို့၏ ပထမဆုံးသောစင်တာကို ကျန်းစုပြည်နယ် နန်ကျင်းမြို့ ကျန်းယီခရိုင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂျာမနီကားကုမ္ပဏီ၏ တရားဝင်ရုံးခွဲအဖြစ် လည်ပတ်မည်ဖြစ်သည်။ အဆိုပါစင်တာသည်   ဉာဏ်ရည်တုနည်းပညာ၊ စက်မှုလုပ်ငန်းသုံး ဒစ်ဂျစ်တယ်နည်းပညာသုံး ဆန်းသစ်တီထွင်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။

နန်ကျင်းမြို့တွင်ဖွင့်လှစ်မည့်  BMW ကုမ္ပဏီ၏ သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာသည် အာရှဒေသအတွင်းရှိ ၎င်းကုမ္ပဏီ၏ အကြီးဆုံးသော စင်တာဖြစ်လာမည်ဖြစ်သည်။  အဆိုပါစင်တာအနေဖြင့် BMW ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှု၊  ရောင်းချမှု၊ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းပေးခြင်း စသည့်ဝန်ဆောင်မှုများကို နည်းပညာ အလျင်အမြန်  ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ်နိုင်ငံသို့  လာရောက် ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်။

BMW ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏ လမ်းမကြီးများ၏  အခြေအနေနှင့်အညီ ယာဉ်မောင်း သူများအား အထောက်အကူပြုစေမည့် အဆင့်မြင့်နည်းပညာ စနစ်များကို ပူးတွဲထုတ်လုပ်လျက် ရှိသည်။