သတင်းများ

နျူကလီးယားစက်ရုံအဟောင်းကိုအသုံးပြုပြီး ဆိုလာပြားအတွက် ပိုလီဆီလီကွန်များထုတ်လုပ်

ဆိုလာပြားလိုအပ်ချက်က တစ်နေ့တခြားမြင့်မားလာပါတယ်။ အထူးသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုငတ်မွတ်လာတဲ့ ယနေ့ကမ္ဘာကြီးမှာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် အသုံးပြုလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုလာပြား ထုတ်လုပ်မှု လုပ်ဖို့အတွက် မြေနေရာလိုအပ်ချက်က အတော်အသင့်သာ ရှိတာပါ။

ဒါပေမဲ့ မြေနေရာအသစ်များကို‌ဖော်ထုတ်ခြင်းထက် မြေနေရာအဟောင်းများကို ပြန်လည်အသုံးပြုမယ်ဆိုရင် အလဟဿမဖြစ်တော့ဘူးပေါ့။

အခု အမေရိကန်ပြည်ထောင်စုမှာ Highland Materials ဆိုတဲ့ ပိုလီဆီလီကွန်ထုတ်လုပ်မှုကုမ္ပဏီ အသစ်က အသုံးမပြုတော့ဘဲ စွန့်ပစ်ထားတဲ့ နေရာတစ်ခုကို ဆိုလာပြားထုတ်လုပ်ရေး စက်ရုံတစ်လုံး တည်ဆောက်ဖို့အတွက် လုပ်ဆောင်နေပါပြီ။ အဲဒီနေရာကတော့ ဟောကင်းခရိုင်မှာရှိတဲ့ ဖစ်ဘန်းနျူကလီးယား ဓာတ်အားပေးစက်ရုံပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကုမ္ပဏီကဆိုလာပြားတွေအတွက်လိုအပ်တဲ့ ပိုလီဆီလီကွန်တွေကို အဓိကထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အမေရိကန်စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် Highland Materials ရဲ့စက်ရုံက တစ်နှစ်ကို ပိုလီဆီလီကွန်တန်ချိန် ၁၆၀၀၀ အထိထုတ်လုပ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကလည်း သတ်မှတ်ဈေးနှုန်းထက်ကိုနည်းပါးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံလည်ပတ်ပြီး လေးနှစ်အတွင်းမှာ သူတို့ဆီကနေ ထုတ်လုပ်နိုင်တဲ့ ပိုလီဆီလီကွန်ပမာဏက တန်ချိန်ပေါင်း ၂၀၀၀၀ အထိ ရှိလာမှာပါ။ ဒီပမာဏဟာ လျှပ်စစ်ဓာတ်အား ၁၁ ဂစ်ဂါဝပ်အထိ  ထုတ်လုပ်နိုင်မယ့်ဆိုလာပြားအရေအတွက်နဲ့ညီမျှပါတယ်။

Highland Materials ကထုတ်လုပ်မယ့် ပိုလီဆီလီကွန်တွေကို မျိုးဆက်သစ်စနစ်ဖြစ်ပြီး စွမ်းအင်သုံးစွဲမှုချွေတာနိုင်မယ့် ထုတ်လုပ်ရေးနည်းလမ်းအသုံးပြု ထုတ်လုပ်သွားမှာပါ။ အထူးသဖြင့် အလူမီနီယံ- ဆီလီကွန်သတ္တုစပ်သန့်စင်စနစ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်က မသန့်စင်ရသေးတဲ့ ဆီလီကွန်တွေကို  သန့်စင်တဲ့အလူမီနီယံတွေနဲ့ ပေါင်းစပ်ကာ မီးအေးအေးနဲ့ အရည်ပျော်စေခြင်း ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုခြင်းကြောင့် စွမ်းအင်ကို အသုံးပြုမှုကလည်း ပိုလီဆီလီကွန်တစ်ကီလိုဂရမ်ကိုမှ လျှပ်စစ်ဓာတ်အား ၂၀ မှ ၄၀ ကီလိုဝပ်နာရီသာရှိမှာပါ။

ဒါဟာ သမားရိုးကျနည်းနဲ့ပိုလီဆီလီကွန်ထုတ်လုပ်မှုထက် ပိုမိုနည်းပါးပေမယ့် အရည်အသွေးပိုင်းမှာတော့ ထိပ်တန်းအဆင့်ကို ရရှိစေမှာ ဖြစ်တဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ကောင်းစွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။                                               

 Ref: IE

 ကိုထက်

MWD

ဘက်ထရီအဟောင်းများမှသည် စွမ်းအင်စနစ်အသစ်ဆီသို့

ကျွန်တော်တို့အနေနဲ့ ဘက်ထရီတွေကို သုံးပြီးလို့    အားကုန်သွားပြီဆိုရင် လုပ်တတ်တဲ့အရာတစ်ခုက လွှင့်ပစ်လိုက်တာပါပဲ။ တကယ်တော့ အဲဒီလိုမျိုးလွှင့်ပစ်ခြင်းက စွမ်းအင်အရင်းအမြစ်တစ်ခုကို အလဟဿဖြစ်သွားစေနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။  ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ အဲဒီဘက်ထရီတွေကို ဘယ်လိုပြန်သုံးလို့ ရနိုင်မလဲဆိုတာ နည်းလမ်းရှာရပါမယ်။ အဓိကကတော့  စွမ်းအင်အရင်းအမြစ်တစ်ခုကို အကြောင်းမဲ့အဆုံးရှုံးမခံနိုင်သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်စေလိုတဲ့အတွက် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ်အခြေစိုက် Princeton NuEnergy ဆိုတဲ့ကုမ္ပဏီက တောင်ကာရိုလိုင်းနားပြည်နယ် ချက်စတာမြို့မှာ ဘက်ထရီကို ပြန်လည်အသုံးပြုနိုင်တဲ့စက်ရုံတစ်လုံးကို ဖွင့်လှစ် လိုက်ပါတယ်။ အဲဒီစက်ရုံက ဘက်ထရီအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို အမြောက်အမြား ထုတ်လုပ်ပေးမယ့် အမေရိကန်ရဲ့ ပထမဆုံးသောစက်ရုံကြီး ဖြစ်ပါတယ်။ ဒီလိုမျိုး ဘက်ထရီအတွက် ကုန်ကြမ်းပစ္စည်းတွေထုတ်လုပ်ဖို့ သူတို့အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းများက ဘက်ထရီအဟောင်းများ ဖြစ်ပါတယ်။ အဲဒီဘက်ထရီအဟောင်းတွေကနေ ဘက်ထရီအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်း ၉၇ ရာခိုင်နှုန်းကို ပြန်လည်ထုတ်လုပ်နိုင်နေတာ ဖြစ်ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒက ပိုမိုစိတ်ချရမှုရှိတဲ့ ပြည်တွင်းစွမ်းအင်ပစ္စည်းထုတ်လုပ်ရောင်းချမှုကွင်းဆက်ကို ဖန်တီးဖို့အတွက် အဓိကဦးတည် ထားပါတယ်။ ဒီလိုမျိုးဦးတည်ချက်အတိုင်း လျှောက်လှမ်းတဲ့နေရာမှာ Princeton NuEnergy ကုမ္ပဏီက အကောင်းဆုံးသောနည်းပညာနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များမှာ ရှေ့ပြေးကုမ္ပဏီတစ်ခုဖြစ်လာနေပါပြီ” လို့ ကုမ္ပဏီတည်ထောင်သူနဲ့အမှုဆောင် အရာရှိချုပ် ဒေါက်တာချောင်ယန်းကပြောပါတယ်။

အခုလိုမျိုး  ဘက်ထရီအဟောင်းတွေကနေ ဘက်ထရီအသစ်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်ရာမှာ ဘေးကင်းလုံခြုံမှုက သိပ်ကိုအရေးကြီးပါတယ်။ အခန့်မသင့်ရင် ပေါက်ကွဲမှုတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းများကို အမေရိကန်အစိုးရက ချမှတ်ထားပါတယ်။ Princeton NuEnergy ကုမ္ပဏီက အဲဒီလိုမျိုးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကုန်ကြမ်း ပစ္စည်းများကို ထုတ်လုပ်ပေး နေတာပါ။

Princeton NuEnergy ကုမ္ပဏီကနေထုတ်လုပ်ပေးနေတဲ့ ကုန်ကြမ်းပစ္စည်းများအနက် တချို့ထဲမှာ လျှပ်စစ်အမခေါင်းများနဲ့ အဖိုခေါင်းများက အဓိက နေရာကနေ ပါဝင်နေပါတယ်။ အဲဒီလျှပ်ခေါင်းတွေကို ဘက်ထရီထုတ်လုပ်မှုမှာ တစ်ခါတည်းတန်းသုံးနိုင်ပါတယ်။ ဒီအတွက်သူတို့က အပူချိန်နိမ့်ပြီး ပလာစမာအထောက်အပံ့ရှိတဲ့ ခွဲခြားမှုလုပ်ငန်းစဉ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြောင့် လျှပ်ခေါင်းတွေ ထုတ်လုပ်ရာမှာ ကုန်ကျစရိတ်ကို ၃၈ ရာခိုင်နှုန်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း သမားရိုးကျနည်းလမ်းထက် ၆၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့လည်းဆိုပါတယ်။  ဒါကြောင့် ဒီနည်းလမ်းဟာ လီအိုင်းယွန်းဘက်ထရီတွေကို ပြန်လည်အသုံးပြုခြင်းနဲ့ ကုန်ကြမ်းပစ္စည်း ထုတ်လုပ်ရေးမှာ ပိုမိုသန့်ရှင်းမှုရှိသော၊ ပိုမိုမြန်ဆန်မှုရှိသော၊ ပိုမိုစိတ်ချရမှုရှိသော နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။

ရှုပ်ထွေးသောသံစဉ်များကိုပင် ၉၀ ရာခိုင်နှုန်းတူညီအောင်တီးခတ်နိုင်မယ့် စက်ရုပ်

လူတူစက်ရုပ်များကို သက်ကြီးရွယ်အိုများ ကိုကူညီပေးနိုင်ရေး၊ အန္တရာယ်ရှိတဲ့ကုန် ပစ္စည်းများကို ကိုင်တွယ်အသုံးပြုရေး အစရှိတဲ့ လုပ်ငန်းများအတွက် ဖန်တီးထုတ်လုပ် ထားကြတာ ဖြစ်ပါတယ်။ အရင်တုန်းက စက်ရုပ် ဆိုတာကိုမြင်တွေ့လိုက်ရင် တော်တော်လေးကို အထင်ကြီးခဲ့ကြတာပါ။ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းမှာ စက်ရုပ်ဆိုတာတွေက မရှိမဖြစ်လိုမျိုး ဖြစ်လာပါပြီ။ သိပ္ပံပညာရှင်များကလည်း ဘက်စုံအသုံးပြုနိုင်တဲ့ စက်ရုပ်များအပြင် ဖျော်ဖြေရေးလုပ် နိုင်တဲ့စက်ရုပ်များကိုလည်း ဖန်တီးတီထွင်လာကြ ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တုန်းကဆိုရင် စက်ရုပ်တွေက သေတ္တာတွေကိုအတင်အချလုပ်နိုင်လာတယ်။ စက် ပစ္စည်းအစိတ်အပိုင်းတွေကို ပြန်လည်တပ်ဆင်တာ မျိုးတွေလုပ်နိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာကုထုံးပေးတာ မျိုးတွေလုပ်နိုင်လာပါတယ်။ ဒါပေမဲ့ အနုပညာကို ဖန်တီးမှုအပိုင်းမှာတော့ တော်တော်လေးကိုအား နည်းပါတယ်။ တစ်နည်းပြောရရင် ကြီးမားတဲ့ကွာဟချက်ကြီးတစ်ခု ဖြစ်နေခဲ့တာပေါ့။ ဒီလိုမျိုးကွာဟ ချက်ကိုနည်းပါးစေဖို့အတွက် SUPSI၊ IDSIA နဲ့ Politecnico di Milano တက္ကသိုလ်တို့မှ သိပ္ပံပညာ ရှင်များက နည်းလမ်းတစ်ခုနဲ့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ကြိုးစားမှုရလဒ်ကတော့ Robot Drummer ဆိုတဲ့ စက်ရုပ်ဒရမ်တီးသမားထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။

Robot Drummer ဆိုတာ လူတူစက်ရုပ်တစ်မျိုး ပါ။ သူ့ရဲ့စွမ်းဆောင်ရည်တွေက စည်းချက်ကိုသာ လိုက်နိုင်ရုံသာမက ရှုပ်ထွေးလှတဲ့သံစဉ်တွေကိုပါ အချိန်ကိုက်လိုက်ပါ တီးခတ်နိုင်စွမ်းရှိပါတယ်။ ဒီလို စွမ်းဆောင်ရည်ဟာ တကယ့်ကိုကျွမ်းကျင်သူတစ်ဦးက ဒရမ်တီးခတ်နေသလိုမျိုး ဖြစ်တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒါ့အပြင် အခုလိုမျိုးဒရမ်တီးခတ်နိုင်တဲ့ စက်ရုပ်ကို တီထွင်နိုင်ခြင်းဟာ နောင် တစ်ချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေမှုတွေ လုပ်ဆောင်နိုင်တဲ့ စက်ရုပ်အနုပညာရှင်များကို ထွက်ပေါ်လာစေနိုင်မယ်လို့လည်း ပညာရှင်များက ပြောထားပါတယ်။

သိပ္ပံပညာရှင်များအနေနဲ့ အခုလိုမျိုးစက်ရုပ်ဒရမ် သမားကိုဖန်တီးဖို့အတွက်စိတ်ကူးရလာတာက လုပ် ဖော်ကိုင်ဖက်နဲ့ကော်ဖီသောက်ရင်းကနေ ရလာတာ ဖြစ်တယ်လို့ ဦးဆောင်သုတေသနပညာရှင် အာဆတ် အလီရှာဟစ်ကပြောပါတယ်။ သူ့အတွေးက တချို့ စက်ရုပ်တွေဆိုရင် တူရိယာတချို့ကို တီးခတ်နိုင်တာ ရှိပေမယ့် ဒရမ်တီးခတ်နိုင်တဲ့စက်ရုပ်မျိုးကိုတော့ မတွေ့ဖူးသေးဘူးပေါ့။ လူသား တစ်ယောက်အတွက်တောင်မှ ဒရမ်တီးတယ်ဆိုတာ စည်းချက်လည်းကျရမယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု ကလည်း ဟန်ချက်ညီ ရမယ်။ လျင်မြန်စွာပူးပေါင်းဆောင်ရွက်မှုလည်းရှိ ရမယ်ဆိုတော့ ဒါကတော်တော်လေး ခက်ခဲတဲ့အရာ တစ်ခုဖြစ်တယ်ပေါ့။ ဒါကြောင့် ဒရမ်တီးနိုင်တဲ့စက် ရုပ်ကိုဖန်တီးကြည့်ကြမလားဆိုပြီး စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အခုတော့ သူတို့ရဲ့စိတ်ကူးက လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်လာပါပြီ။  အဲဒီစိတ်ကူးနဲ့အတူ ဖန်တီးလိုက်မှုကနေထွက်ပေါ်လာတဲ့ စက်ရုပ်ဒရမ် သမားက စည်းချက်ညီမှုတွေ၊ ဟန်ချက်ညီလှုပ်ရှား မှုတွေမှာ ပေးထားချက်အတိုင်း ၉၀ ရာခိုင်နှုန်းအထိ တူညီအောင်လုပ်ဆောင်နိုင်တာတွေ့ရတယ်လို့ဆို

ပါတယ်။                                   

ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံး စက်ရုပ်တပ်ဆင်မှု ကျဆင်းသော်လည်း တရုတ်နိုင်ငံ၌ တပ်ဆင်အသုံးပြုမှုမြင့်တက်

ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံးစက်ရုပ်တပ်ဆင်မှု ကျဆင်းခဲ့ သော်လည်း တရုတ်နိုင်ငံတွင်မူ အလားတူ စက်ရုပ်တပ်ဆင် အသုံးပြုမှု မြင့်တက်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းသုံးစက်ရုပ် တပ်ဆင်မှုသည် အခု ရေ ၅၂၀၀၀၀ ဝန်းကျင်အထိကျဆင်းခြင်း ဖြစ်ကြောင်း နိုင်ငံတကာစက်ရုပ်ဆိုင်ရာ အဖွဲ့ချုပ်၏    ပဏာမအစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်းသုံးစက်ရုပ် အများဆုံးအသုံးပြုသည့် ဂျပန်နိုင်ငံက အခုရေ ၄၃၀၀၀ ဖြင့် ၇ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အခုရေ ၃၄၀၀၀ ဖြင့် ၉ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အခုရေ ၈၆၀၀၀ ဖြင့် ၆ ရာခိုင်နှုန်းစီ  တပ်ဆင်မှုကျဆင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံတွင်မူ လုပ်ငန်း သုံးစက်ရုပ်အခုရေ ၂၉၀၀၀၀ ဝန်းကျင်ကို တပ်ဆင်အသုံးပြုလာကြောင်း၊ ယင်းပမာဏသည်   တစ်ကမ္ဘာလုံး လုပ်ငန်းသုံးစက်ရုပ်တပ်ဆင်အသုံးပြုမှု စုစုပေါင်း၏      ၅၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ယခုနှစ်၏ ပထမခြောက်လတာ ကာလအတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်မှု ပမာဏသည်   ၃၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အရေအတွက်အားဖြင့် အခုရေ ၃၇၀၀၀၀ နီးပါးရှိကြောင်း အမျိုးသားစာရင်းအင်းရုံး ကထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းများ၌သာမက အခြားနယ်ပယ်များတွင်ပါ စက်ရုပ်များ အသုံးပြုမှုကို တိုးမြှင့်လာခြင်းဖြစ်သည်။ 

3D ပရင်တာနဲ့ထုတ်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဒုံးအင်ဂျင်

ဒုံးပျံတွေအတွက် အရေးအကြီးဆုံးအရာ တစ်ခုကိုပြပါဆိုရင် အင်ဂျင်စနစ်ဖြစ်ပါတယ်။ သူတို့ရဲ့အင်ဂျင်စနစ်က သာမန်ထက်ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ တည်ဆောက်ဖို့လည်း ခက်ခဲပါတယ်။ ငွေကြေးကုန်ကျမှုကလည်း တော်တော် လေးများပြားပါတယ်။ ဒါကြောင့် ဒုံးပျံတစ်စင်းကို လွှတ်တင်မှုအတွက် ဒေါ်လာသန်းနဲ့ချီအသုံးပြုနေကြရတာပါ။ ဒီအချိန်မှာ ကုန်ကျစရိတ်သက်သာစေ ဖို့အတွက် ဘယ်လိုနည်းလမ်းကိုအသုံးပြုနိုင်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုဖြေပေးလိုက်သူက အိန္ဒိယ နိုင်ငံမှ အာကာသနည်းပညာဆိုင်ရာတက်သစ်စ ကုမ္ပဏီတစ်ခုဖြစ်တဲ့ AgniKul Cosmos ကုမ္ပဏီပဲ ဖြစ်ပါတယ်။

AgniKul Cosmos ကုမ္ပဏီက ဒုံးအင်ဂျင်တစ် မျိုးကိုထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီဒုံးအင်ဂျင် က သမားရိုးကျနည်းနဲ့ထုတ်လုပ်ထားတာမဟုတ် ပါဘူး။ 3D ပရင်တာနဲ့ထုတ်လုပ်ထားတာပါ။ ဒီလို ထုတ်လုပ်ရာမှာလည်း အစိတ်အပိုင်းတစ်ခုချင်းစီ ကိုပရင်တာနဲ့ထုတ်လုပ်ပြီး ပြန်လည်တပ်ဆင်ထား တာမျိုးမဟုတ်ပါဘူး။ အင်ဂျင်ကြီးတစ်ခုလုံးကိုတစ် ဆက်တည်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့မှာ ဝရိန်တို့ထားတာတွေ၊ မူလီတွေ၊ နတ်တွေနဲ့တွဲထား တာတွေတစ်ခုမှမပါဝင်ပါဘူး။ အခုလိုမျိုး ရှုပ်ထွေးပြီး တစ်ဆက်တည်းဖြစ်တဲ့ အင်ဂျင်မျိုးကို ကမ္ဘာ့ပထမဆုံးနဲ့ ကမ္ဘာ့အကြီးဆုံး ဒုံးအင်ဂျင်အဖြစ် 3D ပရင်တာနဲ့ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့ပိုင်းမှာပြောခဲ့သလိုမျိုးပဲ ဒုံးအင်ဂျင်တစ်လုံး ကိုတည်ဆောက်ရတာဟာ အစိတ်အပိုင်းသေးသေး လေးတစ်ခုကစလို့ အမှားမခံပါဘူး။ နည်းနည်းလေး မှားတာနဲ့ စမ်းသပ်လွှတ်တင်ချိန်မှာ ဒုံးပျံကြီးတစ်ခုလုံးကို   မီးလောင်ပေါက်ကွဲသွားစေနိုင်တဲ့အထိ ဆုံးရှုံးမှုကြီးမားစေပါတယ်။  ဒါကြောင့် အခုလိုမျိုး 3D ပရင်တာနဲ့ ပြီးပြည့်စုံတဲ့ ဒုံးအင်ဂျင်ကို ထုတ်လုပ်နိုင်ခြင်းဟာ တကယ့်ကိုမှတ်တမ်းဝင်ထိုက်တဲ့ သမိုင်းတစ်ခုရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အခုဆိုရင် AgniKul Cosmos ကုမ္ပဏီက သမား ရိုးကျဒုံးအင်ဂျင်များထက် ပိုမိုဈေးသက်သာတဲ့၊ ထုတ် လုပ်မှုမှာလည်း ပိုမိုလျင်မြန်တဲ့၊ ယုံကြည်စိတ်ချရ မှုလည်းပိုမိုမြင့်မားတဲ့ ဒုံးအင်ဂျင်တွေကိုထုတ်လုပ် ပေးခြင်းအားဖြင့် ကမ္ဘာ့ဒုံးပျံဈေးကွက်ထဲကို ဝင်လာတော့မှာပါ။ ဒုံးအင်ဂျင်အမျိုးအစားဘယ်လောက်ပင် များများ၊ ဘယ်လိုရည်ရွယ်ချက်အတွက် ဘယ်လိုမျိုး ဒုံးအင်ဂျင်ကိုပဲသုံးသုံး AgniKul Cosmos ကတော့ တောင်းဆိုလာတဲ့ဒုံးအင်ဂျင်မှန်သမျှကို 3D ပရင်တာ အသုံးပြုပြီး ထုတ်လုပ်ပေးနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။                           

ပစ်မှတ်ကိုအသံတိတ်ဖျက်ဆီးမယ့် ကမ္ဘာ့ပထမဆုံးရေပေါ်လျှပ်ပြေးဒရုန်း

ရေပေါ်လျှပ်ပြေးဒရုန်းဆိုတာကို အရင်တုန်းကကြားဖူးမယ် မထင်ပါဘူး။ တစ်နာရီကို ၁၂၄ မိုင်နှုန်းနဲ့ပျံသန်းပြီး ရန်သူ့ပစ်မှတ်ကို အသံတိတ်ဖျက်ဆီးနိုင်စွမ်းရှိမယ့် ရေပေါ်လျှပ်ပြေးဒရုန်း ဆိုတာကို ပိုလို့တောင်မကြား ဖူးပါဘူး။ အရင်တုန်းကမကြားဖူးခဲ့ပေမယ့် အခုတော့ အဲဒီလိုဒရုန်းမျိုး အမှန်တကယ်ရှိလာပါပြီ။

ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ ရေပေါ်လျှပ်ပြေးဒရုန်းကို ဖန်တီးထုတ်လုပ်လိုက်သူက တူကီယဲနိုင်ငံအခြေစိုက် Solid Aero ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ဖန်တီးထားတဲ့ဒရုန်းကို TALAY လို့အမည်ပေးထားပြီး ၆၆ ပေါင်လေးတဲ့ အာရုံခံကိရိယာတွေ၊ ခဲယမ်းတွေကိုသယ်ဆောင်နိုင်ပါတယ်။ TALAY က ရေပြင်အထက် ၉ ဒသမ ၈ ပေကနေပျံသန်းနိုင်စွမ်းရှိတာကြောင့်  ဆူညံသံထွက်ရှိမှုလည်း မရှိသလောက် နည်းပါးပါတယ်။

ရေဒါဖမ်းယူနိုင်တဲ့ နယ်ပယ်ကနေပါ လွတ်မြောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ကိုယ်ပျောက်ဒရုန်း ဒါမှမဟုတ် အသံတိတ်ဒရုန်းလို့တင်စားနိုင်ပါတယ်။

တစ်နာရီကို ၁၂၄ မိုင်ဆိုတဲ့အမြန်နှုန်းနဲ့ သုံးနာရီအထိပျံသန်းပြီး စစ်ဆင်ရေးတာဝန် ထမ်းဆောင် နိုင်စွမ်းရှိတဲ့ TALAY က ဘက်စုံသုံးဒရုန်းအမျိုးအစား ဖြစ်ပါတယ်။ ကင်းလှည့်တာ၊ ကင်းထောက်တာ၊ တိုက်ခိုက်တာ၊ ကုန်စည်ပို့ဆောင်တာ အစရှိတဲ့လုပ်ငန်းမျိုးစုံမှာ သူ့ကိုအသုံးပြုနိုင်ပါတယ်။ သူက အလို အလျောက်စနစ်နဲ့လည်း စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်သလို ဒရုန်းမောင်းသူရဲ့ ထိန်းချုပ်မှု နဲ့လည်း ကောင်းစွာအလုပ်လုပ်နိုင်ပါတယ်။

TALAY မှာအသုံးပြုထားတဲ့ အင်ဂျင်စနစ်က လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်ဖြစ်ပြီး Li-Po ဘက်ထရီကို တပ်ဆင်ပေးထားတာပါ။ သူနဲ့အဆက်အသွယ်ပြု နိုင်တဲ့အကွာအဝေးကလည်း ၁၂၄ မိုင်အထိရှိပါ တယ်။ တိုက်ခိုက်ရေးအတွက်ဆိုရင် သူ့ကိုဘယ်နေရာတွေမှာအသုံးပြုဖို့ အသင့်လျော်ဆုံးလဲဆိုတော့ ရန်သူ့ကမ်းခြေကို တိုက်ခိုက်မှုတွေ၊ ရန်သူ့စစ်ရေယာဉ်များကို တိုက်ခိုက်မှုတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သူ့မှာခေါက်သိမ်းနိုင်တဲ့  အတောင်ပံတွေပါဝင်ပြီး သူမတူတဲ့တိကျမှုအတွက်ကိုတော့ AI  ကို အသုံးပြုထားတာဖြစ်ပါတယ်။

တောင်ပံအလျား ၃ မီတာနဲ့အရှည်က ၂ ဒသမ ၈ မီတာရှိတဲ့ TALAY ဟာ ပင်လယ်ပြင်စစ်ဆင်ရေးများ အတွက်သာမက ကမ်းရိုးတန်းဒေသစစ်ဆင်ရေးများ အတွက်လည်း အင်မတန်အသုံးဝင်တဲ့ ဒရုန်းဖြစ်တာကြောင့် သူဟာအနာဂတ်ဒရုန်း စစ်ဆင်ရေးကြီးကို အလှည့်အပြောင်း တစ်ခုဖြစ်လာစေမှာ အမှန်ပဲဖြစ်ပါတယ်။         

ဒရုန်းအုပ်များကိုပင် အသက်မဲ့သွားစေမယ့် ၁၀၀ ကီလိုဝပ်စွမ်းအားရှိတဲ့ လေဆာလက်နက်

ဒီကနေ့ခေတ်စစ်မြေပြင်မှာ မပါမဖြစ်သော စစ်လက်နက်ပစ္စည်းတစ်ခုက အားလုံးသိကြတဲ့အတိုင်း ဒရုန်းပါပဲ။ ဒရုန်းဆိုတဲ့အထဲ မှာ ကင်းထောက်ဒရုန်းများမှသည် တိုက်ခိုက်ရေးဒရုန်းများအထိ ပါဝင်ပါတယ်။ တချို့နေရာတွေမှာ ဒရုန်းတွေကို တစ်စင်းချင်း အသုံးပြုတတ်ကြသော်လည်း တိုက်ခိုက်မှုကြီးတစ်ခု လုပ်တော့မယ်ဆိုရင်တော့ ဒရုန်းတွေကိုအုပ်လိုက် အသုံးပြုကြတာပါ။ ဒရုန်းတွေကိုပစ်ချဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ လှိုင်းနှုန်းနှောင့်ယှက်တဲ့ စက်တွေနဲ့ကလည်း ထိရောက်မှု အားနည်းနိုင်ပါတယ်။ အုပ်လိုက်ချီလာတဲ့ဒရုန်းတွေဆိုရင်တော့ အဲဒီစက်တွေက ထိရောက်မှုမရှိတော့ပါဘူး။ ဒါကြောင့် ဒရုန်းတွေကိုဘယ်လို နည်းနဲ့အသက်မဲ့အောင်

ဒီကနေ့ခေတ်စစ်မြေပြင်မှာ မပါမဖြစ်သော စစ်လက်နက်ပစ္စည်းတစ်ခုက အားလုံးသိကြတဲ့အတိုင်း ဒရုန်းပါပဲ။ ဒရုန်းဆိုတဲ့အထဲ မှာ ကင်းထောက်ဒရုန်းများမှသည် တိုက်ခိုက်ရေးဒရုန်းများအထိ ပါဝင်ပါတယ်။ တချို့နေရာတွေမှာ ဒရုန်းတွေကို တစ်စင်းချင်း အသုံးပြုတတ်ကြသော်လည်း တိုက်ခိုက်မှုကြီးတစ်ခု လုပ်တော့မယ်ဆိုရင်တော့ ဒရုန်းတွေကိုအုပ်လိုက် အသုံးပြုကြတာပါ။ ဒရုန်းတွေကိုပစ်ချဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ လှိုင်းနှုန်းနှောင့်ယှက်တဲ့ စက်တွေနဲ့ကလည်း ထိရောက်မှု အားနည်းနိုင်ပါတယ်။ အုပ်လိုက်ချီလာတဲ့ဒရုန်းတွေဆိုရင်တော့ အဲဒီစက်တွေက ထိရောက်မှုမရှိတော့ပါဘူး။ ဒါကြောင့် ဒရုန်းတွေကိုဘယ်လို နည်းနဲ့အသက်မဲ့အောင် လုပ်ကြမလဲဆိုတဲ့ မေးခွန်းက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီများအတွက် ခေါင်းစဉ်အသစ် တစ်ခုဖြစ်လာတာပါ။

ဒီအချိန်မှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီများက ဒရုန်းဖျက်လက်နက် အမျိုးမျိုးကိုဖန်တီးခဲ့ကြပါတယ်။ အဲဒီလက်နက်တွေထဲမှာ လက်ရှိ အချိန်အထိ အထိရောက်ဆုံး လက်နက်တစ်မျိုးကတော့ လေဆာလက်နက်ပါပဲ။ လေဆာလက်နက် ဆိုတာ ဒရုန်းတွေကို ပျက်စီးသွားစေနိုင်တဲ့ စွမ်းအားမြင့်လက်နက်တစ်ခုဖြစ်ပါတယ်။ သူ့မှာလည်းနည်းပညာဆိုတာရှိပါတယ်။ နည်းပညာမြင့်မားမှုအပေါ် မူတည်ပြီး ဒရုန်းတွေကိုချေမှုန်းနိုင်စွမ်းကလည်း ကွာခြားသွားမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိစစ် လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများအနက် Electro Optic Systems (EOS) ကုမ္ပဏီကတော့ ဒရုန်းဖျက်လေဆာ လက်နက်နည်းပညာမှာ ခုန်ပျံ ကျော်လွှားသွားနိုင်တာကို တွေ့ရပါတယ်။

EOS ကုမ္ပဏီက ဩစတြေးလျနိုင်ငံမှဖြစ်ပါတယ်။ သူတို့အနေနဲ့ ယူရို ၇၁ ဒသမ ၄ သန်းတန်ဖိုးရှိတဲ့ ဒရုန်းဖျက်လေဆာ လက်နက်ကို ထုတ်လုပ်ပေးရေး အတွက် သဘောတူညီချက်တစ်ခု ရရှိထားပါတယ်။ အဲဒီသဘောတူညီချက်အရ သူတို့က NATO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအတွင်း စွမ်းအား ၁၀၀ ကီလိုဝပ်ရှိတဲ့ ဒရုန်းဖျက်လေဆာ လက်နက်စနစ်ကို  ထုတ်လုပ်ပေးရမှာပါ။

EOS ရဲ့   ဒရုန်းဖျက်လေဆာလက်နက်စနစ် စွမ်းဆောင်ရည်များနဲ့ ပတ်သက်လို့ပြောရရင် သူက တစ်မိနစ်မှာ ဒရုန်းအစင်းရေ ၂၀ အထိကိုပစ်ချနိုင်စွမ်း ရှိပါတယ်။ ပစ်ချရာမှာလည်း လေဆာအလင်းတန်းကိုအလင်းရဲ့အလျင်နှုန်းနဲ့   ပစ်လွှတ်မှာပါ။  သူ့ကို ထရပ်ကားပေါ် တင်ဆောင်အသုံးပြုနိုင်တဲ့အတွက်  တကယ့်ကို  ရွေ့လျားဒရုန်း ကာကွယ်ရေးစနစ်ဖြစ် ပါတယ်။ ဒါ့အပြင် အလွှာပေါင်းစုံ လေကြောင်းရန် ကာကွယ်ရေးစနစ်များနဲ့လည်း ပေါင်းစပ်နိုင်ပါသေး တယ်။ သူ့မှာ အဆင့်မြင့်အယ်လဂိုရီသမ်၊ ရေဒါ၊ ရန်သူ့ခြိမ်းခြောက်မှု ထောက်လှမ်းခြင်း၊  ပစ်မှတ်ရှာဖွေ ခြင်းနဲ့ အတိကျဆုံးသော ထိမှန်မှုကိုရရှိနိုင်စေရေး အတွက် အလင်းတန်းကိုပုံသေ သတ်မှတ်ခြင်းစနစ်တို့ ပေါင်းစပ်ပါဝင်ထားတာဖြစ်ပါတယ်။

ခေတ်သစ်စစ်မြေပြင်များမှာ တစ်စထက်တစ်စ တိုးတက်များပြားလှတဲ့  ခြိမ်းခြောက်မှုများကို သမားရိုးကျကာကွယ်ရေး နည်းလမ်းများနဲ့ တန်ပြန်ခြင်းက ကုန်ကျစရိတ်လည်း များစေနိုင်သလို တုံ့ပြန်ချိန်ကိုလည်း ကြာမြင့်စေပါတယ်။ ဒီနေရာမှာ လေဆာ လက်နက်ကို အသုံးပြုခြင်းက တစ်ချက်ပစ်ရင် ကုန်ကျစရိတ်အနေနဲ့ ၁၀ ဆင့်မျှသာ ကုန်ကျစေမှာဖြစ်တယ်လို့ဆိုပါတယ်။

NATO အတွက် စောင့်ကြည့်ရေးဒရုန်းအသစ် X10D မော်ဒယ်ကို ရွေးချယ်

NATO သည် အဖွဲ့ဝင်နိုင်ငံများ၏ စစ်မြေပြင်စောင့်ကြည့်ရေး စွမ်းရည် မြှင့်တင်ရန် Skydio X10D ဒရုန်းကို ရွေးချယ်လိုက်သည်။ အမေရိကန်နှင့် ဘယ်လ်ဂျီယမ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် အဆိုပါဒရုန်းသည် ၂.၂ ကီလိုဂရမ်သာ အလေးချိန်ရှိပြီး AI နည်းပညာ၊ GPS မလိုအပ်သော လမ်းကြောင်းရှာဖွေနိုင်မှု နှင့် အီလက်ထရွန်းနစ် အနှောင့်အယှက်ဒဏ် ခံနိုင်မှုတို့ဖြင့် ခေတ်မီစစ်ဆင်ရေးများအတွက် ဒီဇိုင်းထုတ်ထားသည်။

ထိုအစီအစဉ်သည် NATO အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအား ခေတ်မီစစ်ဆင်ရေးများနှင့် လုံခြုံရေးတာဝန်များအတွက် ထိပ်တန်း ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ရှာဖွေရေး (ISR) စနစ်များ ကို အမြန်ရရှိစေရန် ရည်ရွယ်ပါသည်။

X10D ဒရုန်းသည် ပေါင်းစပ်ကာဗွန်ဖိုင်ဘာကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ၂.၂ ကီလိုဂရမ်အလေးချိန်ရှိသည်။ ၎င်းသည် နာရီ ၇၂ ကီလိုမီတာ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနိုင်ကာ မိနစ် ၃၅ ကြာ လေထဲတွင် ရှိနိုင်ပြီး ကီလိုမီတာ ၁၀ အထိ လှုပ်ရှားနိုင်သည်။ ယာဉ်များ သို့မဟုတ် အမိုးများ ကဲ့သို့သော ကန့်သတ်နေရာများမှ စက္ကန့် ၄၀ အတွင်း အလွယ်တကူ စတင် အသုံးပြုနိုင်သည်။

AI နည်းပညာနှင့် Nvidia Jetson Orin ကွန်ပျူတာစနစ်တို့ဖြင့် ပေါင်းစပ် ထားသော အဆိုပါဒရုန်းသည် Machine vision algorithms ကို အသုံးပြု၍ ပစ်မှတ်များကို အလိုအလျောက်ရှာဖွေခြင်း၊ အမျိုးအစား ခွဲ ခြင်းနှင့် ခြေရာခံခြင်းများကို လူသားဝင်ရောက်စွက်ဖက်မှုမလိုဘဲ ပြုလုပ် နိုင်သည်။

ယူကရိန်းစစ်မြေပြင်တွင် စမ်းသပ်အောင်မြင်ခဲ့ပြီး အထူးတပ်ဖွဲ့များနှင့် ရှေ့တန်းတပ်များအတွက် အထူးသင့်လျော်သည်။ သို့ရာတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြေညာထားသည့် အကွာအဝေး အတိုင်း အပြည့်အဝမရရှိသည့် ကန့်သတ်ချက်များလည်း ရှိနေသည်။

"X10D သည် NATO အား ဟိုက်ဘရစ်စစ်ပွဲအခြေအနေများအတွက် မရှိ မဖြစ် ဗျူဟာမြောက်အကျိုးကျေးဇူးများ ပေးစွမ်းနိုင်မည်" ဟု အမေရိကန် စစ်ဗိုလ်ချုပ်ဟောင်း Mark Schwartz က သုံးသပ်ထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

 ဂြိုဟ်တုများကိုတန်ပြန်ထောက်လှမ်းမယ့် အာကာသလေယာဉ်

ဂြိုဟ်တုတော်တော်များများကို ကမ္ဘာ ပတ်လမ်းအနိမ့်နဲ့ အလွန်နိမ့်တဲ့ ကမ္ဘာပတ်လမ်းထဲမှာ လွှတ်တင် ထားကြတာဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုတွေထဲမှာ ကင်းထောက်ဂြိုဟ်တုတွေ၊ စစ်သုံးထောက်လှမ်း ရေးဂြိုဟ်တုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အဲဒီ ဂြိုဟ်တုတွေကို တန်ပြန်ထောက်လှမ်းမယ့်အရာ တစ်ခုတော့ မကြာခင်မှာထွက်ပေါ်လာဖို့ရှိနေတာ တွေ့ရပါတယ်။

နယူးဇီလန်နိုင်ငံမှ Dawn Aerospace ကုမ္ပဏီက သူတို့ဖန်တီးထားတဲ့ Aurora အာကာသလေယာဉ်ရဲ့ပျံသန်းနိုင်စွမ်းကို မကြာသေးခင်ကစမ်းသပ်မှုလုပ်ဆောင်လိုက်ပါတယ်။ အဲဒီစမ်းသပ်မှုမှာ Aurora က ကမ္ဘာမြေပြင်အထက်ပေပေါင်း ၆၇၀၀၀ အထိကိုအသံထက်မြန်တဲ့နှုန်းနဲ့ပျံတက်ခြင်းနဲ့ ပြန်လည် ဆင်းသက်ခြင်းတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ သူနဲ့အတူ Morning Sparrow ဆိုတဲ့အာရုံခံကိရိယာများလည်း ပါဝင်သွားပါတယ်။ အဲဒီအာရုံခံကိရိယာဆိုတာ အလွန်နိမ့်တဲ့ ကမ္ဘာပတ်လမ်းထဲမှာသွားလာနေတဲ့ ဂြိုဟ်တုတွေကိုခြေရာခံခြင်းနဲ့ ထောက်လှမ်းဓာတ်ပုံရိုက်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ဒီလောက်အမြင့်ဆိုတာက ဒုံးပျံနဲ့လွှတ်တင်မှသာ ဒါမှမဟုတ် အာကာသလွန်း ပျံယာဉ်နဲ့သွားမှသာ ရောက်တဲ့နေရာမျိုးသာဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီလိုသွားခြင်းက ကုန်ကျစရိတ် အလွန်များသလို တန်ပြန်ထောက်လှမ်းရေးလုပ်ငန်း တွေလုပ်ဖို့အတွက်လည်း   ကန့်သတ်ချက်တွေရှိ ပါတယ်။   ဒါကြောင့်လည်း  အာကာသလေယာဉ်ပျံ ဆိုတာပေါ်ပေါက်ဖို့ လိုအပ်လာတာပါ။

တောင်ပံအလျား ၁၅ ဒသမ ၇ ပေသာရှိတဲ့ Aurora ကို ပုံမှန်အတိုင်း လေယာဉ်ပြေးလမ်းကနေ လွှတ်တင်နိုင်ပါတယ်။ သူ့ကို ဒုံးအင်ဂျင်တပ်ဆင် ပေးထားတာဖြစ်ပြီး အဲဒီအင်ဂျင်ကြောင့်ပဲ ကမ္ဘာ့လေထု အလွှာရဲ့ အစွန်ကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် သူကလေယာဉ် တစ်စင်းသာဖြစ်တဲ့အတွက် နာရီပိုင်းအတွင်းမှာပဲဆီဖြည့်ပြီး အာကာသထဲ တစ်ခေါက်ပြန် သွားနိုင်ပါတယ်။ ဒါဟာ အနာဂတ်မှာ  လုပ်ဆောင်လာနိုင်တဲ့  ကုန်ကျစရိတ်အနည်းဆုံး သောဂြိုဟ်တုများကို တန်ပြန်ကင်းထောက်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်လာနိုင်တယ်လို့   ယုံကြည်ရပါတယ်။                             

တခြားဂြိုဟ်မှာနေထိုင်ဖို့ခေါ်သွားပေးမယ့် ၃၆ မိုင်အရှည်ရှိ အာကာသယာဉ်

လူကိုထက်တော်တော်များများက အာကာသဆိုတာ ကြီးကို လက်တွေ့မျက်မြင်တွေ့ရှိထား ဖူးခြင်းမရှိကြပါဘူး။ ဇာတ်ကားတွေထဲ မှာပါတဲ့ဇာတ်ဝင်ခန်းလောက်ကိုသာ ကြည့်ဖူးကြတာပါ။ အခုနောက်ပိုင်းမှာတော့ အာကာသခရီးသွား လုပ်ငန်းက တော်တော်လေးကိုတွင် ကျယ်လာနေတဲ့အနေအထားရှိပါတယ်။ မကြာသေးခင်ကပဲ ကမ္ဘာ့သူဌေးကြီးတွေက   အာကာသထဲကိုကိုယ်တိုင်ကိုယ်ကျသွားခဲ့ကြပြီးပါပြီ။

အဲဒီနောက်မှာတော့ ငွေကြေးတတ်နိုင်သူတွေက အာကာသခရီးတွေကို မကြာခဏဆိုသလို သွားကြတာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့သွားခဲ့တဲ့ခရီးတွေက ကမ္ဘာပတ်လမ်း အနိမ့်ထဲလောက်ကိုသာ သွားခဲ့ကြတာပါ။ တစ်နည်းပြောရရင် ကမ္ဘာ့ဆွဲအားကနေလွတ်သွားတဲ့ အထိလောက်သာ သွားကြတာဖြစ်ပါတယ်။ တကယ့်ကို နက်ရှိုင်းတဲ့အာကာသထဲကိုတော့ မသွားဖူးကြသေးပါဘူး။ လက်ရှိအာကာသထဲကို ခေါက်တုံ့ခေါက်ပြန်သွားနေကြတဲ့ အာကာသယာဉ်မှူးများ တောင်မှ လပေါ်ထိပဲရောက်ဖူးကြတာပါ။ ဒါဆိုရင် နက်ရှိုင်းတဲ့ အာကာသထဲ ခရီးသွားပြီး တခြားသောဂြိုဟ်တစ်ခုမှာ အခြေချကြမယ်ဆိုရင် တော့ ဒါဟာသိပ်ကို စိတ်ကူးယဉ်ဆန်လွန်းသွားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလိုစိတ်ကူးယဉ်မှုတွေကနေပဲ လက်တွေ့အောင်မြင်မှုတွေရလာတာဖြစ်တဲ့အတွက် အခုဒီစိတ်ကူးကနေ လက်တွေ့အကောင်အထည် ဖော်မယ့်စီမံကိန်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒီ စီမံကိန်းကိုတော့ Chrysalis Project လို့အမည်ပေး ထားပါတယ်။ ဒီစီမံကိန်းက အင်မတန်မှကြီးမားတဲ့ အာကာသယာဉ်ကြီးတစ်ခုကို တည်ဆောက်ပေးရ မှာပါ။ အဲဒီယာဉ်ကြီးက လူဦးရေ ၂၄၀၀ အထိကို တင်ဆောင်ပြီး မိမိတို့နဲ့အနီးဆုံးသော Alpha Centauri ဆိုတဲ့ကြယ်စင်စုထဲကိုသွားရမှာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်က Proxima Centauri  b ဆိုတဲ့ဂြိုဟ်ပေါ်မှာ လူသားတွေအခြေချနေထိုင်ဖို့ အတွက် ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာသွားရမယ့်အကွာအဝေးက နှစ်ပေါင်း ၄၀၀ လောက်ကြာမှာဖြစ်တဲ့အတွက် လိုက်ပါလာတဲ့ ခရီးသည်များဟာ  ယာဉ်ပေါ်မှာပဲအချိန်ကုန်ဆုံး ရမှာဖြစ်ပြီး သူတို့ရဲ့နောက်မျိုးဆက်တွေကျမှသာ တခြားဂြိုဟ်ပေါ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သူ့ကိုမျိုးဆက်အဆက်ဆက်အာကာသယာဉ်လို့ ခေါ်တွင်နိုင်ပါတယ်။ ဒီယာဉ်ရဲ့ဒီဇိုင်းပိုင်းက Project Hyperion Design Competition ဆိုတဲ့ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ProjectHyperion ဆိုတာ တခြားဂြိုဟ်တွေဆီသွားရောက် အခြေချနိုင်ဖို့အတွက် ဘယ်လို အာကာသယာဉ်က အဆင်အပြေဆုံးဖြစ်မလဲ ဆိုတာကို ရွေးချယ်တဲ့အဖွဲ့အစည်းတစ်ခုပါ။

အခုပြိုင်ပွဲမှာ ပထမရသွားတဲ့ Chrysalis Project ရဲ့ အာကာသယာဉ်က ပုံသဏ္ဌာန်အားဖြင့် စီးကရက်ပုံစံမျိုးရှိပါတယ်။ အရှည်က ၃၆ မိုင်ပါ။ အတွင်းပိုင်း မှာလိုက်ပါသူတွေ ရှင်သန်နေထိုင်နိုင်စေဖို့အတွက် ဆွဲအားရရှိစေဖို့ အပြင်ဘက်ပိုင်းကအဆက်မပြတ် လည်ပတ်နေမှာပါ။ အဲဒီယာဉ်ကိုတည်ဆောက်ဖို့က နှစ်ပေါင်း ၂၀ ကနေ ၂၅ နှစ်ကြား ကြာမြင့်မှာဖြစ်ပါတယ်။ သူ့အတွင်းပိုင်းမှာ စိုက်ပျိုးရေးလုပ်နိုင်တဲ့နေရာတွေ၊ ဥယျာဉ်တွေ၊ နေအိမ်တွေ၊ ဂိုဒေါင်တွေအပြင်တခြားအဆောက်အအုံတွေပါဝင်ပြီး ဒါတွေ အားလုံးကိုတော့ နျူကလီးယားဓာတ်ပေါင်းဖိုတွေက စွမ်းအားပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာကာသယာဉ်ရဲ့ဒီဇိုင်းပိုင်းနဲ့   တည်ဆောက်မှုပုံစံများက စိတ်ကူးတဲ့အဆင့်မှာသာရှိနေသေးပေမယ့် တခြားဂြိုဟ်ဆိုတာကြီးကို စိတ်ကူးယဉ်နေကြသူများအတွက်တော့ ဒါကမျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်နေတာဖြစ်တဲ့အတွက် လက်တွေ့မဖြစ်လာနိုင်ဘူးလို့တထစ်ချမပြောနိုင်ပါဘူး။                  