လျှပ်စစ်ကားဈေးကွက်ထဲမှာ အခုဆိုရင်ပြိုင်ဆိုင်မှုက သိပ်ကိုပြင်းထန်လာတာ တွေ့နေရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံထဲမှာ ဆိုရင် နည်းပညာတိုးတက်မှုနဲ့အတူ ဝယ် ယူသူတွေကိုဆွဲဆောင်နိုင်ဖို့က အလွန် အရေးပါလာပါတယ်။ ဒီအချက်ကိုကောင်း ကောင်းကြီးသိတဲ့ XPeng ကုမ္ပဏီက P7 အမျိုးအစား ဇိမ်ခံကားအသစ်ကိုထုတ် လုပ်လိုက်ခြင်းအားဖြင့် ဈေးကွက်ဝေစု ကိုမျှဝေယူလိုက်နိုင်တာတွေ့ရပါတယ်။

XPeng က သူတို့ရဲ့မော်ဒယ်အသစ် P7 ကို ဩဂုတ်လ ၆ ရက်မှာတရားဝင်ထုတ် ဖော်ပြသမိတ်ဆက်လိုက်တာပါ။ ဒီလိုမျိုး မိတ်ဆက်ပြီးတစ်ရက်အကြာ ဩဂုတ်လ ၇ ရက်မှာတော့ P7 ကိုဝယ်ယူမှုအတွက် ကြိုတင်အမှာစာစောင်ရေ ၁၀၀၀၀ အထိ လက်ခံရရှိလိုက်ပါတယ်။ အမှာစာအတွက် ပေးရတဲ့စရန်ငွေကလည်း ပြောရလောက် အောင်မများပါဘူး။ သို့ပေမယ့် P7 ကို လူကြိုက်များရတဲ့ အဓိက အကြောင်းရင်းက သူ့မှာပါဝင်တဲ့အဆင့်မြင့်နည်းပညာ၊ အမြန်အားသွင်းစနစ်၊ မြင်သူတိုင်းစွဲမက် လောက်စေတဲ့ဒီဇိုင်းတို့က အသုံးပြုသူ များရဲ့လိုလားချက်နဲ့ ကိုက်ညီသွားတာ ကြောင့်ဖြစ်ပါတယ်။
အရင်ဆုံးဒီဇိုင်းပိုင်းကိုပြောရရင် ရှေ့ဘက်မီးတန်းက အင်္ဂလိပ်အက္ခရာ H ပုံစံ နဲ့မနားတမ်းပြေးနေတဲ့ LED မီးတန်းကို ထည့်ပေးထားပါတယ်။ နောက်မီးတန်း ကိုလည်း အလားတူတပ်ထားပါတယ်။ ကားရဲ့အရှည်ကလည်း တော်တော်လေး ကိုရှည်လာတာ တွေ့ရပါတယ်။ အလျား က ၅၀၁၇ မီလီမီတာ၊ အနံက ၁၉၇၀ မီလီ မီတာ၊ အမြင့်က ၁၄၂၇ မီလီမီတာနဲ့ ကား ဘီးအကွာအဝေးက ၃၀၀၈ မီလီမီတာရှိ ပါတယ်။ ကားရဲ့ပုံစံကတော့ကြော့ရှင်း တဲ့ပုံစံရှိပါတယ်။
အတွင်းပိုင်းမှာတော့ နည်းပညာအစု အဝေးလို့ခေါ်ရလောက်အောင်ကို နည်း ပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။ သူ့ရဲ့အဓိကဆွဲဆောင် မှုက ၁၅ ဒသမ ၆ လက်ရှိတဲ့ ထိန်းချုပ် စခရင်ဖြစ်ပါတယ်။ တခြားကားတွေက အဲဒီစခရင်ကို အသေတပ်ထားပေမယ့် P7 မှာတော့ သူ့ကိုရွှေ့လို့ရပါတယ်။ အထက် အောက်ဘေးဘယ်ညာ ၂၅ ဒီဂရီစောင်းလို့ ရပါတယ်။ အသံနဲ့သာမက လက်ဟန်နဲ့ လည်းထိန်းချုပ်နိုင်ပါတယ်။
သူ့မှာ ၈၇ လက်မရှိတဲ့ AR-HUD လည်း ပါဝင်ပါတယ်။ သူက ရှေ့လေကာမှန်မှာ အချက်အလက်တွေကို မြင်ရတဲ့စနစ်ပါ။ ဒါ့အပြင် အတွင်းကနေတံခါးဖွင့်တဲ့စနစ် က အရင်လိုမျိုး လက်ကိုင်နဲ့ဖွင့်ရတာမျိုး မဟုတ်ဘဲ ခလုတ်လေးကို ထိလိုက်ရုံနဲ့ ပွင့်သွားတာမျိုးဖြစ်ပါတယ်။ နောက်မှာ ထိုင်တဲ့သူတွေအတွက် အလယ်မှာဖန်သားပြင် တစ်ခုပါဝင်ပါသေးတယ်။ ပစ္စည်းထည့်ဖို့အတွင်းခန်း အကျယ်က ၆၃၁ လီတာအထိရှိတာကြောင့် တော်တော်လေးကျယ်တဲ့ နေရာဖြစ်ပါတယ်။ ထိုင်ခုံတွေကို ခေါက်လိုက်ရင်တော့ ၁၉၂၉ လီတာအထိရရှိမှာပါ။
ဘက်ထရီပိုင်းမှာဆိုရင်တော့ နှစ်မျိုး ခွဲထားပါတယ်။ ၇၄ ဒသမ ၉ ကီလိုဝပ်နာရီရှိတဲ့ LEP ဘက်ထရီနဲ့၉၂ ဒသမ ၂ ကီလိုဝပ်နာရီရှိတဲ့ လီသီယံဘက်ထရီဆို ပြီးတော့ရွေးချယ်နိုင်ပါတယ်။ နောက်ဘီး ယက်စနစ်ဆိုရင် ၂၇၀ ကီလိုဝပ်ရှိတဲ့ဘက်ထရီနဲ့ ဘီးအားလုံးယက် စနစ်မှာတော့၄၃၇ ကီလိုဝပ်ရှိတဲ့ ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ ဘက်ထရီအပေါ်မူတည်ပြီး သွားလာနိုင် တဲ့ခရီးအကွာအဝေးက ၇၀၂ ကီလိုမီတာ မှသည် ၈၂၀ ကီလိုမီတာအထိရှိပါတယ်။ အားသွင်းတဲ့နေရာမှာလည်း ၁၀ မိနစ် အားသွင်းရုံနဲ့ ၅၁၂ ကီလိုမီတာအထိသွား နိုင်စေမှာဖြစ်ပါတယ်။
MWD

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက Lucid Air Grand Touring က ကမ္ဘာပေါ်မှာတစ်ကြိမ်အား သွင်းရုံနဲ့ ခရီးအဝေးဆုံး သွားနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံးကား(EV)အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတာရှိပါတယ်။ အဲဒီအချိန်တုန်းက သူသွား ခဲ့တဲ့ခရီး အကွာအဝေးဟာ ၁၂၀၅ ကီလိုမီတာရှိပြီး တစ်ကြိမ်အားသွင်းရုံနဲ့ ဆွစ်ဇာလန်ကနေ ဂျာမနီ ကိုရောက်ခဲ့တာပါ။

ဩဂုတ်လမှာတော့ Lucid Air Grand Touring မှာတပ်ဆင်ထားတဲ့ ဘက်ထရီနဲ့ပတ်သက်ပြီး ထုတ် ပြန်ကြေညာမှုတစ်ခုထွက်လာပါတယ်။ ဘာကြောင့် လဲဆိုရင် အခုလိုမျိုးတစ်ကြိမ် အားသွင်းရုံနဲ့ အဝေးဆုံးခရီးကို သွားနိုင်တယ်ဆိုတာ ကောင်းမွန်လှတဲ့ ဘက်ထရီ စွမ်းရည်ကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့်ပဲ အဲဒီဘက်ထရီကိုထုတ်လုပ် သူက သူတို့အနေနဲ့ Lucid Air Grand Touring အတွက် ဘက်ထရီကို ထုတ်လုပ်ခဲ့တာဖြစ်တယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီဘက်ထရီကို ထုတ်လုပ်ထားသူကတော့ ဆမ်ဆောင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။
အဲဒီ Lucid Air Grand Touring ထဲမှာ ဘက်ထရီ အလုံးပေါင်း ၂၁၇၀၀ ပါတဲ့ဘက်ထရီကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့အဆင့်မြင့်နည်းပညာ၊ ထုပ်ပိုးမှုပုံစံနဲ့ အလွန်လျင်မြန်လှတဲ့ အားသွင်းမှုစနစ် တွေကြောင့် ၁၆ မိနစ် အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ အထိသွားနိုင်မယ်လို့ ဆမ်ဆောင်းက ထုတ်ပြန်ထား ပါတယ်။ ဆမ်ဆောင်းနဲ့ Lucid ကုမ္ပဏီတို့ရဲ့ ပူးပေါင်းမှုကနေတစ်ဆင့် အခုလိုမျိုးစွမ်းဆောင်ရည်မြင့်မား လှတဲ့ ဘက်ထရီထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ အနာဂတ်အတွက် တော်တော်လေးကို အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းမှုဖြစ်လာပါတယ်။

Tesla ရဲ့ Cybertruck ဆိုတာ အကြမ်းခံမှု အပိုင်းမှာ စံချိန်တင်လောက်တယ်လို့ဆို နိုင်တဲ့ အကြမ်းသုံး ကုန်ကားတစ်စီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အီလွန်မက်က သူ့ရဲ့ကားကို စစ်ဘက်မှာအသုံးပြုဖို့အတွက် အလွန်အမင်းစိတ် အားထက်သန်ခဲ့တာပါ။ အခုတော့ အီလွန်မက်ရဲ့ ဆုတောင်းပြည့်ပါပြီ။ အကြောင်းရင်းကတော့ အမေ ရိကန်တပ်မတော်က Cybertruck နှစ်စီးကို ဝယ်ယူလိုက်လို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ Cybertruck ကို အသုံးချမယ့်နေရာက စစ်မြေပြင်လိုနေရာမျိုးမှာ စစ်သည်တွေကို သယ်ယူပို့ဆောင်ဖို့အတွက် မဟုတ်ပါဘူး။ အဲဒီအစား Cyb-ertruck ကိုဖောက်ခွဲဖို့အတွက် ဝယ်ယူထားတာဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့လဲဆိုတော့ ဒုံးကျည်နဲ့ ပစ်ပြီးဖောက်ခွဲမှာပါ။
ဒီလိုမျိုးပြောရတာဟာ နည်းနည်းလေးတော့ထူး ဆန်းကောင်းထူးဆန်းနိုင်ပေမယ့် မကြာသေးခင်က ထွက်ပေါ်လာတဲ့ အမေရိကန်လေတပ်စမ်းသပ်ရေး စင်တာရဲ့ ပစ္စည်းဝယ်ယူမှု စာရွက်စာတမ်းများအရ သူတို့က Tesla ရဲ့ Cybertruck နှစ်စီးကိုဝယ်ယူနေ တယ်လို့ဖော်ပြထားပါတယ်။ အဲဒီကားတွေကို အဆင့် မြင့်စစ်လက်နက်ပစ္စည်းများ စမ်းသပ်ရာနေရာတစ် ခုဖြစ်တဲ့ သဲဖြူဒုံးကျည် စမ်းသပ်ကွင်းမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း ဆိုထားပြန်ပါတယ်။
တကယ်တော့ Cybertruck နှစ်စီးဟာ အခြား သောဇိမ်ခံကားများ၊ လမ်းကြမ်းသုံးကားများနဲ့အတူ ကားအစီးပေါင်း ၃၃ စီးဝယ်ယူမှုထဲမှာ တစ်စိတ်တစ် ပိုင်းအနေနဲ့ပါဝင်တာဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ ရန်သူတွေအနေနဲ့ Cybertruck ကိုအသုံးပြု လာရင် သူတို့ကိုချေမှုန်းနိုင်မယ့်နည်းလမ်းကို ရှာဖွေ သွားဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ် စွမ်းအင်သုံး ဝေဟင်တက္ကစီများထွက်ပေါ် လာမည်ဖြစ်ကြောင်း Airline ANA ကုမ္ပဏီ က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ထား သည်။ Airline ANA သည် အမေရိကန်မှ Joby Aviation နှင့်ပူးပေါင်း၍ လူငါးဦးလိုက်ပါနိုင်သော ဝေဟင်တက္ကစီအစီးရေ ၁၀၀ ကျော်ကို ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် အကျိုးတူကုမ္ပဏီထူထောင်ထားသည်။

ယင်းဝေဟင်တက္ကစီကို လေယာဉ်မှူး တစ်ဦးကမောင်းနှင်ကာ ခရီးသည်လေးဦး ကိုတင်ဆောင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၂၀ နှုန်းဖြင့်ပျံသန်းနိုင်စေမည်ဖြစ်သည်။ အဆိုပါဝေဟင်တက္ကစီကို နရီတာ နှင့် ဟာနဲဒါလေဆိပ်တို့မှ တိုကျိုမြို့သို့ပြေး ဆွဲသွားမည်ဖြစ်သည်။ လက်ရှိ နရီတာမှ တိုကျိုမြို့သို့ ကား သို့မဟုတ် ရထားဖြင့် သွားလျှင် တစ်နာရီကြာမည်ဖြစ်ပြီး ဝေဟင်တက္ကစီဖြင့်ဆိုပါက ၁၅ မိနစ်သာကြာမည်ဖြစ်ကြောင်း သိရသည်။
Ref: ST
MWD Web Portal

ဒိန်ချဉ်ဆိုတာ ကျန်းမာရေးအတွက်များစွာ ကောင်းကျိုးပြုတဲ့ အစားအစာတစ်ခုဖြစ်တာ အားလုံးအသိပါ။ အထူးသဖြင့် သူ့မှာ လူသားတွေအတွက် လိုအပ်တဲ့ အကျိုးပြုဗက်တီး ရီးယားလေးတွေ များစွာပါဝင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတစ်ခုဖြစ်နေတာပါ။ အခုတော့ ကိုလံဘီယာအင်ဂျင်နီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့တီထွင်ဖန်တီးမှု အရ ဒိန်ချဉ်ကို အစားအစာတစ်ခု အနေနဲ့သာမဟုတ်ဘဲ တစ်သျှူးတွေကိုကုသရာမှာလည်း အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာအင်ဂျင်နီယာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒိန်ချဉ်ကနေပြီး ဂျယ်တစ်မျိုးကို ထုတ်လုပ်လိုက်တာပါ။ အဲဒီဂျယ်ကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းနိုင်ပါတယ်။ အထူးသဖြင့် ပညာရှင်များက နို့မှရရှိတဲ့ extracellular vesicles လေးတွေကို ကောင်းစွာအသုံးချထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးချမှုကြောင့် ထွက်ပေါ်လာတဲ့အရာက သက်ရှိ တစ်သျှူးများနဲ့ တစ်ပုံစံတည်းတူညီကာ သဘာဝ အလျောက်ပြန်လည် ဖြစ်ပေါ်ခြင်းကို အားပေးနိုင်စေတဲ့ ဂျယ်တစ်မျိုးကိုရရှိလာတာ ဖြစ်ပါတယ်။
ပညာရှင်များက သူတို့ဖန်တီးထားတဲ့ဂျယ်ကို ကြွက်များမှာစမ်းသပ်ရာ တခြားဓာတုပစ္စည်းတွေ ထပ်ထည့်စရာ မလိုဘဲနဲ့ သွေးကြောလေးတွေဖြစ် တည်မှုနဲ့ တစ်သျှူးကို ပြန်လည်ပြုပြင်မှုတို့ကို ပိုမို အားကောင်းစေတာ တွေ့ရပါတယ်။ ဒါဟာအောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လိုအောင်မြင်မှု
လဲဆိုရင် နောင်တစ်ချိန်မှာ လူ့ခန္ဓာကိုယ်ကို ကုသမှုအတွက် အစားအစာတွေကနေ ထွက်ပေါ်လာတဲ့ ဇီဝနည်းပညာက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တဲ့အောင်မြင်မှု ဖြစ်ပါတယ်။ လက်ရှိမှာတော့အဲဒီဂျယ်နဲ့ ကိုယ်ခံအားတုံ့ပြန်မှုတို့က တစ်သျှူးတွေ ပြန်လည်ဖြစ်ပေါ်မှုကို ဘယ်လိုမျိုး ကူညီပေးနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်များက ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
Ref: SD
ကိုထက်

NASA ဆိုတဲ့ အမေရိကန်အာကာသအေဂျင်စီကြီးက အာကာသနည်းပညာမှာ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ထက် ခြေတစ်လှမ်းသာအောင် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ အဲဒီအစီအစဉ်ကတော့ လပေါ်မှာနျူကလီးယားဓာတ် ပေါင်းဖို တည်ဆောက်သွားမည့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုက လျှပ်စစ် ဓာတ်အားပမာဏ ၁၀၀ ကီလိုဝပ်အထိထုတ်လုပ် ပေးနိုင်မယ်လို့ ဆိုပါတယ်။

NASA က သူတို့အနေနဲ့ နေအိမ် ၃၃ လုံးအထိကို လျှပ်စစ်ဓာတ်အားပေးနိုင်တဲ့ ကီလိုဝပ် ၄၀ ထွက် အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုကို လပေါ်မှာ တည်ဆောက်ဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နျူကလီး ယားဓာတ်ပေါင်းဖိုဆောက်မယ့် အတူတူတော့ လျှပ်စစ်ဓာတ်အားပိုမိုထွက်ရှိတဲ့ဓာတ်ပေါင်းဖိုကိုဆောက် ဖို့အတွက် စဉ်းစားလိုက်ဟန်တူပါတယ်။ ဒါကြောင့်ပဲ ၂၀၃၀ ပြည့်နှစ်ကာလအရောက်မှာ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁၀၀ ထွက်ရှိတဲ့ ဓာတ်ပေါင်းဖိုကို လပေါ်လွှတ်တင်တည်ဆောက်သွားဖို့ စီစဉ်လိုက်တာပါ။
လပေါ်မှာ ဘာကြောင့်နျူကလီးယားဓာတ်ပေါင်း ဖိုကိုတည်ဆောက်ဖို့ ဆုံးဖြတ်ရလဲဆိုရင် လူသားတွေ အနေနဲ့ လပေါ်မှာအခြေချတဲ့အခါ ယုံကြည်ကိုးစား ရတဲ့ လျှပ်စစ်စွမ်းအင်အရင်းအမြစ်ကို ရရှိစေဖို့ဖြစ် တယ်လို့ဆိုပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လပေါ်မှာကျတော့ ဆိုလာစွမ်းအင်လိုမျိုး စွမ်းအင်တွေက တည်ငြိမ်မှုမရှိနိုင်ပါဘူး။ ဒါကြောင့်ပဲ နျူကလီးယားစွမ်းအင်ကိုရွေးချယ်ကြတာဖြစ်ပါတယ်။
အခုလက်ရှိ တရုတ်နဲ့ရုရှားတို့ ပူးပေါင်းပြီး လပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ အမေရိကန်ကလည်း လပေါ်မှာနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ကိုလုပ်ဆောင်လာတာဖြစ်ပါတယ်။
Ref: IE

ဩစတြေးလျနိုင်ငံမှာရှိတဲ့ Waratah Super Battery အမည်ရှိ လျှပ်စစ်ဓာတ်အားပေး စနစ်ကြီးက စတင်အလုပ်လုပ်နေပြီပဲဖြစ် ပါတယ်။ တရားဝင်အသုံးပြုမှုကိုတော့ ဒီနှစ်အကုန် ပိုင်းမှာလုပ်ဆောင်သွားမှာပါ။ အဲဒီအချိန်ရောက်ရင် ဒီစနစ်ကြီးက ကမ္ဘာပေါ်မှာ စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော ဘက်ထရီစနစ်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ နိုင်ငံထဲမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တွေကို ၂၀၃၅ ခုနှစ်အရောက်မှာ အပြီးပိတ်သိမ်းဖို့ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မဟာဓာတ် အားလိုင်းစနစ်ကို တည်ငြိမ်စေဖို့အတွက် အခုလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကိုဖန်တီးလာ တာပါ။ BlackRock’s Akaysha Energy ကုမ္ပဏီက ဖန်တီးထားတဲ့ အဲဒီဘက်ထရီဟာ မဂ္ဂါဝပ်နာရီစုစု ပေါင်း ၁၆၈၀ အထိကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အိမ်ခြေတစ်သန်းကို တစ်နာရီကြာသည်အထိ လျှပ်စစ်ဓာတ် အားပေးထားနိုင်မှာပါ။
အဲဒီဘက်ထရီစနစ်ကြီးကို နယူးဆောက်ဝေး ပြည်နယ်မှာ တည်ဆောက်ထားတာပါ။ လက်ရှိမှာ တော့ မဂ္ဂါဝပ် ၃၅၀ အထိသာထုတ်လုပ်ပေးနိုင်သေး တာဖြစ်ပါတယ်။ ဒီစနစ်ကြီးက မမျှော်လင့်ထားတဲ့ အခြေအနေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွား ခဲ့ရင် အရန်ဓာတ်အားပေးစနစ်အနေနဲ့ ကောင်းစွာ အသုံးဝင်မှာဖြစ်တယ်လို့ နယူးဆောက်ဝေးပြည်နယ် အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဩစတြေးလျအစိုးရအနေနဲ့ အလားတူ ဧရာမဘက်ထရီစီမံကိန်းတွေကို ဆက် လက်အကောင်အထည်ဖော်နေတာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ မဂ္ဂါဝပ်နာရီပေါင်း ၂၈၀၀ အထိ ရှိတဲ့ဘက်ထရီစွမ်းအင်စီမံကိန်းလည်း အပါအဝင် ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုမျိုးစွမ်းအင်စီမံကိန်းတွေထဲမှာ ဩစတြေးလျနိုင်ငံက နောက်မှာပဲရှိနေ တာပါ။ အခုတော့ ဩစတြေးလျနိုင်ငံက တခြားအင်အားကြီး နိုင်ငံတွေထက် ဒီနေရာမှာသာလွန်သွားပြီပဲ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှ iPhone Ticker ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီသည် iPhone 17 မော်ဒယ်အသစ်နှင့် အထူးပါးလွှာသော "Air" ဗားရှင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက် သွားမည်ဟု သိရသည်။ ဂျာမနီနိုင်ငံရှိ အချို့သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone အသစ်မိတ်ဆက်ပွဲ ပြုလုပ်မည့်အကြောင်း အသိပေးထားပြီး ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် Apple Insider ၏ ဖော်ပြချက်အရ Apple သည် စက်တင်ဘာ ၁၁ ရက်နေ့ (အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြီးအား အောက်မေ့သောနေ့) တွင် မည်သည့် ပွဲတော်ကိုမျှ ကျင်းပခြင်းမပြုရန် ရှောင်ကြဉ်မည်ဖြစ်ရာ iPhone 17 အား စက်တင်ဘာ ၉ ရက်နေ့တွင် ကြေညာမိတ်ဆက်ပြီး စက်တင်ဘာ ၁၀ ရက်မှစတင်၍ အကြိုမှာယူမှုများ လက်ခံကာ စက်တင်ဘာ ၂၀ ရက်နေ့ တွင် ဝယ်ယူသူများထံသို့ စတင်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
TF Securities ၏ နာမည်ကြီး အဆင့်မြင့်နည်းပညာ ဆန်းစစ်သူ Ming-Chi Kuo ၏ အဆိုအရ ၂၀၂၅ ခုနှစ်သည် အက်ပဲလ်မှ iPhone 17 မော်ဒယ်အားလုံးဖြစ်သည့် iPhone 17, 17 Pro, 17 Pro Max နှင့် အထူး ပါးလွှာသော 17 Air ကို တစ်ပြိုင်နက် မိတ်ဆက်သည့် နောက်ဆုံးနှစ် ဖြစ်လာနိုင်သည်။ ၂၀၂၆ ခုနှစ်မှစ၍ ကုမ္ပဏီသည် iPhone မော်ဒယ် များကို နှစ်ကြိမ်ခွဲ၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ စက်တင်ဘာ တွင် iPhone 18 Pro, 18 Pro Max နှင့် 18 Air မော်ဒယ်များ မိတ်ဆက်ကာ ၂၀၂၇ ခုနှစ် အစောပိုင်းတွင် iPhone 18 နှင့် iPhone 18e (စျေးနှုန်း ချိုသာသော မော်ဒယ်) တို့ကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ထိုနည်းတူ ၂၀၂၇ ခုနှစ် ဆောင်းဦးရာသီတွင် Apple သည် iPhone 19 Pro, 19 Pro Max, 19 Air နှင့် ခေါက်နိုင်သော iPhone Fold ကို မိတ်ဆက် မည်ဖြစ်ပြီး iPhone 19 ကိုမူ ၂၀၂၈ ခုနှစ် အစောပိုင်းတွင် စတင် ရောင်းချ မည်ဟု မျှော်မှန်းထားသည်။
အချို့သော အရင်းအမြစ်များအရ iPhone 17 Pro နှင့် 17 Pro Max မော်ဒယ်များသည် ဒီဇိုင်းအသစ်တစ်ခုသို့ ပြောင်းလဲသွားမည် ဖြစ်သည် ဟု ဆိုသည်။ ကိုယ်ထည်အား အလူမီနီယမ်ဖြင့် ပြန်လည်အသုံးပြုမည် (ယခင်က stainless steel ဖြင့် ပြုလုပ်ခဲ့သည်) ဖြစ်ပြီး ကင်မရာ အစုအဝေး အား Google Pixel 9 Pro ၏ ဒီဇိုင်းနှင့် ဆင်တူသည့် စတုဂံပုံစံ အကျယ် သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် အခြားစွမ်းဆောင်ရည်အသစ်များ ပါဝင်မည်ဟု ဆိုသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဆိုလာစွမ်းအင်လို့ခေါ်တဲ့ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ် အားထုတ်ယူမှုဟာ အခုခေတ် မှာ သိပ်ကို ရေပန်းစားလာပါတယ်။ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်ဆိုလာ ပြားတွေတန်းစီပြီး ခင်းထားတာကိုမြင် တွေ့ကြမှာပါ။

နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိနေပါတယ်။ အဓိကအားနည်းချက်က မြေနေရာလိုအပ်ချက်များတာပေါ့။ သူ့အတွက်နေရာ အများကြီး ပေးရလေ့ ရှိပါတယ်။ နောက်တစ်ချက်က သမားရိုးကျအားဖြင့်ဆိုရင် ဆိုလာပြားတွေကို အရပ်မျက်နှာ တစ်ခုတည်းမှာပဲ လှည့်ထားလို့ရပါတယ်။ ဒါကြောင့် ဆိုလာပြားရဲ့စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင်ဘူးဖြစ် နေတာပေါ့။
ဒီအချိန်မှာပဲ တိုကျိုတက္ကသိုလ်မှသုတေသီများက သူတို့ရဲ့လေ့လာတွေ့ရှိချက်ကို Photonics for Energy ဆိုတဲ့ဂျာနယ်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒါကတော့ ဆိုလာပြားတွေကို နေရာချထားဖို့အတွက် နေရာလည်းမစားသလို ဆိုလာပြားအနေနဲ့ နေရှိရာအရပ်မျက်နှာတိုင်းကို လိုက်ပါမျက်နှာမူနေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
သူတို့ရဲ့နည်းလမ်းက ဆိုလာပြားတွေကို လယ်ကွင်းပြင်ထဲမှာနေရာချထားခြင်း ဖြစ်ပါတယ်။ ဒီလိုနေရာ ချထားရာမှာလည်း မြေပြင်ကနေ အထက် ၃ မီတာအမြင့်မှာ ဝင်ရိုးနှစ်ခုပါတဲ့တန်းပေါ် ဆိုလာပြားတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီလိုတပ် ဆင်လိုက်ခြင်းအားဖြင့် စပါးပင်တွေကို လည်းထိခိုက်စေခြင်းမရှိသလို လယ်မြေကိုလည်း အပြည့်အဝအသုံးပြုနိုင်မှာဖြစ် တဲ့အပြင် ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံး အသုံးချနိုင်လာတဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိမှုကိုများစွာ အထောက်အပံ့ဖြစ်စေပါတယ်။
ဒီနေရာမှာ သူတို့အသုံးပြုတဲ့စနစ်မှာ အခြားအားသာချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ စပါးပင်တွေ စတင် စိုက်ပျိုးချိန်နဲ့ ကြီးထွားချိန်မှာ စပါးပင် တွေအပေါ် နေရောင်ခြည်ကောင်းစွာရရှိ အောင် ဆိုလာပြားတွေကို လှည့်ပေးထားမှာဖြစ်ပြီး စပါးရိတ်သိမ်းပြီးချိန်မှာဆိုရင် တော့ ဆိုလာပြားက စွမ်းအားပြည့်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
အခုလက်ရှိ သူတို့ကရှေ့ပြေးစီမံကိန်း အဖြစ်အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒီလိုအကောင်အထည် ဖော်မှုမှာတင်ပဲ သူတို့ရဲ့လယ်ကွင်းထဲမှ ဆိုလာပြားတွေဟာ တစ်နှစ်ကို ကီလိုဝပ်နာရီစုစုပေါင်း၄၄၀၀၀ နီးပါးထုတ်ပေးနိုင်တာ တွေ့ရပါတယ်။
သုတေသီများက ဘာကြောင့်အခုလို မျိုးစမ်းသပ်မှုတွေလုပ်ရလဲဆိုရင် သူတို့နိုင်ငံမှာ မြေယာရှားပါးမှုဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုတိုးတက် အသုံးပြုလာရတာကြောင့် ဖြစ်ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ဆိုတာ ကမ္ဘာကြီးဖြစ် တည်ရှင်သန်မှုအတွက် အကျိုးမပြုတဲ့ ဓာတ်ငွေ့အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခံရတာက တကယ်ကို ပဲ အသုံးမဝင်တော့လို့ လားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့ကို တခြားနည်းနဲ့ပြန်ပြောင်းအသုံးပြုလို့ရပါတယ်။ နည်း လမ်းကိုတော့ ရှာဖွေရမှာပေါ့လေ။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဓာတုဗေဒပညာရှင်များက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို တန်ဖိုးကြီးတဲ့ ဟိုက်ဒရိုကာဗွန်အရည်အဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ဖန်တီး လိုက်နိုင်ပါတယ်။ ဟိုက်ဒရိုကာဗွန်အရည်ဆိုတာ လေယာဉ်ဆီထုတ်လုပ်ရာမှာ အင်မတန်မှအရေး ကြီးတဲ့ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ပညာရှင်များက နီကယ်ကိုအခြေခံထားတဲ့ ကုန်ကြမ်းပစ္စည်းကိုအသုံး ပြုပြီး ဓာတ်ပြောင်းလဲစေခြင်းနည်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုလျှော့ချကာ ဟိုက်ဒရိုကာဗွန် အရည်ကို ထုတ်ယူတာပါ။
အခုလိုမျိုးလေ့လာ တွေ့ရှိမှုဟာ တကယ့်ကိုပဲ အောင်မြင်မှုကြီးတစ်ခုပါ။ ဒီလိုအောင်မြင်မှုကြီးရ လာဖို့ဆိုရင် လက်တွေ့အကောင်အထည်ဖော်သူများနဲ့ အယူအဆသမားတို့ကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ကြရတာဖြစ်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ် ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခဘွန်ဆန်းယိုက ပြောထားပါတယ်။
အခုဖြစ်စဉ်မှာ ပညာရှင်များအနေနဲ့အသုံးပြုတဲ့ နည်းလမ်းက လျှပ်စစ်ဓာတ်ခွဲနည်းဖြစ်ပါတယ်။
ဒီနည်းလမ်းထဲမှာ ကာဗွန်အက်တမ်ငါးလုံးနဲ့အထက် ရှိတဲ့ ဟိုက်ဒရိုကာဗွန်ပမာဏကို သိသိသာသာတိုး မြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျနည်း လမ်းနဲ့နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၄၀၀ ကျော်တိုးတက် မှုရရှိလာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင် နီကယ်ဓာတ်ကူပစ္စည်းထဲမှာပါဝင်တဲ့ ဖလိုရိုက်ကလည်း အောက်ဆီဂျင်ဓာတ်ပြုမှုအခြေ အနေကိုထိန်းချုပ်ရာမှာ ကူညီပေးပြန်ပါတယ်။ ဒီလို ကူညီပေးမှုကြောင့် ပိုမိုရှည်လျားတဲ့ဟိုက်ဒရိုကာဗွန်ကွင်းဆက်ဖြစ်ပေါ်လာရတာပါ။ ဒီနေရာမှာ သုတေ သနပညာရှင်များအနေနဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံး ပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်မှ တိကျစွာ ထိန်းချုပ်ထားတဲ့ ဟိုက်ဒရိုကာဗွန်ဖွဲ့စည်းပုံကို ထွက် ပေါ်လာစေတဲ့နည်းလမ်းကို ဖော်ထုတ်လိုက်နိုင်တာ လည်းဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ လေကြောင်းသယ်ယူပို့ဆောင် ရေးအတွက်လိုအပ်နေတဲ့ လေယာဉ်ဆီများကိုထုတ် လုပ်ပေးနိုင်မည်သာမက ဓာတုဗေဒဆိုင်ရာရှေ့ပြေး နိမိတ်ကိုထွက်ပေါ်နိုင်စေဖို့အတွက် အခွင့်အလမ်း အသစ်များကိုဖန်တီးပေးရာလည်းရောက်တယ်လို့ ပညာရှင်များကပြောထားပါတယ်။