သတင်းများ

တရုတ်နိုင်ငံတွင် ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာကို BMW တည်ဆောက်မည်

ဂျာမနီနိုင်ငံမှ  ကမ္ဘာကျော်  BMW မော်တော်ကား ကုမ္ပဏီသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်များကို ချဲ့ထွင်နိုင်ရေးအတွက်  တရုတ်နိုင်ငံအတွင်း၌ ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့်  ထုတ်လုပ်ရေးစင်တာတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။

BMW  ကုမ္ပဏီအနေဖြင့်  ၎င်းတို့၏ ပထမဆုံးသောစင်တာကို ကျန်းစုပြည်နယ် နန်ကျင်းမြို့ ကျန်းယီခရိုင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂျာမနီကားကုမ္ပဏီ၏ တရားဝင်ရုံးခွဲအဖြစ် လည်ပတ်မည်ဖြစ်သည်။ အဆိုပါစင်တာသည်   ဉာဏ်ရည်တုနည်းပညာ၊ စက်မှုလုပ်ငန်းသုံး ဒစ်ဂျစ်တယ်နည်းပညာသုံး ဆန်းသစ်တီထွင်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။

နန်ကျင်းမြို့တွင်ဖွင့်လှစ်မည့်  BMW ကုမ္ပဏီ၏ သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာသည် အာရှဒေသအတွင်းရှိ ၎င်းကုမ္ပဏီ၏ အကြီးဆုံးသော စင်တာဖြစ်လာမည်ဖြစ်သည်။  အဆိုပါစင်တာအနေဖြင့် BMW ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှု၊  ရောင်းချမှု၊ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းပေးခြင်း စသည့်ဝန်ဆောင်မှုများကို နည်းပညာ အလျင်အမြန်  ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ်နိုင်ငံသို့  လာရောက် ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်။

BMW ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏ လမ်းမကြီးများ၏  အခြေအနေနှင့်အညီ ယာဉ်မောင်း သူများအား အထောက်အကူပြုစေမည့် အဆင့်မြင့်နည်းပညာ စနစ်များကို ပူးတွဲထုတ်လုပ်လျက် ရှိသည်။

MWD Web Portal

ပြည်တွင်းဖြစ် ကာမီကာဇေ ဒရုန်းအား ထိုင်းတော်ဝင်လေတပ်က အောင်မြင်စွာ ထုတ်လုပ်

ထိုင်းနိုင်ငံသည် ၎င်းတို့၏ပြည်တွင်း၌ ထုတ်လုပ်ထားသည့် ကာမီကာဇေဒရုန်း တစ်စင်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း  ထိုင်းတော်ဝင် လေတပ်မတော်က ထုတ်ပြန်သည်။

ထိုင်းတော်ဝင်လေတပ်မတော်သည် အဆိုပါဒရုန်း အမျိုးအစားသစ်ကို ယခုလအစောပိုင်းတွင် စမ်းသပ်ပျံသန်းခဲ့ပြီး အဆိုပါပျံသန်းမှုလုပ်ဆောင်စဉ် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းကိုပါ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ကာမီကာဇေဒရုန်းများသည်  လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခတွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့်   ဒရုန်းများဖြစ်သည်။

ယခုထုတ်လုပ်လိုက်သည့် ကာမီကာဇေဒရုန်းကို ထိုင်းတော်ဝင် လေတပ်မတော်၏ နာဝါမင်ဒါလေကြောင်း အတတ်သင်ကျောင်း၊ လေတပ်၏ လက်နက်ထုတ်လုပ်ရေးဌာနနှင့်   လေယာဉ်တည်ဆောက်ထုတ်လုပ်ရေး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ  ညွှန်ကြားရေးမှူးရုံးတို့က  ပူးတွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ကာမီကာဇေဒရုန်းသည် ပစ်မှတ်များကို  တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိကြောင်း ထိုင်းလေတပ်က ထုတ်ပြန်ထားသော်လည်း မောင်းနှင်ပျံသန်းနိုင်သည့် အကွာအဝေး၊  ပျံသန်းနိုင်သည့် ကြာချိန် စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

အဆိုပါ ကာမီကာဇေဒရုန်းတွင် ကင်မရာများ တပ်ဆင်ထားပြီး မြေပြင်ရှိထိန်းချုပ်မောင်းနှင်သည့်   အော်ပရေတာများက   ရေဒီယိုဆက်သွယ်မှုများမှ တစ်ဆင့်    ထိန်းချုပ်မောင်းနှင်နိုင်မည်ဖြစ်သည်။

ထိုင်းလေတပ်မတော်သည်  ၂၀၂၄ ခုနှစ်တွင် လေတပ်အဆင့်မြှင့်တင်ရေး စက္ကူဖြူစာတမ်းတစ်စောင်ကို  ထုတ်ပြန်ခဲ့သည်။ စာမျက်နှာ ၇၄ မျက်နှာပါ အဆိုပါစက္ကူဖြူစာတမ်း၏ အဓိက ရည်ရွယ်ချက်များအနက် တစ်ချက်မှာ ဒရုန်းများကို တိုးမြှင့်ထုတ်လုပ်၍    လေတပ်အား   အဆင့်မြှင့်တင်ရန်ဖြစ်သည်။

ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို အိန္ဒိယတည်ဆောက်မည်

အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယသိပ္ပံနှင့် နည်းပညာဝန်ကြီး ဂျီတန်ဒရာဆင်းက ပြောကြားသည်။

အနာဂတ်ကာလတွင်ပြုလုပ်မည့် အာကာသမစ်ရှင်များ၌ အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားသည့် အာကာသယာဉ်ကို အသုံးပြုမည်ဖြစ်ပြီး အိန္ဒိယအာကာသ ယာဉ်မှူးများအနေဖြင့်လည်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖြစ် အာကာသယာဉ်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျီတန်ဒရာဆင်းက ဇူလိုင်လ ၁၇ရက်တွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်နေစဉ် အခြားပြည်ပနိုင်ငံများ၏ စမ်းသပ်မှုများကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၎င်းနိုင်ငံများမှ အာကာသယာဉ်မှူးများကိုလည်း လက်ခံမည် ဖြစ်ကြောင်း ဂျီတန်ဒရာဆင်း၏ ပြောကြားချက်ကို ကိုးကား၍ The Economic Times ကဖော်ပြသည်။

အိန္ဒိယနိုင်ငံကတည်ဆောက်မည့် ပြည်တွင်းဖြစ်အာကာသယာဉ်ကို လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် မစ်ရှင်များ၌ အသုံးပြုနိုင်မည်ဖြစ်ပြီး အာကာသယာဉ်မှူး တစ်ဦးကို ၂၀၄၀ ပြည့်နှစ်ခန့်တွင် လကမ္ဘာသို့ စေလွှတ်ရန် ကြိုးပမ်း လျက်ရှိသည်။

MWD Portal

အဆုတ်ရောဂါကို ရှာဖွေဖော်ထုတ်ပေးနိုင်သည့်အပြင် စောင့်ကြည့်နိုင်သည့် ရောဂါဖော်ထုတ်စောင့်ကြည့်ရေး ကိရိယာကို ရုရှားသိပ္ပံပညာရှင်များ ထုတ်လုပ်

ရုရှားသိပ္ပံပညာရှင်များသည် AI နည်းပညာကို အသုံးပြု၍  လူသားများတွင် အဆုတ်ရောဂါဖြစ်ပွားမှု ရှိ၊ မရှိကို ရှာဖွေဖော်ထုတ်နိုင်ပြီး စောင့်ကြည့်ပေးနိုင်သည့် ကိရိယာတစ်မျိုးကို   ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါကိရိယာသည်    လူနာ၏အသက်ရှူမှုဆိုင်ရာ အချက်အလက်များကို အကဲဖြတ်စိစစ်ခြင်းအားဖြင့်  အသက်ရှူကျပ်မှုနှင့် ပန်းနာရင်ကျပ်ရောဂါ ကဲ့သို့သော အဆုတ်နှင့်သက်ဆိုင်သည့် ပုံမှန်မဟုတ်သော အခြေအနေများကို အစောပိုင်းအဆင့်မှာပင် ရှာဖွေဖော်ထုတ်ပေးနိုင်သည်။ ထို့ပြင် လူနာ၏အဆုတ်ရောဂါအခြေအနေသည် ပိုမိုဆိုးရွားလာနိုင်မှု ရှိ၊ မရှိဟူသော အချက်ကိုလည်း ခန့်မှန်းပေးနိုင်သည်။

ရုရှားသိပ္ပံပညာရှင်များသည် ၂၀၁၄ ခုနှစ်က ချမှတ်ဖော်ဆောင်ခဲ့သည့် ရုရှားအစိုးရ၏ အမျိုးသားနည်းပညာဆိုင်ရာ ကနဦးဆောင်ရွက်မှုအစီအစဉ်၏ ထောက်ပံ့ပေးမှုဖြင့် အဆိုပါကိရိယာအား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆရာဝန်များအနေဖြင့် ယခုထုတ်လုပ်လိုက်သည့် ရောဂါဖော်ထုတ်စောင့်ကြည့်ရေး ကိရိယာကို  အသုံးပြုခြင်းအားဖြင့် အခြားစမ်းသပ်မှုများ   လုပ်ဆောင်ရန်မလိုအပ်ဘဲ တိကျသည့်ရောဂါရှာဖွေ စစ်ဆေးမှုများကို လုပ်ဆောင် နိုင်ပြီး လူနာများအနေဖြင့်လည်း   ၎င်းတို့၏ရောဂါ အခြေအနေကို ၎င်းတို့၏နေအိမ်များ၌ပင် သက်သောင့်သက်သာစွာ အသုံးပြုစောင့်ကြည့်နိုင်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဆာဂျီဒါဗီဒေါ့က ပြောကြားသည်။

ထို့ပြင် သိပ္ပံပညာရှင်များသည် ၎င်းတို့တီထွင်ထုတ်လုပ်ထားသည့်    ရောဂါဖော်ထုတ်စောင့်ကြည့်ရေး  ကိရိယာကို Sechenov တက္ကသိုလ်တွင် ကုခန်းစမ်းသပ်မှုများ လုပ်ဆောင်၍ တရားဝင်မှတ်ပုံတင်ပြီးပါက အဆိုပါ ကိရိယာများကို  အများအပြား ထုတ်လုပ်ရန်စီစဉ်ထားသည်။ 

Crew Dragon အာကာသလူသယ်ယာဉ်က ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့

ဝါရှင်တန် ဇူလိုင် ၁၇

Ax-4 ပုဂ္ဂလိက အာကာသ မစ်ရှင် အာကာသယာဉ်မှူးလေးဦး ပြန်လည်လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ဇူလိုင် ၁၅ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။
Ax-4 ပုဂ္ဂလိက အာကာသ ယာဉ်မှူးများ လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ကမ္ဘာမြေအပြန်ခရီး စဉ်အတွက် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတကာ အာကာသစခန်းမှ စတင်ခွာထွက်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း မှခွာထွက်ခဲ့ပြီး ၂၂ နာရီအကြာတွင် Crew Dragon အာကာသလူသယ်ယာဉ်သည် ပစိဖိတ်သမုဒ္ဒရာရေပြင် အတွင်း ဆင်းသက်ခဲ့ကြောင်း Space X ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

Axion Space ကုမ္ပဏီ စီစဉ် သည့် Ax-4 ပုဂ္ဂလိကအာကာသ မစ်ရှင်ကို Space X ကုမ္ပဏီက ဇွန် ၂၆ ရက်တွင် ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် နိုင်ငံတကာအာကာသစခန်း သို့ လွှတ်တင်ခဲ့သည်။

Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာသယာဉ်မှူးလေးဦးသည် နိုင်ငံအာကာသစခန်းပေါ်၌ သီတင်းနှစ်ပတ်ကျော်ကြာ နေထိုင် ၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

Ax-4မစ်ရှင် ပုဂ္ဂလိက အာကာသယာဉ်မှူးများမှာ အမေရိကန်၊ အိန္ဒိယ၊ပိုလန်နှင့် ဟန်ဂေရီနိုင်ငံသား ပုဂ္ဂလိက အာကာသယာဉ်မှူးများ ဖြစ်ကြကြောင်း သိရသည်။

Ref: Sputnik News
Trs: KKO

YDNB Newspaper

ကတ်ပလာ-၁၃၉ ကြယ်စနစ်အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ်တစ်စင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ဝါရှင်တန် ဇူလိုင် ၁၇

ကတ်ပလာ-၁၃၉ ကြယ်စနစ် အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ် တစ်စင်းကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၁၆ ရက်သတင်းများအရသိရသည်။ ကတ်ပလာ -၁၃၉ အက်ဖ် ဟူ၍ အမည်ပေးထားသော အဆိုပါနေ အဖွဲ့အစည်းပြင်ပဂြိုဟ်သစ်သည် ဒြပ်ထုအားဖြင့် ကမ္ဘာဂြိုဟ်ဒြပ်ထုထက် ၃၅ ဆ ပိုကြီးမားကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။

ကတ်ပလာ- ၁၃၉ အက်ဖ် ဂြိုဟ်သည် ကတ်ပလာ -၁၃၉ ကြယ်ကို ၃၅၅ ရက်လျှင် တစ်ပတ် ကျလှည့်ပတ်နေသည်ဟု သိပ္ပံ ပညာရှင်များက တွက်ချက်ထား ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သိပ္ပံပညာ ရှင်များသည် ကတ်ပလာ -၁၃၉ အက်ဖ် ဂြိုဟ်အပါအဝင် နေအဖွဲ့ အစည်းပြင်ပ ဂြိုဟ်ငါးစင်းကို ကတ်ပလာ -၁၃၉ ကြယ်စနစ် အတွင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ကတ်ပလာ - ၁၃၉ ကြယ်စနစ် ၏ ကတ်ပလာ -၁၃၉ ဘီ၊ ကတ် ပလာ-၁၃၉ စီ၊ ကတ်ပလာ-၁၃၉ ဒီနှင့် ကတ်ပလာ - ၁၃၉ အီးတို့ကို အမေရိကန်အစိုးရ အမျိုးသားလေ ကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ)၏ ကတ်ပလာ အာကာသ ရေဒီယိုတယ်လီစကုပ် ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ကတ်ပလာအာကာသရေဒီယိုတယ်လီစကုပ်သည် မစ်ရှင်ကာလ ကိုးနှစ်အတွင်း နေအဖွဲ့အစည်း ပြင်ပဂြိုဟ်ပေါင်း ၃၀၀၀ ခန့်ကို ရှာဖွေပေးခဲ့ကြောင်း သိရသည်။

Ref: Xinhua News

Trs: KKO

YDNB Newspaper

Photo- Jogran Josh

နဂါးငွေ့တန်းကြယ်စု၏ အရံကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် ပိုများပြားကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ ပြောကြား

လန်ဒန် ဇူလိုင် ၁၇ 
နဂါးငွေ့တန်းကြယ်စု၏ အရံ ကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ များပြားကြောင်း ဗြိတိန်နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။

ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ၏ အဆိုအရ နဂါးငွေ့တန်းကြယ်စုကို လှည့်ပတ်နေသော အရံကြယ်စု အရေအတွက်မှာ ၁၀၀ ထိရှိနိုင်ကြောင်း သိရသည်။

နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထားသော အရံကြယ်စုငယ်အရေအတွက်မှာ ၆၀ ထိ ရှိနိုင်ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များ အနေဖြင့် ယခင်က တွက်ချက် အတည်ပြုထားသည်။

သို့ရာတွင် ကွန်ပျူတာစံပြု ပုံစံများ ဖန်တီးလေ့လာချက်အရ နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထား သည့် အရံကြယ်စုအရေအတွက်မှာ ၈၀ နှင့် ၁၀၀ ကြားရှိနိုင်သည် ကို တွေ့ရကြောင်း ဗြိတိန်သိပ္ပံ -ပညာရှင်များက ပြောကြားသည်။

နဂါးငွေ့တန်း ကြယ်စု၏ ပျောက်ဆုံးနေသော ကြယ်စု အများစုမှာ အလင်းအားအလွန် နည်းပါးသည့် ကြယ်စုများဖြစ်ကြ ကြောင်း သိရသည်။

သို့ရာတွင် နည်းပညာအဆင့်မြင့် ရေဒီယိုတယ်လီစကုပ်များ၏ အကူအညီဖြင့် တစ်နေ့နေ့တွင် ၎င်းကြယ်စုများကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း သုတေသနပညာရှင် များက ပြောကြားသည်။

Ref: Russia Today

သမားရိုးကျနည်းလမ်းနဲ့ ကွဲထွက်နေတဲ့ အာကာသယာဉ် လွှတ်တင်မှု နည်းပညာအသစ်

ဒုံးပျံတစ်စင်းမှာ အာကာသယာဉ်ကို တင်ဆောင်ပြီး ဂြိုဟ်တုတွေ လွှတ်တင်တယ်ဆိုတာ သိပ်ကို ကုန်ကျစရိတ်များပါတယ်။ ဒီအချိန်မှာ နည်းပညာ ကုမ္ပဏီတော်တော်များများက အာကာသယာဉ်များကို သမားရိုးကျနည်း အတိုင်းမဟုတ်ဘဲ ဒုံးပျံမလိုဘဲလွှတ်တင် လို့ရမယ့်နည်းလမ်းများစွာကို ရှာဖွေဖော် ထုတ်လာကြပါတယ်။

ဥပမာအားဖြင့်ပြောရရင် Spin Launch  ဆိုတဲ့ကုမ္ပဏီက ကြီးမားတဲ့စက်ဒလက်တွေကိုအသုံးပြုပြီး ဂြိုဟ်တုတွေကိုလွှတ် တင်ဖို့ရည်မှန်းထားပါတယ်။ နောက်ထပ် ကုမ္ပဏီဖြစ်တဲ့ Green Launch ကလည်း အာကာသ အမြောက်လို့ အမည်ပေးနိုင်တဲ့ နည်းပညာကို အသုံးပြုပြီး ဂြိုဟ်တုတွေကို လွှတ်တင်ဖို့ စဉ်းစားနေတာ တွေ့ရပါတယ်။

အခုနောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံမှ Auriga Space ဆိုတဲ့ကုမ္ပဏီက အာကာသယာဉ်လွှတ်တင်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့အတွက် ကြံစည်နေပါတယ်။

Auriga Space ရဲ့နည်းပညာက အခု လက်ရှိမှာလည်း မီးရထားသံလမ်းတွေမှာ အသုံးပြုနေတဲ့ နည်းပညာတစ်မျိုးဖြစ်ပါတယ်။ အဲဒါကတော့ အားကောင်းလှတဲ့ သံလိုက်များကို လျှပ်စစ်စွမ်းအင်နဲ့ပေါင်းပြီး အသုံးပြုမယ့် နည်းပညာဖြစ်ပါတယ်။ အဲဒီသံလိုက်များက အာကာသယာဉ်ကို အသံထက် ၆ ဆမြန်တဲ့နှုန်းအထိအရှိန် တင်ပေးကာ အာကာသထဲ ပစ်လွှတ်လိုက်မှာဖြစ်ပါတယ်။ ဒီနည်းပညာကိုအကောင် အထည်ဖော်နိုင်ဖို့အတွက် Auriga Space ကုမ္ပဏီက အမေရိကန်ဒေါ်လာခြောက်သန်းကို မကြာသေးခင်ကပဲ ထပ်မံရင်းနှီး မြှုပ်နှံလိုက်ပါတယ်။

အာကာသထဲကိုသွားမယ့် အရာတစ်ခုက ကြီးမားလေးလံနေတယ်ဆိုရင် သူ့ကို လွှတ်တင်ဖို့အတွက် စွမ်းအင်ပမာဏများစွာ လိုအပ်မှာပါ။ Auriga Space ကတော့ ဘယ်လိုပင်ကြီးမားလေးလံတဲ့ အရာဖြစ်နေပါစေ သံလိုက်စွမ်းအားကို အသုံးပြုပြီး အာကာသထဲ ရောက်အောင် ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။

သူ့ရဲ့ဒုံးပျံယာဉ်လွှတ်တင်ရေးလမ်းက မတ်စောက်ပါတယ်။ မတ်စောက်ပေမယ့်လည်း သံလိုက်စွမ်းအားကပြင်းလွန်းတာကြောင့် အာကာသယာဉ်ကိုအရှိန်မြင့်မား စေပါတယ်။ အာကာသယာဉ်အနေနဲ့လုပ်ဆောင်ရမယ့် အရာတစ်ခုက နောက်ဆုံး အဆင့်ရောက်မှသာ သူ့ရဲ့အင်ဂျင်ကိုနှိုးပြီး အာကာသထဲခရီးဆက်သွားရမှာဖြစ်ပါတယ်။

ဒုံးပျံအသုံးပြုပြီး အာကာသယာဉ်ကို လွှတ်တင်ခြင်းမှာ အဲဒီဒုံးပျံတစ်ခုလုံးရဲ့ ၂ ရာခိုင်နှုန်းလောက်ကသာ အာကာသထဲ ကိုရောက်သွားတာပါ။ ဒါကြောင့် ကုန်ကျ စရိတ်ကိုချွေတာနိုင်ဖို့နဲ့ ပိုမိုထိရောက်မှု ရှိစေဖို့အပြင် အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသယာဉ် လွှတ်တင်ရေးကိရိယာ တစ်ခုကိုဖန်တီးဖို့ စိတ်ကူးရရှိခဲ့တာဖြစ် တယ်လို့ Auriga Space ကိုတည်ထောင်သူ ဝင်နီလိုင်းကပြောပါတယ်။

Auriga Space အနေနဲ့ သူတို့ရဲ့အစီအစဉ်ကို အသံနှုန်းလွန် အမြန်နှုန်းကို စမ်းသပ်ချင်တဲ့သူတွေနဲ့ ကနဦးဖွင့်လှစ်သွားမှာပါ။ လာမယ့်နှစ်မှာ ပရိုမီးသီးယပ်လို့ ခေါ်တဲ့ စမ်းသပ်မှုအဆင့်သုံး အာကာသ ယာဉ်လွှတ်တင်ရေး လမ်းကြောင်းကို စတင်အသုံးပြုမှာပါ။

သူ့နောက်မှာတော့ သောလို့အမည်ပေးထားတဲ့ အသံနှုန်းလွန် အမြန်နှုန်းကိုစမ်းသပ်နိုင်မယ့် ပြင်ပသုံးအရှိန်တင် ကိရိယာကို အသုံးပြုသွားမှာဖြစ်ပြီး ဇုလို့အမည်ပေး ထားတဲ့ ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ရေး ကိရိယာကိုတော့ နောက်ပိုင်းမှာစမ်း သပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါဟာ အာကာသခရီးသွား လုပ်ငန်း ကိုတစ်ခေတ်ဆန်းစေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။        

လပေါ်မှာ လူသားတွေ အသက်ရှင်သန် နေထိုင်နိုင်မယ့် နည်းပညာ

လူသားတွေအနေနဲ့ လပေါ်မှာအခြေချပြီးနေ ထိုင်နိုင်ဖို့ဆိုတာ စိတ်ကူးထဲမှာပဲအလုပ် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေ့လာတွေ့ရှိထားတဲ့ သိပ္ပံမှတ်တမ်း တွေအရ လရဲ့မျက်နှာပြင်ဟာ အင်မတန်မှခက်ထန် ကြမ်းတမ်းတယ်။ အပူချိန်ကလည်း အပြောင်းအလဲ အလွန်မြန်တယ်။ အသက်ရှူစရာအောက်ဆီဂျင်မရှိဘူး။ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ရေ ဆိုတာလည်းမရှိဘူးလို့ ကျွန်တော်တို့ မှတ်ယူခဲ့ကြတဲ့ အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီစိတ်ကူးဟာ လက်တွေ့ဖြစ်လာတော့မယ့်အချိန်ကို ရောက်ရှိလာပြီလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လပေါ်မှာ လူသားတွေနေထိုင်နိုင်စေမယ့် နည်းပညာတစ်ခုကို တရုတ်သိပ္ပ

လူသားတွေအနေနဲ့ လပေါ်မှာအခြေချပြီးနေ ထိုင်နိုင်ဖို့ဆိုတာ စိတ်ကူးထဲမှာပဲအလုပ် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေ့လာတွေ့ရှိထားတဲ့ သိပ္ပံမှတ်တမ်း တွေအရ လရဲ့မျက်နှာပြင်ဟာ အင်မတန်မှခက်ထန် ကြမ်းတမ်းတယ်။ အပူချိန်ကလည်း အပြောင်းအလဲ အလွန်မြန်တယ်။ အသက်ရှူစရာအောက်ဆီဂျင်မရှိဘူး။ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ရေ ဆိုတာလည်းမရှိဘူးလို့ ကျွန်တော်တို့ မှတ်ယူခဲ့ကြတဲ့ အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီစိတ်ကူးဟာ လက်တွေ့ဖြစ်လာတော့မယ့်အချိန်ကို ရောက်ရှိလာပြီလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လပေါ်မှာ လူသားတွေနေထိုင်နိုင်စေမယ့် နည်းပညာတစ်ခုကို တရုတ်သိပ္ပံပညာရှင်များက ဖော်ထုတ် လိုက်နိုင်လို့ပဲဖြစ်ပါတယ်။

ရှန်းကျန့်မြို့ရှိ ဟောင်ကောင်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဒီနည်းပညာကို ဖော်ထုတ်လိုက်တာပါ။ သူတို့ရဲ့နည်းပညာက လရဲ့မြေသားကနေ ရေကို ထုတ်ယူတယ်။ ပြီးတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက် ကနေ အောက်ဆီဂျင်ကို ပြောင်းလဲနိုင်ဖို့နဲ့ လောင်စာ အတွက် ဓာတုပစ္စည်းများကို ရရှိနိုင်စေဖို့အတွက် အဲဒီ ရေကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။ အခုနည်းပညာက  အနာဂတ်မှာ နက်ရှိုင်းကျယ်ပြောတဲ့ အာကာသထဲကို သွားရောက်လေ့လာမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ရေနဲ့လောင်စာလို မျိုးမရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တွေကို ကမ္ဘာမြေ ဆီကနေ အပင်ပန်းခံသယ်ယူဖို့ မလိုအပ်တော့တဲ့ အတွက်ဖြစ်ပါတယ်။

မကြာသေးခင်က    တရုတ်နိုင်ငံရဲ့  အာကာသအေဂျင်စီက အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Chang’e-5 မစ်ရှင်ကနေ လရဲ့မြေသားနမူနာများ ကိုရယူနိုင်ခဲ့ပါတယ်။ အဲဒီမြေသားနမူနာများကို စမ်းသပ်မှုအရ လရဲ့မျက်နှာပြင်မှာ ရေရှိတယ်လို့ သုံးသပ် ကြပါတယ်။ ဒီသုံးသပ်ချက်ကိုအခြေခံပြီး သိပ္ပံပညာ ရှင်များက လပေါ်မှာလူသားတွေ အခြေချနိုင်စေဖို့အတွက် နည်းပညာများကို ဖန်တီးလာတာပါ။

အရင်တုန်းကဖန်တီးတဲ့ နည်းပညာများက လရဲ့ မြေသားကနေ ရေကိုထုတ်ယူနိုင်ဖို့အတွက် စွမ်းအင်သုံးစွဲမှုမြင့်မားတဲ့ အဆင့်ပေါင်းများစွာ လိုအပ်သလို လောင်စာဆီနဲ့ အခြားမရှိမဖြစ် လိုအပ်ချက်များစွာ အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖြိုခွဲနိုင်ခြင်း မရှိပါဘူး။

အခုနောက်ဆုံးနည်းပညာကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဟောင်ကောင်တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက နေမှအလင်းရောင်ကို အပူအဖြစ်ပြောင်း လဲပေးတဲ့နည်းပညာမှ တစ်ဆင့် လရဲ့မြေသားကနေ ရေကို ထုတ်ယူပါတယ်။ ပြီးတဲ့အခါ အာကာသယာဉ်မှူးများရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ကာဗွန်မိုနောက်ဆိုက်နဲ့ ဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲဖို့အတွက် လရဲ့မြေသားကနေရရှိတဲ့ ရေကိုအသုံး ပြုပါတယ်။ ပြောင်းလဲသွားတဲ့ ဓာတ်ငွေ့တွေကို အာကာသယာဉ်မှူးများ အသက်ရှူနိုင်စေမယ့် အောက်ဆီဂျင်နဲ့ အခြားသောလောင်စာများအတွက် အသုံး ပြုနိုင်ပါတယ်။

သိပ္ပံပညာရှင်များအနေနဲ့ အခုလိုမျိုးအောင်မြင်မှု ရရှိပေမယ့်လည်း စိန်ခေါ်မှုတစ်ခုတော့ ရှိနေပါသေးတယ်။ အဲဒီစိန်ခေါ်မှုက လရဲ့မြေသားဟာတစ်နေရာ နဲ့တစ်နေရာဖွဲ့စည်းပုံခြင်း မတူညီမှုဖြစ်ပြီး ဒီလိုကွဲ ပြားခြားနား မှုကြောင့် နည်းပညာကို ထိရောက်စွာ အသုံးချနိုင် စွမ်းနည်းပါးနိုင်ပါတယ်။

ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်းကို နာဆာသိပ္ပံပညာရှင်များ တွေ့ရှိ

ဝါရှင်တန် ဇူလိုင် ၁၆ 
ရေဒီယိုအချက်ပြလှိုင်းများ ထုတ်လွှင့်နေသော ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်း ကို အမေရိကန်အစိုးရ အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) သိပ္ပံ ပညာရှင်များက တွေ့ရှိထား ကြောင်း ဇူလိုင် ၁၅ ရက် သတင်း များအရ သိရသည်။

TOI-1846 b အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေလွှတ်တင်ခဲ့ နှစ် ၁၅၄ နှစ်အကွာတွင် တည်ရှိပြီး အရွယ်အစားအားဖြင့် ကမ္ဘာမြေထက် နှစ်ဆပိုကြီးမားသည်။

TOI-1846 b၊ ဂြိုဟ်သည် အရွယ်အစားသေးငယ်သော အနီရောင် ကြယ်သိမ်တစ်စင်းကို လေးရက်လျှင် တစ်ပတ်ကျလှည့်ပတ်နေကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။

TOI- 1846 b ဂြိုဟ်မျက်နှာပြင်၏ အပူချိန်မှာ ၆၀၀ ဒီဂရီဖယ်ရင် ဟိုက်ထိရှိရာ ရေဓာတ်ကိုထိန်းထားနိုင်သည့် အခြေအနေတွင်ရှိပြီး နာဆာသိပ္ပံပညာရှင်များသည် တက်စ်ဂြိုဟ်တု၏ အကူအညီဖြင့် TOI-1846 b ဂြိုဟ်ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် လွှတ်တင်ခဲ့သော တက်စ်ဂြိုဟ်တုသည် လက်ရှိအချိန်ထိ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်ပေါင်း ၆၃၀ ထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Τrs: KKO